အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, April 7, 2011

အင်ဒိုနီးရှားခရီးစဉ်(၃)


လေ့လာရေး ဌာနကြီးတခု ဖြစ်ခဲ့ သည်ဟုလည်း သမိုင်းမှတ်တမ်းတွင် လေ့လာရပါ၏၊၊
နိုင်ငံတကာမှ ကျောင်း သားများ လာရောက် ပညာသင်ကြသည့် တက္ကသိုလ်ကြီးတခုလည်း ဖြစ်၏ ဤတက္ကသိုလ် ကြီးကြောင့် စုမတြာကျွန်းသည် ထိုခေတ်အခါက အင်ဒိုနီးရှား ကျွန်းအားလုံးတွင် ထင်ရှားခဲ့၏ တရုပ်ရဟန်းတော် ဟူယင်စန်၏ ခရီးသွားမှတ်တမ်းတွင်လည်း သူ အင်ဒိုနီးရှားကျွန်းသို့ရောက်စဉ်က သံဃာတော်(၁၀၀၀)ကျော် စာသင်နေ သည့် တက္ကသိုလ်ကြီးတခုကို တွေ့ခဲ့ရကြောင်း ခရီးသွားမှတ်တမ်းစာအုပ်တွင် ဖော်ပြထားပါ၏၊၊
ဂျကာတာမြို့သည် အင်ဒိုနီးရှားနိုင်ငံ ကျွန်းများစွာတို့တွင် ဂျားဗားကျွန်းတွင်တည်ရှိ၏ ဂျားဗားဟူသည် ယဝ ပါဠိမှ
ဆင်းသက်လာခြင်းဖြစ်၏ ယဝ ပါဠိသည် ဂျုံမုယောဟုအဓိပ္ပါယ်ရ၏ အိန္ဒိယပြည်မှ လာကြကုန်သော မင်းဆွေမင်းမျိုး များ အိန္ဒိယပင်လယ်တွင် သွားလာကြသော ကုန်သည်များမှ ရိက္ခာအဖြစ် ဂျုံမျိုးစေ့တို့ကို သယ်ဆောင်လာပြီး စိုက်ပျိုး ကြရာ ဂျုံများ အလွန့်အလွန် အောင်မြင်ဖြစ်ထွန်းသဖြင့် ထိုကျွန်းကို ဂျားဗားကျွန်းဟု ခေါ်ဆိုကြခြင်းဖြစ်၏။
ဂျကာတာဟူသည်- ရာမယဏ ဇာတ်တော်တွင် လာရှိသည့် အမည်များကို ထောက်ဆသော် မဟာဝိဇယ အမည်ရှိ သော မင်းဆွေမင်းမျိုးများ ဂျားဗားကျွန်းကိုရောက်ရှိခဲ့ကြ၏ ထိုမင်းများ တည်ထောင်သောမြို့သည် ၀ိဇယပူရ- ဖြစ်၏ ထို မဟာဝိဇယဟူသောအောင်တော်မူမင်းများ၊ သေလိန္ဒရ-ဟူသော ကျောက်နိုင်မင်းများက မုဆိုးတံငါအလုပ်ဖြင့် အသက် မွေးမြူကြသော ဘာဘရန်ရိယန် လူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်း အောင်မြင်ခြင်းကို အထိမ်းအမှတ်ပြု၍ မြို့ပြပြည်ရွာ တည်ထောင်ကြရာ သူတို့၏အောင်မြို့ကို ဇယကရ-ဟုခေါ်ဆိုခဲ့ကြ၏ ယနေ့တော့ ဂျကာတာဖြစ်နေ၏။
ထိုဂျာကာတာသို့ ဘုန်းကြီးတို့လေယဉ် ဆိုက်ရောက်ခဲ့ပေပြီ ဂျကာတာလေဆိပ်သည် အင်ဒိုနီးရှား-ရိုးရာယဉ်ကျေး မှုကို အခြေခံ ဆောက်ထားပုံရ၏ ခေတ်မှီမှီ အဆောက်အဦးတော့မဟုတ်ပါ မလေးရှားလေဆိပ်နှင့် နှိုင်းယှဉ်လျှင်တော့ အတော်သေးငယ်တာ တွေ့ရ၏ ရိုးရာ အဆောက်အဦးလေးဆိုတော့ တမျိုးကြည့်လို့ကောင်းပါ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်တွင်းလေဆိပ်သည် လမ်းမကြီးတခုသာ ခြားတာတွေ့ရ၏ အင်ဒိုနီးရှား မလာခင်ထဲက အင်တာနက် ဂိုဂဲအပ် ခေါက်ကြည့်ထားတော့ လေဆိပ်ရဲ့အနေအထားကို ကြိုတင်သိနေ၏ အင်တာနက်ကား ကျေဇူးကြီးလှပါဘိ။
အင်မီဂရေးရှင်း ကောင်တာဖြတ်ပြီးတော့ အင်ဒိုနီးရှား အလုပ်သမားနှစ်ယောက် ဘုန်းကြီးတို့ကို ကြိုဆိုနေတာတွေ့ ရ၏ လေယဉ်ပေါ်မှ ဆင်းလာစဉ် မဇင်မာဝင်းနှင့် ဖုံးဆက်သွယ်လို့ရ၏ အင်မီဂရေးရှင်း ကောင်တာအထွက်တွင် အလုပ် သမားတွေ ကြိုခိုင်းထားသည်ဟု သတင်းပို့ထားသောကြောင့် သူတို့ခေါ်ရာနောက်သို့ ဘုန်းကြီးတို့နှစ်ပါး လိုက်လာကာ ဘက်ဂိတ်ပစ္စည်းများထုတ်ပြီး လေဆိပ်အပြင်သို့ထွက်ခဲ့၏။
လက်အုပ်ချီကာ-ကြိုသူမှာ
ကြိုဆိုနေသူများကို တွေ့ပါပြီ မဇင်မာဝင်း၊ အားမင်နှင့် လန်းနီတို့ဖြစ်၏ လက်အုပ်တွေချီကာ ပြုံရွှင်စွာဖြင့် ရဟန်း တော်များအား ကြည်ညိုလေးစားသော အမူအရာတွေကို သူတို့မျက်နှာပေါ်တွင် ထင်ရှားစွာ တွေ့မြင်ရ၏ မဇင်မာဝင်း၏ ကြိုတင်ပြောပြထားချက်အရ မြန်မာရဟန်းတော်တွေကို အင်ဒိုနီးရှားတရုပ်လူမျိုးတွေ အတော်လေးလေးစားစားကြည်ညို တာတွေ့၏ တပည့်ကောင်းတယောက်၏ အရည်အခြင်းပြည့်ဝခြင်းဖြစ်၏။
ဘုန်းကြီးတို့ကို လေဆိပ်စားသောက်ဆိုင်တွင် ခေတ္တအနားယူစေကာ အအေးကပ်ကြ၏ အချိန်ကား ၉-နာရီကျော်ရှိ နေလေပြီ လေဆိပ်နှင့် ဂျကာတာသည် အတော်ဝေးသေး၏ လမ်းတွင်ကားကြပ်တာနှင့်သွားတိုးနေလျှင် ဘုန်းကြီးတွေ ဆွမ်းကပ်ချိန် လွန်သွားမှာကိုလဲ သူတို့တတွေ စိုးရိမ်နေပုံရ၏ သူတို့တတွေ အင်ဒိုစကားနှင့်ပြောနေကြတော့ ဘုန်းကြီး တို့လဲ ဘာမှနားမလည်ပါ မဇင်မာဝင်း မြန်မာလိုပြန်ပြောမှ နားလည်ရတော့၏။
ဆရာတော်တို့လေယဉ်ပေါ်တွင် ဆွမ်းကပ်သေးလားမေးလာ၏ အနည်းငယ်ဖုံးပေးခဲ့ကြောင်းပြောမှ ဂျကာတာရောက် မှ ဆွမ်းကပ်မည်ပြောကာ တရုပ်အမျိုးသမီး လမ်းနီကိုကားသွာယူဖို့ ပြောလေ၏ လမ်းနီမောင်းသော ကားပေါ်သို့တက် ကာ လေဆိပ်မှ ဂျကာတာသို့ ထွက်လာခဲ့၏ ။
ဂျကာတာတမြို့လုံးကို လှည်လည်ကြည့်ရှုဖို့နှင့် လေဆိပ်ကြိုဖို့ကို တာဝန်ယူထားသည့် ကားအလှူရှင် ကတော့

