အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, July 31, 2008

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ်။၂၉-၇-၂၀၀၈၊မလက္ကာရွှေတောင်ဆိုင်ဖွင်ပွဲ





မလက္ကာရွှေတောင်နံပါတ်(၁) ဆိုင်ဖွင့်ပွဲကို တစ္စကိုနှင့်မလက္ကာစင်ထရယ်အနီး ဆိုင်ခန်းသစ်တွင်
ပူချုန်းဓမ္မရောင်ခြည်ဆရာတော်ပင့်ဖိတ်၍ ဆိုင်ဖွင့်ပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ၏
ဝါဆိုသင်္ကန်းကပ် အနုမောဒနာတရားဟောကြားခဲ့ပါ၏။
Type your summary here.

Type the rest of your post here.

ဘိုကလေးမြို့နယ်(လူ-၃၀၀ကျော်သေ)ကပ္ပနားကျေးရွာခရီးစဉ် စတုတ္ထပိုင်း၊၄-၆-၀၈၊ Kappanarr,Villages,(300,Penple,Die,)Bogale,Township,Irrawaddy,Division,


ဘိုကလေးမြိုနယ်-စတုတ္ထပိုင်း
ဘုန်းကြီးတို့စီးလာသော ဆန်းသစ်လှိုင်သင်္ဘောသည် ဘိုကလေးမြို့နှင့် မိန်းမလှကျွန်းတ၀ိုက်ကို လိုင်းစွဲနေသော သင်္ဘောဖြစ်၏ နာဂစ်မုန်တိုင်းတိုက်စဉ်အခါက ဤသင်္ဘောလည်းနာဂစ်ဒါဏ်ကို အလူးအလိမ့်ခံစားခဲ့ရ၏။ မိန်းမလှကျွန်းပတ်ဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့သော ဆန်းကြယ်၍ စိတ်ဝင်စား ဖွယ်ကောင်းသော ဇာတ်လမ်းတွေကိုလည်း များစွာကြားသိခဲ့သူဖြစ်၏၊ သင်္ဘောပေါ်တွင် ဆရာတော် တပည့်တော်တို့သင်္ဘောလည်း နာဂစ်မုန်တိုင်းတိုက်စဉ်က ဘိုကလေးအောက်ဘက်တွင် မုန်တိုင်းမိခဲ့ သည်ဟု စကားစလာတော့ ဘယ်လိုရင်ဆိုင်ခဲ့ရသလည်း စိတ်စင်စားစွာနှင့်မေးမိ၏။ သင်္ဘောပိုင်ရှင် လည်း သူတွေ့ကြုံခဲ့ရသည့် ဇာတ်လမ်းပေါင်းစုံကို ဤကဲ့သို့ပြောကြားခဲ့ပါ၏။


ဆန်းသစ်လှိုင်သင်္ဘောသည် မုန်တိုင်းစတိုက်တော့ ဘိုကလေးမြစ်ပေါ်တွင်ရှိနေ၏ သာမန်မုန် တိုင်းတခုဟုထင်တာနှင့် လေတိုက်ရာကို ဦးတည်ပြီးမောင်းနှင်ကာ မုန်တိုင်းကိုအံတုဖို့ကြိုးစားကြ၏ သို့သော်မုန်တိုင်းက မိမိတို့ထင်ထားသည်ထက် ပိုကျမ်းလာသောကြောင့် သင်္ဘောတောင် လေနောက် တဖြေးဖြေးပါလာ၏ ရေတွေကလည်းများစွာတက်လာ၏ ဒီအချိန်မှာ သင်္ဘောပိုင်ရှင် သည် ဆုံဖြတ်ချက်တခုမှန်ကန်စွာချနိုင်ခဲ့၏ သင်္ဘောဝမ်းပိုက်တွင်ရှိသော ရေ၀င်ပေါက်ကိုဖွင့်၍ သင်္ဘောကို ရေထဲနှစ်မြုပ်လိုက်၏ သင်္ဘောသားတွေကိုတော့ တဖွဲ့ကိုခရာတလုံးပေးပြီး ကမ်းပေါ်ကို တက်ကြ၏ တဖွဲ့နှင့်တဖွဲ့ခရာမှုတ်ဆက်သွယ်ကာ လူမကွဲသွာရေးအတွက် အချက်ပြကာကမ်းပေါ် သို့ ကြိုးစားပြီးတက်လေ၏ လေတိုက်နှုံးက ပိုပြီးမြင့်လာသောကြောင့် ရှေ့လှမ်းလိုက် နောက်ပြန်ရောက် လိုက်ဖြင့် နာဂစ်ကိုအံတုကာ မိမိတို့လေအကာကွယ်တခုသို့ရောက်ရှိရေးအတွက် ၂-နာရီ လောက် ကြိုးစားပမ်းစား လယ်ကွက်ထဲတွင် ရှောက်လှမ်းလာမှ လယ်ကွင်းထဲမှ အိမ်တခုကိုတွေ့ရှိရ၏ ထိုအိမ် သို့ဝင်၍ တညတာအကူအညီတောင်းရတော့၏ အိမ်ပိုင်ရှင်တွေလည်း တနေရာတွင်စုပြုံကာ စောင်တွေခြုံလျှက် ပြင်းထန်လှသော လေဒါဏ်ကို ကာကွယ်နေရ၏။

ဒုက္ခသယ်ဖြစ်နေသော မိမိတို့ အိမ်သို့ ဘ၀တူဒုက္ခသည်များထပ်ရောက်လာသောကြောင့် ဖေါ်ရွှေစွာလက်ရပ်ခေါ်၍ မိမိတို့သေတ္တာထဲတွင် သိမ်းထားသော ခြုံစောင်များထုတ်၍ပေးလေ၏ ဒုက္ခ ရောက်သူကို အကူအညီပေးတတ်သော မြန်မာတို့၏ ကျေးတောလက်ဓလေ့သည် အလွန်ချစ်စရာ ကောင်းသောဓလေ့တခုဖြစ်၏ ရောက်လာသည့်ဒုက္ခသည်များအား အိမ်တွင်ရှိသော အစားအစာများ ကို စေတနာထက်သန်စွာ ကျွေးမွေးလေ၏ နာဂစ်လေတ၀ီဝီတိုက်နေသည့်ကြားက ကူညီဆောင် ရွက်ပေးခြင်းဖြစ်၏ သင်္ဘောပိုင်ရှင်အဖွဲ့လည်း ကျွန်တော်တို့ယ္ခုဘယ်ကိုရောက်နေပါသလည်း အိမ်ပိုင် ရှင်ကို မေးကြည့်ရာ ခင်ဗျားတို့ မိန်းမနှစ်ယောက်ယူထားသည့် လယ်ထဲကအိမ်ကိုရောက်နေတာဟု ပြော၏၊ ဒီလောက်လေတိုက်နေသည့်ကြားမှာတောင်အိမ်ရှင်သည် မိန်းမနှစ်ယောက်ရှိကြောင်း ကြွားဖြစ်အောင်ကြွားလိုက်သေး၏ဟု သင်္ဘောပိုင်ရှင်မှရယ်မောစွာပြောလေ၏၊ လေတိုက်ပြီးလို့ မိမိတို့လည်း အိမ်ရှင်နှုတ်ဆက်ပြီး မိမိတို့ညကမြုတ်ထားခဲ့သော သင်္ဘောနေရာကို ပြန်လည်ရှာကြ၏ ညက ၂-နာရီလောက်လာခဲ့ရသောအချိန်သည် ယ္ခု ၁၀-မိနစ်ခန့်လမ်းရှောက်တာနှင့် ရောက်လာ၏ ဟုတ်မှဟုတ်ရဲ့လာလို့ သေသေချာချာ ပြန်ကြည့်တော့လည်း မှားစရာမရှိ အားလုံးကိုမြင်တွေ့နေရ၏ အတော်အံ့သြသွား၏ ညကတော့ ခရီးရှည်ကြီးတခုကိုသွားခဲ့ရသည်ဟုထင်ခဲ့၏ ယ္ခုတော့ မိမိတို့သည် နာဂစ်လေကြောင့် ရှေ့ဝေးဝေးမရောက်ဘဲ ဒီနားမှာသာပတ်ချာလည်ခဲ့ကြောင်းသဘောပေါက်သွား၏ သင်္ဘောကိုပြန်ဖေါ်ကာ ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်ဟု ပြောပြလေ၏။ ဆရာတော်စိတ်ဝင်စား လျှင် တပည့်တော်ကြားသိခဲ့ရသည့် မိန်မလှကျွန်းတ၀ိုက်က ဇာတ်လမ်းတွေ နားထောင်မလားဘုရား ကောင်သားဘဲ နားထောင်တာပေါ့ ။ ကျွနှုပ်သည် ဤသို့ကြားသိခဲ့ရပါ၏။

