အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 30, 2014

၂-၁၁-၂၀၁၄ ဓမ္မရောင်ခြည် ကထိန်ပွဲတော်



၂-၁၁-၂၀၁၄-ကထိန်ပွဲတော်
ဖိတ်ခေါ်ပါသည်-ဓမ္မရောင်ခြည်။
၂၀၁၄-ဓမ္မရောင်ခြည် စုပေါင်းဘုံကထိန်ပွဲတော်တွင် ကျွေးမွေးဧည်ခံရေး ဆွမ်း၊ဆွမ်းဟင်း၊အလှူ ရှင် ကိုအောင်ဝင်းလှို င်+မဋ္ဌေးဋ္ဌေးမြင့်-သမီးဇင်ဇင်မြင့်၊ သားထူးခန့်လှို င်၊ရွှေနှင်းဆီမြန်မာဆိုင်-ပူချုန်း ၁၂-မိုင် မိသားစု။အအေး၊ ရေသန့်၊ လဘက်၊ကျောက်ကျော၊ ရွှေကျီ အလှူရှင်-ကိုဝင်းမျိုးအောင်၊ ကိုကျော်မျိုး -ရွှေနှင်းဆီမြန်မာဆိုင် ပူချုန်း။


Type your summary here. Type the rest of your post here.

နို့ကြွေးဆပ်သူ-အာဂလူ(၂၅)





   ပါဏာတိပါတကို၊ ကိုယ်တိုင်အသိထူးနဲ့သိပြီး၊ ကိုယ်တိုင်အကျင့်ထူးနဲ့၊ ကျင့်နိုင်သူတွေသည်၊ မိမိကိုယ်တိုင် လည်း၊ ကိုယ်ကျင့်တရားနဲ့ပြည့်စုံ၊ သတ္တ၀ါတွေလည်း၊ အသက်ရှည်စေသောကြောင့်၊ လောကီရေးရာဘဲ ကြည့် ကြည့်၊ လောကုတ္တရာရေးရာဘဲကြည့်ကြည်၊့ အပြစ်ကင်း၍၊ ပညာရှိသူတော်ကောင်းတွေ၊ ချီးမွမ်းအပ်သော တရားတွေသာဖြစ်၏။
     ကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်သူသည်၊မိမိကိုယ်ကို၊မိမိကြည်ညိုခြင်းဆိုသည့်၊အကျိုးတရားကိုလည်း၊ ရရှိ ၏။ပတ်ဝန်းကျင်မှ၊ချီးမွမ်းစကားတွေ ပြောဆို၍၊လေးလေးစားစား၊ခင်ခင်မင်မင်၊ဆက်ဆံလာတတ်ပါ၏။ ယ္ခုဘ၀ ဖြစ်ပေါ်လာမည့်ဘေးအန္တရယ်ဆိုးတွေမှလည်း၊ ကင်းဝေးနိုင်၏။ နောင်သံသရာအတွက်လည်း၊ အလွန် စိတ်ချရ သော၊ အသိထူးနဲ့ အကျင့်ထူးတွေ ဖြစ်သောကြောင့်၊ ပရဟိတသမားစစ်စစ်တွေ၊ လိုက်နာကျင့်သုံးရမှာဖြစ်၏။
    သီလတွေ မစောင့်ထိမ်းနိုင်တဲ့ မိဘတွေကို၊သီလတွေ စောင့်ထိမ်းလာနိုင်အောင်၊ဆောင်ရွက်ပေးနိုင်တဲ့ သား သမီးတွေသာလျှင၊် အမေ့နို့ဖိုးကျေအောင်ဆပ်နိုင်သူဟု ဆိုထားသောကြောင့်၊ စာရှုသူ၏ မိဘတွေလည်း၊ ပါဏာ တိပါတနဲ့ စီးပွားရေးလုပ်ပြီး၊မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့၊မိဘတွေ ရှိကောင်းရှိနိုင်ပါ၏။ သားတွေ သမီးတွေ စားဝတ်နေရေးအတွက်၊အကုသိုလ်နဲ့ရင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ မိဘတွေလည်း၊လောကတွင် များစွာရှိပါ၏။
     မိဘတွေသည် သားသမီးအတွက်ဆိုလျှင်၊ ဘယ်လိုဘဲ ပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်ဝန့်သူတွေ၊ အနစ်နာ ခံဝန့်သူတွေသာဖြစ်၏၊ပါဏာတိပါတနဲ့ စီးပွားရေးလုပ်ပြီး၊မိသားစုစားဝတ်နေရေးကို၊ဖြေရှင်းနေတဲ့၊မိဘတွေ၊များ စွာရှိပါ၏။ မြန်မာပြည်မှာဆိုလျှင၊် ငါးမွေးမြူရေး၊ ပုဇွန်မွေးမြူရေး၊ ၀က်မွေးမြူရေး၊ နွားမွေးမြူရေး၊ ကြက်ဘဲမွေး မြူရေးစသည်ဖြင့်၊မွေးမြူရေးပေါင်းစုံလုပ်ပြီး၊ မိသားစုအရေးကို၊ဖြေရှင်းနေတဲ့ မိဘတွေရှိသလို၊စီးပွားဖြစ်ဆောင် ရွက်နေသော မိဘတွေလည်း များစွာရှိပါ၏။
      တောသူတောင်သားတွေဆိုလျှင်လည်း၊လယ်ယာလုပ်ငန်းလုပ်တဲ့ မိဘတွေလည်း၊မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့၊ ငါးရှာဖားရှာ ဆောင်ရွက်နေရတဲ့ မိဘတွေလည်းရှိပါ၏။ တောင်ယာလုပ်ကိုင်တဲ့မိဘတွေလည်း၊ ဖွတ် ပဒတ်ရှာပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ မိဘတွေလည်းရှိပါ၏။ တောတောင်နဲ့နီးကပ်စွာနေတဲ့ မိဘတွေလည်း၊ တောထဲတွင်၊ ရတဲ့သားကောင်ရှာဖွေပြီး၊ မိသားစုစားဝတ်နေရေးကို၊ ဖြေရှင်းနေရတဲ့၊ မိဘတွေ လည်း၊ များစွာရှိပါ၏။
     မလေးရှားရောက် မြန်မာတွေလည်း၊အကုသိုလ်အလုပ်နဲ့ စီပွားရှာနေရတဲ့၊ မြန်မာတွေများစွာရှိ၏။ မိဘနေရာ ကပါဝင်ပြီး၊ မြန်မာပြည်ရှိ သာသမီးတွေကို၊ ငွေမှန်မှန်ပို့ပြီး၊ ကျောင်းထားသင့်တဲ့ သားသမီးတွေကိုကျောင်းထား၊ စားဝတ်နေရေး အစဉ်ပြေအောင်၊ လုပ်ကိုင်ကျွေးမွေးနေရတဲ့ မိဘတွေရှိသလို။ မိဘတွေကို၊ အကုသိုလ်နဲ့ရင်းပြီး၊ စီပွားရှာနေတဲ့၊ သားသမီးတွေလည်း၊ များစွာရှိပါ၏။
     အရှင်လတ်လတ်ကို၊လက်ညိုးထိုးပြီး၊ချက်ခိုင်းတဲ့ စားသောက်ဆိုင်မှာလုပ်ရတဲ့၊ စဖိုမှုးတွေသည်၊ အကုသိုလ် နဲ့ရင်းပြီး၊ လုပ်ရတဲ့သူတွေပါ။ပင်လယ်စာတွေဖြစ်တဲ့၊ ဂဏန်းတွေ၊ ခရုတွေဆိုလျှင်၊ အရှင်လတ်လတ်ရေနွေးထဲ ထည့်ပြုတ်ရ၊ အရှင်လတ်လတ် သတ်ဖြတ်ခုတ်ထစ်ပြီး ချက်ပြုတ်ပေးရတာပါ၊ တချို့မြန်မာတွေလည်း၊ ဘုန်းကြီး ကျောင်းလာပြီး၊ ရင်ဖွင့်ကြ၏။    
     သူတို့ သတ္တ၀ါတွေ သတ်ဖြတ်ရတဲ့ အလုပ်တွေကို မလုပ်ချင်ကြပါ၊ အလုပ်မရှိခင်၊ရတဲ့အလုပ်ကို၊၀င်လုပ်နေ ရခြင်းဖြစ်၏။ အလုပ်သစ်ရှာဖွေလို့ရလျှင၊် ဒီအလုပ်မှ ချက်ခြင်းထွက်မှာပါဟုပြောပါ၏။ တချို့လည်း အလုပ်သစ် ရလို့၊ သတ္တ၀ါတွေ သတ်ရတဲ့အလုပ်က၊ ထွက်လိုက်ပြီဖြစ်ကြောင်း၊ တယ်လီဖုံးနဲ့ လျှောက်ထားကြ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၆-၁၀-၂၀၁၄




