အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, February 7, 2011

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၄-၂-၂၀၁၁







မလေးရှားရောက်ရွှေမြန်မာများ၏တရုပ်နှစ်သစ်ကူးဆွမ်းကပ်အလှူပွဲ။
Type your summary here.Type the rest of your post here.

Sunday, February 6, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏စိတ်ဝင်စားဖွယ်ရာများ


အရှေ့ဘက်တွင် Canggal (ကန်ဂယ်ဘုရားကျောင်း) မြောက်ဘက်တွင် Seng: (ဆန်ဂီ) ဘုရားကျောင်း အနောက် ဘက်တွင် the Pringapus (ပရင်ဂါပတ်စ်) Selagriya (ဆလဂရီယာ) ဘုရားကျောင်းများရှိ၏ တောင်ဘက်အရပ်တွင် တောင်တန်းများ သွယ်တန်းနေ၏ ထိုနေရာတွင် Lingga (လင်ဂါ) နှင့် Yoni (ရွန်နိ) Hindu (ဟင်ဒူ) များ၏ ဘာသာရေး နှင့်ဆိုင်သော ပြယုဂ်များကို မကြာခဏတွေ့ရ၏ အကြီးဆုံး ဟင်ဒူဘုရားကျောင်း Prambanan (ပရာဘနန်) ကို အခြား ဗုဒ္ဓဘုရားကျောင်းများ ဥပမာ Kalasan (ကလဆန်) Sari (ဆရီ) Sewu (စီဝူ) နှင့် Plaosan (ပလေအိုဆန်) နှင့် အခြား သောသေးငယ်သော ဘုရားများက ၀ိုင်းရံထားတာတွေ့ရပါ၏။
သမိုင်းပညာရှင်တွေ တယောက်တမျိုး ယူဆနေတာကိုက ဗောရောဗုဒေါ-၏ စိတ်ဝင်စားစရာတခု အဖြစ် ထင်မြင် မိပါ၏ ဗောရောဗုဓောသည် မီးတောင်ကျောက် ဂ၀ံကျောက်ပုံမျိုးတွေနှင့် တည်ဆောက်ထားသောကြောင့် ယ္ခု အချိန်ထိ နှစ်ပေါင်းတထောင်ကျော် သဘာဝဘေးဒဏ်ကို အန်တုခါ ရပ်တည်နေနိုင်ခြင်းဖြစ်၏ မြေကြီးကို ဖုတ်သောအုပ် ယ္ခုခေတ် သံကူကွန်ကရစ် လည်းနှစ်ပေါင်းတထောင်ကျော် အာမခံနိုင်မည်မဟုတ်ပါ ရေရှည်ခံအဆောက်အဦး တည်ဆောက်မည် ဆိုလျှင်တော့ ဗောရောဗုဓောဘုရားကြီးကိုနမူနာကြည့်ပြီး တည်ဆောက်မှသာလျှင် ရေရှည်ခံမည်ဖြစ်ကြောင်း သက်သေ ပြလျှက်ရှိပါ၏။
