အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, June 28, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၇)


(ပအူ) (သို့မဟုတ်) (ပဦ) မှာ မြန်မာလို ဦးစွာပေါ်ပေါက်သော ဦးစွာ ပေါက်ဖွားသော လူမျိုး၊ ပေါ်ဦးလူမျိုးဟု အဓိပ္ပါယ် ရလေ၏။
ပအိုဝ်း ဟူသော ဝေါဟာရနှင့် ပအူ ပဦ၊ ပျူ ဟူသော ဝေါဟာရတို့သည် စကားအရွေ့ အလျော နည်းပါးစွာဖြင့် အဓိပ္ပါယ်တူမျှစွာ ဖြစ်သော အသုံးအနှုန်း၊ အခေါ်အဝေါ်သာ ဖြစ်ပေသည်။ မြန်မာ့သမိုင်းဦး ခေတ်တွင် ကြီးကျယ်ထင်ရှား ခဲ့သော ပျူလူမျိုးများသည် တိမ်မြှုပ်၊ ပျောက်ကွယ်သွားသည် ဆိုသောအဆိုမှာ မှားယွင်းနေပါသည်။ မြန်မာအဖြစ်လည်း ကောင်း၊ ပအိုဝ်း အဖြစ်လည်းကောင်း ဆက်လက်ရှင်သန် လာခဲ့ခြင်းသာ ဖြစ်လေ၏။
မြန်မာ စကားဝေါဟာရ အသုံးအနှုန်းများစွာတွင် (ပျူ) ပအိုဝ်းတို့၏ ဝေါဟာရ စကားလုံးတို့ကို ခွဲထုတ်၍ ပြသနိုင် ကြောင်း လေ့လာနိုင်ပါသည်။ ယောင်္ကျားဟူသော စကားကို (အမျိုးသား)၊ မိန်းမဟူသော စကားကို (အမျီုးသမီး)၊ အဖိုး /ဖိုးဖိုး၊ အဖွား/ဖွားဖွား၊ ဘခင်/ဖခင်(ဖေဖေ)၊ မိခင်/မေမေ၊ သား၊ သမီး စသည်တို့သည် ပျူစကားဖြစ်သည်။ ထိုသို့သော ဝေါဟာရ တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကို ယနေ့မြန်မာစကား အသုံးအနှုန်းအဖြစ် တိုက်ရိုက်အဓိပ္ပါယ် ပြန်၍မရနိုင်ပေ။
ထို့အတူ မြန်မာနှင့် ဝေါဟာရတွဲရသော အသုံးအနှုန်းများကိုလည်း လေ့လာနိုင်ပေသည်။ ဥပမာ- အဖျားအနာ၊ အနာ အဆာ၊ အပိုအလို၊ စသော စကားရပ်များတွင် မြန်မာ(အဖျား)ကို ပျူလို(အနာ)၊ မြန်မာလို(အနာ)၊ ပျူလို(အဆာ)၊ မြန်မာ လို (အပို)၊ ပျူလို(အလို) စသည့်ဖြင့် စကားလုံးများ အဓိပ္ပါယ်တူရာ တွဲစပ်သုံးနှုန်းလာခဲ့ရာမှ နောင်တွင် ပျူစကားဟူ၍ သီးခြားအမှတ်မထား မခွဲခြားနိုင်တော့ပဲ မြန်မာစကားလုံးများ အဖြစ် လက်ခံနားလည် နိုင်ကြတော့၏။
ရှေးမြန်မာလူမျိုးများ ဖြစ်သည့် (သကျ၊ သာကီဝင်) သူသော လူမျိုးအသုံးအနှုန်းသည် ရှေးမြန်မာစကား ဖြစ်သည့် ပျူစကားလုံး ဝေါဟာရများပင် ဖြစ်ပါ၏ သကျ- စိတ်ဓါတ်ရဲရင့်သူ သာကီဝင်- သူတကာထက် မြင့်မြတ်သောဟု အနက်ရ ၏ တကောင်း၊ ဟန်လင်း၊ ပင်းယ၊ ပင်လယ်၊ ပုဂံ၊ ပိဿနိုး၊ သရေခေတ္တရာ (သိသိတ်) မှော်ဇာ၊ သုဝဏ္ဏဘူမိ သထုံ အစရှိ သော ရှေးဟောင်း ပျူမြို့ကြီးများ၏ အခေါ်အဝေါ်များသည် ပျူဘာသာစကား အသုံးဝေါဟာရများနှင့် ပါဠိသက် စကား လုံးများ ဖြစ်ကြလေ၏။
(ပါဠိ) ဆိုသော ဝေါဟာရသည်ပင် သာကီနွယ်ဝင် ရှေးမြန်မာပျူ လူမျိုးများ၏ အသုံးအနှုန်း ဝေါဟာရပင် ဖြစ်၏ (ပါ)ဟူသော ဧက၀ဏ္ဏ စကားလုံးအား ဗျည်းသရ ခွဲထုတ်ကြည့်ပါက (ပ) ဗျည်းနှင့် (အာ)သရ ပေါင်းစပ်ထားကြောင်း တွေ့ရမည်။ ပေါ်ပေါက်ခြင်း အနက်ရသော (ပ)နှင့် များပြားခြင်း အနက်ရသော (အာ) သရတို့သည် ပေါင်းဖွဲ့ထားသဖြင့် (အများအတွက် ပေါ်ပေါက်လာရခြင်း) အဓိပ္ပါယ်ရှိမည် ဖြစ်၏ (ဠိ)မှာ ပျူဘာသာ အလိုအားဖြင့် (စာပေစကား) ကို ဆိုလို သည်ဖြစ်ရာ (အများအတွက် ပေါ်ပေါက်သောစာ) (သို့မဟုတ်) အများသုံးစကား၊ စာပေ ဟုဆိုလျှင် မမှားပေ။
ဗုဒ္ဓမြတ်စွာဘုရားသည် သုံးလောက၏ အထွတ်အထိပ် ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာသုံးနှုန်းသော စာ၊ စကားသည် အများ နားလည် အသုံးပြုသော စာပေစကားဖြစ်ကြောင်း ထင်ရှား၏ ဥပမာ-မနုဿကို အင်္ဂလိပ်ဘာသာဖြင့်ရေးပါက (Manuta) (လူ) ဟု ဆိုလိုရာ၊ အနောက်တိုင်း ဘာသာ အသုံးအနှုန်း၌ လူကို (Man) ဟုလည်းကောင်း၊ ဆိတ်ကို ပါဠိ ဘာသာအား ဖြင့် ဂုတ္တ၊ ၄င်းကို အင်္ဂလိပ်ဝေါဟာရဖြင့် ရေးသားပါက (Gupta)၊ ထိမှ အင်္ဂလိပ်အသုံး (Goat) ဖြစ်သည် မိခင်ကို ပါဠိ ဘာသာအားဖြင့် မာတာ (Mother)၊ ဖခင်ကို (Peter) ပီတာ၊ ပီတု စသည်ဖြင့် အသုံးအနှုန်း ဆက်နွယ်မှုများ ရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါ၏ ဤစကားရပ်သည် ပအိုဝ်းပညာရှင် တင်ပြထားခြင်းဖြစ်၏။
သုဝဏ္ဏဘူမိကို ပညာရှင်တွေ အမျိုးမျိုးကြံစကာ သုဝဏ္ဏဘူမိ ရှာပုံတော်ဖွင့်ကြသည်မှာလည်း အမျိုးမျိုး အဖုံဖုံ တွေ့
မြင်ရပါ၏ သို့သော် လူသားသည် မိမိလူမျိုး မိမိဒေသ မိမိနိုင်ငံသည်သာ သုဝဏ္ဏဘူမိ ဖြစ်ချင်သူက အများစုတွေ့ရ၏ တ
ချို့လည်း ပညာရှင်ဆန်ဆန် တွေးခေါ်ယူဆကာ အများလက်ခံလောက်အောင် သမိုင်းကြောင်းခိုင်လုံသည့် အထောက်
အထားတို့ဖြင့် တင်ပြတာကိုလည်း မှတ်သားဖွယ်တွေ့မြင်ရပါ၏။
သုဝဏ္ဏဘူမိသည် သာသနာနှစ် ၂၃၅-ခုနှစ်ကျော်ကဆိုတော့ ခုခေတ်နှင့် ပြန်ရေတွက်လျှင် နှစ်ပေါင်း ၂၂၁၉- ခန့် ကြာမြင့်ခဲ့ပါပြီ ထိုလောက်ကြာခဲ့သည့် မြို့တော်သုဝဏ္ဏဘူမိကို ပညာရှင်သမိုင်းဆရာတွေ အလွန်စိတ်ဝင်တစား ရှာဖွေပြီး
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၂-၆-၂၀၁၁






