အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 17, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၅၄)





     သုရာမေရယ-ဆိုသည်မှာ
   သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
    မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏ သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ်၊ မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာ ဟူသမျှသည် သေရည် သေရက်၊ သို့မဟုတ် အရက်သေစာ - သုရာမေရယ တွေဖြစ်၏။
   အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်းစသောဆေးရည်လည်း အပါအ၀င်ဖြစ်၏။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊  ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်း၊ ဘီယာ၊ ၀ိုင် ၊ ငါး ၊အစရှိသော အမျိုးမျိုးသော မူးယစ်ဆေး မှန်သမျှသည်- သုရာမေရယ တွေသာဖြစ်၏။
     ထိုသူရာမေရယ-တွေကို ရှောင်ကြဉ်ခြင်းသည် ရိုးရိုးသာမာန်အသိနှင့် ရိုးရိုးသာမန်အကျင့်ဖြစ်သည့် သွင်ပြင် လက္ခဏာ အားဖြင့်သာ စောင်ထိမ်းနိုင်ခြင်းဟု ဆိုရမှာဖြစ်၏။ ကိုယ်တိုင်ရှောင်ကြဉ်ရုံသက်သက်ဖြင့် သုရာမေရ ယ-ကို လုံခြုံအောင် စောင့်ထိမ်းနိုင်သည်ဟု မဆိုနိုင်သေးပါ။
     သူရာမေရယ-မှာ ထူးခြားသောအသိနှင့် ထူးခြားသောအကျင့်ဟုဆိုအပ်သော အနှစ်သာရပိုင်းဆိုင်ရာ စောင့် ထိမ်းစရာတွေ များစွာရှိပါသေး၏။ ထိုအနှစ်သာရပိုင်းဆိုင်ရာ စောင့်ထိမ်းခြင်းသည် သုရာမေရယ-သမားတွေ လောကကြီးတွင် မထွန်းကားလာအောင် ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ပေးရမှာဖြစ်၏။
  ထိုအနှစ်သာရပိုင်းဆိုင်ရာ စောင့်ထိမ်းချင်သည့် လူသားတွေ၏ သဏ္ဍာန်မှာ လောကကြီးကို ချစ်တတ်ဖို့လည်း လို၏။ လောကကြီးကို ကျင်နာတတ်ဖို့လည်းလို၏။ လောကကြီးကို မြတ်နိုးတတ်ဖို့လည်းလို၏။ လောကကြီးကို ခွင့်လွှတ်တတ်ဖို့ လည်းလို၏။ ချစ်တတ် ကျင်နာတတ် မြတ်နိုးတတ် ခွင်လွှတ်တတ်မှသာလျှင် သုရာမေရယ-သမားတွေ လောကကြီး မထွန်းကားလာအောင် ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်၏။
      တကယ်တော့လည်း သူရာမေရယ-မထွန်းကားအောင် လုပ်ဖို့ဆိုတာ လွယ်ကူလှမည်မဟုတ်ပါ အဘယ့် ကြောင့်ဆိုသော် ဧည့်ခံပွဲ ပါတီပွဲ ညစာစားပွဲတွေတွင် သူရာကောင်းကောင်းပါမှ ဂုဏ်ရှိသည်ဟုထင်နေတဲ့ ခုခေတ်ကြီးထဲမှာ၊ ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲမှာလည်း သူရာသောက်မှ ဂုဏ်ရှိသည့် ပြကွက်တွေ ပြနေကြသည့် ခေတ်ကြီးထဲတွင် သူရာထွန်းကားအောင် လုပ်နေတဲ့ ခေတ်ကြီးထဲမှာ သူရာမထွန်းကားအောင် လုပ်ဖို့ဆိုတာ များစွာခက်ခဲပါ၏။
     သူရာမေရယ-ကိုလည်း မြန်မာတွေ အလွန်နှစ်သက်တာတွေ့ရ၏။ ဘုန်းကြီးတွေ အမြုတ်ထွက်အောင် ဘယ် လောက် ဟောဟော မောရုံသာရှိ၏၊ သူတို့တတွေ သောက်မှုတွေ မရော့သွားတဲ့အပြင် ပိုသေက် ပိုမူးနေတာကို တွေ့ရ၏၊ အရက်ဆိုင်တွေကလည်း အရက်ဘဲရောင်းကောင်းသည် ကျန်ပစ္စည်း သိပ်ရောင်းမကောင်းဟု ပြော ဆိုနေကြ၏။ ယ္ခုလို အချိန်သည် အရက်ရောင်းသူရော အရက်သောက်သူပါ စည်းလုံးညီညွတ်နေချိန်ဖြစ်၏။
    သူရာမပါလျှင် လူရာမ၀င်လို့ ပြောနေချိန်တွင် သူရာကြောင့်စီးပွားဖြောင့်နေသည့် သူရာကုန်သည်များနှင့်။ သူရာကို မက်မက်မောမော သုံးဆောင်နေတဲ့ သူရာဇိုးတွေကတော။့ သူရာအကြောင်း ဘယ်လောက်ပြောပြော နာဝင်မည်မထင်ပါ။ သူရာသည် လူသားကို ဘယ်လိုဆိုးကျိုးတွေပေးသလဲ။ သူရာရောင်းသူတွေလည်း သူရာ ဆိုတာရောင်းသင့်တဲ့အရာလား။ မရောင်းသင့်တဲ့ အရာလားဆိုတာ ခွဲခြားသိစေချင်ပါ၏။
    ဗုဒ္ဓဘာသာဝင်တွေ ရှောင်ကြဉ်ဖယ်ရှား အပြစ်ဖြစ်လျှက် မရောင်းကောင်းသော ကုန်ငါးမျိုးရှိ၏။
      ၁။သတ္ထ ၀ါဏိဇ္ဇ-သတ္တ၀ါတို့ သေစေကြောင်း လက်နှက်အမျိုးမျိုး။
       ၂။သတ္တ ၀ါဏိဇ္ဇ-ဆင် မြင်း လူ စသော အစေခံ သတ္တ၀ါအပေါင်း။
       ၃။မံသ ၀ါဏိဇ္ဇ-အသားစားကြောင်း ကြက် ငှက် ၀က် ငါး စသော သားကောင်အမျိုးမျိုး။
       ၄။မဇ္ဇ ၀ါဏိဇ္ဇ- သေရည် သေရက် မူးယစ်ဆေးဝါး အမျိုးမျိုး။
       ၅။ ၀ိသ ၀ါဏိဇ္ဇ -သတ္တ၀ါသေစေကြောင်း အဆိပ်အမျိုးမျိုး။]
 


Type your summary here. Type the rest of your post here.

No comments: