အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 20, 2015

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၀-၁၁-၂၀၁၅



ကွယ်လွန်သူမိခင်ကြီးဒေါ်ယုအားရည်စူး၍မလေးရှားရောက်
သားဖြစ်သူမှနေ့ဆွမ်းကပ်လှူ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၁၈-၁၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာများဓမ္မရောင်ခြည်ကထိန်ရည်မှန်းသင်္ကန်းလှူဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

Thursday, November 19, 2015

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁၆-၁၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာ၏ကထိန်အတွက်အလှူငွေဆက်ကပ်စဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၅-၁၁-၂၀၁၅



ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်တွင်တည်ဆောက်လျှက်ရှိသော
မလေးရှားဓမ္မရောင်ခြည်ကျောင်အတွက် မလေးရှား-စရင်ဘန်း
စီနာဝမ်းရောက်ရွှေမြန်မာများတတိယအကြိမ်ရင်းဂစ်(၆၄၀၀)လှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Wednesday, November 18, 2015

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၅-၁၁-၂၀၁၅





မလေးရှား-စရင်ဘန်း-စီနာဝမ်-ရွှေစင်္ကြာမြန်မာဆိုင်ဦးဆောင်သော
ရွှေမြန်မာမျာ၏ဓမ္မရောင်ခြည်ကထိန်ရည်မှန်းမြတ်သင်္ကန်လှူဒါန်းပွဲ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၅-၁၁-၂၀၁၅




မလေးရှား-ပူချုန်း-DHLရောက်ရွှေမြန်မာများ၏ဓမ္မရောင်ခြည်ကထိန်
ရည်မှန်း၍ကထိန်သင်္ကန်းနှင့်ဆွမ်းကပ်လှူ ကြစဉ်။
Type your summary here. Type the rest of your post here.

Tuesday, November 17, 2015

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၁၄-၁၁-၂၀၁၅



မလေးရှားရောက်မောင်မြင့်ကျော်+မခင်သီတာထွေးတို့၏
(၂)နှစ်ပြည်မင်္ဂလာအခိမ်းအမှတ်ဆွမ်းကပ်လှူ စဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၃-၁၁-၂၀၁၅




မလေးရှားတွင်မွေးဖွားသောသမီးငယ်လေး၏တလပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.

Monday, November 16, 2015

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၁၂-၁၁-၂၀၁၅



အဘိုး+အဖွားနှင့်အမေဒေါ်တင်လှတို့အားရည်စူး၍
မလေးရှားရောက်သားဖြစ်သူမှသင်္ကန်းဆွမ်းကပ်လှူ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မဆရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၁၁-၁၀-၂၀၁၅


မလေးရှားရောက်ရွှေမြန်မာများ၏၀ါကျွတ်အလှူ ။
Type your summary here. Type the rest of your post here.

Sunday, November 15, 2015

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၁၀-၁၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာတို့၏ကထိန်ရည်မှန်းသင်္ကန်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၉-၁၁-၂၀၁၄



မလေးရှားရောက်ရွှေမြန်မာတို့၏၀ါကျွတ်အလှူ ။


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၈-၁၁-၂၀၁၅


 မလေးရှားရောက်ရွှေမြန်မာတို့၏၀ါကျွတ်အလှူ ။
Type your summary here. Type the rest of your post here.

Thursday, November 12, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၂၇)





  အသုဘ သရဏဂုံတင် အခမ်းအနားတွေတွင်၊ အသုဘပို့သူတွေ ဆင်ခြင်နိုင်အောင်၊ မရဏာနုဿတိ နှင့် စပ်သော သံဝေဂ ကဗျာကို ဘုန်းကြီးရှေးမှ တခေါက်ဆိုပေးပြီး၊ သုံးခေါက်အလွတ်ဆိုခိုင်း၏။ အမှတ်တမဲ့ အသုဘလိုက်ပို့သူတွေကို အမှတ်တရ ဖြစ်သွားစေရန်၊ ရည်ရွယ်လျှက်၊ လိုက်ဆိုစေခြင်းဖြစ်၏။ စာရှုသူ
လည်း သေခြင်းတရားကို ဆင်ခြင်တတ်အောင်၊ အောက်ပါ သံဝေဂ ကဗျာကို နေ့တိုင်း ဆိုစေခြင်ပါ၏။

သံဝေဂကဗျာ                 
၁။ မိမိခန္ဓာ အိုဘို့ရာ ချိန်ခါနီးလှပြီ၊
     တနှစ်ထက် တနှစ် နီးလာပြီ၊
   တစ်လထက် တစ်လ နီးလာပြီ၊
    တစ်နေ့ထက် တစ်နေ့ နီးလာပြီ။

၂။ မိမိခန္ဓာ နာဘို့ရာ ချိန်ခါနီးလှပြီ၊
     တနှစ်ထက် တနှစ် နီးလာပြီ၊
    တစ်လထက် တစ်လ နီးလာပြီ၊
     တစ်နေ့ထက် တစ်နေ့ နီးလာပြီ။

