အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, December 19, 2014

နို့ကြေးဆပ်သူ-အာဂလူ(၅၆)





  သေရည်ရောင်းဝယ်ခြင်း၏ အပြစ်ကို ပြောပြပြီးတဲ့နောက် သေရည်သောက်သူတွေ၏ လက်တွေ့ခံစားရမည့် အကျိုးဆက် တွေကိုလည်း ရှင်တော်ဗုဒ္ဓက ဟောဖေါ်ညွန်ကြားခဲ့ပါ၏။
ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌......
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ် ကျပ်မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှု မလုပ်ဘဲ သေပါက နောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက် ခြင်းစသော ဆိုးကျိုးများကို ခံစားရပါ၏။
   စောင့်ထိမ်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်း ကျိုးချမ်းသာများကို ခံစားရပါ၏။
      သေရည်နဲ့ ငြိမ့်နေသော မြန်မာတွေကို သေရည်ရှောင်ကြဉ်ဖို့ တရားဟောရင်တော့ ကျွဲပါးစောင်းတီးသလို ဖြစ်နေမှာ သေချာ၏။ ဘုန်းကြီး မြန်မာပြည်ပြန်တဲ့အချိန်တုံး ဘုန်းကြီးဇာတိရွာကို နှစ်စဉ်ရောက်ခဲ့၏ ဘုန်းကြီး လှူထားတဲ့ ရွှေရတု ရေကန်ကို နံက်စောစော ကန်ဘောင်ပေါ် လမ်းလျှောက်ခဲ့၏။ ထူးထူးခြားခြား ဘာတွေ တွေ့ခဲ့သလဲဆိုတော့ အရက်ပုလင်း ခွန်တွေ ကံဘောင်ဘေးတွင် များစွာတွေ့ခဲ့ရ၏။
      သြော်---ဒို့ရွာလည်း ရောင်းသူ ၀ယ်သူ သောက်သူတွေနဲ့ အရက်ယဉ်ကျေးမှု ထွန်းကားနေပြီဆိုတာ ဤ အရက်ပုလင်း တွေက သက်သေခံနေပါ၏။ သေရည်သေရက်နှင့် လောင်းကစားသည် ရွာသူရွာသားတွေ၏ စာရိတ္တကို ဖျက်ဆီးနေခြင်း ဖြစ်၏။ ထိုသေရည်ထွန်းကားလာသောရွာသည် အစစ အရာရာ နိမ့်ပါးလာမည်မှာ ဧကန်မလွဲပါ။
      ရွာမှ အနာဂါတ်လူငယ်တွေ စာရိတ္တပျက်ပြားလာလျှင် ဤရွာ၏နောင်ရေးသည် ရင်လေးစရာပါ။ သေရည် သေရက် လောင်းကစား ထွန်းကားလာလျှင် ဤရွာသည် လူလိမ် လူညာ သူခိုး ဓါးပြတွေ ပေါများလာမှာဖြစ်၏။ ဒို့ရွာမှ လူငယ်တွေ ထိုသေရည်နှင့် လောင်းကစားကို မခင်တွယ် မပတ်သက်ဖို့ တိုက်တွန်းပါ၏။
     မလေးရှားတွင်လည်း မြန်မာတွေ သေရည်ကို ခင်တွယ်လှ၏။ မြန်မာဆိုင်တွေ သေရည်မရောင်းရလျှင် ဆိုင် ပြုတ်လိမ့်မည်ဟု ပြောနေကြ၏။ သေရည်နှင့်ပတ်သက်ပြီး မလေးရှားတွင် ရေးစရာ ဇာတ်လမ်းတွေက များစွာ ရှိ၏။ တနေ့တော့ ဘုန်းကြီးကျောင်းကို သေရည်အမြဲမှီဝဲနေသော ဒကာတယောက် ဘဲလာတီး၏ ဘုန်းကြီးတံခါး ဖွင့်ကြည့်တော့ သေရည်ဇိုး ဒကာကိုတွေ့ရ၏။ ဘုန်းကြီးကို လက်အုတ်ချီပြီး လျှောက်ထားစရာရှိလို့ပါဘုရားဟု ပြောတာကြောင့် တံခါးဖွင့်ပေးလိုက်၏။
     မလေးရှားတွင် လျှောက်ထားစရာရှိလို့ပါဆိုသည့် စကားရပ်သည့် အတော်သတိထားရသောစကားရပ် ဖြစ် ၏။ သူတို့ လျှောက်ထားတာက တခါတလေ လာလိမ်တာလည်းဖြစ်နိုင်၏။ ပိုက်ဆံလာချီးတာလည်း ဖြစ်နိုင်၏။ နိုင်ငံရေးအကြောင်းတွေ မစားရ ၀မခမ်း နားညီးအောင် လာလျှောက်ထားတာလည်းဖြစ်နိုင်၏။ သာသနာပြု ယောင်ယောင် ဘိုးတော်ယောင်ယောင် နတ်ယောင်ယောင်တွေလည်း အဓိပ္ပါယ်မရှိလာပြောနေတာလည်း ကြုံဘူး၏။
 


Type your summary here. Type the rest of your post here.

No comments: