အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, November 28, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၆)





  အိန္ဒိယနိုင်ငံ
    မြန်မာပြည်၏ အိမ်နီးနာခြင်းနိုင်ငံ အိန္ဒိယသည် ကမ္ဘာ့ဒီမိုကရေစီ အကြီးဆုံးနိုင်ငံကြီးဖြစ်၏ တချိန်က မြန်မာ့ဒီမိုကရေစီ အင်အားစုဘက်မှ ပြတ်ပြတ်သားသား ထောက်ခံ့ခဲ့သော အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေး ပြောင်းလဲ လာပုံကို ရန်ကုန်နှင့် နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန လျို့ဝှက်ကြေးနန်းများက ဖော်ပြနေပါ၏။
      စစ်အစိုးရနဲ့ ဆက်ဆံတာဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လက်တွေ့ကျတယ်လို့ အိန္ဒိယ အစိုးရက ယူဆထားပါ၏ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့သူက နအဖ နံပတ် နှစ် ဗိုလ်ချုပ်ကြီး မောင်အေးဖြစ်တယ်  ဟု  ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်သံရုံး ကြေးနန်း၌ သိရှိချက်ကို ဖော်ပြထားတာတွေ့ရ၏။
    အိန္ဒိယအစိုးရသည် ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုဘက်မှ ရပ်တည်ကူညီခဲ့ပြီး ၁၉၉၂ ခုတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချရေး အထိပင် တောင်းဆို ခဲ့ဖူးသော်လည်း တရုတ်က မြန်မာ နိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် ကြိုးစားနေမှု  သူ၏ အရှေ့မြောက်ဖက် ပြည်နယ် သူပုန်များကိုနှိမ်နှင်းရန်နှင့် ယင်းပြည်နယ် များ၏ စီးပွားရေး ဖွံ့ဖြိုးစေရန် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ပြောင်းလဲလာခဲ့၏။
    အစိတ်စိတ် အမြွှာမြွှာဖြစ်နေတဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တခုကိုဖြစ်စေမယ့် ညီ ညွတ်မှုကို မတည်ဆောက်နိုင်ဘူး တည်ဆောက်လိုစိတ် မရှိကြဘူးလို့ ထင်ပုံရ၏ အဲဒါက နိုင်ငံမှာ စစ်တပ်ကို စုစည်းမှု အရှိ ဆုံး နိုင်ငံရေးအင်အားစု ဖြစ်လာစေပြီး အာဏာကို ဆက်ကိုင်သွားစေနိုင်တာပဲ ဟု အိန္ဒိယ သံတမန် တဦး၏ ပြောကြားချက် ကို ကိုးကားပြီး ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက်ရက်စွဲတပ် ကြေးနန်းတွင် ဖော်ပြထားပါ၏။
    ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယ ဒုတိယသမ္မတ Krishan Kant ၏ ဖိတ်ကြားချက်အရ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြား ရေး စက်မှု အခွန် ဘဏ္ဍာ သိပ္ပံနှင့် နည်းပညာ လျှပ်စစ်စွမ်းအင် ဝန်ကြီးတို့ လိုက်ပါလျက် ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှု ဖြစ်အပြီး ၁၂ နှစ်အတွင်း ပထမဆုံး လည်ပတ်သော မြန်မာ အဆင့်မြင့်ဆုံး ခေါင်းဆောင်အဖြစ် ၂ဝဝဝ ခု နိုဝင်ဘာ ၁၄ မှစ၍ ၈ ရက်ကြာ သွားရောက်ခဲ့၏။
  နှစ်နိုင်ငံနယ်စပ် အရှည် မိုင် ၉၉ဝ ကျော်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်နေသည့် အရှေ့ မြောက် ပြည်နယ်သူပုန် များကို ပူးပေါင်းနှိမ်နင်းရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ စီးပွားရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး အိန္ဒိယ အစိုးရထံမှချေးငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းရနိုင်ရန်လည်း လက်မှတ် ထိုးခဲ့၏။
  အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရာနက် မူကာဂျီ Mr. Pranab Mukherjee သည် ၂ဝဝ၇ ခု ဇန်နဝါရီလ ၁၉-ရက်နေ့မှ ၃ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့၏ ခရီးစဉ်အတွင်း မည်သည့် သဘောတူညီချက်မျှ မရှိကြောင်း အိန္ဒိယသံတမန်က ရန်ကုန် အမေရိကန် သံအရာရှိကို ပြောသည်ဟု ကြေးနန်းက ဖော်ပြထားပါ၏။
    ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ  ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖြုတ်ချပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၂ဝဝ၄ ခု အောက်တိုဘာလ ၂၄ မှ ၆ ရက်ကြာ သွားရောက်ခဲ့၏ အဆိုပါ ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင်နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ အမြန်ပြောင်းလဲနိုင်ရေးတို့ ထည့်သွင်း ခဲ့ကြောင်း နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံး၏ ၂ဝဝ၄ ခု နိုဝင်ဘာ၂ ရက် ကြေးနန်းတွင် တွေ့မြင်ရပါ၏။
    ပိတ်ဆို့ အရေးယူခြင်းသည်  မြန်မာနိုင်ငံကို  အထီးကျန် ဖြစ်စေပြီး  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်ဘဲ စေ့စပ် ဆွေးနွေးသည့်နည်းဖြင့်သာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်စေနိုင်မည် ဟု အိန္ဒိယ၏ အမြင်ကို လည်း ဖော်ပြထား၏။
   မြန်မာ့ဒီမိုကရေစီရေးအတွက် သည့်ထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းချက်ကို ဒီမိုကရေစီကိုအောက်ခြေ မှစ၍ တည်ဆောက်မှသာ  ဖြစ်နိုင်မည်ဖြစ်ပြီး  နှစ်နိုင်ငံ  ပြည်သူများအကြား ယဉ်ကျေးမှု အားကစား  စသည့် ကဏ္ဍများမှ
ဆက် စပ်ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးသွားမည် ဟု အိန္ဒိယ အဆင့်မြင့် သံတမန်ကဖြေကြားသွား၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဘုံကထိန်ပွဲတော်(၆)






Type your summary here. Type the rest of your post here.

Wednesday, November 27, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၅)





    လူဦးရေမွေးဖွားနှုန်းဖြင့် မြန်မာပြည်ကို သေနတ်တချက်မှ မဖေါက်ဘဲ သိမ်းယူမဲ့ မဟာဗျူဟာကို နိုင်ငံတော် အကြီးအကဲ တွေကို စိန်ခေါ်နေပါ၏ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် အင်ဒိုနီးရှား မလေးရှားတို့ကို သင်္ခန်းစာယူပြီး အဲဒီနိုင်ငံတွေ လို အဖြစ်မျိုး မကြုံတွေ့ရအောင် ကြိုတင်ပြင်ဆင်သင့်ပါ၏ ဘာသာ သာသနာပျောက်လျှင် လူမျိုးပါပျောက်ကွယ်မည်ဖြစ်၏ လူမျိုးပျောက်လျှင် နိုင်ငံပါအရောင်ပြောင်းသွားနိုင်ပါ၏
     ဘင်္ဂလားဒေ့ရှ်ဟာ  နိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းနဲ့ လူထုဟာ ဘယ်လိုမှ သဟဇာတဖြစ်တဲ့ အနေအထားမှာ ရှိနေတာ မဟုတ်သလို ပညာရှင်တွေရဲ့သုံးသပ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာအောက်မှာပျောက်ဆုံးသွားမယ့် မြေဧရိယာဟာလည်း ဘင်္ဂလားဒေ့ရှ် လူထုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ထွက်သွားအောင်  လျှို့ဝှက်ချက် မဟာဗျူဟာတွေအဖြစ် ပုံဖော်တာတွေလည်း ဖြစ်နိုင်ပါ၏။
     တဘက်မှာလည်း ဘာသာရေးနယ်ချဲ့ချင်တဲ့ မဟာဗျူဟာတွေလည်း ကျွဲကူးရေပါဆိုသလို ပါဝင်ပါလိမ့်မယ်  ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကပင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအိပ်မက်ဟာ ဒီနေ့အချိန်ထိ ယှဉ်သန်နေဆဲဖြစ်တယ် ဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတိုင်းက သက်သေခံနေပါ၏။
     အထူးသဖြင့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့ရှ် က ဘင်္ဂလီတွေဟာ ထိုင်း၊ မလေးစတဲ့ ဒုတိယနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင်း တဖက်မှာလည်း အဲဒီက တဆင့် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နိုင်တယ်ဆိုတဲ့ မက်လုံး တွေပေးပြီး လှုပ်ရှားနေတဲ့ ကွန်ယက်တွေရှိပါ၏ ထိုကွန်ယက်တွေထဲတွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ လှုပ်ရှားသူတွေက ချိတ်ဆက်ထားပါတယ် အဲဒီနည်းလမ်းတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီတွေရဲ့ အရေ အတွက်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါ၏။
    မြန်မာ ပင်လယ်ကမ်းရိုးတန်း၊ ထိုင်းပင်လယ်တွေထဲမှာ မကြာခဏဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲက ဘင်္ဂလီက နည်းနည်းနဲ့ ဘင်္ဂလား ဒေ့ရှ်က ဘင်္ဂလီတွေ များများဖြစ်နေခြင်းတွေဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဆမတန်တိုးပွားနေတဲ့ လူဦးရေကို လျော့ချရေး လျှို့ဝှက် စီမံကိန်းတခု ဖြစ်နေမယ်ဆိုတာ ထင်ရှားပါ၏ တဖက်မှာလည်း နိုင်ငံတကာရောက်ရင် အလိုအလျောက်ရိုဟင်ဂျာဖြစ်သွားတတ်တဲ့ စီမံကိန်းဟာလည်း ရေရှည်စီမံကိန်းတခုဖြစ်ပါလိမ့်မယ်။
    လှေစီးပြီး နိုင်ငံတကာကို ဖြန့်ကျက်ထွက်နေတဲ့ ဘင်္ဂလီတွေဟာ သြစတေးလျအထိရောက်ပါတယ် လှေစီးပြီး မသွားခင် သင်တန်းလို ပုံစံမျိုးတွေရှိနိုင်ပါတယ် တကယ်လို့ နိုင်ငံတခုခုက မိရင် မြန်မာအစိုးရက ဘာသာရေးဖိနှိပ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ ပြောရန် စတဲ့သင်တန်းမျိုးပါ ဒါကြောင့် နည်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေရော ဘင်္ဂ လားဒေ့ရှ်က ဘင်္ဂလီတွေဟာ ဒုတိယနိုင်ငံ တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေဖြစ်သွားတတ်ပြီး နိုင်ငံတကာမှာ ခန့်မှန်းလို့ မရနိုင်လောက်အောင် ထုနဲ့ထည်နဲ့ ရောက်ရှိနေပါပြီဖြစ်ပါ၏။
      မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အင်္ဂလန်တွင် မြန်မာတိုင်းရင်းသားထဲတွင် ရိုဟင်ဂျာမရှိကြောင်း အတိ အလင်း သတ္တိရှိရှိ ပြောဆိုခြင်းသည် ချီးကျူးရပါ၏ တကယ်လို့များ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့လျှင် ရခိုင်ပြည်ထဲ မှာရှိနေတဲ့ ဘင်္ဂလီ အင်အားစုတွေ မြန်မာပြည်တွင်းရှိ မူစလင်တွေလည်း ရိုဟင်ဂျာဆိုပြီး ပြောလာနိုင်ပါတယ် နိုင်ငံတကာ ရောက်နေတဲ့ ဘင်္ဂလီတွေပါ ရိုဟင်ဂျာဆိုပြီး ၀င်ရောက်လာနိုင်ပါ၏။
   ထိုသို့များဖြစ်လာခဲ့သော် မြန်မာ အချုပ်အခြာအာဏာကို ထိပါးလာမှာ သေချာပါ၏ ထို့ကြောင့်နိုင်ငံတော်အနေနဲ့ မိမိနိုင်ငံ ရဲ့ရှေ့ရေးကို မျှော်တွေပြီး ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့် အချိန်သို့ရောက်ရှိနေပါပြီ နိုင်ငံတော်သမ္မတကြီးက တော့ မြန်မာတိုင်းရင်းသားထဲတွင် ရိုဟင်ဂျာမရှိဘူးလို့ အပြတ်ညင်းပြီးပါပြီ လွှတ်တော်ခေါင်းဆောင်တွေနှင့် အမတ်မင်းတွေ
ပြည်သူပြည်သားတွေလည်း သမ္မတကြီးနှင့်အတူ နှုတ်ထွက်တူပါရန် တိုက်တွန်းပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဘုံကထိန်ပွဲတော်(၆)






Type your summary here. Type the rest of your post here.