စေတီတော်ကြီးပေါ်သို့မတက်မီ ခြေတော်ရင်းတွင် ခြင်္သေ့နှစ်ကောင်ကို ပထမဆုံးတွေ့မြင်ရမည်ဖြစ်၏ မြန်မာပြည်မှ ခြင်္သေ့တွေလို ခန့်ခန့်ညှားညှား တည်ဆောက်ထားသည်မဟုတ် လက်ရှိလောကရဲ့ ခြင်္သေ့နဲ့လည်း တူလှသည်မဟုတ် တမျိုးတဘာသာတော့ ထူးခြားနေ၏ မိမိတို့ဝင်သည့်ဘက်မှ ကြည့်သော် ညာဘက်က ခြင်္သေ့သည် ညာဘက်လက်က မြေကိုထောက်ပြီး ဗယ်ဘက်လက်က ပုတ်မည့်ဟန် တိုက်ခိုက်မည့်ဟန်ဖြင့် တည်ဆောက်ထားတာတွေ့ရ၏ ဗယ်ဘက် က ခြင်္သေ့သည် ဗယ်လက်ကို မြေမှာထောက်ထားပြီး ညာလက်က တိုက်ခိုက်မည့်ဟန် ပုတ်မည့်ဟန်ဖြင့် တည်ဆောက် ထားတာတွေ့ရ၏။
ဘယ်လိုတွေးခေါ်ယူဆပြီး တည်ဆောက်ထားသည်မသိ နက်နဲသည့်အဓိပ္ပါယ်တော့ ရှိမှာသေချာ၏ ဗောဓောဗုဓော ဘုရားကို တိုက်ခိုက်ဖျက်စီးလာခဲ့သော် ပြန်လည်ခုံခံ တိုက်ခိုက်မည့် ပုံသဏ္ဍာန်အနေအထားဟု ထင်မြင်ယူဆနိုင်၏ ဒါ့ထက် တွေးခေါ်ယူဆနိုင်သည့် အကြောင်းအရာတွေ ရှိကောင်းရှိနိုင်ပါ၏ မန်ဒုဘုရားအနီးရှိ မန်ဒုထေရ၀ါဒကျောင်း မုဒ်ဦးတွင်လည်း ဤခြင်္သေ့နှစ်ကောင် တဖက်တကောင် ဒီပုံစံအတိုင်းဘဲ တွေ့မြင်ခဲ့ရပါ၏။
ခြင်္သေ့နှစ်ကောင်ထားသည့် အယူအဆကတော့ မြန်မာပြည်နှင့် အတော်တူလှ၏ မတူတာကတော့ ခြင်္သေ့ဖြစ်၏ မြန်မာပြည်က ခြင်္သေ့က ပိုထယ်၏ ပိုလှ၏ သို့သော် သဘာဝခြင်္သေ့နှင့်တော့ အကွာကြီးကွာ၏ ပြင်လွန်းတော့ ဖင်ချွန်း သွားပုံရ၏ ဘယ်ပုဂ္ဂိုလ်က ထွင်ခဲ့သည်မသိ ကြည့်ကောင်းတာတော့ အမှန်ပါ သဘာဝခြင်္သေ့ထက်လည်းပိုလှ ပိုထယ်၏ တခြားနိုင်ငံခြင်္သေ့တွေထက်လည်း ပိုသာပါ၏ သို့သော် နိုင်ငံခြားသားတွေက ဒီခြင်္သေ့ အချိန်က မြန်မာပြည်မှာ တကယ် ရှိခဲ့လားမေးခဲ့လျှင်တော့ ခေါင်းပြောင်အောင်ကုတ်ရမည့်ကိန်း ဆိုက်မှာသေချာ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပေတေးသတင်းစဉ် ၃-၂-၂၀၁၁