ကွယ်လွန်သူမိခင်ကြီးဒေါ်ဋ္ဌေးဋ္ဌေးဝင်းအာရည်စူး၍မလေးရှားရောက်သားဖြစ်သူများမှ
နေ့ဆွမ်းကပ်လှူကာအမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Monday, June 27, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၆)


ပျူခေတ်တည်ခဲ့သော ပြည်အနီး ဘောဘောကြီးဘုရားတို့က သက်သေခံလျှက်ရှိ၏ သိုသော် မယာယာနလား ထေရ၀ါဒ လား သေသေချာချာမကွဲပါ ကိုးတိုင်းကိုးဋ္ဌာန သာသနာပြု လွတ်သည့်အချိန်ကို စာပေမှာ မှတ်တမ်းတင်ထားတော့ ထေ ရ၀ါဒ သာသနာဆိုတာ သေချာ၏။
သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ၀န်းကျင်မှစ၍ သုဝဏ္ဏဘူမိ မြေပေါ်သို့ သာသနာပြု ရဟန်းတော် အရှင်ဥတ္တရ နှင့် အရှင်သောဏစသော ရဟန္တာမထေရ်များ ရောက်ရှိလာသည်ဟုဆို၏ သုဝဏ္ဏဘူမိသည်လည်း ထိုင်းလင်း မြန်မာ မလေး ရှား အင်ဒိုနီးရှားတို့သည် သူတို့နိုင်ငံက သုဝဏ္ဏဘူမိ ငါတို့နိုင်ငံက သုဝဏ္ဏဘူမိဟု မရေမရာ အခြင်းများနေသော နေရာ တခုဖြစ်၏။
သာသနာနှစ် ၁၀၀၀-နှင့် ၁၆၀၀-ခုနှစ်လောက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်းကို သုဝဏ္ဏဒီပဟု ခေါ်ဆိုသော ကြောင့် သုဝဏ္ဏဘူမိ ဖြစ်ဖို့ အလားအလာနည်းလှ၏ အိန္ဒိယနိုင်ငံ မဟာယာနတက္ကသိုလ်ဖြစ်သော နာလန္ဒနှင့် အဆက် အသွယ်ရှိခြင်းကြောင့် ထေရ၀ါဒဋ္ဌာန သုဝဏ္ဏဘူမိနှင့် ၀ါဒမတူနေတာတွေ့ရ၏ ဗောရောဗုဓောဘုရားသည် မဟာယာန အရိပ်အရောင်တွေများစွာတွေ့ရသောကြောင့် ထေရ၀ါဒမဖြစ်နိုင်တာကိုလည်းတွေ့မြင်ရ၏ အင်ဒိုနီးရှားသည် သုဝဏ္ဏဘူမိ ဖြစ်နိုင်ဖို့ အထောက်အထား နည်းလွန်းလှ၏။
သိုသော် သုဝဏ္ဏဘူမိသည် သာသနာနှစ်၂၃၅-ခုနှစ်လောက်က စတင်ခဲ့တာဖြစ်သောကြောင့် သမိုင်းဆရာတို့ ဆိုထား သော အင်ဒိုနီးရှားကို သာသနာရောက်သည့်နှစ်နှင့် ချိန်ဆကြည့်လျှင် နှစ်ပေါင်း ၇၀၀-ကျော်ကွာဟနေတာ တွေ့မြင်ရ၏ သုဝဏ္ဏဘူမိသို့ အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ကြွရောက်ကာ ရေဘီလူးများကို နှင်ထုတ်၍ အရံအတား ပြုလုပ်ရာ၌ “ဒီပဿ သမန္တတော အာရက္ခံ ဌပေတွာ” ဟူသော ပါရာဇိကဏ်အဋ္ဌကထာဆရာ၏ စကားတော်အရ “ဒီပဿ-ကျွန်းမြေ ၏၊ သမန္တတော - အထက်ဝန်းကျင်မှ၊ အာရက္ခံ ဌပေတွာ- အစောင့်အရှောက်ထား၍” ဟု ဆိုသဖြင့် ကျွန်းသာ ဖြစ်ရမည် ဟု ယူဆသော သမိုင်းဆရာ အချို့ရှိတာကြောင့် ဆုမတြာကျွန်းသည်လည်း သုဝဏ္ဏဘူမိ မဖြစ်ဘူးလို့ မပြောနိုင်ပါချေ။
ထိုင်းနိုင်ငံကလည်း သုဝဏ္ဏဘူမိကို ထိုင်းနိုင်ငံဟုဆိုပြန်၏ ဇဗ္ဗူဒီပ ဦးဆောင်းကျမ်းထဲ၌မူ ဇင်းမယ် ကို သုဝဏ္ဏဘူမိဟု ဖော်ပြထား၏ ထိုင်းတို့ကမူ သုဝဏ္ဏဘူမိသည် ပရပထာမ်ဟု ယူဆကြပြီး ဆရာကြီးဒေါက်တာသာလှကမူ မြန်မာရာဇ၀င်၊ မွန်ရာဇ၀င်၊ သထုံရာဇ၀င်နှင့် အစဉ်အဆက် မှတ်တမ်းများ၌ တွေ့ရသော သုဝဏ္ဏဘူမိဟူသည် အစဉ်အဆက် မှတ်သား လာခဲ့သော စွဲလမ်းမှု သက်သက်သာ ဖြစ်ကြောင်း၊ သုဝဏ္ဏဘုမ္မိဟူ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်စူးစူး ကီလိုမီတာ ၆၀ ခန့်အကွာရှိ နချန်ယထုံမြို့ဟောင်းသာလျှင် ဖြစ်နိုင် ကြောင်း' တင်ပြခဲ့ဖူးပါ၏။
မော်လမြိုင် တောင်ပေါက်ဆရာတော်က ပါဠိ အဋ္ဌကထာဋီကာများ ဖတ်ရှု၍ ဆူမတြာကျွန်းနှင့်တကွ ဂျာဗား၊ ဘာလီ၊ ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါ၏။ မွန်သုတေသီ နိုင်ခင်မောင်လေးကမူ သုဝဏ္ဏဘုမ္မိ ဟူသည်မှာ သထုံပါပဲ ဟု ဆိုပါ၏။ ဆရာကြီး ဒေါက် တာ သန်းထွန်းက ပုဂံခေတ် နိုင်ငံရေးသမိုင်း စာအုပ်ထဲတွင် ပဲခူးကလျာဏီသိမ် ကျောက်စာထဲ၌ သုဝဏ္ဏဘူမိဟူသည်
တိုက်ကုလားမြို့ ဟု ရေးထိုးထားကြောင်းဆို၏။
ပအိုဝ်းတိုင်းရင်းသားတွေကတော့ သထုံကို ပအိုဝ်းလို သိုင်းထုမ်ဟုခေါ်၏ သိုင်းထုမ်ဟာမြို့ပြနိုင်ငံဖြစ်လာခဲ့ပြီး အချိန် တန်တော့ သုဝဏ္ဏဘူမိ ပအိုဝ်းတိုင်းပြည်ရဲ့မြို့တော်ဖြစ်လာခဲ့ ပါသည်။ သိုင်းထုမ် ရဲ့အဓိပ္ပါယ်မှာ ရွှေကိုကောက်ယူ ဟု အဓိပ္ပါယ်ရပါသည်။ မြစ်များစီးဆင်းရာ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ စစ်တောင်းမြစ်တို့မှပါလာသော သဲနှုန်း၊ ရွှံ့ညွှန်တွေမှာ
ရွှေကိုရှာယူရတာဖြစ်၏ ဒါကြောင့် ဒီနေရာဒေသတွေကို ရွှေကျွန်းဆွယ်ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ပအိုဝ်း စာပေကလဲ
အထောက်အထားတွေနှင့် သုဝဏ္ဏဘူမိသည် သူတို့ ပအိုဝ်းခေါ် ပျူတို့၏ တိုင်းပြည်ပါဟု ဆိုထားပါ၏။
ပျူဟူသော ဝေါဟာရ၌ (ပ)ဗျည်းနှင့် (အူ) သရကို တွဲစပ်ထားသော (ပအူ) ဟူသည့် စကားရပ်ကို သဒ္ဒါ ဗေဒနည်း အရ ဧက၀ဏ္ဏဖွဲ့ပါက အသံတစ်သံတည်း ထွက်အောင်ဆိုပါက (ပျူ) ဟူ၍ ဖြစ်လာပါသည်။ (ပအူ) သည် ပျူစကားဖြစ်၏ (ပ) ဆိုသည်မှာ ပေါ်ပေါက်ခြင်း၊ (အူ) (သို့မဟုတ်) (ဦ) ဆိုသည်မှာ ဦးစွာဖြစ်ခြင်း သဘောကို ဆိုလိုသည် ထို့ကြောင့်
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၉-၆-၂၀၁၁






