အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, January 30, 2011

အင်ဒိုနီးရှားခရီးစဉ်






ဗောဓောဗုဓော ပါဝမ် မန်ဒု ဗုဒ္ဓဘာသာနှင့် ပတ်သက်စေတီသုံးဆူတွင်ယ္ခုစေတီသည်
Mendut (မန်ဒု) စေတီဖြစ်၏ ဗောရောဗုဓောဘုရား နှင့် ခေတ်ပြိုင်တယ်ခဲ့သော ရှေးဟောင်းဘုရားတဆူဖြစ်၏ ဘုရားဝင်းထဲတွင် အလွန်ကြီးမားသော ညောင်ပင်ကြီးတပင် ကိုလည်း တွေ့မြင်ရ၏ မန်ဒု ဘုရားအပေါ်သို့ လှေခါးဖြင့်တက်လာကာ အပေါ်ထပ်တွင် လှိုင်ဂူဖြင့်စေတီ တည်ထားခြင်း ဖြစ်၏ လှိုင်ဂူထဲတွင် ဥာဏ်တော် ၃-မီတာအမြင့်ရှိသော စင်္ကြာမုနိဗုဒ္ဓရုပ်ပွားတော်ကို ခြေထောက်တော် အောက်ချလျှက် ထိုင်နေပုံတည်ထားခြင်းဖြင့် ရှေးဟောင်းအနုပညာလက်ရာကို ကြည်ညိုဖွယ်ဖူးမြင်ရ၏ ဂ၀ံကျောက်တွေဖြင့် ထုဆစ်တည် ထားသော စေတီဖြစ်၏။
စေတီတော်ပေါ်မှအဆင်း စိတ်ဝင်စားဖွယ်ကောင်းသော ညောင်ပင်ကြီးကို လေ့လာကြည်ရှု၏ ညောင်မြစ်တွေ တွဲ လောင်းကြနေတာကိုက တမျိုးကြည့်ကောင်းနေ၏ အမှတ်တ၇ဓါတ်ပုံရိုက်ကာ ဘုရားဝင်းမှပြန်ထွက်လာ၏ အထွက်တွင် အင်ဒိုနီးရှား ရိုးရာဂီတ သီချင်းခွေကို အမှတ်တရ၀ယ်ခဲ့၏ ထိုမှတဆင့် ဘုရားဝင်းနှင့်ကပ်လျှက် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျောင်းသို့ ထွက်လာခဲ့၏ ဘုရားရောင်းသူတွေလည်း စင်္ကြာမုနီ ရုပ်ပွားတော် အငယ်စားလေးတွေ အတင်းလိုက်ရောင်း ကြ၏ မြန်မာပြည်နှင့် တပုံစံတည်းပါပေ ထူးတာကတော့ ဘုရားရောင်းသူတွေသည် ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘဲ ဘာ သာခြားတွေ ဖြစ်နေသောကြောင့်ဖြစ်ပါ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သတ္တမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ၂၁-၁၁-၂၀၁၀(၁၆)







Type your summary here.Type the rest of your post here.

Sunday, January 23, 2011

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၃-၁-၂၀၁၁







ရန်ကုန်မြို့တွင်ကွယ်လွန်သွားသောအဒေါ်ဖြစ်သူဒေါ်အေးသန်းအားရည်းစူ၍
မလေးရှားရောက် တူ-တူမများဖြစ်ကြသော မောင်ခင်နိုင်xမခင်ကြူ
မောင်ကျော်စိုးမိုး+မသီတာဦးတို့မှ နေ့ဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏
အမျှရ၍သာဓုဒေခ်ါဆိုနိုင်ပြီး ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။

သေရဲသူ

ခန္ဓာရသူများဗိုလ်လူ မွေးသူ သေကြများခဲ့ပြီ၊
ငါ့ခန္ဓာလည်း ကြီးစမြဲ ငါလည်းသေဘက်နီးခဲ့ပြီ၊
ငါ့ခန္ဓာလည်း အိုစမြဲ ငါလည်းနာဘက်နီးခဲ့ပြီ၊
ငါ့ခန္ဓာလည်း နာစမြဲ ငါလည်းသေဘက်နီးခဲ့ပြီ၊
မအိုသေးခင် ဒါနမင် သေလျှင်ရိက္ခာပါလိမ့်မည်၊
မနာသေးခင် သီလ၀င် သေလျှင်ဘ၀လှလိမ့်မည်၊
မသေးသေးခင် ဘာဝနာထင် သေလျှင်အပါယ်လွတ်လိမ့်မည်၊
ဒါ သီ ဘာဝနာ ကျင့်သူဟာ သေမှာမကြောက်ပြီ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သတ္တမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ၂၁-၁၁-၂၀၁၀(၁၇)







Type your summary here.Type the rest of your post here.

