အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, March 29, 2013

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၇-၃-၂၀၁၃





မလေးရှား-ပူချုန်း-အိုင်အိုအိုင်ရောက်မောင်သီဟ+မမီမီဇင်တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ။
Type your summary here. Type the rest of your post here.

Thursday, March 28, 2013

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၂၆-၃-၂၀၁၃




အရ-ဟံ၊ ၊ ကိလေသာတို့မှ ဝေးကွာတော်မူ၍ ၀ါသနာနှင့်တကွ ပယ်သတ်တော်မူသော       မြတ်စွာဘုရား။
အရ-ဟံ၊ကိလေသာတည်းဟူသော ရန်သူတို့ကို သတ်ဖြတ်တော်မူ၍ ရူပကာယတော်၏ တင့်တယ်တော်      
မူသော မြတ်စွာဘုရား။
အရ-ဟံ၊ ၊ သံသရာတည်းဟူသော အကန့်ထောက်ဆံတို့ကို ချိုးဖျက်တော်မူသော မြတ်စွာဘုရား၊
အရဟံ၊ ၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
အ-ရဟံ၊ ၊ ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော် မြတ်စွာဘုရား။
          ရှင်တော်မြတ်ဘုရားကြီးအား ဘုရားတပည့်တော် ရိုသေမြတ်နိုးလက်အုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မန်လျှော့  


ကန်တော့ပါ၏ အရှင်ဘုရား။ 




မလေးရှား-ကလန်း-မဲရုတွင် မစ္စတာလင်းဦးဆောင်သော မဟာစုမေရုသာသနာပြုအဖွဲ့မှ
တည်ထားကိုးကွယ်သော ရွှေတိဂုံပုံတူ မဟာစုမေရုစေတီတော်ကြီး ဗုဒ္ဓါဘိသေက
အနေကဇာတင်ပူဇော်ပွဲ။

Type your summary here. Type the rest of your post here.

Wednesday, March 27, 2013

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၅-၃-၂၀၁၃




ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်သန်းအားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှ
အာရုံဆွမ်းကပ်လှူ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၄-၃၀၂၀၁၃





မလေးရှားပူချုန်း၁၃-မိုင်ရွှေမြန်မာများ၏အန္တရာယ်ကင်းဆွမ်းကပ်ပွဲ။
Type your summary here. Type the rest of your post here.

အသက်ရှုရပ်သူနှင့်အသက်ရှုကြပ်သူများ








၂၄-၃-၂၀၁၃-တနင်္ဂနွေ
   မလေးရှား ဓမ္မရောင်ခြည်ကျောင်းသို့ ရမည်းသင်းသား ဒကာသန်းစိန်နှင့် ဒကာကျော်စိန် ဆွမ်းစားလာပင့်၏ အကြောင်းကတော့ ရမည်းသင်းမြို့နယ် ကန်ကြီးရွာသားများဖြစ်သော ကိုဇော်ဝင်း (၃၃)နှစ် မောင်နေလင်းအောင် (၂၉) နှစ် မောင်လှိုင်မင်း (၂၈) နှစ်တို့ ၃-လောင်းပြိုင်အသုဘ ရက်လည်ဆွမ်းကပ်ဖြစ်၏ သုံးလောင်းမက မလေးရှား၏ နေရာတိုင်းတွင် အရက်တုတွေသောက်ပြီးသေခြင်းဖြစ်၏ မလေးရှားရောက်မြန်မာတွေ အရက်ကြောင့် သေမှု သေခင်းတွေ အတော်များများကြားနေရ၏
    မလေးရှားတွင် သေအောင်သောက်သွားသော ကန်ကြီးသားသုံးရောက်ဖြစ်၏ နေတဲ့နေရာကြည့်တော့လဲ သုံးထက်သားတွေကာပြီး တဲသာသာ ခပ်ချာချာနေရာဖြစ်၏ တောအုပ်လေးတခုတွင်ဖြစ်သလိုနေရခြင်းဖြစ်၏
မြန်မာပြည်ကမိဘတွေသိလျှင်စိတ်ကောင်းမည်မထင်ပါ တချို့မြန်မာပြည်မှပုဂ္ဂိုလ်တွေ နိုင်ငံခြားမှာ သားရှိသည် ခင်ပွန်းရှိသည်ဟု ထင်တိုင်းသုံးနေသူတွေ ဒီဓါတ်ပုံတွေကြည့်ပြီး အမှန်တိုင်းမြင်စေကာနိုင်ငံရပ်ခြားတွင် ကျွန်လိုလုပ် နေရသည်ဆိုတာ သိစေခြင်ပါ၏။
   အနေဆင်းရဲ အစားချွေတာပြီး သေရည်သေရက်ကိုတော့ မြန်မာတွေလုံးဝချွေတာတာမတွေ့ရပါ မြန်မာဆိုင်တွေ မေးကြည့်တိုင်း အရက် ရောင်းအကောင်းဆုံးဟု အမြဲတန်းကြားနေရ၏ ရောင်းတဲ့အရက်တွေကလည်း အတုတွေသာ ဖြစ်၏ ဘာအာမခံချက်မှမရှိ ဖြစ်သလိုဖေါ်စပ်ရောင်းနေသည်ဟုကြားသိရ၏ စီးပွားရေးသမားတွေကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး သူတို့ချမ်းသာဖို့သာကြည်ပြီး အာမခံချက်မရှိတဲ့ အရက်တုတွေကို ဖောဖောသောသောစပ်ကာ ရောင်းချနေ၏ သောက်သူတွေကလည်း ဘာမှမမေး မူးရင်ပြီးရောဆိုပြီး သောက်နေကြ၏။
      မလေးရှားရောက်မြန်မာတွေလည်း သေအောင်သောက်သည့်မသာတွေအတော်များလှ၏ မြန်မာပြည်တွင် ငတ် ငတ် ပြတ်ပြတ် သောက်ခဲ့ရတာတွေကို မလေးရှားရောက်မှ အတိုးချပြီး သောက်နေကြသည်ဟုထင်ပါ၏ မြန်မာဆိုင် ဖွင့်သူတွေလည်း အရက်မရောင်းရလျှင် ဆိုင်အဆင်မပြေဟု ပြောသံကြား၏ ဆိုင်ကိုတော့အပြစ်ပြောစရာမလို သောက်တဲ့လူရှိလို့ ရောင်းနေခြင်းဖြစ်၏ သောက်တဲ့လူမရှိလျှင် ထိုဆိုင်လည်းရောင်းမည်မဟုတ်ပါ ဘုန်းကြီးတို့လည်း သေတတ်သည်အရေကို မသောက်ဖို့ဟောသော်လည်း ပစပ်အမြုတ်ထွက်ရုံသာရှိ၏ ဘာမှထူးမလာဘဲ အရက်သမား တွေ ပိုများလာတာသာတွေ့ရ၏။
    ယ္ခုလည်းကြည့်လေ သုံလောင်းပြိုင်အသုဘ ကြားလို့မှမတင့်တယ် အရက်သောက်သေရတယ်လို့ သူတို့နောက်မှာ ရှိတဲ့ မိဘတွေ ဇနီးသားသမီးတွေ ဘ၀ပျက်ပြီပေါ့ မလေးရှားမှာ တယောက်အသက်ရှုရပ်သွားလျှင် မြန်မာပြည် မှာကျန်ခဲ့ တဲ့မိသားစု အသက်ရှုကြပ်ပြီပေါ့ မလေးရှားရောက် ယမကာလုလင်များ ငါတို့ အသက်ရှုရပ်တာနဲ့ ငါတို့နောက်မှာကျန်ခဲ့တဲ့ မြန်မာပြည်ကမိသားစု အသက်ရှုကြပ်ပြီဆိုတာ ကြိုတင်သဘောပေါက်ကာ သေတတ်တဲ့ အရေတွေကို သေဘေးမှဝေအောင် ရှောင်ကြဉ်ကြပါ။
    သေရည်သေရက် ဟုအမည်ပေးထား၏ သေရည် သည် သေတတ်သည့်အရေဟု အဓိပ္ပါယ်ဖွင့်ဆို၍ သေရက်ကို တော့ သေတတ်သည့်အရက်ဟု ဖွင့်ဆိုရမှာဖြစ်၏ ဤသေရည်သေရက်ကို လူငယ်တွေ အတော်ခင်တွယ်တာတွေရ၏ ရုပ်ရှင်တွေ ဗွီဒီယိုတွေကလည်း အရက်သောက်ခန်းတွေကို ကျကျနနရိုက်ပြနေတော့ အရက်သောက်နိုင်မှ ဂုဏ်ရှိတယ်လို့ လူငယ်တွေစိတ်ထဲမှာ ထင်နေပုံရ၏ အရက်သောက်ပြီး ဘ၀ပျက်သွားတဲ့ သူတွေကိုတော့ သင်ခန်းစာ ယူရမှန်းမသိ စိတ်ညစ်လျှင် အရက်သောက်ရမည်ဟုသာ မှတ်ထားပုံရ၏ ကုဋေ (၈၀)သူဋ္ဌေးသားလည်း အရက် သောက်ပြီး သူတောင်းစားဘ၀ ရောက်သွားတာတွေကို သင်္ခန်းစာယူသင့်ပါ၏။
      ဤသေရည်၏ဆိုးကျိုးတွေကိုလည်း လူတွေသိထားသင့်၏
၁။သေရည်သောက်သူသည် စီပွားဥစ္စာပျက်တတ်၏ အရက်တခွက်သောက်လျှင် တခွက်ဖိုးပိုက်ဆံထွက်သွား၏ နဲနဲ သောက်လျှင် ပိုက်ဆံနဲနဲကုန်၏ များများသောက်လျှင် ပိုက်ဆံများများကုန်၏ သိပ်မူးနေလျှင် မိမိပစ္စည်းကို မထိမ်းသိမ်း နိုင်တော့ လူလိမ်လူညာတွေနဲ့တွေကာ စီပွားဥစ္စာပျက်တော့၏။
၂။သေရည်သောက်သူသည်ရန်များတတ်၏ သေတတ်သည့်အရည်ဝင်ပြီဆိုင်လျှင် ရန်ဖြစ်ဖို့ဝန်မလေးတာတွေ့ရသော ကြောင့် အလွန်ရန်များပါ၏။
၃။သေရည်သောက်သူသည် ရောဂါများတတ်၏ သေရည်သေရက်ကို ကြာရှည်စွာ သုံးစွဲသူသည် အသဲရောဂါ အရက်နာကြကာ ရောဂါမျိုးစုံနှင့်တွေကြုံရမည်ဖြစ်၏။
၎။သေရည်သောက်သူသည်နာမည်ပျက်တတ်၏ -အရက်သမားကို ဘယ်သူမှအထင်မကြီးပါ ကဲ့ရဲ့ရှုတ်ချသံသာကြား ရပါ၏ မိမိကိုတိုင် အရက်သမားဟု အခေါ်ခံရသလို မိမိ၏ ဇနီးသားသမီးကိုလည်း အရက်သမားမယား အရက်သမား သား အရက်သမားသမီးဟု နာမည်းကင်ပွန်းတတ်ခံရ၏ မိသားစုပါနာမည်ပျက်လေ၏။
၅။သေရည်သောက်လျှင် အရှက်အကြောက်မဲ့တတ်၏ သေရည်မူးလျှင် မိမိအင်္ဂါကြီးငယ်ကို ဖွင့်လှစ်ပြရမှာ ၀န်မလေး တော့ပါ အရှက်မဲ့သူသာဖြစ်၏။
၆။ သေရည်သောက်လျှင် အသိဥာဏ်မဲ့၏ သေရည်ကို အမြဲမှီဝဲနေပါလျှင် မိမိတတ်ထားသည့် အတတ်ပညာတွေ အမှတ်သညာကင်းမဲ့ပြီး သတိလွတ် မေ့လျှော့လာတာကိုလည်း ထင်ရှားစွာတွေ့မြင်ရ၏။
      ယ္ခုလည်း မလေးရှားကို အကြံကြီးကြီးနဲ့ လာခဲ့ကြသော ကံကြီးသားသုံးယောက် လှေလှော်ရင်း တက်ကျိုးကိန်း ဆိုက်ရခြင်းသည် သေအောင်သောက်သွားသော ဤသေရည်ကြောင့်ဆိုတာထင်ရှားပါ၏ သေသူကတော့သေပြီ ကျန်သည့် မလေးရှားရောက်မြန်မာတွေ သင်္ခန်းစာယူသင့်လှ၏ မိမိတယောက်အသက်ရှုရပ်သွားတာနဲ့ အသက်ရှုကြပ် မည့် မိမိ မိသားစုတွေကို မြင်ရောင်ပြီး သေအောင်မသောက်ဖို့ ရွှေမြန်မာတွေ သင်္ခန်းစာယူနိုင်အောင် အသိပေး တင်ပြလိုက်ပါ၏။
     

