အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, September 30, 2008

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးနေ့သတင်းစဉ်။၁-၁၀-၂၀၀၈(၂)






ကိုလေးဝင်း+မမီးမီးတို့၏ အဘိုးဘုန်းကြီးပြန် ရက်လည်ဆွမ်းကျွေးပွဲတွင်။

သူအိုကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ
ငါအိုသလိုဘဲ သင်တို့လဲ အိုမြဲဓမ္မတာ
မအိုခင်က ကုသလ ပြုကြဖန်ခါခါ
အိုဘေးလွတ်ရေး မျှော်ထောက်တွေး မနှေးကျင့်ကြပါ

သူနာကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ
ငါနာသလိုဘဲ သင်တို့လဲ နာမြဲဓမ္မတာ
မနာခင်က ကုသလ ပြုကြဖန်ခါခါ
နာဘေးလွတ်ရေး မျှော်ထောက်တွေး မနှေးကျင့်ကြပါ။

သူသေကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ။
ငါသေသလိုဘဲ သင်တို့လဲ သေမြဲဓမ္မတာ
မသေခင်က ကုသလ ပြုကြဖန်ခါခါ
သေဘေးလွတ်ရေး မျှော်ထောက်တွေး မနှေးကျင့်ကြပါ။

ဒေ၀ဒူတ တရားတော်ကို ဟောကြားခဲ့ပါ၏


Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးနေ့သတင်းစဉ်။၁-၁၀-၂၀၀၈(၁)





မဆွေမိသားစု၏ ဘုရားအနေကဇာတင်ပွဲတွင်
ဂုဏ်တော်ကို မိမိနှစ်လုံးသားထဲမှာတည်အောင် အရဟံဂုဏ်တော်ကိုဟောခဲ့ပါ၏။
အရ-ဟံ၊ကိလေသာတို့မှ ဝေးကွာတော်မှူု၍ ၀ါသနာနှင့်တကွ ပယ်သတ်တော်မူသော မြတ်စွာဘုရား။
အရ-ဟံ၊ကိလေသာတည်းဟူသော ရန်သူတို့ကို သတ်ဖြတ်တော်မူ၍ ရူပကာယတော်၏
တင့်တယ်တော်မူသော မြတ်စွာဘုရား။
အရ-ဟံ၊သံသရာတည်းဟူသော အကန့်ထောက်ဆံတို့ကို ချိုးဖျက်တော်မူသော မြတ်စွာဘုရား။
အ-ရဟံ၊ ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
အရဟံ။ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
ရှင်တော်မြတ်ဘုရားကြီးအား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်ဆုံမိုး၍ ရှစ်ခိုးပူဇော်
ဖူးမျှော်မာန်လျှော့ ရှိခိုးကတော့ပါ၏ အရှင်ဘုရား။

Type the rest of your post here.

Monday, September 29, 2008

နာဂစ်တိုက်ပြီး တလအကြာတွင် တွေ့ရသော ငပုတော-ဟိုင်းကြီး၊မြို့နယ်မှ-မြင်ကွင်းများ(၁၄)








Type your summary here.

Type the rest of your post here.

ဂုဏ်ယူပါသည်----အို---------------မိခင်----

ဂုဏ်ယူပါသည်--အို-------မိခင်
မြတ်စွာဘုရား ချေချွတ်တော်မူလို့ တရားထူးရသွားသည့် ပဋ္ဋာစာရီကတော့ လင်သေ သားဆုံး မိဘမောင်ဘွားတွေဆုံးလို့ သွက်သွက်ခါအောင် ရူးသွားရရှာပြီး ရှင်တော်မြတ်ဘုရား ကယ်ခဲ့လို့ ပဋ္ဋာစာရီထေရ်ရှင်မရယ်လို့ သာသနာ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပါ၏။ ခေတ်သစ်ပဋ္ဋာစာရီကတော့ လပွတ္တာမြို့နယ် နာဂစ် မုန်တိုင်း၏ ရက်စက်နှိပ်စက်မှု အောက်မှ ထွက်ပေါ်လာသော အနှိုင်းမဲ့မိခင် တဦး၏ သားသမီးအပေါ် မိဘမေတ္တာပေါ်လွင်လှသော ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့၏။


နာဂစ်လေသည် ရက်စက်မှုကမ်းကုန်၏ တယောက်တည်း လာသည်မဟုတ် သူ့ရဲ့မိတ်ဆွေဆိုး ကြီး ဒီရေလှိုင်းကြီ်းတွေပါ ခေါ်ဆောင်လာပြီး ပင်လယ်ကမ်းစပ်နေ ရွာပေါင်းများစွာကို ရက်ရက် စက်စက် ၀ါးမြိုခဲ့၏ အပြစ်မဲ့ပြည်သူတွေ နာဂစ်၏ ရက်ရက်စက်စက် နှိပ်စက်မှုဒဏ်ကို အလူး အလဲခံကြရ၏ အမိနဲ့ သား သေကွဲ ရှင်ကွဲ ဖြစ်အောင် လုပ်ရက်ပါဘိ။ အနှိုင်းမဲ့မိခင် တဦးကတော့ ရက်စက်မှု သရဖူဆောင်းသောနာဂစ်ကို အန်တုနိုင်ခဲ့ပါ၏ အာဂမိခင်ပါပေ။
နာဂစ်တိုက်လာချိန်တွင် အနှိုင်းမဲ့မိခင်တို့မိသားစုသည် တစည်းတလုံးတည်းမရှိကြ ခင်ပွန်းဖြစ် သူသည် ဆားချက်ကွင်းတွင် အလုပ်သွားလုပ်နေ၏ အနှိုင်းမဲ့မိခင်သာ လသားအရွယ်သားငယ် ၃-နှစ် သားရွယ် သားကြီးနှင့် ရွာတွင်နေခဲ့ခြင်းဖြစ်၏ ဤရွာ ဤဒေသသည် နှစ်စဉ်နှစ်တိုင်း မိုးသက်မုန်တိုင်း ငယ်တွေကတော့ တိုက်နေကြဖြစ်၏ နာဂစ်မုန်တိုင်းကိုလည်း ယ္ခင်မုန်တိုင်းတွေလိုဘဲ ထင်မိခဲ့၏
အထင်နှင့် အမြင်သည် တိုက်ခတ်မှု ပြင်းထန်လာမှ သဘောပေါက်လာ၏ လေတွင်မဟုတ် ဒီရေလှိုင်း ကြီးတွေပါတက်လာပေပြီ အနှိုင်းမဲ့မိခင်လည်း ခင်ပွန်းဖြစ်သူလည်းမရှိ မိမိတယောက် ထည်းသာ ရှိသောကြောင့် သားငယ်နှစ်ယောက်ကို လွတ်မထွက်သွားအောင် လေဒဏ်မှ အကာ အကွယ်ပေးနိုင် ခဲ့၏ သို့သော် လေနှင့်အတူ တက်လာသော ဒီရေလှိုင်းကြီးတွေ မြင်လိုက်ရတော့ အနှိုင်းမဲ့ခင်တယောက် ဆုံးဖြတ်ချက် အမြန်ချရပေပြီ ဒီလေနှင့်ဒီရေသည် အမေနှင့်သားတွေကို တကွဲတပြား ကွဲသွားနိုင်သည်ဆိုတာ သဘောပေါက်သွား၏။
လသားအရွယ်သားငယ်ကို ဖခင်ပုဆိုးဖြင့်ပတ်ကာ သစ်ပင်ပေါ်တက်ချိတ်လိုက်၏ သားကြီးကား အောက်တွင် အမေခေါ်ကာ တစာစာငိုကျွေးနေ၏ သားငယ်ကို သစ်ကိုင်းတွင်ချိတ်ပြီး အောက်ပြန် ဆင်းလာချိန်ဝယ် ဒီရေလှိုင်းကြီးရောက်လာပေပြီ အနှိုင်းမဲ့မိခင်သည် သားကြီးထံ အပြေးသွားချိန်ဝယ်
ဒီရေလှိုင်းကြီးကား ရက်ရက်စက်စက် သားနှင့်အမိကို တိုက်လိုက်တော့၏ လှိုင်းနှင့်အတူ လွင်စင် ထွက်သွား၏ အမေနှင့်သား တကွဲတပြားဖြစ်သွား၏ မိခင်သည် မျက်ရည်ကျ ငိုကြွေးရုံမှတပါး အခြား မရှိပါ ရေထဲတွင် တကျော်ကျော်အော်ခေါ်သော်လည်း ဘာသံမှမကြားရပါ မိမိနှင့် မနီးမဝေးတွင် မျှောပါနေသော ကောက်ရိုးပုံရှိရာသို့ မိခင်သည်ကူးသွား၏။
ရေထဲကူးနေတာနှင့် စာလျှင်တော့ ကောက်ရိုးပုံ မှီခိုလိုက်ရခြင်းသည် ပိုကောင်းမည်ဟု အကြံရကာ ကူးခဲ့ခြင်းဖြစ်၏ ကောက်ရိုးပုံပေါ်တွင် သတိမေ့နေသော ကလေးငယ်တယောက်တွေ့ရ၏
သေသေချာချာကြည့်မှ မိမိသားကြီးဖြစ်နေ၏ သားပြောက်ရှာနေသောမိခင်သည် ကံကောင်း ထောက်မစွာ မိမိသားကိုပြန်တွေ့လိုက်ရ၏ အဘယ်မိခင်သည် ၀မ်းမသာဘဲ ရှိအံ့နည်း သားကိုဖက်၍ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း မိခင်ရင်ငွေ့ရတယ်ဆို သားလည်းပြန်သတိရလာ၏ အမေချစ်ရတဲ့ အမေ့ သားရယ်ဟု သားကိုလွတ်မထွက်သွားအောင် ဖက်ထားကာ နာဂစ်လေနှင့် ဒီရေကို အန်တုခဲ့ရ၏။
နာဂစ်မုန်တိုင်းလေသည် နာရီပေါင်းများစွာ တိုက်ခိုက်ပြီး မိမိတို့ဒေသ တခုလုံးကို ၀ါးမြိုဖျက်ဆီးပြီး နောက် အနိုင်းမဲ့မိခင်သည် သစ်ပင်တွင် ချိတ်စွဲထားသော မိမိ၏သားငယ်ကို ကယ်တင်ရန် ရောက်ရာအရပ်မှ သားကြီးကိုချီလျှက် သားကိုချစ်သည့် မိခင်တို့၏ စိတ်ဓါတ်ဖြင့် ကိုယ်လက်နာနေ တာကိုလည်း အမှုမထား မောရမှန်းလည်းမသိ ပင်ပန်းတာကိုလည်း ဂရုမစိုက် ဘယ်လိုအန္တရာယ်မျိုး ကိုမှလည်းမကြောက် သားဆိုသည့် ချစ်ချင်းဖြင့် သတ္တိတွေပြည့်ဝနေသော အနှိုင်းမဲ့မိခင်သည် တညလုံးမိုးထဲလေထဲတွင် ပြစ်ထားခဲ့ရသောသားငယ် ရှိမှရှိပါအုံးမလားဟူသော စိုးရိမ်သောကတွေ သာ ရင်ထဲမှာလွှမ်းမိုးလျှက် မြန်လှသော ချေလှမ်းတွေဖြင့် သုတ်ချေတင်ခဲ့၏။
လမ်းတလျှောက် အခက်အခဲမျိုးစုံကြုံတွေ့ရ၏ နာဂစ်ဒဏ်ရာကြောင့် ပျက်စီးနေသော အိမ်ပျက် တွေ ကျိုးကြနေသော သစ်ပင်တွေ ကိုလည်း ရှောင်ကွင်းခဲ့ရ၏ နာဂစ်ကြောင့် သေဆုံးနေသော လူသေအလောင်းတွေ တိရစ္ဆာန်အလောင်းတွေကိုလည်း မကြောက်အား ချောင်းကိုဖြတ် ရိုးကိုကျော် လျှက် ဗွက်တော ရွံ့ညွံများကိုလည်း ပမာမထား ငါချစ်ရသည့် သားအတွက် ငါသေချင် သေပစေဆို သည့် စိတ်ဓါတ်မျိုးဖြင့် သားဇောကပ်နေသော မိခင်သည် မိမိသားငယ်ကို တွေ့ရှိရေးကိုသာ စိတ်အား
ထက်သန်လျှက် မိမိရွာအရောက် လျှောက်လှမ်းခဲ့ပါ၏။
