အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 5, 2011

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၁-၆-၂၀၁၁





ကွယ်လွန်သူဖခင်ကြီးဦးဘုန်းကျော်အားရည်စူး၍မလေးရှားရောက်သားဖြစ်သူ
ကိုကျော်လင်းမိသားစုမှကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏ဖခင်ကြီးသာဓုခေါ်ဆိုနိုင်၍
ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Friday, June 3, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၆)


လေဆိပ်အထွက်တွင် အဆင်သင့်ကြိုနေတာတွေ့ရတာနှင့် ကားပေါ်တက်ကာ ဗောရောဗုဓောဘုရားသို့ ထွက်ခွါလာခဲ့၏။
လမ်းတွေကျင်းသော်လည်း လမ်းတွေကောင်းပါ၏ ၁-နာရီခန့်မောင်းလာတော့ မြို့လေးတမြို့ရောက်လာ၏ လမ်းပေါ်
တွင် ဖုံလုံးတွေတလိမ့်လိမ့်တက်လာပြီး ဘာမှမမြင်ရလောက်အောင်ဖြစ်သွား၏ ဒရိုင်ဘာကိုမေးကြည့်တော့ မနေ့ညက မီးတောင်ပေါက်ပြီး ပြာတွေမှုတ်ထုတ်လို့ ကျလာသောပြာတွေဖြစ်တယ် လမ်းပေါ်တွေ သစ်ပင်ပေါ်တွေ အိမ်ပေါ်တွေမှာ ပြာတွေဖွေးဖွေးလှုပ်အောင် လွှမ်းမိုးထားတာတွေ့ရ၏။
ကားတွေတောင် မီးတွေထိုးပြီး ဖြေးဖြေးဘဲမောင်းနေရတယ် ညကတရားပွဲအပြီး ကံကောင်းပါစေလို့ ဆုတောင်းပေး သောတရားနာပရိတ်သတ်၏ ဆုတောင်းသံကို ယ္ခုမှဘဲသဘောပေါက်၏ ညကဟိုတယ်ခန်းထဲမှတီဗွီကို ဖွင့်ကြည့်တော့ မီးတောင်ပေါက်နေသော သတင်းကို တွေ့ပါ၏ သို့သော် မိမိတို့သွားမည့်နေရာမှန်း မသိခဲ့ပါ မီးတောင်ပေါက်နေသော်
လည်း ပြာတွေသာမှုတ်ထှုတ်နေလို့ တော်ပါသေး၏။
ဗောရောဗုဓော ခရီးစဉ်သည် အန္တရယ်ကြားက ခရီးစဉ်ဖြစ်နေ၏ မလေးရှားက ပရိတ်သတ်တွေက ဆရာတော်တို့ အတော်သတ္တိကောင်းတာဘဲဟု ပြောဆိုကြ၏ တကယ်တော့ သတ္တိကောင်းခြင်းမဟုတ်ပါ မသိလို့သွားခဲ့မိခြင်းသာဖြစ်၏ ဒီနေရာမှာဒီမီးတောင်ပေါက်နေတာ သေသေချာချာသိခဲ့ရင်တော့ ဘယ်သူမှသွားလိမ့်မည်မဟုတ်ပါ ရောက်တော့မှတော့
မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းပြီး သွားခဲ့ခြင်းသာဖြစ်၏။
မှုံဝါးဝါးပြာမှုံတွေကြားက ဗောရောဗုဓော ရောက်ခါနီးမြို့တွင် မန္တလေးလို ဘုရားတွေ ရုပ်တုမျိုးစုံ ထုဆစ်ရောင်းချနေ သော ကျောက်ဆစ်တန်းကိုတွေ့မြင်ရ၏ ထုဆစ်နေတာကတော့ ဗုဒ္ဓဘာသာဆိုင်ရာရုပ်တုများနှင့် တရုပ်ရိုးရာနတ်တွေ ဖြစ်၏ ထုဆစ်ရောင်းချသော ပုဂ္ဂိုလ်တွေက အင်ဒိုတိုင်းရင်းသား မူစလင်ဘာသာဝင်တွေ ဖြစ်နေတာတွေ့ရ၏ စီးပွားရေး အရ တွက်ချေကိုက်လို့ လုပ်ဆောင်နေသည်ဟု ထင်ရ၏ ဘာသာရေးအရတော့ လုပ်လိမ့်မည်မထင်ပါ။