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၄-၃-၂၀၁၂




ကွယ်လွန်သူမဝေေ၀မာအားရည်စူး၍ ခင်ပွန်းနှင့်သားမှကုသိုလ်ပြုလုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Sunday, March 24, 2013

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၇-၃-၂၀၁၂





မောင်သန်းအောင်+မနန်းမို့မို့နွယ်တို့၏မင်္ဂလာဦဆွမ်းကျွေးအလှူ။
Type your summary here. Type the rest of your post here.

ဓမ`ရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၇-၃-၂၀၁၂




မလေးရှားရောက်ရွှေမြန်မာများဆရာတော်အားလာရောက်ဖူးမျှော်ကတော့ကြစဉ်။
Type your summary here. Type the rest of your post here.

Friday, March 22, 2013

ဓမ္မရောင်ခြည်သတင်းစဉ်




ပဲခူးတိုင်းရွှေကျင်မြို့နယ် ဒုံစရစ်ရွာ၏ ကောက်ဦးဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သတင်းစဉ်




ပဲခူးတိုင်းရွှေကျင်မြို့ရေအာလျှပ်စစ်စက်ရုံသို့ရောက်ရှိခဲ့စဉ်။
Type your summary here. Type the rest of your post here.

Thursday, March 21, 2013

ဓမ္မရောင်ခြည်သတင်းစဉ်





ရွှေပေါက်ကံပါရဂူစာကြည့်တိုက်သို့်ရောက်ခဲ့စဉ်။
Type your summary here. Type the rest of your post here.