အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Showing posts with label artical. Show all posts
Showing posts with label artical. Show all posts

Monday, August 15, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၉)


ယာန တရုပ်ကျောင်းကြီးတွေ ခန်းနာထယ်ဝါစွာတွေ့ရ၏ ဤကျောင်းကိုကြည့်ပြီး ဤမြို့သည် တရုပ်စီးပွားရေး၏ အချက်
အချာကြသောမြို့ဟု သဘောပေါက်နိုင်၏ မဒန်မြို့၏ ပါတိတ်ဈေးကွက်ကိုလည်းရောက်ရှိခဲ့၏။
ပါတိတ်ဆိုင်တွေ များလှ၏ ဈေးတွေမေးကြည့်တော့လည်း ဘာလီကျွန်းနှင့် ဆိုလျှင် တ၀က်လောက် သက်သာတာ တွေ့ရ၏ ဘာလီက နိုင်ငံခြားသားတွေ အလာများလို့ဈေးကြီးပုံရ၏ အောင်မြန်မာ ဒကာအောင်မိုးမြင့်+ဒကာမနွယ်နီငြိမ်း
တို့ကိုလည်း ပါတိတ်ဆိုင်တန်းတွင် တွေ့ရပြန်၏ သူတို့လည်းပါတိတ်လာဝယ်သည် ထင်ပါ၏။
နေ့ဆွမ်းကိုစားသောက်ဆိုင် တခုတွင်ကပ်မည်ဟု ဟိုတယ်မှမှာလိုက်သောကြောင့် ၁၀-နာရီအချိန်တွင် ဆွမ်းကပ်မည့် စားသောက်ဆိုင်သို့ ကားဆရာ ကားမောင်းလာ၏ မဒန်မြို့ တရုပ်အဖွဲ့တခုမှ ဆွမ်းကပ်လှူခြင်းဖြစ်၏ သတ်သတ်လွတ်
ဘူဖေး ဆွမ်းဖြစ်၏ ဆွမ်းစားပြီးတော့ မရောက်သေးသော နေရာများလိုက်ပို့၇န် ကားသမားပြောလိုက်၏။
ကားသမားသည် ဟိုင်းဝေးလမ်းတခုပေါ်တက်လာပြီး အတော်ဝေးသော နေရာတခုစီသို့ မောင်းပါတော့၏ ကားဆရာ ပို့ချင်သည်ကား တရုပ်ဘုရားကျောင်းတခုဖြစ်၏ သို့သော် အ၀င်လမ်း ပြောက်သွားတာနှင့် ဟိုင်းဝေးလမ်းဘေး ခေတ္တ ရပ်ကာ လမ်းပေါ်မှသာ ကြည့်ပြီး ဓါတ်ပုံရိုက်ခဲ့ရ၏။
တရုပ်ဘုရားမှအပြန် ဘုန်းကြီးနှင့်ဦးပဏ္ဍိအား မဒန်လေဆိပ်သို့ လိုက်ပို့ခိုင်းရ၏ ၂-နာရီခန့်ရှိပြီ ဖြစ်သောကြောင့် ပြန်ဖို့ အချိန်နီးလေပြီ လေဆိပ်ရောက်တော့ လေဆိပ်တွင်အသင့်စောင့်နေသော တရုပ်အဖွဲ့သည် ရောက်လာသမျှ သံဃာအား
အာလုံးအား လေယဉ်လက်မှတ် ချက်ကင်ကောင်တာ အဲယားပို့တက် စသည်တို့ကို တာဝန်ကျေအောင် အားလုံးဆောင် ရွက်ပေး၏ အားလုံးအစဉ်ပြေကြ၏။
ဘုန်းကြီးတို့ နှစ်ပါးလက်မှတ်ကြမှ ပြဿနာတက်တော့၏ လေယဉ်လက်မှတ် ကန်ဆယ် ဖြစ်နေပြီဟု အကြောင်းပြန် လာ၏ ဘာဖြစ်လို့လည်း ပြန်မေးတော့ အလာတုံးက မစီးခဲ့လို့တဲ့ သင်္ခမ်းစာတခုတော့ ရပြန်ပြီ ဘုန်းကြီးတို့ အင်ဒိုနီးရှား လာဖို့ ပထမ အစီအစဉ်က ကွာလာလမ်ပူ-မဒန် လေယဉ်လက်မှတ်ဖြတ်ထားခြင်းဖြစ်၏ မဒန်မှ- ဂျကာတာသို့ သွားလည် မည်ဟု စီစဉ်ထားခြင်းဖြစ်၏။
သို့သော် ဂျကာတာမှဇင်မာဝင်းသည် ဂျကာတာကို အရင်ကြွရန်လျှောက်ထားသောကြောင့် လေယဉ် လက်မှတ်အသစ် ထပ်ဝယ်ပြီး ဂျကာတာသို့ အရင်ကြွခဲ့ခြင်းဖြစ်၏ မဒန်-ကွာလာလမ်ပူ လေယဉ်လက်မှတ်ကို အပြန်ခရီးစဉ်မှ စီးရန် စီစဉ် ထားခြင်းဖြစ်၏ လေယဉ်လက်မှတ်အရောင်းဋ္ဌာနကို အကြောင်းမကြားမိပါ ဤကဲ့သို့အကြောင်းမကြားခြင်းကြောင့် အပြန်
ခရီးစဉ်လက်မှတ် ကန်ဆယ် ဖြစ်နေခြင်းဖြစ်၏ မှတ်သားစရာ ဗဟုသုတ တခုပေါ့လေ။
တရုပ်အဖွဲ့အား လေယဉ်လက်မှတ် အသစ်ဝယ်လို့ရနိုင်မလားဟု မေးခိုင်းရပြန်၏ ခဏစောင့်ပါ ရပါမည်ဟု ပြန်ပြော သဖြင့် ထိုင်ခုံတွင်စောင့်နေရ၏ လက်မှတ်အစဉ်မပြေလျှင် တညထပ်အိပ်ရမှာ ဖြစ်သောကြောင့် စိတ်ထဲ ကသိကအောင့် တော့ ဖြစ်သွား၏ လေယဉ်လက်မှတ်ဝယ်ရန် ဒေါ်လာ ၁၇၀-ပေးလိုက်၏ အပြန်လက်မှတ်နှစ်ဆောင်ကို တရုပ်အဖွဲ့ ၀င်
ပြောတာနှင့် ဒေါ်လာ ၁၀၀-နှင့်ရလာ၏။
လက်မှတ်ဖိုးပေးလိုက်သော ငွေတွေကိုလည်း တရုပ်အဖွဲ့မှ အားလုံးပြန်လှူ၏ အဲယားပို့တက်တွေလည်း သူတို့ဘဲ အားလုံးလှူ၏ မဒန်တရုပ်အဖွဲ့ ဂရုစိုက်ပုံကတော့ အတော်ကို အားနာစရာကောင်းလှ၏ မဒန်တရုပ်အဖွဲ့၏ ဧည့်ဝတ်ကျေ ပုံ လေဆိပ်အတွင်း ရောက်လာသမျှ သံဃာတွေကို တာဝန်ကျေအောင် ဆောင်ရွက်နေသော သူတို့လှုပ်ရှားမှု ပုံရိပ်တွေ
သည် ဘုန်းကြီး၏ ဘ၀တသက်တာတွင် အမြဲတန်း အမှတ်ရနေမည်ဖြစ်၏။
ဘုန်းကြီးတို့လေယဉ်သည် ညနေ ၄-နာရီ မဒန်မှ စတင်ထွက်ခွါလာ၏ လေယဉ်ပေါ်တွင် သံဃာတွေ တ၀က်ကျော် လောက်ပါလာ၏ မလေးထရန်စစ်ဖြင့် သီရိလင်္ကာ နိပေါ စသော ဆရာတော်တွေလည်းပါ၏ သီလရှင်တွေလည်းပါ၏ မိနစ် ၄၀-ခန့်တွင် ကွာလာလမ်ပူလေဆိပ်သို့ လေယဉ်ဆိုက်ရောက်၏ ဒကာဟန်ထွန်းလာကြိုသော ကားဖြင့် လေဆိပ်မှ ကွာလာလမ်ပူ ပူချုန်း ဓမ္မရောင်ခြည်ကျောင်သို့ ၆-နာရီခန့်တွင် ပြန်လည်ရောက်ရှိပါ၏။
ရေးပြီးချိန်-- ၃၀-၃-၂၀၁၁၊
ထေရ၀ါဒခရီးသည်(ဤစာအုပ်ထွက်ပါပြီ) ဖတ်ချင်သူများ ဓမ္မရောင်ခြည်သို့အလှူခံပါရန်

Type your summary here.Type the rest of your post here.

Sunday, August 14, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၈)


နိဒ္ဒုက္ခာ အစရှိသော ဂါထာ၊ ယံ ဒုန္နိမိတ္တံ အစရှိသော ဂါထာများကို ရွတ်ဆို၍ ဆုတောင်း မေတ္တာ ပို့ကာ အခန်းအနားကြီး မဟာသံဃာ့ သန္နိပါတ အခန်းအနားကြီးကို အောင်မြင်စွာ ပြီးဆုံး၍ ရုပ်သိမ်းတော်မူ၏။
ထို့နောက် တရုပ် နဂါးအကများဖြင့် ဧည့်ခံဖျော်ဖြေ၍ မီးရူး မီးပန်းများ ပစ်ပေါက်ကြသည်။ သံဃာ ၁၄၀၀-တို့ အစည်း အဝေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဗောဓိပင်များ စိုက် ပျိုးတော်မူကြ၏ အင်ဒိုနီးရှားနိုင်ငံ ရုပ်သံလွင့်ဌာနများက ရုပ်သံလွင့်ရာ၌၎င်း၊ အင်ဒိုနီးရှားနိုင်ငံသတင်းစာများက ရေးသား ကြရာ၌၎င်း ရွှေတိဂုံစေတီပုံတူ ဖွင့်လှစ်ပူဇော်ပွဲ အခန်းအနားကို The World Buddhist Summit ဗုဒ္ဓဘာသာ ထိပ်သီး
ညီလာခံကြီး ဟု ရေးသား ဖော်ပြကြသည်ကို တွေ့ရ၏၊
ဘုန်းကြီးတို့ မလေးရှားဂရုအဖွဲ့လည်း ရွှေတိဂုံပုံတူစေတီ ယင်ပြင်တော်မှ ထွက်ခွါရန် လူစုနေပါပြီ စေတီယင်ပြင်မှ ထွက်ခွါလာသောအခါ လိမ္မော်ရောင် ၀တ်ဆင်ထားသော လုမ္ဗိနီ ဝေယျာဝစ္စလူငယ်အဖွဲ့ ဦးဆောင်၍ လက်ကလေးတွေ လှုပ်ခါ၍ နှုတ်ဆက်စကားတွေသည် ရင်ဝယ်အေးမြ၍ လှုပ်ခတ်သွားပါ၏ သြော်---၃-ရက်ခန့်သာ တွေ့မြင်ခဲ့ရသော်လည်း တသက်လုံး မမေ့နိုင်သည့် ဤမြင်ကွင်းကို ဘုန်းကြီး၏ နှစ်လုံးသားပုံရိပ်တွင် တသက်လုံး စွဲထင်နေမည် ဖြစ်ပါ၏။
အေဒီ ၈၀၀ စုတွင် တည်ဆောက်ခဲ့သော ဗောရောဗုဒေါ (Borobudur Pagoda) စေတီတော်ကြီး၌ ထွင်းထုထား သော ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်တို့၏ ရုပ်လုံးရုပ်ကြွများမှာ မဟာယာနဗုဒ္ဓဘာသာကျမ်းများ လာရှိသော ဗုဒ္ဓ၀င်အယူအဆများ နှင့် ထေရ၀ါဒဗုဒ္ဓ၀င်အယူအဆများ ပေါင်းစပ် ထွင်းထုထားသည်ကို တွေ့ရပါ၏။
ယနေ့ ဆုမတြာ (သုမိတ္တရ) ကျွန်း ဘရာစတာဂီ (Brastagi) မြို့အနီး တောအုပ်ထဲက မြတ်ဘုရားရွေတိဂုံမှာမူ စနစ် ကျကျ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ဖြင့် တန်ဆာဆင်တည်ဆောက် ပူဇော်ထားခြင်းဖြစ်ရာ သစ်ပင် သစ်ရိပ် တိမ် တောင် တိမ်လိပ် မီးခိုး မြူမှုံတို့၏အကြား ရွှေရောင်တ၀င်းဝင်း နေခြည်အောက်မှာ တောက်ပလျှက်ရှိသဖြင့် သုဝဏ္ဏဒီပ ၏ အဓိပ္ပါယ်မှာ ထင်လင်းစွာ အဓိပ္ပါယ်ကို ဖော်ပြလျက်ရှိပါ၏။
မြန်မာ့ကျောက်စိမ်း ဆင်းတုတော်ကြီးများ၊ မြန်မာ့ကျောက်ဖြူ ဆင်းတုတော်ကြီးများ၊ မြန်မာ့လက်ရာ ရွှေထီး၊ ပန်းချီ များဖြင့် သပ္ပါယ် ကွန့်မြူး အထူးပင် ကြည်နူးဖွယ်ကောင်းလှပါ၏ ဤစေတီတော် တည်ဆောက်ခြင်းနှင့် ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင်ပွဲ ကျင်းပရာ၌ ဘုရားဒါယကာ မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုက အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် စွန့်လွတ်ကော်ရော် လှူဒါန်း ပူဇော်ခဲ့ပါ၏ ရွှေမြေမှာ မွေးဖွားသည့် ရွှေနှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ဂုဏ်ပြုလိုက်ပါ၏။
နှုတ်ဆက်ခဲ့ပြီ - ဘာရာစတာဂီ
ဘုန်းကြီးတို့ စီးနင်းလာသော ဘတ်စ်ကားသည် ဘာရာစတာဂီမြို့ ရွှေတိဂုံပုံတူစေတီတော် ယင်ပြင်တော်မှ စတင် ထွက်ခွါလာပါပြီ မြတ်ဘုရားရွှေတိဂုံကို လက်ဆယ်ဖြာဦးထိပ်တင်၍ ရှစ်ခိုးဦးတင်ခဲ့ပါ၏ နေခဲ့ဦးတော့ ဘရာစတာဂီရယ် ဟု ရင်ထဲမှနှုတ်ဆက်စကားဆိုခဲ့ပါ၏ ကားအထွက်တွင် ဘာရာစတာဂီမြို့သားတွေ၏ နှုတ်ဆက်သံတွေကလည်း သော သော ညံသွားပါ၏။
ရှေ့ပြေးဆိုင်ကယ်တွေဦးဆောင်၍ ဘုန်းကြီးတို့ ဘတ်စ်ကားတန်းကြီး တောင်ပေါ်မှ တောင်အောက်သို့ ဆက်သက်
လာခဲ့၏ မဒန်မြို့ရောက်တော့ ၁၁- နာရီခန့် ရှိနေပြီ အထပ်မြင့်ဟိုတယ်ကြီးတခုတွင် သံဃာတော်တွေ စုပေါင်းထားရှိတာ
တွေ့ရ၏ ဟိုတယ်တွင် အခန်းရသောအခါ တနေ့တာပင်ပန်းသမျှ အိပ်စက်အနားယူလိုက်ပါ၏။
နံက် အာရုံဆွမ်းကို ဟိုတယ်စားသောက်ဆောင်တွင် ဘူဖေးစနစ်ဖြင့်ဖုံးပေးရ၏ အာရုံဆွမ်းအပြီးတွင် မလေးရှားမြန်မာ ဘုန်းကြီးအဖွဲ့ စုပေါင်းတိုင်ပင်၍ ဦးနန္ဒာစာရ အဆက်အသွယ်ဖြင့် မဒန်မြို့ကို တနေ့လုံးလယ်ရန် ကားတစီးငှား၏ ကားခ အင်ဒိုငွေ ၅သိန်းပေးရ၏ နေ့လည် ၃-နာရီခန့် မလေးရှားပြန်ရမှာဆိုတော့ အိပ်တွေယူကာ ဟိုတယ်မှတခါတည်း ထွက် လာခဲ့၏။
မဒန်မြို့၏ အစည်ကားဆုံးနေရာတွေ လိုက်ပို့ခိုင်းလိုက်၏ ကားပေါ်ကသာ မြို့ကိုပတ်၍ လိုက်ကြည့်ခြင်းဖြစ်၏ မဟာ

Type your summary here.Type the rest of your post here.

Friday, August 12, 2011

အင်ဒိုနီးရျားခရီးစဉ်(၆၇)


သော ကားတွေဖြင့် ဟိုတယ်အသီးသီးသို့ ပြန်ကြွတော်မူ၏ သီတဂူဆရာတော်ကြီး ညတရားပွဲရှိသည်ဟု သိရပြီး မိမိတို့ နေရာနှင့်ဝေးသောကြောင့် တရားနာဖို့မလွယ်ပါ တနေ့လုံးပင်ပန်းသမျှ စောစောအိပ်ယာဝင်လိုက်၏။
နံက် ၃-နာရီခန့်ထပြီး ရေချိုး၏ အာရုံဆွမ်းကို စားသောက်ဆောင်တွင် သွားဖုံးပေး၏ ဒီနေ့တော့ မိမိတို့ပစ္စည်းတွေ ကားပေါ်တခါတည်းတင်ထားရ၏ အစည်းဝေးအပြီး မဒန်မြို့သို့ ပြန်ရမည်ဖြစ်၏ သံဃာစုံသောအခါ ရွှေတိဂုံပုံတူစေတီ တော်သို့ ထွက်ခွါလာခဲ့၏ ရွှေတိဂုံပုံတူစေတီကတော့ တောရိပ်တောင်ရိပ်ကြားက ရွှေရောင်တ၀င်းဝင်းနဲ့ တောက်ပစွာ တွေ့မြင်ရ၏ ယနေ့အစည်းဝေးအပြီး ဤစေတီနားမှထွက်ခွါရတော့မည်ဖြစ်၏ ဘယ်နေ့ဘယ်အချိန်တွင် ပြန်လည်ဖူးမျှော် ရမည်မသိ ပြန်လည်ရောက်လာဖို့ကတော့ မလွယ်ပါချေ နောက်ဆုံးကတော့ခြင်းဖြင့် ကတော့ရမည်သာဖြစ်၏။
ရွှေတိဂုံပုံတူစေတီတော် ဒုတိယနေ့အခမ်းအနား။
နံက် ၈-နာရီခန့်တွင် အခန်းအနားကို ကြွရောက်လာသည့် သံဃာတော်အရှင်မြတ်များမှ နမောတဿ သုံးကြိမ် ရွတ် ဆို၍ ဖွင့်တော်မူ၏ သီရိလင်္ကာမှ သံဃာတော်များ၊ ကိုရိယားမှ သံဃာတော်များ၊ ကမ္ဘောဒီးယားမှ သံဃာတော်များ၊ လာ အိုမှ သံဃာတော်များသည် မိမိတို့နိုင်ငံ၏ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ရွှေတိဂုံပုံတူစေတီတော်ကြီးအား ဗုဒ္ဓါဘိသေ က အနေကဇာတင် ရွတ်ဖတ်ပူဇော်ကြ၏ ပညာရှင်များဖြစ်ကြသော Ven.Anil Man Sakya /Sugandho/ တမ္ပ၀တီ ဦးဝင်းမောင်၊ ဦးစိုင်းအောင်ထွန်းတို့ကလည်း စာတမ်းများ ဖတ်ကြား၏။
ဒုတိယနေ့ ဆွမ်းကိစ္စကိုတော့ ပထမနေ့လို မဖြစ်အောင် ခပ်စောစောနားကာ သံဃာတော်အရှင်မြတ်တွေကို ဟိုတယ်
သို့ ပြန်လည်ပင့်ဆောင်ကြ၏ နေ့ဆွမ်းအချိန်စောသေးတာနှင့် ဘတ်စ်ကားကို ဈေးနားတွင်ရပ်ပေးကာ ဘရာစတာဂီမြို့ ၏ ဈေးထဲသို့ လှည့်လည်ကြည့်ရှုကြ၏ လိုချင်တာတွေ့တော့လည်း ၀ယ်ယူကြ၏ ဘုန်းကြီးတို့တော့ မလေးရှားမှာ မတွေ့ ရသော သစ်သီးတွေ ၀ယ်စားကြ၏ ဈေးလာသည့် တရုပ်တွေကလည်း ၀ယ်လှူကြ၏ ဈေးမှပြန်လာကာ ဟိုတယ်တွင် နေ့ဆွမ်းကို ဘူဖေးစနစ်ဖြင့် ဖုံးပေးကြ၏။
ဟိုတယ်ခန်းကလည်း နံက်ကပြန်အပ်ထားတာဆိုတော့ ကားပေါ်မှာသာလျှင် အနားယူရတော့၏ နေ့လည် ၁-နာရီခန့် တွင် ရွှေတိဂုံပုံတူစေတီတော်သို့ ပြန်လည်ထွက်ခွါလာကာ နေ့လည်ပိုင်း အစီစဉ်ကို စပါတော့၏ ပညာရှင်အဆင့် ဆွေး နွေးပွဲဆိုတော့ နားလည်သူ အနည်းငယ်သာတွေ့ရပြီး နားမလည်သူကတော့ အများစုဖြစ်နေတာတွေ့မြင်ရ၏ စိတ်မ၀င် စားသူတွေကတော့ ထိုင်လိုက် အပြင်ထွက်လိုက်နှင့် ပရိတ်သတ် ငြိမ်သက်မှုမရှိလှပါ။
စားပွဲဝိုင်း ဆွေးနွေးခန်း၌ ဒေါက်တာဂုဏရတန (USA) ဆရာတော်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်တော်မူ၏ ဦးဆောင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များမှာ ဆရာကြီး ဦးစိုင်းအောင်ထွန်း၊ ဦးအောင်သိန်းညွှန့်၊ ဒေါက်တာဓမ္မပိယ (USA)၊ ဒေါက်တာနန္ဒပါလ (UK)၊ တမ္ပ၀တီ ဦးဝင်းမောင်၊ ဒေါက်တာတိစုလက်ဘာ (Dr Tutsu Leber) တို့က ဦးဆောင်တင်ပြ
ဆွေးနွေးကြ၏။
ဒေါက်တာသကျအနီလသုဂန္ဓောက အကူအညီသဘာပတိ အဖြစ် ဆောင်ရွက်သည် ဒေါက်တာသစ္စပါလ(နယူးဒေလီ) က တင်သွင်းဖတ်ကြားသော စာတမ်းအားလုံး၏ အနှစ်ချုပ်ကို ခြုံ၍ ငုံ၍ ပြောကြားခဲ့၏ သီတဂူဆရာတော်နှင့် ဒေါက်တာ မျိုးမြင့်တို့က စားပွဲဝိုင်း ဆွေးနွေးပွဲကြီးတခုလုံး၏ အစီအစဉ်များကို ကြီးကြပ် စီမံ ဆောင်ရွက်တော်မူခဲ့ကြ၏။
စားပွဲဝိုင်း ဆွေးနွေးပွဲကြီး၏ နိဂုံးချုပ် မိန့်ခွန်းကို ဒေါက်တာဂုဏရတန (USA) က မိန့်ကြားတော်မူ၏ နားထောင်သော
ပရိသတ်တို့ မေးသမျှတို့ကို စာတမ်းရှင်တို့က ဖြေကြားခဲ့ကြ၏ ဘုရားဒါယကာကြီး မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာက ကျေးဇူးတင်စကား ပြောကြား၏ အင်ဒိုနီးရှားဆိုင်ရာ သာသနာရေးဌာန ညွန်ကြားရေးမှူးချုပ်က နိဂုံးချုပ် ပြောကြား၏ သီတဂူဆရာတော်ကြီးက အခန်းအနားတခုလုံး ပြီးဆုံးကြောင်း အခန်းအနားသိမ်း နုတ်ခွန်းဆက် စကား မိန့်ကြား တော် မူ၏။
မြန်မာနှင့် ထိုင်း သံဃာ ၁၀၀၀ တို့က အင်ဒိုနီးရှားနိုင်ငံ၌ ကျရောက်နေသော သဘာဝဘေးဒဏ် အားလုံး ချုပ်ငြိမ်းစေ ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသူ နိုင်ငံသားတို့ ဘေးဒုက္ခမှ လွတ်စေကြောင်း ဆုတောင်းသည့် အနေအားဖြင့် ဒုက္ခပ္ပတ္တာ စ
Type your summary here.Type the rest of your post here.

Thursday, August 11, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၆)


ကို ကြည့်ပြီး အံ့သြတဲ့မျက်နှာနဲ့ အရှင်ဘုရား မြန်မာစကား ပြောတတ်သားဘဲဟု ပြန်ပြောလာ၏ ဘုန်းကြီး လည်ပင်းဆွဲ ထားသော ကတ်ပြားက မလေးရှားလို့ ရေးထားတော့ ဘုန်းကြီးကို သူတို့က မလေးရှားဟုထင်နေ၏ ဘုန်းကြီးက မလေး
ရှားမှာ နေတဲ့ မြန်မာဘုန်းကြီးပါဟု ပြောပြရ၏။
တပည့်တော်တို့က မလေးရှားဘုန်းကြီးထင်နေတာ မြန်မာစကားပြောလို့ အံ့သြနေတာဟုပြော၏ သူ့ခင်ပွန်းထံမှ ပါရာ စီတမော့ ဆေးတောင်းလှူ၏ မေးကြည့်တော့ အင်ဒိုနီးရှားမှ မြန်မာစစ်သံမှုး ဇနီးမောင်နှံဖြစ်နေ၏ ညနေဆေးတပြားထပ် လှူပြီး သောက်လိုက်ခြင်းကြောင့် ဖျားချင်စိတ် ပျောက်သွားပါ၏ အင်ဒိုနီးရှား စစ်သံမှုး ဇနီးမောင်နှံသည် မထင်မှတ်ဘဲ ဆေးလှူလိုက်ရသောကြောင့် ပီတိဖြစ်နေပုံရ၏ ဘုန်းကြီးကလည်း မမျှော်လင့်ဘဲ ကျေးဇူးတင်လိုက်ရပါ၏။
ဘုန်းကြီးကို အင်ဒိုနီးရှား တရုပ်လေးတွေကလည်း ဘုန်းကြီးနှင့် ဓါတ်ပုံတွဲပြီး ရိုက်ကြ၏ သူတို့တတွေ ဘုန်းကြီးကို မလေးရှား တရုပ်ဘုန်းကြီး ထင်ပြီး တရုပ်စကားတွေ လာပြောကြ၏ ဘုန်းကြီးက တရုပ်စကား နားမလည်ဘူးဟု ပြောမှ အင်္ဂလိပ်လို ပြောကြ၏ ကိုယ့်ပုံကလည်း တရုပ်ပုံ ပေါက်နေသလားမသိ လူကမြန်မာ ကပ်ပြားကမလေးရှားဆိုတော့ မှား မယ် ဆိုလျှင်လည်း မှားနိုင်တာပေါ့လေ။
နေ့လည်ပိုင်းအစီစဉ်ကို ၂-နာရီခန့်တွင် ပြန်လည်စတင်၏ ရွှေတိဂုံပုံတူစေတီတော်နှင့် စုပေါင်းဂရုဓါတ်ပုံ ရိုက်ကြ၏
ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင် အစီအစဉ်၌ ထိုင်းနိုင်ငံမှ သံဃာ အပါး ၄၀၀၊ အင်ဒိုနီး ရှားနိုင်ငံမှ သံဃာ အပါး
၁၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာ ၃၅ပါး၊ ကမ္ဗောဒီးယားနိုင်ငံမှ သံဃာ ၂၅ ပါး လာအိုနိုင်ငံမှ သံဃာ ၁၀ပါး၊ အိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံတို့မှ သံဃာ ၁၀ပါး ဟူသော သံဃာတော် အရှင်မြတ်တို့က အသီးအသီး မိမိ မိမိတို့၏ တိုင်းပြည်ဓလေ့ ထုံးစံများအရ ထေရ၀ါဒ နည်းစနစ်ဖြင့် အနေကဇာတင်တော်မူကြ၏။
ထို့ပြင် တရုပ်, ကိုရီးယား, ဂျပန်, ထိုင်ဝမ်, တိဗက်, စင်္ကာပူ, ဗီယတ်နမ်, မလေးရှားနိုင်ငံ အသီးသီးမှ မဟာယာန ၀ဇိရယာန သံဃာတော်တို့ကလည်း မဟာယာန ၀ဇိရယာန နည်းစနစ်ဖြင့် အသီးသီး ရွတ်ဆို၍ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင် မင်္ဂလာ ကောင်းမှုပြုတော်မူ၏။
စာတမ်းဖတ် ဆွေးနွေးပွဲအပိုင်း၌ သုတေသနပြု သာသနာပြု စာတမ်းများကို ဖတ်ကြားခြင်း၊ စေတီတော် သမိုင်းများ ကို ကွန်ပြူတာ ပါဝါပွိုင့်ဖြင့် တင်သွင်း ရှင်းလင်း ဖတ်ကြားခြင်း၊ သာသနာပြုဆိုင်ရာ ပညာပေး စာတမ်းများကို တင်သွင်း ဖတ်ကြားခြင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် World Buddhist Summit ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံ အသွင် ရောက်မှန်းမသိ ရောက်သွားသော အစည်းအဝေးပွဲတခုကို ကျင်းပနိုင်ခဲ့လေ၏။
ဤစာတမ်းဖတ်ကြားခြင်း အစီအစဉ်၌ မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှား သာသနာပြု ခရီးစဉ်အကြောင်း
ကို သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဒုတိယညွန်ကြားမှူး ဦးအောင်သိန်းညွှန့်က တင်သွင်း ဖတ်ကြား၏ အရှေ့ တောင်အာရှ ဗုဒ္ဓဘာသာ သမိုင်းကို မဟာမကုဋ်တက္ကသိုလ်မှ ဒေါက်တာ သကျအနီလ သုဂန္ဓောက ကွန်ပြူတာပါဝါပွိုင့် ဖြင့် ဖတ်ကြားရှင်းလင်းတင်ပြ၏ စေတီတော်များ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာပုံကို တမ္ပ၀တီဦးဝင်မောင်က ကွန်ပြူတာ ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြ၏။
စေတီတော်အဓိပ္ပါယ်၊ စေတီတော် ၄မျိုးနှင့် စေတီတော်ပူဇော်ရခြင်း အကြောင်းစာတမ်းကို အပြည်ပြည်ဆိုင်ရာ ထေရ
ဝါဒသာသနာပြု တက္ကသိုလ်မှ ဒေါက်တာဓမ္မပိယက၎င်း၊ ဘာသာတရားအားလုံးတို့ အတူယှဉ်တွဲနေထိုင်ရေးနှင့် လူသား
တို့ အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း စာတမ်းကို ဒေါက်တာ နန္ဒပါလ (UK) တင်သွင်းဖတ်ကြား၏။
ဆရာကြီး ဦးစိုင်းအောင်ထွန်းက ဗုဒ္ဓ၀ါဒနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာတမ်းကို တင်သွင်း ဖတ်ကြား၏ သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ ဒေါက်တာစန္ဒာသီရိက သာသနာပြုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းအကြောင်း စာတမ်းကို ဖတ်ကြား၏ ဗောရောဗုဓော စေတီတော်ကြီး၏ သမိုင်းနှင့် ကျောက်ဆစ်ရုပ်ကြွ အနုပညာတို့၏ ကြီးကျယ် ခန်းနားမှုကို သြစထရီးယား နိုင်ငံမှ ဒေါက်တာတိစုလက်ဘာ (Dr Tutsu Leber) က ပါဝါပွိုင့်များဖြင့် တင်သွင်း ဖတ်ကြား၏။
ပထမနေ့ အခန်းးအနားအစီစဉ်ကို ညနေ ၆-နာရီခန့်တွင်ပြီးဆုံး၏ ကြွရောက်လာသော သံဃာတော်တွေ စီစဉ်ထား
Type your summary here.Type the rest of your post here.

Wednesday, August 10, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၅)


ဂိုဏ်း သံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ တိဘက်ဗုဒ္ဓဘာသာ ၀ဇိရာယာန ဂိုဏ်းချုပ်၏ သ၀ဏ်လွှာ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး၏ သ၀ဏ်လွှာများ။
အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာ ပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီး၏သ၀ဏ်လွှာ၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်တက္ကသိုလ် ပါမောက္ခချုပ် ၏ သ၀ဏ်လွှာ၊ ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ် ပါမောက္ခချုပ်၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီး၏ ဂုဏ်ပြုသ၀ဏ်လွှာ၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဋ္ဌကြီး၏ သ၀ဏ်လွှာ၊ စင်္ကာပူဗုဒ္ဓဘာသာအဖွဲ့ကြီး၏ သ၀ဏ်လွှာ၊ ထိုင်ဝမ်ဗုဒ္ဓဘာသာအဖွဲ့ကြီး၏ သ၀ဏ်လွှာများ။
ဤသို့အားဖြင့် ၀န်ကြီးများ, သံတမန်များ, သံဃာ့ရာဇာများ, ဗုဒ္ဓဘာသာအဖွဲ့များစွာတို့က ချီးကျူးဂုဏ်ပြု သ၀ဏ်လွှာ ပေါင်း (၂၇)လွှာတို့ကို ပေးခဲ့ကြရာ ထို သ၀ဏ်လွှာအားလုံးတို့ကို သံဃာတော် ၁၄၀၀-ကျော်တို့၏ မျက်မှောက်၌ အသီး အသီး ဖတ်ကြား လျှောက်ထားခဲ့ကြ၏။
နံက် ၁၀-နာရီ ၃၀-မိနစ်တွင် အခမ်းအနား အစီအစဉ်ကို ခေတ္တရပ်နားကာ သံဃာတော်များ နေ့ဆွမ်းအတွက် တည်းခို သည့်ဟိုတယ်မှာပင် စီစဉ်ထားသောကြောင့် မိမိတို့ဂရုအလိုက် ပြန်ကြွနိုင်ရန် စီစဉ်ကြ၏ သို့သော် စေတီတော်သို့ အ၀င် ကားလမ်းသည် ကျဉ်းလွန်းသောကြောင့် ကားတွေဂျန့်ဖြစ်ကာ အစီအစဉ်တွေလွဲကုန်၏ အချိန်တွေနဲလာတော့၏ သံဃာ တ၀က်ခန့်သာ အပြင်ကြွနိုင်၏။
ရွှေတိဂုံစေတီထဲတွင် သံဃာတ၀က်ခန့်ကျန်နေသေး၏ အချိန်ကလည်း ၁၁-နာရီ ၃၀-ကျော်လာပြီ ဒီအတိုင်းဆို ဒီနေ့ နေ့ဆွမ်းတော့ လွတ်မဲ့ကိန်းဆိုက်နေပြီ ထင်နေ၏ သို့သော် အလွန်တော်သော ဧည့်ခံဝတ်ကျေပွန်လှသော လိမ္မော်ရောင် အ၀တ်နှင့် တက်ကြွနေသော အင်ဒိုနီးရှား တရုပ်လူငယ်လေးတွေသည် ဘယ်ကရလာသည်မသိ ထမင်းထုတ်လေးတွေ ဘုန်းကြီး တွေကို လိုက်ကပ်ပါတော့၏ ဘုန်းကြီးတို့လည်း ကံမကောင်း အကြောင်းမလှတာနှင့် မှတ်မှတ်ရရ ထမင်းထုတ် သာ စားခဲ့ရပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ပါ၏။
အင်ဒိုနီးရှား တရုပ်လူငယ်လေးတွေသည် အတော်ချီးမွမ်းစရာကောင်းလှ၏ ဘရာစတာဂီမြို့သည် တောင်ပေါ်ဒေသ
ဖြစ်သောကြောင့် မိုးတဖွားဖွား ကျနေတာကများ၏ သံဃာတော်တွေ ကျဉ်ငယ်စွန့်ထွက်တိုင်း ဖိနပ်စီစဉ်ပေးသူ ထီးလိုက် ဆောင်းပေးသူနှင့် ဒီလောက်များတဲ့ သံဃာတော်တွေကို တာဝန်ကျေအောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် တော်ရုံတန်ရုံ သဒ္ဓါတရားမဟုတ် သူတို့ကို ကြည့်တော့လည်း အမြဲပြုံးရွှင်နေတာတွေ့ရ၏ အင်ဒိုနီးရှား တရုပ်လူငယ်တွေ၏ တက်ကြွပုံ ကိုကြည့်ပြီး မြန်မာလူငယ်တွေ၏ လှုပ်ရှားမှုသည် တက်ကြွမှုနည်းပြီး ရပ်နေသယောင် ထင်မြင်ရ၏။
ဤရွှေတိဂုံစေတီတော်ပွဲတွင် မြန်မာပြည်မှ မိတ်ဆွေရဟန်းတော်များဖြစ်သော ဦးထုတိဝရ ရွှေကျင်တိုက်မကြီး မန္တ လေး ဦးနန္ဒက မဟာဗောဓိ ဦးဣဒ္ဓိဗလ တိုင်းဥက္ကဋ္ဌရန်ကုန် ဦစန္ဒိမာ တောင်တန်းသာသနာပြုတို့ ကိုလည်း တွေ့ဆုံနှုတ် ဆက်ခဲ့၏ သာကေတ ပါဠိကာရီဆရာတော် (ရန်ကုန်တိုင်းရွှေကျင်ဥက္ကဋ္ဌ) ဓမ္မဒူတအရှင်ဆေကိန္န ဂန္ဓာရုံ အရှင်ဥာဏိဿ
ရ တို့နှင့်လည်း စကားလက်ဆုံကြခဲ့၏။
မလေးရှားမှ အောင်မြန်မာဆိုင်ပိုင်ရှင် ဦးအောင်မိုးမြင့်+ဒေါ်နွယ်နီငြိမ်း၊ အေးသုခ ဆိုင်ပိုင်ရှင် ကိုရဲထွန်းတို့အဖွဲ့ နှင့်
လည်း တွေ့ဆုံနှုတ်ဆက်ခဲ့၏ မြန်မာပြည်မှ ဆေးဝန်ထမ်း ညွန်ချုပ်ဟောင်း ဦးတင်သိန်းလွင်နှင့်လည်း တွေ့ဆုံနှုတ်ဆက်
ခဲ့၏ ကမ္ဘာအေး သာသနာရေးမှ မိတ်ဆွေများနှင်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့၏။
ဘုန်းကြီးလည်း မိုးတွေအေးတာနှင့် အအေးပတ်ပြီးဖျားချင်သလိုဖြစ်လာ၏ မိမိတို့မလေးရှားဂရုအဖွဲ့ခေါင်းဆောင်ကို ပက်နားဒေါ့ (သို့) ပါရာစီတမော့ တလုံးလောက်လိုချင်တယ် ရနိုင်မလာလို့မေးတော့  ဆေးခန်းကိုအတင်းခေါ်ပါတော့၏ ကိုယ့်ရောဂါက ပါရာစီတမော့နှင့်ပက်နားဒေါ့ တခုခုသောက်ရင်ပျောက်တယ်ဆိုတာသိနေတော့ ခဏနေအုံး ငါဆေးသွား ရှာအုံးမယ်ဟုပြောပြီး ထွက်လာခဲ့၏။
မြန်မာထမိန်ဝတ်ထားသော ဒကာမကြီးထံ ပါရာစီတမော့ပါလျှင် တလုံးလောက်လှူပါလားဟု သွာပြောတော့ ဘုန်းကြီး

Type your summary here.Type the rest of your post here.

Tuesday, August 9, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၄)


တော် ၁၄၀၀ ခန့်တို့၏ မဟာသံဃာ့သန္နိပါတ အခမ်းအနားကြီးဖြစ်ပါ၏။
ရွှေတိဂုံပုံတူစေတီတော် အနေကဇာတင်ပွဲ ပထမနေ့အခမ်းအနား။
ဆုမတြကျွန်းနှင့် အနီးဆုံးကျွန်း ဂျာဗားကျွန်း ဗောရောဗုဓော စေတီအနီးရှိ မီယာပီ မီးတောင်ကြီးမှ မီးခိုးတွေ တလူလူ ထနေချိန် ဆုမတြာမှာတော့ ငလျှင်လှုပ်ပြီး ဆူနာမီရေလှိုင်းတွေ တရုန်းရုန်း တ၀ုန်းဝုန်း ထနေချိန် မြတ်ဘုရား ရွှေတိဂုံ ၏ ၁၄၀၀-ကျော်သောသံဃာတော်တို့၏ မဟာသန္နိပါတအစည်းဝေးကြီးကလဲ စတင်ချိန် တိုက်လဲတိုက်ဆိုင်လွန်းလှပါ၏။
ဤ မီးတောင်နှင့် ငလျှင်ဆူနာမီသည် မြတ်ဘုရားရွှေတိဂုံကိုဘဲ ကောင်းချီးသြဘာ ပေးနေတာလား သို့တည်းမဟုတ် မြတ်ဘုရားရွှေတိဂုံ၏ ဂုဏ်တော်အနန္တကို စမ်းသပ်နေသည်လားမသိပါ မြတ်ဘုရားရွှေတိဂုံကတော့ လုံးဝတုံလှုပ်မှုမရှိပါ
အစည်းဝေးကြွရောက်လာသော သံဃာတော်အရှင်မြတ်အပေါင်းသည် လုံးဝတုံလှုပ်မှုမရှိဘဲ အောက်တိုဘာလ ၃၁-ရက်
နေ့ နံနက်ခင်း ဘုရားအနေကဇာတင် အခန်းအနား (၇:၃၀)တွင် စတင်ခဲ့ပါ၏။
မြန်မာ လာအို သီရိလင်္ကာ အင်ဒိုနီးရှား အိန္ဒိယ သံဃာ့ရာဇာ ၅ ပါးတို့ကို ထီးဖြူတော်မိုး၍ မဟာယာန အတီးအမှုတ် အကအခုံများဖြင့် ခန်းမဆောင်ကြီးအတွင်းသို့ ပင့်ဆောင်လာ၏ သံဃာတော် ၁၄၀၀ ခန့် စည်းဝေးနိုင်သော ခန်းမဆောင် ကြီး၏အပေါ်၌ မြတ်ဘုရားရွှေတိဂုံကို တည်ဆောက်ထားခြင်းဖြစ်၏ ခန်းမဆောင်ကြီးအလယ်ဗဟိုချက်၌ မြန်မာ့ကျောက် စိမ်းဆင်းတုတော်ကြီး ၄ ဆူ၊ မြန်မာ့ရွှေကျွန်းသားဖြင့် ထုသည့် ပလ္လင်များပေါ်တွင် သီတင်းသုံးတော်မူ၏ မြန်မာ့ရွှေကျွန်း ပေါ်မှာ ထွင်းထုထားသည့် တမ္ပ၀တီ၏ မြန်မာမှု ပန်းပု လက်ရာ ကျွန်းတံခါးကြီးများမှာလည်း ရွှေကျွန်းသား၊ ရွှေဘုရား၊ ရွှေ လက်ရာ၊ ရွှေနှလုံးသား၊ ရွှေပေါ်မှာ ရွှေအဆင့်ဆင့် အလွန်ပဏာတင့်လှပါ၏။
သံဃာ့ရာဇာ ဆရာတော်ကြီးများနှင့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများ၊ ဂျပန်၊ တရုပ်၊ တိဗက်၊ ထေရ၀ါဒ မဟာယာန ၀ဇိရယာန ဘာသာရေး ခေါင်းဆောင်ကြီးများက ဖရောင်းတိုင်ကြီးများကို မီးညှိထွန်းကြ၏ ခေါင်းလောင်း ၉ ချက်ထု၍ သံဃာတော် ၁၄၀၀-ကျော်က နမောတဿ မဟာပဏာမ ၃-ကြိမ် ရွတ်ဆို၍ အခန်းအနားကို ဖွင့်တော်မူကြ၏
ဆုမတြာကျွန်းကြီး၏ မြေထု ရေထု လေထုတွေ ပြင်းစွာ တုန်ဟီး၍ ကောင်းချီးပေးကြ၏ မီးရှူး မီးပန်းများ ဖောက်လွတ် စရာမလို ဂျားဗားကျွန်းမှ မီယာပီ မီးတောင်ကြီးမှာ တဖောင်းဖောင်း ထပေါက်ပါတော့၏။
အခန်းအနား ဖွင့်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ ထေရ၀ါဒသံဃာ ၁၀၀ တို့၏ အကြီးအကဲ Most. Ven. Jinadhammo (President of Sangha Council) ဆရာတော်ကြီးက အဖွင့်မိန့်ခွန်း မြွတ်ကြားတော်မူ၏ ဘုရား ဒါယကာကြီးက ကြိုဆို နုတ်ခွန်းဆက်စကား လျှောက်ထားတော်မူ၏ အင်ဒိုနီးရှားနိုင်ငံ ဘာသာရေး သာသနာရေးဝန်ကြီးက ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ကိုယ်တိုင်တက်၍ ဖတ်ကြားတော်မူ၏။
ထိုင်းနိုင်ငံ သံဃာ့ရာဇာ၏သ၀ဏ်လွှာကို ဒေါက်တာ သကျအနီလသုဂန္ဓော က ဖတ်ကြား၏ လာအိုနိုင်ငံသံဃာ့ ရာဇာ ဆရာတော်ကြီးက သူ၏သ၀ဏ်လွှာကို ကိုယ်တိုင်ဖတ်ကြားတော်မူ၏ မြန်မာနိုင်ငံသံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော် ကြီး၏ သ၀ဏ်လွှာကို ဗန်းမော်ဆရာတော်ကြီးက ကိုယ်တိုင် ဖတ်ကြားတော်မူ၏ လုပ်ငန်းကော်မတီ၏ အစီအရင်ခံစာကို ဒေါက်တာမျိုးမြင့်က ဖတ်ကြားလျှောက်ထား၏။
ပူဇော်ပွဲနှင့် သံဃာ့အစည်းအဝေးကြီး၏ တခုလုံး၏ သော့ချက်မိန့်ခွန်းကို သီတဂူဆရာတော်ကြီးကမိန့်မြွက်တော်မူ၏
မြန်မာ သံဃာတော် အပါး ၆၀၀ တို့က မြန်မာမူကျကျ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင်တော်မူကြ၏
၂ ရက်တိုင်တိုင် ကျင်းပသော ရွှေတိဂုံသံဃာ့အစည်းအဝေးကြီး၌ ထိုင်းနိုင်ငံ မဟာနိကာယသံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ ကမ္ဗောဒီးယားနိုင်ငံ မဟာနိကာယနှင့် ဓမ္မယုတ္တိ သံဃာ့ဂိုဏ်းကြီး၂ ဂိုဏ်း၏ သံဃာ့ရာဇာသ၀ဏ်လွှာ၊ လာအိုနိုင်ငံ သံဃာ့ ရာဇာ၏ သ၀ဏ်လွှာ၊ လာအိုနိုင်ငံ Buddhsit Federation အဖွဲ့ ဥက္ကဋ္ဌ၏ သ၀ဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ အမရပူရနိကာ ယ၊ ရာမညနိကာယနှင့် သျှာမနိကာယ ဟူသော နိကာယကြီး ၃ ခု၏ သံဃာ့ရာဇာ သ၀ဏ်လွှာများ၊
အိန္ဒိယနိုင်ငံလုံးဆိုင် ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၏ သ၀ဏ်လွှာ၊ ဗုဒ္ဓဂယာ မဟာဗောဓိအသင်း၏သ၀ဏ်လွှာ၊ နီပေါ နိုင်ငံ ထေရ၀ါဒသံဃာ့ အဖွဲ့ ဥက္ကဋ္ဌသံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ ဆရာကြီး ဂိုအင်ကာ၏ သ၀ဏ်လွှာ၊ ကိုရီးယားနိုင်ငံ ဂိုးရှိုး
Type your summary here.Type the rest of your post here.

Monday, August 8, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၃)


ဆုမတြာရွှေကျွန်းပေါ်ရှိ အင်ဒိုနီးရှားနိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသားများဖြစ်ကြသည့် လူသားအားလုံးသည် နှစ်ပေါင်း
၂၀၀၀ ကျော်ကြာအောင် ညီအကို မောင်နှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်နဲ့ တကမ္ဘာလုံး လိုက်နာရမည့် တရားများ ကို လေးစားလိုက်နာ ကျင့်သုံးခဲ့ကြပါ၏ ကရုဏာစိတ်ဓာတ် သီးခံခွင့်လွတ်ခြင်းစိတ်ဓာတ်တွေဟာ သိဒ္ဓတ္တဂေါတမဗုဒ္ဓ၏
ချီးမွမ်းဖွယ် နှစ်လိုဖွယ် အလေးထားဖွယ် ကောင်းသော အဆုံးအမများဖြစ်ပါ၏။
သိဒ္ဓတ္ထဂေါတမဗုဒ္ဓကို လူသားအားလုံးအား ကမ္ဘာ့အလင်းရောင်နှင့် မျက်လုံးပေးသူ ဟူ၍၎င်း၊ အမှားအမှန်ခွဲခြားသော နည်းလမ်းများကို ပေးသူဟူ၍၎င်း ဂုဏ်ပြု ချီးကြူးကြ၏ ဆာအဒ်ဝင်အာနိုး (Sir Edwin Arnold) က မြတ်ဗုဒ္ဓသည် အာရှ အလင်းရောင် (the light of Asia)ဟူ၍ အမည်ပေးခဲ့၏ ဘာထရန်ရပ်ဆ် (Betrand Russel ) ကမူ မြတ်ဗုဒ္ဓကို ကမ္ဘာ့လူ သား ယဉ်ကျေးမှုအားလုံးက ပိုင်ဆိုင်သည်ဟူ၍လည်း ပြောခဲ့၏ ဒလိုင်းလားမား (Dalai Lama)က မြတ်ဗုဒ္ဓသည် လူသား တွေအတွက် အလင်းရောင်ပဲ (The light of Mankind) ဟု ဆိုခဲ့၏။
မြတ်ဗုဒ္ဓသည် လူသားတဦးတယောက်ချင်း၏ ဘ၀ပြဿနာကိုသော်၎င်း လူ့အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဆန့်ကျင်မှုများကိုသော်၎င်း ဖြေရှင်းပေးနိုင်သော လူသားတယောက်ပင် ဖြစ်ပါ၏ မြတ်ဗုဒ္ဓ၏တရားတော်သည်သာလျင် လူသားတို့သန္တာန်မှာ အမြစ်တွယ်နေသော ရာဂ, ဒေါသ, မောဟ, တကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းစသော
လူသားများ၏ အနာရောဂါများကို ကုသပေးနိုင်၏။
သူ ကျင့်သုံးခံယူ လက်ခံထားသော မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးသည် ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းခြင်း စည်းလုံးညီညွတ်ခြင်းတို့ကို ပေးနိုင်သော တခုတည်းသော လမ်းကြောင်းဖြစ်၏ ထိုမှတပါးအခြားနည်းလမ်းမရှိ ထို့ကြောင့် မြတ်ဗုဒ္ဓသာသနာတော်ကြီး တိုးတက်စည်ပင်ဝပြောလာဖို့ရန်အတွက် အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးက အောက်ပါ ဦးတည်ချက် ၅ ရပ်တို့ကို ထုတ်ဖော်ပြလိုက်ပါ၏။
၁။ ကမ္ဘာလောကကြီး၏ နေရာတိုင်းမှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တိုးတက် ပြန့်ပွားရန်။
၂။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ရန် ညီအကိုမောင်နှမ စိတ်ဓာတ်ဖြင့် လက်တွဲညီကာ အားထုတ်ရန်။
၃။ ဗုဒ္ဓဘာသာဝင်များ ညီညွတ်ဖို့ရန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရန် ခိုင်မာသော သန္နိဋ္ဌာန် ရှိရန်။
၎။ ရှေးက ဗုဒ္ဓနိုင်ငံတော်ဖြစ်ဖူးသော နိုင်ငံများမှာ ဗုဒ္ဓတရား ပြန်လည် အသက်ရှင်လာရန်၊ ပြန်လည်သက်ဝင်
နိုးကြားလာရန် အားပေးခြင်း ထောက်ပံ့ခြင်းပြု၇န်။
၅။ မတူညီတဲ့ ဂိုဏ်းအသီးသီး ဘာသာရေးအဖွဲ့အသီးသီးကြားတွင် နားလည်မှု တံတား တည်ဆောက်ခြင်းနှင့်
အပြန်အလှန် ယုံကြည်မှုတို့ ပိုမိုအားကောင်းလာစေခြင်း ခိုင်မာခြင်းများကို တိုးတက်လာစေရန် ဖြစ်ပါ၏။
ဘုန်းကြီးတို့စီးလာသော ဘတ်စ်ကားသည် ရွှေတိဂုံပုံတူစေတီတော် မုဒ်ဦးရှေ့တွင် ကားရပ်ကာ မိုးတိမ်တွေထူထပ် ကာ မိုးဖွားလေးတွေ တဖွဲဖွဲကျနေစဲတွင် စေတီဝင်းထဲသို့ကိုယ့်ဂရုနှင့်အတူ ဆိုင်းဘုတ်ထောင်လျှက်ဝင်ရောက်ရ၏ အ၀င် ၀တွင် ဦးအာဒိစ္စ (ရန်ကုန်ပါချုပ်)နှုတ်ဆက်တာနှင့် နှုတ်ဆက်စကားဆိုခဲ့၏။
စေတီအောက် လှိုဏ်ဂူထဲရောက်သည့်အခါ မိမိထင်ထားတာထက် လှိုဏ်ဂူက ကျယ်ဝန်းနေတာ တွေ့ရှိရ၏ သံဃာ
၁၄၀၀ - ကျော်ကို ထိုင်ခုံများဖြင့် ချောင်ချောင်ချိချိ ထိုင်နိုင်၏ ဤလှိုဏ်ဂူကြီးသည် သံဃာ အစည်းအဝေးကြီးကို ခမ်းနား
ထယ်ဝါစွာ ကျင်းပနိုင်သည့်အတွက် တည်ဆောက်သူတွေ လှူဒါန်းသူတွေကို အထူးကျေးဇူးတင်စရာကောင်းပါ၏။
ထို ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇော်ပွဲသို့-----ကြွရောက်လာသော သံဃာတော်များမှာ-မြန်မာနိုင်ငံတော်မှ သံဃာတော်-၆၀၀၊ ထိုင်းနိုင်ငံမှ သံဃာတော်-၄၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်-၃၀၊ လာအိုနိုင်ငံမှသံဃာတော်-၁၀၊ကမ္ဗောဒီးယားနိုင်ငံမှ သံဃာတော်-၂၅၊ မလေးရှားမှ သံဃာတော်-၂၅၊ အမေရိကန်မှ သံဃာတော်-၅၊အင်္ဂလန်နိုင်ငံမှ သံဃာတော်-၁၊ ပြင်သစ် နိုင်ငံမှ သံဃာတော်-၁-ပါး၊ အိန္ဒိယနိုင်ငံမှ သံဃာတော်-၅-ပါး၊ နီပေါနိုင်ငံမှ သံဃာတော်-၅-ပါး၊ အင်ဒိုနီးရှားနိုင်ငံမှ သံဃာ တော်-၁၀၀-ပါး၊ ဂျပန်နိုင်ငံမှ သံဃာတော်-၁၀ ပါး၊ ကိုရီးယားနိုင်ငံမှ သံဃာတော်-၁၀ ပါး၊ တိဗက်မှ သံဃာတော်- ၂၅- ပါး၊ တရုပ်ပြည်မကြီးနှင့် ထိုင်ဝမ်နိုင်ငံ သံဃာတော်ပေါင်း-၅၀ ပါး စုစုပေါင်း ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရယာန၊ သံဃာ

Type your summary here.Type the rest of your post here.

Sunday, August 7, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၂)


ရွှေတိဂုံစေတီတော်အစစ်ကြီးကို ဖူးမြင်းရသလို ခံစားမိပါ၏။
စေတီတော်ထိပ်၌ စိန်ဖူးတော်တင်ပွဲ နေ့စဉ်ကျင်းပနေချိန်တွင် နှဲ မောင်း ဗုံများ တီးခတ်ပူဇော်ခဲ့ပါ၏ စိန်ဖူးတော် စေတီ တော်ပေါ်သို့မတင်မှီ စေတီယင်ပြင်တွင် စီတန်းလှည့်လည်ကာ အပူဇော်ခံခဲ့၏ ထိုသို့လှည့်လည်အပူဇော်ခံနေစဉ် စည်သံ ဗျောသံကို ခြိမ့်ခြိမ့်သဲ တီးခတ်ပူဇော်ကြ၏ စေတီတော်ကြီးတွင် နောက်ဆုံး စိန်ဖူးတော် အပြီးတိုင် တပ်ဆင်ပြီးချိန်တွင် စည်သံ ဗျောသံတို့သည် မိုးချုန်းသံအလား ဘ၀ဂ်တိုင် သောသောညံအောင် တည်းခတ်ပူဇော်ခဲ့ကြ၏။
သိမ်တော်သမုတ်ခြင်း
သိမ်တော်သည် လုမ္ဗိနီ ဥယျာဉ်အတွင်း၂၀၀၈-ဇွန်လ ၂၂-ရက်တည်းက ရှိခဲ့ပြီးဖြစ်၏ ထိုသိမ်သည် ဗုဒ္ဓဘာသာ ရဟန်း တော်များ ဥပုသ်ပြုခြင်း ရဟန်းခံခြင်း ၀တ်ဆောက်တည်ခြင်း ကထိန်သင်္ကန်းစသော သံဃ ကိစ္စများ သံဃာတော်များ ချမ်းချမ်းသာသာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားခြင်းဖြစ်၏ ထိုသိမ်တော်ကို မြန်မာနိုင်ငံ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိ ဦးဆောင်ကာ ဆရာတော်ဘဒ္ဒန္တလာဘ၀ံသ ဆရာတော်ဘဒ္ဒန္တ ကောဝိဒ ဆရာတော် ဘဒ္ဒန္တသာသန တိပိဋက ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တ၀ံသပါလာလင်္ကာရ မထေရ်မြတ်ငါးပါးသည် ဤ သိမ်တော်ကို ၂၀၀၈-ခု ဇွန်လ ၂၂-ရက် နံက် ၈-နာရီ ၅၅-မိနစ်အချိန်တွင် အောင်မြင်စွာသမုတ်ခဲ့၏။
ထိုအခမ်းအနားသို့ အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်မောင်ဦး တက်ရောက်ခဲ့၏ ထိုအခမ်းအနားတွင်
မြန်မာနိုင်ငံ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိမှ ဘုရားဒါယကာကြီး Mr.Tongariodgo Angkasa အား ဓမ္မသူရဲကောင်းအဖြစ် ချီမွမ်းထောပနာပြုကာ-
၁။ရွှေတိဂုံပုံတူစေတီတော်အား ရက်ရက်ရောရော စွန့်လွှတ်လှူဒါန်းသော ဘုရား-ဒါယကာ။
၂။ကုဋီနှင့်ဓမ္မသာလာ ဆောက်လုပ်လှူဒါန်းသော ကျောင်း-ဒါယကာ။
၃။သိမ်တော်အားဆောက်လုပ်လှူဒါန်းသော သိမ်-ဒါယကာ။
၎။ဘုရားတည်ရန် မြေလှူဒါန်းသော မြေအလှူ-ဒါယကာ။
မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခြင်းအတွက် မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တဆိပ်တော်ကို ချီးမြင်ခဲ့ပါ၏ ထိုဘွဲ့သည် လူပုဂ္ဂိုလ် ဥပါသကာတို့အတွက် ချီးမြင့်သော အမြင့်ဆုံးဘာသာရေးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်၏ ပူဇော်သင့်သူကို ပူဇော်ချီးမြောက်ခြင်း
သည် မင်္ဂလာအပေါင်း ထပ်လောင်းပြည့်စုံခြင်းဖြစ်ပါ၏။
ထို့ကြောင့် မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘုရားဒါယကာကြီး တည်ထားသော ရွှေတိဂုံပုံတူ စေတီတော်ကြီး ကို ၂၀၁၀-ခု အောက်တိုဘာ ၃၀-ရက်နေ့တွင် အပါး ၆၀၀-သော မြန်မာ ရဟန်းတော်များက အမိမြေက ရွှေတိဂုံ စေတီ တော် ကြီးဆီသို့ ဖူးရသလို ဆုမတြာကျွန်းပေါ်က ရွှေတိဂုံပုံတူ စေတီတော်ကြီးဆီသို့ အားတက်သရော ၀မ်းပန်းတသာ ကြွရောက်ဖူးမြင်တော်မူခဲ့ကြ၏ အခြားအခြားနိုင်ငံအသီးအသီးမှ ရဟန်းတော်များလည်း အလားတူ ခံစားချက်မျိုးရှိ မည် ဟု ထင်မိပါ၏။
ရွှေတိဂုံ ပုံတူစေတီ တော်ကြီး၏ ဓာတ်တော်တိုက်တွင် ဓာတ်တော်ကြုတ် ၁ဝ၈ ဆူ၊ ဗုဒ္ဓရုပ် ပွားတော် ၂၅၉၈ ဆူ၊ ရဟန္တာ ရုပ်ပွားတော် ၃၈ ဆူ၊ ကီလိုဝက်လေးသောရွှေသားအစစ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် အဖိုးတန် ရွှေ၊ငွေ၊ ကျောက် သံပတ္တမြားများ ထည့်သွင်း လှူဒါန်းခဲ့ကြောင်း သိရ၏။
ရွှေတိဂုံပုံတူ စေတီတော်ကြီး တစ်ခုလုံးရဲ့ ဥာဏ်တော် အမြင့်က ဂန္ဓကုဋိတိုက် အပါအဝင် ၄၇ မီတာ မြင့်ပါ၏ စေတီ တော်ကြီးရဲ့ ဝတ္တက နယ်မြေက ငါးဧက ကျယ်ဝန်း၏ စေတီတော်ကြီး တစ်ဆူလုံးကို ဆုမတြာကျွန်းက အလှူရှင်မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာမိသားစုက တစ်ဦးတည်း ဒါယကာအဖြစ် အမေရိကန်ဒေါ်လာ ၁၅-သိန်း အကုန်အကျခံ လှူ ဒါန်းခဲ့ခြင်း ဖြစ်ပါ၏ တစ်မီတာလျှင် ၃၉.၃၇ လက်မဖြင့် တွက်လျှင် စေတီတော်ကြီး၏ ဥာဏ်တော်မှာ ၁၅၄ ပေခန့် မြင့်ပါ၏။

Type your summary here.Type the rest of your post here.

Friday, August 5, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၁)


ဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ၀ါယမိန္ဒာဘိဝံသ၊ ဆရာတော် ဘဒ္ဒန္တ ကောဝိဒ၊ ဆရာတော် ဘဒ္ဒန္တ လာဘ၀ံသ၊ ဆရာတော် ဘဒ္ဒန္တ ၀ိသုတ၊ တို့ဖြစ်၏။
အင်ဒိုနီးရှားဆရာတော်များဖြစ်ကြသော လုမ္ဗိနိသဘာဝဥယျာဉ် အကြံပေးဘုတ်အဖွဲ့မှ YM Jinadhammo မဟာထေရ်
YM Bhikkhu Pannasami ရဟန်းတော်နှင့် အင်ဒိုနီးရှား ဗုဒ္ဓဘာသာရေးရာဋ္ဌာနမှ အထွေထွေဒါရိုက်တာ Drs.Budi Seti awam,MSC တို့သည် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုကာ တက်ရောက်ချီးမြှောက်ခဲ့ကြ၏။
မြန်မာနိုင်ငံမှ ဧည်ုသည်တော်များဖြစ်ကြသော ဒုဗိုလ်မှုးကြီး ဦးကြိုင်ရန် (မြန်မာနိုင်ငံဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့၏ အထွေ ထွေမန်နေဂျာ) ဒုဗိုလ်မှုးကြီး ဦးမောင်နီ (Agamna Buddhist-၏ ဥက္ကဋ္ဌ) ဦးရဲမြင့် (ဗြိတိသျှနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှုး) Mr. Big Kyi Mg Oo (အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံမှုး) တို့ တက်ရောက်ချီးမြှောက်ခဲ့ကြ၏။
၂၀၁၀- ဧပြီလ- ၈-ရက်နေ့တွင် ဗုဒ္ဓဆင်းတုတော်များနှင့် ဓါတ်တော်များကို ဋ္ဌာပနာထည့်၍ အရံစေတီငယ် ၈-ဆူကို ရွှေ တိဂုံ ပုံတူစေတီ တော်ကြီး၏ ပတ်ပတ်လည်တွင် တည်ထားပူဇော်တော်မူ၏ ထိုတည်ထားကိုယ်ကွယ်မှုကိုလည်း အခမ်း အနာငယ်တခုအဖြစ် ၂၀၁၀- ဧပြီ ၁၈-တွင် အရံစေတီငယ် ၈-ဆူ ဋ္ဌာပနာပိတ်ခြင်းအဖြစ် ကျင်းပခဲ့၏။
ရွှေထီးတော်တင်ခြင်းနှင့် စိန်ဖူးတော်တင်ခြင်းမင်္ဂလာ
အခမ်းအနားနောက်ဆုံးအဆင့်ကို ၂-ပိုင်းခွဲထား၏ ထီးတော်တင်ခြင်းအခမ်းအနားနှင့် စိန်ဖူးတော်တင်ခြင်းအခမ်းအနား တို့ဖြစ်၏ ထီးတော်တင်ခြင်း အခမ်းအနားကို ၂၀၁၀ ခုနှစ် မေ ၃၀ ရက်နေ့တွင် ထိုရွှေတိဂုံ ပုံတူစေတီတော်ကို ထီးတော် တင်လှူပွဲ ကျင်းပခဲ့ပါ၏ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုမ္ဗိနီ သဘာဝ ဥယျာဉ်မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြ၏။
အခမ်းအနား မကျင်းပမှီ တရက်အလို မေ-၂၉-ရက် ညနေပိုင်း၌ စေတီတော်ကြီးကိုဆီမီးပူဇော်ပွဲနှင့် ၀တ်ပြုဆုတောင်း ပွဲကျင်းပခဲ့၏ စေတီတော်ကြီး အပြီးသတ် ချောမောအောင်မြင်ရန်အတွက် ရည်မှန်း၍ ပူဇော်ကြခြင်းဖြစ်၏။
စေတီတော်ကြီး၏ နောက်ဆုံးအဆင့် စိန်ဖူးတော်တင်ခြင်း အခမ်းအနားကို ၂၀၁၀-သြဂုတ်လ ၈-ရက်တွင်ကျင်းပခဲ့၏ Medan မှ သံဃာတော်များ ဂျာဗားကျွန်းနှင့် အခြားသောတိုင်းပြည်များမှ သံဃာတော်များ များစွာတက်ရောက်ခဲ့ကြ၏ တက်ရောက်ခဲ့သည့် မထေရ်များမှာ Venerable Ashin Nyanissara (သီတဂူဆရာတော်) YM Choukun Phraprasats arakhun , YM Jinadhadhammo Mahathera, YM Nyanasuryanadi Mhathera, YM Nyanakaruno Thera YM Ashin Nandavamsa, YM Khemanando, YM Aggassara, YM Pannasami, YM Thittavamso, YM Avuddhopa nno, YM Bhuripanno, နှင့် အခြားသော ဘာသာရေးအဖွဲ့များလည်း တက်ရောက်ခဲ့၏။
ပါမေက္ခ ဒေါက်တာ Sheikh Muhammad Hirfi Nuzlan ဦးဆောင်သော Sufism baburidho Pengajian Rahmat ullah, မူစလင်ဘာသာရေးအဖွဲများလည်း တက်ရောက်ခဲ့၏။
ထိုပွဲသို့ ဘုရား ဒါယကာကြီး Mr.Tongariodjo Angkasa, ဦးဝင်းဖေ, Mettar Centre အဖွဲ့, Taman Alam, Lumbini အဖွဲ့နှင့် အထွေထွေ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်တို့တက်ရောက်ကြ၏၂၀၁၀ -နှစ်သြဂုတ်လ ၈- ရက်နေ့တွင်
သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဦးဆောင်ပြီး ဓာတ်တော် ရတနာ လှူပွဲကျင်းခဲ့ပါ၏။
ရွှေတိဂုံပုံတူစေတီတော်ကြီး၏ ထီးတော် တင်ပွဲအတွက် ပုလဲ, ရွှေအလံများ, ရွှေဘယက်, ရွှေခေါင်းလောင်း, ငွေခေါင်း
လောင်းများ လှူဒါန်းတဲ့ပွဲ ကျင်းပဲခဲ့ခြင်းဖြစ်ပါ၏ သာသနာရေးဝန်ကြီးဌာနက ဆောက်လုပ်ရေး ကော်မတီအား လိုအပ် သော ဆောက်လုပ်ရေးပစ္စည်းများ ရုပ်ပွားဆင်းတုတော်များ၊ ငွေကြေး၊ အလံများနှင့် အခြားလိုအပ်တာများကို ဘုရားကြီး တည်ဆောက်ရေးအတွက် များစွာ အကူအညီပေးခဲ့ပါ၏။
မြန်မာ့ဗိသုကာပညာရှင်များ ပန်းရံများ, ပန်းပုဆရာများ, ပန်းချီဆရာများ, လက်သမားဆရာများ, လက်မှုပညာရှင်များ, ပန်းပုပညာရှင်များ, ပန်းတမော့ပညာရှင်များက ရွှေတိဂုံပုံတူစေတီတော်ကြီးကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် တထပ်တည်းကျအောင် ပြုလုပ်နိုင်ခဲ့၏ ထိုပညာရှင်များ၏ ကျွမ်းကျင်စွာ တည်ဆောက်ထားမှုကြောင့် အမှန်တကယ်

Type your summary here.Type the rest of your post here.

Thursday, August 4, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၀)


တော်ပုံတူ တည်ထားကိုးကွယ်ရာဝယ် များစွာသော အကူအညီများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ပါ၏ ရွှေတိဂုံ စေတီတော်ပုံစံတူ ဒီဇိုင်းကိုတော့ ဒေါက်တာလှသန်းနှင့်အဖွဲ့က ရေးဆွဲခဲ့ခြင်းဖြစ်ပါ၏။
အုဋ္ဌ်မြစ်ချမင်္ဂလာ
၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၉ နာရီ မင်္ဂလာအချိန်ခါတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ(အဘိဓဇမဟာရဋ္ဌဂုရု)နှင့် နိုင်ငံတော်သံဃာမဟာနာယက အတွင်းရေးမူးဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ မဟာထေရ် Y.M. Bhikkhu Jinadhammo မဟာထေရ် Y.M Zurmang Drukpa Pinpoche တို့သည် လုမ္ဗိနီ၏ အကြံ ပေး အဖွဲ့ဝင်အဖြစ်နှင့် တက်ရောက်ခဲ့၏။
အခြားသော သံဃာ့အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးခင်ဇော် ၀င်း အင်ဒိုနီးရှားအစိုးရကိုယ်စားပြုအနေဖြင့် Mr.Drs Budi Setiawam ,MSC (ဗုဒ္ဓဘာသာအဖွဲ့၏ အထွေထွေ ဦးဆောင် ညွန်ကြားရေးမှုး ဒါရိုက်တာ)နှင့် ဒေသအသီးသီးမှ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်ပေါင်း ၇၀၀-ခန့် တက်ရောက်ကာ စုပေါင်းညီ ညာ အောင်ကြောင်း စေတနာဖြင့် စေတီတော်ကြီး၏ အုဋ္ဌ်မြစ်ချမင်္ဂလာကို အောင်မြင်စွာ ပြုပေးတော်မူခဲ့ပါ၏။
စေတီတော်ယင်ပြင်ဋ္ဌာပနာတော်သွတ်သွင်းမင်္ဂလာ
၂၀၀၈-ခု စက်တင်ဘာ ၉-ရက်နေ့တွင် ဒုတိယအဆင့်ဖြစ်သော ဗုဒ္ဓဓါတ်တော်များနှင့် Arahat ဆင်းတုတော်သုံးဆူကို အခြားသော မြင့်မြတ်သော အရာဝတ္ထုပစ္စည်းများနှင့် ဋ္ဌာပနာသွတ်သွင်းခြင်း မင်္ဂလာကို အောင်မြင်စွာပြုလုပ် ပူဇော်ခဲ့ပါ၏ ထိုအခမ်းအနားကို အနောက်အင်ဒိုနီးရှား စံတော်ချိန် ၉-နာရီ၊ ၉-မိနစ်၊ ၉-စက္ကန့်တွင် ဋ္ဌာပနာသွတ်သွင်းပူဇော်ခြင်း အခမ်း အနားကို ဦးဝင်းဖေ တာဝန်ဝန်ယူကာ ဆောင်ရွက်ခဲ့ပါ၏ ရိုးရှင်းသော အခမ်းအနားဖြစ်သော်လည်း တရုပ် စင်္ကာပူနှင့် ဒေ သခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ပါ၏။
ပထမဆင့် စေတီတော်အတွက် တိုင်စိုက်ထူခြင်းကို ၂၀၀၉-ဧပြီ ၁၉-ရက်တွင် Father Tongariodjo Angkasa က ဦး ဆောင်မှုပြုလုပ်ပြီး စေတီတော်တည်ဆောက်ခြင်းအဖွဲ့မှ အရာရှိများနှင့် အကြံပေးတာဝန်ခံ ပညာရှင်များ ပူးပေါင်းဆောင်
ရွက်ခဲ့၏ စုစုပေါင်း တိုင် ၆၀- ဆိုက်ထူခဲ့ပြီး တိုင်တတိုင်သည် ၃-ဒိုင်မီတာ(diameter) အရွယ်အစားရှိပြီး ၅၀၊ ၇၀၊နှင့် ၈၀ စင်မီတာရှိ၏ ထိုတိုင်များသည် စေတီတော်ကြီး၏ လုံးပတ်တော်ကို ခိုင်ခန့်စွာ ထောက်မတ်ပေးရန်ဖြစ်၏။
စေတီတော်အထက်ပိုင်း ဗုဒ္ဓဓါတ်တော်များနှင့် အဖိုးတန်ပစ္စည်းများ ဋ္ဌာပနာသွင်းခြင်း ပိတ်ခြင်းမင်္ဂလာ
၂၀၀၉ -ခု၊ ၉-လပိုင်း၊ ၉ ရက်နေ့၊ ၉-နာရီ၊ ၉-မိနစ်၊ ၉-စက္ကန့်တွင် ဗုဒ္ဓဓါတ်တော်များနှင့် အဖိုးတန်ပစ္စည်းများ ဋ္ဌာပနာသွင်း
ခြင်း အခမ်းအနားကို ဗုဒ္ဓဂုဏ်တော် ၉-ပါးနှင့် စတင်ခဲ့ပြီး ရွှေအတိသွန်းထားသောဗောဓိညောင်ရွက်နှင့် ဗုဒ္ဓဓါတ်တော်များ ထားရှိမည့်နေရာနှင့် ရဟန္တာဓါတ်တော်များ ထားရှိမည့်နေရာများကို သတ်မှတ်ကာ အခမ်းအနားကို စတင်ကျင်းပ၏။
ထိုအခမ်းအနားသို့ Venerable Jinadhammo မဟာထေရ်နှင့် YM Bhikkha Pannasami သဘာဝလုမ္ဗိနီ ဥယျာဉ်၏ အကြံပေးဘုတ်အဖွဲ့အဖြစ် တက်ရောက်ပြီး မြန်မာပြည်မှ VIP ဧည့်သည်တော်များအဖြစ် ဆရာကြီးဦးစိုင်အောင်ထွန်း+ ဆရာမကြီးဒေါ်နွမ်းနန်း၊ ဗိသုကာပညာရှင် ပါမေက္ခဦးလှသန်း- ဦးစန်းကြည် (Pangrajin Silver) ဆရာကြီး ဦးဝင်းဖေ+ ဒေါ်ခင်ဋ္ဌေးရီ၊နှင့် ဘုတ်အဖွဲ့ ၀င်များဖြစ်သော Mr.Tongariodjo Angkasa မိသားစု Father Ombun Natio နှင့် အခြား သော တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့၏။
၂၀၀၉-ခု စက်တင်ဘာ ၁၃-ရက်နေ့ထိ စေတီတော်ကြီး၏ ဋ္ဌာပနာတိုက်အတွက် လှူဒါန်းထားသော ပစ္စည်းများမှာ
ကီလိုဝက်လေးသော ဗုဒ္ဓရွှေဆင်းတုတော်နှင့် အဖိုးတန် ပစ္စည်းများပါဝင်၏ ၂၅၉၈-ဆူသော ငွေဆင်းတုတော်များနှင့် ကြေးဆင်းတု တော်များ ၁၀၈-ဆူသော ဓါတ်တော်ကြုတ်များ လောကစောင့် နတ်သားရုပ်တု ဒင်္ဂါး ၅၀၀ (rupiah-ဒင်္ဂါး) ငွေဖြင့်သွန်း ထားသော လှေသင်္ဘောငယ် ရွှေနှင့် လက်ဝတ်ရတနာများ ငွေဖလားများ ကျောက်မျက်ရတနာများနှင့် အမျိုးမျိုးသော စေတီငယ်များနှင့် အဖိုးတန်ပစ္စည်းများပါဝင်တာတွေ့ရ၏။
ထိုအခမ်းအနားသို့တက်ရောက်သော မြန်မာပြည်မှဆရာတော်များမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ

Type your summary here.Type the rest of your post here.

Wednesday, August 3, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၉)


သက်မွေ့လျှော်ခဲ့သော နေရာတခုဖြစ်ခဲ့၏ ဧရိယာ အကျယ်အ၀န်းမှာ ၂၀၀၅-ခုနှစ်တွင် ၅-ဟက်တာမှ ၂၀၁၀-ခုနှစ်တွင် ၈-ဟက်တာထိ ပိုမိုကျယ်ဝန်းလာ၏။
ဦးဝင်းဖေသည် ၂ဝဝ၃ ခုနှစ်ကပင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ မာလန်မြို့တွင် ဥာဏ်တော် ၇၂ ပေမြင့်သည့် ရွှေ တိဂုံ ပုံတူ စေတီတစ်ဆူု တည်ခဲ့ဖူး၏။ မုဒ်ပေါက်တစ်ခုတည်း ပါရှိသည့် ဂန္ဓကုဋီ တိုက်ပေါ်တွင် ရွှေတိဂုံပုံတူ စေတီ တည် ထားခြင်းဖြစ်သဖြင့် ရုတ်တရက်ကြည့်လျှင် ကမ္ဘာအေး စေတီနှင့်တူသည်ဟု ထင်ရ၏။
ဦးဝင်းဖေသည် ဘာသာရေး ရည် မှန်းချက် ကြီးမားသူဖြစ်သဖြင့် ဂျာဗားကျွန်းတွင် ရွှေတိဂုံပုံတူစေတီ တစ်ဆူတည်ပြီး သော်လည်း အားရတင်းတိမ်ခြင်း မရှိနိုင်ဘဲ ဆုမတြာ ကျွန်းပေါ်တွင် ရွှေတိဂုံပုံတူ စေတီတော်တစ်ဆူ ထပ်မံတည်ထား ရန် ရည်ရွယ်ချက် ပြင်းပြနေခဲ့ကြောင်း သိရပါ၏။
အင်ဒိုနီးရှား နိုင်ငံ၏ အဓိက ကျွန်းကြီးများဖြစ်သည့် ဂျာဗားကျွန်းပေါ်တွင် တစ်ဆူ၊ ဆုမတြာကျွန်းပေါ်တွင် တစ်ဆူ တည်ထားခြင်းသည် အလွန်ကြီးကျယ်သော၊ အလွန်ခက်ခဲသော လုပ်ငန်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း နားလည် နိုင်ပါ၏ ဦးဝင်းဖေနှင့်ဇနီးဒေါ်ခင်ဋ္ဌေးရီတို့သည် ရွှေတိဂုံပုံတူစေတီတော်ကို ၂၀၀၇-ခုနှစ်တွင် စတင်တည်ထားကိုယ်းကွယ် ရန် ကြိုးစားအားထုတ်ခဲ့ပါ၏။
မြန်မာဗုဒ္ဓဘာသာတို့၏ အစဉ်အလာအရ စေတီတော်တည်ထားကိုယ်းကွယ်သည့် အခမ်းအနားအစီအစဉ်ကို လေး ကြိမ်ပြုလုပ်သည့် အစဉ်အလာဓလေ့ရှိပါ၏ ထိုလေးကြိမ်သည် စေတီတော်တည်ထားခြင်း၏ အဆင့်လေးဆင့်ကို ကိုယ် စားပြုခြင်းဖြစ်၏ ထိုအဆင့်လေးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါ၏
၁။စေတီတော်ပန္နက်တင်အုတ်မြစ်ချမင်္ဂလာ။
၂။ဗုဒ္ဓဓါတ်တော်များနှင့်ရုပ်ပွားတော်များကို ဋ္ဌာပနာသွင်းခြင်းမင်္ဂလာ။
၃။ဗုဒ္ဓဓါတ်တော်များနှင့်ရတနာပစ္စည်းများဋ္ဌာပနာတော်ပိတ်ခြင်းမင်္ဂလာ။
၎။စေတီတော်ထီးတော်တင်ခြင်း စိန်ဖူးတော်တင်ခြင်းမင်္ဂလာ တို့ဖြစ်ပါ၏။
ထိုအချိန်တွင် ဆုမတြာကျွန်း မဒန်မြို့၌ ဓာတ်တော်ပူဇော်ပွဲ ကျင်းပမည်ဖြစ်သဖြင့် တက်ရောက်ရန် ဖိတ်စာတစ်စောင် ဦးဝင်းဖေထံရောက်ရှိလာသောအခါ မျှော်လင့်ချက်ရောင်ခြည် ပိုမိုလင်းလက်လာခဲ့သည် ထိုအခါ ဦးဝင်းဖေကဓာတ်တော်
ပူဇော်ပွဲ ကျင်းပဖို့အတွက် ဆုမတြာကျွန်းကို သွားရခြင်းသည် ရွှေတိဂုံပုံတူစေတီတော် ဖြစ်ပေါ်လာခြင်း၏ အစဖြစ်ပါ၏။
မေတ္တာစင်တာ အဖွဲ့နာယက ဦးဝင်းဖေနှင့် အဖွဲ့သည် စင်ကာပူ နိုင်ငံမှ တစ်ဆင့် အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ကြပြီး မြေလှူဒါန်းသည့် အလှူရှင် မစ္စတာတွန်ဂါရီယို ဂျိုအန်ဆာတို့နှင့်အတူ ဘုရားတည်မည့် မြေနေရာသို့ သွားရောက် ကြည့် ရှုပြီး ပရိတ်တော်များ ရွတ်ဆိုကာ ရွှေတိဂုံပုံတူ စေတီတော် အောင်မြင်စွာ တည်နိုင်ရေးအတွက် အဓိဋ္ဌာန်ပြုခဲ့ကြ၏။
ထို့နောက် ဦးဝင်းဖေနှင့် ဇနီးသည် အိမ်ရှင် ဒေသခံများနှင့် အတူ ထိုမြေနေရာတွင် စခန်းချပြီး ၄၅ ရက် တိုင်တိုင် အဓိဋ္ဌာန်ဝင်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြ၏ ဦးဝင်းဖေတို့ ဇနီးမောင်နှံသည် အဓိဋ္ဌာန် ဝင်ပြီးသောအခါ မြန်မာ နိုင်ငံသို့ ပြန်လာပြီး သံဃာ့မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဆရာ တော် ဘဒ္ဒန္တကုမာရ (မကွေးဆရာတော် ဘုရားကြီး)၊ တောင်ပုလု ကျောက်သင်တောရ ပခုက္ကူ ဆရာတော်ကြီးနှင့် တကွ တိပိဋကဓမ္မဘဏ္ဍာဂါရိက အရှင်သီရိနန္ဒာဘိဝံသ(ယောဆရာ တော်)တို့ထံသွား၍ ဆုမတြာကျွန်းတွင် ရွှေတိဂုံပုံတူစေတီ တော်ကြီး တည်မည်ဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားခဲ့ကြ၏။
ရွှေတိဂုံ စေတီတော်ကြီးသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် တည်ထားခဲ့သည့် အစောဆုံး၊ ရှေးအကျဆုံး စေတီ တော်ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ နှစ်ပေါင်း ၂၅ဝဝ ကျော် ထွန်းကားစည်ပင်ပြန့်ပွားနေသော အထိမ်းအမှတ်
လည်း ဖြစ်၏ သမိုင်းမှတ်တိုင်လည်းဖြစ်၏။
မြန်မာနိုင်ငံသည် မြတ်ဗုဒ္ဓတရားတော်ကို အရှိအရှိအတိုင်း မူရင်းအတိုင်း လက်ခံထားသော ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ တနိုင်ငံဖြစ်ပါ၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဆုမတြာကျွန်း၌ ရွှေတိဂုံစေတီ
Type your summary here.Type the rest of your post here.

Tuesday, August 2, 2011

အင်ဒိုနီးရျားခရီးစဉ်(၅၈)


တကယ်တော့ ဘူဖေးစနစ်သည် မြတ်စွာဘုရားစနစ်ဖြစ်၏ ပတ္တပိုဏ်ဆွမ်းသည် ဘူဖေးစနစ်နှင့် အလွန်နီးစပ်စွာ တူ နေ၏ ဘုရားလက်ထက်က ဆွမ်းစားကြွလျှင် သပိတ်ထဲသို့ စုပေါင်းထဲ့ကာ လောင်းလှူလိုက်ခြင်းဖြစ်၏ ဘူဖေးစနစ်သည် ဤစနစ်ပင်ဖြစ်၏ မြန်မာပြည်ဆွမ်းတခါကပ်လျှင် ပုဂံငှားရ ခုံငှားရနှင့် အတော်အလုပ်ရှုပ်၏ ဤဘူဖေးစနစ်သည် အလုပ် ရှုပ်ခြင်း သက်သာသောကြောင့် ဤစနစ်ကို ကျင့်သုံးသင့်၏။
အာရုံဆွမ်းသည်သတ်သတ်လွတ်ဖြစ်၏ ခေါက်ဆွဲကျော် ထမင်းကျော် စသည်ဖြင့်အမယ်စုံလှ၏ သစ်သီးတွေ မုံ့တွေ
လည်းစုံလင်လှ၏ ကော်ပီ ပဲနို့ ကြိုက်တာသောက်နိုင်၏ အတွေ့အကြုံမရှိတဲ့ မြန်မာဘုန်းကြီးတွေတော့ ရောင်တောင် တောင်ဖြစ်နေတာ တွေ့ရ၏ နိုင်ငံရပ်ခြား ဗဟုသုတ ဆိုတာလည်း ရှိထားရင် ပိုကောင်းတာပေါ့လေ။
ဦးခိုက်ခိုလှုံ-မြတ်ရွှေတိဂုံ
နံက် ရ-နာရီခန့် ရွှေတိဂုံ ပုံတူ စေတီတော် အနေကဇာတင်ပွဲသို့ မိမိတို့ ဂရုအလိုက် သံဃာတော်တွေ ဘတ်စ်ကား တွေဖြင့်ထွက်ခွါလာ၏ ၁၅-မိနစ်ခန့် မောင်းလိုက်လျှင်ဘဲ ရွှေတိဂုံပုံတူစေတီတော်ကို လှမ်းမြင်ရပါတော့၏ ဤစေတီ ဖြစ် ပေါ်လာပုံ အကြောင်းအရာကတော့ စိတ်ဝင်စားစရာပါဘဲ စာရှုသူတို့ မျှဝေခံစားနိုင်အောင် တင်ပြလိုက်ပါ၏။
တစ်ချိန်က သုဝဏ္ဏဒီပဟု နာမည်ထင်ရှားခဲ့သော အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း မြောက်ပိုင်း မဒန်မြို့၏ အနီး တောင်တန်းပေါ်၌ သာယာလှပသောသော ဘရာစတာဂီမြို့လေးရှိ၏ ထိုမြို့၏ မနီးမဝေး ( Dalat) ဒလက်ရွာ၏ လုမ္ဗိနီ ဥယျာဉ်အတွင်းမှာ တည်ထားပူဇော်သည့် ရွှေတိဂုံ ပုံတူ စေတီတော်မြတ်ကြီးကို အောက်တိုဘာလ ၃ဝ နှင့် ၃၁ ရက်များ တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းဝေးပွဲကြီး ခမ်းခမ်းနားနား ကျင်း ပရန် စီစဉ်ထား၏။
ထိုပွဲတော်ကြီး ကျင်းပရာသို့ မြန်မာနိုင်ငံမှ သံဃာ ၆၀ဝ၊ ထိုင်းနိုင်ငံမှ ၄ဝဝ၊ သီရိလင်္ကာနိုင်ငံမှ ၃ဝ၊ ကမ္ဘောဒီးယား နိုင်ငံမှ ၂၅၊ မလေးရှားမှ ၂၅၊ လာအိုမှ ၁ဝ ပါးနှင့် နီပေါ၊ အိန္ဒိယ၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်တိုင်ပေ၊ မက္ကဆီကို၊ အမေရိက၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျမေကာ၊ ဒိန်းမတ်၊ ယူဂန္ဓာနိုင်ငံတို့မှ သံဃာတော်များ အပါအဝင် သံဃာ တော် စုစုပေါင်း ၁၄ဝဝ ကျော် တက်ရောက်ကြောင်း သိရ၏။
ကျွန်းကြီး ကျွန်းငယ်များဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှား နိုင်ငံသည် ကုန်သွယ်ရေကြောင်း လုပ်ငန်း အချက်အချာ နေရာတွင်တည်ရှိပြီး ရှေးအခါက ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော်လည်း အေဒီ ၉ ရာစုတွင် အစ္စလာမ်ဘာသာရောက်ရှိလာ ပြီး ယခုအခါ ကမ္ဘာပေါ်တွင် အစ္စလာမ် ဘာသာဝင် အများဆုံးရှိသော နိုင်ငံအဖြစ် ထင်ရှား၏။
မြန်မာ သံဃာတော်များနှင့်အတူ ဆုမတြာကျွန်းသို့ ကြွရောက်လာသည့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာ တော် ဒေါက်တာဥာဏိသရက နှစ်ပေါင်း ငါးရာနီးပါး ဗုဒ္ဓသာသနာ မှေးမှိန်နေတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ဒီလောက်သပ္ပာယ် ကြည်ညိုဖွယ်ကောင်းတဲ့ ရွှေတိဂုံ ပုံတူစေတီတော်ကြီး ပေါ်ထွန်းလာတာဟာ မယုံနိုင်စရာတောင် ဖြစ်မိတယ်ဟုဆို၏။
အခြားသော သာသနိက အဆောက်အအုံတွေ ဆောက်လုပ်မယ့်အစား ရွှေတိဂုံပုံတူစေတီတော်ကိုမှ ဘာကြောင့် ရွေး ချယ်တည်ဆောက်ခဲ့ပါသလဲ ဆိုတာ အလွန်စိတ်ဝင်စားစရာကောင်း၏ ဒီစေတီတော်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓ သာသနာတစ်ဖန်ပြန်လည်ရှင်သန်လာခြင်းရဲ့ အမှတ်လက္ခဏာ ဖြစ်ရမည်ဟု မိန့်ကြားတော်မူ၏။
ဆုမတြာကျွန်းပေါ်တွင် ဥာဏ်တော်မြင့်မားသော ရွှေတိဂုံပုံတူ စေတီတော် တည်ထားကိုးကွယ်ရန် ပထမဆုံး စိတ်ကူး
ပေါ်သူများမှာ အခြားသူများ မဟုတ်ပါ ကမ္ဘာတစ်ဝန်းတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေသော မေတ္တာစင်တာ
အဖွဲ့ နာယက ဦးဝင်းဖေနှင့် အင်ဒိုနီးရှားနိုင်ငံ ရွှေနှစ်လုံးသားပိုင်ရှင် သူဋ္ဌေးကြီး Master Tongariodjo Angkasa တို့ နှစ်ဦးဖြစ်၏ ၂၀၀၅-ခုနှစ် နောက်ပိုင်းတွင် လုမ္ဗိနီ သဘာဝဥယျာဉ်သို့ လာရောက်လည်ပတ်ပြီးနောက် ဆုမတြာကျွန်းတွင် ရွှေတိဂုံ ပုံတူ စေတီတော်တည်ရန် ပထမဆုံး စိတ်ကူးပေါ်ခဲ့ကြ၏။
သာယာအေးချမ်းလှသော လုမ္ဗိနီသဘာဝဥယျာဉ်သည် တည်ထောင်စဉ်ကာလတည်းက ထေရ၀ါဒ မဟာယာန တန္တရ ၀ဇိရာယာန ဗုဒ္ဓဘာသာဝင်တွေအတွက် တရားဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းရာ နေရာတခုအဖြစ် သူတော်ကောင်းတွေ နှစ်
Type your summary here.Type the rest of your post here.

Monday, August 1, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၇)


လာသောကြောင့် ကြိုသူနှင့် လာသူ လွဲနေတော့၏။
ဦးဓမ္မပီယတို့ ဆက်သွယ်ပေးမှရောက်လာကာ လာသူနှင့်ကြိုသူ အစဉ်ပြေသွားတော့၏ လည်ပင်းဆွဲထားဖို့ ကပ်ပြား တခုပေးလာ၏ ဓါတ်ပုံကပ်ထားသော မိမိဘွဲ့ပါကပ်ဖြစ်နေ၏ နိုင်ငံကတော့ မလေးရှားဖြစ်၏ ဘုန်းကြီးကမြန်မာ တံဆိပ် က မလေးရှားဆိုတော့ ဒေါင်းယောင်ဆောင်သော ကျီးလို ဖြစ်နေတာပေါ့လေ ဤတံဆိပ် လည်ပင်းဆွဲထားတော့ ကိုယ့် ဘုန်းကြီးကို ရှာလို့လွယ်တာပေါ့လေ။
ကြိုဆိုဧည့်ခံရေး ဟိုတယ်တခုကို ခေါ်သွားကာ နေရာချပေး၏ အာရုံဆွမ်းကို ဘူဖေးစနစ်ဖြင့် ကိုယ်ကြိုက်တာထဲ့ဖုံး ပေးရ၏ သံဃာစုံမှ ကားထွက်မည်ဖြစ်သောကြောင့် နေ့ဆွမ်းကိုလည်း ဤဟိုတယ်မှာပင် ဘူဖေးစနစ်ဖြင့်ဖုံးပေးရ၏ နီပေါဆရာတော်တွေလည်း ဆွမ်းချိန်အမှီရောက်လာ၏ နီပေါသီလရှင်တွေလဲပါလာ၏ နီပေါသာသနာသည် မြန်မာပြည် မှ သာသနာဖြစ်သောကြောင့် မြန်မာဘုန်းကြီးနှင့် နီပေါဘုန်းကြီး ခွဲမရအောင်တူနေ၏။
ညနေ ၃-နာရီခန့်မှ ရွှေတိဂုံ ပုံတူစေတီတော်တည်ရှိရာ Bratasg မြို့သို့ထွက်ခွါလာ၏ တောင်ပေါ်မြို့ဖြစ်သောကြောင့်
အတက်အဆင်းတွေ မတ်ဆောက်လှ၏ ကားပေါ်မှကြည့်လျှင် အောက်မှဂျိုင့်ဝှမ်းတွေကို တွေ့မြင်ရတာ အသဲတလှပ်လှပ်
နဲ့ခံစားရ၏ တောင်ပေါ်ရောက်လာလေ မိုးတွေညို့ပြီး ရွာပါလေတော့၏ ဤမြို့လေးကို သွားရာလမ်းတလျှောက်ကို သတိ ထားကြည့်မိသည်မှာ ဗလီအဆောက်အဦးတွေ သိပ်မတွေ့ရဘဲ ခရစ်ယန် ချပ်ကျောင်းတွေသာ များစွာတွေ့ရ၏ ဤအရပ် သည် ခရစ်ယန်အများစု နေထိုင်ရာ နယ်မြေ ဖြစ်ဖို့များလှ၏။
ညနေဆည်းဆာ ၀င်ချိန်လောက်တွင် Bratasg မြို့ကိုရောက်ရှိလာ၏ မြန်မာပြည်က ပြင်ဦးလွင်မြို့နှင့် အတော်တူ၏ ရာသီဥတုလည်းအေးလှသည့် တောင်ပေါ်မြို့လေးဖြစ်၏ ပန်းအလှတွေကလည်း ဘယ်နေရာကြည့်ကြည့် လှပနေတာ တွေ့မြင်ရ၏ ဇိမ်ခံဟော်တယ်ကြီးတွေ များစွာရှိသောမြို့ဖြစ်၏။
ဘုန်းကြီးတို့တည်းခိုမည့် ဟိုတယ်သို့ ကားဆိုက်ရောက်လာ၏ မလေးရှားဂရုသည် ကားနှစ်စီးဖြင့် စီစဉ်ထားခြင်းဖြစ်၏ ကြိုဆိုရေးအဖွဲ့တွေသည် တနိုင်ငံကိုအဖွဲ့တဖွဲ့ဖြင့် လာရောက်ကြိုဆိုခြင်းဖြစ်၏ ဧည့်သည်တွေကို ရောက်လာသည့် အချိန် မှစ၍ ပြန်ထွက်ခွါသည်အထိ အစဉ်ပြေအောင် စီစဉ်ပေးထားခြင်းဖြစ်၏။
ကားပေါ်ကဆင်းမှ မလေးဂရုကို သေသေချာချာ ကြည့်မိ၏ မလေးရှားရောက် မြန်မာဆရာတော် ငါးပါးပါဝင်တာတွေ့ရ ၏ ဦးသဒ္ဓမ္မောဒယ ဦးပဏ္ဍိတ ဦးမေဃိယ ဦးနန္ဒာစာရ ဦးတိက္ခမတိ တို့ဖြစ်၏ မလေးရှားမှကြွလာသော သံဃာတော်များ သည် အရေအတွက်အားဖြင့် ၂၅- ခန့်ရှိ၏ ထေရ၀ါဒ-မဟာယာန-၀ဇိရယာန သုံးဂိုဏ်းလုံးပါဝင်တာတွေ့ရ၏ သို့သော် ထို ပွဲ သတင်းစာမျက်နှာတွေပေါ်တွင် မလေးရှားဂရုစာရင်း မပါဝင်တာတွေ့ရ၏။
ထိုပွဲတော်၏ ကြိုဆိုဧည့်ခံရေး နေရာထိုင်ခင်းစီစဉ်ရေးသည် ဧည့်ဝတ်ကြေပွန်တာကိုတွေ့မြင်ရ၏ ဘုန်းကြီးတို့အတွက်
စီစဉ်ထားသော ဟိုတယ်သည် အဆင့်မြင့်မြင့် ဘန်ကလိုတိုက်လေးတွေဖြစ်၏ သံဃာ ၁၄၀၀ (သို့) ၁၅၀၀- ခန့်ကို ဟော်
တယ်မှာ စီစဉ်ပေးနိုင်ခြင်းဖြစ်၏ ဆုမတြာကျွန်း မဒန်- Bratasg မြို့၏ ဧည့်ခံမှုသည် ပြည့်စုံသောဧည့်ခံခြင်း တာဝန်ကျေ သောဧည့်ခံခြင်းအဖြစ် ဆုမတြာကျွန်း ဗုဒ္ဓဘာသာဝင်တွေ၏ သဒ္ဓါတရားကို ဖေါ်ပြလိုက်ခြင်းဖြစ်ပါ၏။
ဟိုတယ်၏ အ၀င်မုဒ်ဦးနားမှ လှမ်းကြည့်လျှင် တောတောင်ရိပ်တွေကြားက ရွှေရောင်တ၀င်းဝင်းနဲ့ မြတ်ဘုရား ရွှေတိဂုံ
ကို ဖူးမြင်ရတော့ ရင်ထဲတွင် ၀မ်သာပီတိတွေ လှိုက်လှိုက်လှဲလှဲ ဖြစ်မိပါ၏ လက်အုပ်ချီကာ ဦးတင်၍ ရှိခိုးကတော့မိပါ၏
ဤည ဤဟော်တယ်တွင် ၂-ရက်လောက် ပင်ပန်းလာသမျှ အတိုးချပြီး အိပ်ရပါတော့မည်။
နံက်စောစောထပြီး ရေနွေးနှင့်စပ်ကာ ရေချိုး၏ အာရုံဆွမ်းစားရန် စားသောက်ဆောင်ကို လာခဲ့၏ လမ်းတွင် ကျိုက် လတ်မှ ဦးဇ၀နနှင့်တွေ့၏ မတွေ့တာ နှစ်၂၀-နီးပါးရှိခဲ့ပြီ သူလဲအို ကိုယ်လဲအိုဆိုတော့ မနဲစဉ်းစားပြီး နုတ်ဆက်ခဲ့ရ၏ စားသောက်ဆောင်တွင် ဦးဇ၀န နှင့်အတူသွားဖုံးပေး၏ ကိုယ်တိုင်ယူ ဘူဖေးစနစ်ဖြင့် ဖုံးပေးရခြင်းဖြစ်၏ မြန်မာပြည်မှ ကြွလာသောဆရာတော်ကြီးတွေ ဘူဖေးစနစ်ကို ကသိကအောက် ဖြစ်ပုံရ၏ ဘေးဝိုင်းမှ ဆရာတော် ၂-ပါး ပြောသံကြား ခဲ့၏ မြန်မာပြည်မှာ ဒကာ ဒကာမတွေ ကပ်တာစားခဲ့ရတာ ဒီကြမှ ကိုယ်တိုင်ယူစားနေရတယ်ဟု ပြောသံကြားခဲ့၏။