မလေးရှားတွင်မွေးဖွားသော သားငယ်မောင်နန္ဒမိုး၏တနှစ်ပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၆-၁၀-၂၀၁၄





မလေးရှား-ပူချုန်း-၁၂-မိုရောက်ရွှမြန်မာများ၏ ဘုရားအနေကဇာတင်ဆွမ်းကပ်ပွဲ။
Type your summary here. Type the rest of your post here.

Wednesday, October 29, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၄)





   လောကမှာ၊သူတော်ကောင်းလိုကျင့်ရင်လည်း၊ရိုးသားဖြောင့်မတ်သောကြောင့်၊ပေါင်းသင်းရတာအစဉ်ပြေ၏။
သူယုတ်မာလိုကျင့်ရင်လည်း၊ လူမိုက်ဟုထင်ရှားသောကြောင့်၊ ရှောင်ရတိမ်းရလွယ်ကူ၏။ လူလိမ်မာ၊ သူတော် ကောင်းနှင့်၊ လူမိုက် သူယုတ်မာသည်၊ သူတို့အကျင့်တွေကို၊ ထင်ရှားစွာပြတတ်သောကြောင့်၊ ရိုးသားသည်ဟု ဆိုရမှာဖြစ်၏။
     သူတော်ကောင်းယောင်ဆောင်ပြီး၊ သူယုတ်မာအကျင့်ကို၊ ကျင့်နေသူတွေသာလျှင်၊ လောကအတွက်၊ အန္တ ရာယ် အရှိဆုံး၊ ပုဂ္ဂိုလ်တွေဖြစ်၏။ ဤလို အယောင်ဆောင် ပရဟိတသမားတွေ များလာလျှင်၊ ပရဟိတဆိုတဲ့ စကားလုံးကို၊ အရောင်ဆိုး ခံရတော့မှာဖြစ်၏။ ပရဟိတ စကားလုံးကို၊ လူတွေရွံလာတော့မှာဖြစ်၏။
      သတ္တ၀ါတွေအသက်ရှည်ရေးဆိုတဲ့၊ ပါဏာတိပါတကို၊ အနှစ်သာရပိုင်းဆိုင်ရာ၊ အထူးကျင့်မည့် သူတွေရဲ့၊ သဏ္ဍာန်မှာ၊ တလောကလုံးကို ရန်သူမိတ်ဆွေမခွဲဘဲ၊ချစ်နိုင်တဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို သနားကျင် နာတတ်တဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို မြတ်နိုးတဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို ခွင့်လွှတ်တတ် တဲ့ စိတ်ထားနိုင်သူ။ ဤလို မွန်မြတ်တဲ့စိတ်ရှိသူသာလျှင်၊ ပါဏာတိပါတကို အနှစ်သာရအားဖြင့် အထူးကျင့်နိုင် သူဟု ဆိုရမှာဖြစ်၏။
   ကမ္ဘာ့မီဒီယာကို ကြည့်မယ်ဆိုလျှင်လည်း၊အီရတ်မှာ အိုက်စစ်တွေ၏ တိုက်ခိုက်မှုကြောင့်၊ဇာဒီယာနှင့် ကဒ်မျိုး နွယ်စုတွေ၊ ထောင်သောင်းချီပြီး၊ တောတောင်တွေထဲ ထွက်ပြေးနေရတဲ့အတွက်၊စားရမဲ့၊ သောက်ရမဲ့၊ ဖြစ်နေတဲ့  ဒုက္ခသည်တွေကို၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ စသောနိုင်ငံတွေက ၊လေယဉ်ပေါ်မှ ၊စားသောက်ဖွယ်တွေ၊ ချပေးနေတာလဲ၊ သတ္တ၀ါတွေအသက်ရှည်အောင်၊အသက်နဲ့ရင်းပြီး၊ကျိုးစားအားထုတ်ပေးတာလည်း၊မီဒီယာမှာ တွေ့နေရပါ၏။
     ငတ်မွတ်ခေါင်းပါးဘေးနဲ့၊ ကြုံတွေ့နေရတဲ့အာဖရိကမှ၊အီသီယိုပီးယား၊ကညာ၊ဆိုမာလီယာလို ၊နိုင်ငံမျိုးတွေ ကိုလည်း၊ အငတ်ဘေးမှ၊ လွှတ်မြောက်အောင်ဆိုပြီး၊ ဘာမျှော်လင့်ချက်မှမပါဘဲ၊ အကူအညီတွေ၊ ရက်ရက်ရော ရော၊ ပေးကြတာကိုလည်း၊ ၀မ်းမြောက်ဖွယ်တွေ့မြင်ရ၏။
    သူတို့လည်း၊ပါဏာတိပါတသိက္ခာပုဒ်ကို၊အနှစ်သာရပိုင်းဆိုင်ရာ၊ထူးခြားသောအကျင့်ကို၊ကျင့်နေကြသည်ဟု ဆိုရမှာဖြစ်၏။ ဒါပေမဲ့၊ သူတို့တတွေ တကယ်ဘဲ၊ ပရဟိတစိတ်နဲ့ ကူညီနေတာလား၊ ဆိုတာကိုတော့၊ သုံးသပ်ရ မှာပါ။ ကိုယ့်ဘာသာကြောင့် ကူညီနေတာလား၊ကိုယ့်လူမျိုးမို့ ကူညီနေတာလား၊အားနဲသူကို၊ အားကြီးသူတွေက နှိပ်ဆက်လို့၊ကူညီနေတာလား ဆိုတာကိုတော၊့ သုံးသပ်ရမှာဖြစ်၏။
     ကိုယ့်ဘာသာ ကိုယ့်လူမျိုးမို့ ကူတာဆိုလျှင်တော့၊ သူတို့ကူညီတာလည်း၊ ပါဏာတိပါတကို၊အနှစ်သာရပိုင်း ဆိုင်ရာ၊ ကျင့်သုံးသည်ဟု မဆိုသာ၊ သူလိုကိုယ်လို၊ ရိုးရိုးသာမန်ကျင့်နိုင်လောက်ရုံသာဖြစ်၏။ လောကကြီးကို သာမန်လောက်၊ချစ်တတ်၊ ကျင်နာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ်၊သူတွေဟာ လောကအတွက်၊ သာမန် လောက်ဘဲ ကျင့်နိုင်မှာဖြစ်၏။
   အငတ်ဘေးနဲ့ ကြုံတွေ့နေရတဲ့၊ နိုင်ငံတွေကို၊ ဘာနှောင်ကြိုးမှမပါဘဲ၊ ရက်ရက်ရောရော၊ လှူဒါန်းသူတွေက တော၊့ လောကကြီးကို၊ထူးထူးခြားခြား၊ ချစ်တတ်၊ ကျင်နာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ်၊ သူတွေဖြစ်တာ ကြောင၊့် ပါဏာတိပါတကို၊ အနှစ်သာရပိုင်းဆိုင်ရာဖြင့်၊ ကျင့်သုံးနိုင်သူတွေဟု၊ ဆိုရမှာဖြစ်၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၂၅-၁၀-၂၀၁၄




မလေးရှား-ပီဂျေ- ချမ်ပက တရုတ်ကျောင်းဘုံကထိန်ပွဲတော် ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၄-၁၀-၂၀၁၄






မလေးရှား-ရှားအလမ်းရောက် မောင်မင်းမင်းကို+မဇင်မာလွင်တို့၏
မင်္ဂလာဦးဆွမ်းကျွေးအလှူ ။
Type your summary here. Type the rest of your post here.

Tuesday, October 28, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၃)



    သီလတွေချို့ယွင်းနေသည့်မိဘတွေကိုသီလတွေ ပြည့်စုံအောင် ဆောင်ရွက်နိုင်သည့်သားသမီးတွေလည်း အမေ့နို့ ဖိုးဆပ်နိုင်သူဟု ဆိုထားပါ၏။
     သီလဆိုတာ၊ လူသားတွေအတွက်၊ ဂုဏ်သိက္ခာအရှိဆုံး၊ အကျင့်သိက္ခာတခုပါ၊ သီလပြည့်စုံလေ၊ ဘ၀ဟာ အဓိပ္ပါယ်ရှိရှိ၊ ပိုပြီးလှပလာမှာပါ၊ တန်ဘိုးရှိတဲ့၊ ရတနာစိန်ကျောက်တွေ၊ မိမိခန္ဓာကိုယ်မှာ၊ အပြည့်ဝတ်ဆင်ထား
သည့် လူတယောက်သည်၊ ပတ်ဝန်းကျင်အမြင်မှာ၊ ကျက်သရေရှိသည်၊ ဂုဏ်ရှိသည်၊ လှပတင့်တယ်သည်ဟု ဆိုကြမှာဖြစ်၏။
   သို့သော် ထိုပုဂ္ဂိုလ်၏၊ အတွင်းသဏ္ဍာန်တွင်၊ သီလကင်းမဲ့နေခဲ့သော်၊ အပြင်တွင် နီနီရဲရဲတောက်ပပြီး၊ လှပနေ သည့် ကြီးအာသီးကြီးကို၊ခွဲကြည့်လိုက်သည့်အခါ၊အသီးထဲတွင်၊ ရွံစရာကောင်းလောက်အောင်၊ တွေ့မြင်ရသလို၊ သီလကင်းမဲ့နေသည့်၊ ပုဂ္ဂိုလ်တွေထံမှာလည်း၊ အဆင်းသာလှပြီး၊ အတွင်းမှာတော့၊ကြီးအာသီး ပုံစံပေါက် နေမှာ သေချာ၏။
      ကမ္ဘာလောကကြီး၏၊ သဘာဝနိယာမတရားဖြစ်သော၊ လောကပါလ-လောကကို စောင့်ရှောက်တတ်သည့် ငါးပါးသီလတရားကို၊ ကမ္ဘာလူသားတွေသည်၊ ကမ္ဘာဦးအစထဲက၊ လက်ခံကျင့်သုံးလာတာတွေ့ရ၏။ ကမ္လာဦးလူ သားတွေ လက်ခံကျင့်သုံးခဲ့သည့်၊ လူသားတွေ၏၊ အခြေခံအကျဆုံး၊ ဤငါးပါးသီလသည်၊ လူသားတွေအတွက်၊ ငြိမ်းချမ်းရေးလက်ဆောင်ကြီးဖြစ်၏။
    ငါးပါးသီလကို၊ အသိနဲ့အကျင့်၊ တထပ်တည်း တသားတည်းကျအောင်၊ ကျင်သုံးနိုင်မယ်ဆိုလျှင်၊လောကကြီး မငြိမ်းချမ်းနိုင်စရာအကြောင်းမရှိ၊ ငြိမ်းချမ်းသာယာသော လောကကြီး ဖြစ်မှာသေချာ၏။ အသိကတခြား၊အကျင့် တခြားဆိုလျှင်တော့၊လောကကြီးငြိမ်းချမ်းဖို့မလွယ်၊သိသလို ကျင့်နိုင်မှသာလျှင်၊လောကငြိမ်းချမ်းလာမှာဖြစ်၏။
    ထိုငါးပါးသီလတွင်၊ ပါဏာတိပါတအရ၊သတ္တ၀ါတို့၏ အသက်ကို၊ညှင်းပန်းနှိပ်ဆက် သတ်ဖြတ်ခြင်းမှ၊ ရှောင် ကြဉ်ခြင်းသည်၊လူပီသသော၊လူသားတယောက်၏၊ သဘာဝအသိဖြစ်၏။ စာနာစိတ်ရှိသော သူတော်စဉ်တွေ၏၊ မွန်မြတ်သောအသိ ဖြစ်၏။ လူပီသသော လူသားတယောက်၏၊ အသိတခုထဲနဲ့၊ပါဏာတိပါတအပေါ်၊ပြည့်စုံလုံ လောက်ပြီဟု မဆိုနိုင်သေးပါ၊ ထို့ထက် မြင့်မြတ်တဲ့ ကိုယ်တိုင်ကျင့်သုံးဖို့၊ အကျင့်မြတ်တွေလည်းရှိသေး၏။
       ပါဏာတိပါတကို၊လက်တွေ့ကျင့်သုံး လိုက်နာရမှာကတော့၊သတ္တ၀ါတွေ အသက်ရှည်အောင်၊ကျိုးစားအား ထုတ်ပေးရအုံးမှာဖြစ်၏။ရှေးခေတ်လူသားတွေသည်၊လောကပါလတရားဖြစ်သော၊ငါးပါးသီလဖြင့်သာ တိုင်းပြည် ကို ငြိမ်းချမ်းအောင် အုပ်ချုပ်ခဲ့ကြသည်ဟု၊ ရှေးစာပေတွေအရ သိရှိခဲ့ရပါ၏။ သတ္တ၀ါတွေ အသက်ရှည်အောင်၊ ကျိုးစားအားထုတ်ရမဲ့အကျင့်သည်၊ ထူးခြားသောအကျင့်ဖြစ်၏။ လက်တွေ့ကျင့်သုံးနိုင်မှသာလျှင်၊ အနှစ်သာရ ပိုင်းဆိုင်ရာ၊ ကျင့်သုံးရာရောက်၏။
     ဥပမာအားဖြင့်၊ နာဂစ်လေဘေးကြောင့်၊ ဒုက္ခရောက်နေသူတွေကိုလည်း၊ ပရဟိတသမားတွေ၊ သတ္တ၀ါတွေ အသက်ရှည်အောင်၊ ၀ိုင်းဝန်းကူညီတာတွေ့ရ၏။ ပဲခူးရေဘေး၊ လှဲကူးရေဘေး စသည်ဖြင့်၊ သဘာဝဘေး အန္တ ရာယ် ကြရောက်နေသော၊ဘယ်အရပ်မဆို၊ပရဟိတသမားတွေ၊သတ္တ၀ါတွေ အသက်ရှည်ရေး၊၀ိုင်းဝန်းကူညီတာ တွေ့ရ၏။
    သို့သော်၊ ထိုသူတို့သဏ္ဍာန်တွင်၊ထင်ပေါ်ကြော်ကြားချင်လို့ လုပ်နေတာလား။ သတင်းမီဒီယာ၊ အင်တာနက်
ပေါ်တွင်၊ ပေါ်ပြူလာဖြစ်ချင်လို့လုပ်နေတာလားဆိုတာကတော့၊ ပရဟိတသမားတွေ၊သူတို့စိတ်ကို သူတို့ကိုယ် တိုင်သာ၊ အသိဆုံးဖြစ်၏။ ထင်ပေါ်ကြော်ကြားချင်လို့၊ ပေါ်ပြူလာဖြစ်ချင်လို့၊ ပရဟိတလုပ်တယ်ဆိုလျှင်တော့၊ အသိနဲ့ အကျင့်က၊တခြားစီဖြစ်နေသောကြောင့်၊သတ္တ၀ါတွေအသက်ရှည်ရေးအတွက်၊ပါဏာတိပါတကို၊အနှစ် သာရပိုင်းဆိုင်ရာ၊ ကျင့်သုံးရာမရောက်ဘဲ၊ အယောင်ဆောင်၊ ပရဟိတသမားတွေဟုသာ၊ ဆိုရမှာဖြစ်၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၂-၁၀-၂၀၁၄