မလေးရှားပူချုန်း ၁၂-မိုင်နေ အေးအေးအောင်၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Sunday, June 26, 2011

အင်ဒိုနီးရှားခရီးစဉ် (၃၅)


မြတ်ဗုဒ္ဓ သာသနာတော်ကြီး အရှည်တည်တန့်အောင် ရည်မှန်းလျှက် ဖြူစင်သန့်ရှင်းသောသလင်းကျောက်ပြင်ဝယ် ပိဋက အက္ခရာတော်တင်လျှက် အုဌ်ပြသာဒ်အတွင်း သွတ်သွင်းကာ ထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာတော်ကြီး ရှစ်ပါးကို အမှုးထား၍ ၂၄၀၀-ကုန်သော သီလ၀န် ဂုဏ၀န် ကလျှာဏပုထုဇဉ် သံဃာတော်အရှင်မြတ်တို့နှင့်တကွ ပဉ္စမ သင်္ဂါယနာ တင်တော်မူခဲ့၏။
မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကြရောက်၍ ဂိုဏ်းကွဲများပေါ်ထွန်းခဲ့၏ ။ ဂျပန်ပြည်တွင် မေဂျီဘုရင်ခေတ်၌ ဘာသာတရားအားလုံးကို တန်းတူညီမျှ လွတ်လပ်ခွင့်ပြုလိုက်ရာ ဗုဒ္ဓဘာသာ အားနည်း၍ ရှင်တိုဘာသာ အားကောင်း လာ၏ တရုတ်ပြည်တွင် ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်၍ သမ္မတနိုင်ငံ ထူထောင်ပြီးသောအခါ ဘုန်းကြီးကျောင်း များကို ပြည်သူပိုင်သိမ်း၍ စာသင်ကျောင်းများပြုလုပ်ရာ ပြည်သူတို့ မကျေနပ်သဖြင့် အလျှော့ပေးခဲ့ရ၏။
ဆဋ္ဌမသင်္ဂါယနာ
မြန်မာပြည် ရန်ကုန်မြို့ သိရိမင်္ဂလာ ကမ္ဘာဧစေတီအနီး ဆဋ္ဌသံဂီတိ မဟာပါသာန ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း
မြန်မာနိုင်ငံတော် အစိုးရ၏ ပစ္စယနုဂ္ဂဟဖြင့် သာသနာတော် သက္ကရာဇ် ၂၄၉၈၊ မြန်မာသက္ကရာဇ် ၁၃၁၆၊ ကဆုန်လပြည့် ခရာဇ်သက္ကရာဇ် ၁၉၅၄၊ မေလ ၁၇-ရက်မှစ၍ မြန်မာ သီဟို ထိုင်း ကမ္ဘောဒီးယား လာအို ထေရ၀ါဒ ငါးနိုင်ငံတို့နှင့် ၂-နှစ် တိုင်တိုင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင် မြန်မာပြည်မှ စာပေဂျမ်းဂန်တတ် သံဃာတော် ၂၄၇၃-ပါး ကမ္ဘာ အရပ်ရပ်မှ ကြွလာတော်မူသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ် သံဃာတော် ၁၄၄-ပါးဖြစ်၏။
သံဃာတော်ပေါင်း ၂၆၁၇-ပါးတို့သည် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တဆိပ်တော်ရ မန္တလေးမြို့ ညောင်ရမ်းဆရာတော် ဘုရားကြီးအား သံဃာထေရ် မဟာနာယက အရာထားတော်မူ၍ ၁၃၁၈-ခုနှစ် ကဆုန်လပြည့်နေ့တိုင်အောင် ၂-နှစ်ပတ် လုံး နိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သင်္ဂါယနာတင်တော်မူခဲ့ကြ၏ ပါဠိတော် သင်္ဂါယနာတင်ပြီး အဋ္ဌကထာ ဋီကာ များကိုလည်း ၁၃၂၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့ထိတိုင်အောင် အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဦးသူရိယ အမှုးရှိသော သံဃာတော်အရှင်မြတ်တို့သည် သင်္ဂါယနာတင်တော်မူကြ၏။
သင်္ဂါယနာသမိုင်းကို ပြန်လေ့လာကြည့်လျှင် ထေရ၀ါဒသင်္ဂါယနာ မယာယာနသင်္ဂါယနာ ဆိုပြီးတွေ့ရမှာဖြစ်၏ (၁) ရာဇဂြိုလ် ပထမသင်္ဂါယနာနှင့်(၂)ဝေသာလီ ဒုတိယသင်္ဂါယနာကို ထေရ၀ါဒနှင့် တခြားဂိုဏ်းတွေ အားလုံး လက်ခံတာ တွေ့ရ၏ (၃)ပါတဠိပုတ် (၄)လင်္ကာဒီပ (၅) ကန်နစ်သျှ (၆) မန္တလေး (၇)ရန်ကုန် ဤသင်္ဂါယနာငါးပွဲတွင် (၅) ကန်နစ်သျှ သင်္ဂါယနာပွဲကို တခြားဂိုဏ်းက လက်ခံပြီး ထေရ၀ါဒက လက်မခံပါ ကျန်လေးပွဲကို ထေရ၀ါဒကလက်ခံပြီး တခြားဂိုဏ်း တွေက လက်မခံတာတွေ့ရ၏။
ထို့အပြင် မဟာယာနဂိုဏ်းကလဲ ပထမစင်ပြိုင် သင်္ဂါယနာကို ရာဇဂြိုလ်ပြည် ဒုတိယစင်ပြိုင်သင်္ဂါယနာကို နာလန္ဒမြို့ တတိယစင်ပြိုင်သင်္ဂါယနာကို ကသ္မီရဂန္ဓရ အသီးသီးသင်္ဂါယနာတင်ခဲ့ကြ၏ ထိုင်းနိုင်ငံသည် သင်္ဂါယနာ နှစ်ပွဲတင်ခဲ့သေး ၏ သူ့နိုင်ငံတခုတည်းသာ ထေရ၀ါဒ သင်္ဂါယနာတင်ခဲ့ပုံရ၏။
ဆဋ္ဌသင်္ဂါယနာခေတ်နောက်ပိုင်း ယ္ခု မျက်မှောက်ခေတ်သည် သာသနာသက် ၂၅၅၄-ခုနှစ်သို့ ဆိုက်ရောက်လာလေ ပြီ မျက်မှောက်ခေတ် သာသနာတွင် ဗုဒ္ဓဘာသာဟူသော ခေါင်းစီးအောက်တွင် ထေရ၀ါဒ မဟာယာန ၀ဇိရာယာန ဟု ဂိုဏ်းကြီး ၃-ဂိုဏ်းကို ထင်ရှားစွာတွေ့မြင်ရ၏ ထိုဂိုဏ်းကြီးတွေအောက်တွင် ဂိုဏ်းငယ်လေးတွေ များစွာရှိ၏ သို့သော် ထို ဂိုဏ်းငယ်လေးတွေသည် ဂိုဏ်း ကြီး ၃-ဂိုဏ်းအောက်မှာသာ လှုပ်ရှားဆောင်ရွက်နေတာက များပါ၏။
ထေရ၀ါဒဂိုဏ်း
ဤဂိုဏ်းသည် မြန်မာပြည်တွင် လက်ရှိထင်ရှားရှိသော အားအကောင်းဆုံးသော ဂိုဏ်းဖြစ်၏ ထေရ၀ါဒ ဟူသည် အရှင်မဟာကဿပ အရှင်မဟာယဿအစရှိသော သင်္ဂါယနာတင် မထေရ်မြတ်တို့ သတ်မှတ်ပြဋ္ဌာန်းထားသော မြတ်စွာ
ဘုရား၏ မူရင်းဟောပြောဆုံးမချက်များအတိုင်း လိုက်နာဆောင်ရွက်သော ဂိုဏ်းဖြစ်၏။
မြန်မာရာဇ၀င်ပြန်လှန်မယ်ဆိုလျှင် ဗုဒ္ဓသာသနာသည် တကောင်းခေတ် ပျူ ခေတ်ထဲက မြန်မပြည်ကို ရောက်နေ၏

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၉-၆-၂၀၁၁







မလေးရှားပူဒူးနေမကြွေေ့ကြွ၏မွေးနေ့မင်္ဂလာဆွမ်းကပ်အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာအပေါင်းနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Friday, June 24, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၄)


မအောင်မြင်ခဲ့ချေ ကုဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တဦးတည်းပိုင် နိုင်ငံများအနက် အကျယ်ဝန်းဆုံး နိုင်ငံဖြစ်ခဲ့၏ အ ရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်တွင် ပင်လယ်နက်ထိ ကျယ်ဝန်းခဲ့၏။
မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့
ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ၏ နရသီဟပတေ့မင်းသည်
ရှင်ဒီသာပါမေက္ခ ရဟန်းတော်အား သ၀ဏ်လွှာနှင့် ပီကင်းမြို့ကုဗလိုင်ခန်ဘုရင်ထံသို့ စေလွှတ်စေ့စပ်ခဲ့ရကြောင်း မင်္ဂလာ
စေတီ ကျောက်စာတွင် ထင်ရှားရှိခဲ့၏ ကူဗလိုင်ခန်နေပြည်တော်ကို တယ်ဟူ (တိုင်ဟူ)ဟုခေါ်၏။
သာသနာသက္ကရာဇ် ၂၀၀၀-ခန့် ရာစုအားဖြင့် ၂၀-ရာစုတွင် ထိုင်းနိုင်ငံတွင် သီရိဓမ္မစက္က၀တ္တိတိလက ရာဇာဓိရာဇာ ဘုရင်ကြီးသည် ဇင်းမယ်မြို့တွင် သင်္ဂါယနာတင်ပွဲပြုလုပ်ခဲ့၏ ပဲခူး ဟံသာဝတီနေပြည်တော်တွင် ဓမ္မစေတီမင်းကြီးသည် ရဟန်းတော်လေးဆယ် ကို လင်္ကာဒီပ(သီဟိုဠ်)သို့လွှတ်၍ သိက္ခာအသစ်ယူ ရဟန်းခံစေ၏ လင်္ကာဒီပမှ ပြန်ကြွလာသော ရဟန်းသစ်များဖြင့် ပဲခူး ကလျှာဏီသိမ်ကြီးကို သမုတ်ကြ၏။
အောက်မြန်မာနိုင်ငံရှိ ရဟန်းတော်အားလုံးကို သိက္ခာချစေ၍ ထိုသိမ်၌ သိက္ခာအသစ်ယူ ရဟန်းခံစေ၏ သံဃာတော် များကို ပရိယတ္တိ ပဋိပတ္တိ လုပ်ငန်းနှစ်မျိုး၌သာ အားထုတ်စေ၍ ဗေဒင်ဟော ဆေးကု စိုက်ပျိုးရေး မွေးမြူရေး လုပ်သော ရဟန်းအားလုံးကို လူဝတ်လဲစေခြင်းဖြင့် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို ဆောင်ရွက်ခဲ့၏
မလ္လာယုကျွန်းဆွယ်နှင့် သုဝဏ္ဏဒီပခေါ် အင်ဒိုနီးရှားနိုင်ငံ၌ အာရပ်သင်္ဘောသား ကုန်သည်များရောက်လာ၍ အစ္စလမ်
သာသနာပြုကြ၏ ဆူမတြာကျွန်း ဂျားဗား စသောကျွန်းတို့တွင် မဟာယာနဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့သည် တဖြေး ဖြေးကွယ်ပြောက်လာကာ အစ္စလမ်ဘာသာဝင်တွေသာ ကြီးစိုးလာတော့၏။
သာသနာသက္ကရာဇ် ၂၁၀၀-ခန့် ရာစုအားဖြင့် ၂၁-ရာစုတွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလ္လာယုကျွန်းဆွယ်တို့တွင် ဗုဒ္ဓသာ သနာ ကွယ်ပြောက်ခဲ့၍ အစ္စလမ်သာသနာထွန်းကားလာ၏ အင်းဝနေပြည်တော်တွင် သိုဟံဘွားနန်းတက်၍ ဗုဒ္ဓဘာ သာ ရဟန်းတော် ၃၀၀၀-ခန့် သတ်ဖြတ်ခံရ၏ ဘုန်းကြီးကျောင်းတိုက်များ ပိဋကတော် ကျမ်းစာများကို မီးရှို့ဖျက်စီးခံရ၏။
သာသနာသက္ကရာဇ် ၂၂၀၀-ခန့် ရာစုအားဖြင့် ၂၂-ရာစုတွင် လင်္ကာဒီပခေါ် (သီဟိုဠ်)ကျွန်းတွင် ပထမရာဇသီဟ ဘုရင် သည် ဖခင်ကိုသတ်၍ နန်းတက်၏ ဟိန္ဒူအယူသို့ကူးပြောင်းပြီး ရဟန်းများကိုသတ်၍ ပိဋကကျမ်းဂန်တို့ကို မီးရှို့ဖျက်စီး၏ ထိုမင်းလက်ထက် လင်္ကာဒီပ ဗုဒ္ဓသာသနာ ငြိုးငယ်ခဲ့ရ၏ ထိုမင်းနန်းကျ၍ ၀ိမလဓမ္မသူရိယ မင်းလက်ထက်၌ ထိုင်းနှင့် ရခိုင်တို့မှ သံဃာတော်များကိုပင့်၍ ထေရ၀ါဒ ဗုဒ္ဓသာသနာကို ပြန်ဆက်ခဲ့ရ၏ မြန်မာနိုင်ငံ၌ ငဇင်ကာသည် သံလျှင်ကို အခြေပြု၍ ဘုရားစေတီ များဖျက်စီး၏ ဗုဒ္ဓဘာသာဝင်များကို ဗရင်ဂျီဘာသာသို့ သွတ်သွင်းခဲ့၏။
သာသနာသက္ကရာဇ် ၂၃၀၀-ခန့် ရာစုအားဖြင့် ၂၃-ရာစုတွင် တရုတ်ပြည် မန်ချုးမင်းဆက် ကန်ဆီဘုရင်သည် ရဟန်း တော်တပါးလျှင် တပည့်သာမဏေတပါးသာ ထားခွင့်ပြု၏ ဗုဒ္ဓသာသနာကို ချုပ်ချယ်လာသည့် သဘောဖြစ်၏ ကျောင်း တိုက်ကြီးတွေမှာသာရဟန်းခံခွင့်ပေးထား၏ တရုတ်ပြည်သာသနာငြိုးငယ်နေရချိန်ဖြစ်၏ မြန်မာပြည်တွင်လည်း တုံဂိုဏ်း
ရုံဂိုဏ်းများ ကွဲပြားနေချိန်ဖြစ်၏။
သာသနာသက္ကရာဇ် ၂၄၀၀-ခန့် ရာစုအားဖြင့် ၂၄-ရာစုတွင် လင်္ကာဒီပ (သီဟိုဠ်)ကျွန်းသည် အင်္ဂလိပ်လက်အောက် သို့ ကျရောက်ခဲ့၏ ဘိုးတော်မင်းတရားကြီးလက်ထက်တွင် လင်္ကာဒီပ (သီဟိုဠ်)ကျွန်းမှ ရဟန်းတော်များသည် အမရပူရ နေပြည်တော်သို့ ကြွရောက်လာ၍ သိက္ခာတင် ရဟန်းခံကြကုန်၏ လင်္ကာဒီပ (သီဟိုဠ်) သို့ပြန်ကြွ၍ အမရပူရဂိုဏ်းဟု သီးခြားထောင်ကာ ယ္ခုထက်တိုင်ရှိနေတာတွေ့မြင်ရ၏ ထိုင်းနိုင်ငံတွင် အယုဒ္ဓယမြို့ ပျက်စီးပြီးနောက် သင်္ဂါယနာတင်ပွဲကို တနှစ်ကြာ ပြုလုပ်ကျင်းပခဲ့၏။
ပဉ္စမသင်္ဂါယနာ
ကောဇာသက္ကရာဇ် ၁၂၃၃-ခု သာသနာသက္ကရာဇ် ၂၄၁၅-ခုနှစ်တွင် မြန်မာပြည် ရတနာပုံနေပြည်တော်ကို တည် ထောင်တော်မူခဲ့သော မင်းတုန်းမင်း ဘုရင်ကြီးသည် ဘုရားရှင် ဓမ္မစက်ကို ပေရွက်နှင့်မလျှော်ဟု ဆင်ခြင်ပြီး ထေရ၀ါဒ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၇-၆-၂၀၁၁






ကွယ်လွန်သူဖခင်ကြီးဦးစိန်မြင့်အားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှကုသိုလ်ပြုလုပ်၍
အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ဖခင်ကြီးဦးစိန်မြင့်ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Thursday, June 23, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၃)


သာသနာသက္ကရာဇ် ၁၇၀၀-ခန့် ရာစုအားဖြင့် ၁၇-ရာစုတွင် လင်္ကာဒီပ(သီဟိုဠ်)တွင် ပရက္ကမဗာဟု မင်းကြီးသည် တမီလ် ကျေးကုလားတွေကို တိုက်ခိုက်အောင်နိုင်ကာ မဟာယာနအနွယ် အဘယဂိရိဂိုဏ်းသားရဟန်းများကို လူထွက် စေ၏ လင်္ကာဒီပရှိ သံဃာ အားလုံးကို ထေရ၀ါဒ မဟာဝိဟာရဂိုဏ်း တခုတည်းဖြစ်အောင် ညီညွတ်အောင် ဆောင်ရွက် နိုင်ခဲ့၏။
ပုဂံပြည် အလောင်း စည်သူ မင်းလက်ထက်တွင် လင်္ကာဒီပမှ ပြန်ကြွလာသော မြန်မာပြည်သား ရဟန်းတော် အရှင် ဆပ္ပဒ မထေရ်က ဂိုဏ်းသီးခြားထောင်သဖြင့် ပုဂံပြည်တွင် ရှင်အရဟံဂိုဏ်းကို ပုရိမသံဃာဆို၍ ရှင်ဆပ္ပဒဂိုဏ်းကို ပစ္ဆိမ သံဃာ ဆိုကြ၏ ပုဂံနှင့် လင်္ကာဒီပ(သီဟိုဠ်) အပြန်အလှန် သာသနာရေး ဆက်သွယ်မှုပြုကြ၏။
အိန္ဒိယအနောက်ပိုင်းနှင့် အလယ်ပိုင်း မဂဓတိုင်းတို့ကို တူရကီအနွယ်တို့က သိမ်းပိုက်၏ နာလန္ဒတက္ကသိုလ် ၀ိက္ကမ သီလာတက္ကသိုလ် ဇဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတော်ကြီးများ အဖျက်စီးခံရ၏ အိန္ဒိ ယ ပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီကာ အစုလိုက် အပြုံလိုက် အသတ်ခံကြရ၏။
သာသနာသက္ကရာဇ် ၁၈၀၀-ခန့် ရာစုအားဖြင့် ၁၈-ရာစုတွင် ဘင်္ဂလားပြည်(၀င်္ဂတိုင်း) ပါလမင်းများသည် တိုင်းပြည် လုံခြုံရေးအတွက် ကိုးကွယ်အားထားသော သြဒန္တပူရိ တက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ၀ိဇ္ဇာဘုန်းကြီးများကို မဟာမေ ဒင် မြင်းစီးတပ်သား နှစ်ရာက သတ်ဖြတ် မီးရှို့ဖျက်ဆီး၍ ဘင်္ဂလားတပြည်လုံးသိမ်းပိုက်ခဲ့၏ ၀ိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ် များ မန္တန်များ အင်း အိုင် ခါးလှည့်များသည် တစုံတရာ အကာအကွယ် မပေးနိုင်သဖြင့် ၀ိဇ္ဇာဘုန်းကြီးမျာ၏ လိမ်ညာဝါ ကြွားမှု ပေါ်သွား၏ ဗုဒ္ဓ သာသနာလည်း အိန္ဒိယမှ လုံးဝကွယ်ပြောက်သွား၏ (ဗေဒင်ယတြာတွေ ယုံကြည်သော မြန်မာ ပြည် သတိထားစရာပါ)။
ဂျပန်ပြည်တွင် အမိတာဘုရားကိုးကွယ်သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုးမင်းနွယ်မှ ရဟန်းပြုလာသော ရှိုနင်သည် အိမ်ထောင်ပြုသော ဘုန်းကြီးဂိုဏ်းကို စတင်တည်ထောင်၏ ထိုဂိုဏ်းကို ရှင်ဂိုဏ်းဟုခေါ်၏ ထိုရှင်ဂိုဏ်းကို အတုယူကာ
အခြား ဗုဒ္ဓဘာသာ ဂိုဏ်းများလည်း အိမ်ထောင်ပြုကြ၏ ထိုခေတ် ဂျပန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အနေအထိုင် အကျင့်သီလသည် လူဝတ်ကြောင်တွေနှင့် ဘာမှ ထူးခြားမှုမရှိပါ ဘုရားတရားအပေါ် ကြည်ညို၍ ဘာသာရေးစာပေကို
တတ်ကြွမ်းသူကို အိုဘိုးစံ(ဘုန်းကြီး)ဟုခေါ်ဆို၍ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြ၏။
ထိုင်းနိုင်ငံသည် စစ်အင်အားကောင်းလာ၍ ကမ္ဘောဒီးယား သြဇာရိပ်မှလွတ်ကင်းခဲ့၏ ထေရ၀ါဒသာသနာကို ချီးမြင့် ထောက်ပန့်မည့် မင်းကောင်း မင်းမြတ်များ ပေါ်လာကာ ထိုင်းလင်း ထေရ၀ါဒသာသနာ ဖွံ့ဖြိုးတိုးတက်လာ၏ လင်္ကာဒီပ (သီဟိုဠ်)နှင့် သာသနာရေးဆက်သွယ်ကာ သာသနာထွန်းကားအောင်ဆောင်ရွက်နိုင်ခဲ့၏
သာသနာသက္ကရာဇ် ၁၉၀၀-ခန့် ရာစုအားဖြင့် ၁၉-ရာစုတွင် မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမ၀ါသီရဟန်း အရည၀ါသီရဟန်း အရည်ကြီး အနွယ်ဝင်ရဟန်းများ အင်တူအားတူ ရှိနေခဲ့၏ တရုပ်ပြည်မှ ကူဗလိုင်ခန်ဘုရင်ကြီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့် တိဗက်လားမားဗုဒ္ဓဘာသာကို ချီးမြှောက် ထောက်ပန့်ခဲ့၏ တရုတ်ပြည်တွင် ခရစ်ယန် သာ သနာပါ ပြုခွင့်ပေးခဲ့၏။
တိဗက် နိုင်ငံတွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယ္ခုတိုင် ဒလိုင်းလာမားသည် တိဗက်နိုင်ငံအပေါ် တန်ခိုး ထွားလျှက်ရှိ၏ ရှေးခေတ်တုံးက ဘုန်းကြီးအုပ်ချုပ်သောနိုင်ငံသည် တိဗက်နိုင်ငံတခုသာ ရှိမည်ထင်၏ တိဗက်ဘာသာ ရေးနှင့် နိုင်ငံရေးသည် အ၀လောကိတေသရ ဘုရားလောင်းသည် လူဝင်စားဖြစ်လာ၍ ရဟန်းမင်းအဖြစ်အုပ်ချုပ်ရသော စနစ်ဖြစ်၏ သာသနာပိုင် ရဟန်းမင်းကြီးဆုံးလျှင် အသစ်တဖန် ပြန်လည်ဝင်စား၍ ဆက်လက်အုပ်ချုပ်ရသောစနစ်ဖြစ်၏။
ကူဗလိုင်ခန်ဘုရင်ကြီးသည် ရှေးဘိုးလောင်းတော် ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု နိုင်ငံသိမ်းမှုများကို လိုလားတောင်းတခဲ့၏ ထို့ကြောင့် တိဗက်နိုင်ငံ တာကီစတန်နိုင်ငံ မြန်မာနိုင်ငံ ကိုချင်ချိုင်းနားနိုင်ငံ ဂျာဗားကျွန်းများသို့ စစ်ချီတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့သည်သာများ၏ ဂျပန်ကျွန်းကိုမူ ရေတပ်ယဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သေကြာသတင်းစဉ် ၁၇-၆-၂၀၁၁