နာဂစ်မုန်းတိုင်းမတိုက်မှီတနေ့က မိန်းမလှကျွန်းတ၀ိုက်တွင် မိကျောင်းတွေပေါ်တာကို လူတွေ များစွာတွေ့ခဲ့ရ၏ သဘာဝဘေးအန္တရာယ်ကို အသိဥာဏ်ရှိသောလူသားတွေထက် အသိဥာဏ်နည်း သော တိရစ္ဆာန်တွေက ကြိုသိပုံရ၏ ဆူနာမီတုံးကလဲ လူတွေရေလုံးကြီးလာမှာကို မသိခင် တိရစ္ဆာန် တွေကကြိုတင်သိကာ ပြေးလွှားကြကြောင်းကို သိခဲ့ရ၏ ယ္ခုလည်းနာဂစ်မလာမီတရက်က မိကျောင်း တွေ ကြိုသိနေလို့ လှုပ်ရှားနေခြင်းဖြစ်ဟန်တူ၏ နာဂစ်မုန်တိုင်သည် ဘိုကလေးမြို့နယ်တ၀ိုက်သို့ ညမှောင်ရီသန်းချိန်တွင်အစပျိုးကာ တိုက်ခိုက်လာ၏ မုန်တိုင်း အတွေ့အကြုံ နည်းသောပြည်သူတွေ သည် နာဂစ်ကို သာမန် မုန်တိုင်းငယ်တခုအဖြစ်သာ သတ်မှတ်ထားကြ၏ အချိန်တန်ပြီးသွားမှာပါဟု ပေါ့ပေါ့ဆဆ တွေးထားကြ၏ သက်ဆိုင်ရာမှလည်း ကြောက်လောက်အောင် မကြေငြှာပေးခြင်း ပြည်သူတွေကလည်း အတွေ့အကြုံမရှိခြင်း မီဒီယာလောကကိုလည်း မယုံကြည်သူကတမျိုး အကြား အမြင်ဗဟုတနည်းသည်ကမျိုးကြောင့် လူတွေသောက်သောက်လည်း သေဆုံြး့ရခြင်းဖြစ်၏။

အဲဒီလိုသေဆုံးကြသူတွေထဲတွင် မိန်းမလှကျွန်း တဖက်ကမ်းမှ ကျွေးရွာများစွာ ရွာလုံးကျွတ်နီးပါး
သေဆုံးရခြင်းဖြစ်၏ သေကံမရောက် သက်မပြောက်သော ကျိန်ချောင်းကြီးရွာမှ အသက်၅၀-၀န်းကျင် ရှိသော ဆန်းကြယ်သော ဇနီးမောင်နှံ နှစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှ၏ နာဂစ်သည် သူတယောက်တည်းလာသည်မဟုတ် သူ့မိတ်ဆွေရေပါခေါ်လာသဖြင့် ၁၂-ပေခန့်မြင့်သော လှိုင်းလုံးကြီးတွေဖြင့် ဒလကျမ်းဝင်လာခြင်းဖြစ် ၏ ရေကိုသာကျွမ်းကျင်ပြီး လေနှင့်ရေ ပူးတွဲဝင်လာမည့်အတွေ့အကြုံမရှိသော ရေပျော်ဧရာဝတီသားဇနီးမောင်နှံသည် မိမိတို့အိမ်ထဲမှာရှိသည်ကို လုံခြုံပြီအထင်ဖြင့် တဦးနှင့်တဦးကွဲမသွားအောင် ဖက် တွယ်ထားကြ၏ နာဂစ်လေခေါ်ဆောင်လာသော ၁၂-ပေခန့်မြင့်သော လှိုင်းလုံးကြီးသည် ကျေးရွာတခုလုံးကိုတိုက်ချ
သွားလေ၏ ဇနီးမောင်နှံလဲ အိမ်ထဲမှလွင့်စင်သွားကာ မြစ်ထဲရောက်သွား၏ မြစ်ထဲတွင် ကြောက်လန့်
တကြား ကူးခတ်ခြင်းဖြင့် ဇနီးမောင်နှံနှစ်ယောက် တွေ့ရာသစ်တုံးကို အားကိုးတကြီး ဖက်ထားကာနာဂစ်ဒါဏ်ကို ကြံ့ကြံ့ခံကာမျှောပါသွားလေ၏ ကမ်းတခုသို့ချေချမိသောအခါမှ ခင်ပွန်းဖြစ်သူသည် မိမိတို့ ဖက်ထားသော သစ်တုံးကို မသင်ကာတာနှင့် စမ်းကြည့်မှ မိကျောင်းကြီး ဖြစ်မှန်းသိတော့၏ ဇနီးဖြစ်သူကို မိန်းမရေ ဒို့ဖက်ထားတာ သစ်တုံးမဟုတ်ဘူး မိချောင်ကြီး လာကမ်းပေါ်မြန်မြန်သွားကြစို့ဟု ယ္ခုမှကြောက်လန့်တကြားပြေးလေတော့၏

မိကျောင်းတို့မည်သည် အသားစားကျုးသော သားရဲတိရစ္ဆာန်သာဖြစ်၏ လူသားဆိုလျှင် ပိုပြီး နှစ်သက်သည်ဟု မိကျောင်းကျွမ်းကျင်သူတို့ကဆိုကြ၏ ယ္ခုမိကျောင်းသည် လူသားနှစ်ယောက်ကို သစ်တုံးယောင်ဆောင်ပြီးကယ်တင်ခဲ့ခြင်းဖြစ်၏ အသိဥာဏ်နိမ့်ပါးလှသည့် တိရစ္ဆာန်ဖြစ်တဲ့မိကျောင်း ကတောင်လူတွေ၏အသက်ကို ကယ်တင်သေးတယ်ဆိုလျှင် အသိဥာဏ်ရှိတဲ့လူသားတွေက ပိုပြီး ကယ်တင်သင့်တာပေါ့ နာဂစ်တိုက်ပြီးပြီးခြင်းကယ်တင်မယ်ဆိုလျှင် လူ့အသက်ပေါင်းများစွာ ရှင်နိုင် သည်ဟု နယ်ခံပြည်သူတွေ၏ ပြောစကားအရသိခဲ့ရပါ၏ လူ့အသက်ပေါင်းများစွာကို မကယ်တင်ခဲ့ သော ကယ်ဖို့အတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေသည် တိရစ္ဆာန်ထက် ပိုဆိုးသော တိရစ္ဆာန်ထက် ပိုယုတ်ညံ့သော လူတွေဟုသာဆိုရမှာဖြစ်၏။


Monday, July 28, 2008

ဘိုကလေးမြို့နယ်ပျင်ပိုကြီးကျေးရွာခရီးစဉ် တတိယပိုင်း၊၄-၆-၀၈၊ Pyin po kyee,Villages,Bogale,Township,Irrawaddy,Division,


တတိယပိုင်း
ဆက်လက်ရေးသားမည့်အကြောင်းရာဇာတ်လမ်းတွေသည် မိန်မလှကျွန်းရာဇ၀င်ကြောင်းရာကို မသိလျှင် စာဖတ်သူယုံနိုင်မည်မဟုတ်ပါ ထိုကြောင့်မိန်းမလှကျွန်းရာဇ၀င်ကို အနည်းငယ် ခံစားကြည့် ရအောင် နာမည်ကိုက မိန်းမလှကျွန်ဟုခေါ်ဆို၏ မိန်းမလှကျွန်းကိုသစ်ခုတ်လာသူအချို့ လူယောင် ယောင် နတ်ယောင်ယာင် မိန်မလှလေးတွေကို ၀ိုးတ၀ါးမြင်တွေ့ခဲ့ဘူးသောကြောင့် ဤကျွန်းကို မိန်မလှကျွန်ဟုခေါ်ဆိုကြောင်း တဆင့်စကားဖြင့် ကြားသိခဲ့ဘူးပါ၏၊


ရေငန်ပိုင်ဦးရှင်ကြီးဆိုလျှင် မြစ်ဝကျွန်းပေါ်ဒေသတ၀ိုက်တွင် မသိသူမရှိအောင်ကျော်ကြား လှ၏။ ရငန်စက်စပ်သောနေရာတွေ ရေလုပ်ငန်းရှင်တွေ ရငန်ဒီရေတောမှာ သစ်ခုတ်သူတွေ ရွာစဉ် မြို့စဉ်အလိုက် အထူးယုံကြည်ပြီး အိမ်တိုင်းလိုလို နှစ်စဉ်ပသပူဇော်ကြတာကို တွေ့မြင်နိုင်ပါ၏ မြို့တွေ မှာဆို ဦးရှင်ကြီးပွဲကို နှစ်စဉ်နှစ်တိုင်း အပြိုင်အဆိုင်ကျင်းပတာကိုတွေ့မြင်နိုင်၏ ဦးရှင်ကြီးသည် ရေငန် စက်စပ်သည့် မြစ်ဝကျွန်းပေါ်ပရိတ်သတ်ကို အထူးစိုးမိုးထားနိုင်ပါ၏။
ဖြစ်ပေါ်ခဲ့သည့် ရာဇ၀င်ဇာတ်လမ်းကတော့ကြာခဲ့ပြီ ဟံသာဝတီခေတ်ကဖြစ်၏ ရာမညတိုင်း၏ တခုသာရွာတရွာတွင် မိခင်ဒေါ်ဖြူမှ မေွးဖွားလာသော သာငယ်မောင်ရှင်ဖြစ်၏ ဖခင်သည်မောင်ရှင် ငယ်စဉ်ကပင် ကွယ်လွန်သွားသောကြောင့် မိခင်ပင်အဖေလိုတမျိုး အမေလိုတမျိုးစောင့်ရှောက်ခဲ့ရ သောသားဖြစ်၏ စာသင်ချိန်အရွယ်တွင် ရွာဦးဘုန်းတော်ကြီးကျောင်းသို့အပ်နှံပြီး အတတ်ပညာ အမျိုမျိုးကိုသင်ယူရန် သားငယ်မောင်ရှင်အားတိုက်တွန်းလေ၏။ မိခင်ကြီးဒေါ်ဖြူသည် ရုပ်ရည်ချော မောလှပသောမိမိသားငယ်အား ဘုန်းကြီးဖြစ်စေချင်၏ သားငယ်ဖခင်လို ပင်ပင်ပန်းပန်း လုပ်ရသည့် လယ်လုပ်ငန်းကို မလုပ်စေချင်ပါ ထိုကရုဏာစိတ်ကြောင့် သားဖြစ်သူအား လောကုတ္တရာစာပေကို တတ်မြောက်အောင်သင်ကြားရန် တိုက်တွန်းနေခြင်းဖြစ်၏။ သြော်မိခင်တိုင်းသည် မိမိတို့သာ အဆင်း ရဲခံမည် မိမိတို့၏ ရင်နှစ်သီးချာတွေကိုတော့ မဆင်းရဲစေချင်တာ မိခင်တိုင်း၏ ရင်တွင်းဖြစ်ဆန္ဒမှန်ဖြစ် ၏ စုံရေသဘောမိဘများ၏မေတ္တာတွေဖြစ်ပါ၏။
မိခင်စကားကိုမြေ၀ယ်မကျ နားထောင်သောမောင်ရှင်သည် မိခင်ကြီးဖြစ်စေချင်သည့် ဆန္ဒအတိုင်း
တတ်မြောက်ခဲ့ပါ၏ လောကုတ္တရာစာပေ သင်ကြာပြီးနောက် ဆရာဘုန်းကြီးထံမှခွင့်ပန်ကာ တခြား ဆရာများထံမှ စောင်းအတီးပညာနှင့်အဆိုပညာများကိုသင်ကြားရာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်၍ မိခင်ကြီးကို ပြုစုလုပ်ကျွေးရန် ရွာသို့ပြန်လာ၏ ဖခင်ရှိစဉ်က မိသားစုစီးပွားရေး အစဉ် ပြေသော်လည်း ဖခင်ကြီးမရှိသည့်နောက်ပိုင်းစီပွားရေးကျဆင်းလာ၏ မိခင်ကြီးဒေါ်ဖြူသည် သားငယ် မောင်ရှင်၊ ရှင်ပြုဖို့ငွေကျေးအခက်ခဲဖြစ်နေ၏ မိမိတို့ကောင်းစားစဉ်က အမဖြစ်သူဒေါ်သူထံ ဒင်္ဂါး၃၀၀ ချေးထားတာကို အမှတ်ရလိုက်၏ အမဖြစ်သူဒေါ်သူသည် ယ္ခုအခါကြွယ်ဝချမ်းသာနေပြီဖြစ်သော ကြောင့် မိမိတို့ထံမှ ချေးထားသောငွေကို ပြန်ပေးနိုင်ရာ၏ဟု တွေးတော၍ သားဖြစ်သူမောင်ရှင်ကို ခေါ်၍ အမထံသို့ထွက်လာခဲ့၏။
အမဒေါ်သူထံ မောင်ရှင်ကိုရှင်ပြုဖို့ငွေတာနှင့် အမထံချေးငှားထားငွေပြန်ပေးရန် ပြောဆိုသောအခါ
အမဒေါ်သူသည် မိမိချေးထားသောငွေကို ပြန်မဆပ်သည့်အပြင် အမျိုးမျိုးပြောဆိုနှိမ့်ချ၍ နှင်ထုတ် လိုက်သည့်အတွက် ဒေါ်ဖြူသည် ရျက်လည်းရှက် စိတ်လည်းနာကာ ယ္ခင်ရွာမှ ဒလမြို့သို့ ပြောင်းရွှေ့ပြီးနေထိုင်၏။ ဒေါ်သူ၏သားဖြစ်သူ ကိုဘိုးအောင်သည် အမေက အဒေါ်ဖြစ်သူကို ပြောဆို၍ နှင်ထုတ်လိုက်သည့်အတွက် အမေကိုစိတ်ဆိုးကာ ဒေါ်ဖြူတို့ ဒလသို့ပြောင်းရွှေ့ခဲ့ရာတွင် အတူလိုက်ပါခဲ့လေ၏
ကိုဘိုးအောင်သည် ရှင်မပြုရသေးသော ညီငယ်မောင်ရှင်ကို ရှင်ပြုပေးချင်လှသော အဒေါ်ဖြစ်သူ ဒေါ်ဖြူ၏ဆန္ဒကို သိရှိသည့်အတွက် တာကူးကဆုန်လသို့ရောက်သောအခါ အလုပ်လုပ်ပြီး ငွေရှာရန်
အတွက် ကိုဘိုးအောင်နှင့် မောင်ရှင်သည် မိန်မလှကျွန်းသို့ မျှောခုတ်သွားမည့် လှေဆိပ်သို့ဆင်းပြီး လှေသူကြီးထံ အလုပ်တောင်းလေ၏ လှေသူကြီးလည်း လုပ်သားမျာဒလိုအပ်နေသဖြင့် စရံငွေများ ကြိုတင်ပေးပြီး အလုပ်ခန့်လိုက်၏။ ကိုဘိုးအောင်နှင့်မောင်ရှင်တို့ညီအကိုသည် ရရှိလာသော စရံငွေ များကို ဒေါ်ဖြူထံပေးအပ်ပြီး ကတော့ရာတွင် ဒေါ်ဖြူသည် သားမောင်ရှင်အတွက် ရှင်ပြုငွေရလို့ ၀မ်းသာသော်လည်း သားနှင့်တူကို မခွဲစဘူးခွဲရမည်ဖြစ်သောကြောင့် ၀မ်းနည်းသောကဖြစ်နေ၏
ညဘက်အိပ်သော အခါတွင် ဒေါ်ဖြူ၏ နှစ်လုံးသီးပွတ်ကို လှပသောနတ်ကညာများက ခွဲထုတ်ယူသွားသည်ဟု အိမ်မက် မက်သည့်အတွက် သားမောင်ရှင်ကိုနှိုး၍ သား-နက်ဖြန်နံက် မျှော ခုတ်သွားမည့်ကိစ္စကို ဖျက်လိုက်ပါသားရယ် အမေအိမ်မက်တွေမကောင်းဘူး။ စရန်ငွေကို အမေပြန် သွားပေးလိုက်မယ်နော် အမေစိတ်မချနိုင်ဘူးသားရယ် အမေအသဲနျစ်လုံးကို နတ်သမီးကညာတွေက ခွဲထုတ်သွားတယ်လို့အိမ်မက် မက်တယ် မသွားပါနဲ့သားရယ်ဟု တားလေ၏။
အမေရယ် အမေနဲ့သားက မခွဲစဖူး ခွဲရမှာမို့ အမေစိုးရိမ်ပြီး အိမ်မက် မက်တာဖြစ်ပါလိမ့်မယ် သား လည်းဒီညအိမ်မက်ထည်းမှာ အပျိုချောလေးတွေနဲ့တွေ့တယ်လို့အိမ်မက်မက်တာဘဲ တကယ်လို့ အမေစိတ်မချနိုင်လျှင် သားအတွက်ဘုရားမှာဆုတောင်းပေးပေါ့ဟုပြောဆိုကာ ပြန်အိပ်ရန်လှဲသော် လည်း အိပ်မပျော်ဘဲ မိုးလင်းခဲ့လေ၏
နံက်မိုးလင်းသောအခါ မောင်ရှင်နှင့်ကိုဘိုးအောင်တို့သည် မိခင်ကြီးဒေါ်ဖြူကိုကတော့ကြ၏ မိခင် ကြီးသည် အိမ်မက်မကောင်းလို့ မသွားရန် တားမြစ်သော်လည်း သားနှင့်တူက စိတ်မပူရန်ပြောဆို ချော့မော့ကာ မျှောတိုင်ခုတ်ရန်ထွက်ခွာသွားလေ၏ လှေသူကြီးသည် စောင်းကိုပိုက်၍ လှေသို့ဆင်းလာသော မောင်ရှင်ကိုမြင်သောအခါ စောင်းကိုထားခဲ့ရန်ပြောသော်လည်း မောင်ရှင် သည် စောင်းက မိမိအတွက်အပြင်းပြေဖြစ်သောကြောင့် ယူခွင့်ပြုရန် တောင်ပန်လျှက် လှေဝမ်းထဲသို့ ဆင်းခဲ့၏
လှေသူကြီးလည်း လှေကိုကြိုးဖြုတ်ပြီးစတင်ထွက်ခွာလာ၏ လှေသားတွေ၏ တက်ညီလက်ညီ လှော်ခတ်မှုကြောင့် သုံးလေးရက်လွန်သော် မိန်းမလှကျွန်းသို့ရောက်လေ၏ လှေကြီးမိန်းမလှကျွန်းသို့
ဆိုက်ကပ်သည်နှင့် လှေသူကြီးသည် ကွမ်း၊ဆေး၊လက်ဘက်၊ထန်းလျှက်များကို ကျွန်းစောင့်နတ်များ တို့အားတင်မြောက်ပသ၍ အပြစ်များကျူးလွန်မိပါက ခွင့်လွှတ်ပါရန်တောင်းပန်လေ၏။ ထိုသို့တင် မြောက်ပသ တောင်းပန်ပြီးနောက် လှေသူကြီးသည် လှေပေါ်ပါသူများအား ကိရိယာအစုံအလင်ယူ စေ၍ ကျွန်းပေါ်တက်ပြီး မျှောတိုင်ခုတ်ရန် စီစဉ်လေ၏။
လှေသူကြီးသည် ကိုဘိုးအောင်ခေါ်၍ မင်းညီမောင်ရှင်ကို ထမင်းများချက်ပြုတ်ထားရန်နှင့် လှေအတွင်းရှိ ရေများခပ်ထုတ်ထားရန် တာဝန်ပေးပြောဆိုပြီး ကုန်းပေါ်သို့တက်သွားလေ၏၊ ကိုဘိုး အောင်သည် လှေသူကြီး၏ သနားညှာတာမှုကို ကျေးဇူးတင်သော်လည်း ညီမောင်ရှင်ကို လူသူမနီး ဤတောကြီးထဲတွင် တယောက်တည်းထားခဲ့ရမည်ကို စိတ်မချဖြစ်နေ၏ မောင်ရှင်ကလည်း အကိုဖြစ်
သူ၏ စိတ်မချနိုင်ဖြစ်နေသည်ကိုတွေ့မြင်ရသည့်အတွက် အကိုမစိုးရိမ်ပါနဲ့ ကျွန်တော်ပျင်းလျှင် စောင်း
တီးနေမည်ဖြစ်ကြောင်းပြောဆိုသောအခါ ကိုဘိုးအောင်လည်း မျှောတိုင်ခုတ်ရန် ထွက်ခွာသွားလေ၏
မောင်ရှင်သည် လှေသူကြီးက တာဝန်ပေးထားသော ထမင်းဟင်းများကို ချက်ပြုတ်ပြီး လှေဝမ်းထဲ
မှရေများကိုခတ်ထုတ်ပြီးသဖြင့် တယောက်တည်းပျင်းလှသောကြောင့် စောင်တီးနေလေ၏ မောင်ရှင်
စောင်သံသည် ယ္ခင်နေ့များထက် ပို၍သာယာငြိမ့်ညောင်းလှသည်ကို မိမိကိုယ်တိုင်တီးနေရင်းက အံ့သြမိလေ၏ တခါမှမခွဲဘူးသော မိခင်ကြီးကို သတိယတန်းတကာ အလွမ်းပြေတီးခတ်နေသော ကြောင့် မောင်ရှင်စောင်သံ ပြောင်မြောင်စွာထွက်ပေါ်လာခြင်းဖြစ်၏ ဂီတသည် လွမ်းစိတ်ဖြင့် တီခတ် လျှင် ပိုပြီးပြောင်မြောက်တတ်ပါ၏ လွမ်းစိတ်ဖြင့်တီးခတ်သော မောင်ရှင်စောင်းသံကို ကြားသူတိုင်း စိတ်ဝင်စားကုန်၏ ထိုစောငိးသံကိုကြားရသော မိန်မလှကျွန်းပေါ်ရှိ နတ်ညီအမများမှာ အလွန်ပျော်ရွှင်၍ ကခုန်မိကြပြီး ဤစောင်းသံပြောက်ကွယ်သွားမှာ အထူးစိုးရိမ်နေကြ၏
ထို့ကြောင့်နတ်ညီအမလေးဖေါ်တို့သည် လူယောင်ဖန်ဆင်း၍ မောင်ရှင်စောင်းတီးနေသော လှေအနီးတွင် ဈေးလာရောင်းကြ၏ မောင်ရှင်သည် စောင်းတီးနေရာမှ အသံကြား၍လှည့်ကြည့်လိုက် ရာ လှပချောမောသော ဈေးသည်မိန်မပျိုများကို တွေ့လိုက်၍ များစွာအံ့သြသွားလေ၏ ဈေးသည်မိန်မ
ပျိုများကို ဘာတွေရောင်းဖို့ပါသလဲဟု မိတ်ဆက်စကားပြောကြားပြီးလှေပေါ်ခေါ်လိုက်၏ လူယောင် ဆောင်နတ်သမီးများလှေပေါ်သို့ရောက်သည်နှင့် မောင်ရှင်သည် မိန်းမပျိုများကို စိတ်ဝင်စားကာ ညီမတို့နာမည်ဘယ်လိုခေါ်သလဲ ဘယ်ရွာကလာရောင်းပါသလဲဟုမေးမြန်းလေ၏။
အကိုဈေးဝယ်ဖို့ခေါ်တာလား နာမည်မေးဖို့ခေါ်တာလားဟု ပြန်ပြောကာ ဈေးမ၀ယ်လျှင် တခြား သွားရောင်းတော့မည်ဟု မာယာစကားဖြင့်ပြောလိုက်တော့ ဈေးပျိုဖြူလေးတွေကို သဘောကြနေ သော မောင်ရှင်တယောက် တောင်းပန်စကားဆိုကာ ဒီကျွန်းမှာ သရဲ တစ္ဆေ မြေဖုတ်ဘီလူးတွေ လူယောင်ဆောင်ကာ လှည့်စားဖြားရောင်းတတ်သည်ဟု ကြားဖူးသောကြောင့် မေးရခြင်းဖြစ်တယ်ဟု ပြောကြားလေ၏ ။လူယောင်ဆောင်နတ်သမီးတို့သည် မာယာသုံး၍ အကိုဝယ်မစားချင်နေပါ လူကို တော့ တစ္ဆေသရဲနှင့်သံသယဖြစ်တာလွန်လွန်းပါတယ်ဟု ညုညုတုတုပြောဆိုလျှက် အကိုသံသယရှိ လျှင် တခြားနေရာသွားရောင်းတော့မည်ဟုပြောဆိုလေ၏၊
မောင်ရှင်လည်း ဤမိန်းမပျိုများသည် တစ္ဆေမြေဖုတ်ဘီလူးတော့ မဖြစ်နိုင်ရာ ကျွန်းစောင့်နတ် သမီးတွေသာဖြစ်နိုင်၏ဟုတွေးကြံဆလျှက် မိန်းမများနှင့်အရောတ၀င်ရင်းနှီးစကားများပြောဆိုလေ၏ အတန်ငယ်ပြောဆိုလို့ရင်းနှီးလာသောအခါ ချစ်စကား ကြိုက်စကားများ မောင်ရှင်စပြောလေတော့၏ မောင်ရှင်ဘ၀တွင် ဤကဲ့သို့ချောမောလှပသော အမျိုးသမီးများမတွေ့ဘူးသောကြောင့် မြင်မြင်ခြင်း ချစ်ခင်မိနေတာဖြစ်၏။
အယောင်ဆောင်နတ်သမီးတွေလည်း မောင်ရှင်တယောက် မိမိတို့မာယာထောင်ချောက်ထဲ ၀င်လာပြီဆိုတာသိတာနှင့် မူယာမာယာပိုကာ ရှင်တို့ယောင်္ကျားတွေ တွေ့တိုင်းယုံရတာမဟုတ်ဘူး အိုင်တွေ့တိုင်းချေစေးချင်သည့်အကျင့်တွေ ငါးစိမ်းမြင်လျှင် ငါးကင်ပစ်တတ်သည့် အကျင့်တွေကြောင့်
မိန်းမသားတွေမှာ ရှင်တို့ ယောင်္ကျားတွေကိုကြောက်ရတယ်ရှင့် ဒါကြောင့်မို့ အကို့ကို ချစ်ရန်ကြောက် ပါသည်ဟု လှည့်ပတ်ပြောဆိုလေ၏
မောင်ရှင်သည် ဈေးသယ်မိန်းမပျိုတို့ကို အလွန်နှစ်သက်နေသောကြောင့် ညီမတို့ အကိုဟာ ကတိမတည် သစ္စာမရှိသော ယောင်္ကျားမဟုတ်ပါ ကတိသစ္စာတည်ကြည်သောယောင်္ကျားဖြစ်ပါ၏ အကို့ဘက်က ကတိသစ္စာဖေါက်ဖျက်ခဲ့လျှင် အသက်ကိုပါပေးဆပ်ရန်အသင့်ရှိပါ၏ဟု ရဲရဲတင်းတင်း ကတိစကားကိုပြောကြားသောအခါမှ လူယောင်ဆောင် နတ်သမီးများသည် မောင်ရှင်ကိုချစ်ကြိုက် ကြောင်းပြောကြားကာ မောင်ရှင်နှင့်နတ်သမီးတို့သည် အပျော်ကြီးပျော်ကြ၏ မောင်ရှင်စောင်းတီး၍ နတ်သမီးတွေကကြဆိုကြ၏ မောင်ရှင့်တာဝန်ဖြစ်သော ထမင်းချက်တာဝန်ကို နတ်သမီးတွေက နတ်တန်ခိုးဖြင့်ချက်ပေးကြ၏ ။
လှေသူကြီးနှင့်အဖွဲ့များသည် ပထမတရက်နှစ်ရက်တွင် အလုပ်ပင်ပန်းတာနှင့် ကျွန်းစောင့်နတ်
သမီးတွေချက်ထားသော ထမင်းနှင့်ဟင်းကို မောမောပန်းပန်းနှင့်စားသောက်ခဲ့သောကြောင့် သတိမထားမိပါ ရက်နဲနဲကြာလာတော့သတိထားမိလာ၏ လှေသူကြီးသည် မောင်ရှင်အားထမင်းဟင်း
မင်းချက်တာဟုတ်ရဲ့လားဟုမေးမြန်လေ၏ မောင်ရှင်သည် သူခိုးလူမိသည့်နှယ် ဖြေရမှာတုံ့ဆိုင်း တုံ့ဆိုင်းဖြစ်ပြီး ထစ်ထစ်အအ နှင့် ဟုတ်ပါတယ်ဟု လိမ်ပြောလေ၏ မောင်ရှင်အကို ကိုဘိုးအောင်နှင့် လှေသူကြီးတို့ကတော့အကြောင်းသိမို့ သိပ်မယုံလှပါ တနေ့တော့ ထင်းခုတ်သွားခြင်ယောင်ဆောင်ပြီး
တနေရာမှပြန်လှည့်လာကာမောင်ရှင်အခြေအနေကို မသင်္ကာတာနှင့်ချောင်းနေကြ၏ မောင်ရှင်လည်း
ဘယ်သူမှမရှိတာနှင့် မိမိစောင်းကိုထုတ်တီးတော့၏ ကျွန်းစောင့်နတ်သမီးများလည်း မောင်ရှင့်စောင်း
သံကြားတာနှင် လှေပေါ်ရောက်လာကာ ကကြ ဆိုကြ ပျော်နေကြ၏

လှေသူကြီးနှင့်အဖွဲ့သားများ အတော်အံ့သြသွား၏ ဤကျွန်းအကြောင်းကို ကျွမ်းကျင်စွာ သိသော
လှေသူကြီးသည် စဉ်းစားဆင်ခြင်ကာ ငါတို့အပေါ်အန္တရာယ်ကြရောက်ရန် ဖြစ်ပေါ်လာပြီဆိုတာ သဘောပေါက်သွား၏ နေ့လည်တွင် လှေသို့အသံပေးပြန်လာကာ ရသမျှနှင့် အလွယ်တကူရရှိသော မျှောတိုင်များကိုတင်ဆောင်၍ လှေကိုကမ်းမှ ချီထားသောကြိုးဖြုတ်ကာ စတင်ထွက်ခွာလေတော့၏ မောင်ရှင်တို့လှေ ကမ်းမှထွက်ခွာသွားသည်ကို ကျွန်းစောင့်နတ်သမီးများကြည့်၍ ၀မ်းနဲစွာငိုကြွေးကြ လေ၏ ကျွန်းစောင့်နတ်သမီးများသည် မောင်ရှင်ကို ဤကျွန်းတွင်အမြဲနေစေချင်သည့်ဆန္ဒရှိနေ၏။
မောင်ရှင်နှင့်ခွဲခွာရမှာကို မလိုလားမနှစ်သက်သောနတ်သမီးများသည် မောင်ရှင်တို့လှေ ရေလယ်၌
ရပ်သွားစေရန်တပည့်များကိုဆွဲခိုင်းထားလိုက်၏ မောင်ရှင်တို့ လှေကြီးသည် သွားနေရာမှ ရေလယ်သို့ ရောက်သောအခါ မည်သို့မျှ လှော်ခတ်၍ မရတော့ဘဲ ရပ်သွားလေ၏၊ လှေသူကြီးနှင့် လှေသားများ လည်းများစွာတုံလှုပ်ချောက်ခြားသွား၏ ဒါကျွန်းပိုင်သခင်မတွေကို စော်ကားသူ လူယုတ်မာပါသော ကြောင့်ဖြစ်ရတာဟု လှေသူကြီးမှပြောဆိုပြီး လူယုတ်ဘယ်သူလဲဟုသိရအောင် မဲနှိုက်ရွေးချယ်မည် မဲကြသူသည် မည်သူမဆိုရေထဲသို့ပြစ်ချခံမည်ဟု ပြောဆိုကာ မဲလိပ်နှိုက်ကြ၏ ကံဆိုးသူကတော့ မောင်ရှင်သာဖြစ်တော့၏ မောင်ရှင်သည် လူယုတ်မဲကြသောကြောင့် ရှက်လည်းရှက် သေရမည့်ဘေး ကိုလည်းကြောက်လှသောကြောင့် သည်းထန်စွာငိုကြွေးလေ၏။
လှေသူကြီးမင်းကိုလည်းသူ့ကိုရေစာမကျွေးရန်တောင်းပန်လေ၏၊ မောင်ရှင်မင်းတယောက်ကြောင့်
တလှေလုံးအသေခံလို့မဖြစ်ဘူး ယ္ခုအခါမှာ မင်းမဲကြလည်း မင်းအလှည့်ဘဲ ငါမဲကြလည်း ငါ့အလှည့် ဘဲ၊ ဘယ်သူကိုမှ မျက်နှာလိုက်လို့မဖြစ်ဘူးဟု ပြတ်ပြတ်သားသားပြောဆိုလေ၏၊ အကိုဖြစ်သူ ကိုဘိုး အောင်ကလည်း အဒေါ်ဖြစ်သူ၏ စိတ်မချသဖြင့် မသွားဘို့အတန်တန်တားမြစ်နေသည့်ကြားမှ မိမိတို့ မှ မစိုးရိမ်၇န်ပြောဆိုပြီး ထွက်ခွာလာသည်ကို သတိရပြီး ၀မ်းနည်းလာကာ လှေသူကြီးရယ် ညီလေး အစား ကျုပ်ကိုသာရေစာကျွေးလိုက်ပါတော့ မောင်ရှင်ကိုပြန်ခေါ်သွားပါ မိဘကိုလုပ်ကျွေးနေသည့် သားလိမ္မာလေးပါဟု ငိုယိုတောင်းပန်လေ၏။
လှေသူကြီးလည်း သနားသွားပြီး တကြိမ်တခါ မဲကြရုံမျှနှင့် စိတ်မချရသေး သုံးကြိမ်ပြည့်အောင် မဲနှိုက်မည် နောက်ထပ်နှစ်ကြိမ်နှိုက်မည်၊ သုံးကြိမ်လုံးကြသူသည် ကိုယ့်အကြောင်းကိုယ်နားလည်ပါ ဘယ်သူကိုမှ တောင်းပန်မှုကိုမပြုလုပ်ပါနှင့်ဟု ပြောဆိုပြီး မဲထပ်နှိုက်ကြ၏ ကျွန်းစောင့်နတ်သမီးတွေ မှမောင်ရှင်မဲကြရန် တန်ခိုးဖြင့်လုပ်ထားသောကြောင့် မောင်ရှင်သာ သုံးကြိမ်လုံးမဲကြလေ၏။
ဒီတခါတော့ မောင်ရှင်မနေသာတော့ ကျွန်းစောင့်နတ်သမီးတွေ၏ ရည်ရွယ်ချက်ကို သိနေသော မောင်ရှင်သည် လှေသူကြီးနှင့်အဖွဲ့အား တောင်းပန်စကားပြောကြားလေ၏၊ကျွန်တော့အတိတ်ဘ၀ကံ
ကြောင့် ဒီလိုဖြစ်ရတာပါ ဘယ်သူ ကိုမှ ကျွန်တော်အပြစ်မတင်လိုပါ အမေလိုက်လာလျှင် ကျွန်တော့နာမည်ကို တလိုက်ပါ လူတပိုင်း နတ်တပိုင်းအသွင်ဖြင့် စောင်းကိုပိုက်ကာ ကိုယ်ထင်ပြပါမည်၊ ယ္ခုကဲ့သို့ ကျွန်တော်ကို ရေစာကျွေးခံရသော်လည်း နတ်ဘ၀တွင် နတ်ကညာ တွေနှင့် ပျော်ရွှင်စွာနေရပါလိမ့်မယ် အကိုဘိုးအောင်နှင့် လှေပေါ်ပါသူအားလုံး အိမ်အပြန်ခရီးတွင် ကျန်းမာချမ်းသာစွာနှင့် ချောချောမောမော ပြန်ရောက်ပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်နေပါ့ မယ်၊ ကျွန်တော်အမေသာ ကျွန်တော်မှာသည့်အတိုင်းပြောလိုက်ကြပါဟု မှာကြားပြီး လှေထိုးသား များလည်း မောင်ရှင်ကို လှေပေါ်မှ ရေထဲသို့ပြစ်ချလိုက်၏။
