အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, March 6, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၅)


အကယ်၍ လူသားတွေ၏ တီထွင်မှု ဆန္ဒမရှိဘူး ဆိုပါလျှင် လူ့ဘ၀သည် စားမှု နေမှု ၀တ်မှု ကျန်းမာမှုတို့၌လည်း ကောင်း၊ အနုပညာပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေသည်လည်းကောင်း အသိပညာ အတတ်ပညာတွေသည်လည်းကောင်း တစုံတရာ တိုးတက်မှုရှိမည် မဟုတ်ဘဲ ရပ်တန့်နေမည်သာဖြစ်၏ လူသားတွေ၏ တီထွင်မှုကြောင့်သာ တဆင့်ပြီး တဆင့်တိုးတက်ပြီး အံ့မခန်း ဖွံ့ဖြိုးမှုတွေကို ဖန်တီးနိုင်ခြင်းဖြစ်၏ ။
စားရေးနဲ့ ပတ်သက်ပြီး ရှေးခေတ်လူသားသည် အမဲလိုက်စားရာဘ၀မှ တဆင့်တဆင့် တီထွင် ကြံဆလာသော ကြောင့် ယ္ခုခေတ် လူသားတွေသည် ခေတ်မှီမှီ စိုက်ပျိုးမွေးမြူရေး အဆင့်သို့ ရောက်ရှိလာကာ ၀၀ စားနိုင်အောင် အဆင့်မှ ကောင်းကောင်းစားနိုင်အောင် အဆင့်ထိရောက်ရှိလာ၏။
ဝတ်ရေးနဲ့ ပတ်သက်ပြီး ရှေးခေတ်လူသားတွေသည် အရှက်လုံရုံ သစ်ခက်သစ်ရွက် ၀တ်ရသည့် အဆင့်မှ လူ သားတွေ တီထွင်ကြံဆလာသောကြောင့် ယ္ခုခေတ်လူသားတွေသည် အအေးအပူ ကာကွယ်ရန်အဆင့်မှ လှလှပပ ဆင်မြန်းသည့်အဆင့်ထိရောက်ရှိလာ၏။
နေရေးနဲ့ ပတ်သက်ပြီး ရှေးခေတ်လူသားတွေသည် ဂူအောင်းပြီး နေရသည့်အဆင့်မှ လူသားတွေ တီထွင်ကြံဆ လာ သောကြောင့် အချမ်းအပူကာကွယ်ရန် တဲအိမ် သစ်သားအိမ်အဆင့်မှသည် ခေတ်မှီမှီ တိုက်တာအဆောက်အဦး တွေ ခေတ်မှီဟိုတယ်တွေ ဖြင့် ဇိမ်ခံရန်အဆင့်သို့ရောက်ရှိလာ၏။
သွားလာရေးနဲ့ ပက်သက်ပြီး ရှေးခေတ်လူသားတွေသည် ခြေ တတန် လှည်း တတန် လှေ တတန် ဖုံတထောင်း ထောင်းဖြင့် လမ်းဆိုးတွေအဆင့်မှ လူသားတွေ တီထွင် ကြံဆလာသောကြောင့် ချောမွေ့သော လမ်းမကြီးများပေါ် တွင် အဆင့်မြင့်မြင့် ဇိမ်ခံကားကြီးများ အဆင့်မြင့်ရထားများ လေယဉ်ပျံများဖြင့် ဖွံ့ဖြိုးတိုးတက်လာ၏ လကမ္ဘာထိ အောင်သွားနိုင်သော အာကာသယဉ်များထိ ဖွံ့ဖြိုးတိုးတက်လာ၏ အနုမြူဆိုင်ရာတွေပါ ဖွံ့ဖြိုးလာသောကြောင့် ကမ္ဘာ ကြီးဖွံ့ဖြိုးတိုးတက်မှု များလေလေ ကမ္ဘာကြီးပျက်သုံးဖို့ နီးလေလေ ဖြစ်လာမှာကိုတောင် စိုးရိမ်နေရ၏။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရှေးခေတ်လူသားတွေသည် သစ်ဥသစ်ဖုကို ဆေးအဖြစ်စားသုံးရာ အ ဆင့်မှ လူသား တွေ တီထွင် ကြံဆလာသောကြောင့် ဓာတုဗေဒ နည်းများဖြင့် ဖေါ်စပ်ပြီး သုံးစွဲသည့် အဆင့်ထိ တိုးတက်ဖွံ့ဖြိုးလာ၏ ရိုးရိုးကျန်းမာရုံအဆင့်မှ အင်ပြည့်အားပြည့် ကျန်းမာသည့်အဆင့်ထိ တိုးတက်ဖွံ့ဖြိုးလာ၏ တီထွင်ကြံဆမှုဖြင့် လူသား တွေဖွံ့ဖြိုးတိုးတက်လာခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတခုသာဖြစ်ပါ၏။
လူသားတွေ ပျော်ရွှင်မှုဆိုတဲ့ အနုပညာပိုင်းဆိုင်ရာ ခံစားမှု၊ လုသားတွေ၏ အသိပညာဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှု၊ လူသားတွေ၏ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်အောင် တီထွင် ကြံဆမှုများသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်၏ ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုသည် လု့ဘ၀ရဲ့ အဓိပ္ပါယ်ဖြစ်ပါ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၆-၃-၂၀၁၁








မလေးရှား-စရင်ဘန်း-စိုပြေဆိုင်ကိုသန်းနိုင်+မစိမ့်စိမ့်ဝေ-တို့၏သားမောင်ဟိန်းစည်
တူမ မမီမီထွန်းတို့၏မွေးနေ့မင်္ဂလာဆွမ်းကပ်လှူစဉ် မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုး
ချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Thursday, March 3, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၄)


အသိပညာဟူသည် တစ်သမတ်တည်းရှိသည် မဟုတ်၊ တရွေ့ ရွေ့နှင့် တဖြည်းဖြည်းချင်း တိုးတက်ဖြစ်ထွန်းလာ သည့်သဘောဖြစ်၏ ရေး ဖတ် သိ ကျင့်ရသည့် စာပေသည် အသိပညာ ဖွံ့ဖြိုးမှုအတွက် အဓိကကြပါ၏ အရေးနှင့် ပတ်သက်၍ ရှေးခေတ်ကာလက ကျောက်နံရံ ကျောက်သင်ပုံး ပေရွက် စသည်တို့ပေါ်တွင် မြေဖြူ ကျောက်တံ ကညစ် စသည်တို့ဖြင့် ရေးရသည်အဆင့်မှ ခဲတံ ဘော့ပင် ကွန်ပျူတာ စသည်တို့ဖြင့် စာရွက်စာပေ ဖန်သားပြင် ပေါ်တို့တွင် ရေးရိုက်ရသည့် အဆင့်မြင့်မြင့်သို့ တရှိန်ထိုး တိုးထက်ဖွံ့ဖြိုးလာ၏။
စာပေကို ဖတ်ရှုလေ့လာမှုနှင့် ပတ်သက်ပြီး ရှေးခေတ်ကာလက ကျောက်နံရန် ပေရွှက် ကျောက် သင်ပုံးပေါ်တွင် ဖတ်ရှုမှတ်သားရသည့် အဆင့်မှသည် စာအုပ်စာပေ ကွန်ပျူတာ အင်တာနက် စသည် တို့မှ အဆင့်မြင့်မြင့်ဖတ်ရှုကာ စာပေဖွံ့ဖြိုးမှုသို့ ရောက်ရှိလာကြ၏ ပညာရေးဖြင့်သာ လူဘောင်လော ကကြီး တိုးတက်ဖြစ်ထွန်းနိုင်ပါ၏။
စိုက်ပျိုးမွေးမြူရေး ပညာရပ်ဆိုင်ရာ စာအုပ်စာပေများကို သင်ကြား ဖတ်ရှု့လေ့လာ၍ စိုက်ပျိုးမွေးမြူရေးတွေ အဆင်မြင့်မြင့် တိုး တက်ဖွံ့ဖြိုးလာသည်ကိုလည်းကောင်း၊ စက်ယက်ကန်း လက်ယက်ကန်းဆိုင်ရာ စာပေပညာများ ကို လေ့လာဖတ်ရှု၍ အ၀တ်အထည် ထုတ် လုပ်မှုတွေ ဖွံ့ဖြိုးတိုးတက်လာသည်ကိုလည်းကောင်း။
အဆောက်အဦး ဆောက်လုပ်မှုဆိုင်ရာ စာပေကျန်းဂန်များကို လေ့လာဖတ်ရှု့၍ မိုးမျှော် အဆောက် အဦးတွေ ခေတ်မှီ အဆောက်အဦးတွေ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက် လာသည်ကို လည်းကောင်း၊ စက်မှု အင်ဂျင်နီယာ အတတ် ပညာ ရပ်ဆိုင်ရာ စာအုပ်စာပေများကို ဖတ်ရှု့လေ့လာ၍ စက်ရုံ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်လာသည်ကိုလည်း ကောင်း၊ ဆေးပညာရပ်ဆိုင်ရာ စာပေကျမ်းဂန်များကို လေ့လာဖတ်ရှု၍ ဆေးဝါးဖေါ်စပ်မှုဆိုင်ရာ ခေတ်မှီနည်းပညာ များဖြင့် အဆင့်မြင့်မြင့် ဆေးဝါးများကို ထုတ်လုပ်သုံး ဆောင်လာနိုင်သည်ကို ယ္ခုခေတ်တွင် မျက်ဝါးထင်ထင် မြင် တွေ့နေရပါ၏။
စာပေကို ဖတ်ရှုပြီးသိရသည့် အသိ ကလည်း အသိမြင့်မြင့်သို့ လူသားတွေ တက်လှန်းလာနိုင်ကာ ဘွဲ့ထူး ဂုဏ်ထူး တွေအပြင် ဒေါက်တာ ဘွဲ့တွေကိုပါ အဆင့်မြင့်မြင့် ဆွတ်ခူးနိုင်ကြ၏ စာပေအသိမှ တဆင့် မြင့်မြတ်သော အကျင့်ကို လည်း လူသားတွေ ကျင့်သုံးလာနိုင်၏ စာပေဖြင့် လူသားတွေဖွံ့ဖြိုး တိုးတက်လာခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတခုသာဖြစ်ပါ၏။
လူ့ဘ၀တွင် အသိပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပြည့်စုံပြီဟု မဆိုနိုင် သေး တီထွင်မှု ဆိုင်ရာ အတတ်ပညာရပ်သည်လည်း ဖွံ့ဖြိုးတိုက်လာဖို့လိုသေး၏ ပညာရပ်ဟူသမျှ သည် တန့်ရပ်နေသည်မဟုတ် ရှေးသို့တိုးတက်နေသည်သာဖြစ်၏ တိုးတက်အောင် တီထွင်ခြင်းကား လူသားတွေ၏ စိတ်ပိုင်းဆိုင်ရာ ဆန္ဒတခုဖြစ်၏။

Type your summary here.Type the rest of your post here.

Wednesday, March 2, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၃)


စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
လူ့ဘ၀တွင် စားရေး ၀တ်ရေး နေရေး ကျန်းမာရေးသည် ကိုယ်၏ချမ်းသာခြင်း သဘောသာဆောင်ပါ၏ ကိုယ်၏ ချမ်းသာခြင်းအပြင် စိတ်၏ချမ်းသာခြင်းသည်လည်း လူသားအတွက် အလွန်လိုအပ်လှပါ၏ အမှန်အားဖြင့်လူ့ဘ၀ဟူ သည် ကိုယ်ချမ်းသာရုံဖြင့် မပြီးသေး စိတ်ချမ်းသာခြင်းကိုလည်း တောင်းတသည်ပင်ဖြစ်၏ စိတ်ချမ်းသာမှု အတွက် ပျော်ရွှင်မှုကို လူသားတွေ ဖန်တီးပြန်၏ ပျော်ရွှင်မှုတို့တွင် အနုပညာရပ်ပိုင်းဆိုင်ရာ ခံစားမှုသည် လူသားအတွက် အဓိကကျ၏။
လူသား၏ ပျော်ရွှင်မှုဆန္ဒ လှုံ့ဆော်မှုအရ လူတို့သည် ဘ၀သိခါစအရွယ်မှစ၍၊ကကြ၏၊သီဆိုကြ၏၊ တီးမှုတ်ကြ၏၊ အမှန်တော့ က ချင်၍သာ က ကြခြင်းဖြစ်၏၊ မှန်မှန်ကန်ကန် က တတ်၍ က ကြခြင်း မဟုတ်ပါ၊ သီဆိုချင်၍သာ သီဆိုကြခြင်းဖြစ်၏၊ အမှန်အကန် သီဆိုတတ်၍ သီဆိုကြခြင်း မဟုတ်ပါ၊ တီးမှုတ်ချင်သည့် ဆန္ဒကြောင့်သာ တီးမှုတ် ကြ၏၊ အမှန်တကယ် တီးမှုတ်တတ်သည် မဟုတ်ပါ၊ ထို့ နောက်မှ ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းတို့ကို ကျွမ်းကျင် လာခြင်းဖြစ်၏ အနုပညာ ရပ်ပိုင်းဆိုင်ရာ ခံစားမှုသည် လူမျိုးအလိုက် အမျိုးမျိုးကွဲပြားသော်လည်း မူရင်းစေ့ဆော် ချက်အရ စိတ်ချမ်းသာချင်၍ သာဖြစ်၏ စိတ်ချမ်းသာချင်၍သာ ပျော်ရွှင်မှုကို တီထွင်ကြခြင်းဖြစ်၏။
လူသားတွေသည် မိမိရိုးရာယဉ်ကျေးမှုဖြစ်သော ဗုံတို ဗုံရှည် နှဲ ရေခွင်း မောင်း တယော စသော ရိုးရာယဉ်ကျေးမှု ဓလေ့မှသည် တစ တစ ဖွံ့ဖြိုးတိုးတက်လာကာ လျှပ်စစ်ဖြင့်တီထွင်လာသော အဆင့်မြင့်မြင့် စန္ဒယား ၊ ဒရမ်၊ အော်ဂင် စသော ခေတ်မှီ ဂီတမြူးစစ်တို့ဖြင့် အနုပညာရပ်ပိုင်းဆိုင်ရာခံစားမှုတွေ တရှန်ထိုး တိုးတက် ဖွံ့ဖြိုးလာတာကို လက်ရှိ ဘ၀တွင် လူသားတိုင်းတွေ့မြင်နိုင်ပါ၏။ လူသားသည် ရိုးရိုးအေးအေး ဂီတခံစားမှုမှသည် အလွန်မြူးကြွသော စိတ်လှုပ် ရှားဖွယ် အလွန်ကောင်းသော ဂီတမြူးစစ်များကို ရူးသွတ် မေ့မောသည်အထိ ခံစားမှု အပြည့်ဖြင့် စိတ်ပျော်ရွှင်မှု ရယူနေတာကို တွေ့မြင်နိုင်ပါ၏ အနုပညာရပ်ပိုင်း ဆိုင်ရာခံစားမှုသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတခု သာ ဖြစ်ပါ၏။
လူ့ဘ၀တွင် အနုပညာရပ်ပိုင်းဆိုင်ရာ ခံစားမှုဖြင့် ပျော်ရွှင်ချမ်းမြေ့ရုံနှင့်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက မပြည့် စုံသေး၊ အသိပညာ ဗဟုသုတ ကြွယ်ဝဖို့လည်း လိုသေး၏ အသိပညာဟူသည် ဘ၀ အတွက် မီးရှူးတန်ဆောင်ဖြစ်၏ အသိပညာဗဟုသုတကြွယ်ဝမှ ဘ၀ခရီးတွင် တည့်မတ်စွာ လျှောက် လှမ်းနိုင်မည်ဖြစ်၏၊ အသိပညာမရှိလျှင် ဘ၀ခရီး ကို လျှောက်လှမ်းရာ၌ အမှောင်ထဲတွင် လျှောက်ရ သည့်နှယ် ဖြစ်ပေလိမ့်မည် ထို့ကြောင့် အသိပညာဗဟုသုတသည် လူ့ဘ၀အတွက် လိုအပ်ခြင်းဖြစ်၏

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂-၃-၂၀၁၁





ကွယ်လွန်သူဖခင်ကြီးဦးတင်လှအားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှ
ကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏ ဖခင်ကြီးကောင်းရာသုဂတိသို့ရောက်ပါစေ။
Type your summary here.Type the rest of your post here.

Tuesday, March 1, 2011

ဖွံ့ဖြိုးခြင်းနှင့် ငြိမ်းချမ်းခြင်း(၂)


ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
လူသည် လူ့ဘ၀ စတင်ရရှိပြီး သိတတ်သည့်အရွယ်မှစ၍ ရုပ်ပိုင်းဆိုင်ရာ တောင်းတချက်အရ ကောင်းကောင်း စားချင်၏ ကောင်းကောင်းဝတ်ချင်၏ ကောင်းကောင်းနေချင်၏ ကောင်းကောင်းကျန်းမာချင်၏ စား ၀တ် နေရေး ကျန်း မာရေးကို ဖြည့်ဆည်းရန် လူတို့သည် ကြိုးစားအားထုတ်ကြ၏။ လူသားတွေသည် ရှေးကမ္ဘာဦးအစက စားရေးနဲ့ပတ် သက်ပြီး အမဲလိုက်ပြီးစားသုံးသည့် အဆင့်သာရှိ၏ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာသောအခါ စိုက်ပျိုးမွေးမြူရေးအဆင့်ကို ရောက်ရှိလာ၏ ထိုမှ တဆင့် မြို့များ ရွာများကို တည်ထောင်ကာ စက်ရုံအမျိုးမျိုး တည်ဆောက်လျှက် စားရေးနဲ့ ပက်သက်ပြီး ၀၀ စားနိုင် အောင် အဆင့်မှ ကောင်းကောင်းစားနိုင်သည့်အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာ၏။
လူသားတွေသည် ရှေးခေတ်ကာလက ၀တ်ရေးနဲ့ပတ်သက်ပြီး သစ်ရွက် သစ်ခက်တွေပတ်ပြီး အရှက်အကြောက် လုံရုံ ခပ်နိမ့်နိမ့်အဆင့်သာရှိ၏ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသောအခါ သစ်ခက်သစ် ရွက်အဆင့်မှ အ၀တ်အထည်ရက် လုပ်ပြီး ၀တ်လာသည့်အဆင့်ထိ တိုးတက်ဖွံ့ဖြိုးလာ၏ အအေးအပူကို ကာကွယ်ရာအဆင့်မှ လှလှပပ တန်ဆာဆင်ပြီး ၀တ်ဆင်သည်အထိ ဖွံ့ဖြိုးတိုးတက်လာ၏။
လူသားတွေသည် ရှေးခေတ်ကာလက နေရေးနဲ့ပတ်သက်ပြီး ဂူထဲတွင် ဂူအောင်းပြီးနေရသည့် အဆင့်သာရှိ၏ ခေတ်မှီဖွံ့ဖြိုး တိုးတက်လာသောအခါ အအေးအပူ ရာသီဥတုလုံခြုံအောင် အိမ်ရာများ တည်ဆောက်ကာနေကြ၏ ပိုပြီးဖွံ့ဖြိုးလာသောအခါ ခေတ်မှီတိုက်တာအဆောက်အဦးတွေ ခေတ်မှီ ဟိုတယ်တွေဖြင့် ရာသီဥတုဒဏ် ကာကွယ်ရာ အဆင့်မှ ဇိမ်ခံအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာ၏ သွားလာ ရေးနဲ့ ပတ်သက်ပြီး အဆင့်နိမ့်ကားရထားမှ အဆင့်မြင့် ကား ရထားတွေ လကမ္ဘာထိအောင်တက်လှမ်း နိုင်သည့် အာကာသယဉ်တွေထိအောင် ဖွံ့ဖြိုးတိုးတက်လာ၏။
လူသားတွေ ရှေးခေတ်ကာလက ကျန်းမာရေးနှင့်ပတ်သက်၍ သစ်ဥသစ်ဖုများကိုသာ ဆေးဝါး အဖြစ်သုံးစွဲခဲ့ရ၏ ခေတ်မှီ ဖွံ့ဖြိုးလာသောအခါ နောက်ဆုံးပေါ် ဓါတုဗေဒ နည်းများဖြင့် ဖေါ်စပ်ပြီး အဆင့် မြင့်မြင့် ခေတ်မှီဆေးဝါးတွေ ထုတ် လုပ်လာနိုင်၏ သစ်ဥသစ်ဖုကို ဆေးအဖြစ် သုံးဆောင်ရာအဆင့်မှ ခေတ်မှီဆေးဝါးတွေကို သုံးဆောင်နိုင်သည် အထိ ဖွံ့ဖြိုးလာ၏ ရိုးရိုးကျန်းမာသည့်အဆင့်မှ အင်ပြည့် အားပြည့် ကျန်းမာလာသည်အထိ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါ၏။
ဤစားရေး ၀တ်ရေး နေရေး ကျန်းမာရေးသည် လူသားတွေ၏ ရုပ်ပိုင်းဆိုင်ရာက တောင်းတလာသောကြောင့် လူးသားတွေ အဆင့်ဆင့်ကြိုးစားအားထုတ်ခဲ့လို့ ဖွံ့ဖြိုးလာခြင်းဖြစ်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လို့ လူသားတွေ ကျေနပ်နှစ်သိမ့်နေမည်မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလဲ လူသားတွေ လိုလားတောင့်တကြ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၈-၂-၂၀၁၁