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၆-၄-၂၀၁၁






မလေးရှားဆူးဘန်းဆန်းဝေးနေသတို့သားမောင်မင်းထိုက်+သတို့သမီးမနန်းအိအိခိုင်တို့၏
မင်္ဂလာဦးဆွမ်းကျွေးအလှူဒီလင်ဒီမယားသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေလို့မေတ္တာပို့သလိုက်ပါ၏။
Type your summary here.Type the rest of your post here.

Wednesday, April 6, 2011

အင်ဒိုနီးရှားခရီးစဉ်(၂)


နီလအဓိပ္ပါယ်ရ၏၊ နိသျှ ဟူသည် ( barbarian လူရိုင်း) အ၀တ်မရှိ ဓားလှံတို့ဖြင့် အသက်မွေးသော လူရိုင်းများ ဖြစ်၏။
ယနေ့တိုင်ပင်လျှင် ဆုမတြာကျွန်းကြီး၏ အနောက်မြောက်စွန်း၊ သီဟိုဠ်ကျွန်းနှင့် နာဂဒီပကျွန်းများဆီသို့ ဦးတည် နီးစပ်နေသော နိသျှ (nisia) ဆိုသော ကျွန်းတခု ရှိနေပါ၏ ထိုနိသျှကျွန်းပေါ်က လူတို့၏ အ၀တ်အစား ဆင်ယင် အနေ အထိုင်, စရိုက်, ယုံကြည်ကိုးကွယ်မှုတို့မှာ barbarian လူရိုင်းတို့ ခေတ်က primate, religion, worship အနေထားမျိုး ပင် ရှိနေသေးဟု တွေ့မြင်ရ၏ Insight Guide Indonesia စာအုပ်တွင်ကြည့်နိုင်ပါ၏။
ပညာရှိ အချို့ကမူ ဣန္ဒောဏိသ( ဣန္ဒ+ဥဏှီသ) ဟု ပုဒ်ခွဲကာ သကြား နဖူးနှင့်တူသောကျွန်း၊ သို့မဟုတ် ဣန္ဒ နိဿျ = သကြားနေသော ကျွန်း၊ သို့မဟုတ် ဣန္နနီလာ ကျောက်ညိုတို့ ပေါများသော ကျွန်း။ နောက် ကြံဆရသော ဘာသာပြန် တခုမှာ ဣန္ဒ- ညိုမှောင်သော၊ ဏိသ- ည၊ မှောင်မိုက်သော ညဥ့်အခါကဲ့သို့ မိုးတိမ်များ၊ မီးတောင်မှ ထွက်သော အခိုးများ ပြာများ၊ သစ်တောများဖြင့် အစဉ်သဖြင့် နေ့ညမခြား ညိုမှောင်နေသော ကျွန်း၊ ကျွန်းစု ဟု အဓိပ္ပါယ်ယူရမည်ဖြစ်၏။
ဘီစီ ၄၀၀ (400 BC) ခန့်က အိန္ဒိယပြည် တောင်ပိုင်း မဒ္ဒရဇ်နယ်က ကုန်သည်တွေ၊ အိန္ဒိယနောက်ဘက်ကမ်းခြေ ဂူဂျာရက်(Gujarat)ကမ်းခြေကကုန်သည်တွေ ဤတောင်ဘက်ဒေသက ကျွန်းစုများဆီသို့ သင်္ဘောများဖြင့် ကုန်ကူးသန်း ရောင်းဝယ်ကြခြင်း၊ တဖြည်းဖြည်း အခြေစိုက်ရန် ဤကျွန်း၌ ဦးသလို ကြုံသလို အိန္ဒိယသားတို့ နေထိုင်ခဲ့ကြ၏။
တရုပ်ပြည် အရှေ့တောင်ပိုင်းက ကုန်သည်များလည်း ထိုနည်းတူစွာပင် အခြေစိုက်ကာ နေထိုင်လာကြ၏ ထို့ကြောင့် ပင် ဤဒေသကို အိန္ဒိယနှင့် တရုပ်တို့ ရေကြောင်း ကုန်သွယ်မှုဖြင့် နယ်မြေနှင့်ဈေးကွက် အပြိုင်ပြု ရောယှက်ရာမှ နိုင်ငံ ကြီးနှစ်ခုက လူသားတို့ ပေါင်းစပ်သော ဤဒေသကို Indochina ဟု ခေါ်ခဲ့ကြလေ၏။
အင်ဒိုနီးရှားနိုင်ငံသည် သြစတြေးလျတိုက်နှင့် အာရှတိုက်အကြား အီကွေတာပေါ်တွင်တည်ရှိသော ကျွန်းနိုင်ငံ
တစ်ခု ဖြစ်၏ အရှေ့အန္ဒိယကျွန်းစုနိုင်ငံဟု ခေါ်ဆိုနိုင်ပါ၏ ကျွန်းပေါင်း(၁၇၅၀၈) ကျော်ရှိသည်ဟု မှတ်တမ်းများ အရ သိရ၏ ထင်ရှားသော ကျွန်းကြီးများမှာ---
စုမတြားကျွန်း၊ ဂျာဗားကျွန်း၊ ဗာလီကျွန်း၊ ၀က်ဂီယန်(ခေါ်) နယူးဂီနိကျွန်း ဘိုနီယိုကျွန်း၊ စူလဝေစီ(ခေါ်) စေလေဘတ်ကျွန်းတို့ ဖြစ်၏၊၊
ဤနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိနေသောကြောင့် ပူအိုက်သောနိုင်ငံဖြစ်၏ သို့သော် မိုးမကြာခဏ ရွာလေ့ ရှိသောကြောင့် ရာသီဥတုမှာ နေသာသည်ဟုပင်ဆိုနိုင်၏ ဂျာဗားကျွန်းနှင့် ဗာလီကျွန်းတွင်နေထိုင် သူများမှာ ရုပ်ရည် အားဖြင့် မြန်မာတို့နှင့် များစွာဆင်၏ အလုပ်အကိုင်မှာလည်း လယ်ယာကိုအဓိကထားပြီးလုပ်ကိုင်ကြ၏ ယ္ခုအခါ စက်မှု ဖွံ့ဖြိုးစ နိုင်ငံတစ်ခု အဆင့်သို့ရောက်နေပြီ ဖြစ်၏၊၊
ဤနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေသိက်သည်းလွန်းသော နိုင်ငံများစာရင်းတွင် ပါဝင်ပါ၏ လူဦးရေ သန်း ၂၅၀ မျှရှိသည်ဟု သိရှိရပြီး ဒေသသုံး ဘာသာစကားမျိုးပေါင်း (၅၀၀) ကျော်မျှ ရှိသည်ဟု သိရ၏ နိုင်ငံ၏မြေအကျယ် အ၀န်းနှင့် လူဦးရေများစွာ မမျှတသောနိုင်ငံ ဖြစ်၏ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀-ကျော်က အိန္ဒိယကုန်သည်များ ရောက် ရှိလာခြင်းဖြစ်၏။
အန္ဒိယမှကုန်သည်များသည် ကုန်သွယ်မှုနှင့်အတူ အန္ဒိယယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာတရားတို့ကို စုမတြားကျွန်းသို့ သယ်ဆောင် လာကြပြီး အခြေခြနေထိုင်သည်အထိ နယ်မြေချဲ့လာခဲ့ကြ၏ ရိုးရာအစဉ်အလာ နတ်ဒေ၀တာများကို ကိုး ကွယ်သည့် အင်ဒိုကျွန်းဒေသခံ(ဘာဘေရီယန်း)တို့အား ကုန်သည်လူသစ်များက ဗုဒ္ဓဘာသာသို့တစတစ ဟောကြား သွန်သင်ခဲ့သောကြောင့် ကာလကြာလာသောအခါ ဗုဒ္ဓဘာသာဝင်ဘုရင်များ အုပ်စိုးသည့် နိုင်ငံတခုဖြစ်လာခဲ့၏၊၊
ထိုဘုရင်များထဲတွင် (A.D.7)ရာစု၊ စုမတြားတောင်ပိုင်း ပလင်ဘန်းမြို့တော်တွင် နန်းစိုက်သော သီရိဝိဇယ မင်း၏ လက်ထက်တွင် ဗုဒ္ဓဘာသာ အထွန်းကားဆုံးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆို၏ ထိုမင်းကြီးသည် သီရိဝိဇယ တက္ကသိုလ်ကြီးကိုတည်ထောင်၍ သက္ကဋစာပေ ဟိန္ဒူစာပေနှင့် ပါဠိစာပေအပြင် အခြားတိုင်းတပါး စာပေများကိုပါ တက္က သိုလ် ဘာသာရပ်များအဖြစ် သင်ကြားစေသဖြင့် ထိုတက္ကသိုလ်ကြီးမှာ ခေတ်အခါအလျောက် နာမည်ကြီးသော စာပေ