မလေးရှားရောက်ပုသိမ်သားလေးချစ်ညီညီမိသားစု၏လစဉ်အလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၂-၁၀-၂၀၁၄



ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်တင့်အားရည်စူး၍မလေးရှားရောက်သမီးနှင်မြေးများမှ
သင်္ကန်းနှင့်အလှူငွေများကပ်လှူ ကာ အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Monday, October 27, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၂)





   မယ်တော်ကြီးကိုလည်း ဘာသာခြားအယူဝါဒမှ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ဆောင်ရွက်ပေးရမှာ က သားးဖြစ်သူ အရှင်၏တာဝန်သာဖြစ်၏။ အမေ့နို့ဖိုးကြေအောင်ဆပ်မည်ဟု သားဖြစ်သူအရှင်၏ စိတ်ထဲတွင် သန္ဒိဋ္ဌာန်ချထား၏။
    ထိုင်းလူမျိုးတွေကဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ကာလပတ်လုံး ဆွမ်းကိစ္စကို တာဝန် ယူပါရစေလို့ လျှောက်ထားတာလည်း တွေ့လိုက်ရ၏။ မယ်တော်ကြီးကို ဘာသာပြန်၍ အကြောင်းစုံ ပြန်ပြောပြ
လိုက်တော့ မယ်တော်ကြီး စိတ်ထဲမှာ ဗုဒ္ဓဘာသာကို အထင်ကြီး လေးစားလာတဲ့ စိတ်တွေ ဖြစ်ပေါ်လာ၏။
   အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလောဆယ်အနေအားဖြင့် အစ္စ လာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့တင့်တယ် လှပတဲ့ ရူပကာယတတော်ကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်ရှုပြီး တသိမ့်သိမ့်ခံစားကာ  ကြည်ညိုမှုတွေ ဖြစ်ပေါ်လာပါပြီ။ ဗုဒ္ဓကိုကြည်ညိုသည့်အခါ ဗုဒ္ဓဝါဒကို သိချင်လာ၏ သားရဟန်းတော်အား ဗုဒ္ဓ၀ါဒ အကြောင်း ဟောပြရန် တောင်းပန်စကား ပြောလာပါတော့၏။
  သားဖြစ်သူအရှင် ၀မ်းသာလိုက်သည့်ဖြစ်ခြင်း ဒီလိုအချိန်နှင့် ဒီလိုအပြောမျိုးကို စောင့်နေခဲ့သူက ဤအရှင်သာ ဖြစ်၏ ခုတော့ မိမိမျှော်လင့်ခဲ့တာတွေ ဖြစ်လာခဲ့ပြီ အမေ့ကို ပထမဆုံးသာသနာပြုရတဲ့ အခွင့်အရေးကို ရရှိခဲ့ပါပြီ အမေ့ကို တရားဓမ္မတွေ ဟောပြလို့ မယ်တော်ကြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သွားလေပြီ ။      
    ဘုရားကိုလည်းမယုံကြည်၊ တရားကိုလည်းမယုံကြည် ၊သံဃာကိုလည်းမယုံကြည် ကံ ကံ၏ အကျိုးကိုလည်း မယုံကြည်တဲ့ မယ်တော်ကြီးသည်၊ယခုတော့ ဘုရားကိုလည်းယုံကြည်၊တရားကိုလည်းယုံကြည်၊သံဃာကိုလည်း ယုံကြည်၊ ကံ ကံ၏ အကျိုးကိုလည်းယုံကြည်တဲ့ သဒ္ဓါတရားအပြည့်အ၀ဖြင့် ဗုဒ္ဓဘာသာဝင် တဦးဖြစ်ခဲ့လေပြီ။
