အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Tuesday, December 30, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၆၃)
      မိဘကို ဒါန-အမွေပေးသောသား
      မြတ်စွာဘုရှားရှင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ သာဝ တ္ထိမြို့တော်တွင် အဒိန္နပုဗ္ဗက လို့ခေါ်တဲ့ ပုဏ္ဏားတစ်ယောက်ရှိ၏။  အဒိန္နပုဗ္ဗကဟာ ဥစ္စာဓနတွေ များစွာကြွယ် ၀သော်လည်း အလှူခံ ပုဂ္ဂိုလ်တွေကို ဘယ်တော့မှမလှူ သူမကြားခြင်ဆုံးစကာက အလှူခံခြင်းစကားသာဖြစ်၏ ဒါ့ကြောင့် သူ့ကို တခါမှ မလှူဘူးသူ အဒိန္နပုဗ္ဗကဟု ခေါ်ဆိုကြခြင်းဖြစ်၏။
    အဒိန္နပုဗ္ဗကသည် သာဝတ္ထိတွင် သူဋ္ဌေးစားရင်းဝင်တဦးဖြစ်၏။ သူတို့တွင် အလွန်ချစ်စရာကောင်းသော သား တယောက်ရှိ၏။ နာမည်ကတော့ မဋ္ဌကုဏ္ဍလီဖြစ်၏ မြန်မာလိုကတော့ နားဋောင်းလေးဖြစ်၏ ဒီနာမည်ကလည်း သူဋ္ဌေးကြီး၏ ကပ်စေးနဲမှုပေါ် အကြောင်းပြုပြီး ရလာသည့် နာမည်ဖြစ်၏။
    အဒိန္နပုဗ္ဗကသည် သားကိုချစ်သည် မြတ်နိုးသည် မှန်သော်လည်း သားထက် ပစ္စည်ဥစ္စာကို ပို၍ချစ်၏ ပို၍ မြတ်နိုး၏။ သူ၏ပစ္စည်းဥစ္စာကိုတော့ နည်းနည်းမျှ အပွန်းအပဲ့မခံ၊ သားဖြစ်သူ မဋ္ဌကုဏ္ဍလီ အရွယ်လေးဝင်ကာစ ပြုလာတော့ ခုခေတ် ကလေးတွေလို နားကွင်းလေး နားဋောင်းလေး ၀တ်ချင်လို့ ဖခင်ကို ဖွင့်ပြော၏။
 ဖခင်ကလည်း သားစိတ်ချမ်းသာအောင် နားဋောင်းလေးတကွင်းကို ရွှေပန်းတိမ်သည်ထံ အပ်နှံလျှင် လက်ခငွေ ကျေး ကုန်မှာဆိုးတာနဲ့ ကိုယ်တိုင်လုပ်ပေး၏ ပန်းတိမ်ပညာမရှိတဲ့သူ လုပ်တဲ့နားဋောင်းဆိုတော့ မလှမပ ပြောင် ချောချောလေး ဖြစ်နေ၏ သားကို ပြောင်ချောချော နားဋောင်းဝတ်ဆင်ပေး၏။ ထိုပြောင်ချောချော မလှမပ နားဋောင်းလေးကို ၀တ်ဆင်ထားသောကြောင့် မဋ္ဌကုဏ္ဍလီဟု နာမည်တွင်ခဲ့ခြင်းဖြစ်၏။
    အဒိန္နပုဗ္ဗကသည် သူ၏ပစ္စည်းတွေကို မလှူရက် မသုံးစွဲရက်နဲ့ နှမျှောတွန့်တိုနေသူဖြစ်၏။ လှူလိုက် သုံးစွဲ လိုက်လျှင် ပစ္စည်းတွေ လျှော့ပါးသွာမည်ကို သူမခံစားနိုင်။ မလှူဘဲ မသုံးစွဲဘဲနေပါက သူ့ပစ္စည်းတွေလျှော့ မသွား ဤသည်ကိုပင် အရှိသုခဖြင့် ကျေနပ်နေသူဖြစ်၏။ လူဖြစ်ပါလျှက် လူမပီသသူဖြစ်၏။ မိမိပစ္စည်းကိုသာ တွယ်တာမက်မောပြီး ဥစ္စာခြောက်နေသူဖြစ်၏။ မသေခင်ထဲက ဥစ္စာစောင့်ဖြစ်နေ၏။