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၅-၄-၂၀၁၁





မလေးရှားရောက်ဆူးဘန်းဆန်းဝေးနေမောင်မြတ်သူ၏မွေးနေ့မင်္ဂလာဆွမ်းအလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါေ၏။
Type your summary here.Type the rest of your post here.

Tuesday, April 5, 2011

အင်ဒိုနီးရှားခရီးစဉ်(၁)


အင်ဒိုနီးရှားခရီးစဉ်
မြေပြင်မှ ဝေဟင်ကိုထိုးဖေါက်ကာ မလေးရှားအဲယားလိုင်းသည် ကောင်းကင်ပြင်ပေါ်သို့ တက်လာခဲ့ပေပြီ အငြိုးကြီး စွာ ရွာသွန်းတော့မည့် မိုးတိမ်လွှာညိုရောင်ပေါ်သို့ ရောက်အောင်ပြန်တက်လာ၏ လေပြင်တွင်လေယဉ်ဖြင့် လေဟုန်စီး ကာ မိမိစိတ်တွေ အတိတ်စီသို့ပြန်လွင့်လာ၏ ဤခရီးစဉ် စဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားတွေ ပြန်တွေးကြည့် တော့ ညောင်ကန်အေးဦးနန္ဒ၀ံသနှင့်တွေ့စဉ် အင်ဒိုနီးရှားခရီးစဉ်ရှိပါက အလယ်လိုက်လိုကြောင်းပြောကြားဘူး၏။
မဟာနန်းဆိုင် လူမှုရေးအသင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် ဦးနန္ဒ၀ံသမှ အင်ဒိုနီးရှားနိုင်ငံတွင် ရွှေတိဂုံ ပုံတူပွားစေတီ အနေကဇာတင်ပွဲကို မလေးရှားမှကြွနိုင်မည့်သံဃာများ စာရင်းတောင်းလို့ ပေးလိုက်ရ၏ မြန်မာပြည်ပြန်ကြွသွားသော ဦးပဏ္ဍိတထံ အင်ဒိုနီးရှားလိုက်အုံးမလားလို့ ဂျီတော့မှလှမ်းချက်တော့ လိုက်မည်ဆိုတာနှင့် နာမည်နှင့်ပတ်စပို့နံပါတ် တောင်းကာ ဒုတိယအကြိမ် ဆက်သွယ်ပြီး ပို့လိုက်ပြန်၏။
မကြာမီအီးမေးမှပင့်စာများရောက်လာ၏ ကွာလာလမ်ပူ-မဒန် လေယဉ်လက်မှတ်ကိုအီးမေးမှ မောင်သန်းစိန်ဝယ် ခိုင်းကာ လာမည့်ရက် ပြန်မည့်ရက်နှင့် လေယဉ်ဆိုက်ချိန်များကို အကြောင်းပြန်လိုက်၏ လေဆိပ်တွင်လာရောက်
ကြိုမည့်အကြောင်း အီးမေးမှ အကြောင်းပြန်လာ၏ မိမိသွားမည့် မဒန်မြို့ကိုအင်တာနက် ဂိုဂဲအပ်မှခေါက်ကြည့်တော့ မလေးရှား မလက်ကာ ရေလက်ကြား တဖက်ကမ်း ဆုမတြာကျွန်းတွင် ရှိတာတွေ့ရ၏။
မိမိ အင်ဒိုနီးရှား အသွားချင်ဆုံးနေရာက ဂျာဗားကျွန်းမှ ဗောရောဗုဓောစေတီတော်ဖြစ်၏ သွားချင်သည်က တနေရာ
