အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, June 28, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၂၆-၆-၂၀၁၆


 မလေးရှားရောက်နေမင်းထွဋ်မိသားစု၏စားဖွယ်အလှူ။
Type your summary here. Type the rest of your post here.

Monday, June 27, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၂၆-၆-၂၀၁၆



မလေးရှား-ပူချုန်း-၁၄-မိုင်-ရွှေပြုံးဆိုင်မိသားစုမှ ၁၇-၇-၂၀၁၆-နေ့တွင်ကျင်းပမည့်
ဓမ္မရောင်ခြည်ကျောင်းဝါဆိုသင်္ကန်းကပ်လှူပွဲအတွက် မတည်အလှူငွေများလှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Sunday, June 26, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၂၅-၆-၂၀၁၆



မလေးရှားရောက်သတို့သားမောင်နေဇာလင်း+သတို့သမီးမရူပါဝင်းဆန်း-တို့၏
မင်္ဂလာဦးအလှူ-ဤလင်ဤမယားအိုမင်းအောင်ပေါင်းသင်းနိုင်ပါစေ။
Type your summary here. Type the rest of your post here.

Thursday, June 23, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၂၂-၆-၂၀၁၆



ရန်ကုန်မလေးရှားဓမ္မရောင်ခြည်ကျောင်းအတွက် ကိုသူရ၊ကိုသီဟ-မိသားစုမှ
ဒုတိယအကြိမ်ပန်ကာ(၁၀) လုံးကို လှူဒါန်းရေစက်ချစဉ် လိုရာဆန္ဒပြည့်ဝပါစေ။
Type your summary here. Type the rest of your post here.

Wednesday, June 22, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၂၂-၆-၂၀၁၆



မလေးရှား-ဆန်းဝေးရောက် မာလာမြင့်မိသားစု၏သဒ္ဓါဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

Tuesday, June 21, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၉-၆-၂၀၁၆


မလေးရှားရောက် ဧရာဝတီ ဖျာပုံ ကျုံတာသားတို့၏ ၀ါဆိုသင်္ကန်းအလှူ။
Type your summary here. Type the rest of your post here.

Monday, June 20, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၉-၆-၂၀၁၆




မလေးရှားရောက်သတို့သာမောင်ရာမင်း+သတို့သမီးမမျိုးပပ၀င်း-တို့၏
မင်္ဂလာဦးဆွမ်းကျွေးအလှူ ရာသက်ပန်သက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေ။
Type your summary here. Type the rest of your post here.

Sunday, June 19, 2016

ဓမ္မရော င်ခြည်မလေးရှားသတင်းစဉ် ၁၇-၆-၂၀၁၆


ဓမ္မရောင်ခြည်ဘုရားပန်းအလှူရှင်များပန်းကပ်ပြီးဆုတောင်ဆိုကြစဉ်။
Type your summary here. Type the rest of your post here.

Friday, June 17, 2016

ဒေါ်အောင်ဆန်းစုကြည်(၇၁)ပြည့်မွေးနေ့အကြိုဆွမ်းကပ်ပွဲ NLD မလေးရှား ၁၆-၆-၂၀၁၆





ပြည့်မိခင်ဒေါ်အောင်ဆန်းစုကြည်၏(၇၁)နှစ်ပြည့်မွေးနေ့ဆွမ်းကပ်ပွဲတွင်
မြန်မာကျက်သရေတရားဟောကြားခဲ့ပါ၏။