     သားဖြစ်သူ မဋ္ဌကုဏ္ဍလီသည် (၁၆)နှစ်သားအရွယ်ရောက်လာသောအခါ အားအင်ကုန်ခန်းတဲ့ ဖျော့တော့ သောရောဂါ ဖြစ်လာ၏။ ခုခေတ်ဆိုလျှင် အသားဝါရောဂါဟု ဆို၇မှာဖြစ်၏။ မိခင်ဖြစ်သူက သားဖြစ်သူကို ဆရာ ကောင်း သမားကောင်း တို့ဖြင့် ကုသပေးပါရန် တိုက်တွန်းသော်လည်း သူဋ္ဌေးကြီးအဒိန္နပုဗ္ဗက နဲနဲလေးမှမလှုပ် ဘဲ ပိုက်ဆံကုန်မှာဆိုးတာကြောင့် သူကိုတိုင် ဆေးမီးတိုနဲ့ကု၏။
    အနာတခြား ဆေးတခြားဖြစ်နေတော့ သားရောဂါမသက်သာဘဲ တနေ့တခြား အခြေအနေဆိုးလာ၏။ ထိုအခါမှ ဆေးဆရာအိမ်သို့သွား၍ အသားဝါရောဂါဖြစ်လျှင် ဘယ်လိုဆေးနဲ့ ကုသရသလည်းဟု မသိမသာမေး ၏။ ဆရာကလည်း ဆေးကုသဖို့ လာရောက်ပင့်ဆောင်ခြင်းမဟုတ်သဖြင့် တော်စွလျှော်စွပင် ပြောလိုက်၏။
    ဆေးဆရာသည် လူနာကို သေသေချာချာစမ်းသပ်ပြီးမှ ရောဂါဝေဒနာကို ခန့်မှန်းနိုင်ပြီး ဆေးပေးနိုင်မှာဖြစ် ၏။ သို့သော် အဒိန္နပုဗ္ဗကသည် စမ်းသပ်ခ ဆေးဘိုးဝါးခ ပိုက်ဆံပေးရမှာ စိုးရိမ်သောကြောင့် မသိမသာမေး ခြင်းဖြစ်၏။ ဆေးဆရာကလည်း ကပ်စေးနည်း သူဋ္ဌေးကြီးကို အမြင်ကပ်တာနဲ့ တော်စွလျှော်စွ ပြောလိုက်တာ ကို အဟုတ်ထင်ပြီး  ပိုက်ဆံမကုန်ပဲ ရလာတဲ့ဆေးနည်းအတိုင်း သစ်ဥသစ်ဖုတွေကို တောမှာကိုယ်တိုင်သွား တူးပြီး ကြိုချက်၏
   အမှုန့်လုပ်ရမယ့်ဟာ အမှုန့်လုပ်၏၊ ပြီးတော့ သားကိုဆေးတိုက်၏။ သို့သော် ဆေးနည်းက မမှန်လေတော့ ရောဂါက မသက်သာပဲ ပို၍သာဆိုးလာ၏။ ရောဂါလည်း ကြွမ်းခဲ့ပြီ အချိန်လည်း နှောင်းခဲ့ပြီး အဒိန္နပုဗ္ဗကသည်  နောက်ဆုံးမှ သမားတော်ကိုပင့်၏ သမားတော်သည် မဋ္ဌကုဏ္ဍလီ၏ ရောဂါကို စစ်ဆေး၏။ စမ်းသပ်၏။
  သမားတော်သည် လူနာကို သေသေချာချာ စမ်းသပ်သောအခါ မိမိဘယ်လိုမှ မတတ်နိုင်တော့တဲ့အခြေ အနေ ရောက်နေ၏ မိမိဆေးချက် အစွမ်းမထက်နိုင်ကြောင်း သိရှိသဖြင့် အခြားသမားတော်ကိုပင့်ရန် လမ်းညွန်ပြီး
လက်လျှော့လိုက်၏။ အခြားသမားတော်များလည်း ရောဂါကျွမ်းနေပြီဖြစ်သောလူနာကို လက်မခံတော့ပါ။
   သမားတော်တွေ လက်မခံတော့သောအခါ သားမဋ္ဌကုဏ္ဍလီ တကယ်သေတော့မှာကို သိတဲ့အတွက် အဒိန္န ပုဗ္ဗကသည် သားကို အိမ်တွင်းမှာမထားတော့ပဲ အပြင်ကိုထုတ်ထားလိုက်၏။ အိမ်ထဲမှာထားရင် လူနာမေးလာ တဲ့သူတွေ အိမ်တွင်းက ပစ္စည်းတွေကို မြင်သွားမှာစိုးလို့တဲ့၊ ကဲကြည့် ဘယ်လောက်များ ပစ္စည်းဥစ္စာ အပေါ်မှာ တွယ်တာတပ်မက်နေသလဲဆိုတာ။ သားထက် ပစ္စည်းဥစ္စာကို ပိုချစ်နေသော အဒိန္နပုဗ္ဗကဖြစ်၏။