မောင်ရှင်သည် ရေထဲသို့ ဗြုန်းခနဲ မြုတ်သွားပြီးမှ ဘွားခနဲ ပြန်ပေါ်လာချိန်မှာ အလွန်လှပသော ကျွန်းစောင့်နတ်သမီးတွေ ပွေ့ချီသယ်ဆောင်သွားသည်ကို လှေပေါ်ရှိလူအားလုံးမြင်တွေ့လိုက်ရ၏ ထိုသို့ မောင်ရှင်ကို ရေစာကျွေးပြီးမှ လှေကြီးသည်မလှော်ရဘဲ သူ့အလိုအလျှောက်ရွေ့သွားလေ၏ ကျွန်းစောင့်နတ်သမီးတွေလည်း သူတို့အလိုရှိသော မောင်ရှင်ကို ရရှိသဖြင့် လှေကိုလွှတ်ပေးလိုက် ခြင်းဖြစ်၏ အဲဒီအချိန်ကစပြီး မောင်ရှင်ကို ဦးရှင်ကြီးဟူ၍၎င်း၊ ကျွန်းညိုရှင်ဟူ၍၎င်း စတင်ခေါ်လာခြင်းဖြစ် ၏။
ကျွန်းစောင့်နတ်သမီးတွေသည် နတ်တို့၏တန်ခိုးဖြင့် လှပဆန်းကြယ်သော ပန်းသလွန်ကြီးနှင့် နတ်ကွန်းကြီးကိုဖန်ဆင်း၍ ဦးရှင်ကြီးကို ပန်းသလွန်ပေါ်၌အိပ်စက်အနားယူစေ၏၊ဦးရှင်ကြီးအိပ်ယာမှ
နှိုးလာသောအခါ မိမိမည်ကဲ့သို့ဖြစ်ပျက်လာသည်ကို ပြန်စဉ်းစားရာ အကြောင်းစုံကို သိရှိပြီးနောက် မိခင်ကြီးအတွက် ၀မ်းနဲပူဆွေးပြီး ငိုကြွေးလေတော့၏ ဦးရှင်ကြီးငိုကြွေးသည်ကို မြင်ရသော ကျွန်းစောင့်နတ်သမီးများသည် အမျိုးမျိုးတောင်ပန်ကာ ဦးရှင်ကြီးပျော်မွေ့စေရန် ကကြ ဆိုကြ တီးခတ်ဧည့်ခံကြသည့်အပြင် ဦးရှင်ကြီးကို ဤကျွန်းကြီးနှင့်တကွ ရေငန်တရိုး ပိုင်စိုးရန်ပြောကြား တောင်းပန်သောကြောင့် ဦးရှင်ကြီးလည်း နတ်တို့အတွေ့ဖြင့် ပျော်မွေ့ကာ နတ်သမီးများနှင့် ပျော်ရွှင်စွာ နေထိုင်လေတော့၏။
ထိုအချိန်တွင် ဦးရှင်ကြီးမိခင် ဒေါ်ဖြူမှာကား သားလေးမျှောခုတ်သွားသည့်နေ့မှစ၍ ညစဉ်တိုင်း ပင် မကောင်းသောအိမ်မက်များ မက်နေသဖြင့် သားအတွက်စိတ်မအေးနိုင်ဘဲ သားပြန်လာလမ်းကို သာမျှော်နေရှာ၏၊ ကိုဘိုးအောင်တို့လှေကြီးသည် တအိအိ လှော်ခတ်လာရာ ဒလဆိပ်ကမ်းသို့ရောက် ရှိလေ၏ ကိုဘိုးအောင်သည် တလမ်းလုံးဝမ်းနဲသောကဖြစ်လာရာ လှေဆိုက်သည်နှင့် ညီဖြစ်သူ မောင်ရှင်ကိုသတိရပြီး သီးထန်စွာငိုကျွေးလေတော့၏၊ ဒေါ်ဖြူသည် မိန်မလှကျွန်းသို့ မျှောခုတ်သွား သောလှေကြီး ဆိပ်ကမ်းသို့ ပြန်ကပ်လာသည်ဟု သတင်းကြားလျှင် သားဖြစ်သူကို ၀မ်းသာအားရ အပြေးလာကြိုရာတွင် လှေသူကြီးနှင့်တကွ လှေပေါ်ရှိလူအားလုံးဆင်းသွားသော်လည်း သားဖြစ်သူ မောင်ရှင်ကို မတွေမိပေ။
ဒေါ်ဖြူသည် သားဖြစ်သူမောင်ရှင်ကို မတွေ့သဖြင့် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာပြီး လှေသို့အတင်း ဆင်းလာကာ တူဖြစ်သူ မောင် ဘိုးအောင်ကို အကျိုးအကြောင်းမေးလေတော့၏ ကိုဘိုးအောင်ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သဖြင့် ဒေါ်ဖြူအော်ဟစ်ငိုကြွေးကာ သတိလက်လွတ် ဖြစ်သွား၏ ဒေါ်ဖြူသတိရလာသောအခါ ရှိုက်ကြီးတငင်ငိုနေပြန်သောကြောင့် ကိုဘိုးအောင်သည် အဒေါ်ဖြစ်သူအား မောင်ရှင်အတွက် သံဃာတော်များပင့်ဖိတ်၍ အမျှတန်းပေးဝေရန်အကြံပေးစကား
ပြောကြား၏ ဒေါ်ဖြူအငိုတိတ်ပြီး သားအတွက်ကုသိုလ်ပြုလုပ် အမျှဝေရန် စိတ်ဖြစ်ပေါ်လာ၏ ဒေါ်ဖြူ သည်လှေသူကြီးအား သားဖြစ်သူရေနစ်သေဆုံးသည့်နေရာတွင် ကုသိုလ်လုပ်အမျှဝေချင်ကြောင်း တောင်းပန်စကားပြောကြားသဖြင့် လှေသူကြီးလည်း အခကြေးငွေ မယူဘဲ လှေသားတွေနှင့်အတူ လိုက်ပို့လေ၏။
ဦးရှင်ကြီးသည် အမေ့ကိုလွမ်းစိတ်နှင့်သတိရနေစဉ် မိမိတို့လှေကြီးပြန်လာနေတာကို တွေ့မြင်ရ သည့်အတွက် အလွန်အံ့သြသွား၏ လှေပေါ်တွင် ကိုဘိုးအောင်နှင့် မိခင်ကြီးဒေါ်ဖြူကိုပါ တွေ့လိုက်ရ သည့်အတွက် နတ်ကညာတွေနှင့်မပျော်ပါးနိုင်တော့ဘဲ ၀မ်းနဲစွာငိုကြွေးလေ၏၊ မိခင်ကြီးဒေါ်ဖြူမှ လည်း သားနာမည်ကို တကြော်ကြော်ခေါ်၍ ၀မ်းနည်းပက်လက် ငိုကြွေးလေ၏၊ ထို့နောက် သားမောင်ရှင် ရေနစ်သေဆုံးသည့်နေရာတွင် သံဃာတော်အရှင်မြတ်တို့အား ဆွမ်းကပ်၍ိ အမျှအတန်းပေးဝေရာ ဦးရှင်ကြီးနှင့်တကွ နတ်သမီးများပါမကျန် ကျွန်းပေါ်ရှိ သရဲ တစ္ဆေ ပြိတ္တာ နှင့် မြေဖုတ်ဘီလူးစသော တပည့်များကပါ သာဓုခေါ်ကြလေ၏။
