သင်းသဇင်၏ တနှစ်မြောက်မွေးနေ့ ဆွမ်းကပ်ပွဲတွင် လူသားတွေ၏ ပထမအမြင်သည် စီးပွားဥစ္စာ
ရာထူးအာဏာရှိသူကိုသာ ဆက်ဆံခြင်ကြ၏ စီးပွားဥစ္စာ ရာထူးအာဏာမရှိလျှင် မဆက်ဆံချင်ကြ
လူ့ဘ၀၏ အနိမ့်ဆုံးအမြင်ဖြစ်၏။ လူသားတွေ၏ ဒုတိယအမြင်သည် စီးပွားဥစ္စာ ရာထူးအာဏာရှိသူကို
အထင်မကြီး ပညာတတ်ကိုသာ အထင်ကြီးတတ်၏ လူ့ဘ၀၏ အလတ်တန်းစားအမြင်ဖြစ်၏။
လူသားတွေ၏ တတိယအမြင်သည် စီးပွားဥစ္စာ ရာထူးအာဏာ ရှိသူကိုလည်းအထင်မကြီး ပညာတတ်
သူကိုလည်း အထင်မကြီး ကိုယ်ကျင့်သိက္ခာ ပြည့်စုံသူကိုသာ အထင်ကြီးလေးစား၏ လူ့ဘ၀၏
အမြတ်ဆုံးအမြင်ဖြစ်၏။ ကိုယ်ကျင့်သိက္ခာ အမြင်နှင့် လူအခြင်းခြင်း ဆက်ဆံမှသာလျှင် တသက်
ပတ်လုံး ခိုင်မြဲသောဆက်ဆံရေးဖြစ်နိုင်၏ သေတပန် သက်တဆုံး မိတ်ဆွေစစ်ဖြစ်နိုင်၏၊ မွေးနေ့
ဓမ္မလက်ဆောင်တရားဟောခဲ့ပါ၏။
Type your summary here.
Type the rest of your post here.
No comments:
Post a Comment