  သို့သော် အဒိန္နပုဗ္ဗက၏ ရင်တွင်း၌ ပစ္စည်းဥစ္စာကို တွယ်တာသော်လည်း သားကိုချစ်တဲ့ ချစ်ခြင်းကတော့ ပြင်း စွာဖြစ်နေ၏  အချိန်အခါတွေ လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် မိမိရဲ့ မိုက်မဲမှုကို မိမိသလျှင် ရင်နှင့်မမျှ ခံစားရတော့ မယ်ဆိုတာ ကြိုသိနေ၏။ နောင်မှတရတဲ့ နောင်တဆိုတာ သူဋ္ဌေးကြီး အဒိန္နပုဗ္ဗကကို နှိပ်ဆက်လေပြီ။
   မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး မဟာကရုဏာသမာပတ်က ထတော်မူပြီး ကျွတ်ထိုက်တဲ့သူတွေကို ကြည့်ရှုတော် မူတဲ့အခါ မကြာခင်ဇိဝှိန်ချုပ်တော့မယ့် မဋ္ဌကုဏ္ဍလီ သတို့သားလေးကို မြင်တော်မူ၏။ အမှန်အား ဖြင့် မဋ္ဌကုဏ္ဍလီ မိသားစုတွင် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ဘာကုသိုလ်မှ မရှိသော သနား စရာမိသားစုဖြစ်၏။ 
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၁၂-၂၀၁၄
မလေးရှားရောက် မသူဇာဝင်း၏မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.
Monday, December 29, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၆၂)
 မလှူချင်တဲ့ မိဘတွေကို လှူချင်လာအောင် တိုက်တွန်းပေးခြင်းသည်လည်း အမေ့နို့ဖိုးကြေအောင်ဆပ်သူဟုဆိုပါ၏။
      စွန့်ကြဲ ပေးကမ်း လှူဒါန်း ခြင်းကို ဒါနလို့လဲခေါ်ပါ၏ စာဂလို့လဲ ခေါ်ပါ၏။ မိမိတို့အမေတွေ စွန့်ကြဲ ပေးကမ်း လှူဒါန်းမှုကို စိတ်ဝင်စားအောင်ဆောင်ရွက်ရမည်ဖြစ်၏။ စွန့်ကြဲခြင်းသည် ကိုယ့်အောက်နိမ့်ပါးသူတွေကို စွန့်ကြဲ ခြင်းဖြစ်၏။ ပေးကမ်းခြင်းသည် မိမိနှင့်တန်းတူ မိတ်ဆွေတွေကို ပေးကမ်းခြင်းဖြစ်၏။ လှူဒါန်းခြင်းသည် မြင့်မြတ် တဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်းခြင်းဖြစ်၏။
   စွန့်ကြဲ ပေးကမ်း လှူဒါန်းတဲ့ အခါမှာလဲ တွန့်တိုစိတ်မရှိပဲ လွတ်လွတ် စွန့်ကြဲ ပေးကမ်း လှူဒါန်း နိုင်အောင် ဆောင်ရွက်နိုင်မှသာလျှင် ပါရမီမြောက်အောင် လှူဒါန်းနိုင်ခြင်းဖြစ်၏။ စွန့်ကြဲ ပေးကမ်း လှူဒါန်း တဲ့အခါမှာ လည်း အယုတ် အလတ် အမြတ်မရွေး ပေးကမ်းနိုင်တဲ့ အလေ့အကျင့်မျိုးရှိအောင် လေ့ကျင့်ပေးနိုင်ရမှာဖြစ်၏။