Tuesday, November 26, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၄)





      တရုတ်ပြည်မှ သတင်းစာတွေလည်း မြန်မာပြည်နှင့် ဆက်ဆံရာတွင် တရုတ်ပြည်၏ အမှားတွေကို ထောက်ပြပြီး ရေး သားလာတာကို တွေ့မြင်ရပါ၏  မြန်မာပြည်သူတွေ၏ ခံစားချက်တွေကို လျှစ်လျူရှုပြီး  ဒီလိုကိစ္စမျိုးတွေကို တရုတ်တွေဘာ ဖြစ်လို့ လုပ်ရတာလည်း မြန်မာပြည် အခြေခံလူတန်းစားအလွှာတွေ သဘောထားတွေကို အလေးအနက်ထားပါ ဆိုသည့် တိုက်တွန်းချက်တွေကို ရေးသားလာတာကိုတွေ့မြင်ရပါ၏။
      တရုတ်ကြီး မြန်မာပြည်သူတွေ၏ သတိပေးခေါင်းလောင်းသံကို လျှစ်လျှူရှုလို့ မရနိုင်မှန်း သဘောပေါက်သွားပုံရ၏ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဆက်သွယ်မေးမြန်းလာတာကိုလည်း တွေ့မြင်ရ ပါ၏ မြန်မပြည်အပေါ် ဆိုးခဲ့သည့် တရုတ်ပုံရိပ်တွေကို ပြန်လည်ကုစားရန် သံတမန်ရေး အလှည့်အပြောင်တွေ ပြုလုပ်လာ တာကိုလည်းတွေ့မြင်ရပါ၏။
    လက်ပံတန်းတောင်၏ သာမန်အမျိုးသမီးငယ်သုံးဦးမှ ကမ္ဘာ့စီပွားရေး ဒုတိယအင်အားကြီးနိုင်ငံကြီးကို စိန်ခေါ်ဝံ့လောက် အောင် ရဲရင့်လာသော မြန်မာပြည်သူတွေ၏သတ္တိကို တရုတ်ကြီး ဖြုံသွားပုံရ၏ တရုတ်ခေါင်းဆောင်တွေသည် မြန်မာပြည် တွင် ရင်နှီးမြုတ်နှံသော တရုတ်ကုမ္ပဏီတွေကို ခေါ်ယူသတိပေးရသည့် အဖြစ်မျိုးတွေပါ တွေ့မြင်လာရပါ၏ တရုတ်ကြီး မြန်မာပြည် အပေါ် ကောင်းကောင်းမဆက်ဆံပါက လာလမ်းအတိုင်း ပြန်ခေါက်ရမယ်ဆိုတာ သင်္ခန်းစာ ယူဖို့အချိန် ရောက် ရှိလာပါပြီ ကိုယ်လုပ်သည့်ကံ ကိုယ့်ထံပြန်ဆိုသည့် သဘောတရားကတော့ လက်တွေ့မြင်နေရပါ၏။   
   ဘင်္ဂလားဒေ့ရ် နိုင်ငံ
       မြန်မာပြည်၏ အနောက်တံခါးပေါက်တွင်ရှိသော ဤနိုင်ငံသည် လူဦးရေပေါက်ပွားမှုနှုံး အဆမတန်မြင့်မားကာ ဘေး ပတ်ဝန်းကျင်နိုင်ငံတွေကို အလွန်ဒုက္ခပေးသော နိုင်ငံတခုဖြစ်၏ မြန်မာပြည် ရခိုင်ဒေသသည် ဤနိုင်ငံရှိ ဘင်္ဂလီလူမျိုးများ နည်းမျိုးစုံဖြင့် ခိုးဝင်နေတာကို တွေ့ကြုံနေရ၏ သက်ဆိုင်ရာ အုပ်ချုပ်သူနှင့် လူဝင်မှုကြီးကြပ်ရေးတွေ၏ လာဘ်စားမှုတွေက အများဆုံးပါဝင်ပတ်သက်ကာ တိုင်းပြည်ကို အန္တရာယ်ဇုံထဲသို့  ဖိတ်ခေါ်သလို ဖြစ်ခဲ့၏။