မလေးရှားပူချုန်း ၁၂-မိုင်ျနသတိုသားမောင်ကျော်ကျော်နိုင်+သတို့သမီးမခင်မာဆွေတို့၏
မင်္ဂလာဦးဆွမ်းကျွေးအလှူ ဒီလင်ဒီမယားသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေလို့ဆန္ဒပြုပါ၏။
Type your summary here.Type the rest of your post here.

Friday, February 4, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရားသို့


သို့သော်ငြားလည်း ဗောရောဗုဒေါ စကားလုံး၏ တိကျသော မူလဇစ်မြစ်သည် ကျွမ်းကျင်သော ပညာရှင်များအကြား အငြင်းပွားမှုတခုအဖြစ် ရှိနေဆဲဖြစ်၏ တချို့ပညာရှင်တွေသည် ဗောရောဗုဒေါ”ဟူသောအမည်မှာ “၀ိဟာရ ဗုဒ္ဓေါ”မှ ဆင်းသက်လာသည်ဟု ဘာသာဗေဒပညာရှင်တို့က ဆိုကြ၏၊ ‘မြတ်စွာဘုရား ကျောင်းတော်’ဟု ဆိုလိုဟန်ရှိသည် “ဗုဒူးရွာတွင် တည်ရှိသောကြောင့် ဗောရောဗုဒေါ ဟုခေါ်သည်”ဟုလည်းဆိုကြ၏၊ စေတီတော်ကြီး၏ အောက်ခြေမှ ဖိနပ်တော်သည် (၃၉၄)ပေ၊ အလျား အနံစီရှိသည်၊၊ အမြင့်ပေ(၁၃၈)ပေ မြင့်သည် ဟု ဆိုထားကြ၏ ၊ ဖိနပ်တော်အထက် တွင် အဆင့် လေးဆင့်ရှိ၍၊ ၀ရံတာ အကာအရံရှိပါသည်၊၊ စေတီတော်ကြီးကို cubic meter 55000 volcanic stones များဖြင့် တည်ဆောက်ထားသည်ဟု သိရပါသည်၊၊ နှစ်ပေါင်း(၇၀)ကျော်ကြာ တည်ဆောက်ရ သည်ဟုလည်း စေတီတော် အတ္ထုပ္ပတ္တိစာတမ်းများက ဆိုပါ၏၊၊
ယ္ခု ခေတ် ပညာရှင်တို့၏ အမြင်ကတော့ တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်လုံးသို့ အာဏာစက်ဖြန့် ကြက်ခဲ့သော အသောကခေတ်တွင် အရှေ့ တောင်အာရှနယ်မြေ (မြန်မာအရှေ့တောင်ပိုင်း၊ ထိုင်းအနောက်တောင်ပိုင်း၊ မလေးကျွန်းစု၊ ဆုမတြာကျွန်းစု) တစ်ခုလုံး ကို သုဝဏ္ဏဘူမိ-ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ဤရွှေမြေ၌ အသောက၏ ဓမ္မဒူတ အဖွဲ့များ ရောက်ခဲ့ဖူးသည်။ A.D. 8 ရာစု ခန့်တွင် သေလိန္ဒရမင်းတို့တည်ဆောက်ခဲ့သော ၀ရဗုဒ္ဓစေတီတော်ကြီး(သို့) ၀ိဟာရဗုဒ္ဓစေတီတော်ကြီး ဗောရောဗုဓော (Borobudur) ဟု ပညာရှင်တချို့က ဆိုကြပြန်၏။
အင်ဒိုနီးရှားဗောရောဗုဓောစာအုပ်တွင် ဗောရောဗုဓော စသည့်အချိန် ကြာသည့်အချိန်နှင့် တည်ထားသူကို မှတ်တမ်း
တင်ထားခြင်းမရှိပါ ဗောရောဗုဓောကဲ့သို့ အလားတူ(ပုံစံတူ) အခြားဘုရားကျောင်များ ဥပမာ Sari (ဆရီ) Kalasan (ကလဆန်) Sewu (စီဝု) နှင့် Plaosan (ပလေအိုဆန်) ဘုရားကျောင်းများကို အေဒီ ၇၇၈-မှ-အေဒီ ၇၈၂-နှစ်များတွင် တည်ဆောက်ခဲ့သည်ဟု ကျောက်တိုင်များတွင် ရေးသားဖေါ်ပြခဲ့၏။
အမှန်တော့ ဗောရောဗုဓော-၏ ခြေတော်ရင်း၌ ပြည့်နှက်စွာ ထွင်းထားသော ဒီဇိုင်းများပေါ်တွင် ရှေးကျသော ဂျာဗား အရေးအသားရှိ၏ သို့သော်လည်း ထိုအရေးအသားသည် Pallawa (ပါလာဝ) မှ (၇-ရာစုနှင့် ၁၀-ရာစု အစော ပိုင်းမှ စတင် ဖွံ့ဖြိုးလာသော) ဂျာဗားစာသို့ ဆင်းသက်ကူးပြောင်းလာခြင်းဖြစ်၏။
အေဒီ-၇၃၂-တွင် Cailendra (ဆိုင်လန်ဒြာ) မင်းဆက် ဗုဒ္ဓဘာသာဝင်ဘုရင်များ၏ အမည်နာမကို စားရင်းသွင်း မှတ် တမ်းတင်ထား၏ ထိုအချိန်ကာလတွင်လည်း Sanjaya (ဆန်ဂျာရာ) မင်းဆက် ဟင်ဒူ (Hindu) ဘုရင်အုပ်ချုပ်မှုသည် လည်း အောင်မြင်သောအချိန်ဖြစ်၏ ထူးခြားသောအချက်သည် Borobudur (ဗောရောဗုဓော) Mendu (မန်ဒု) နှင့် Pawan (ပါဝမ်) ဗုဒ္ဓဘုရား (၃)ဆူ၏ ဆက်နွယ်မှု ကွင်းဆက်သည် အခြား ဟင်ဒူ ဘုရားကျောင်းများနှင့် နီးစပ်စွာ တူညီ နေတာကို တွေ့ရှိရ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂-၂-၂၀၁၁