ခပ်ဝေးဝေးတွင် တွေ့နေရပြီဖြစ်သော မိမိရွာနှင့် နီးလာလေ အနှိုင်းမဲ့မိခင်၏ စိတ်တွေ ပိုမို လှုပ်ရှား လာ၏ သားငယ်ကို တွေ့မှတွေ့ပါတော့မလားဟူသော စိုးရိမ်စိတ်တွေကလည်း များလာ၏ မိမိတို့ရွာ လည်း နာဂစ်ဒဏ်ရာကြောင့် ဖရိုဖရဲဖြစ်နေ၏ တချိန်တုံးက မိသားစုများ သိုက်သိုက်ဝန်းဝန်းနှင့် စည် ကားခဲ့သော ဤရွာလေးသည် ယ္ခုတော့ ဘာသံမှမကြားရ အိမ်အပြို အပျက်တွေ သစ်ပင်တွေလည်း အတုံးအရုံးလည်းနေတာနှင့် ရင်နင့်ဖွယ်ရာ မြင်ကွင်းကို အနှိုင်းမဲ့မိခင် မြင်တွေ့လိုက်ရတော့ သားငယ် အတွက်ချီတက်လာသော မိခင်သည် ရင်ထဲမှာ မချိအောင်ခံစားလာရတော့၏ သစ်ပင်ပေါ် ချိတ်ထားမိခဲ့သော မိမိသားငယ်အတွက် မျှော်လင့်ချက်ရှိမှ ရှိပါတော့မလားဟု စိုးရိမ်စိတ်တွေများစွာ ဖြစ်ပေါ်လာ၏။
မိမိအိမ်ကိုသာ အရောက်လှမ်းလာမိ၏ မိခင်၏ စိတ်ဝင်စားဆုံးအရာကား မိမိအိမ်ဘေးမှ သစ်ပင် ဖြစ်၏ မုန်တိုင်းလေ၏ဒဏ်ကို အပင်ကြီးသော သစ်ပင်တွေ ပင်စည်အခက်အလက်များသော သစ်ပင် တွေ အမြစ်တွေ အမိုးပေါ်ထောင်ကာ ဘုံးဘုံးလည်းကြရ၏ မိခင်အိမ်ဘေးမှသစ်ပင်ကား ပင်စည်က လည်း သိပ်မကြီး ပင်စည်အခက်အလက်ကလည်း မိမိတို့ချက်ပြုတ်ရန်အတွက် သစ်ကိုင်းတွေ ခုတ်ထားသော အပင်ငုတ်တိုသဖွယ်သာဖြစ်၏ နာဂစ်ဒဏ်ကို ကြံ့ကြံ့ခံကာ မပြိုမလဲ ရပ်တည်လျှက် ရှိသည်ကို မိခင်သည် ခပ်လှမ်းလှမ်းမှ တွေ့မြင်ရသောအခါ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း မိခင်စိတ်တွေ ပိုမိုတက်ကြွလာ၏ အိမ်အနီးရောက်မှ အပြေးသွားမိလေ၏။
သစ်ငုတ်တိုတွင် ပုဆိုးဖြင့် ချိတ်ထားခဲ့တာကိုလည်း တွေ့မြင်ရ၏ သားငယ်အသက်မှ ရှိပါအုံးမလား ဟု စိုးရိမ်စိတ်ဖြင့် မိခင်သည် သားကြီးကို အောက်သို့ချ၍ သားငယ်ချိတ်ထားရာ သစ်ပင်ထက်သို့ အမြန်ဆုံးတက်သွားလေ၏ သားစိတ်မွှန်နေသော ဤမိခင်သည် ယောင်္ကျားရင့်မကြီးတွေ ခက်ခက် ခဲခဲတက်ရသော သစ်ပင်ပေါ်သို့ ကြောင်တကောင်လို ပေါ့ပေါ့ပါးပါးတက်သွားနိုင်၏ သာမန်အချိန်ဆို ဤမိခင်တက်ဖို့မလွယ်ပါ သြော်--မိဘတို့ မေတ္တာကား ကြီးမားလှပါ၏ စုန်ရေပမာ မိဘတို့၏ ချစ်မေတ္တာကို အဘယ်သော အရာဝတ္ထုဖြင့် နှိုင်းယှဉ်လို့ရနိုင်အံ့ပါနည်း။