သွားရမှာက တနေရာဖြစ်နေ၏ ဦးပဏ္ဍိ ရန်ကုန်ကပြန်လာမှ ဆွေးနွေးတိုင်ပင်ရ၏ အင်ဒိုနီးရှားသွားမှတော့ ဗောရောဗု ဓောနှင့် ဂျကာတာမရောက်ဘူးဆိုလျှင် အင်ဒိုနီးရှားရောက်သည်ဟုမဆိုသာ ဂျကာတာ ဗောရောဗုဓော သွားဖို့အတွက် အဆက်အသွယ်ရှာရ၏ ဦးပဏ္ဍိ တပည့်တပါးထံမှ အင်ဒိုနီးရှားတွင်နေသော ဒကာမဇင်မာဝင်းနှင့် ဦးပဏ္ဍိ ဆက်သွယ် လို့ရပြီဟု အကြောင်းကြားလာ၏။
ဂျကာတာ ဗောရောဗုဓော ဘာလီခရီးစဉ်ကို ဒကာမဇင်မာဝင်းလိုက်ပို့ပေးမည်ဟု ၀မ်းသာဖွယ်သတင်းစကားကြား ရတော့ မိမိ အ နှစ်နှစ် အ လလ က တောင်းတခဲ့သောဆန္ဒ ပြည့်ဝတော့မည်ဟု လှိုက်လှိုက်လှဲလှဲဝမ်းသာမိ၏ ရွှေတိဂုံ ပုံတူပွားစေတီတော် အနေကဇာတင်ပွဲပြီးမှ ဂျကာတာဘက် ခရီးဆက်မည်ဟု စီစဉ်ထားသောအစီစဉ်ကို ပြောင်းလဲကာ
ဂျကာတာခရီးစဉ်အတွက် လေယဉ်လက်မှတ်ထပ်ဝယ်ရ၏။
အင်ဒိုနီးရှား မဇင်မာဝင်းမှ တောင်းဆိုမှုတခု ပြုလာ၏ သူ၏မိတ်ဆွေများကို ဂျကာတာကိုရောက်မည့်ည ဟိုတယ်
တွင် တနာရီ တရားဟောပေးရန် တောင်းဆိုလာ၏ ဦးပဏ္ဍိနှင့် စာရေးသူ တပါး နာရီဝက်ဟောရန် ဆုံးဖြတ်ချက်ချ၏ ဟောမည့်တရားကိုလည်း အီးမေးမှတဆင့် ပို့ပေးရ၏ ။
၂၆-၁၀-၂၀၁၀-နေ့ နံက်၎-နာရီထကာ ၅-နာရီတွင် စာတန်း ကိုဟန်ထွန်းလိုက်ပို့သောကားဖြင့် ဘုန်းကြီးတို့ ၂-ပါး လေဆိပ်ဆင်းခဲ့၏ လေဆိပ်တွင်လေယဉ်လက်မှတ်ကိစ္စတွေစီစဉ်ပေးပြီးမှ ကိုဟန်ထွန်းပြန်သွား၏ အင်မီဂရေးရှင်းဖြတ် ကာ ယ္ခုစီးလာသော လေယဉ်ပေါ်သို့ တက်လာခြင်းဖြစ်၏ လေယဉ်ပေါ်တွင် လေယဉ်မယ်များ ဧည့်ကျွေးမွေးသော ကြောင်စာသာသာ အုန်းထမင်းနှင့်ပုဇွန်ငါးကလေးချက်ကို အာသာပြေ ဖုံးပေးခဲ့ရ၏။
မိုးတိမ်တွေထူထပ်နေလို့ အောက်ကိုဘာမှမမြင်ရပါ တခါတလေသာ တိမ်ကင်းပြီးကျွန်းအချို့ကို တွေ့မြင်ရ၏ ရာသီ ဥတုအခြေအနေကတော့ သိပ်မကောင်းပါ ဂျကာတာကိုဆင်းကာနီးမှ တိမ်အောက်ကို လေယဉ်ဆင်းလာ၏ ပင်လယ် ရေပြင်တွင် ပင်လယ်ကူးသင်္ဘောကြီးတွေကိုလည်းတွေ့ရ၏ ဖေါင်ဖြင့်ဖွဲ့ထားသော ငါးမွေးမြူရေးကန်တွေကိုလည်း လေ ယဉ်ပေါ်မှ တမျှော်တခေါ်ကြီးတွေ့မြင်ရ၏။
လေယဉ်ဆင်းလာ-ဂျာကာတာ
မလေးရှားလေယဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာလေဆိပ်သို့ ဆင်းသက်ခဲ့လေပြီ အင်ဒိုနီးရှားဟူသည် အိန္ဒနိဿ
ယ၊ အိန္ဒနိသျ၊ အိန္ဒနိရှ-မှ-အင်ဒိုနီးရှားဖြစ်လာသည်ဟု ရှေးပညာရှိများဆိုကြ၏ အိန္ဒနိဿယ အဓိပ္ပါယ်မှာ ဣန္ဒ ဟူသည်