မကြာပါချေ ထေရ၀ါဒ ဗုဒ္ဓဘာသာကျောင်းနှင့် Mendut (မန်ဒု) ဘုရားကျောင်းသို့ရောက်ခဲ့၏ ဗောရောဗုဓောဘုရား နှင့် ခေတ်ပြိုင်တယ်ခဲ့သော ရှေးဟောင်းဘုရားတဆူဖြစ်၏ ဘုရားဝင်းထဲတွင် အလွန်ကြီးမားသော ညောင်ပင်ကြီးတပင် ကိုလည်း တွေ့မြင်ရ၏ မန်ဒု ဘုရားအပေါ်သို့ လှေခါးဖြင့်တက်လာကာ အပေါ်ထပ်တွင် လှိုဏ်ဂူဖြင့်စေတီ တည်ထားခြင်း ဖြစ်၏ လှိုဏ်ဂူထဲတွင်ဥာဏ်တော် ၃-မီတာအမြင့်ရှိသော စင်္ကြာမုနိဗုဒ္ဓရုပ်ပွားတော်ကို ခြေထောက်တော် အောက်ချလျှက် ထိုင်နေပုံတည်ထားခြင်းဖြင့် ရှေးဟောင်းအနုပညာလက်ရာကို ကြည်ညိုဖွယ်ဖူးမြင်ရ၏ ဂ၀ံကျောက်တွေဖြင့် ထုဆစ်တည် ထားသော စေတီဖြစ်၏။
စေတီတော်ပေါ်မှအဆင်း စိတ်ဝင်စားဖွယ်ကောင်းသော ညောင်ပင်ကြီးကို လေ့လာကြည်ရှု၏ ညောင်မြစ်တွေ တွဲ လောင်းကြနေတာကိုက တမျိုးကြည့်ကောင်းနေ၏ အမှတ်တရဓါတ်ပုံရိုက်ကာ ဘုရားဝင်းမှပြန်ထွက်လာ၏ အထွက်တွင် အင်ဒိုနီးရှား ရိုးရာဂီတ သီချင်းခွေကို အမှတ်တရ၀ယ်ခဲ့၏ ထိုမှတဆင့် ဘုရားဝင်းနှင့်ကပ်လျှက် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျောင်းသို့ ထွက်လာခဲ့၏ ဘုရားရောင်းသူတွေလည်း စင်္ကြာမုနီ ရုပ်ပွားတော် အငယ်စားလေးတွေ အတင်းလိုက်ရောင်း ကြ၏ မြန်မာပြည်နှင့် တပုံစံတည်းပါပေ ထူးတာကတော့ ဘုရားရောင်းသူတွေသည် ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘဲ ဘာ သာခြားတွေ ဖြစ်နေသောကြောင့်ဖြစ်ပါ၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာကျောင်း ဆရာတော်သည် ခရီးသွားနေသဖြင့် မတွေ့ခဲ့ရပါ အင်ဒိုနီးရှားတွင် ထေရ၀ါဒ ဗုဒ္ဓဘာ သာကျောင်း ရှိနေတာကိုဘဲ ၀မ်းသာကြည်နူးရ၏ ကြေနပ်စရာက တိုင်းရင်းသား ဗုဒ္ဓဘာသာရဟန်းတော်တွေဖြစ်သော ကြောင့် တနေ့နေ့ တချိန်ချိန်တွင် သာသနာပြန့်ပွားလာလိမ့်မည်ဟု မျှော်လင့်ရပါ၏ ကျောင်းတွင်း လေ့လာကြည့်ရှုတော့ လည်း အားရကျေနပ်စရာကောင်းလှ၏ ကျောင်းတည်ဆောက်ပုံ သိမ် ဘုရားကျောင်း တရားထိုင်မည့်နေရာများသည် စနစ်တကျ တည်ဆောက်ထားတာတွေ့ရ၏ မြန်မာဘုန်းကြီးတွေ များစွာ အတုယူထိုက်ပါ၏။