မြန်မာ့ကျက်သရေ
ဘုန်းကြီးက မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းပြည့်စုံပါ စေလို့မေတ္တာပို့လိုက်ပါ၏။  ကျက်သရေမင်္ဂလာရှိအောင်နေမှသာလျှင် ကောင်းသည့်အကျိုးတွေပေးပြီး ချမ်းချမ်းသာသာနေရမှာဖြစ်၏။
ကျက်သရေဆိုတဲ့စကားလုံးကို ဗုဒ္ဓနှင့်သောဏဒဏ္ဍပုဏ္ဏားကြီး စပ္ပါပြည်တွေ့ဆုံခဲ့စဉ်က ရိုးသားခြင်း(သီလ) နှင့် အသိဥာဏ်ကြွယ်ဝခြင်း(ပညာ)ကို ကျက်သရေ၏အနှစ်သာရဟု ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့တာတွေ့ရှိရ၏
ဆိုလိုခြင်းက ရိုးသားသူတွေ အသိဥာဏ်ကြွယ်ဝသူတွေ များများရှိလေ မြန်မာပြည်ကျက်သရေရှိလေဖြစ်၏ ယ္ခုမွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်သည် ရိုးသားမှုမှာလည်း စံတင်ထိုက်သူဖြစ်၏၊ အသိဥာဏ် ကြွယ်ဝမှုမှာလည်း ကမ္ဘာကပင်လေးစားထိုက်သူဖြစ်နေ၏၊ မြန်မာပြည်သူပြည်သားတွေသည် အလွန် ကျက်သရေရှိသူ မြန်မာခေါင်းဆောင်ကို ရရှိပိုင်ဆိုင်နေချိန်ဖြစ်၏။
   တိုင်းပြည်ခေါင်းဆောင်ကျက်သရေရှိတဲ့အတွက် ဒို့တိုင်းပြည်ကောင်းကျိုးချမ်းသာတွေရောက်ရှိလာတာ ကို ထင်ထင်ရှားရှားမြင်လာရ၏။ နိုင်ငံတကာက အကူအညီတွေ နိုင်ငံတကာခေါင်းဆောာင်တွေကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ လာရောက်ပေးနေခြင်းသည် တိုင်းပြည်အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပါ၏။
    ဒို့မြန်မာပြည်အတွက် ကျက်သရေရှိသည့်ခေါင်းဆောင်ကို ရရှိပိုင်ဆိုင်နေချိန်တွင် တိုင်းသူပြည်သားတွေ ကျက်သရေရှိဖို့ အထူးလိုအပ်လှပါ၏ တိုင်းပြည်ခေါင်းဆောင်သာကျက်သရေရှိပြီး တိုင်းသူပြည်သားတွေ ကျက်သရေမဲ့နေလျှင် ကောင်းကျိုးချမ်းသာတွေ နှေးကွေးနေမှာဖြစ်၏။
    မြန်မာပြည်ဝန်ထမ်းအချို့သည် ပေးမှလုပ်သည့် မရိုးသားသည့် ကျက်သရေမဲ့သည့် ကျက်သရေတုံး သည့် အမူအရာတွေများစွာတွေ့မြင်နေရပါ၏။ ရာအိမ်မှုး ရပ်-ကျေး-အုပ်ချုပ်ရေးမှုတွေကအစ မြင်တွေ့နေရ ပါ၏ တိုင်းပြည်တွင် ဤလိုကျက်သရေမဲ့သူတွေ ကျက်သရေတုံးသူတွေ ရှိနေသမျှကာလပတ်လုံး ကောင်းကျိုးချမ်းသာတွေနဲ့ဝေးနေအုံးမှာဖြစ်၏။ ဤလိုအကျင့်ဆိုးမျိုးကိုလည်း ဒို့ပြည်သူတွေ ၀ိုင်းဝန်းတော် လှန်သင့်၏ ပြည်သူအားလုံးလည်း ရှောင်ကျဉ်သင့်ပါ၏။
    မြန်မာပြည်သူပြည်သားအချို့လည်း အသိဥာဏ်မဲ့သည့် လုပ်ရပ်များကိုလုပ်ဆောင်နေတာတွေ့မြင်ရ၏ မလေးရှားရောက်မြန်မာအချို့သည် ကွမ်းစားပြီး မိမိတို့နေထိုင်ရာတိုက်၏ အတက်အဆင်းလှေခါး အချိုးနေရာတိုင်းတွင်ထွေးထားတာတွေ့ရ၏ ဤကဲ့သို့ စည်းကမ်းမရှိ ထွေးခြင်းသည် အသိဥာဏ်မဲ့ခြင်းသာ ဖြစ်၏ မလေးနိုင်ငံသားတွေသည် မြန်မာတွေ၏ အဆင့်မရှိမှုကို များစွာရွံကြ၏ မလေးရှားရဲတွေလည်း မြန်မာတွေဖမ်းချင်လျှင် အထူးရှာစရာမလို ကွမ်းတံတွေးကြည့်ပြီးလိုက်ဖမ်းနိုင်၏။ မိမိသေတွင်းကို မိမိကိုယ်တိုင်တူးနေသောမြန်မာများပါပေ။
    မိမိ၏ကျက်သရေမဲ့မှုသည် မိမိလူမျိုး မိမိတိုင်းပြည်ပါ စည်းကမ်းမရှိသူ အဆင့်အတန်မရှိသူအဖြစ် နာ မည်ပျက်ပါတော့၏။ မလေးရှားရောက်မြန်မာတွေကိုလည်း တရားဟောတိုင်း ထည့်ဟောနေရသောကိစ္စ တခုဖြစ်၏။
   မြန်မာပြည်သူတွေလည်း အသိဥာဏ်မဲ့မှုတွေ လုပ်နေတာများစွာတွေ့ရပါ၏။ ကွမ်းတွေစားပြီး ကားသမား ကလည်းလမ်းပေါ်တပျစ်ပျစ်ထွေးတာတွေ့ရ၏ လမ်းလျှောက်ကွမ်းစားသူတွေလည်း လမ်းပလက်ဖေါင်းပေါ် တွေတွင် စည်းကမ်းမဲ့ ထွေးတာတွေ့ရ၏ တိုင်းပြည်၏လမ်းတွေ ပလက်ဖေါင်းတွေသည် ကွမ်းသမားတွေ၏ အသိဥာဏ်မဲ့မှုကြောင့် လွန်စွာကျက်သရေမဲ့နေပါ၏(ကွမ်းဆေးလိပ်သည် လူသားအတွက် ဘာကျေးမှမများပါ ပိုက်ဆံပေးပြီးရောဂါဝယ်ယူနေခြင်းသာဖြစ်၏) ဤလိုအသိဥာဏ်မဲ့မှုမျိုးကိုလည်း ရွံစရာ အဖြစ်ရှုမြင်ကာ ၀ိုင်းဝန်းရှုံ့ချသင့်ပါ၏ မြန်မာပြည်သူတွေအာလုံးလည်း ရှောင်ကျဉ်သင့်ပါ၏။
    အထပ်မြင့်နေမြန်မာပြည်သူအချို့ မိမိအိမ်မှထွက်ရှိသောအမှိုက်ကို အပေါ်ထပ်မှနောက်ဖေးလမ်းကြား သို့  ပစ်ချနေခြင်းသည်လည်း အသိဥာဏ်မဲ့ခြင်းသာဖြစ်၏ ကျက်သရေမရှိသောလုပ်ရပ်ဖြစ်၏။ ဤကဲ့သို့ စည်းကမ်းမရှိ အသိဥာဏ်မဲ့မှုမျိုးကိုလည်း မြန်မာတွေရှောင်ကျဉ်သင့်ပါ၏။
  စည်ပင်အမှိုက် သိမ်းသောလှည်းငယ်အချို့သည်လည်း အမှိုက်တွေကောက်ပြီး ရေမြောင်းထဲလာသွန် တာတွေ့ရ၏ ဤရေမြောင်းအမှိုက်ပုံဖြစ်မှတော့ မိုးရွာလျှင် မြောင်းပိတ်မည်ဆိုတာကို သူမစဉ်းစား သူကိစ္စ အမြန်ပြီးရေးသာအဓိကထားပြီး လုပ်ချင်သလိုလုပ်သွားသော အသိဥာဏ်မဲ့မှုကြောင့် မိုးရွာလျှင်ရေလျှန် သည့်ဒဏ်ကို ပြည်သူတွေ ခံစားရပါ၏
အသိဥာဏ်မဲ့သည့်ပြည်သူတွေလည်း မြောင်းထဲကိုအမှိုက်ထုတ်တွေပစ်တာတွေ့ရပါ၏။ အသိဥာဏ်မဲ့သည့် မြစ်ချောင်းဘေးနားနေပြည်သူတွေလည်း ချောင်းထဲမြစ်ထဲကို အမှိုက်တွေပစ်နေတာတွေ့မြင်ရပါ၏။ မြောင်းတွေပိတ် ချောင်းတွေကောလာခြင်းသည် ဤလုပ်ရပ်တွေကြောင့်ဖြစ်သည်ဆိုတာ သူတို့မသိပါ သိသိကြီးနဲ့လုပ်နေသူတွေသည် အသိဥာဏ်မဲ့ခြင်းသာဖြစ်၏ ဤလုပ်ရပ်များသည် တိုင်းပြည်အတွက် ကျက်သရေမဲ့သောလုပ်ရပ် တွေဖြစ်၏။