Type your summary here.Type the rest of your post here.

Friday, July 29, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၅)


မီးခိုးရောင် သစ်သား (သို့) ကျောက်ပြားများဖြင့် ဖုံးအုပ်ခြင်း။
ထိုသို့ပြန်လည်ပြုပြင် မွမ်းမံခြင်းကြောင့် နောက်ထပ်နှစ်တရာခန့် ကြာရှည်လိမ့်မည်ဟု ခန့်မှန်းရ၏ စိုးရိမ်မှု ကင်းစွာဖြင့် ကျွန်ုပ်တို့ ဘိုးဘွားအမွေကို ကျွန်ုပ်တို့ မြတ်နိုးစွာ ထိမ်းသိမ်းနိုင်ခဲ့ပြီ ကျွန်ုပ်တို့၏ မျိုးဆက် နောင်လာနောင်သားများကို
လက်ဆင့်ကမ်းအမွေအဖြစ် ပြန်လည်ပေးနိုင်ခဲ့ပြီ ။
ထိုသို့ ဖြစ်ရခြင်းမှာ UNESCO လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အားထုတ်ကြိုးပမ်းမှုကြောင့် ဖြစ်သလို ဗောရောဗုဓော စေတီတော်ကြီးသည် ကမ္ဘာတွင် သမိုင်းဝင် အမွေအနှစ် ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ကို သက်သေပြခဲ့ပြီ ကမ္ဘာပေါ်ရှိ လူသားအားလုံး လာရောက်ကြည့်ရှု လေ့လာနိုင်ကြလေပြီ။
ဗောရောဗုဓော စေတီတော်ကြီးသည် ယဉ်ကျေးမှုအရာတွင် ကမ္ဘာ့ထိပ်ဆုံးအဆင့်တွင် ဂန္တ၀င်မြောက် လက်ရာတခု အဖြစ် တည်ရှိနေပြီး ကမ္ဘာယဉ်ကျေးမှု အထိမ်းအမှတ်တခုအဖြစ် အထင်ကရ ရှိနေပါဦးမည်။
ဗောရောဗုဓော စေတီတော်ကြီးသည် မဟာယာန ဗုဒ္ဓဘာသာဝင်တွေ တည်ဆောက်ခဲ့သည်ဟု ဆိုကြသော်လည်း သိရိလင်္ကာ ထေရ၀ါဒ နိုင်ငံမှ ကျောက်ဆစ် ပညာရှင်တွေခေါ်ယူပြီး ထုဆစ်ထားသော လက်ရာများကြောင့် ရုပ်ပွားတော် များသည် မဟာယာနဘာသာတွေ ယ္ခုလက်ရှိ ထုဆစ်ကိုယ်းကွယ်နေသော ရုပ်ပွားတော်များနှင့်မတူဘဲ ထေရ၀ါဒ ဗုဒ္ဓရုပ် ပွားတော်တွေနှင့်သာ တူနေခြင်းဖြစ်၏။
ဗုဒ္ဓဘာသာဟူသော ခေါင်းစီးအောက်မှာ ထေရ၀ါဒ-မဟာယာန ခွဲခြားမှု မပြုဘဲ စည်းလုံးညီညွတ်မှုရှိအောင် ဗောရော
ဗုဓော စေတီတော်ကြီးက သက်သေပြလျှက်ရှိပါ၏ ရှေးခေတ်သူတော်စဉ်တွေ စီစဉ်ခဲ့သည့် ဗုဒ္ဓဘာသာညီညွတ်ရေး အစီ
အစဉ်ကို ယ္ခု မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တွေ အတုယူပြီး ညီညီညွတ်ညွတ် တည်ဆောက်နိုင်မယ်ဆိုလျှင် ဗုဒ္ဓဘာ သာသည် တိုးတက်ထွန်းကားလာလိမ့်မည်ဟု ယုံကြည်မိပါ၏။
ဗောရောဗုဓော စေတီတော်ကြီးကို လေ့လာဖူးမျှော်ပြီးနောက် နေ့ဆွမ်းဖုံးပေးမည့် အချိန်ရောက်လာ၏ မီယာပီမီး တောင်မှ ထွက်လာသော ပြာမှုံများကြောင့် စေတီအောက် စားသောက်ဆိုင်တွေသည် ဖွင့်သည့်ဆိုင်ဖွင့် ပိတ်သည့်ဆိုင် ပိတ်နှင့် ပြာတွေကြောင့် သန့်ရှင်းမှုမရှိတာနှင့် မီးတောင်ပြာလွတ်ရာသို့ စာရေးသူတို့အဖွဲ့ ထွက်ခွါလာခဲ့၏ နာရီဝက်ကျော် တနာရီခန့်မောင်းမှ စားသောက်ဆိုင် တခုသို့ရောက်ရှိလာ၏။
စားသောက်ဆိုင်သည် ဘန်ဂလိုတဲလေးတွေဖြင့် အလယ်ကောင်ကွက်လပ်တွင် စပါးပင်တွေ စိုက်ပျိုးထား၏ ငယ်ငယ် တုံးက လယ်ကွင်းထဲ ထမင်းစားခဲ့တာကို မြင်ရောင်မိ၏ ဆွမ်းဖုံးပေးအပြီး ပြန်ထွက်လာကာ မီးတောင်ပေါက်နေသော နေရာအနီး လေးကီလိုအကွာထိ ကားသမားလိုက်ပြပေး၏ လမ်းတွင် ဒုက္ခသယ် ကယ်ဆယ်ရေးစခန်းတွေတွေ့ရ၏ ဒုက္ခ သယ်တွေတော့ သယ်ယူတုံးရှိသေး၏ အနီးငယ်တော့ရောက်နေ၏ နာဂစ်ကယ်ဆယ်ရေး ဓါတ်ခံရှိတော့ ဒုက္ခသည်တွေ ကို လှူချင်စိတ်ဖြစ်ပေါ်လာ၏ ဆိုင်တွေအားလုံးပိတ်ထားတာနှင့် လက်လျှော့ခဲ့ရ၏။
ဂျကာတာ ပြန်ဖို့အချိန် နီးလာတာနှင့် ဂျော့ဂျကာတာ လေဆိပ်သို့ ပြန်လည်ထွက်ခွါလာ၏ လေဆိပ်တွင် ဖားအောက်
ဆရာတော်များအဖွဲ့နှင့် ဆုံတွေ့ခဲ့၏ ဂျကာတာ ပြန်မှာတူသော်လည်း လေယဉ်ခရီးစဉ် မတူသောကြောင့် တကွဲစီသာ ပြန် ခဲ့ရ၏ ဂျကာတာ လေဆိပ်ရောက်တော့ မိုးချုပ်နေပြီ ဟိုတယ်ရောက်တော့ ပင်ပန်းတာနှင့် စောစောအိပ်လိုက်၏ မအိပ် လို့ကလဲမဖြစ် နက်ဖြန်နံက် ၄-နာရီ ဘာလီကျွန်းသွားမှာဖြစ်၏။
ရောက်ရှိပါပြီ-မြို့ဘာလီ
နံက် ၃-နာရီခန့်ထကာ ရေချိုးပြီး ပစ္စည်းစုံအောင်ထည့်၍ ဟိုတယ်အောက်သို့ဆင်းခဲ့၏ မကြာခင် ဇင်မာဝင်းရောက် လာ၏ နံက်၎-နာရီတွင် လေဆိပ်သို့ဆင်းခဲ့၏ လေဆိပ်တွင် အာရုံဆွမ်းဖုံးပေး၏ လေယဉ်ထွက်လာတော့ မနေ့ကရောက်
ခဲ့သည့် ဂျော့ဂျကတာကို ကျော်သွားရ၏ ပေါက်နေသော မီးတောင်ကိုလည်း လေယဉ်ပေါ်မှ လှမ်းမြင်နေရ၏ ဗီဒီယိုဓါတ်
ပုံရိုက်ခဲ့၏ မကြာမီ ဘာလီကျွန်းလေဆိပ်သို့ လေယဉ်ဆင်လာခဲ့၏။
ဘာလီကျွန်းလေဆိပ်သည် ပင်လယ်အစပ်တွင် တည်ဆောက်ထားခြင်းဖြစ်၏ ပင်လယ်ထဲမှ နိမ့်နိမ့်ပြန်ကာ ဆင်သက်

Type your summary here.Type the rest of your post here.

Thursday, July 28, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၄)


သည် ဟူသော ဇာတ်လမ်းဖြစ်ခဲ့ဘူး၏။
၁၉-ရာစုအစောပိုင်က အင်္ဂလန်ကို အုပ်ချုပ်သူ ဗိုလ်ချုပ် ဆာ သောမတ်စ် စတန်ဖို့ ရာဖယ်လ် (1811-1815)သည် မျက်များ ရေညှိများတက်နေသော တောင်ထိပ်ရှိ စေတီတော်ကြီးကို စိတ်ဝင်စားခဲ့၏ ဗိုလ်ချုပ် ရာဖယ်လ် သည် သူ၏
လက်ထောက်ဝန်ထမ်း H.C Cornellius (ကော်နီလီရပ်စ်) ကို စုံစမ်းရန်လွတ်ခဲ့၏။
ထိုအချိန်မှစ၍ ဗောရောဗုဓောစေတီတော်ကြီးသည် အမှောင်တွင်းမှ ထွက်ပေါ်လာသော ရောင်ခြည်ဦး၏ အစပိုင်း ဖြစ်ကာ ဆက်လက်ထွက်ပေါ်လာရန် ကြိုးပမ်းမှုကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့၏ ထိုကြိုးပမ်းမှုသည်လည်း ဗောရောဗုဓော စေတီတော်ကြီးကို မကောင်းကျိုးတွေ ရံဖန်ရံခါပေးခဲ့၏။
၁၈၉၆ - ခုနှစ်တွင် ဖြစ်ပွားခဲ့သော မတော်တဆ ထိခိုက်မှုမှာ နယ်သာလန် အင်ဒီ များသည် ရုပ်ပွားတော်ရှစ်ဆူကို တူးယူခဲ့ပြီး ဘုရင် Chulalang Siam (ချူလာလန် ဆိုင်မ်း) ကိုတင်ပြရန် ကျောက်တုံးများကို ထွင်းယူခဲ့၏ ထိုအရာများကို
Siam(ဆိုင်ယမ်)(ထိုင်း)သို့ ယူဆောင်သွားခဲ့၏ ယနေ့ထက်တိုင် ထိုကျောက်တုံး ထွင်းထားသောနေရာများ ရှိနေဆဲဖြစ်၏
၁၉၀၇ - မှ ၁၉၁၁ -ကာလများတွင် The Von Erp ဆိုသည့် ဒက်ရှ်အင်ဂျင်နီယာ (ကျွမ်းကျင်ပညာရှင်) သည် ဗော ရောဗုဓောကို စိတ်ဝင်စားပြီး စေတီတော်ကြီးကို ပြန်လည်ပြုပြင် မွန်းမံခြင်း ပထမအဆင့်ကို စေ့စေ့စပ်စပ် အသေးစိတ်ပြု လုပ်ခဲ့၏ ရန်ပုံငွေ အများအပြားကိုလည်း ထိုပြုပြင်မွမ်းမံခြင်းတွင် အသုံးပြုခဲ့၏ Van Erp ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဗောရောဗုဓော စေတီတော်ကြီးသည် လှပသပ္ပါယ် ကျက်သရေရှိစွာ ပြန်လည်ရပ်တည်နိုင်ခဲ့၏။
သို့သော် သဘာဝဘေးအန္တရာယ်သည် ကြိုတင်မမြင်ရသောကြောင့် ကံမကောင်းမှုများလည်းကြုံတွေ့နေရဆဲဖြစ်၏ စေတီတော်ကြီး၏ ပျက်စီးနေသောကျောက်တုံးများသည် စေတီတော်ကြီး လက်ရှိရပ်တည်နေမှုကို ခြိမ်းခြောက်နေသော အရာများထဲမှ ခြောက်လှန့်နေသော အရာတခုဖြစ်၏ ထိုကိစ္စကို ကျော်လွှားနိုင်ရန် ၁၉၆၀ - တွင် ဗောရောဗုဓော စေတီ တော်ကြီးအား အရေးပေါ် အကူအညီ အထောက်အပန့်များ လိုအပ်နေသည်ဟု ကြေညာခဲ့၏။
၁၉၆၃ -တွင် အင်ဒိုနီးရှားအစိုးရမှ ဗောရောဗုဓော စေတီတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံခြင်းအတွက် စီမံကိန်း ရေး ဆွဲမှု စတင်ခဲ့လေ၏ ထိုစီမံကိန်းကို နိုင်ငံရေး အဓိကရုဏ်းများကြောင့် ခဏရွှေ့ဆိုင်းခဲ့ရ၏။
၁၉၆၇ - သြဂုတ်လတွင် Ann Arbor အမေရိကန်တွင် ၂၇ - ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အရှေ့တိုင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖွံ့ဖြိုးထိမ်းသိမ်းရေး အခမ်းအနားကို ကျင်းပခဲ့၏ အင်ဒိုနီးရှားမှ Dr. Sukmono တက်ရောက် ပြီး လေ့လာချက်စာတမ်း- ကို တင်ပြခဲ့၏ ထိုစာတမ်းမှာ New Light on some Borobudur Problems , ဗောရောဗု ဓော ပြဿနာများအတွက် မျော်လင့်ချက် အလင်းတန်းဖြစ်၏ ထိုစာတမ်းကို အခမ်းအနားသို့ တက်ရောက်လာသူ အများ အပြားကို ဆွဲဆောင်နိုင်ခဲ့၏။
ထို့ကြောင့် သူတို့အားလုံးသည် UNESCO အဖွဲ့ကြီးအား ဗောရောဗုဓော စေတီတော်ကြီးကို ပြန်လည်ထူထောင် မွမ်း မံရေးနှင့်ပတ်သက်၍ လာရောက်ကြည့်ရှုရန် အကူအညီတောင်းခံခဲ့၏ ထိုသို့ ကြိုးစားမှုမှ ဗောရောဗုဓော စေတီတော်ကြီး
ကို ပြန်လည်ပြုပြင်မွမ်းမံရန် စီမံကိန်းကြီးတခုအဖြစ် ရေးဆွဲအကောင်အထည်ဖေါ်သော ရလဒ်ကောင်းကြီးတခုကို ရရှိခဲ့ ပါ၏ ထိုလုပ်ဆောင်ချက်တွင် UNESCO လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းမှ တာဝန်ယူပါ၏။
၁၉၇၃ - သြဂုတ်လတွင် Borobudur ပြန်လည်ပြုပြင် မွမ်ုမံခြင်းကို စတင်ခဲ့၏ ထိုပြုပြင်ရေးတွင် အဆင့်များခွဲထား
တာကို တွေ့မြင်ရ၏။
၁။ ကျောက်တုံးများကို ထုတ်ယူမှတ်သားထားပြီးနောက် ဓာတုဗေဒဆေးများဖြင့် တာရှည်ခံအောင်ပြန်လည်ပြုပြင်ခြင်း။
၂။ ပြန်လည်တပ်ဆင်ခြင်းတွင် ပျောက်ဆုံးနေသော ကျောက်တုံးများရှာဖွေခြင်းနှင့် ကျိုးပဲ့နေသော ကျောက်တုံးများနှင့် အက်ကွဲကြောင်းများရှိနေသော ကျောက်တုံးများကို ပြန်လည်ပြုပြင် တပ်ဆင်ခြင်း။
၃။ ဗိသုကာပညာနှင့် ဆိုင်သော ပညာဗဟုသုတများကို ရှာဖွေသင်ယူ (နည်းယူ)နိုင်ခြင်း။
၎။ ကွန်ကရစ်တိုင်များ တပ်ဆင်ခြင်း အောက်ခြေ ပစ္စယံပတ်လမ်းနှင့် အောက်ခြေမျက်နှာပြင်ကို ရေစိမ့်မှု ထိမ်းသိမ်းရန်

Type your summary here.Type the rest of your post here.