ထိုထေရ၀ါဒကျောင်းမှ ၁၀-မိနစ်ခန့် ကားမောင်းသောအခါ ဗောရောဗုဓော ဘုရား ကားရပ်နားရာနေရာသို့ ရောက်ရှိ လာ၏ အနှစ်နှစ် အလလက မျှော်လင့်တောင်းတ ဖူးမျှော်ချင်သော ဤစေတီတော်မြတ်ကို ရောက်ရှိပါပြီ စေတီတော်ကို
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ကြသပတေးသတင်းစဉ် ၂၆-၂၀၁၁







ကွယ်လွန်သူကိုမျိုးအားရည်စူး၍မမီမီထွန်းမှအာရု့ဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏
သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Thursday, June 2, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၅)


ကာ ဦးပဏ္ဍိတ-မှတရားဟော၏ အမေးဖြေကိုတော့ နှစ်ပါးအတူတူဖြေ၏။
ပထမဆုံးမေးခွန်းကတော့ သောတာပန်၏လက္ခဏာကိုမေး၏
ဦးပဏ္ဍိတမှ--ဒိဌိ ၀ိစိကိစ္ဆာ ခန္ဓာကိုယ်က ပယ်ခွါလျှင် သောတာပန်ဖြစ်ကြောင်းရှင်းပြ၏
ဒုတိယမေးခွန်းကတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ် အကြောင်မေး၏
ဦးပဏ္ဍိတမှ မဂ်ဥာဏ် ဖိုလ်ဥာဏ် အကြောင်းရှင်းပြ၏
တတိယမေးခွန်းကတော့ ဒေါသဖြစ်လျှင် ဘာနှင့်ဖြေရမယ်အကြောင်းမေး၏
ဘုန်းကြီးမှ ဒေါသ၏ ဆန့်ကျင်ဘက်သည် အဒေါသ ဖြစ်၏ အဒေါသသည် မေတ္တာဖြစ်၏ ဒေါသဖြစ်လျှင် မေတ္တာနှင့်
ဖြေရကြောင်းရှင်းပြ၏။
ဤမေးခွန်းတွေကို ကြည့်မယ်ဆိုလျှင် အင်ဒိုနီးရှား ပရိတ်သတ်သည် သာမန်ပရိတ်သတ်မဟုတ်ပါ တရားရည် ၀နေ သော ပရိတ်သတ်ဖြစ်၏ လာတဲ့ပရိတ်သတ်မေးကြည့်တော့လည်း ရွှေတောင်ကုန်းဆရာတော် ချမ်းမြေ့ဆရာတော် ဖား အောက်ဆရာတော် မြန်မာပြည်ရဲ့ ထိပ်ခေါင် ဆရာတော်ကြီးတွေဆီမှာ တရားနာဘူး တရားအားထုတ်ဘူတွေသာဖြစ်၏
ဆရာတော်ကြီးတွေရဲ့တရားတွေ သူတို့နှစ်လုံးသားဝယ် အတော်ကိန်းအောင်းနေတာတွေ့ရ၏ မြန်မာတွေတောင် ဤလို မေးခွန်းမျိုး မေးမည်မထင်ပါ ကြာပင်အောက်ကဖား ကြာရနံ့နှင့် ကြာဝတ်မှုံကို မခံစားရသလိုပေါ့ အဝေးမှလာသော ပျား ပတုန်းတို့သာ ကြာရနံ့နှင့် ကြာဝတ်မှုံကို စားသုံးရသလိုဖြစ်နေ၏။
တရားပွဲအပြီး စုပေါင်းဓါတ်ပုံရိုက်ကြ၏ တရားနာပရိတ်သတ်များမှ ဆရာတော်တို့ နက်ဖြန်ဗောရောဗုဓော ခရီးစဉ် ကံကောင်းပါစေဟု ဆုတောင်းစကားပြောတာတွေ့ရ၏ ဘာ့ကြောင့် ကံကောင်းပါစေလို့ ဆုတောင်းပေးတာကို သဘော မပေါက်ခဲ့ ဗောရောဗုဓုဘုရားရောက်မှ သဘောပေါက်ခဲ့ပါ၏ တည်းခိုမည့်ဟိုတယ်ခကို MR.Tirto Raharja Tonuwijaya
+MS.Julyoni Amin မိသားစုမှလှူဒါန်း၏ အားမင်တယောက် ယာယီကျောင်းအမအဖြစ် ရောက်သွားသည်ကို သူသိချင် မှ သိပါလိမ့်မည် ဟိုတယ်ခ ရှုပီတသန်းပေးရ၏။
MR. Han Do Kooh+MS.Tjia Tjun Siu တရားနာမိသားစုမှလည်း ဗောရောဗုဓော ဘုရာဖူးခရီးစဉ်အတွက် ရူပီးတ သန်းလှူဒါန်း၏ ကားခနှင့်ဆွမ်းစရိတ်သုံးရန်ဖြစ်၏ တရားနာပရိတ်သတ်ပြန်မှ ဘုန်းကြီးတို့အိပ်ရန်စီစဉ်ရ၏ ဘုန်းကြီးခန္ဓာ ကိုယ်သည် တနေ့လုံး မိုးတောလေတောတွင် လှည့်လည်ထားသောကြောင့် ပုံမှန်အနေထားမဟုတ် ဖေါက်ပြန်ချင်သည့် လက္ခဏာပြနေ၏ နွေးနွေးထွေးထွေး အိပ်လိုက်ရင် ပျောက်သွားမှာပါဟု အထင်နှင့် အိပ်လိုက်တာ မကြာခင်မှာဘဲ တ ကိုယ်လုံးချမ်းလာပြီး အဖျားတက်ပါတော့၏။
အဲယားကွန်း ထပိတ်ပြီး မလေးရှားမှပါလာသော ပက်နားဒေါရေဆူဆေးကိုသောက်ကာ စောင်ခြုံပြီးပြန်အိပ်လိုက်မှ
ချွေးအနည်းငယ်ထွက်ပြီး သက်သာသွား၏ တော်ပါသေး၏ နံက်(၄)နာရီ ဗောရောဗုဓော ခရီးစဉ်အတွက် လေဆိပ်ဆင်း ရန် အားလုံးစီစဉ်ထားပြီးဖြစ်၏ တရေးအိပ်ပြီး (၂)နာရီဝန်းကျင်ပြန်နိုးလာတော့ သက်တောင့်သက်သာဖြစ်လာ၏ ပြန်မ အိပ်တော့ဘဲ လေဆိပ်ဆင်းရန် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ဟော်တယ်အောက်ထပ်သို့ဆင်းခဲ့၏။
၎-နာရီအချိန်တွင် ဂိုက်အဖြစ်လိုက်ပါပို့ဆောင်မည့် ဇင်မာဝင်းရောက်လာကာ လေဆိပ်သို့ဆင်းခဲ့၏ ဂျကာတာနှင့်လေ ဆိပ်သည် ၁-နာရီနီးပါးကားမောင်းရ၏ တက္ကစီမီတာ တသိန်းကျော်သွားတာတွေ့ရ၏ လေဆိပ်တွင် အာရုံဆွမ်းဖုံးပေး၏ ထမင်းကျော်နှင့် ကျက်ဥကျော် နံစီလာမားဖြစ်၏ ပေါင်မုံ့နှင့်ပဲနို့ရေသောက်ကာ ၆-နာရီခွဲတွင်လေယဉ်ပေါ်တက်ခဲ့၏ လေ ယဉ်သည် ၇-နာရီခန့်တွင် ဂျကာတာမှ ဂျော့ဂျာကာတာသို့ထွက်လာခဲ့၏။
ဂျော့ဂျကာတာ - ဗောရောဗုဓောခရီးစဉ်။
ရောက်ပါပြီ ဂျော့ဂျာကာ လေယဉ်တနာရီခန့် ပျံသန်းရ၏ ဗောရောဗုဓောဘုရားနှင့် အနီးဆုံးမြို့ဖြစ်၏ လေဆိပ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ရိုးရာတေးဂီတသံလေးဖြင့် တီးခတ်ဧည့်ခံနေတာတွေ့မြင်ရ၏ နိုင်ငံခြားသား ခရီးသည်တွေ အများဆုံး လာသည့် မြို့ဆိုတော့ ရိုရာတေးဂီတဖြင့် ဆွဲဆောင်မှုတမျိုးပေါ့လေ မဇင်မာဝင်း ကြိုတင်ဖုံးဆက်ထားသော ကားသမား

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၃၁၅-၂၀၁၁






ကွယ်လွန်သူမိခင်ဖခင်များဖြစ်ကြသော ဦးခင်မောင်+ဒေါ်သန်းချစ်-တို့အားရည်စူး၍
မလေးရှားရောက်သားသမီးမြေးများမှကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏ ကျေးဇူးရှင်
မိဘ ၂-ပါးသာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Wednesday, June 1, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၄)


သို့ထွက်ခွါလာခဲ့၏ ကျောင်းထဲဝင်မိပြီဆိုရင်ဘဲ ထေရ၀ါဒရဟန်းတော်တွေကို စတင်မြင်တွေ့ရ၏ သင်္ကန်းရုံဖြင့် အပြင်ကို ပရိတ်ရွတ်ကြွရန် ကားစောင့်နေခြင်းဖြစ်၏ ခေတ္တနှုတ်ဆက်ပြီး ရဟန်းတော်တွေလည်း ပရိတ်ရွတ်ကြွသွား၏ ဘုန်းကြီး
တို့လည်း ဘုရားကျောင်း သိမ်နှင့်တရားထိုင်ရာနေရာတို့ကို သေသေချာချာ လေ့လာခဲ့၏ ။
နိုင်ငံရပ်ခြားမှ ကျောင်းတွေသည် မြန်မာပြည် ဘုန်းကြီးကျောင်းတွေ တည်ဆောက်ပုံနှင့်တော့ အနည်းငယ်ကွာခြား တာတွေ့ရ၏ သူတို့ကတော့ ကျောင်းအဆောက်အဦးလည်း သပ်သပ်ရပ်ရပ်နဲ့ လမ်းတွေမှာလည်း ပန်းခြံတွေနဲ့ ကြည့်ရှု လို့ တင့်တယ်အောင် ဆောင်ရွက်ထားတာ တွေ့ရ၏ အာရာမေ နှစ်လုံးမွေ့လျှော်ဖွယ်ကောင်းသော ဆိုတဲ့ ပါဠိနဲ့ လိုက် လျှောညီထွေ ရှိတာတွေ့ရ၏။
အင်ဒိုနီးရှား ထေရ၀ါဒ သာသနာသည် ထိုင်းအဆက်အနွယ်တွေဖြစ်၏ သင်္ကန်းအရောင်အသွေးကလည်း ထိုင်းနိုင်ငံ
အရောင်အသွေးဖြစ်၏ ထိုင်းနိုင်ငံ ထေရ၀ါဒ သာသနာ အင်ဒိုနီးရှားကို ရောက်နေခြင်းဖြစ်၏ မြန်မာ့သာသနာကတော့ အစပျိုးနေတာ တွေ့မြင်ရပါ၏ ရွှေတောင်ကုန်းဆရာတော်ဦးဆောင်သောအဖွဲ့ ချမ်းမြေ့ဆရာတော်ဦးဆောင်သောအဖွဲ့ ဖားအောက်ဆရာတော် ဦးဆောင်သောအဖွဲ့တို့သည် အသီးသီး ၀ိပဿနာ တရားစခမ်းတွေ ဖွင့်နေတာကို အားရကြေ နပ်ဖွယ်ကောင်းအောင် တွေ့မြင်နေရပါ၏ မကြာခင်သောကာလတွင် အင်ဒိုနီရှားမြေပေါ်၌ မြန်မာ့ သာသနာသည် မလွဲ မသွေ ပေါ်ထွန်းလာမည်ဟု ယုံကြည်မိပါ၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာကျောင်းမှ တည်းခိုမည့် SUNLAKE ဟိုတယ်သို့ ကားထွက်ခွါလာ၏ လမ်းတွင် ထိုင်း--မင်္ဂလာ ရာမကျောင်းကို ကားပေါ်မှဘဲ လှမ်းကြည့်ခဲ့၏ ရေကန်ကြီးတွေ ပတ်ချာလယ်တွင် တည်ရှိသော SUNLAKE ဟိုတယ်သို့ ရောက်ရှိခဲ့ပါပြီ ပစ္စည်းတွေကို ဟိုတယ်ဝန်ထမ်းတွေလာသယ်ပေး၏ တနေ့တာကားအလှူရှင် MR.Ronny Thedy+MS Lonny Sinthiawi တို့သည် ညပိုင်း---အခန်းအနားတခု တက်စရာရှိလို့ နှုတ်ဆက်ပြီး ပြန်သွားလေ၏ တနေ့တာကားဖြင့် လိုက်ပို့ဆောင်ပေးသည့်အတွက် အထူးကျေးဇူးတင်ကြောင်း နှုတ်ဆက်လိုက်ပါ၏။