     အမေ့နို့ဖိုးကို ကျေအောင်ဆပ်နိုင်သော သားထူးသားမြတ်ဖြစ်လေပြီ။မယ်တော်ကြီးနဲ့ တနွယ်ငင် တစင်ပါဆို သလို  နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သောယူဂန်ဒါ နိုင်ငံသားတွေ ဟာ သရဏဂုံ သုံးပါးနဲ့ ငါးပါးသော သီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါ၏။
        အခုတော့အာဖရိကတိုက်ရဲ့ ဗဟိုချက်မဖြစ်သော ယူဂန်ဒါနိုင်ငံတွင် ဗုဒ္ဓဘာသာစတင်ထွန်းကားလာခြင်း ဖြစ်၏။ဗုဒ္ဓသာသနာ အာဖရိက ဗဟိုချက်မ၌ ဖြစ်ပေါ်လာခြင်းသည် ဗုဒ္ဓဘာသာအတွက် အတိတ်ကောင်း နိမိတ် ကောင်းဟု ဆိုရမှာဖြစ်၏ ထိုယူဂန်ဒါနိုင်ငံတွင်the pearl of Africa မှာ ဗုဒ္ဓဝါဒဟာ အုတ်မြစ်ချခဲ့ပါပြီ။ ထိုနိုင်ငံ၌ ထိုလူမျိုးတို့ သာသနာဘောင်ရောက်ပြီဆိုလျှင် ထိုနိုင်ငံတွင် သာသနာတည်ပြီဟု ဆိုရပါ၏။     
   ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း၊ ယူဂန်ဒါနိုင်ငံ တော် ကိုယ်စားပြုအနေနဲ့၊ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါ၏။ယူဂန်ဒါနိုင်ငံ၏ ပထမဆုံး ဗုဒ္ဓဘာသာ ကိုယ်စလှယ် ဖြစ်ပါ၏။ King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooro ဒေသရဲ့ဘုရင်လေး Oyo ဟာလည်း၊ ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါ၏။
    မကြာသေးခင်က မြန်မာနိုင်ငံမှာ၊ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ကျင်းပခဲ့တဲ့၊ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ၊ အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါ၏။  ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်၊ ဟောပြောပွဲတစ်ခုကိုလည်း ဆရာတော်သည် မွေးရပ်မြေ၌ ဗုဒ္ဓဘာသာ၏အကြောင်းကို ဟောပြောခဲ့ပါ၏။ မိမိနိုငံ မိမိလူမျိုးရှေ့၌ မိမိယုံကြည်သော ဘာသာအယူဝါဒတခု ကို တင်ပြဆွေးနွေးရခြင်းသည် အရသာရှိလှပါ၏။
    အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း၊ အခါအားလျော်စွာ၊ ဟောပြောမှုတွေ ပြုလုပ်ခဲ့၏။ အဲဒါ တွေကတော့ဆရာတော်ရဲ့၊ အောင်မြင်မှုတွေပါပဲ။ဆရာတော် ဗုဒ္ဓရက္ခိတမထေရ် ယူဂန္ဓာနိုင်ငံတွင်၊ ထေရ၀ါဒဗုဒ္ဓ သာသနာ ထွန်းကားအောင် ဆောင်ရွက်နိုင်ပါစေ၊ အာဖရိက ဗဟိုချက်မ နေရမှစတည်သော မြတ်ဗုဒ္ဓ သာသနာ သည်၊ အာဖရိကတတိုက်လုံး သင်္ကန်းရောင်တွေ ဖုံးလွှမ်းလိမ့်မည်ဟု မျှော်လင့်မိပါ၏။

 



Type your summary here. Type the rest of your post here.