၃။ မိမိခန္ဓာ သေဘို့ရာ ချိန်ခါနီးလှပြီ၊
     တနှစ်ထက် တနှစ် နီးလာပြီ၊
   တစ်လထက် တစ်လ နီးလာပြီ၊
    တစ်နေ့ထက် တစ်နေ့ နီးလာပြီ။

၎။သင်္ချိင်းမြေစာ ဖြစ်ဖို့ရာ ချိန်ခါနီးလှပြီ၊
    တနှစ်ထက် တနှစ် နီးလာပြီ၊
   တစ်လထက် တစ်လ နီးလာပြီ၊
    တစ်နေ့ထက် တစ်နေ့ နီးလာပြီ။

၅။တောကြီးမြိုင်ယံ မြေသုဿာန် မြုတ်(ရှို့)ရန် နီးလှပြီ၊
   တနှစ်ထက် တနှစ် နီးလာပြီ၊
   တစ်လထက် တစ်လ နီးလာပြီ၊
    တစ်နေ့ထက် တစ်နေ့ နီးလာပြီ။

    Áမေ ပဉ္စက္ခန္ဓာ အနိစ္စာ- အနိစ္စာယ မရိဿန္တိ၊
   မရဏန္တံ ဂမိတွာန- Áမံကာယံ ခိပ္ပိသန္တိ။
      Áမေ ပဉ္စက္ခန္ဓာ- ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်၊ အနိစ္စာ- အမြဲမရှိပါပေကုန်တကား၊ အနိစ္စာယ-မမြဲခြင်း ကြောင့်၊ မရိဿန္တိ- သေကြရကုန်လ္တံ့၊ မရဏန္တံ-သေခြင်းသို့၊ ဂမိတွာန-ရောက်သည်ရှိသော်၊ Áမံကာယံ- ဤခန္ဓာ ကိုယ်ရုပ် အကောင်ပုတ်ကြီးကို၊ ခိပ္ပဿန္တိ- သုဿာန်တစ သင်္ချိင်းဝသို့ စွန့်ပစ်လိုက်ရ လေတော့သတည်း။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၈-၁၁-၂၀၁၅



မလေးရှား-ဘန်ဂစ်-ဖားအောက်တောရကျောင်းကထိန်အလှူ တော်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၈-၁၁-၂၀၁၅




ကွယ်လွန်သူကိုကျော်ဝင်းထွန်းအားရည်စူး၍ မလေးရှားရောက်ညီဖြစ်သူနှင့်
မိတ်ဆွေမှအာရုံဆွမ်းကပ်များလှူ ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Tuesday, November 10, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၂၆)