   ဒီလိုလှူဒါန်းမှုမျိုးဆိုတာ သူတော်ကောင်းတွေလှူဒါန်းနည်းပါပဲ။ ကိုယ့်ရှိတာကို ကိုယ်တစ်ယောက်ထဲ စားနေ ရုံနဲ့ ကျေနပ်မနေဘဲ သူတစ်ပါးကိုလဲ အတတ်နိုင်ဆုံး မျှဝေပေးလိုတဲ့ သူတော်ကောင်း စိတ်ဓာတ်ကလေးရှိနေ ခြင်းသည် ကောင်းလှပါ၏။ ဒီစိတ်ဓာတ်ခံကောင်းလေးရှိနေရင် အယုတ် အလတ် အမြတ်မရွေး ပေးကမ်းချင် စိတ် လှူဒါန်းချင်စိတ်ရှိမှာဖြစ်၏။   
    ပေးကမ်းခြင်းဟာ အောင်မြင်ရာ၏ ဆိုသလိုပဲ ပေးကမ်းကြည့်ပါ။ ကလေးတွေကို ပေးကမ်းရင် ကလေးတွေ က ချစ်၏၊ လူကြီးကို ပေးကမ်းရင် လူကြီးတွေကချစ်၏၊ အလုပ်သမားတွေကို ပေးကမ်းရင် အလုပ်သမားတွေက ချစ်၏။ တိရစ္ဆာန်တွေ ကျွေးမွေးလျှင်လည်း တိရစ္ဆာန်တွေက ချစ်၏။ ဒါကြောင့် ပီယဆေးဆိုတာလဲ ပေးကမ်း ကျွေးမွေးခြင်းပါပဲ။ နှမျောတွန့်တိုမှုမရှိ ပေးကမ်းတတ်တဲ့သူကို လူတိုင်းက ချစ်ခင် ဖေါ်ရွေကြပါ၏။   
    ဒါကြောင့် ဒီဘ၀မှာလဲ လူချစ်လူခင်ပေါ၊ နောင်ဘ၀အတွက်လဲ ကောင်းစားရေးအထောက်အပံ့ဖြစ်တဲ့ ပေး
ကမ်းကျွေးမွေးခြင်းသည် လူသားတယောက်၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ဆိုတာကို အမေတွေနားလည် သဘောပေါက်အောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် သားကောင်းသမီးကောင်တွေရဲ့ တာဝန်သာဖြစ်၏။
    မလှူရက် မစားရက်ဖြင့် ရသမျှလေးတွေကို ခြိုးခြံချွေတာပြီး စုဆောင်းကာ သားသမီတွေကို ပေးဆပ်ချင် သည့် ဆန္ဒသည် အမေတိုင်း၏ ပေးဆပ်ချင်သည့်ဆန္ဒဖြစ်၏။ ကိုယ့်ဖို့တော့ ဘာမှမစဉ်းစား သားတွေ သမီးတွေ အတွက်သာ စဉ်းစားပေးတတ်သော ကျေးဇူးရှင် မေမေတို့ကို ပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်အောင် ဆောင်ရွက် ပေးနိုင်တဲ့ သားသမီးတွေသည် အမေ့နို့ဖိုး ကြေအောင်ဆပ်တဲ့ သားသမီးတွေဖြစ်၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၁၂-၂၀၁၄
ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်တွင်တည်ဆောက်လျှက်ရှိသော
မလေးရှားဓမ္မရောင်ခြည်ကျောင်းအတွက်အလှူငွေရင်းဂစ်(၃၀၀)နှင့်
သစ်သီးတို့ကို သားငယ်ညီညီမင်းထွန်း၏(၃)နှစ်ပြည့်မွေးနေ့အဖြစ်
လှူ ဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.
