အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, August 31, 2008

ဖျာပုံမြစ်ဝက ကဒါကျေးရရွာလှူဒါန်းစဉ်(၁)



Type the rest of your post here.





ကိုအောင်အောင်+မလှလှဝင်။ကိုထွန်းလင်း+မသီတာဝင်း။ တို့ဦးဆောင်သော မလေးရှားရောက်
ရွှေမြန်မာများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ရဟန်းပီသသော
ရဟန်းတော်တွေနှင့်မှ သင်္ကန်းဆိုတာ ထိုက်တန်တာဟု ဟောကြားခဲ့ပါ၏။

Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၃၁-၈-၂၀၀၈(၁)





ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ဦးလှစိန်နှင့် ကျေးဇူးရှင်မိခင်ကြီး ဒေါ်မြကျင်တို့အားရည်စူး၍
ဓမ္မရောင်ခြည်ဆရာတော်အား အာရုံဆွမ်းကပ်လှူပြီး မိဘကျေးဇူးဆပ် ကုသိုလ်ပြုလုပ်ကာ
အမျှပေးဝေခဲ့၏ မိခင်ဖခင်များ ကောင်းရာသုဂတိရောက်ပါစေ။

Type the rest of your post here.

ဓမ္မရောင်ခြည် စနေ-သတင်းစဉ်။၃၀-၈-၂၀၀၈(၂)




ဝါတွင်ကာလ ၀ါဆိုသင်္ကန်း အလှူရှင်များ။

Type the rest of your post here.

Saturday, August 30, 2008

ဓမ္မရောင်ခြည် စနေ-သတင်းစဉ်။၃၀-၈-၂၀၀၈





ဝါခေါင်လကွယ် အာရုံဆွမ်းအလှူရှင်နှင့် မလေးရှားမှ ရှားရှားပါးပါး ဥပုသ်သည်များ။

Type the rest of your post here.

Thursday, August 28, 2008

နာဂစ်ကို အန်တုသည့် လသားအရွယ် ----အို----သားငယ်

ဘိုကလေး(၁၀)
နာဂစ်ကို အန်တုသည့် လသားအရွယ်----အို-------သားငယ်။
ဤဇာတ်လမ်းလမ်းလေးကတော့ ဘိုကလေးကယ်ဆယ်ရေးစခမ်းနှင့် မအူပင်ကယ်ဆယ်ရေးစခမ်းတို့ တွင် ထင်ရှားခဲ့သော အကြောင်းအရာတခုဖြစ်ခဲ့၏ ဘိုကလေးမြို့နယ် နာဂစ်မုန်တိုင်းဝင်ချိန်တွင် ဤသားငယ်၏မိခင်သည် မွေးဖွားပြီးခါစ လသားအရွယ်သားငယ်နှင့် သွေးနုသားနုအချိန်သာဖြစ်၏ မိမိတို့ရွာသည် တောကျေးလက်ဖြစ်သောကြောင့် ဗဟုသုတနည်းပါးလှ၏ မုန်တိုင်းရှိသည်ဟု သာမန် သာသိရှိကြ၏ ယ္ခင်မုန်တိုင်းတွေလည်း ဒီလိုဘဲတိုက်ခိုက်သွားကြတာဆိုတော့ အမှုမဲ့ အမှတ်မဲ့သာ နေထိုင်ကြလျှက် ကိုယ့်အိမ်သာ လုံခြုံမှုအရှိဆုံးဟု ထင်မှတ်ကာနေထိုင်ကြ၏။