မလေးရှားတရုပ်နှစ်သစ်ကူးပိတ်ရက်တွင် မသန္တာဦးဦးဆောင်သောရွှေမြန်မာများ၏
နှစ်သစ်ကူးဆွမ်းအလှူ တရုပ်နှစ်သစ်မှာစိတ်သစ်နဲ့ပျော်ရွှင်နိုင်ပါစေ။
Type your summary here.Type the rest of your post here.

Tuesday, February 1, 2011

အင်ဒိုနီးရှားခရီးစဉ်ဗောဓောဗုဓောဘုရားသို့



သမိုင်းစိတ်ဝင်စားသူ ၀ါသနာရှင်များ လေ့လာ၍ မ၀နိုင်အောင် ဆွဲဆောင်မှုအပြည့်ရှိ၏ တခဏတာ လည်ပတ်ခြင်း ဖြင့်ပင် ဗောရောဗုဒေါ စေတီ၏ အံ့သြဖွယ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရ၏ စေတီတော်ကြီးသည် တောင်ကုန်းတခု ပေါ်တွင်တည်ဆောက်ထားသောကြောင့် တောင်အောက်မှဖူးမျှော်လျှင် စေတီတော်၏ လှပမှု သဘာဝကြမှုကို ထင်ထင် ရှားရှားမတွေ့ရပါ ဝေဟင်မှဓါတ်ပုံရိုက်ထားသည့် ဗောရောဗုဒေါ စာအုပ်ကိုကြည့်မှ ပိုပြီးကြည်ညိုသပ္ပါယ်တာတွေ ပိုပြီးအံ့ သြဖွယ်တွေဖြင့် ဖူးမျှော်ရမှာဖြစ်၏။
ထိုစေတီကြီးကို တည်ထားကိုယ်းကွယ်ခဲ့သည့် အလှူဒါယကာ ဘယ်မင်းလဲဆိုတာကိုတော့ ကပ္ဗည်းကျောက်စာ မရေးထားခဲ့သည့်အတွက် ဘယ်သမိုင်းပညာရှင်မှ မပြောနိုင်ပါ ခန့်မှန်းမှုတွေနဲ့သာပြောဆိုကြ၏ အေဒီ ၇-ရာစုနှင့် အေဒီ ၈-ရာစုခြား Cailendra (ဆိုင်လ်လန်ဒြာ) မင်းဆက်မှ တည်ဆောက်ခဲ့သည်ဟု ပြောဆိုကြ၏ စေတီတော်ကြီး၏ အဓိက ပုံသဏ္ဍာန်မှာ အလယ်ဗဟိုရှိ ခေါင်းလောင်းပုံ စေတီတော်ကြီးကို ၀ိုင်းရံကာ တည်ထားခြင်းဖြစ်၏။
ဗောရောဗုဒေါ စေတီတော်ကြီး၏ မူလအမြင့်မှာ ၄၂-မီတာရှိ၏ သို့သော် သဘာဝဘေးဒဏ်များဖြစ်သော မိုကြိုးပြစ် ခြင်း ငလျှင်ဒဏ်များ အကြိမ်ကြိမ်ခံရပြီးနောက် ယ္ခုအခါ ၃၅.၂၉-မီတာသို့ လျှောကြသွား၏ ဧရိယာ အကျယ်အ၀န်းမှာ ၁၄,၁၆၅ -စတုရန်းမီတာရှိ၍ အနံမှာ ၁၂၀-မီတာရှိ၏ မီးတောင်ကျောက်တုံး ၂,၀၀၀,၀၀၀(သိန်း-၂၀)ထက်မနည်း အသုံး ပြုထားပြီး စုစုပေါင်း အဆောက်အဦးထုထယ် ၅၅,၀၀၀ (၅-သောင်း ၆-ထောင်) ကုဗစင်တီမီတာရှိ၏။ ဗောရောဗုဒေါ သည် ၃,၅၀၀,၀၀၀ (၃-သိန်း ၅-သောင်း) တန် အလေးချိန်ရှိပြီး ဘုရားပေါ်တွင်လေ့လာလယ်ပတ်သူ ၅,၀၀၀ အထက်၏
အလေးချိန်ကို ခံနိုင်ရည်ရှိသညိဟု ခန့်မှန်းရ၏။
Borobudur, ဗောရေဗုဒေါ စကားလုံးသည် Vihara, ၀ိဟာရ နှင့် Beduhur, ဗဒုဟာ ဟုဆိုသည့် သီးခြားစကားလုံး
နှစ်ခုမှဆင်းသက်လာနိုင်ဖွယ်ရှိသည် Vihara, ၀ိဟာရ သည် bihara, ဗီဟာရ ဖြစ်လာပြီး ရှုပ်ထွေးသော အဆောက်အဦး
များ (သို့) များပြားသော လူများအတွက် ကြီးမားသော အိပ်ခန်းဟု အဓိပ္ပါယ်ရှိ၏ beduhur, ဗဒုဟာ သည် budur, ဗုဒါ ဟု နောက်ဆုံးဖြစ်လာခဲ့ပြီး မြင့်တက်နေသောလွင်ပြင် (သို့) တောင်ကုန်းပေါ်မှ နေရာတခုဟု အဓိပ္ပါယ်ရ၏ ထိုစကားနှစ် လုံးကို ပေါင်လိုက်သောအခါ Borobudur တောင်ပေါ်က ဘုရားကျောင်းတော်ကြီး (သို) တောင်ပေါ်ကစေတီတော်ကြီး အဓိပ္ပါယ်ရ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၃၀-၁-၂၀၁၁





ကွယ်လွန်သူဖခင်ကြီး ဦးခင်မောင်(မိုးညို)အားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှ
ကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်ပြီးကောင်းရာသုဂတိသို့ရောက်ရှိပါေ၏
Type your summary here.Type the rest of your post here.