       မလေးရှားတွင် ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားတွေ အကျမ်းဖက်တိုက်ခိုက်ခံရခြင်းသည် မလေးရှားရောက် ဘင်္ဂ လီတွေ၏ လက်ချက်သာဖြစ်၏ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေ မညီညွတ်မှုတွေကို အခွင့်ကောင်းယူပြီး  ရခိုင်ပြည်နယ်ထဲ ကို ပြည်ပအားကိုး အထောက်အပံ့တွေ အကြောင်းအမျိုးမျိုး နည်းအဖုံဖုံနဲ.၀င်လာပြီး အိမ်ရှင်မျက်နှာမှ မထောက် ဒေသခံ ရခိုင် မြန်မာဗုဒ္ဒဘာသာဝင်တွေအပေါ် အမျိုးမျိုး ကျေးဇူးကန်းတာတွေဟာ ကာလအတန်ကြာ ရှိနေခဲ့ပြီ ဖြစ်ပါ၏။
       မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းမှုတွေဟာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကြောင့် အဟန့်အတားတွေ ဖြစ်နေပါ၏ မတည်ညိမ်တဲ့ မြန်မာပြည်ကို ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ယုံကြည်စွာ ရင်းနှီးမြုတ်နှံရဲမည်မဟုတ်ပါ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တက်လှမ်းနေသောမြန်မာပြည်ကို အခက်အခဲတွေ ကြုံတွေ့ရအောင် လှုံ့ဆော်ဖန်တီးနေသူတွေကို မြန် မာပြည်သူပြည်သားတွေ သတိထားဖို့ လိုအပ်လှပါ၏။
       သူတို့နိုင်ငံ သူတို့လူမျိုး သူတို့ဘာသာအတွက် ကိုယ့်နိုင်ငံကို ဘယ်လိုအသုံးချနေသလည်းဆိုတာကို သုံးသပ်ဆင်ခြင် ပြီး ကိုယ့်နိုင်ငံဘေးအန္တရယ် မကျရောက်၇အောင် သတိကြီးကြီးနဲ့ ကြိုတင်ကာကွယ်ထားဖို့လိုပါ၏ နိုင်ငံတကာ မီဒီယာတွေ ကလည်း ငွေမျက်နှာသာကြည့်ပြီး သူတို့ကငွေပေးနိုင်တော့ သူတို့ဘက်ကိုသာ သာသာထိုးထိုး ရေးသားပေးနေ၏ မိမိတို့က မှန်သော်လည်း အမှန်သတင်းသည် ကမ္ဘာ့မီဒီယာထဲတွင် ဖေါ်ပြတာမတွေ့၇ပါ တကမ္ဘာလုံးက သူတို့ဘာသာဝင်တွေသည် သူတို့ဘာသာဝင်တွေ ကောင်းစားရေးသာ ဇောင်းပေးပြီး အော်နေတာတွေ့မြင်ရပါ၏။
        သူတို့နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်တွေသည် မြန်မာပြည်ကို လက်နှက်နှင့်တိုက်ခိုက်စရာမလိုဘဲ မြန်မာပြည်၏
နယ်အချို့ကို သိမ်းပိုက်ထားနိုင်တာကို တွေ့မြင်နေရပါ၏ ဘူးသီးတောင်မှာ ဘင်္ဂလီ (၉၅)၊ မောင်တော (၉၆)၊ ရသေ့တောင် (၈၀) နဲ့ စစ်တွေမြို့မှာ (၅၅) ရာခိုင်နှုန်းထိ ရှိနေပါ၏ တချိန်က ရခိုင်တွေ လူများစုဖြစ်ခဲ့၏ ယ္ခုတော့ ဘင်္ဂလီက လူများစုဖြစ် နေတာတွေ့မြင်နေရပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကထိန်ပွဲတော်(၅)






Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သေကြာသတင်းစဉ် ၂၃-၁၁-၂၀၁၃




မလေးရှားရောက်ခါစ ရွှေမြန်မာများ ဆရာတော်အားလာရောက်ဖူးမျှော်ကြစဉ်။
Type your summary here. Type the rest of your post here.