ဒီလောက်အန္တရာယ်ကြီးလိမ့်မယ်လို့ ဘယ်သူကမှသတိမပေး မိမိတို့ကလည်း ဘာသတင်းမှနားမ ထောင် သတင်းမီဒီယာလောက၏ အတွေ့အကြုံကလည်းမရှိ သက်ဆိုင်ရာကလည်းကြောက်လောက်
အောင် မကြေငြှာ ကြေငြှာသော်လည်း မိမိတို့မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်သည့် မုန်တိုင်းဒါဏ်ကို တွေ့ကြုံခံစားဘူးခြင်းမရှိသောကြောင့် ယုံကြမည်မဟုတ် အိမ်တွေရွာတွေက အတင်းအကြပ်ထွက်ခွာ ခိုင်းရင်တောင် ထွက်ခွါဖို့ ငြင်းဆန်မိမှာသေချာ၏ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းဟာ လောဘ သားကောင်တွေဖြစ်နေလို့ဖြစ်၏ မိမိပိုင်ဆိုင်မှု ဥစ္စာဓနကို မစွန့်ခွါနိုင်သလို မိမိရွာ မိမိအရပ်ဒေသ သံယော ဇဉ်တွေက ချီနှောင်ထားသောကြောင့် ခွဲခွါနိုင်မည်မဟုတ်ပါ။

အားလုံးခြုံကြည့်မယ်ဆိုလျှင်တော့ အတွေ့အကြုံ ဗဟုသုတနည်းသောကြောင့် မသေသင့်ဘဲနှင့် သေရတာဟု မှတ်ချက်ချရမှာဖြစ်ပါ၏ ကျေးရွာအများစုသည် လျှပ်စစ်မီးမရှိသောကြောင့် တီဗွီ မကြည့်နိုင်ကြပါ လျှပ်စစ်မီးရှိတာတောင် တီဗွီဝယ်နိုင်သော ငွေအင်အားမရှိပါ တတ်နိုင်သူတွေ လုပ်စားနေသော ဗွီဒီယိုရုံများတွင် အပြင်းပြေဇတ်လမ်းလောက်သာ ကြည့်ရှုရပါ၏ ဗဟုသုတဖြစ်ဖွယ် သတင်မျိုးကို ဘယ်ဗွီဒီယိုရုံမှမပြပါ ပြလည်းဗဟုသုတနည်းသောကြောင့် ကြည့်မည်မဟုတ်ပါ စလောင်းနှင့် လုပ်စားသူတွေလည်း ဘောလုံးပွဲလောက်သာ အဓိကပြကြ၏ ဘောလုံးဝါသနာအိုးတွေ သာ အဓိကများသောကြောင့် ကမ္ဘာမှာ ဘာတွေဖြစ်နေသလည်း ဘာသတင်းတွေထူးနေသလည်းဟု စိတ်ဝင်စားမှုမရှိသော ပရိတ်သတ်က အများစုဖြစ်နေ၏ လူတွေကိုယ်က အခြေခံဗဟုသုတတွေ နည်းလာတာကို တွေ့မြင်နေရပါ၏

ငွေကျေးအားဖြင့်လည်း မတတ်နိုင်တာကို တွေ့မြင်ရ၏ လေဒီယို တလုံးလောက်တောင် မ၀ယ်နိုင်သူတွေ လေဒီယိုရှိတာတောင် ဓါတ်ခဲဘိုးမတတ်နိုင်သူတွေ များလှ၏ အားလုံးကို သုံးသပ်ကြည့်မည်ဆိုလျှင်တော့ ဆင်းရဲလွန်းတော့ ငွေကျေးမတတ်နိုင် ငွေကျေးမတတ်နိုင်တော့ အကြားအမြင်ဗဟုသုတတွေနည်း အကြားအမြင်ဗဟုသုတနည်းတော့ ကမ္ဘာမှာဘာတွေဖြစ်နေသည် ဆိုတာ ဘယ်သူမှမသိ ကိုယ်ဒေသကို ၀ါးမျိုပြစ်မည့် အန္တရာယ်ကြီးတခု လာနေပြီဆိုတာတောင် ဘယ်သူမှမယုံချင် --သြော်---ဆင်းရဲတွင်းနက်သော မိမိတို့ပြည်သူတွေ၏ ကံကြမ္မာကားအလွန်သနား
စရာကောင်းပါဘိ ဘယ်သူတွေက ဘာ့ကြောင့်များ ဆင်းရဲတွင်းနက်အောင် လုပ်ထားရက်ပါဘိ။ အသိဥာဏ်ဗဟုသုတနည်းအောင် လုပ်ထားရက်ပါဘိ၊ ရက်စက်လှချည်လား လောကကြီးရယ် မတရားမှုတွေ ဘာ့ကြောင့်ထွန်းကားနေရပါသနည်း၊