အနှိုင်မဲ့မိခင်သည် သစ်ငုတ်တိုမှာ ချိတ်ထားသော သားငယ်ကို ကိုင်လှုပ် ကြည့်သောအခါ အူဝဲဆိုသော အသံနှင့်အတူ ငိုကြွေးလာသော သားငယ်၏ အသံသည် အနှိုင်းမဲ့မိခင်၏ စိတ်ဘ၀င်ဝယ် ကြည်နူးမှုတွေ အလီလီနဲ့ ၀မ်းသာမျက်ရည်တွေ ကျဆင်းလာကာ သားငယ်ကို လည်ပင်းမှာ စလွယ်သိုင်းလျှက် သစ်ပင်ပေါ်မှဆင်းလာ၏ နို့ဆာလို့ ငိုနေရှာသော သားငယ်၏ ဆန္ဒကို မိခင်တို့၏ ပင်ကိုသဘာဝအရ ခန္ဓာကိုက သိနေဟန်တူ၏ မိမိသားမြတ်မှလည်း နို့ရည်တွေ ရိုစီးကြလာ၏ ဆာလောင်မွတ်သိပ်နေသော သားငယ်ကို နို့ချိုတိုက်ကြွေးလျှက် သားကြီးကိုဖက်ခါ ၀မ်းသာ ကြေနပ်မှုတွေ ဖြစ်နေသော ဤမိခင်၏ ပျော်ရွှင်မှုသည် ကမ္ဘာပေါ်တွင် ဘယ်ပျော်ရွှင်မှုမျိုးနှင့်မှ တိုင်းတာလို့ ရမည်မထင်ပါဟု ပြောဆိုရလျှင် လွန်အံ့မည်မထင်ပါ။
မြတ်ဘုရားလက်ထက်က ပဋ္ဋာစာရီသည် သားနှစ်ယောက် အသက်ကို မကယ်တင်နိုင်ခဲ့ လင်သေ
သားဆုံး ဘ၀နှင့်ကြုံခဲ့ရပါ၏ ခေတ်သစ်ပဋ္ဋာစာရီ အနှိုင်းမဲ့မိခင်ကတော့ ပဋ္ဋာစာရီ ဇာတ်လမ်းကို ချေဖျက်ကာ သားတွေအသက်ကို ကယ်တင်နိုင်ခဲ့ပါ၏ မြတ်ဘုရားလက်ထက် ပဋ္ဋာစာရီကတော့ လင်သေ သားဆုံး မိဘ မောင်ဘွားတွေ ဆုံးရှုံးရလို့ သွက်သွက်ခါအောင်ရူးကာ ရှင်တော်မြတ်ဘုရား နှင့်တွေ့ခွင့်ရလို့ ငြိမ်းချမ်းသော ဘ၀ပိုင်ရှင်ဖြစ်သွားပါ၏။ ခေတ်သစ်ပဋ္ဋာစာရီ အနှိုင်းမဲ့မိခင်ကတော့ မိမိသားချစ်တွေ၏ အသက်ကို ရှင်အောင်ကယ်တင်နိုင်ပါ၏ မိခင်တယောက်၏ စိတ်ဓါတ်ဖြင့် ကြည့်လျှင် လောကတွင် အကြီးအကြယ် အောင်မြင်မှုကြီး ဖြစ်ပါ၏။
နာဂစ်၏ နှိပ်စက်မှုဒဏ်ရာ ဒဏ်ချက်တွေကြောင့် သွက်သွက်ခါအောင် မရူးသော်လည်း အရူးတပိုင်းဖြစ်ခဲ့သော မိမိတို့၏ ဆင်းရဲနုံချာလှသော ဤလိုဘ၀မျိုးတွင် ဤသားငယ်နှစ်ယောက်နှင့်
အတူ ဘ၀ခရီးကျမ်းကို ဆက်လက်လျှောက်လှမ်း ရအုံးမည်ဖြစ်၏
အိုမိခင် သင်သည် နာဂစ်ကိုတောင် အန်တုနိုင်ခဲ့သေး၏ ကျန်သောအရာအားလုံးသည် သင့်အတွက် ဘယ်အရာသည် ခက်ခဲနိုင်ဘို့ ရှိပါတော့အံ့နည်း အို-မိခင် သင်၏သားတွေသည် သင်၏ ခွန်အားတွေဖြစ်၏ အို-မိခင် သင်၏ သားတွေသည် သင်၏ နှစ်လုံးသားတွေဖြစ်၏။ အို--မိခင် သင်၏ သား တွေသည် သင်၏ လက်နှစ်ဖက်ဖြစ်၏။ အို--မိခင် သင့်၏ သားတွေသည် သင်၏ မျက်စိ နှစ်လုံးဖြစ်၏ အို--မိခင် သင့်ခန္ဓာကိုယ်နှင့်တူသော ဤသားတွေကို သားကောင်းတယောက် ကျောက် ကောင်းတစေ့ဖြစ်အောင် ပြုစုပျိုးထောင်နိုင်သော ခွန်အားတွေ သင့်သဏ္ဍာန်တွင် များစွာရှိပါ၏ အို--မိခင် ကျိုးစားလော့-မိခင်---------အိုမိခင်-
သင့်ကို-ဂုဏ်ယူပါတယ်-------အို----မိခင်။