အဖွားဖြစ်သူဒေါ်တိုးစိန်အားရည်စူး၍ မောင်ဟိန်ဇေ+မဖြိုးသီတာမိသားစုမှ
နေ့ဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏အဖွားဒေါ်တိုးစိန်ကောင်းရာသုဂတိရောက်ပါစေ။
Type your summary here.Type the rest of your post here.

ဖွံ့ဖြိုးခြင်းနှင့် ငြိမ်းချမ်းခြင်း


လောကမှာ လူ့ဘ၀ကို ရရှိပိုင်ဆိုင်ထားသူတိုင်း မိမိဘ၀ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအား ထုတ်ချင်သူတွေ များ လှ ၏ မိမိဘ၀ဖွံ့ဖြိုးဖို့ မိမိ-မိသားစုဖွံ့ဖြိုးသာယာဖို့  မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူသားတိုင်းမှာတာဝန်ရှိပါ၏ တာဝန်ရှိ သည့်အတိုင်း ကြိုးစားအားထုတ်တော့ လူတိုင်းလူတိုင်း ထိုက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်လာကြ၏ မိမိဖွံ့ဖြိုးတိုး တက်လာလျှင် မိမိ-မိသားစုလဲ ဖွံ့ဖြိုးလာ၏မိမိတိုင်းပြည်လည်းသာယာဝပြောလာ၏။
မိမိဘ၀ဖွံ့ဖြိုးမှုနှင့်အတူ မိမိစိတ်ကော ငြိမ်းချမ်းမှု ရရှိရဲ့သလား----------?
မိမိပတ်ဝန်းကျင်ကော ငြိမ်းချမ်းမှုတွေ မြင်နေပြီလား--------------?
လောကကြီးကော ငြိမ်းချမ်းမှု ရောင်ခြည်တွေ သန်းလာပြီလား-------------?
ဤလိုမေးလာခဲ့ရင်တော့ ငြိမ်းချမ်းမှု အရိပ်အရောင် ဘာမှမတွေ့သေးပါဟု ရိုးရိုးရှင်းရှင်းသာ ၀န်ခံပြောဆိုရမှာဖြစ် ၏ တကယ်လဲ ငြိမ်းမှ မငြိမ်းချမ်းဘဲ တကမ္ဘာလုံး ဆူပွက်နေတာကို မီဒီယာကို ကြည့်သူတိုင်း တွေ့ရမှာဖြစ်၏ ဖွံ့ဖြိုးမှု တွေ မညီမမျှ ဖြစ်နေရင်တော့ လောကငြိမ်းချမ်းမှာ မဟုတ်ဘူး ဖွံ့ဖြိုးမှုညီမျှမှ လောကငြိမ်းချမ်း သာယာမှာဖြစ်၏။
လောကတွင် ဖွံ့ဖြိုးမှုဆိုင်ရာသုံးမျိုးရှိ၏
၁။ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊
၂။စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊
၃။ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊
ဤသုံးမျိုးလုံး အချိုးညီညီ အညီအမျှဖွံ့ဖြိုးမှ လောကငြိမ်းချမ်းမှာဖြစ်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြီး ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ မဖွံ့ဖြိုးလျှင် လောကကြီး ကမောက်ကမ ဖြစ်တတ်၏ တယောက်နှင့်တယောက် တနိုင်ငံ နှင့်တနိုင်ငံ မေတ္တာ မထားနိုင်ကြလျှင် ယုံကြည်မှုတွေ ကင်းမဲ့လာ၏ သံသယစိတ်တွေနဲ့ ဆက်ဆံကြ၏ စိုးရိမ်စိတ်တွေ ကိုယ်စီနှင့် ပူလောင်မှု သောကတွေသာ ကိုယ်စီကိုယ်စီ ရရှိကြမှာဖြစ်၏ ငြိမ်းချမ်းမှု အရိပ်အရောင်ကတော့ တွေ့မြင်ရ မည် မဟုတ်ပေ။
ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးပြီး ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာတွေ မဖွံ့ဖြိုးဘူးဆိုလျှင် လောကကြီး ဘယ်လိုဖြစ်လာမလဲ ဓမ္မပဒမှာတော့ ရွာ-ဖြစ်ချင်ဖြစ်စေ၊ တော-ဖြစ်ချင်ဖြစ်စေ၊ချိုင့်ဝှမ်းဖြစ် ချင်ဖြစ်စေ၊ တောင်ကုန်း-ဖြစ်ချင်ဖြစ်စေ၊ မည်သို့ပင်ရှိပါစေ ကိုယ်ကျင့်သိက္ခာ ပြည့်စုံသည့် သူတော်စဉ်များ နေထိုင်သည့်နေရာသည် ကမ္ဘာ မြေပြင်ပေါ်တွင် အလွန်မွေ့လျှော်ဖွယ်ကောင်းသော နေရာဟုဆိုထားပါ၏ မှန်ပါ၏ သူတော်စဉ်တို့၏အမြင် သူတော်စဉ် တို့၏အတွေးသည် အမှန်ကြီး မှန်ပါ၏။
သို့သော် ယ္ခုခေတ်သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လွန်းပြီးကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာ တွေ ဆုတ်ယုတ်လွန်းနေသော ဤလိုခေတ်ကြီးတွင် ကိုယ်ကျင့်သိက္ခာတွေ အညီအမျှ တိုးတက်လာအောင် ဆောင် ရွက်မှသာလျှင် ငြိမ်းချမ်းမှု အသီးအပွင့်တွေ လူသားတိုင်း ခံစားရမှာဖြစ်၏ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ဆိုသည်မှာ ရုပ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ဆိုလိုခြင်းဖြစ်ပါ၏ လူ့ဘ၀ရဲ့အနှစ်သာရကတော့ ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၇-၂-၂၀၁၁






မလေးရှား-ရှားအလမ်းနေ မောင်ငြိမ်းချမ်းတို့၏ နေ့ဆွမ်းအလှူ။
Type your summary here.Type the rest of your post here.