Wednesday, July 27, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၃)


၈၈ - ချပ်သော ကျောက်ထွင်းပန်ချီကားချပ်များသည် မေတ္တယျဘုရား၏ ထေရုပတ္တိ အဆက် (နောက်ဆက်တွဲ) ဖြစ် ပြီး စတုတ္ထပစ္စယံ balustrade ၀ရန်တာလက်ရန်းရှိ နံရံပေါ်တွင် ဖေါ်ပြထား၏။
၇၂ -ချပ်သော ကျောက်ထွင်းပန်ချီကားချပ်များသည် ကမ္ဘာပေါ်၌ နောက်ဆုံးဗုဒ္ဓအဖြစ် ပွင့်တော်မူမည်ဟု ယူဆသော Samanthabodar (သမန္တဗဒြ) ၏ ဇာတ်လမ်း ထေရုပ္ပတ္တိကို စတုတ္ထပစ္စယံ အဓိကနံရံတွင် ဖေါ်ပြထား၏။
၈၄ -ချပ်သော ကျောက်ထွင်းပန်ချီကားများသည် မေတ္တယျ၏ဇာတ်ကြောင်းကိုဖေါ်ပြပြီး အခြားများပြားသော ကျောက် ထွင်းပန်ချီကားများသည် မမှတ်မိသော (မသိသော)ဇာတ်ကြောင်းဇာတ်လမ်းများဖြစ်ပြီး စတုတ္ထပစ္စယံ balustrade ၀ရန်
တာလက်ရန်း နံရံပေါ်တွင် ဖေါ်ပြထား၏။
ကျောက်ထွင်းပန်ချီကားများ၏ စနစ်တကျ အစီအစဉ်ကို ယေဘုယျ ခြုံငုံကြည်လျှင် Dacabodhita (ဒဿဗောဓိတ) (သို့) ဒဿဘူမိကျင့်စဉ် ဗောဓိသတ္တဘုရားလောင်း၏ ဒဿနကို ထင်ဟပ်ပြသခြင်းဖြစ်၏ ဗောရောဗုဓောစေတီတော်ကြီး ၏ ပထမဆင့် အတွင်းဘက်နံရံရှိ ဗုဒ္ဓ၀င် ဇတ်လမ်းများမှာ မဟာယာန (မူလသဗ္ဗတ္တိဝါဒီ) ဂိုဏ်းသုံး လလိတ၀ိတ္ထာရကျမ်း လာ ဗုဒ္ဓ၀င်ဇာတ်လမ်းကို မှတ်တမ်းတင်ထားခြင်းဟု ယူဆကြ၏ အချို့ကျောက်ဆစ်လက်ရာများမှာ ဒီဗျာဝဒါန ကျမ်းလာ ဇာတ်လမ်းများဟု ယူဆကြ၏။
ဒုတိယ ပစ္စယံ၌မူ ကဏ္ဍဗျူဟာကျမ်းလာ သုဓနုကုမာရမင်းသား၏ ဇာတ်လမ်းကို ထုဆစ်ထားသည်ဟု ပညာရှင်တို့ ယူဆကြ၏ ထို့ပြင် မဟာယာနဂိုဏ်း၌ နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်ပြီး ယောဂါစရဂိုဏ်းကို တည်ထောင်သူ အရှင်အာသင်္ဂ၏ အတ္ထုပ္ပတ္တိကိုလည်း ကျောက်ဆစ်ထုထွင်းထားပါ၏။
ဗောရောဗုဓောစေတီတော်ကြီးသည် ရှင်တော်မြတ်ဘုရား၏ ဖြတ်သန်းခဲ့ရပုံများကို ပြသထားသောနေရာ တခုဖြစ်ပါ၏
ဗောရောဗုဓော စေတီတော်ကြီး တည်ဆောက်ပြီးနောက် ရာစုအားဖြင့် တရာစုခွဲခန့်တွင် အမှောင်အတိ ဖုံးလွမ်းခဲ့သော အချိန်ကာလထဲသို့ ကျရောက်ခဲ့ပါ၏ ထိုအချိန်သည် Cailendra (သေလိန္ဒရ) Kingdom မင်းဆက် အုပ်ချုပ်မှု၏ ကျဆုံး ချိန်ဖြစ်၏ ဗောရောဗုဓော စေတီတော်ကြီးကို လျှစ်လျှူရှုထားသောအချိန်ဖြစ်၏။
ဗောရောဗုဓော စေတီတော်ကြီး တည်ဆောက်ထားသောနေရာသည် ဂျာဗားကျွန်းအလယ်ပိုင်းတွင်ဖြစ်၏ ဘေးပတ် လည်တွင် မီးတောင်ကြီးလေးခု ၀ိုင်းရံထား၏ သက္ကရာဇ် ၁၀၀၆-ခုနှစ်တွင် မီယာပီ (Merapi) မီးတောင်ကြီး ပေါက်ကွဲသ ဖြင့် ဗောရောဗုဓော စေတီတော်ကြီး၏ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော လူသားများသည် မြေပြိုကျမှုနှင့် မီးတောင်မှ ထွက်သော မီးကျီးခဲများ ချော်ရည်ပူများ ပြာပူများ အန္တရာယ်မှ လွတ်ရာ လွတ်ကြောင်း ထိုနေရာမှ ပြောင်းရွေ့သွားကြ၏ ဂျားဗားကျွန်း ၏ အရှေ့ဘက်ချမ်း၌ နေရာသစ်ကိုရှာဖွေကာ နေထိုင်ကြ၏ ထိုသို့ပြောင်းရွေ့သွားခြင်းမှာ အခြား မသေချာ မရေရာသော အကြောင်းပြချက်တွေလည်း ရှိသေးသည်ဟုဆို၏။
မီးတောင်မှထွက်သော ပြာမှုန့်များက စေတီတော်ကြီးတခုလုံးကို ဖုံးလွမ်းသွားပြီး လူသူစွန့်ပစ်ခြင်းခံရ၍ စေတီတော် ကြီးမှာ တောကြီးမျက်မဲထဲ၌ တဆူတည်း အထီးကျန်စံမြန်းခဲ့ရ၏ နှစ်ပေါင်း ၈၀၀ - ရာကျော်ကြာမြင့်ခဲ့၏ ဗုဒ္ဓဘာသာဝင်
တွေ ကွယ်ပြောက်လာကာ တခြားဘာသာဝင်တွေများလာတာနှင့် ဗောရောဗုဓောစေတီကြီး တစတစ မှေးမှန်လာ၏။
ထိုဂျာဗားကျွန်းသည် လျှင်လျှင်မြန်မြန် စည်ပင်ဝပြောလာသော်လည်းအံ့မခမ်း လက်ရာတွေနှင့် ပြည့်စုံသော ဗောရော ဗုဓော စေတီတော်ကြီးကိုယ်တော့ အားလုံးလျှစ်လျှူရှုကာ စည်ကားခြင်းလည်းမရှိတော့ပါ ရှင်းလင်းခြင်းလည်းမရှိတော့ပါ
တောခြုံတွေအောက်တွင် ရေညှိတွေ အထပ်ထပ်သည် စေတီတော်ကြီးကို ဖုံးလွှမ်းထားလေတော့၏ သဘာဝဘေးဒဏ် တွေဖြစ်သော ငလျှင်ဘေးနှင့် မိုးကြိုးဒဏ်တို့ကိုလည်း စေတီတော်ကြီး အကြိမ်ကြိမ်ခံခဲ့ရ၏ ဗောရောဗုဓော စေတီတော် ကြီးကို လူသားတွေ ရာစုနှစ်ပေါင်းများစွာ မေ့လျှော့ထားကြ၏။
၁၇-ရာစုခန့်အတွင်း ဗောရောဗုဓော စေတီတောမြတ်ကြီး၏ သတင်းအချက်အလက်အချို့ကို Babad Tanah Jawi (ဘာဘက်တာနဂျာဝိ) တွင် မှတ်တမ်းတင်ခဲ့၏ ထို့ပြင် Jogokata (ဂျော့ဂျကာတာ) မင်းသားသည် ထောင်ချီရှိသော ဗုဒ္ဓ ရုပ်ပွားတော်များတည်ရှိရာ ဗောရောဗုဓော စေတီတော်ကြီးကို အလယ်အပတ် လာရောက်ပြီးနောက် သေဆုံးသွားခဲ့

Type your summary here.Type the rest of your post here.

Tuesday, July 26, 2011

အင်ဒိုနီရှားခရီးစဉ်(၅၂)


မုဆိုးများကလည်း ရှေးခေတ်အမွေအနှစ်ကိုရယူပိုင်ဆိုင်လို၍ ခိုးယူခြင်းလည်းဖြစ်နိုင်ပါ၏ ၀မ်းနည်းစရာ ကောင်းသည်မှာ
ထိုမသမာသူများ၏ လုပ်ဆောင်ချက်များကို ရပ်တန့်အောင်မလုပ်နိုင်ခြင်း သူတို့နောက်ကြောင်းကိုမလိုက်နိုင်ခြင်းဖြစ်၏။
ဗောရောဗုဓော စေတီတော်ကြီးသည် ဗုဒ္ဓရုပ်ပွားတော်များ နံရံထွင်း ကျောက်ထွင်းပန်ချီ ရုပ်လုံးရုပ်ကြွများဖြင့် ပေါ များကြွယ်ဝစွာ ဝေေ၀ဆာဆာ ဖေါ်ပြထား၏ ကျောက်ချပ်ပေါင်း ၁၄၆၀ -ကို Kamadhayu ကာမဓာတု (ကာမဘ၀ - ကာ မဘုံ) နှင့် Rupadhatu -ရူပဓာတု (ရူပဘ၀ - ရူပဘုံ) အဆင့်များ (ဧရိယာ) တွင် ကျောက်ထွင်းပန်ချီကားများကို ထုဆစ်
ကာ ပုံဖေါ်ထားခြင်းဖြစ်၏။
Kamadhatu - ကာမဓာတု (ကာမဘ၀ - ကာမဘုံ)အဆင့်တွင် ကျောက်ထွင်းပန်ချီးကားချပ် ၁၆၀ -ကို ရုပ်လုံးရုပ်ကြွ များဖြင့် ပုံဖေါ်ထား၏ ထိုကျောက်ထွင်းပန်ချီကားများသည် ပင်မစေတီ၏ အောက်ခံကျောက်သားများကို ဖုံးလွမ်းထား၏ ကျောက်ထွင်း ပန်ချီကားများသည် Karmawibangga - ကာမ၀ိဘာဂ မှ ယူထားခြင်းဖြစ်ပြီး အကျိုး အပြစ်၏ နိယာမ သ ဘောတရားနှင့် အနှစ်သာရကို အလေးပေး ဖေါ်ပြထားခြင်းဖြစ်၏။
မကောင်းမှု အကုသိုလ်လုပ်သူများသည် ငရဲတွင်အပြစ်ပေးခံရမည်ဖြစ်ပြီး ကောင်းမှုကုသိုလ်လုပ်သူများသည် ကောင်း
ရာဘုံဘ၀ နတ်ပြည် ဗြဟ္မာပြည်သို့ ရောက်မည်ဖြစ်၏ ထို့ကြောင့် သံသရာမှ လွတ်မြောက်ရန် မြတ်ဗုဒ္ဓ၏ အဆုံးအမများ ကို တာဝန်ကျေပွန်စွာ လိုက်နာကျင့်သုံးသင့်၏ ထိုအဆုံးအမ သြ၀ါဒများကို နောက်တဆင့် Rupadhata - ရူပဓာတု (ရူပ ဘ၀ - ရူပဘုံ) အဆင့်တွင် ကျောက်ထွင်းပန်ချီကားများဖြင့် ဆက်လက်ဖေါ်ပြထားတာကို တွေ့ရှိရမှာဖြစ်၏။
Rupadhatu - ရူပဓာတု (ရူပဘ၀ - ရူပဘုံ) အဆင့်တွင် ကျောက်ထွင်းပန်ချီကားပေါင်း ၁၃၀၀ - ပါဝင်၏ ထို ၁၃၀၀ - ကျောက်ထွင်းပန်ချီကားများကို အောက်ပါပုံစံဖြင့် ဖွဲ့စည်းထား၏။
၁။ ၁၂၀ - သော ကျောက်ထွင်းပန်ချီကားချပ်များသည် Lalitawiastara – (လာလီတ၀စ်တရ) ပုံပြင်များကို ပြောပြ နေပုံဖြစ်၍ ပထမထပ် ပစ္စယံ အဓိက နံရံ၏ အထက်ပိုင်းတွင် ဖေါ်ပြထား၏။
၂။ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓ၀င်များကို ဖေါ်ပြထားသော ကျောက်ထွင်းပန်ချီကားချပ် ၁၂၀ - Jataka - ဇာတကနှင့် Awadana – အ၀ဓန တို့သည် ပထမ ပစ္စယံ အဓိကနံရံ၏ အောက်ပိုင်းတွင် ဖေါ်ပြထား၏။
၃။ ၃၇၂ - ချပ်သော ကျောက်ထွင်းပန်ချီကားချပ်များသည် ဇာတကနှင့် အ၀ဓန တို့၏ အစပိုင်းဇတ်လမ်းများဖြစ်၏ ထိုကျောက်ထွင်းပန်ချီကားချပ်များကို ပထမ ပစ္စယံ balustrade ၀ရန်တာလက်ရန်းရှိ နံရံအထက်ပိုင်းတွင် တွေ့ရှိရ၏။
၎။ ၁၂၉ ချပ်သော ကျောက်ထွင်းပန်ချီများသည် ဇာတက နှင့် အ၀ဓန တို့၏ ဇာတ်လမ်း အဆုံးသတ်ပိုင်းကို ပထမ ပစ္စယံ balustrade ၀ရန်တာလက်ရန်းရှိ နံရံအောက်ပိုင်းတွင် တွေ့ရှိရ၏။
Gandawyuha (ဂန်ဒေါ်ယုဟ) ရေးသားထားသော စာညွန်းများအရ ၁၂၈ - ချပ်သော ကျောက်ထွင်း ပန်ချီကားချပ် များသည် ဒုတိယ ပစ္စယံရှိ အဓိက နံရံတွင်ရှိ၏ ထိုဇာတ်လမ်းသည် Sudhana ( သုဓန ) လုလင်၏ ဘုရားဖူးခရီးလှည့် လည်ခြင်း အကြောင်းဖြစ်၏ ဤခရီးသည် အမြင့်ဆုံးဥာဏ် (နိဗ္ဗာန်) ကို ရရန် ခရီးဖြစ်၏ သုဓန သည် သုဇိတာနတ်ပြည်၌
အရိမေတ္တယျ ဘုရား နှင့် တွေ့သည့်တိုင်အောင် မြို့ပေါင်း ၁၁၀ - ကို လှည့်လည်ခရီးသွားခဲ့၏။
မေတ္တယျဘုရားသည် သုဓန ကို ဘုရားနှင့်သက်ဆိုင်သော ခမ်းနားသည့် အဆောက်အဦးးတခုကို ပြခဲ့၏ ထို့ နောက် သုဓနသည် Kutagara (ကုတဂါရ) ကောင်းကင်ဘုံ (နတ်ပြည်)၏ တည်နေရာကိုပြသော Manjucry (မန်ဂျူစရိ)နှင့်တွေ့ ခဲ့၏ နောက်ဆုံး၌ သုဓန သည် Bhadracari (ဘဒြစရိ) အကြောင်းကို အကြံပေးသော Samanthabadra(သမန္တဘဒြာ) နှင့်တွေ့ခဲ့၏။ (မဟာယာန အ၀ဋံသဂိုဏ်းမှ အယူအဆများဖြစ်၏)
၁၀၀ - သော ကျောက်ထွင်းပန်ချီကားများသည် Jataka (ဇာတက) နှင့် Awadana (အ၀ဓန) ၏ ဆက်စပ်ခြင်းများ ကို ဖေါ်ပြထား၏ ဒုတိယပစ္စယံ balustrade ၀ရန်တာလက်ရန်းရှိ နံရံများတွင် တွေ့မြင်နိုင်၏။
၈၈ - ချပ်သော ကျောက်ထွင်း ပန်ချီကားချပ်များသည် နောင်ဖြစ်လာမည့် Maiteya (မေတ္တယျ) ၏ အတ္ထုပတ္တိကို တတိယ ပစ္စယံ အဓိကနံရံတွင် ဖေါ်ပြထား၏။

Type your summary here.Type the rest of your post here.

Monday, July 25, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၁)