အင်ဒိုနိးရှားခရီးစဉ် ဗောဓောဗုဓောဘုရားသို့




ဗောရောဗုဓော စေတီတော်ကြီးကို အံ့သြဖွယ်တွေ့မြင်ရတော့၏ နေ ရောင်အောက်တွင်အချွန်အတက်တွေစုံလင်စွာဖြင့် ခပ်ဝေးဝေးမှ ခပ်ရေးရေးသာတွေ့မြင်ရ၏ ပိုနီးလာလေဗောရောဗုဓော
သွင်ပြင်လက္ခဏာက ပိုမိုပေါ်လွင်လာ၏ ဘုရားတွေ့တော့လဲ ပန်းလာသမျှသည်ဘယ်ရောက်သွားမှန်းမသိ အတိုင်းထက် အလွန် ၀မ်းသာကြည်နူးရပါ၏။
ဗောရောဗုဓောစေတီတော်ကြီးသည် ကမ္ဘာအကြီးဆုံး ရှေးဟောင်းဗုဒ္ဓစေတီတော်ကြီးဖြစ်၏ ကမ္ဘာပေါ်ရှိ ထင်ရှား သော ရှေးဟောင်းကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ကိုက အသိအမှတ်ပြုထား၏ ကမ္ဘာအံ့ဖွယ်ထဲတွင် ဗောရောဗုဓော စေတီလည်း အံ့ဖွယ်တခုအဖြစ် ယနေ့ထက်တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်၏ ဤမျှကြီးမားသော စေတီတော်ကြီးတ ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်က ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကား သောနိုင်ငံဖြစ်သည်ဆိုတာ အထူးပြောဆိုဖွယ်မလိုပါ သာမန်လူတောင် စဉ်းစားချင့်ချိန်နိုင်ပါ၏။
(A.D.8) အေဒီ ၈-ရာစုလောက်က တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၁၀၀၀-ကျော်နေပြီ သမိုင်းကြောင်းပြန် လှန်မယ်ဆိုလျှင် ဤစေတီတော်ကြီး တည်ဆောက်ချိန်သည် ဗုဒ္ဓဘာသာ ဘုရင်အုပ်ချုပ်၏ ဗုဒ္ဓဘာသာဘုရင်ကို ဟိန္ဒူဘု ရင်က ဖြုတ်ချတာတွေ့၏ ဟိန္ဒူဘုရင်ကိုလည်း မူစလင်ဘုရင်က ဖြုတ်ချတာတွေ့ရ၏ ယ္ခုလက်ရှိလည်း မူစလင်ဘာသာ ၀င်တွေ အုပ်ချုပ်နေ၏ နှစ်ပေါင်း ၁၀၀၀-ကျော်အတွင်း ဘာသာရေးဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နေသော်လည်း ဗောရော ဗုရောဘုရားကြီး၏ ထူးခြားအံ့သြဖွယ်နှင့် ထူးခြားသော ကျောက်များပေါ်တွင် အနုပညာလက်ရာစုံဖြင့် ဆွဲဆောင်မှုရှိ အောင် တည်ဆောက်ထားခြင်းကြောင့် ဘယ်ဘာသာဝင်မှ ပျက်လောက်အောင် မဖျက်ဆီးခဲ့ပါ။
ဗောရောဗုဒေါ စေတီတော်ကြီးကို ကျောက်ဆစ်ရုပ်လုံးရုပ်ကြွများ ကျောက်ထွင်းနံရံပန်းချီကားများ ဗုဒ္ဓ၀င်ဇာတ်နိ ပါတ်များဖြင့် လက်ရာမြောက်စွာ သရုပ်ဖေါ်ထား၏ စေတီပတ်လမ်းများမှထောင့်များတွင် ရေဆင်းရန်အတွက် နဂါးခေါင်း ရုပ်လုံးများအတွင်းမှ ရေဆင်းရန်စီစဉ်ထားပုံကလည်း ပညာသားပါပြီ လှပ၍ အနုပညာမြောက်လှ၏ အတက်လှေခါးလေး
ဘက်ရှိ အ၀င်ဝတိုင်းတွင် အစောင့်ခြင်္သေ့ရုပ်တုများရှိ၏ စေတီတော်ကြီးသည် အဆင့် ၁၀-ဆင့်ရှိ၏ စေတီတော်ပေါ်သို့ လေးမျက်နှာမှ အပေါ်ဆုံးထပ်ထိ ကျောက်လှေကားဖြင့် တိုက်ရိုက်တက်နိုင်ပါ၏

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သတ္တမအကြိမ်ဝါဆိုသင်္ကန်းကပ်လှူပွဲ၂၁-၁၁-၂၀၁၀(၁၆)







Type your summary here.Type the rest of your post here.