မလေးရှာက်မောင်စိုးမင်းလတ်၏ရဟန်းခံပွဲ။
Type your summary here.Type the rest of your post here.

Wednesday, June 22, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၂)


အရေးကြီးသာသနာကို နှိပ်ကွပ်၍ ထေရ၀ါဒသာသနာကို ချီးမြှောက်လေ၏ သထုံပြည်မှ ကျမ်းဂန်တတ် ဆရာတော် သံ ဃာတော်များကို ပုဂံပြည်သို့ပင့်ဆောင်ကာ ပုဂံပြည် ထေရ၀ါဒ သာသနာ ပြန်လည်ထွန်းကားလာစေ၏။
ဒကာတော်မင်းမြတ် ကျေးဇူးတင်ပါ၏ ကျုပ်ထေရ၀ါဒ ဘုန်းကြီးဖြစ်ရတာ သင့်ကျေးဇူး ကျုပ်တို့နိုင်ငံ၏ သမီးပျိုလေး တွေ အရည်ကြီးတွေ၏ ပန်းဦးပူဇော်မှုမှ လွတ်ရတာလည်း သင့်ကျေးဇူး တွေမိတိုင်း ကျေးဇူတင်ပါ၏ သို့သော် ယ္ခုအခါ သင်တည်ထောင်ခဲ့သည့် သာသနာကို သင်ပြန်လည်မြင်စေချင်ပါ၏ အနော်ရထာ------

ထကြည့်လှည့်ပါ---နော်ရထာ၊
သင်တို့လက်ထက်-ဖျိုဖျက်ခဲ့သည့်၊
အရည်းဝါဒ-အဓမ္မသည်၊
ခုသောအခါ-လှုပ်ရှားလာပြီ။

ထကြည့်လှည့်ပါ-----နော်ရထာ၊
သင်တို့ဆရာ-ထေရ်မဟာ၏၊
ထေရ၀ါဒ-မြတ်ဓမ္မသည်၊
သံကိုဖျက်တတ်-သံချေးကပ်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊
သင်တို့တည်ထား-ဓမ္မများကို၊
အဓမ္မသမား-လူမိုက်များက၊
ဖျက်စီးကျိုးစား-ထင်ရှားလာပြီ။

ထကြည့်လှည်ပါ--နော်ရထာ၊
သင်တို့လက်ထက်-သာသနာသက်သည်၊
ကန်ဘောင်မြင့်မြင့်-ကန်ရေ၀င့်လို့၊
ကြာပန်းစွင့်စွင့်-ပွင့်လန်းတင့်၏။

ထကြည့်လှည့်ပါ---နော်ရထာ၊
ခုသောအခါ-သင့်သာသနာသည်၊
ကန်ဘောင်ကွဲအက်-ကန်ရေထွက်၏၊
ကြာပင်နွမ်းလျှက်-ကြာပန်းပျက်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊
နောင်သောအခါ-သင့်သာသနာသည်၊
သင့်မြေကျော်လှမ်း-လွတ်ရာလမ်းမှ၊
ငြိုးနွမ်းလှစွာ-ထွက်ခွါပါမည်။

ထကြည့်လှည်ပါ---နော်ရထာ၊
သင်တို့သာသနာ-ထွက်ခွါလာသော်၊
သင်တို့မြေဆုံး-အဓမ္မဖုံး၏၊
နေလုံးကွယ်ပျောက်-ညမှောင်ရောက်၏၊
လရောင်ကွယ်ပျောက်-သန်းခေါင်ရောက်၏၊
ညဉ့်နက်သန်းခေါင်-မိုးမှောင်တူစွာ၊
အမှောင်ဖုံးလွမ်း-သင့်မြေနွမ်းကို၊
မှန်းဆကြည့်ပါ---အို-----နော်ရထာ။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ်-၁၆-၆-၂၀၁၁





မလေးရှားပူချုန်း ၁၄-မိုင်နေမောင်မင်းမျိုးဇော်၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Tuesday, June 21, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၁)