Friday, January 21, 2011



ရွှေစည်းခုံဒါယကာကို-တိုင်တန်းခြင်း

ထကြည့်လှည့်ပါ---နော်ရထာ၊

သင်တို့လက်ထက်၊
ဖျိုဖျက်ခဲ့သည့်၊
အရည်းဝါဒ၊
အဓမ္မသည်၊
ခုသောအခါ၊
ခေါင်းထလာပြီ။

ထကြည့်လှည့်ပါ-----နော်ရထာ၊

သင်တို့ဆရာ၊
ထေရ်မဟာ၏၊
ထေရ၀ါဒ၊
မြတ်ဓမ္မသည်၊
သံကိုဖျက်တတ်၊
သံချေးကပ်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊

သင်တို့တည်ထား၊
ဓမ္မများကို၊
အဓမ္မသမား၊
လူမိုက်များက၊
ဖျက်စီးကျိုးစား၊
ထင်ရှားလာပြီ။

ထကြည်လှည်ပါ--နော်ရထာ၊

သင်တို့လက်ထက်၊
သာသနာသက်သည်၊
ကန်ဘောင်မြင့်မြင့်၊
ကန်ရေ၀င့်လို့၊
ကြာပန်းစွင့်စွင့်၊
ပွင့်လန်းတင့်၏။

ထကြည့်လှည့်ပါ---နော်ရထာ၊

ခုသောအခါ၊
သင့်သာသနာသည်၊
ကန်ဘောင်ကွဲအက်၊
ကန်ရေထွက်၏၊
ကြာပင်နွမ်းလျှက်၊
ကြာပန်းပျက်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊

နောင်သောအခါ၊
သင့်သာသနာသည်၊
သင့်မြေကျော်လှမ်း၊
လွတ်ရာလမ်းမှ၊
ငြိုးနွမ်းလှစွာ၊
ထွက်ခွါပါ၏။

ထကြည့်လှည်ပါ---နော်ရထာ၊

သင်တို့သာသနာ၊
ထွက်ခွါလာသော်၊
သင်တို့မြေဆုံး၊
အဓမ္မဖုံး၏၊
နေလုံးကွယ်ပျောက်၊
ညမှောင်ရောက်၏၊
လရောင်ကွယ်ပျောက်၊
သန်းခေါင်ရောက်၏၊
ညဉ့်နက်သန်းခေါင်၊
မိုးမှောင်တူစွာ၊
အမှောင်ဖုံးလွမ်း၊
သင့်မြေနွမ်းကို၊
မှန်းဆကြည့်ပါ---အို-----နော်ရထာ၊

Type your summary here.Type the rest of your post here.

Thursday, January 20, 2011

အင်ဒိုနီးရှားခရီးစဉ်










အင်ကြင်ပန်းတွေ ကြာပန်းတွေဖြင့်ဝေဆာပွင့်လန်းနေသော မန်ဒုဘုရားအနီးရှိ
ထေရ၀ါဒမန်ဒုဗုဒ္ဓဘာသာကျောင်းတော် ဗုဒ္ဓဘာသာရဟန်းတော်တပါးဘာသာခြား
နိုင်ငံတခုမှာထေရ၀ါဒဗုဒ္ဓဘာသာကျောင်းတော်ကို တွေ့မြင်ရတော့ဝမ်းသာကြည်နူး
ရပါ၏ ကြည်နူးဖွယ်တည်ဆောက်ထားတာတွေ့ရလို့လည်း မှတ်သားအတုယူရပါ၏
အင်ဒိုနီးရှားလူမျိုးတွေကိုယ်တိုင်ရဟန်းဝတ်ပြီးသာသနာပြုနေတာတွေ့ရလို့လည်း
အနာဂါတ်သာသနာအတွက် အထူးအားရ ကြေနပ်နှစ်သက်လှပါ၏
တနေ့သောအခါဤနေရာဤဒေသသည်သာသနာပြန်လည်ထွန်းကားလာပါစေလို့
မန်ဒုဗုဒ္ဓဘာသာကျောင်းသိမ်တွင်းရှိ ခြေတော်ရာ လျှောင်းတော်မူ ထိုင်ကိုယ်တော်
ရပ်တော်မူဘုရား လေးဆူရှေ့တွင် ဆုတောင်းပတ္ထနာပြုခဲ့ပါ၏။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သတ္တမအကြိမ်ကထိန်သင်္ကန်းကပ်လှူပွဲ၂၁-၁၁-၂၀၁၀(၁၆)






Type your summary here.Type the rest of your post here.