      ရန်ကုန်တွင် ကားတွေကျပ်နေခြင်းသည် စည်းကမ်းမရှိသော ဘတ်စ်ကားမောင်းသူတွေကြောင့်ဖြစ်၏ ဘတ်စ်ကားကိုအပြိုင်မောင်း၏ နောက်ကားကျော်မတက်နိုင်အောင် လမ်းလယ်ကောင်ပိတ်ရပ်၏ နှစ်ထပ် သုံးထပ်ရပ်ထားတာလည်တွေ့ရ၏ ဤသို့လုပ်ဆောင်ခြင်းသည် အတ္တဆန်ခြင်း အသိဥာဏ်မဲ့ခြင်းသာဖြစ်၏ ဤကဲ့သို့ ကျက်သရေမဲ့ခြင်းအမှုကို တက္ကစီသမားတွေလည်း လမ်းလည်ကောင်ရပ်ပြီး လူတင်တာတွေ့ရ၏ နောက်ကားတွေ ချောင်ချောင်ချိချိသွာနိုင်အောင် မစဉ်းစားပေးခြင်းသည် အသိဥာဏ်မဲ့ခြင်းသာဖြစ်၏ ဤလို လူမျိုးတွေတိုင်းပြည်ရှိနေသမျှ တိုင်းပြည်ကျက်သရေမဲ့နေမည်သာဖြစ်၏။
     ရန်ကုန်တွင် လမ်းဘေးဈေးသည်တွေကလည်း တမျိုးတဖုံ စည်းကမ်းမဲ့စွာ လမ်းမပေါ်တွေတက်ပြီး ဈေးရောင်းချနေတာကိုတွေ့မြင်ရပါ၏ ထိုဈေးသည်တွေကြောင့်လည်း ကားလမ်းတွေ ပိတ်ဆို့နေတာမျိုးကို တွေ့မြင်ရပါ၏ ငါတို့ကြောင့်လမ်းတွေပိတ်နေပါသလားဆိုတာ နဲနဲလေးမှ မစဉ်းစားခြင်းသည် အသိဥာဏ်မဲ့ ခြင်းသာဖြစ်ပါ၏ ဒီလိုအတ္တဆန်သော အတွေးအခေါ်သည် ကျက်သရေတုံးသောအတွေးအခေါ်သာဖြစ်၏။
    မြန်မာ့ဒီမိုကရေစီရထားကြီးကတော့ ရိုးသားသူ အသိဥာဏ်ကြွယ်ဝသူ ခေါင်းဆောင်ကောင်းကြီး ကြိုးစားပြီးမောင်းနေပါ၏။ နောက်တွဲပေါ်တွင်လိုက်ပါလာသော နောက်လိုက်ပြည်သူတွေမှလည်း ခေါင်း ဆောင်ကြီး၏ ရိုးသားမှု အသိဥာဏ်ရှိမှုနှင့်အညီ မိမိတို့လည်း ရိုးသားမှု အသိဥာဏ်ရှိမှုနှင့် လိုက်ပါနိုင်မှသာ လျှင် ဒီမိုကရေစီပန်းတိုင်သို့ မြန်မြန်ရောက်မည်ဖြစ်၏ သို့မဟုတ် နောက်လိုက်ပြည်သူတွေ မရိုးသားမှုတွေ အသိဥာဏ်မဲ့မှုတွေ ဆက်လက်လုပ်နေမည်ဆိုပါက ရထားခေါင်းတွဲကြီးသာ ခုတ်မောင်းနေပြီး နောက်တွဲ တွေ တတွဲပြီးတတွဲပြုတ်ကျကာ ဒီမိုကရေစီပန်းတိုင်ကြီးနှင့် အလှမ်းဝေးနေမှာဖြစ်၏။ ရှေးမှခေါင်းဆောင် ကြီး ဖြောင့်ဖြောင့်သွားနေတာကို နောက်လိုက်တွေလည်း ဖြောင့်ဖြောင့်လိုက်ကြပါရန်တိုက်တွန်းပါ၏။    
     မြန်မာပြည်ကြီး ကျက်သရေရှိပြီး ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံအောင် မြန်မာပြည်သူပြည်သား တွေ ရိုးသားပြီး အသိဥာဏ်ကြွယ်ဝဖို့ အထူးလိုအပ်လှပါ၏ ကျက်သရေရှိတဲ့ ခေါင်းဆောင်ကို ရရှိပိုင်ဆိုင် ထားတဲ့ မြန်မာပြည်သူတွေ နောက်တခါအခွင့်အရေးဆိုတာ မသေချာပါဘူး လက်ရှိသေချာနေတဲ့ အခွင့် အရေးကို လက်လွှတ်မခံဘဲ ဒို့ခေါင်းဆောင်ကျက်သရေရှိသလို ဒို့ပြည်သူတွေလည်း ကျက်သရေရှိအောင် ကျင့်နိုင်ကြရမည်ဖြစ်၏ ကောင်းတဲ့အကျိုးတွေပေးပြီး ချမ်းချမ်းသာသာနေနိုင်ဖို့အတွက် လက်ရှိအခွင့် အရေးကို ကောင်းကောင်းအသုံးချနိုင်အောင် ကျိုးစားကြပါလို့တိုက်တွန်းပါ၏။
အရှင်သဒ္ဓမ္မောဒယ(ကျိုက်လတ်-ရုံးဒေါင့်)
ဓမ္မရောင်ခြည်ကျောင်း။ကွာလာလမ်ပူ-ပူချုန်း-မလေးရှား