Sunday, December 28, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၆၁)
  နောက်တော့ တိုင်းသူပြည်သားတွေပါ လိုက်သောက်တော့ တိုင်းသူပြည်သားတွေပါ အရက်စွဲကုန်ကြ၏။ အ လုပ်လည်း မလုပ်ကြတော့ ဆင်းရဲမွဲတေပြီး တိုင်းပြည်ပါ ပျက်ခဲ့၏။ မုဆိုးနဲ့ရသေ့လည်း ထွက်ပြေးကြပြီး သာ ကေတကို ရောက်လာကာ သာကေတမှာလည်း သေရည်ချက်ပြီး မင်းနှင့်ပြည်သူတွေကို သေရည်တိုက်ပြန်၏။
    သာကေတပြည်သူတွေလည်း အရက်စွဲပြီး သာကေတတိုင်းပြည်ပါ ပျက်စီးခဲ့ပြန်၏။ ရသေ့နဲ့ မုဆိုးလည်း သာ ကေတမှ ထွက်ပြေးလာပြီး သာဝတ္ထိကို ရောက်လာပြန်၏ သာဝတ္ထိမှာလည်း အရက်အိုးငါးရာ စီမံချက်ကြ ပြန်၏။ သာဝတ္ထိမင်းနဲ့ ပြည်သူတွေ အရက်သောက်ခါနီး သိကြားမင်းကိုယ်တိုင် လူ့ပြည်သို့ဆင်းလာကာ အရက်ရဲ့အပြစ် များကို ပြောပြ တရားဟောပြတဲ့အခါ သာဝတ္ထိမင်းကြီးက အမြင်မှန်ရပြီး အရက်အိုး အားလုံးကို ရိုက်ခွဲစေ၏။ ဒီကုမ္ဘဇာတကဇာတ်အရ “အရက်အစ သုရာ ၀ရုဏက“လို့ ဆိုရမှာဖြစ်၏။
   “လူကိုဖျက် အရက်“ ဆိုတဲ့ စကား ကြားဖူးမယ်ထင်၏။ မြန်မာဘုရင်တစ်ပါးအရက်ကြောင့် ဘ၀ပျက်သွား ရခြင်းဖြစ်၏။ “တပင်ရွှေထီး“ဆိုတာ ကြားဖူးကြမှာပါ။ တောင်ငူဘုရင် တစ်ပါးဖြစ်ပြီး အစက လက်ရုံးရည် နှလုံး ရည် လွန်စွာပြည့်ဝတဲ့ ရှင်ဘုရင်ဖြစ်၏။ အင်မတန် ထူးချွန် ထက်မြက်တဲ့ ရှင်ဘုရင်ဟာ ဘာကြောင့် ပျက်စီးရ သလဲဆိုရင် နယ်ချဲ့ပေါ်တူဂီတွေက အရက်နဲ့ ဖျက်ဆီးပစ်လိုက်လို့ တိုင်းပြည်ကိုလည်း မကြည့်ရှုနိုင်တော့ဘူး။ အမူးဘ၀နဲ့ပဲ နောက်ဆုံး လုပ်ကြံခြင်းခံရ၏။ တိုင်းပြည်ကိုဖျက်တာလည်း သေရည်ဆိုတဲ့ အရက်ပါဘဲ။
  ကုဋေရှစ်ရှယ် ကြွယ်ဝတဲ့ ဗာရာဏသီက သူဌေးလင်မယား အကြောင်းကိုလည်း စဉ်းစား ကြည့်ပါ။ သူဌေးဘ၀ ကနေ ဘာကြောင့် သူတောင်းစားဘ၀ ရောက်သွားရတာလဲ။ သေရည် အရက်ကို ခုံခုံမင်မင် သောက်ခဲ့သော ကြောင့် သူဋ္ဌေးဘ၀ကနေ သူတောင်းစားဘ၀ ရောက်ခဲ့ခြင်းဖြစ်၏။ အသူရာနတ်တွေ လွန်စွာပျော်မွေ့လှတဲ့ တာဝတိံသာ နတ်ပြည်ကို လက်လွှတ်ဆုံးရှုံးသွားရတာလည်း သေရည်သေရက်ကို အမူးလွန်အောင် သောက် ခဲ့ခြင်းကြောင့် တာဝတိံသာမှာဘုံပျောက်ပြီး အသုရာဘုံကို ရောက်ခဲ့ခြင်းဟာလည်း သေရည်အရက်ကြောင့် ပဲဖြစ်ပါ၏။