Wednesday, January 19, 2011

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၀-၁-၂၀၁၁






မိဘတ္တော (အမေများနေ့ရည်မှန်းပါသည်)
သားဖြစ်သူကြည်မင်းခန့်ကွယ်လွန်သွားသည်မှာ ၂-နှစ်၊၂-လကြာခဲ့သော်လည်းလစဉ်ဆွမ်းအလှူ
န၀ကမ္မအလှူများလှူဒါန်းနေသောဖခင်ဦးမင်းသန်းxမိခင်ဒေါ်လှလှကြိုင်တို့၏မိဘမေတ္တာမှာ

မိဘမေတ္တာနှင့် မဟာသမုဒ္ဒရာကိုနှိုင်းယှဉ်ခြင်း
+++++++++++++++++
မိဘမေတ္တာ -သမုဒ္ဒရာနှင၊့်
ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
သမုဒ္ဒရာ-ရေဇလာသည်၊
ပမာရေပေါက်-တပေါက်လောက်သာ၊
ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။

မိဘနှစ်ဖြာ-ချစ်မေတ္တာနှင၊့်
ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
ငြိုးငယ်နောင်တ-မှန်စွာရမည်၊
မိဘမေတ္တာ-မနှိုင်းသာတည်း။

မိဘမေတ္တာနှင့် မဟာသမုဒ္ဒရာကို နှုင်းယှဉ်ကြည့်မယ်ဆိုလျှင် မဟာသမုဒ္ဒရာသည်
ရေတပေါက်လောက်သာ ကျန်တော့သည်ဟု ဆိုထားခြင်းဖြစ်၏ မိဘမေတ္တာသည်
မဟာသမုဒ္ဒရာထက်အဆပေါင်းများစွာ ပိုမိုကြီးမားကြောင်းကိုသိသာထင်ရှားစေ၏၊
မဟာသမုဒ္ဒရာဆိုသည်မှာ အံ့ဘွယ်ရှစ်ဖြာရှိသည်ဟုဆို၏
(၁)ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျှောနက်ရှိုင်းသွားခြင်း။
(၂)ရေသည် ကမ်းကိုမကျော်လွန်ဘဲ တည်နေခြင်း။
(၃)အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲတွင်မထားဘဲ ကမ်း ကုန်းအရပ်သို့တင်ပို့ခြင်း။
(၄)မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဝင်လာသော ရေဟူသမျှတို့၏ မူလအမည် ပျောက်စေပြီး
မဟာသမုဒ္ဒရာရေဟူသော အမည်တခုကိုသာ ရစေခြင်း။
(၅)မြစ်ကြီး မြစ်ငယ် အင်းအိုင် ချောင်းမြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ အခါမလပ်
မည်မျှပင် မြစ်ရေ မိုးရေတို့ စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ ပြည့်လျှံယုတ်လျှော့မှုမရှိခြင်း။
(၆)ရေချို ရေဖန် ရေငန် ရေခါးဟူ၍ ရသာထွေပြားသည့် ရေများမည်မျှပင်စီးဝင်လာစေ
ဆားငန်ရေဟူသော တခုတည်းသော အရသာကိုသာ ထားရှိခြင်း။
(၇)လောကီရတနာ ၇-ပါး-၁၀-ပါးတို့၏တည်ရာဖြစ်ခြင်း။
(၈)ယူဇနာများစွာကိုယ်ရှိသော ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများစသည်တို့၏
ကျက်စားရာဖြစ်ခြင်း။

မဟာသမုဒ္ဒရာသည် အံ့ဘွယ်ရှစ်ဖြာနှင့်ပြည့်စုံသလို မိဘနှစ်ပါး၏ ဂုဏ်တော်အနန္တများကလည်း
ပိုပြီးအံ့သြဘွယ်ပိုပြီးချီမွမ်းဘွယ် ပိုပြီးကြည်နူးဘွယ်တွေနှင့် ပြည့်စုံနေတာတွေ့ရ၏။

