အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, January 14, 2015

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၁-၁-၂၀၁၅





မလေးရှားရောက် မောင်မြင့်ထူး+မထွေးထွေးခိုင်-တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၁-၁-၂၀၁၅




ကွယ်လွန်သူမိခင်ကြီးဒေါ်ပေါအားရည်စူး၍ မလေးရှားရောက် မောင်မင်းအောင်+
မပြုံးထက်လှိုင်တို့မှ ကုသိုလ်ပြုလုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၁-၁-၂၀၁၅




မလေးရှား-ပူချုန်း-အင်တန်းနေ ကိုထွန်းဝေလင်း+မအေးအေးသင်းတို့၏သား
မိုအာကာထွန်း-၏တနှစ်ပြည့်မွေးနေ့ဆွမ်းကုသိုလ်။
Type your summary here. Type the rest of your post here.

Tuesday, January 13, 2015

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၁၀-၁-၂၀၁၅



မလေးရှားရောက် ကိုခင်လှို င်+မခင်ခင်ကြူ တို့၏သမီးငယ်လေး၏
တလပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၁၀-၁-၂၀၁၅





ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်(၅၈)ရပ်ကွက်
သဒ္ဓမ္မာရာမ-မလေးရှား-ဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက်
ကွယ်လွန်သူမိခင်ကြီးဒေါ်အုံးရီအာရည်စူး၍သားကိုတင်ဝင်းနှင့်သူငယ်ချင်းများမှ
အလှူ ငွေရင်းဂစ်(၆၀၀)လှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Monday, January 12, 2015

ဓမ္မရောင်ခြည်သေကြာသတင်းစဉ် ၉-၁-၂၀၁၅



မလေးရှားရောက်မွေးနေ့ရှင်ရခိုင်လေး၏မွေးနေ့သင်္ကန်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၈-၁-၂၀၁၄



မလေးရှားရောက်မချောကလျှာဋ္ဌေးမွေးနေ့အလှူ နှင့်မောင်ဖရာက်ဒီလစဉ်အလှူ ။
Type your summary here. Type the rest of your post here.

Sunday, January 11, 2015

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၇-၁-၂၀၁၅






ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်(၅၈)ရပ်ကွက်
သဒ္ဓမ္မာရာမ-မလေးရှား-ဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက်
ကိုညိုဝင်း+မအိသန္တာဋ္ဌေး-ဇနီးမောင်နှံမှ အခမ်းတခန်းစာအလှူ ငွေ
ရင်းဂစ်(၁၀၀၀၀)လှူဒါန်းစဉ်။ 
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၇-၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာများလှူ ဖွယ်ပစ္စည်းများလှူ ဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

Friday, January 9, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၁)