ဒေါ်ဖြူသည် လှေသူကြီးအား သားမောင်ရှင် ရေနစ်သည့်နေရာတွင် သူ့အားထားခဲ့ပါရန် တောင်း ပန်စကားပြောကြားသောအခါ ။ ဒေါ်ဖြူရယ် ကိုယ့်စိတ်ကို ကိုထိန်းပြီး တရားနဲ့ဖြေပါဗျာ သေသွား သည့်သူလည်း ပြန်မရှင်နိုင်ပါဘူး၊ ခင်ဗျားစိတ်မကြေနပ်သေးလျှင် မောင်ရှင်ကြိုက်တတ်သည့် အစား အစာများကို လင်ပန်းထဲထည့်၍ ကျွေးမွေးပြီး ပြန်ကြပါစို့ဗျာဟု အကြံပေးသည့်အတိုင်း မောင်ရှင် ကြိုက်သော ငှက်ပျောသီး အုန်းသီး လက်ဖက်နှင့် ကွမ်းယာ နှင့် ထန်းလျှက်များကို လင်ပန်းတွင် ထည့်၍ သားဖြစ်သူနာမည်ခေါ်ကာ မောင်ရှင်ရေ မင်းကြိုက်သည့် အစားအစာများ လာရောက်စား သောက်ရန် လင်ပန်းကိုမြောက်၍ ဖိတ်ကြားလေ၏ ။
ဦးရှင်ကြီးလည်း လှေဦးတွင်မားမားမတ်မတ် ကိုယ်ထင်ပြ၍ မိခင်ကျွေးသော အစားအစာများကို မိခင်ကြီးကျေနပ်အောင်စားသောက်၍၊ မိခင်ကြီးအား နှစ်သိမ့်စကားပြောဆိုပြီး အမေစိတ်ချမ်းချမ်း သာသာနှင့်ပြန်ပါ ကျွန်တော်ကိုလွမ်းရင် ကျွန်တော်ကြိုက်တတ်သည့်အစားအစာများနှင့် ၀ါဝင် ၀ါထွက်များတွင် နံက်ပိုင်း ညဥ့်ဦးပိုင်းအချိန်များ၌ ကျွန်တော်ကိုတင်မြောက်ပသပြီး ကျွေးမွေးပါက နတ်မိကျောင်းစီးပြီးလာရောက်ပါမည်။ ယ္ခုတော့ အမေနှင့်ကျွန်တော်ဟာ ဘ၀ခြင်းခြားသွားလို့ အတူတူနေချင်သော်လည်း နေလို့မရပါ ဟု ပြောကြားပြီး ဦးရှင်ကြီးနတ်လည်းကွယ်ပျောက်သွားလေ ၏။မိခင်ဒေါ်ဖြူလည်း သားကို ကိုယ်တိုင်တွေ့ခဲ့ရ၍ ကြေနပ်ကာပြန်ခဲ့လေ၏။
ဒေါ်ဖြူသည် သားမှာထားသည့်အတိုင်း ၀ါဝင် ၀ါထွက်ကာလတွင် သားကြိုက်တတ်သည့် အစား အစာများကို လင်ပန်းဖြင့်ထည့်ကာ သားဖြစ်သူဦးရှင်ကြီးကို ပင့်ဖိတ်လေ၏ ဦးရှင်ကြီးလည်း မိခင်ပင့် ဖိတ်တာကို သိရှိပြီး စောင်းကိုပိုက်၍ နတ်မိကျောင်းစီးကာ မိခင်ကျွေးမွေးသော အစားအစာများကို စားသုံး၍ မိခင်ကြေနပ်အောင်ပြောဆိုပြီး စောင်းပိုက်ကာ နတ်မိကျောင်းစီး၍ပြန်သွားလေ၏ ဒေါ်ဖြူ သည် သားဖြစ်သူ ဦးရှင်ကြီးနတ်၏ ကူညီမစမှုကြောင့် ပင်ပင်ပန်းပန်း မလုပ်ကိုင်ရဘဲ ငြိမ်းအေး ချမ်းသာစွာနေရပြီး တရားအလုပ်ကို ကြိုးစားလုပ်ကိုင်နိုင်၏။ဒေါ်ဖြူ၏အိမ်နီးနားခြင်းများသည် သူတို့ လည်း ဦးရှင်ကြီးနတ်ကို ပူဇော်ပသလိုပါသည်ဟု ပြောကြသဖြင့် ဦးရှင်ကြီးနတ်တင်ပုံတင်နည်းကို ဒေါ်ဖြူကပင်ပြောပြလေ၏။ ထိုအချိန်မှစ၍ ဒလမြို့တွင်သာမကဘဲ တခြားမြို့ရွာများသို့ပါ ဦးရှင်ကြီး နတ်အကြောင်းပျံ့နှံ့သွားကာ ကိုယ်းကွယ်ပသလေတော့၏ ဦးရှင်ကြီးနတ်သည် စီးပွားရေးသာမကဘဲ ကျန်းမာရေးနှင့်တခြားကုန်ရောင်းကုန်ဝယ်ကိစ္စများကိုပါ ကူညီမစသည်ဟု ယုံကြည်ကြသောကြောင့် လူများစုကိုယ်းကွယ်သည့် နတ်တပါးအဖြစ် မြန်မာလူမျိုးများသာမက တရုပ်ကုလားစသော တခြား ဘာသာဝင်များပါ ယ္ခုတိုင်အောင် ကိုယ်းကွယ်နေကြ၏။
ဘိုကလေးမြို့နယ်မိန်းမလှကျွန်းသည် ဤကဲ့သို့သော ဇာတ်လမ်းများရှိသည်ဟု ကြိုတင်အသိပေး လိုက်ရခြင်းဖြစ်၏ ဘုန်းကြီးကြားခဲ့ရသော ဇာတ်လမ်းတွေသည် ဦးရှင်ကြီးနဲ့များ ပတ်သက်နေသလား
ဟု ထင်မိသောကြောင့် ရေးသားတင်ပြရခြင်းဖြစ်၏။ ဘုန်းကြီးငယ်ငယ်တုံးကနေခဲ့သော ကျိုက်လတ် မြို့သည် ဦးရှင်ကြီးပွဲကို နှစ်စဉ် အရှေ့ပိုင်းတပွဲ အလယ်ပိုင်းတပွဲ အနောက်ပိုင်းတပွဲ ဟုတနှစ်ကို သုံပွဲ သူ့ထက်ငါသာအောင် အပြိုင်အဆိုင် အရပ်သားတွေသာ ကိုယ်တိုင်ရေး ကိုတိုင်ဆို ကိုယ်တိုင်ကကြ၏ တဖွဲနှင့်တဖွဲ့ အနိုင်မခံ အရှုံးမပေးပါ အရှေ့ပိုင်းအဖွဲ့ကလည်း အလည်ပိုင်း အနောက် ပိုင်းအဖွဲများနှင့် သာအောင်ကြိုးစား၏။ အလယ်ပိုင်းအဖွဲ့ကလည်း အနောက်ပိုင်း အရှေ့ပိုင်းအဖွဲ့များ ထက်သာအောင်ကြိုးစား၏ အနောက်ပိုင်းအဖွဲ့ကလည်း အရှေ့ပိုင်း အလယ်ပိုင်းအဖွဲ့များထက်သာ အောင်ကြိုးစား၏ ပြိုင်ဆိုင်ခြင်း၏ အကျိုးရလပ်ကား မြန်မာဂီတလောကတွင် နာမည်ကြီးစာဆိုများ ဖြစ်ကြသော ဦးပြုံချို ဦးသုခ ဒဂုန်တာရာ စိန်ဗိုလ်တင့် စိန်လှမြိုင် စသောဂီတပညာရှင်များကို ကျိုက်လတ်မြို့နယ်မှ ထွက်ပေါ်လာရခြင်းဖြစ်ပါ၏။