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၅-၄-၂၀၁၁






မလေးရှားတွင်ကြွေလင့်ခဲ့ရသောကျော်စိုးခိုင်အားရည်စူး၍ဇနီးမအယ်နီနှင့်ညီမိသားစုမှ
အာရုံဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Monday, April 4, 2011

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၄-၄-၂၀၁၁






မလေးရှားအိုယုဂျီနေသမီးငယ်ဇေ၀န်တင်း(ခ)သီရီမေ၏ (၁)နှစ်ပြည့်မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၃-၄-၂၀၁၁








ကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးဦးခင်မောင်(ကျွန်းလှ)အားရည်စူး၍မလေးရှားရောက်
သားကိုဘုန်းဆွေမိသားစုနှင့်ကျွန်းလှသားများမှနေ့ဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏
ကျေးဇူးရှင်ဖခင်ကြီးသာဓုခေါ်ဆိုနိုင်၍ကောင်းရာဘုံဘသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Friday, April 1, 2011

ဓမ္မရောင်ခြည်သောကြာသတင်စဉ် ၁-၄-၂၀၁၁








မလေးရှားဆူးဘန်းရေအတောင်နံပါတ်ဝမ်းဆိုင်သစ်ဖွင့်ပွဲတွင်ကိုအောင်မိုးနှင့်မိတ်ဆွေများမှ
သံဃာတော်အရှင်မြတ်တို့အားအာရုံဆွမ်းကပ်လှူ၍အနုမောဒနာတရားနာယူစဉ်။
Type your summary here.Type the rest of your post here.