(၁)သားသမီးကို အရိုး အကြော အသွေး အသားထဲက စိမ့်ပြီး ချစ်တတ်သော သုဟဒယဂုဏ်။
(၂)သားသမီးကို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ၄-ပါးဖြင့်စောင့်ရှောက်တတ်သော ဗြဟ္မာဂုဏ်။
(၃)သားသမီးကို အသက်စွန့်ပြီးမွေးသောအမေ အသက်စွန့်ပြီးရှာကျွေးသောအဖေ ဖြစ်ရသော ဇနေတ္ထိဂုဏ်။
(၄)သားသမီးကို အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏ အရိပ်ကိုပေးနိုင်သော ပေါသက ဂုဏ်။
(၅)သားသမီးကို လေပူ နေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်တတ်သော ပေသနန္တိဂုဏ်။
(၆)သားသမီးကို စကားပြောသင်ခြင်း ဘုရာရှိခိုးဆွမ်းကပ်သင်ခြင်း ကြီးသူကိုရိုသေ ငယ်သူကိုငြှာတာတတ်အောင်
သင်ပေးတတ်သော ဒေဿတာရာဂုဏ်။
(၇)သားသမီးကို ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး ကာကွယ်စောင့်ရှောက်တတ်သော အာပါဒကာဂုဏ်။
(၈)သားသမီးကို တေးသီခြင်းတို့ဖြင့် သံစဉ်ငြိမ့်ညူးရင်း နှစ်သိမ့်တတ်သော တေသယန္တိဂုဏ်။
(၉)သားသမီးတို့၏ အိမ်ဦးနတ်အရာတွင် မိခင်ဖခင်ဖြစ်ရသော ပုဗ္ဗာဒေ၀တာဂုဏ်။
(၁၀)လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖဟု စာရိတ္တမပျက်စီးစေရန် ဘာသာရေးဖြင့်သိမ်းသွင်းတတ်သော
ပုဗ္ဗာစရိယဂုဏ်။
(၁၁)သားသမီးတို့၏ စားဝတ်နေရေးပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေး၍ အေးသောအရိပ်ကိုပေးနိုင်သော
ဂေါပါယန္တိဂုဏ်။
(၁၂)သားသမီးတို့မှ ပစ္စည်းလေးပါးဖြင့် ပူဇော်အထူးကို ခံယူထိုက်ခြင်း မိဘဖြစ်ရသော အာဟုနေယဂုဏ်။
(၁၃)ရဟန်းတော်များ မိမိဆွမ်းမစားမှီ မိဘများကို ပထမဆုံးစားစေခြင်း အခွင့်ရရှိသော မိဘဖြစ်ရသော အနာမတ္ထဂုဏ်။

မိဘတို့၏ ထိုဂုဏ်တော်အနန္တတွေကို ဆင်ခြင်သုံးသပ်နိုင်သော သားသမီးတွေသည် မိဘ၏ဂုဏ်ကျေးဇူးကို အထူးနား လည်သဘောပေါက်ကာ ကျေကျေနပ်နပ်ကြီး ပီတိတွေဖြစ်၍ မိဘတို့၏ အံ့ဘွယ်အထူးဟုဆိုနိုင်ပါ၏

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သတ္တမအကြိမ်ကထိန်သင်္ကန်းကပ်လှူပွဲ၂၁-၁၁-၂၀၁၀(၁၅)







Type your summary here.Type the rest of your post here.

Tuesday, January 18, 2011

အင်ဒိုနီးရှားခရီးစဉ်







ဂျော့ဂျာကာတာမြို့မှ ဗောဓောဗုဓောဘုရားသို့သွားခဲ့စဉ်ကလမ်းတွင်ကြုံတွေ့ခဲ့ရသော
မီးတောင်မှပြာများဖြစ်၏ မီယာပီမီးတောင်ညကပေါက်ခဲ့သည်ဟုဂျော့ဂျာကာတာမြို့အလွန်
မီးတောင်ပြာများတွေ့မှသိခဲ့ရသည်မီးတောင်သည်ဗောဓောဗုဓောဘုရားသွားသည့်
လမ်းနှင့်မဝေးသောနေရာမှာရှိနေ၏ အန္တရာယ်ကြားကခရီးစဉ်ဖြစ်နေတော့၏ မီးတောင်
ပေါက်ချိန်မှ မိမိတို့လည်း တိုက်တိုက်ဆိုင်ဆိုင်ရောက်လာ၏ ရောက်မှတော့မထူးဘူးဆိုပြီး
မထူးဇာတ်ခင်းပြီးသွားခဲ့ရ၏ မလေးရှားပြန်ရောက်တော့ မလေးက ဒကာ ဒကာမတွေက
ဆရာတော်တို့အတော်သတ္တိကောင်းတာဘဲ မီးတောင်ပေါက်နေတာတောင် သွားရဲတယ်ဟု
ချီးမွမ်းစကားပြောဆိုကြ၏ ဘုန်းကြီးကတော့ သတ္တိကောင်းလို့မဟုတ်ရပါဘူး မီးတောင်
ပေါက်မှန်းမသိလို့ သွားခဲ့ရခြင်းသာဖြစ်တယ်ဟု ပြန်ပြောရ၏ တကယ်သာမီးတောင်
ပေါက်မှန်းသိလျှင် သွားရဲမည်မဟုတ်ပါ။
Type your summary here.Type the rest of your post here.