Sunday, July 27, 2008

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၇-၇-၂၀၀၈


နံက် ၅-နာရီအာရုံဆွမ်း မောင်သူရစိုးမိသားစု၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲဆူးဘန်း(ဓါတ်ပုံ ၆-ပုံ)
နံက် ၇-နာရီဆွမ်း ကေအောင်ကျော် ရက်လည်းဆွမ်း ၁၂-မိုင်ပူချုန်း(ဓါတ်ပုံ ၆-ပုံပါ)
နံက် ၈-နာရီဆွမ်း ဖခင်ဦးစံအုန်း ရက်လည်ဆွမ်း ၁၂-မိုင်ပူချုန်း(ဓါတ်ပုံ ၆-ပုံပါ၏)
နံက် ၉-နာရီ ငြိမ်းချမ်းအေးဆိုင် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဆူးဘန်း(ဓါတ်ပုံ ၆-ပုံပါ၏)
နံက် ၁၁-နာရီဆွမ်းကျောင်းတွင်စုပေါင်းကပ်လှူကြ၏၊ (ဓါတ်ပုံ-၆-ပုံပါ၏)
ကလန်းလမ်းမ ၀ါဆိုသင်္ကန်းကပ်မိသားစု
မိဘများရည်စူးလှူ ဒေါက်တာကျော်ညွန့်မိသားစု
မိခင်ကွယ်လွန်ရည်စူးလှူ မင်းကျော်စွာထွန်း+မိနိုင်နိုင်မော်
ငုဝါနိုင် သုံးလပြည်ံမွေးနေ့အလှူ
ဤအလှူရှင်များစုပေါင်းကပ်လှူကာ အနုမောဒနာတရားနာကြားကြ၏။


Type the rest of your post here.

Monday, July 21, 2008

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၀-၇-၂၀၀၈၊ဓမ္မရောင်ခြည်ကျောင်း၊ပူချုန်း ပဉ္စမအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲ(၁)



Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၀-၇-၂၀၀၈၊ဓမ္မရောင်ခြည် ပဉ္စမအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲ


ဓမ္မရောင်ခြည်ကျောင်းပဉ္စမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ကိုအောင်မိုးသူ+မခိုင်၊ရွှေမင်းသမီးဆိုင်
မိသားစုမှ သံဃာတော်အရှင်မြတ်များနှင့် ကြွရောက်လာသော ပရိတ်သတ်အား မြန်မာမုန့်ဟင်္ခါးဖြင့်
ကျွေးမွေးဧည့်ခံလှူဒါန်းပါသည်၊ကျွေးမွေးဧည့်ခံရာနေရာဌာနကိုလည်း တနေ့တာအဖြစ်လှူဒါန်းပါသည်

ဓမ္မရောင်ခြည်ကျောင်းပဉ္စမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် မင်းဥာဏ်လင်း+အေးမာငြိမ်း၊နန်းတော်
မြန်မာဆိုင်မိသားစုမှသံဃာတော်အရှင်မြတ်များအားဆွမ်း ဆွမ်းဟင်းနှင့် ကြွရောက်လာသော
ပရိတ်သတ်အား အအေးဘူးများတိုက်လှူပါသည်


ဓမ္မရောင်ခြည်ကျောင်းပဉ္စမအကြိမ်ဝါဆိုသင်္ကန်းကပ်လှုပွဲတွင် သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်း
အလှုကို ကိုတင်မောင်ဦး+မသန္တာဆွေ၊ထွန်းတောက်မြန်မာဆိုင်(အင်ပိ-ပူချုန်း)တို့မှလှူဒါန်းဆက်ကပ်ပါသည်



မုန့်ဟင်္ခါးချက်ကုသိုလ်ရှင်များ
ဓမ္မရောင်ခြည်ကျောင်းပဉ္စမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ကိုမျိုး။ကိုကျော်ဇေစိုး(၀တုတ်)၊ကိုမျိုညွန့်+မစန္ဒီ
၊မဟန်နီ၊ဗိုလ်ချုပ်၊တင်ဌေး၊ဥာဏ်ဝင်းထွန်း၊အောင်သန်းကျော်၊မိုးကျော်၊၀င်းလွှင်နှင့်၊တိုင်မားရွှေမြန်မာမိသားစုများ
စုပေါင်းလုပ်အားဒါနဖြင့် မုန့်ဟင်္ခါးချက်ကုသိုလ်ယူကြသည်။


Type your summary here.

Type the rest of your post here.

Sunday, July 20, 2008

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၀-၇-၂၀၀၈၊G,B,H ရွှေမြန်မာများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ စီကမ်းပို့(K,L)


မလေးရှားရောက် စီကမ်းပို့ G,B,H ရွှေမြန်မာများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို
၂၀-၇-၂၀၀၈၊တနင်္ဂနေ့တွင် ကျင်းပပြုလုပ်၏ ပူချုန်းဓမ္မရောင်ခြည်ဆရာတော်ကို ပင့်ဖိတ်ပြီး အာရုံဆွမ်း
နှင့်ဝါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာကြားကြ၏၊ သင်္ကန်းဆိုတာ
အကျင့်သီလပြည့်စုံသူတွေနဲ့သာတန်တာ​ ကာယိနြေ္ဒစောင့်စီးနိုင်သောပုဂ္ဂိုလ်တွေနဲ့သာထိုက်တန်တာ
ကိလေသာပါးအောင်ကျင့်သည့်ပုဂ္ဂိုလ်တွေနှင့်သာ ပိုပြီးထိုက်တန်တာဟု၊အနုမောဒနာတရားဟောကြားခဲ့ပါ၏


Type the rest of your post here.

Thursday, July 17, 2008

17-7-2008/၀ါဆိုလပြည့်။ ဓမ္မရောင်ခြည်သတင်းစဉ်၊ chgong wah seafood ရွှေမြန်မာများ၏၊ ဒုတိယအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ


ဝါဆိုလပြည့် နေ့ဆွမ်းအလှူကို ဆီးဖုစားသောက်ဆိုင်မှ ရွှေမြန်မာများ စုပေါင်းပြီး ဓမ္မရောင်ခြည်ကျောင်းသံဃာတော်
များအားဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းကြ၏ အနုမောဒနာတရားဟောကြာခဲ့ပါ၏ လူ့ဘ၀မှာ ကောင်းမှု
မကောင်းမှုဆိုတာကတော့ ရှောင်လွှဲမရအောင် ကြုံရမှာ ဆုံရမှာဖြစ်တယ် အဲဒီလိုကြုံတွေ့သည့်အခါမျိုးမှာ အကောင်း
ဘက် အမြင့်ဘက် အမြတ်ဘက်ရောက်အောင် နှစ်လုံးသွင်းနိုင်မှသာလျှင်။ မဖြစ်သေးသောကုသိုလ်တရားတွေ
ဖြစ်ပေါ်လာအောင် ဖြစ်ပြီးသာအကုသိုလ်တရားတွေ ပါးသထက်ပါးလာအောင် ဆောင်ရွက်နိုင်မှသာလျှင်
ယောနိသောမနသိကာရ နှစ်လုံးသွင်းကောင်းသည်ဟုဆိုရကြောင်း အနုမောဒနာတရားဟောကြားခဲ့ပါ၏။

Type the rest of your post here.

17-7-2008/၀ါဆိုလပြည့်။ ဓမ္မရောင်ခြည်သတင်းစဉ်၊ အင်ပိရပ်၊ ဂျိုဂိုရာရွှေမြန်မာများ၏၊ တတိယအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အင်မ်ဘိရပ် ဂျိုဂိုယာရွှေမြန်မာများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို
ဝါဆိုလပြည့်နေ့တွင်ကျင်းပရာ။ ပူချုန်း ဓမ္မရောင်ခြည်ကျောင်းဆရာတော်ပင့်ဖိတ်ပြီး အာရုံဆွမ်းဆက်ကပ်
လှူဒါန်း၍ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး အနုမောဒနာတရားနာယူကြ၏ သင်္ကန်းတထည်
ကြောင့် ပြဿနာတက်သွားသောဒေ၀ဒတ်ဇာတ်လမ်းကိုဟောကြားခဲ့ပါ၏ အလှူလုပ်သောအခါ အလှူခံ
ပုဂ္ဂိုလ်တွေကို ခံစားချက်ပြဌာန်းပြီးမလှူဘဲ ဥာဏ်ပြဌာန်းပြီးလှူဒါန်းတတ်မှသာလျှင် လှူရကျိုးနပ်ကြောင်း
ဟောကြားခဲ့ပါ၏။

Type the rest of your post here.