   အမေ့နို့ဖိုးကြေအောင်ဆပ်သွားတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ ကောင်းပါ၏။
  မဂဓတိုင်း ရာဇဂြိုဟ်မြို့တော်၏အနီး ဗြာဟ္မဏ လူမျိုးများနေထိုင်ကြသော နာလကဆိုသည့် ရွာကြီးတစ်ရွာ တွင် ဖခင် ၀င်္ကန္တပုဏ္ဏားကြီးနှင့် မိခင်ကြီး သာရီပုဏ္ဏေးမတို့မှ သားသမီး (၇)ယောက်ဖွားမြင်၏။ ဥပတိဿ၊ ဥပသေန၊ စုန္ဒ၊ ရေ၀တ ၊ သားယောက်ျား(၄) ယောက်နှင့် မိန်းကလေး လေးယောက်မှာ စာလာ ၊ဥပစာလာ၊ သီသူပစာလာ၊ တို့ဖြစ်၏။
  ထိုနာလက ရွာကြီးမှာပင် မောဂ္ဂလိပုဏ္ဏေးမကြီးသား ကောလိတနှင့် ဥပတိဿတို့ သည် အလွန်ရင်းနှီးသော ငယ်သူငယ်ချင်းများဖြစ်၏။ သူငယ်ချင်း နှစ်ယောက်တို့သည် ငယ်စဉ်အခါမှစ၍ အတူတစ်ကွ နေထိုင်သွားလာခဲ့ ကြ၏။ တစ်နေ့သောအခါတွင် သူငယ်ချင်းနှစ်ယောက်တို့သည် ရာဇဂြိုဟ်မြို့ တော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ် ပွဲသဘင်သို့  အတူသွားရောက်ကြည့်ရှုကြ၏ ပါရမီပြည့်ချိန်ရောက်နေသည့် ဥပတိဿ၏ သဏ္ဍာန် တွင် အတွေးတခုပေါ်လာ၏။
    လူဘဝဟူသည် ဘာမျှရှည်ကြာလှသည်မဟုတ် ၊မည်သူမဆို အနှစ်တစ်ရာအတွင်း၌ပင် သေကြရမည်ဖြစ်၏။ ထိုသို့ တိုတောင်းလှသည့် ဘဝသက်တမ်းအတွင်း အပျော်အပါးလိုက်စားနေခြင်းဖြင့်သာလျှင် အချိန်ကုန်နေ၍ မဖြစ်သင့်၊ သေခြင်းတရားမှလွတ်မြောက်ကြောင်း တရားကို ရှာကြံအားထုတ်သင့်လှ၏ ဟု တွေးမိလေ၏။
   ဥပတိဿသည် ခါတိုင်းကဲ့သို့  ပွဲသဘင်၌ ပျော်ရွှင်စွာ စိတ်ပါလက်ပါမရှိလှဘဲ၊ ခပ်တွေတွေဖြစ်နေ၍ သူငယ် ချင်း ကောလိတက အဆွေ-ဥပတိဿ၊ ဘာတွေကို စဉ်းစားနေပြီး၊တွေဝေနေပါသလဲ၊သူငယ်ချင်းဟု မေးလေ၏။ ဥပတိဿကလည်း စဉ်းစားဆင်ခြင်နေမိသည်ကို ပြန်လည်ပြောပြလိုက်၏။ ကောလိတကလည်း မိမိလည်း ထို သို့ တွေးဆင်ခြင်မိပါကြောင်းပြောလိုက်၏။ ၊
    သူငယ်ချင်းနှစ်ယောက်တို့ စိတ်တူသဘောတူဖြစ်ကြ၍ သေခြင်းမှလွတ်မြောက်ရာ တရားကို ရှာကြရန် သ ဘောတူ ဆုံးဖြတ်ခဲ့ကြ၏။ ထိုအချိန်တွင်သိဉ္စည်းအမည်ရှိ ပရိဗိုဇ် ရဟန်းတစ်ပါးသည် ထင်ရှားသောဘာသာရေး ဂိုဏ်းဆရာတစ်ဦး ဖြစ်ပြီး တပည့်များစွာနှင့် ရာဇဂြိုဟ်ပြည်၌ နေထိုင်လျှက်ရှိ၏။
   ဥပတိဿနှင့်ကောလိတသူငယ်ချင်းနှစ်ယောက်တို့သည် ထိုသိဉ္စည်း ပရိဗိုဇ်ထံသို့ သွား၍ ရဟန်းပြုကြလေ၏။ ရဟန်းပြုပြီး နှစ်ရက်သုံးရက် အတွင်းမှာပင် သိဉ္စည်းဆရာ၏ အယူဝါဒ အားလုံးကို သင်ယူတတ် မြောက်ကြ၏။ ထိုသိဉ္စည်း ဆရာ၏ အယူဝါဒ၌ မိမိတို့ ရှာဖွေနေသော သေခြင်းမှလွတ်မြောက်သော တရားမရှိကြောင်း သိလေ သောအခါ ကောလိတ နှင့် ဥပတိဿတို့ သည် မြို့၊ရွာ၊နယ်များသို့ လှည့်လည်၍ပညာရှိပုဂ္ဂိလ်များ ထံချဉ်းကပ်ပြီး သေခြင်းတရားမှ လွတ်မြောက်ကြောင်းတရားကို မေးမြန်း စုံစမ်းကြ ပြန်၏။