   အရှင်သာရိပုတ္တရာ လောင်းလျာလည်း ဘ၀တစ်ခုမှာ ရှင်ဘုရင်ဖြစ်စဉ်တုံးက အရက်မူးပြီး သားတော်လေးကို သတ်စား မိခဲ့ဘူး၏။ အရက်မူးပြေလာတဲ့အချိန် သားတော်လေးကို သတ်မိခဲ့တဲ့ နောင်တကြောင့် အရှင်သာရိ ပုတ္တရာလောင်းလျာက ဒီလို ဆုတောင်းခဲ့တယ်။ “ဒီဘ၀ကစပြီး ဘယ်ဘ၀မှ အရက်သမား လုံးဝမဖြစ်ရပါစေ
သား“ဆိုပြီး ဆုတောင်းခဲ့၏။ ရဟန္တာ မထေရ်လောင်ကြီးတွေတောင် သေရည်ကြောင့် အမှားကြီး မှားခဲ့ဘူး၏။
    စာရှုသူ သင်တို့မိဘတွေလည်း များသောအားဖြင့် သေရည်မကင်းသောမိဘတွေများပါ၏။ သောက်သူဖြစ် နိုင်သလို ရောင်းသူတွေလည်းဖြစ်နိုင်၏ သောက်သူ ရောင်းသူနှစ်ဦးလုံး သူရာမေရယကံနှင့် မလွတ်ကင်းပါ သူရာမေရယ ဆိုတဲ့ သီလတွေ လွန်ကျူးမိသူတွေဖြစ်နေပါ၏ အဲဒီလို သီလကင်းမဲ့နေတဲ့မိဘတွေကို သီလရှိ အောင်ပြန်လုပ်ပေးနိုင်မှသာလျှင် အမေ့နို့ဖိုး ကြေအောင် ဆပ်နိုင်သူဟု ဆိုရမှာဖြစ်၏။ အမေ့နို့ဖိုး ကြေအောင် ဆပ်နိုင်တဲ့ သားကောင်းသမီးကောင်းများ ဖြစ်ကြပါလို့ တိုက်တွန်းလိုက်ရပါစေ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၅-၁၂-၂၀၁၄
မလေးရှားရောက် မွေးနေ့ရှင်များဖြစ်ကြသော ဦးမြင်အောင်၊
ကိုအောင်မိုးဝင်း+မသက်မော်လှိုင်-တို့၏မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.
Thursday, December 25, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၆၀)
  သေရည်သည် ကုသိုလ်ရေးတွေပါ လိုက်ပြီးနှောက်ယှက်ဟန့်တားနေ၏။ ထိုသေရည်ကို လူတွေ အလွန်နှစ် သက်တာ တွေ့ရ၏။ ထိုသေရည် ဘယ်တုံးက စခဲ့သလဲဆိုလျှင် သာဝတ္ထိမြို့၏ နက္ခတ်ပွဲ နေ့တစ်နေ့တွင် ၀ိသာခါ ကျောင်းအမကြီးရဲ့ အမျိုးသမီးး အပေါင်းအဖေါ်တွေက အရက်ခိုးသောက်ပြီး ၀ိသာခါနဲ့အတူ ဇေတ၀န်ကျောင်း ကို ရောက်လာကြ၏။   
   အမှောင်ထုထဲမှာ ကြောက်အားလန့်အားနဲ့ အားကိုးရာ ရှာနေကြတဲ့ အချိန်မှာ မြတ်စွာဘုရားက ဥဏ္ဏလုံ နဖူး ခလယ်မှ မြင့်မြတ်တဲ့ အမွေးဖြူမှ ဖြူဖွေးလင်းလက်တဲ့ ရောင်ခြည်တော် လွှတ်ပြီး တရားဟောတဲ့အခါ မူးနေ သော အမျိုးသမီး ငါးရာစလုံး သောတာပန် တည်သွားကြ၏။ ၀ိသာခါကျောင်းအစ်မကြီး မေးလျှောက်ချက်အရ ဘုရားရှင်က သေရည်သမိုင်းကို ထိုကဲ့သို့ ဟောပြတော်မူ၏။
    ရှေးအခါ ဗာရာဏသီတိုင်းပြည် ဗြဟ္မဒတ်မင်း အုပ်စိုးတဲ့အချိန် ကာသိတိုင်းနေ သုရာ အမည်ရှိတဲ့ မုဆိုးဟာ ဆင်စွယ်နဲ့ စာမရီသားမြီးကို ရှာရန် တောထဲသို့ ထွက်ခဲ့၏။ တောတွင်း တစ်နေရာမှာရှိတဲ့ သစ်ပင်ကြီး တစ်ပင် ဟာ သဘာဝအတိုင်း ပင်စည်မှ အကိုင်း သုံးခု ဖြာထွက်ပြီး ခွကြီးဖြစ်နေ၏။ မိုးရွာတဲ့အခါ မိုးရေတွေ သစ်ပင်ခွမှာ ရေအိုင်သဖွယ် တင်နေ၏။   