ဟိုတယ်ခန်းမတွင် ခေတ္တအနားယူရင်း မဇင်မာဝင်းမှ လျှောက်ထား၏ ဒီညတရားပွဲ စီစဉ်ထားတာ မိုးတွေတအားရွာ
တော့ ရေတွေကြီးပြီး တရားနာပရိတ်တွေ လာလို့မရကြောင်း ဖုံးဆက်လာတယ်ဘုရား ဒီလိုဆိုလဲ တရားပွဲ အစီအစဉ် ဖျက်လိုက်ပါဟု ဘုန်းကြီးတိုမှ အကြံပေး၏ တပည့်တော်တို့ အရှင်ဘုရားတို့အတွက် ဖျော်ရည်စီစဉ်လိုက်အုံးမယ် ဖျော် ရည် လာကပ်မှ တရားပွဲ ဖြစ် မဖြစ် လျှောက်ထားမည်ဘုရားဟု ပြောဆိုလျှက် ဘုန်းကြီးတို့အား ဟော်တယ်အိပ်ခန်းသို့ လိုက်ပို့လေ၏။
ဘုန်းကြီးတို့နှစ်ပါးလည်း တိုင်ပင်ကြရ၏ တရားနာပရိတ်သတ် မိုးတွေတအားရွာနေလို့ လာဖို့မလွယ်ပါ လာလျှင်လည်း
လေးငါးရောက်သာ အားနာပါးနာ လာကြမည်ဖြစ်၏ တရားကလည်း ၂-ပါး-ဟောရမှာဖြစ်၏ တပါး နာရီဝက်စီစဉ်ထား၏
ဘုန်းကြီး သေသေချာချာစဉ်းစား၏ ဤခရီးစဉ်နှင့် ဤတရားပွဲသည် မဇင်မာဝင်း စီစဉ်ထားခြင်းဖြစ်၏ မဇင်မာဝင်းသည် ဘုန်းကြီးဦးပဏ္ဍိတ-၏ အသိဖြစ်၏ ဒီပွဲသည် ဦးပဏ္ဍိတကို ပွဲထုတ်မှ အစဉ်ပြေမှာဖြစ်၏ ထို့ကြောင့်ဦးပဏ္ဍိတကို ဘုန်းကြီး တပါးထဲ တရားဟောရန်တိုက်တွန်းရ၏။
တနာရီလောက်အကြာတွင် ဟိုတယ်ခန်းဘဲနှိပ်သံကြားရ၏ မဇင်မ၀င်းနှင့် အားမင် ခရမ်းချင်သီးဖျော်ရည်လာကပ်၏ ခရမ်းချင်သီးဖျော်ရည်ကတော့ အင်ဒိုနီးရှားရောက်မှ သောက်ဖူးခြင်းဖြစ်၏ တရားပွဲတော့ တရားနာပရိတ်သတ် လာသမျှ သာ ဟောပေးရန် လျှောက်ထား၏ ဘုန်းကြီးတို့လည်း အားနာစရာမလိုပါဘူး တယောက် နှစ်ယောက်လာလဲ ဟောပေး လို့ရပါတယ်ဟု ပြန်ပြောလိုက်၏ ဇင်မာဝင်းတို့အဖွဲ့ ဟိုတယ်အောက်သို့ ပြန်ဆင်းသွား၏။
ဂျကာတာမှ -ညတရားပွဲ
အချိန်နဲနဲ ကြာသွားလို့ ဘုန်းကြီးတို့က တရားနာပရိတ်သတ် မလာတော့ဘူးထင်နေတာ ဘုန်းကြီးတို့နှစ်ပါး တနေ့လုံး ပင်ပန်းထားတာနဲ့ ကုဋင်ပေါ်တွင် ကိုယ်စီအိပ်နေကြပြီ ဟိုတယ်ခန်းဘဲခေါ်သံကြားမှ လာကြပြီနဲ့တူတယ် တခါးထဖွင့်ပေး တော့ တရားနာပရိတ်သတ် စကားပြန်ဇင်မာဝင်းနဲ့ဆို ၆-ရောက်ဖြစ်၏ ဘုန်းကြီးက သီလပေးပြီး ၂-ပါးအတူတူပရိတ်ရွတ်

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၉-၅-၂၀၁၁





မလေးရှားပူချုန် ၁၂-မိုင်နေရွှေမြန်မာများ၏ဆရာတော်အားပူဇော်ကတော့စဉ်။
Type your summary here.Type the rest of your post here.