   ဤသို့ ရှာဖွေစုံစမ်းမေးမြန်းပါသော်လည်း မိမိတို့ လိုချင်သောတရားကို မတွေ့ ရှိသဖြင့် ရာဇဂြိုဟ်ပြည်သို့  ပြန် လာပြီး သိဉ္စည်းဆရာကျောင်း၌ပင် နေကြ၏။ ထိုသို့ နေထိုင်နေကြစဉ် မကြာမြင့်မှီအချိန်တွင် မြတ်စွာ ဘုရားရှင် သည် ရာဇဂြိုဟ်မြို့သို့ ကြွရောက်လာပြီးဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေထိုင်တော်မူ၏။  
     မြတ်စွာဘုရားရှင်၏ဓမ္မစင်္ကြာ တရားဦးကိုကြားနာခဲ့ကြရသော ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ တွင် တဦးအပါအဝင် ဖြစ်သော အရှင်အဿဇိ မထေရ်သည် တစ်နေ့ သော နံနက်ခင်းတွင် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ကြွတော်မူစဉ် ဥပတိဿ ပရိဗိုဇ်သည် ကြည်ညိုဖွယ်ရာ အရှင်အဿဇိရဟန်းတော်ကိုတွေ့ မြင်တော်မူ၏။
  လောက၌ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ် သို့မဟုတ် ရဟန္တာဖြစ်ကြောင်း တရားကို တွေ့ ရှိထားသော ပုဂ္ဂိုလ်တို့  တွင် ဤရဟန်းသည် တစ်ပါးအပါအဝင်ဖြစ်ပေလိမ့်မည် ဟု စဉ်းစားမိ၍ မိမိအလိုရှိနေသော တရားကို စုံစမ်းမေး မြန်းမည်ဟုကြံ၍ အရှင်အဿဇိ ဆွမ်းခံကြွရာနောက်မှ လိုက်သွားရာ အရှင်အဿဇိသည်ဆွမ်းခံပြီး၍ သင့်တော် သောနေရာသို့ ရောက်လေသော် ဆွမ်းဘုဉ်းတော်မူ၏၊
  ထိုအခါ ဥပတိဿသည် အနီးသို့ ချဉ်းကပ်၍အရိုသေပြုပြီးလျှင် အရှင်၏ဆရာသည်အဘယ်သူဖြစ်ပါသနည်း။
အရှင်သည်အဘယ်သူတရားကိုနှစ်သက်ပါသနည်း ဟု မေးလျှောက်သည်ရှိသော်၊ အို...ပရိဗိုဇ် ငါ၏ဆရာကား ဂေါတမ ဗုဒ္ဓဖြစ်ပါ၏။ ငါသည် ဂေါတမဗုဒ္ဓ၏ တရားတော်ကို အကြွင်းမဲ့ ယုံကြည် နှစ်သက်သူဖြစ်ပါ၏ဟု အရှင်
အဿဇိ ဖြေကြားလေ၏။
   အရှင်မြတ် ဤသို့ ဖြစ်လျှင် သင်တို့၏ဆရာ ဂေါတမဗုဒ္ဓ၏တရားကို အနည်းအကျဉ်းပင်ဖြစ်စေ အကျွန်ုပ်အား ဟောကြားပေးပါလော့ ဟု တောင်းပန်လျှောက်လေ၏။ ထိုအခါအရှင်အဿဇိက ဤလောက၌ ရှိရှိသမျှ သော အရာအားလုံးတို့သည် အကြောင်းတရား၏ ပြုစီမံဖန်တည်းမှုကြောင့် ပေါ်ပေါက်လာရကုန်၏၊ ထိုအကြောင်း တရားတို့ကို ငါတို့ဆရာ မြတ်စွာဘုရားသည် ထုတ်ဖော်ဟောကြားတော်မူ၏။
     ထိုအကြောင်းတရားနှင့် အကျိုးတရားနှစ်ပါးတို့ ၏ ချုပ်ငြိမ်းကြောင်း လမ်းစဉ်ကိုလည်း ညွှန်ပြတော်မူ၏

 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၄-၁-၂၀၁၄




မလေးရှားရောက်ရွှေမြန်မာများမြန်မာ့လွတ်လတ်ရေးနေ့အတွက်စုပေါင်းအလှူ တော်။
Type your summary here. Type the rest of your post here.

Thursday, January 8, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၀)





    တရားအားမထုတ်ချင်တဲ့ မိဘတွေကို တရားအားထုတ်ချင်လာအောင် ဆောင်ရွက်ပေးခြင်းသည်လည်း အမေ့နို့ဖိုးကြေ အောင်ဆပ်နိုင်သော သားကောင်းသမီးကောင်း ဖြစ်နိုင်ပါ၏။
     မိဘတွေသည် သားရေးသမီးရေးး စီးပွားရေးတွေနဲ့ လုံးလည်လိုက်ပြီး အချိန်တွေ ကုန်ဆုံးကာ အိုခြင်းက စလာသော်လည်း သူတို့ခမျာ အရေးပေါင်းစုံနဲ့ ကြုံတွေ့နေရပြီး ဘာဝနာနဲ့ အဝေးကြီး ဝေးနေတဲ့ မိဘတွေက အများစု ဖြစ်နေပါ၏။ သူတို့ပတ်ဝန်းကျင်တွင် ကျင်လည်သူများကလည်း နှစ်လုံး သုံးလုံးသမားဆိုလျှင် သူတို့ တတွေလည်း လောင်းကစားသမားတွေ လုံးလုံးဖြစ်ကာ လုံးပါး ပါးသွားတဲ့ မိဘတွေလည်း များလှပါ၏။
    ဘာဝနာ ဆိုတဲ့ တရားကို သူတို့တတွေ သိဖို့ ကျင့်ဖို့ ဆိုတာ သူတော်ကောင်းမိတ်ဆွေတွေနှင့် ပေါင်းဖေါ် မိပါမှ ကျောင်းကန်ဘုရားသို့ ရောက်ရှိပြီး သီလယူ တရားနာ ဘာဝနာပွားခြင်းကို ပြုလုပ်တတ်ပါ၏။ သူတော် စဉ်တွေနဲ့ ပေါင်းဖေါ်မိစေရန် အရေးကြီးပါ၏။
   စိတ်သည် မကောင်းမှု၌ မွှေ့လျှော်သည်ဟု ဆိုထားသောကြောင့်။ ကောင်းသောအကျင့်ကို စွဲဆောင်ဖို့ အလွန် ခက်ခဲတာ တွေ့ရ၏။  မကောင်းသောအကျင့်ကတော့ နှစ်ခါမခေါ်ရ တခါတည်းနဲ့ ပါသွားတာတွေ့ရတတ်ပါ၏။ မကောင်းသောပတ်ဝန်းကျင်မှာ ကျင်လည်နေသော မိဘတွေကို ကောင်းသောပတ်ဝန်းကျင်မှာ ကျင်လည်စေ ရန် သားသမီးတွေ၏ အခန်းကဏ္ဍလည်း ထိုက်သင့်သလိုအရေးပါတာတွေ့ရ၏။
     မလေးရှားရောက် ရွှေမြန်မာတွေကို အမေ့နို့ဖိုးကြေအောင်ဆပ်ချင်သည့် သားသမီးတွေ နိုင်ငံခြားရောက်နေ တာ အခွင့်အရေးတရပ်ဘဲဟု တရားဟောခဲ့၏။ မြန်မာပြည်မှ မိဘတွေသည် နိုင်ငံခြားရောက် သားသမီးတွေ၏ စကားကို အရေးပေး အလေးထားတာတွေ့ရ၏။
     နိုင်ငံခြားရောက်မြန်မာတွေ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ရမှာဖြစ်၏။ အမေတို့ အဖေတို့ သားတို့ သမီးတို့ နိုင်ငံခြားမှာ အလုပ်အကိုင်အစဉ်ပြေရန် ဒါနပြုပြီး ဆုတောင်းပေးပါအုံး၊သီလဆောက်တည်ပြီး ဆုတောင်းပေးပါအုံး၊ ရိပ်သာမှာ တရားအားထုတ်ပြီး ဆုတောင်းပေးပါအုံး ဆိုပြီး။အခွင့်အရေးကို အသုံးချတတ် ရမှာဖြစ်၏။
   မိဘတွေကလည်း နိုင်ငံခြားက သားသမီးတွေ မှာတဲ့စကားဆိုလျှင် သူနှင့်သူ့ပတ်ဝန်းကျင်ကို လှည့်လည်ပြော ဆိုပြီး နိုင်ငံခြားရောက် သားသမီးတွေအစဉ်ပြေဖို့ ခိုင်းတဲ့အတိုင်း တသွေမတိမ်း လုပ်တတ်တာတွေ့ရ၏။  မိဘ တွေထံ  ငွေကျေး ဓနတွေကို ပို့ပေးမယ်ဆိုလျှင်လည်း၊ အသုံးချပြီးပို့တတ်ဖို့လိုပါ၏။ စားရေးသောက်ရေးအ တွက် လှူဒါန်းဖို့အတွက် ရိပ်သာ ၀င်တရားအာထုတ်ဖို့အတွက်ဆိုပြီး ပို့ပေးနိုင်လျှင်ပိုကောင်းပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၃-၁-၂၀၁၅




ကွယ်လွန်သူမိခင်ကြီးအားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှအာရုံဆွမ်းကပ်လှူ
ကာအမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Wednesday, January 7, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၉)





    မြတ်စွာဘုရားရှင်မှ နတ်သား သင်လူ့ဘ၀တုံးက ဘယ်လိုကုသိုလ် ကောင်းမှုမျိုးပြုလုပ်ခဲ့လို့ ဒီလောက်ကြီး ကြယ်ခန်းနားတဲ့ ဗိမာန်ကြီးနဲ့ တာဝတိံသာနတ်ပြည်မှာ ခံစားစံစားရပါလည်းဟု မေးတော်မူသောအခါ--
    နတ်သားမှ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် လူဖြစ်စဉ်က သာဝတ္ထိပြည် အဒိန္နပုဗ္ဗကသူ ဋ္ဌေးကြီး၏ တဦးတည်းသော မဋ္ဌကုဏ္ဍလီဖြစ်ပါ၏။ သေအံ့ဆဲအချိန်၌ မြတ်စွာဘုရားရှင်အပေါ် စိတ်၌လှိုက်လှိုက်လှဲလှဲဖြစ် ပေါ်လာသော ကြည်ညိုသည့် သဒ္ဓါတည်းဟူသော ကုသိုလ်ကောင်းမှုတမျိုးတည်းကို သာ ပြုခဲ့ပါ၏။ ထိုကုသိုလ်ကံကြောင့် နတ်ပြည် စည်းစိမ်ချမ်းသာကို ခံစားရခြင်းဖြစ်ပါ၏ဟု လျှောက်ထား၏။
    တရားနာပရိတ်သတ်လည်း မဋ္ဌကုဏ္ဍလီနတ်သားရဲ့ ပြောစကားကို ကြားရပြီး အလွန်အံ့သြသွားကြ၏။ မိတ် ဆွေတို့ မြတ်စွာဘုရားရဲ့ ကျေးဇူးသည် အလွန်အံ့သြဖွယ် ရှိပေစွတကား၊ တသက်လုံး တခါမှမလှူဘူးသူ အဒိန္န ပုဗ္ဗက သားဖြစ်ပါလျှက် မြတ်စွာဘုရားရှင်ကို ကြည်ညိုရုံစိတ်တခုတည်းနဲ့သာ ယခုလိုကြီးကြယ်ခန်းနားတဲ့ နတ်စည်းစိမ်ကို ခံစားရသည်ဟု ၀မ်းမြောက်ဝမ်းသာ ပြောကြားကြကုန်၏။  