   ငှက်တွေက တောထဲမှာ ပေါက်နေတဲ့ သလေးဆန်တွေကို ချီလာပြီး သစ်ပင်ပေါ်မှာ လာစားကြရင်း တချို့ သလေးဆန်တွေ သစ်ပင်ခွထဲကျကုန်၏။ တချို့ငှက်တွေက သစ်သီးတွေ ချီလာပြီး သစ်ပင်ပေါ်မှာလာစားရင်း အချို့သစ်သီးတွေလည်း သစ်ပင်ခွထဲ ပြုတ်ကျကုန်၏။
   အဲဒီလိုနဲ့ ကြာလာတဲ့အခါ သစ်ပင်ခွမှာရှိတဲ့ အရည်တွေဟာ နေရောင်ခြည်ကြောင့်လည်းကောင်း၊ သလေး ဆန်နဲ့သစ်သီး တွေကြောင့် လည်းကောင်း စိမ်ရည် အရက်ဖြစ်သွား၏။ ငှက်ကလေးတွေ ရှဥ့်ကလေးတွေ မျောက်ကလေးတွေ ရေလာသောက်တဲ့အခါ သစ်ခွထဲက ရေကို သောက်ရင်း မူးကြ၏။ မူးပြီး သစ်ပင်အောက် ကို ပြုတ်ကျကြ၏။ အမူးပြေတဲ့အခါ ကောင်းကောင်းမွန်မွန်ပဲ ပြန်သွားကြပြန်၏။
    တစ်နေ့တော့ သုရာမုဆိုးဟာ အဲဒီ သစ်ပင်အနားကို ရောက်လာ၏။ သစ်ခွရေကို သောက်ထားတဲ့ တိရစ္ဆာန် လေးတွေ သစ်ပင်အောက် ပြုတ်ကျနေတာကို တွေ့ရ၏။ အချိန်တန်တော့ ထပျံသွားတာကိုလည်း တွေ့ရ၏။ သုရာမုဆိုးက စဉ်းစား ကြည့်တယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာပါလိမ့်။ နောက်ဆုံး အဖြေကတော့ သစ်ပင်ခွမှာ ရှိတဲ့ အရည်တွေကြောင့် ဖြစ်မယ်ဆိုပြီး သူလည်း စမ်းသောက်ကြည့်၏။
  မုဆိုးလည်း သစ်ခွစိမ်ရည်ရဲ့ အရသာကို သိပြီး မူးသွားတော့၏။ မူးနေတဲ့ ငှက်ကလေးတွေကို ဖမ်းယူ သတ် ဖြတ်ပြီး မီးကင်လိုက်၊ သစ်ပင်ခွက အရည်ကို သောက်လိုက် လုပ်နေ၏။အဲဒီ သစ်ပင်နဲ့ မနီးမဝေးတဲ့ နေရာမှာ `၀ရုဏ`ခေါ်တဲ့ ရသေ့တစ်ပါး သီတင်းသုံးနေ၏။ မုဆိုးက ရသေ့ဆီသွားပြီး အရက်နဲ့ ဧည့်ခံတဲ့အခါ သူတို့နှစ်ဦး အရက်စွဲသွားကြ၏။
   သူတို့နှစ်ဦး သစ်ပင်ခွမှာရှိတဲ့ သေရည်ကို ၀ါးဆစ်ဗူးမှာ ထဲ့ပြီး ဗာရာဏသီမင်းထံ သွားရောက် ဆက်သ၏။ မင်းကြီးလည်း သုံးလေးရက်လောက် သောက်ကြည့်တဲ့အခါ ကုန်သွား၏။ ကုန်သွားတိုင်း သူတို့နှစ်ဦးကို ထပ် ထပ်ပြီး ယူခိုင်း၏။ နောက်ပိုင်း သူတို့နှစ်ဦး ကိုယ်တိုင် စီမံဖန်တီး ချက်ခိုင်းတော့၏။ အရက်ချက်တဲ့ သူတို့နှစ်ဦး ရဲ့ အမည်ကို အစွဲပြုပြီး အရက်ကို `သုရာ` (သို့မဟုတ်) `၀ရုဏ`လို့ ခေါ်လာကြခြင်းဖြစ်၏။
Type your summary here. Type the rest of your post here.