ရှံကရဆရာကြီးသည် ဟိန္ဒူ ဘုရင်တို့၏ အကူအညီဖြင့် တန္တရ မန္တရဂိုဏ်းဝင် ရဟန်းတော်များကို နှိပ်ကွပ်လေရာ တန္တရ မန္တရ သာသနာသည် အိန္ဒိယတွင် မရှုမလှ နိဂုံးချုပ်ရလေတော့၏။
ဟိန္ဒူဘာသာနှင့် တန္တရ မန္တရတို့ တိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ အာရဗီစစ်ဗိုလ် မိုဟာမက်ဘိန်ကာစင်သည် အိန္ဒုမြစ်ဝှမ်းတစ်ဝိုက်ကို သိမ်းပိုက်လေတော့၏ နွားကွဲလို့ ကျားစွဲခံရခြင်းဖြစ်၏ (မြန်မာပြည် လက်ရှိသာသန၀န်ထမ်းတွေ လည်း ဗေဒင် ယတြာ ဓါတ်ရိုက် ဓါတ်ဆင်တွေ ဂိုဏ်းဆရာ ဘိုးတော် မယ်တော်တွေ ခေတ်စားလာကာ လုပ်ကိုင်ဆောင် ရွက်နေသူတွေလည်းများလှ၏ အိန္ဒိယလိုဘဲ မြန်မာသာသနာ ကွယ်ပျောက်ဖို့ အချိန်နီးကပ် လာလေပြီ အိန္ဒိယမှဗုဒ္ဓသာ သနာသည် ဗေဒင် ယတြာကြောင့် ကွယ်ပျောက်ခဲ့သည်ဆိုတာ မြန်မာပြည်သားတွေ သိစေချင်ပါ၏)
အိန္ဒိယတွင် ၂၂-နှစ်ကြာ ပညာသင်ယူပြီး ပြန်လာသည့် တရုပ်ရဟန်းတော် အိဈင်(ယိကျင်) ကျေးဇူးကြောင့် တရုတ် ပြည်တွင် မင်းညီ မင်းသား မူးမတ် သူဋ္ဌေးသူကြွယ် ကုန်သယ် လူတန်းစားမျိုးစုံမှ ရဟန်းဝတ်သူ သီလရှင်ဝတ်သူ အလွန်
များပျားလာ၏ ဂျပန်ပြည်တွင် သာသနာ့ အဆောက်အဦးတွေကို တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်တွေကိုယ်တိုင် တည် ဆောက်လာကာ မဟာယာနသာသနာ ထွန်းကားလာတာ တွေ့မြင်ရ၏။
သာသနာသက္ကရာဇ် ၁၄၀၀-ခန့် ရာစုအားဖြင့် ၁၄-ရာစုတွင် တရုတ်ပြည်တွင် တာအိုဘာသာကိုးကွယ်သော ၀ူဆောင်း ဘုရင် တက်လာ၍ ဗုဒ္ဓဘာသာဝင်များဘေးဆိုးကြီးနဲ့ ကြုံတွေ့ရလေတော့၏ ဗုဒ္ဓဘာသာရဟန်းတော် ၄၆၀၀-ခန့် အသတ် ခံရ၍ ဗုဒ္ဓဘာသာ ကျောင်းပေါင်း ၄၀၀၀၀-ကျော်အဖျက်စီးခံရ၏ ရဟန်းသီလရှင် ၂၆၀.၀၀၀-လူဝတ်လဲကြရ၏ ကြေးစည် ခေါင်းလောင်းများကို ဒင်္ဂါးပိုက်ဆံ သွန်းခဲ့ကြ၏ ဤသို့ပြုလုပ်ပြီး ၂-နှစ်အကြာတွင် ၀ူဆောင်းဘုရင်ကြီး မကျန်းမာ၍ နှုတ် ဆွံ့ အ စကားမ ပြောနိုင်ဖြစ်သွား၏ ဘုရင်ကြီး ထိတ်လန့်တုံလှုပ်သွားကာ ပြစ်မှားတာတွေ ခွင့်လွှတ်တောင်းပန်၍ ရဟန်း ပြုခွင့် သီလရှင် ပြုခွင့်များ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့ရ၏။
တိဗက်ပြည်တွင် ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုသော ရာလ်ပချန်ဘုရင် နတ်ရွှာစံပြီးနောက် ဘုရင် လံဓရ်မ တက်
လာသောအခါ တိဗက်ဗုဒ္ဓဘာသာသည် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရတော့၏ ဘုရင် လံဓရ်မ သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို ဖျက်စီး၍ ပိဋကကျမ်းစာများကိုမီးရှို့၏ ဗုဒ္ဓရုပ်တုတော်များကို မြေမြုတ်ပြစ်၏ ရဟန်းခံ ရှင်ပြု ဥပုသ်စောင့်
မှုများကို ပိတ်ပင် တားမြစ်၏ ရဟန်းတော်များကို ပြည်နှင်ဒဏ်ပေး၍ ထွက်မပြေးသော ရဟန်းတော်များကို လူဝတ်လဲစေ ကာ မုဆိုး တံငါ အလုပ်များကိုလုပ်စေ၏ တိဗက် မဟာယာနသာသနာလဲ နေ၀င်ဆည်းဆာဖြစ်ခဲ့ရ၏။
သာသနာသက္ကရာဇ် ၁၅၀၀- ခန့် ရာစုအားဖြင့် ၁၅-ရာစုတွင် မြန်မာပြည်ဖြစ်လာမည့် ပုဂံပြည်တွင် ညောင်ဦး စော ရဟန်း (တောင်သူကြီး) မင်းဖြစ်၍ ရှင်မထီး အရည်ကြီးဂိုဏ်းကို ချီးမြောက်ထောက်ပန့်လေ၏ အိန္ဒိယပြည် မထုရာမြို့ ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း တည်ထောင်ခဲ့သော ၀လဘိတက္ကသိုလ် မဂဓတိုင်းတွင် မဟာယာနဂိုဏ်းတည်ထောင် ခဲ့ သော နာလန္ဒတက္ကသိုလ် ဘင်္ဂေါ နယ်ရှိ သြဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ၀ိဇ္ဇာဂိုဏ်းဝင် အရည်ကြီးရဟန်း များ လွှမ်းမိုးအုပ်ချုပ်လာ၏ ပုဂံပြည်မှ အရည်ကြီးသာသနာသည် အိန္ဒိယမှ ရောက်ရှိလာသည်ဟု ထင်ပါ၏။
သာသနာသက္ကရာဇ် ၁၆၀၀-ခန့် ရာစုအားဖြင့် ၁၆-ရာစုတွင် ၀ိက္ကမသီလာ တက္ကသိုလ်မှ ကျောင်းအုပ်ဆရာကြီး ဒီပင်္ကရ သိရီဥာဏသည် တိဗက်ပြည်သို့ သာသနာပြုကြွတော်မူ၏ ခိုတန်ပြည်ကို ယူဆစ်ကဒရ်ခန် ဦးဆောင်သော တူရကီစစ်တပ်မှ ၀င်ရောက် သိမ်းပိုက်ရာ ဗုဒ္ဓသာသနာ ကွယ်ပြောက်၍ တာကစ္စတန်နိုင်ငံအဖြစ်သို့ ရောက်ရှိသွား၏။
သုဝဏ္ဏဘူမိဟု ခေါ်ဆိုသည့် သထုံပြည်တွင် ဘုရင်မနူဟာသည် ဇော်ဂျီဖိုဝင်သား စားရလျှင် လူစွမ်းကောင်း ဖြစ်နိုင် သည်ဟု မက်လုံးပြ၍ ၀ိဇ္ဇာဂိုဏ်းဝင်တွေက စည်းရုံးထားသောကြောင့် ၀ိဇ္ဇာဂိုဏ်းဝင် ရဟန်းတပါးကို နန်းဦးဆရာတော်
အဖြစ်ကိုးကွယ်၏ သထုံပြည်တွင် ထေရ၀ါဒသာသနာ ညိုးမှိန်နေချိန်ဖြစ်၏။
ထိုအချိန်တွင် အရှင်ဓမ္မဒဿီ (သို့) ရှင်အရဟံ မထေရ်မြတ်သည် သာသနာညိုးမှိန်လာသော သထုံပြည်မှ ထေရ၀ါဒ
သာသနာထွန်းကားလာမည့် ဆုတောင်းဘက် အနော်ရထာဘုရင်ရှိရာ ပုဂံပြည်သို့ကြွလာခဲ့၏ အရည်းကြီးဝါဒကို စိတ် ပျက်နေသော ၀ါဒသစ်ကိုအလိုရှိနေသော အနော်ရထာဘုရင်သည် ရှင်အရဟံ မထေရ်မြတ်ကို ဆည်းကပ်ကိုးကွယ်ကာ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁၃-၆-၂၀၁၁






မလေးရှား-ရှရီစင်တိုစာနေ ကံကောင်၍ချဲပေါက်သူ၏သဒ္ဓါဆွမ်းအလှူ။
Type your summary here.Type the rest of your post here.