    
သုဿာန်ဓူတင်ဆောင်ရဟန်းတော်တွေလည်း သုဿာန်ရောက်လာသည့် အသုဘအကောင်ပုတ်ကို
အသုဘ ကမ္မဋ္ဌာန်းစီဖြန်းတာကိုလည်း အသုဘရှုသည်ဟုဆိုကြ၏။ အလောင်းကောင် အရိုးစုဖြစ်ပေါ် လာလျှင်လည်း၊ အရိုးစု ကမ္မဋ္ဌာန်းကို စီးဖြန်းတာကိုလည်း၊ အသုဘရှုသည်ဟု ဆိုကြ၏၊ ရဟန်းတော်တွေ အသုဘရှု ဆင်ခြင်ပုံဖြစ်၏။
      ရှေးခေတ်မြန်မာကြီးတွေ၏အဆိုမှာ မသာတခေါက် ကျောင်းဆယ်ခေါက်ဟု ဆိုရိုးစကားပြုထားတာ တွေ့ရ၏။ အသုဘရှုဆိုသည့်စကားလုံးသည်၊ ရှေးမြန်မာကြီးတွေ သုံးနှုံးခဲ့သောစကားဖြစ်၏။ သူတို့ခေတ် အခါက အသုဘရှုခြင်းသည်၊ ရှေးကအသုဘချတာကို နောက်ကနေ သေခြင်းတရားဆင်ခြင်ရန်ဖြစ်၏။
    ဤပုဂ္ဂိုလ် ရုပ်နာမ်ဆိုသည့် ခန္ဓာကြီးကို ရရှိထားလို့ မမြဲသောအနိစ္စသဘော သေခြင်းနှင့်ရင်ဆိုင်ရသလို၊ ငါတို့မှာလည်း ရုပ်နာမ်ဆိုသည့် ဤခန္ဓာကိုယ်ကြီး ရှိနေသည့်အတွက် သူ့လိုဘဲ မမြဲခြင်းအနိစ္စသဘော သေရခြင်းတရားနှင့်  မုချကြုံတွေ့ရမှာဘဲလို့ သေခြင်းတရားကိုဆင်ခြင်တတ်သော မရဏာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်းပြီး လိုက်ပါပို့ဆောင် သူတွေကို အသုဘရှုသူဟုဆိုခြင်းဖြစ်၏။
       အဲဒီလို မရဏာနုဿတိ ကမ္မဋ္ဌာန်း ဆင်ခြင်ပြီး အသုဘရှုသူသာ မသာတခေါက်လိုက်ပို့ခြင်းသည်၊ ကျောင်းဆယ်ခေါက်ရောက်တာနှင့် တူတယ်ဟုဆိုခြင်းဖြစ်၏။
       ယခုခေတ် အသုဘပို့သူတွေကိုတော့ မသာဆယ်ခေါက် ကျောင်းတခေါက်ဟု ပြောင်းပြန်ဆိုရမလို ဖြစ်နေ၏။ ဆိုသည့်စကားကိုက၊ အသုဘပို့ဟုဆိုသောကြောင့်၊ အသုဘရှုသူ မဟုတ်ဆိုတာပေါ်လွင်နေ၏။ သူသေသလို ငါလည်းသေမှာဘဲဟု ဆင်ခြင်တတ်သူ ပါကောင်းပါနိုင်ပါ၏။
       သို့သော် မဆင်ခြင်သူကတော့ အများစုဖြစ်နေတာ တွေ့မြင်နိုင်ပါ၏။ သေခြင်းတရားကို မေ့ဟန် ဆောင်ပြီး၊ မကြားခြင်သူတွေနှင့်၊ သေရမှာကိုကြောက်နေသူတွေက အများစုဖြစ်နေတာတွေ့ရပါ၏။ သေခြင်းတရားကို ဆင်ခြင်ဖို့ဝေးစွ၊ တချို့အသုဘပို့သူတွေသည်၊ ပျော်ပျော်ပါးပါးနှင့် ပျော်ပွဲစားထွက် လာသလားဟု ထင်ရ၏။
       တချို့ကြတော့လည်း၊ သားသမီးအကြောင်း၊ လင်အကြောင်း၊ မယားအကြောင်း၊ မိသားစုဆွေမျိုး အကြောင်း၊ စပ်မိစပ်ရာ အကြောင်းမျိုးစုံပြောဆိုကာ လိုက်ပါပို့ဆောင်တာကိုလည်း တွေ့မြင်ရ၏။ တချို့ကြတော့လည်း၊ အသုဘပို့မှ၊ အလှပြိုင်သူကပြိုင်၊ ဓနပြိုင်သူကပြိုင်၊ တသက်လုံးမသေတော့မည့် ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်ရ၏။
      တချို့ကလဲ ဟောင်ဖွာဟောင်ဖွာနဲ့ မရှိသည့်ဂုဏ်ကို ရှိအောင် လူအထင်ကြီးအောင်၊ မသာကိုခုတုံး လုပ်ပြီး၊ ကြံဖန်ကြွားဝါနေသော လူများစွာကိုလည်း တွေ့မြင်နိုင်ပါ၏။ တချို့ကြတော့လဲ အလုပ်ထဲမှာ ပင်းပန်းသမျှ၊ အသုဘပို့ ကားပေါ်ကြမှ တခေါခေါနဲ့အိပ်ပြီး၊ လိုက်ပါပို့ဆောင်တာတွေ့ရ၏၊ မသာကို မသာက လိုက်ပို့တာနှင့်တူတော့၏။ ဤလိုပုံစံမျိုးတွေဖြင့်၊ အသုဘပို့ဆောင်သူတွေသည်၊ မသာဆယ် ခေါက်လိုက်ပို့မှ၊ ကျောင်းတခေါက်ရောက်တာနှင့် ညီမျှတော့၏။
      အသုဘပို့သူမဟုတ်ဘဲ၊ အသုဘရှုသူဖြစ်အောင်၊ သေခြင်းတရားကို ဆင်ခြင်တတ်ဖို့အတွက် သတိ ပေးနှိုးဆော် ရခြင်းဖြစ်၏။ လောကတွင် မသိလို့ လုပ်မိခြင်းသည်၊ ခွင့်လွတ်နိုင်စရာ အကြောင်းရှိပါ၏။ သိလျှက်နှင့်၊ အသိတရား မရဘဲ မဆင်ခြင်ခြင်းသည်၊ မိုက်မဲခြင်းသာဖြစ်ပါ၏။
   ပညာရှိဟူသည်၊ မိမိမှားနေတာကို၊ မှာမှန်းသိပြီး၊ ၀န်ခံသည့်နေ့၊ ပြင်ဆင်သည့်နေ့သည်၊ ပညာရှိဟု ခေါ်ဆိုရပါ၏။ မိမိမှားမှန်းသိပါလျှက်နှင့်၊ ဆက်လက်မှားနေမယ်ဆိုလျှင်တော့၊ ပညာရှိဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ၊ မိုက်ကန်းကန်း ကြီးမိုက်တွေသာ ဖြစ်နိုင်၏။
 

Type your summary here. Type the rest of your post here.