Type your summary here. Type the rest of your post here.

Thursday, June 16, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၆-၆-၂၀၁၆




၁၆-၆-၂၀၁၆
မလေးရှားရောက်မချောကလျှာဋ္ဌေးနှင့်မချောရူပါဋ္ဌေးတို့၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံပါစေ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၄-၆-၂၀၁၆



မလေးရှားတွင်မွေးဖွားသောသမီးငယ်လေးတလပြည့်မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
Type your summary here. Type the rest of your post here.

Wednesday, June 15, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၂-၆-၂၀၁၆






PJ KWAN INN TENG တရုတ်ဗုဒ္ဓဘာသာအဖွဲ့၏ မလေးရှားရောက် ထေရ၀ါဒ-မဟာယာန
-၀ဇိရာယာန-မဟာသံဃိကဒါနဆွမ်ကပ်လှူပွဲကို စည်ကားစွာစနစ်တကျကျင်းပခဲ့ပါ၏။
Type your summary here. Type the rest of your post here.

Tuesday, June 14, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၂-၆-၂၀၁၆




၁၂-၆-၂၀၁၆
မလေးရှားရောက်မောင်မင်းမောင်၏မွေးနေ့ဆါမ်းအလှူ မွေးနေ့မင်္ဂလာမှစ၍
ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စု့ပါစေ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၁၂-၆-၂၀၁၆



ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်မွှေး(၃)နှစ်ပြည့်ရည်စူး၍မလေးရှားရောက်
သမီးဖြစ်သူ-မပိပိ-မိသားစုမှအာရုံဆွမ်းကပ်အမျှဝေစဉ်သုဂတိဘုံဘ၀ရရှိပါစေ။
Type your summary here. Type the rest of your post here.

Monday, June 13, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၇-၆-၂၀၁၆


၇-၆-၂၀၁၆
မလေးရှား-ဂျိုဟိုးရောက်ဒကာစိုင်း၏မွေးနေ့အလှူ၊မွေးနေ့မင်္ဂလာမှစ၍
ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၅-၆-၂၀၁၆


မလေးရှားရောက်ဇနီးမောင်နှံနေ့ဆွမ်းအလှူရေစက်ချအမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Sunday, June 12, 2016

ဓမ္မရောင်ခြည်မလေးရှားသတင်းစဉ် ၅-၆-၂၀၁၆




၅-၆-၂၀၁၆
မလေးရှား-ပူချုန်း-၁၂-မိုင်-ဟန်နီမိုးမြန်မာဆိုင်သစ်ဖွင့်ပွဲအာရုံဆွမ်း
ကပ်လှူ၍အနုမောဒနာတရားနာယူကြစဉ်။
Type your summary here. Type the rest of your post here.