အင်ဒိုနီးရှားခရီးစဉ်၉၁၃)


မြန်မာလို ထိခြင်းငါးပါးနှင့်အညီ ဦးချနေတာတွေ့ရတော့ မြန်မာမရှိသော အင်ဒိုနီးရှားတွင် မြန်မာဓလေ့ကို တွေ့လိုက် ရတော့ စိတ်ဝင်စားသွား၏ ဒကာသည် ဦးချပြီး၍ လက်အုပ်ချီကာ တပည့်တော်မြန်မာပါ တောင်ဥက္ကလာမှာနေပါတယ် ဟုသာပြောနိုင်၏ မြန်မာလိုရှေ့ဆက်မပြောတတ်ပါ စကားပြန် မဇင်မာဝင်းမှတဆင့် အင်ဒိုနီးရှားလိုပြောပြီး မြန်မာလိုပြန် ပေးနေရ၏ မြန်မာတယောက်ကိုတွေ့နေပါလျှက် မြန်မာလို မပြောနိုင်တာတွေ့ရလို့ အံ့သြသွား၏။
စိတ်ဝင်စားစရာတွေ့တော့ စိတ်ဝင်စားသည့်အလျှောက် မေးခွန်းများမေးရပါတော့၏
ဒကာ ဒီရောက်နေတာ ဘယ်လောက်ကြာသွားပြီးလည်း--------?
နှစ်(၂၀)ကျော်သွားပါပြီဘုရား----
မြန်မာပြည် မပြန်ချင်ဘူးလား--------?
ပြန်ချင်ပါတယ်ဘုရား-----------
ပြန်ချင်ရင်ဘုန်းကြီးတို့ကူညီနိုင်ပါတယ်လို့ ပြောသောအခါ
မဖြစ်နိုင်တော့ပါဘူးဘုရား--------
မြန်မာဖြစ်ပြီး မြန်မာလိုသေသေချာချာ မပြောနိုင်ဘဲ စာကားပြန်မှတဆင့် သူ့ဘ၀ဇတ်ကြောင်းကို ရှင်းပြပါတော့၏ ရန်ကုန် တောင်ဥက္ကလာသားဖြစ်၏ ဆေးဆရာကြီး ခရမ်းဦးချစ်တင်နဲ့တောင် အမျိုးတော်သည်ဟုပြော၏ ဘယ်လိုတော် သည်တော့မသိ သူ့ဘ၀အစက မြန်မာပြည်မှထိုင်းကိုရောက်လာ၏ ထိုင်းမှတဆင့် မလေးရှားကိုရောက်လာ၏ မလေးရှား တွင် အင်ဒိုနီးရှားအမျိုးသမီးနှင့်အိမ်ထောင်ကြကာ အင်ဒိုနီးရှားသို့ လိုက်လာခဲ့ခြင်းဖြစ်၏။
အင်ဒိုနီးရှားတွင် ဘယ်ဘာသာ ကိုယ်းကွယ်လည်းမသိ ယ္ခု မဟာယာနကျောင်းတွင် အလုပ်လုပ်သည်ဟုပြောသည် နှစ်ပေါင်း(၂၀)ကျော်အတွင်း မြန်မာတွေကို ပထမဆုံးမြင်ဘူးခြင်းဖြစ်သည်ဟုဆို၏ မြန်မာပြည်ပြန်ချင်ရင် ဘုန်းကြီးတို့က လမ်းစရိတ်လှူမလို့ စိတ်ကူးထားတာ သို့သော် သူ့မှာ အင်ဒိုနီးရှား အမျိုးသမီးနှင့် သာသမီး သုံးယောက်ရှိနေပြီဆိုတော့ ဒီပုဂ္ဂိုလ်မြန်မာပြည် ပြန်ရောက်ဖို့်လမ်းစမမြင်တော့ပါ ဘုန်းကြီးတို့အဖွဲ့မှ အင်ဒိုနီးရှားငွေ တသိန်းထုတ်လှူ၏ သူ့ခမျာ ယူ ရမှာ လက်တွန့်နေ၏။
ဘုန်းကြီးတို့ကလည်း လက်ခံဖို့ ၀ိုင်းတိုက်တွန်းမှ ယူလိုက်၏ သို့သော် သူစိတ်မကောင်းခြင်းများစွာဖြင့် မျက်ရည်တွေ