Monday, November 25, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၇၃)





       ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နော်ဝေး နိုဘယ်ဆုလက်ခံယူသည့် အခန်းအနား အင်္ဂလန် လွှတ်တော်တွင် မိန့်ခွန်းပြောသည့်အစီအစဉ် အိုင်ယာလန်ခရီးစဉ်တိုကို ကမ္ဘာ့မီဒီယာတွေဖြစ်သည့် စီအင်အင် ဘီဘီစီ အယ်ဂျီးယား တို့မှ တိုက်ရိုက် ထုတ်လွင့်နေသည့်အတွက် ကမ္ဘာ့ပြည်သူတွေ အုတ်အော်သောင်းနင်းဖြစ်နေချိန်မှာ တရုတ်ကြီးတို့ မီဒီယာတွေ တုပ်တုပ်မျှမလှုပ်ပါ ကမ္ဘာက လက်ခံသည့် မြန်မာပြည်မှ ခေါင်းဆောင်တဦး ပေါ်ထွက်လာတာကို တရုတ်ကြီး ၀မ်းသာမပေး နိုင်တာကို တွေ့မြင်ရပါ၏ တရုတ်ကြီး လိုချင်တာက သူခိုင်းတာလုပ် သူပြောတာနားထောင်တဲ့ အာဏာရှင်အစိုးရမျိုးသာ ဖြစ်သောကြောင့် သူဝမ်းသာ မပေးနိုင်တာ သဘာဝကြပါ၏။
      တရုတ်ကြီးကတော့ မင်းသားမလုပ်ရလျှင် ပမ်းမကြီးထိုးဖေါက်မှာ သေချာသလောက်အရိပ်အရောင်တွေ မြင်နေရပါ၏ ဟို--ရှေးယ္ခင်ကလည်း မြန်မာပြည်တွင် တရုတ်နဲ့အဆင်မပြေသောအစိုးရအား ဗကဗ တွေကို ထောက်ပန့်မှုတွေပေးပြီး နိုင်ငံ ရေးမတည်ငြိမ်အောင်လုပ်ဆောင်ခဲ့ဘူး၏ ယ္ခုလည်း တရုတ်နှင့်အစဉ်မပြေသော ဂျပန် အမေရိကန် တို့ကို မြန်မာအစိုးရသစ်
က ဦးစားပေးလာတော့ တရုတ်ကြီးလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နှက်ထောက်ပန့်တာတွေ ရဟတ်
ယဉ်ပို့ပေးတာတွေ ကြားနေရပါ၏။
      တရုတ်သည် ကမ္ဘာတွင် အမေရိကန်နှင့် စူပါ ပါဝါပြိုင်နိုင်သော တခုတည်းသောနိုင်ငံဖြစ်၏ တရုတ်သည် အိမ်နီးခြင်း နိုင်ငံတွေကို သူနဲ့အဆင်မပြေပါက ကောင်းကောင်းပညာပြနိုင်ပါ၏ မြန်မာခေါင်းဆောင်တွေ သတိထားဖို့ကတော့ ရှေးယ္ခင် က သင်္ခန်းစာတွေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်နိုင်ငံ တရုတ်ရဲ့လှည့်ကွက်ထဲမရောက်ဖို့ အရေးကြီးပါ၏ အိမ်နီးနားခြင်းဆို တာကတော့ အဆင်ပြေလျှင်  ပိုကောင်းပါ၏ အဆင်မပြေလျှင် သူကော ကိုယ်ကော စိတ်ဆင်းရဲရပါ၏။