     အဲဒီနောက် မြတ်စွာဘုရားက မဋ္ဌကုဏ္ဍလီရဲ့ ကုသိုလ်ကံ အကျိုးပေးပုံနဲ့ဆက်စပ်ပြီး။ ဘယ်အရာမှာမဆို စိတ်က ရှေ့သွားရှိ၏၊ စိတ်ကဦးဆောင်၏၊ စိတ်ကြောင့်ပဲ ပြုလုပ်ဖြစ်ကြ၏။ ကောင်းတဲ့စိတ်နဲ့ ပြုလုပ်မယ် ပြောဆိုမယ် ကြံ စည်မယ် ဆိုရင် ကောင်းတဲ့အကျိုးရလာဒ်ကို ခံစားကြရမှာဖြစ်၏၊ ဥပမာအားဖြင့်မိမိသွားရာနောက်ကို မိမိရဲ့အရိပ်ဟာ ထပ်ချပ်မကွာ လိုက်နေသလိုပါပဲ မိမိပြုခဲ့ဘူးတဲ့ ကောင်းတဲ့ အပြုအမူ အပြောအဆို အကြံအစည်တို့ရဲ့နောက်ကနေ ကောင်းကျိုးရလာဒ်ဟာ အစဉ်တစိုက်လိုက်ပါနေ၏။
    မြတ်စွာဘုရားဟောကြားတဲ့ ဒေသနာတော်အဆုံးမှာ မဋ္ဌကုဏ္ဍလီနတ်သားနဲ့ ဖခင်ပုဏ္ဏားကြီးတို့ဟာ သစ္စာ လေးပါးကို သိကြပြီး အရိယာပုဂ္ဂိုလ်များ အသီးအသီးဖြစ်ကြ၏။ မဋ္ဌကုဏ္ဍလီ တည်းဟူသော မိတ်ဆွေကောင်း ကြောင့် သို့မဟုတ် မိဘကိုကျေးဇူးဆပ်ချင်သော သားထူးသားမြတ်ကြောင့် အဒိန္နပုဗ္ဗကတို့ ဇနီးမောင်နှံဘဝ
သည် အပြောင်လဲကြီး ပြောင်းလဲခဲ့လေပြီ။ တခါမှမလှူဘူးသူဘ၀မှ အလှူဒါနလက်နဲ့မပြတ်သူဖြစ်ခဲ့ပြီ။
     သူတော်စဉ်တွေ အလှူခံပုဂ္ဂိုလ်တွေအတွက် အမြဲတံခါးပိတ်လျှက်ရှိသော အဒိန္နပုဗ္ဗက၏ အိမ်ဂေဟာသည် ယခုတော့ သူတော်စဉ်တွေ အလှူခံပုဂ္ဂိုလ်တွေ၏ ဟင်းလင်းဖွင့်ထားရာ ဥဒဟိုဝင်ထွက်သွားလာရာ နေရာဖြစ် နေပါ၏။ မြတ်စွာဘုရား အမှုးရှိသော သံဃာတော်အရှင်မြတ်တို့၏ နေ့စဉ်ဝင်ထွက်သွားလာရာ ကျက်သရေရှိ သော အိမ်ဂေဟာ ဖြစ်နေပါ၏။



Type your summary here. Type the rest of your post here.