Monday, June 20, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၀)


မူရင်းပင်မ ထေရ၀ါဒ သာသနာမှ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ ပေါ်ထွန်းလာ၏ သို့သော် ထေရ၀ါဒ သာသနာသည် မဟာယာနသာသနာ၏ ရှင်ပြိုင်မှုကို ကြိုးစားပြီးကာကွယ်နေရချိန်ဖြစ်၏ မူရင်းပင်မ ထေရ၀ါဒ သာသနာ မပြောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်နေသော မထေရ်မြတ်ကြီးတွေ၏ ကျေးဇူးဂုဏ်တွေကို ယ္ခုခေတ် ထေရ၀ါဒ မထေရ်များ ထေရ၀ါဒ ဘာသာဝင်များ အထူးကျေးဇူးတင်ရမှာဖြစ်၏။
မြန်မာပြည် မြောက်ပိုင်းသို့ မဟာယာန ဗုဒ္ဓဘာသာ ရောက်ရှိခဲ့၏ ပုဂံအနီး မင်သူနံအရပ် ဘုရားသုံးဆူနှင့် နန္ဒမည
စေတီများအတွင်းရှိ ဆေးရေးရုပ်များကို ထောက်ဆ၍ သာသနာနှစ် ၁၀၀၀-ကျော် ၁၁၀၀-အတွင်း ရောက်ရှိခဲ့ခြင်းဖြစ်၏ မဟာယာနရဟန်းတို့မှာ ရှင်မထီးခေါ် အရည်ကြီးရဟန်းတို့ ဖြစ်ပုံရ၏ အရည်ကြီးရဟန်းတို့၏ အကျင့်မှာ ညစာစားခြင်း သေရည် သေရက်သောက်ခြင်း မေထုန်အကျင့်ကို ကျင့်ခြင်းဖြစ်၏ အဆိုးဆုံးကတော့ ပန်းဦးလွှတ်ပူဇော်ခြင်းဖြစ်၏။
ရှင်မထီးဆိုသည့် ဝေါဟာရသည် သမ္မတိယမှ သမတိ၊ သမတိမှ သမထီး၊ သမထီးမှ ရှင်မထီး၊ ရှင်မထီးမှ အရည်
ကြီးဟု ပြောင်းလဲလာသည်ဟုဆိုကြ၏ ဤသမ္မတိယဂိုဏ်းသည် ၀ဇ္ဇီပုတ္တက ဂိုဏ်းကွဲတခုဖြစ်၏ သုဝဏ္ဏဘူမိ အင်ဒိုနီးရှား ဂျဗားကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့ ဤသမ္မတိယဂိုဏ်း ထွန်းကားခဲ့ကြောင်း အထောက်အထားများတွေ့ရ၏ သုဝဏ္ဏ ဘူမိ သထုံပြည်မှာလည်း သမ္မတိယဂိုဏ်း တန္တရ-မန္တရဂိုဏ်းများ လွမ်းမိုးမှုကြောင့် ထေရ၀ါဒ သာသနာ အသက်ငွေ့ငွေ့မျှ သာ ကျန်တော့၏
အရည်ကြီးကို နောက်တမျိုးကြံတာတွေ့သေး၏ ပုဂံပြည်တွင် လူအကြည်ညိုများသော အရည၀ါသီဂိုဏ်း ရှိခဲ့ဘူး၏
လူအကြည်ညိုများသော အရည၀ါသီ ဂိုဏ်းအတွင်းသို့ တန္တရ မန္တရဂိုဏ်းဝင်တွေ ၀င်ရောက်ကာ မိမိတို့အကျင့်ဆိုးတွေကို ကျင့်ပါတော့၏ တချိန်က လူကြိုက်များခဲ့သော အရည၀ါသီဂိုဏ်းသည် နာမည်ပျက်ကာ အရည၀ါသီမှ အရည်ကြီးဘ၀ သို့ ရောက်ရှိလာသည်ဟုဆို၏။
(ခုခေတ်ရဟန်းတော်အချို့လည်း ဤအကျင့်မျိုးတွေ ကျင့်သုံးလာ တာကို တွေ့မြင်ရ၏ အရည်းကြီးသာသနာများ
ပြန်လည်ခေါင်းထောင်လာပြီလားမသိ)
သာသနာသက္ကရာဇ် ၁၁၀၀-ခန့် ရာစုအားဖြင့် ၁၁-ရာစုတွင် တရုတ်ရဟန်းတော် ဖာရိယန်၏ ကျေးဇူးကြောင့် တရုတ် ပြည်သည် မဟာယာန သာသနာ အကြီးအကြယ် ထွန်းကားလာ၏ မဟာယာနသာသနာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၀၀၀-ရှိသည်ဟုဆို၏ မဟာယာန ဗုဒ္ဓဘာသာ ရွှေခေတ်ဟု ခေါ်ဆိုရလောက်အောင် အထွန်းကားဆုံး တရုတ်နိုင်ငံ ဖြစ်လာ၏ အရှင်ဗောဓိဓမ္မ တရုပ်ပြည်သို့ကြွ၍ ဈင်ဂိုဏ်းကို တည်ထောင်၏ ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိ ပြန့်ပွားလာ၏။
သာသနာသက္ကရာဇ် ၁၂၀၀-ခန့် ရစုအားဖြင့် ၁၂-ရာစုတွင် အိန္ဒိယပြည်မှ မဟာယာနသည် ဟိန္ဒူဘာသာရေးတွေ ရောမွှေလျှက် တန္တရ ယာန ၀ိဇ္ဇာယာနအဖြစ်သို့ ပြောင်းလဲခဲ့၍ ၀ိဇ္ဇာဘုန်းကြီးများ ခေတ်စားခဲ့၏ တရုပ်ပြည်မှ မဟာယာန သာသနာသည် ဂျပန် ပြည်တွင်ထွန်းကားလာ၏ ဆူမိကို ဘုရင်မကြီး၏လက်ထက် ရှိုတိုကုတိုင်းရှိ မင်းသားကြီး၏ ကြိုး ပမ်းမှုကြောင့် မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြ၏ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေးဥပဒေကို လည်း ဆွဲခဲ့ကြ၏။
မဟာယာနဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့လည်း ရောက်ရှိလာ၏ တိဗက်ဘုရင် ကိုးကွယ်ခဲ့၍ နိုင်ငံတော်ဘာသာ ဖြစ်ခဲ့၏ တိဗက်ပြည်တွင် အရှင်သန္တရက္ခိတနှင့် အရှင်ပဒုမသမ္ဘတို့က စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာ သာ စတင်ပေါ်ပေါက်ခဲ့၏ တိဗက်လားမား ဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည် ဘူတန်ပြည် မွန်ဂိုလီးယား ဆိုဗီယက်ပြည် ထောင်စု နိုင်ငံများသို့ပါ ဆက်လက်ပြန့်ပွားသွား၏။
သာသနာသက္ကရဇ် ၁၃၀၀- ခန့် ရာစုအားဖြင့် ၁၃-ရာစုတွင် အိန္ဒိယပြည်ရှိ မဟာယာန ရဟန်းတော်များသည် ၀ိဇ္ဇာ
ဂိုဏ်းသို့ ၀င်ကြ၏ နတ်ရုပ်ဘီလူးရုပ်များ ကတော့ပွဲထိုး၍ ဆေးဝါးမန္တရား စီရင်ကြ၏ သုဿာန်တွင်နေကြ၍ လူဦးခေါင်း ခွန်များတွင် ထမင်းထည့် စားသောက်ကြ၏ လူတို့ကို ချောက်လှန့် ညာဖြန်းစားကြ၏ ဟိန္ဒူဗြဟ္မဏဘာသာမှ ပညာရှိ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆-၂၀၁၁







ကိုခင်မောင်မြင့်၏မွေးနေ့အလှူနှင့်ကွယ်လွန်သူမောင်ကြည်မင်းခန့်အားရည်စူးသောအလှူ
မွေးနေ့ရှင်လည်းကောင်းကျိုးချမ်းသာနြှင့်ပည့်စုံ၍မောင်ကြည်မင်းခန့်လည်းကောင်းရာသုဂတိသို့
ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.