နာဂစ်မုန်တိုင်းကတော့ ဆင်းရဲချမ်းသာမရွေး ရက်ရက်စက်စက် နှိပ်စက်မှုဒါဏ်ကို တိုက်ခတ်ခံရသည့်
ဒေသအားလုံး အလူးအလဲခံစားရမှာဖြစ်၏ နာဂစ်တိုက်ခိုက်ချိန်တွင် လသားအရွယ်သားငယ် နှင့်မိခင်လည်း နာဂစ်၏ သားကောင်ဘ၀ကို ရောက်ရှိခဲ့ရပါ၏ နာဂစ်သည် ငယ်သော ကြီးသော ဘာကိုမှမရွေး လူလော တိရစ္ဆာန်လော ဘာကိုမှမရွေး သက်မဲ့လော သက်ရှိလော ဘာကိုမှမရွေး တွေ့မြင်သမျှအားလုံးကို သေလိုသေ ရှင်လိုရှင် ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေး မညာမတာ ရက်ရက်စက် နှိပ်စက်လေတော့၏ သေတဲ့လူသေ ရှင်တဲ့လူလည်း ဒုက္ခသည်စခန်းသို့ ရောက်ရှိ လာကာ ဆင်းရဲချမ်းသာမရွေး လူတန်းစားညီမျှသွားတဲ့ သဘောလက္ခဏာတခုအဖြစ် မြင်တွေ့နိုင်ပါ၏

လသားအရွယ်သားငယ်နှင့်မိခင်ကိုလည်း နာဂစ်က ဘယ်ညှာတာပါ့မလည်း မိခင်နှင့်သား သေကွဲ ကွဲအောင်အားထုတ်သော်လည်း ရေထဲတွင်နေရသောမိခင်၏ ရင်ခွင်ထည်းတွင် ကိုယ်ခံအားကောင်း လှသောသားငယ်သည် မိခင်နှင့်အတူ တညလုံးရေထည်းနေရသော်လည်း အသက်မသေခြင်းသည် အလွန်ထူးခြားလှပါ၏ လသားအရွယ်ကလေးငယ်များသည် ဤလို ပြင်းထန်လှသောလေဒါဏ် ရေဒါဏ်ကို ခံနိုင်သည့်စွမ်းရည်မရှိပါ မိခင်၏ သားအပေါ်ထားသော စေတနာမေတ္တာတွေကလည်း စောင့်ရှောက်ထားဟန်တူပါသည် ဒါ့ကြောင့်မို့ ဤကလေးငယ်ကို ဘိုကလေးမြို့သူမြို့သားတွေနှင့် မအူပင်မြို့သူမြို့သားတွေက နာဂစ်ကို အန်တုနိုင်သောသားငယ်ဟု ၀မ်းပမ်းတသာ ၀ိုင်းဝန်းချီးမြောက် ကြခြင်းဖြစ်ပါ၏။ စာရှုသူတို့ အကျွန်ုပ်သည် ဤသို့ ကြားခဲ့ ရပါ၏ သင်တို့လည်း ထိုသို့သာ မှတ်ကြပါလေ။

နာဂစ် တလပြည့်ပြီးနောက် ဂျွန်-၈-ရက်တွင် တွေ့ခဲ့ရသော လပွတ္တာမြင်ကွင်း(၇)










Type your summary here.

Type the rest of your post here.