ငပုတော-ဟိုင်းကြီး၊ပြင်ခရိုင်မြို့နယ်များသို့ လှူဒါန်းရေး ခရီးစဉ်။(၂)



Type the rest of your post here.

Sunday, September 28, 2008

ငပုတော-ဟိုင်းကြီး၊ပြင်ခရိုင်မြို့နယ်များသို့ လှူဒါန်းရေး ခရီးစဉ်။



Type the rest of your post here.

ဓမ္မရောင်ခြည် တနင်္လာ သတင်းစဉ်။၂၉-၉-၂၀၀၈





တော်သလင်းလကွယ် ဥပုသ်နေ့တွင်
အာရုံဆွမ်းအလှူရှင်နှင့်
ဝါတွင်းကာလ သီလစောင့်သူများ။

Type the rest of your post here.

Saturday, September 27, 2008

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၈-၉-၂၀၀၈(၃)





သမီးငယ် သဉ္ဖာရတနာ၏
ငါးလပြည့်မွေးနေ့ဆွမ်းအလှူ

Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၈-၉-၂၀၀၈(၂)




မလေးရှားရောက် မြန်မာ နပ်(စ်)များ၏ ၀ါကျွတ်ရည်မှန်း ကတော့ပန်း။

Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၂၈-၉-၂၀၀၈။ မောင်ဝင်မင်းကျော်+မနီနီဝင်းတို့၏ မင်္ဂလာဦးဆွမ်းကျွေးအလှူ





မလေးရှားရောက် မြန်မာအမျိုးသမီးအဖွဲ့ရုံးတွင်ကျင်းပသော
မောင်ဝင်းမင်းကျော်+မနီနီဝင်းတို့၏ မင်္ဂလာဦးဆွမ်းကျွေးပွဲတွင်
ယုံကြည်ချက်လည်းတူရမယ်
်အကျင့်သီလလည်း တူရမယ်
စွန့်ကြဲပေးကမ်းမှုမှာလည်း တူရမယ်
အသိဥာဏ်အရာမှာလည်း တူရမယ်
ွှဤအချက်လေးချက်နှင့်ညီသော မင်္ဂလာစုံတွဲတွေ
ယ္ခုဘ၀မှာလည်း အိုမင်းအောင်ပေါင်းဖေါ်ရသလို
နောင်ဘ၀ဆက်တိုင်းမှာလည်း တွေ့ဆုံရပါမည်ဟု
မင်္ဂလာဦးတရား ဟောကြားခဲ့ပါ၏။

Type the rest of your post here.