ပြိုင်ပြိုင်ကြလာ၏ ဒကာဝမ်းမနဲပါနဲ့ ကိုယ့်မြန်မာတွေနဲ့ တွေ့ရတာဘဲဝမ်းသာစမ်းပါဟုပြောသောအခါ တပည့်တော် ကိုယ့် မြန်မာဆရာတော်တွေ တွေ့ရပါလျှက်နဲ့ အကူအညီ မပေးနိုင်လို့ ၀မ်းနဲတာပါဘုရားဟု ငိုသံပါကြီးနဲ့လျှောက်၏ --သြော် --မြန်မာတွေ ဘယ်ရောက်ရောက် မိမိအမျိုး မိမိဘာသာ မိမိသာသနာ တွေ့ပြီဆိုလျှင် အကူအညီပေးချင် လှူဒါန်းချင်ကြ၏ ဤစိတ်ဓါတ်လေးရှိတာကိုကဘဲ ဤဒကာ မြန်မာယဉ်ကျေးမှုဓလေ့လေး မပြောက်သေးဘူးဟု ချီးကျူးရပါ၏။
မဟာယာဘုန်းတော်ကြီးအချို့နဲ့ တရုတ်ပရိတ်သတ်တွေလည်း ဘုန်းကြီးတို့မြန်မာတွေ ပြန်လည်တွေ့ဆုံ နှုတ်ဆက်စ ကား ပြောဆိုနေတာကို စိတ်ဝင်တစားကြည့်ရှုနားထောင်နေတာတွေ့ရ၏ မြန်မာက မြန်မာလိုမပြောနိုင်တော့ဘဲ ဘာသာ ပြန်နှင့် ပြောနေရတော့ သူတို့လဲ အကြောင်းစုံသိကုန်တာပေါ့ မြန်မာဘုန်းကြီးတွေ သူတို့လူမျိုးအပေါ် ဂရုတစိုက်ကူညီ ဆက် ဆံတာတွေ့ရတော့ သူတို့လည်း မြန်မာတွေအပေါ် အထင်မသေးရဲတော့ဘူး ကိုယ့်မြန်မာကို တွေ့သည့်နေရာ တိုင်းမှာ ကိုယ်တတ်နိုင်သလောက်တော့ ကူညီစောင့်ရှောက်ရတာပေါ့လေ။
မဟာယာနဘုန်းကြီးတွေနှင့် အမှတ်တရ ဓါတ်ပုံတွဲရိုက်၏ မိမိတို့အုပ်စုလည်း ဂရုပုံရိုက်၏ မြန်မာတွေသက်သက်လဲ ဓါတ်ပုံတွဲရိုက်ခဲ့၏ ပြန်ထွက်ခါနီး နှုတ်ဆက်တော့ အင်ဒိုနီးရှားရောက်မြန်မာဒကာ ၀မ်းနဲစွာနဲ့ ကျန်ခဲ့ပါတော့၏ မလေးရှား ရောက်မြန်မာတွေ အင်ဒိုနီးရှာမတွေနဲ့ အများဆုံးအိမ်ထောင်ကြတာ တွေ့ရ၏ ယ္ခု ဒကာလို မြန်မာတွေ အင်ဒိုနီးရှားမှာ ဘယ်လောက်ရှိမလဲဆိုတာ စရင်းပြုစုထားရင်တော့ နည်းမည်မထင်ပါ။
ဂျကာတာမှ ထေရ၀ါဒကျောင်းတော်။
မဟာယာနကျောင်းတော်မှသည် ဂျကာတာမြို့၏ တကျောင်းတည်းသော ထေရ၀ါဒကျောင်းတော် ဓမ္မစက္ကကျောင်း

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၉-၅-၂၀၁၁








မလေးရှားစီရီပတ်တလင်းချိုအိမ်စည်ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားတွင်သံဃာတော်အရှင်
မြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း၍အနုမောဒနာတရားနာယူကာအမျှဝေခဲ့ပါ၏။
Type your summary here.Type the rest of your post here.