ကြ၏ ဘုရားလောင်းတွေသာ သတ္တ၀ါတို့ကို ကယ်တင်ရေးလုပ်ဆောင်နိုင်၏ ဈာနီဗောဓိသတ္တသည် ဘာဝနာစီးဖြန်းခြင်း စွမ်းအား၏ ရှင်းလင်းချက်(သိသာသောအရာ)ဖြစ်ပြီး Buddha Samadhi ( ဗုဒ္ဓသမာဓိ) မှ ရရှိခြင်းဖြစ်၏။
ဗောရောဗုဓောဘုရားကို တည်ထားကိုယ်းကွယ်သူတို့၏ နံရံထွင်းပုံဖေါ်ပန်းချီကားတွေမှ ပြောပြနေသည့် လျို့ဝက်သော အရာမှာ ဗောရောဗုဓောဘုရားသည် ဆဋ္ဌမမြောက် Wajrasatta (၀ဇိရသတ္တ) ဘုရားဖြစ်၏ ဈာနိဗုဒ္ဓ ငါးဆူကို လွှမ်းမိုးနိုင် ၏ ဈာနိဗုဒ္ဓငါးဆူကို လွှမ်မိုးနိုင်သော နေရာတွင်ထားကာ ကျောက်ထွင်းပန်းချီကား ထုဆစ်ထားတာတွေ့ရ၏။
ဝဇိရသတ္တဘုရားကြီးသည် ဈာနိဗုဒ္ဓ ဘုရားအားလုံး၏ အကြီးအကဲ ခေါင်းဆောင်ဘုရားဟု သတ်မှတ်ပြီး ထိုဝဇိရသတ္တ ဘုရားကြီး ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း စွမ်းအား၏ အကျိုးဆက်ကြောင့် ဈာနိဗုဒ္ဓများ ထွက်ပေါ်လာသည်ဟု တချို့က ထင်မြင်ယူဆ၏ ထိုကမ္မဋ္ဌာန်း စွမ်းအားများသည် စကြာဝဠာ၌ တည်ရှိနေသော အရာများ၏ သိသာရှင်းလင်းစေသော အဓိက အကြောင်း အရင်းဖြစ် လက်ခံထား၏ Adi Buddha (အာဒိဗုဒ္ဓ) သို့မဟုတ် Wajradhara (၀ဇိရဓရ) သို့မဟုတ် Wajrasattwa (၀ဇိရသတ္တ) ဟူ၍ ခွဲခြားမရဟုဆို၏။
ဗောရောဗုဓော စေတီတော်ကြီးတွင် ထိုင်၍သတင်းသုံးနေသော ဆင်းတုတော်များ မတ်တပ်ရပ်အနေအထားဖြင့် သီ တင်းသုံးနေသော ဆင်းတုတော်များ ၅၄၀-ရှိ၏ ၇၂ -ဆူသော Wajrasttwa (၀ဇိရသတ္တ) ဗုဒ္ဓသည် လှိုဏ်ခေါင်း အပေါက်
ပါသော အရံစေတီငယ်အတွင်းတွင်ရှိပြီး စေတီတော်ကြီး၏ ထိပ် (အပေါ်ပိုင်း) စက်ဝိုင်းပုံသဏ္ဍာန် ပစ္စယံသုံးထပ်တွင်ရှိ၏
၆၄ -ဆူသော Wairocana (ဝေရောစန) ဗုဒ္ဓသည် ပဉ္စမဆင့် ပစ္စယံ ပတ်ပတ်လည်ရှိ ကျောက်အုပ်ချပ်နံရံများတွင်ရှိ၏။
၂၇၆ - ဆူသော Dhyani (ဈာနိ) ဗုဒ္ဓသည် အောက်ဘက်အပိုင်း ပစ္စယံ သုံးဆင့်၏ ပတ်ပတ်လည်ရှိ ကျောက်အုပ်ချပ်
နံရံများတွင်ရှိ၏ ဘုရားအားလုံးသည်(ကျောင်း ပရ၀ုဏ်၏ တခါးပေါက်လေးခုစီသို့ မျက်နှာမူနေ၏) နာရီ အိမ်မြှောင်လက်
တံ၏ အဓိက (၄)မှတ် အရပ်လေးမျက်နှာကို မျက်နှာမူထား၏။
ဗုဒ္ဓရုပ်ပွားတော်များကို လက်အနေအထားအရ မုဒြာအမျိုးမျိုး ခွဲခြားနိုင်၏ ယေဘုယျအားဖြင့် ဗုဒ္ဓရုပ်ပွားတော်အားလုံး သည် ပုံစံဆင်တူကြ၏ တင်ပလင်ခွေထိုင် သတင်းသုံးနေကြတာများ၏ သင်္ကန်းအ၀တ်သည် ညာဘက်ပခုံးပေါ် သင်္ကန်း လွှမ်းမခြုံထားပုံလည်းတူညီ၏ ဗုဒ္ဓ၏ သင်္ကန်းအ၀တ်အစားများသည် ခေါက်၍ချထားပြီး ၀တ်ဆင်ရ၏ အတွင်းခံသင်းပိုင် သည် ခြေဖ၀ါး ခြေထောက်များကြောင့်သာ အနည်းငယ်မြင်ရ၏။
ဦးခေါင်းအထက်တွင် ဆံကျစ်-ဆံထုံးရောင် ရိုတိုးရိတ်တိတ် ဆံပင်များရှိနေ၏ ကွေးကောက်၍ ခွေနေသော ဆံပင်များ သည် နာရီလက်တံ ရွေ့လျှားခြင်း ဦးတည်ချက်ပုံစံရှိ၏ မျက်ခုံးနှစ်ခုကြားတွင် သိသာထင်ရှားသော အစက်သည် အမြဲ တန်းရှိ၏ ဗုဒ္ဓရုပ်ပွားတော်များကို ကျောက်ထွင်းပန်ချီကားအဖြစ် ထုဆစ်၍ပူဇော်ခြင်းမှတပါး ထူးထူးခြားခြား ဖေါ်ပြမှုမရှိပါ ရံဖန်ရံခါအားဖြင့် Manushi Buddha မနုရှီဗုဒ္ဓ Dhyani Buddha (ဈာနိဗုဒ္ဓ) နှင့် Sakhyamuni (စကြာမုနိ) ကဲ့သို့ လက်
အနေအထား ပုံသဏ္ဍာန် မုဒြာ များကိုတွေ့ရှိရ၏။
The Unfinished Buddha (မပြီးဆုံးသေးသော ဘုရားဆိုသည်မှာ) အဘယ်ကို ဆိုလိုပါသနည်း တချို့ကဆိုကြ၏
ထိုဘုရားသည် အိန္ဒိယပုံစံ စကြာမုနိပုံစံ ဗုဒ္ဓရုပ်ပွားတော်ဟုဆို၏ အခြားသူများက ထိုဘုရားသည် ပြီးပြည့်စုံအောင် မပြု
လုပ်ရသေးသောကြောင့် Lord Adi Buddha (အာဒိဗုဒ္ဓ) ၏ ရုပ်ပွားတော်ဖြစ်၏ဟုဆို၏ ထိုအဆိုပြုချက်များသည် စိတ် ကျေနပ်ဖွယ်ရာ အဖြေတခုမဟုတ်ကြောင်း တွေ့မြင်ရ၏။
၅၀၄+၁-ဆူသော မြတ်ဗုဒ္ဓဆင်းတုတော်များသည် နှစ်ကာလ ကြာမြင့်လာသောကြောင့် အနိစ္စသဘောအရ ပျက်စီး ရသလို အချို့မှာလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေ လောဘမုဆိုးတွေ၏ လက်ချက်ကြောင့် ပျောက်ဆုံးနေပါ၏ ရုပ်ပွား တော်အချို့မှာ ကိုယ်ခန္ဓာများကျိုးပဲ့နေပါ၏ ရုပ်ပွားတော်တဆူမှာ ဦးခေါင်းတော်မရှိတော့ပါ ထိုရုပ်ပွားတော်တွေ၏ ပျက်စီး ရခြင်း၏ အကြောင်းမှာ သေသေချာချာ မပြောနိုင်ပါ။
သဘာဝဘေး မြေငလျှင်ကြောင့် ပျက်စီးနိုင်သလို သက်ဝင်ယုံကြည်မှုမရှိသော တခြားဘာသာဝင်တွေ၏ ဖျက်စီးမှု လည်း ဖြစ်နိုင်၏ တချို့သော လူများသည် မိမိကိုယ်ကျိုး စီးပွားရေးအတွက်လည်း အသုံးချနိုင်၏ ရှေးဟောင်းယဉ်ကျေးမှု

Type your summary here.Type the rest of your post here.

Sunday, July 24, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၀)


ပုံစံများဖြင့် တည်ဆောက်ထားတာကို တွေ့မြင်ရ၍ တတိယအဆင့် စေတီငယ် ၁၆-ဆူကိုတော့ စတုရန်းပုံ (သို့) ထောင့် မှန် စတုဂံပုံသဏ္ဍာန် အခေါင်းပေါက် (လှိုဏ်ခေါင်း) ဖြင့် တည်ဆောက်ထားတာကို တွေ့မြင်ရ၏ ဘယ်လိုအဓိပ္ပါယ်မျိုးဖြင့် ကွဲပြားခြားနားအောင် တည်ဆောက်ထားသည်ကို ဘယ်သူမှ သေသေချာချာ မသိကြသေးပါ။
ဗောရောဗုဓော စေတီတော်ကြီး၏ ပင်မစေတီတော်တွင် တည်ဆောက်စဉ်က စေတီအတွင်းပိုင်းကို ပိရမစ်ပုံသဏ္ဍာန်
ကဲ့သို့ တည်ဆောက်ထားသော အခန်းတခန်းရှိခဲ့၏ ထိုအခန်းသည် ယ္ခု အချိန်ထိ ဘာမှမရှိ၍ ၀င်ပေါက်ကို ပိတ်ထားရ၏ ထို ပိရမစ်သဏ္ဍာန် လှိုဏ်ထဲတွင် တချိန်က ရွှေဘုရားကို ဋ္ဌာပနာထားသည်ဟု သက်ကြီးစကား ရှိခဲ့ဘူး၏။
သို့သော် ၁၈၄၉ -ခုနှစ်တွင် ဗောရောဗုဓော၏ အဓိကပင်မစေတီကို Residen Kedu, Harlman (ရိစိဒန် ကီဒူ ဟလ်မန်)
က သိမ်းယူ၍ ဖျက်စီးခဲ့၏ ထိုသို့ဖျက်စီးပြီးနောက် Harlman (ဟလ်မန်) သည် ရပ်ဝေးမှ အစဉ်ပြေပြီး ပြီးပြည့်စုံသော ဗုဒ္ဓ ရုပ်ပွားဆင်းတု တဆူပင့်ဆောင်၍ ထားရန် အမိန့်ပေးခဲ့၏။
တဖန် Dutch (ဒက်ရှ်) အင်ဂျင်နီယာသည် ဗောရောဗုဓောကို ပြန်လည်မွမ်းမံမည့် အလှူငွေများကို ယူဆောင်သွား ပြန်၏ ထို့ကြောင့် ရုပ်ပွားတော်ကို ပြတိုက်သို့ရွှေ့၍ ပူဇော်ထားရ၏ ထိုမှစ၍ ထိုဘုရားကြီးကို မပြီးဆုံးသေးသောဘုရားဟု လူတွေက ခေါ်ဆိုကြလေ၏။
ဗောရောဗုဓော ၏ ပင်မစေတီသည် Tathagata (တထာဂတ) ပြယုဂ်အဖြစ် သရုပ်ဖေါ်ထားခြင်းဖြစ်၏ (တထာဂတ) သည် ၀ိညာဉ်များ ပြန်လာသော အဆုံးအဆ မရှိသော လမ်းဖြစ်၏ ထိုပင်မစေတီ၏ အချင်းသည် ၉.၉၀ -မီတာရှိ၏ ကျောက်သားအမိုး အထက်ပိုင်းကို ထီးပုံစံ အလွှာသုံးလွှာဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်၏ ယ္ခု အခါ ထိုအလွှာများ သည် သဘာဝဘေး ငလျှင်ဒဏ် မိုးကြိုးဒဏ်တို့ကြောင့် ပျက်စီးယိုယွင်းခဲ့ပါ၏ အနိစ္စသဘော၏ သရုပ်ဖြစ်၏။
ဂေါတမဘုရားမပွင့်မီ ဘုရား ၂၄ - ဆူ ပွင့်ခဲ့ပြီးပြီဟုဆို၏ Manushi Buddha (မနုရှီဗုဒ္ဓ) ကို ဘုရားအစစ် စွမ်းအားရှင်
အဖြစ် မဟာယာန ဘာသာက နားလည်ထား၏ မဟာယာန၏ တရားထိုင်သော ဘာဝနာအဆင့်တွင် Dhyani Buddha (ဒါယနိဗုဒ္ဓ (သို့) ဈာနီဗုဒ္ဓ)ဟုခေါ်သော ဘုရားငါးဆူရှိ၏ ထိုဘုရားငါးဆူသည် ထူးခြားသော အချက်တခုစီဖြင့် ဓမ္မ-တရား
တော်များကို ဘုရားတဆူ တရားတမျိုး ဟောကြားခဲ့၏။
ထို ဈာနီ ဗုဒ္ဓငါးဆူမှာ
(၁) Aksobhua - အက္ခောဘ- မတုံလှုပ် မခြောက်ခြားသောဘုရား၊
ဗောရောဗုဓောဘုရား၏ အရှေ့ဘက်မျက်နှာအရပ်မှ ဖူးမြင်ရသော ရုပ်ပွားတော်များသည် အက္ခောဘဘုရားများဖြစ်၏။
(၂) Ratnasambhawa - ရတနာ သမ္ဘ၀ - ရတနာကျောက်မှ ပေါ်ထွက်လာသောဘုရား၊
ဗောရောဗုဓောဘုရား၏ တောင်မျက်နှာအရပ်မှ ဖူးမြင်ရသော ရုပ်ပွားတော်များသည် ရတနာသမ္ဘ၀ ဘုရားများဖြစ်၏။
(၃) Amitabha - အမိတာဘာ - အနန္တအရောင်အလင်းရှိသောဘုရား၊
ဗောရောဗုဓောဘုရား၏ အနောက်မျက်နှာအရပ်မှ ဖူးမြင်ရသော ရုပ်ပွားတော်များသည် အမိတာဘာ ဘုရားများဖြစ်၏။
(၄) Amogasiddha - အမောဃသိဒ္ဓိ - မရှုံးနိုင် အမြဲ ရန်အောင်သောဘုရား၊
ဗောရောဗုဓောဘုရား၏ မြောက်မျက်နှာအရပ်မှ ဖူးမြင်ရသောဘုရားများသည် အမောဃသိဒ္ဓိ ဘုရားများဖြစ်၏။
(၅) Wairocana - ဝေရောစန - ရောင်ခြည်တော်ဖြင့် တင့်တယ်တော်မူသောဘုရား၊
ဗောရောဗုဓောဘုရား၏ အလယ်ဗဟိုအရပ် တွင်ရှိသောဘုရားများသည် ဝေရောစန ဘုရားများဖြစ်၏ အလယ်ဗဟို ဘုရားဆိုတာ ဘယ်ဘုရားလည်းဟု အတိအကျ ပြောထားတာမတွေ့ရပါ ဈာနီဗုဒ္ဓ ငါးဆူကိုယ်းကွယ်သော နိုင်ငံတွေတွင် ဝေရောစနဘုရားအလယ်တွင်ထားကာ ကျန်လေးဆူ ဘေးမှဝိုင်းရန်ထားတာတွေ့ရ၏ ဤသဘောအရ အလယ်ဗဟို ဘု ရားကို ဝေရောစနဘုရားဟု သာမန်ဆိုထားခြင်းဖြစ်နိုင်၏။
ဈာနိဗုဒ္ဓဘုရားများသည် ပါရမီဖြည့်ကျင့်ရန်မလိုချေ မူလအလိုအလျှောက် ဘုရားဖြစ်ပြီး၍ အာဒိဗုဒ္ဓမည်၏ လူ့ပြည်သို့ တရားဟော ဆင်းကြွခြင်းမရှိ မိမိတို့ကိုယ်စား သတ္တ၀ါတို့ကို ကယ်တင်ရန် ဗောဓိသတ္တ ဘုရားလောင်းများသာ စေလွှတ်
Type your summary here.Type the rest of your post here.

Friday, July 22, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၉)


လည်း ထိုဆယ်ဆင့်ကို အကျဉ်းချုံးလိုက်သော် အဆင့်သုံးဆင့်သာ ကိုယ်စားပြုတော့၏။
ထိုသုံးဆင့်တွင်
The Kamadhatu ကာမဓာတု ( ကာမဘ၀ ကာမဘုံ) အဆင့်တွင် (၁) ပမုဒိတာ (၂) ၀ိမလ (၃) ပဘာကရ တို့ပါဝင်၏ ထို ကာမဓာတု (ကာမဘ၀ ကာမဘုံ) အဆင့်တွင် တိရစ္ဆာန်များ လူများနှင့် အဆင့်နိမ့် သတ္တ၀ါတို့အဆင့်ကို ဖေါ်ပြ၏ ကာမဓာတု (ကာမဘ၀ ကာမဘုံ) ၌ဖြစ်သော ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများကို ဗောရောဗုဓောဘုရား၏ အောက်ခြေ နံရံတွင် ထွင်း၍ ဖေါ်ပြခဲ့၏ Kamawibangga (ကာမ၀ိဘာဂ)မှ ဇာတ်ဝင်ခန်း ဗုဒ္ဓ၀င်များကို အကျိုးနှင့် အပြစ် မြင်သာအောင် ဖေါ်ပြခဲ့၏ ထိုကာမဓာတု အဆင့်သည် ဗောရောဗုဓောဘုရား၏ ပလ္လင်တော် (သို့) ဖနပ်တော် အောက်ခြေနံရံကို ဆိုခြင်းဖြစ်ပါ၏။
The Rapadhatu ရူပဓာတု (ရူပဘ၀ ရူပဘုံ) အဆင့်တွင် (၄) အာစိသမတိ(သို့)ပညာဒီပ၊ (၅) သုဒုဇ္ဇယ (၆) အဘိမုခိ (၇) ဒူရင်္ဂမ -တို့ပါဝင်၏ ထိုအဆင့်တွင် အခြေခံ စိတ်ဆန္ဒများသည် ငြင်းခုံဖွယ်ရာဖြစ်ပြီး မြင့်မြတ်သော စိတ်ဆန္ဒပေါ်ထွန်း
ရန် စတင်လာခြင်းဖြစ်၏ သို့ပေမဲ့ လူများကိုစံပြုထိုက်သော ၀ိသေသလက္ခဏာများနှင့် လူများ၏ ဖွဲ့စည်းမှု ပုံသဏ္ဍာန်များ
က သက်ရောက်အကျိုးရှိဆဲဖြစ်၏။
ဗောရောဗုဓော၏ Pupadhatu ရူပဓာတု (ရူပဘ၀-ရူပဘုံ) အဆင့်လေးပိုင်းဖြင့် ပုံဝတ္ထုဖွဲ့ထား၏ balustrades ၀ရန်တာ လက်ရန်းများပေါ်တွင် ခြံစီးရိုးပုံစံ အပြင်ဘက်ခြမ်း၌ အနားသတ်ပုံဖြင့်ထွင်းထား၏ ထိပ်ဆုံးတွင် စေတီအသေး တခုဖြင့် balustrade ၀ရန်တာ လက်ရန်းအပေါ်ပိုင်း (ထိပ်ပိုင်း) မျက်နှာပြင်ကို ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများဖြင့် ဆက်ဆပ်စွာ (အဆက်အဆပ်)ဖေါ်ပြထား၏။
နံရံကိုထွင်ထားသော ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများတွင် ဘုရားရုပ်ပွားတော်ပါဝင်သော နံရံများလည်းရှိ၏ စေတီ တော်ကြီးနှင့် Balitawistara (ဘာလီတာဝစ်တရာ) Jakata (ဂျာကာတာ) Awadana (အ၀ါဒနာ) နှင့် Gandawyuda (ဂန်ဒေါ်ယုဟ) ၏ သမိုင်းကြောင်းများကို ဖေါ်ပြထား၏ ထိုအရာများသည် Sanskrit (ဆန်စခရစ်) manuscripts မူရင်း မှတ်တမ်းကို အခြေခံ၍ တင်ပြခြင်းဖြစ်၏ ထိုရူပဓာတုအဆင့်သည် ဗောရောဗုဓောဘုရား၏ စတုရန်းပုံ အဆင့်လေးဆင့် ကို ဆိုခြင်းဖြစ်ပါ၏။
The Arupadhatu အရူပဓာတု (အရူပဘ၀-အရူပဘုံ) အဆင့်သည် (၈) အစလ (၉) သာဓုမတိ (၁၀) ဓမ္မမေဃ တို့ဖြင့် ဖွဲ့စည်းထား၏ ထိုအဆင့်တွင် နာမ်များ စုပေါင်းထားသော နေရာဖြစ်၏ ၄င်းအဆင့်တွင် လောဘ မောဟ စသော ပုံသဏ္ဍာန်များ လုံးဝမရှိပေ။
ဤအဆင့်တွင် စတုရန်းပုံသဏ္ဍာန်သည် ပြောင်းလဲခြင်းသဘောဆောင်၏ အဓိကနံရံအဆင့်သည် အ၀ိုင်းပုံသဏ္ဍာန် ဖြစ်၍ အဆုံးမရှိ အစမရှိ ဆိုသည့် ပြယုဂ်ကိုဖေါ်ဆောင်၏ နောက်ဆုံးအဆင့်တွင် balustrade ၀ရန်တာလက်ရန်း မပါရှိ သည်ကို တွေ့မြင်ရ၏ နံရံတွင် ကျောက်ထွင်းပန်းချီကား အဆင်းတန်ဆာများမရှိ ပကတိလုံးဝန်းသော ပုံသဏ္ဍာန်သာဖြစ်
၏ သဘာဝကျောက် တုံးများဖြင့် ညီညီညာညာ စီထားသော စင်္ကြန်ပတ်လမ်းကိုသာ တွေ့မြင်ရ၏။
ထို Arupadhatu အရူပဓာတု (အရူပဘ၀-အရူပဘုံ) အဆင့်သည် တရားထိုင်ခြင်းလောကနှင့် ၀ိပဿနာနှင့် ပတ် သက်သော လူများအဆင့်ဖြစ်၏ ထိုအရူပဓာတု အဆင့်သည် စေတီတော်၏ အထက်ပိုင်း အရံစေတီတော်တွေ ၀ိုင်း၍ တည်ဆောက်ထားသော အဆင့်သုံးဆင့်ကိုဆို၏ ထိုစေတီတော်များသည် အခေါင်းပေါက် (အပေါက်ပါသော) ခေါင်း လောင်းပုံသဏ္ဍာန် စေတီငယ်များဖြစ်၏။
ထိုစေတီများ၏ အရေအတွက်သည် အောက်ခြေအဆင့်တွင် ၃၂-ဆူ၊ အလယ်အဆင့်တွင် ၂၄-ဆူ၊ အထက်အဆင့် တွင် ၁၆-ဆူရှိ၏ စေတီပလ္လင်တော် အ၀ိုင်းပေါ်တွင် စနစ်တကျ အဆင့်လိုက်စုစည်းထား၏ ထိပ်ဆုံးတွင် အကြီးဆုံးစေတီ
(ပင်မစေတီ) သို့မဟုတ် ဗောရောဗုဓော၏ အဓိက ပင်မစေတီတော်ကို တည်ထား၏။
ပထမဆင့် စေတီငယ် ၃၂-ဆူနှင့် ဒုတိယဆင့် စေတီငယ် ၂၄-ဆူသည် စိန်ပုံသဏ္ဍာန် အခေါင်းပေါက်(လှိုဏ်ခေါင်း)

Type your summary here.Type the rest of your post here.