       တရုတ်ပြည်၏ မြန်မာပြည်ပေါ် စေတနာဆိုးနဲ့ ပြုလုပ်ခဲ့မှုတွေကတော့ မြန်မာပြည်၏ ဂေဟစနစ်အရ အရေးပါလှသော ရေဝေတောင်တန်းများကို ပြောင်တလင်းခါစေလျှက် မြောက်ပိုင်းဒေသမှ သစ်တောများကို နှစ်ပါင်း ၂၀-ကျော် သက်ဆိုင်ရာ အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး ခုတ်ယူခဲ့ကြ၏ မြန်မာပြည်၏ တရုတ်နယ်စပ်တလျှောက်သည် ယ္ခုအခါ တောတွေပြုံး၍  တောင် ကတုံးဘ၀ရောက်ရှိပြီး ရာသီသတု ဖေါက်ပြန်မှုတွေနှင့် တွေ့ကြုံနေရပါပြီ။
         တရုတ်ကြီးတို့အဖွဲ့သည် အဆင့်မမှီ၍ ဈေးပေါသော လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးအတုများကို မြန်မာပြည်တွင်း သို့ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စေတနာဆိုးတွေဖြင့် အပြည့်အလျှံ တင်ပို့ခဲ့ကြ၏ မြန်မာပြည်ကို သူတို့နိုင်ငံ၏ စွန့်ပစ်လိုက်သည့် အမှိုက်ပုံဟု ထင်နေပုံရ၏ မြန်မာပြည်က စီးပွားရေးသမားတွေကလည်း ပြည်သူပေါ်စေတနာမထား သူ တို့ချမ်းသာဖို့သာ အဓိကထားပြီး ဘို့တလုံးသမားတွေ အဖြစ်ခံယူကာ စီးပွားရှာကြ၏ တကယ်တန်း အထိနာတာကတော့ သုံးဆွဲသူ ပြည်သူတွေသာဖြစ်ပါ၏
      တရုတ်ပြည်သည် အရေအသွေးကောင်း ပစ္စည်းတွေလည်း ထုတ်လုပ်ပါ၏ ဒါပေမဲ့ အဲဒီပစ္စည်းတွေကိုတော့ အဆင့်မြင့် သည့် ဥရောပ အမေရိကန် စသော နိုင်ငံတွေကို ပို့ဆောင်စေပြီး စက်ရုံရဂျက်ထိ အဆင့်နိမ့်ပစ္စည်းတွေသာ မြန်မာပြည် ပို့သောကြောင့် တရုတ်ပြည်၏ မြန်မာပြည်အပေါ်ထားသော စေတနာကို မြန်မာပြည်သားတွေ နားလည်ထားသင့်၏ တရုတ် နဲ့ပေါင်းလို့ကတော့ တိုင်းပြည်အခွန်ပဲကျန်မှာဖြစ်၏ မြန်မာပြည်၏ အသားကိုစား အသွေးကိုသောက်အဆီကိုမြိုမည့် တရုတ် တွေကို မြန်မာပြည်သားတွေ ပေါင်းသင့် မပေါင်းသင့် စဉ်းစားဆုံးဖြတ်ရန်သာဖြစ်ပါ၏
      မြန်မာနှင့် အမေရိကန် ဆက်ဆံရေးတွေ တိုးတက်လာပါက မြန်မာပြည်အတွက် အလွန်လိုအပ်သော ငွေးကြေးရန်ပုံငွေ တွေကို ကမ္ဘာ့အဆင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ရယူနိုင်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရသော အဖြစ်မှ လွှတ်မြောက်ကာ ကမ္ဘာနှင့် ရင်ဘောင်တန်းလာသော ကမ္ဘာ့စီပွားရေး စနစ်သစ်တခုဆီသို့ ၀င်ရောက်လာနိုင်မှာဖြစ် ပါ၏ အမှီအခိုကင်း၍ လွတ်လတ်သော ကုန်သွယ်မှု၏ အရသာကို ပြည်ပြည့်၀၀ ခံစားရမှာ ဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.