အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 24, 2011

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၇-၆-၂၀၁၁






ကွယ်လွန်သူဖခင်ကြီးဦးစိန်မြင့်အားရည်စူး၍မလေးရှားရောက်သားဖြစ်သူမှကုသိုလ်ပြုလုပ်၍
အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ဖခင်ကြီးဦးစိန်မြင့်ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Thursday, June 23, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၃)


သာသနာသက္ကရာဇ် ၁၇၀၀-ခန့် ရာစုအားဖြင့် ၁၇-ရာစုတွင် လင်္ကာဒီပ(သီဟိုဠ်)တွင် ပရက္ကမဗာဟု မင်းကြီးသည် တမီလ် ကျေးကုလားတွေကို တိုက်ခိုက်အောင်နိုင်ကာ မဟာယာနအနွယ် အဘယဂိရိဂိုဏ်းသားရဟန်းများကို လူထွက် စေ၏ လင်္ကာဒီပရှိ သံဃာ အားလုံးကို ထေရ၀ါဒ မဟာဝိဟာရဂိုဏ်း တခုတည်းဖြစ်အောင် ညီညွတ်အောင် ဆောင်ရွက် နိုင်ခဲ့၏။
ပုဂံပြည် အလောင်း စည်သူ မင်းလက်ထက်တွင် လင်္ကာဒီပမှ ပြန်ကြွလာသော မြန်မာပြည်သား ရဟန်းတော် အရှင် ဆပ္ပဒ မထေရ်က ဂိုဏ်းသီးခြားထောင်သဖြင့် ပုဂံပြည်တွင် ရှင်အရဟံဂိုဏ်းကို ပုရိမသံဃာဆို၍ ရှင်ဆပ္ပဒဂိုဏ်းကို ပစ္ဆိမ သံဃာ ဆိုကြ၏ ပုဂံနှင့် လင်္ကာဒီပ(သီဟိုဠ်) အပြန်အလှန် သာသနာရေး ဆက်သွယ်မှုပြုကြ၏။
အိန္ဒိယအနောက်ပိုင်းနှင့် အလယ်ပိုင်း မဂဓတိုင်းတို့ကို တူရကီအနွယ်တို့က သိမ်းပိုက်၏ နာလန္ဒတက္ကသိုလ် ၀ိက္ကမ သီလာတက္ကသိုလ် ဇဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတော်ကြီးများ အဖျက်စီးခံရ၏ အိန္ဒိ ယ ပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီကာ အစုလိုက် အပြုံလိုက် အသတ်ခံကြရ၏။
သာသနာသက္ကရာဇ် ၁၈၀၀-ခန့် ရာစုအားဖြင့် ၁၈-ရာစုတွင် ဘင်္ဂလားပြည်(၀င်္ဂတိုင်း) ပါလမင်းများသည် တိုင်းပြည် လုံခြုံရေးအတွက် ကိုးကွယ်အားထားသော သြဒန္တပူရိ တက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ၀ိဇ္ဇာဘုန်းကြီးများကို မဟာမေ ဒင် မြင်းစီးတပ်သား နှစ်ရာက သတ်ဖြတ် မီးရှို့ဖျက်ဆီး၍ ဘင်္ဂလားတပြည်လုံးသိမ်းပိုက်ခဲ့၏ ၀ိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ် များ မန္တန်များ အင်း အိုင် ခါးလှည့်များသည် တစုံတရာ အကာအကွယ် မပေးနိုင်သဖြင့် ၀ိဇ္ဇာဘုန်းကြီးမျာ၏ လိမ်ညာဝါ ကြွားမှု ပေါ်သွား၏ ဗုဒ္ဓ သာသနာလည်း အိန္ဒိယမှ လုံးဝကွယ်ပြောက်သွား၏ (ဗေဒင်ယတြာတွေ ယုံကြည်သော မြန်မာ ပြည် သတိထားစရာပါ)။
ဂျပန်ပြည်တွင် အမိတာဘုရားကိုးကွယ်သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုးမင်းနွယ်မှ ရဟန်းပြုလာသော ရှိုနင်သည် အိမ်ထောင်ပြုသော ဘုန်းကြီးဂိုဏ်းကို စတင်တည်ထောင်၏ ထိုဂိုဏ်းကို ရှင်ဂိုဏ်းဟုခေါ်၏ ထိုရှင်ဂိုဏ်းကို အတုယူကာ
အခြား ဗုဒ္ဓဘာသာ ဂိုဏ်းများလည်း အိမ်ထောင်ပြုကြ၏ ထိုခေတ် ဂျပန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အနေအထိုင် အကျင့်သီလသည် လူဝတ်ကြောင်တွေနှင့် ဘာမှ ထူးခြားမှုမရှိပါ ဘုရားတရားအပေါ် ကြည်ညို၍ ဘာသာရေးစာပေကို
တတ်ကြွမ်းသူကို အိုဘိုးစံ(ဘုန်းကြီး)ဟုခေါ်ဆို၍ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြ၏။
ထိုင်းနိုင်ငံသည် စစ်အင်အားကောင်းလာ၍ ကမ္ဘောဒီးယား သြဇာရိပ်မှလွတ်ကင်းခဲ့၏ ထေရ၀ါဒသာသနာကို ချီးမြင့် ထောက်ပန့်မည့် မင်းကောင်း မင်းမြတ်များ ပေါ်လာကာ ထိုင်းလင်း ထေရ၀ါဒသာသနာ ဖွံ့ဖြိုးတိုးတက်လာ၏ လင်္ကာဒီပ (သီဟိုဠ်)နှင့် သာသနာရေးဆက်သွယ်ကာ သာသနာထွန်းကားအောင်ဆောင်ရွက်နိုင်ခဲ့၏
သာသနာသက္ကရာဇ် ၁၉၀၀-ခန့် ရာစုအားဖြင့် ၁၉-ရာစုတွင် မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမ၀ါသီရဟန်း အရည၀ါသီရဟန်း အရည်ကြီး အနွယ်ဝင်ရဟန်းများ အင်တူအားတူ ရှိနေခဲ့၏ တရုပ်ပြည်မှ ကူဗလိုင်ခန်ဘုရင်ကြီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့် တိဗက်လားမားဗုဒ္ဓဘာသာကို ချီးမြှောက် ထောက်ပန့်ခဲ့၏ တရုတ်ပြည်တွင် ခရစ်ယန် သာ သနာပါ ပြုခွင့်ပေးခဲ့၏။
တိဗက် နိုင်ငံတွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယ္ခုတိုင် ဒလိုင်းလာမားသည် တိဗက်နိုင်ငံအပေါ် တန်ခိုး ထွားလျှက်ရှိ၏ ရှေးခေတ်တုံးက ဘုန်းကြီးအုပ်ချုပ်သောနိုင်ငံသည် တိဗက်နိုင်ငံတခုသာ ရှိမည်ထင်၏ တိဗက်ဘာသာ ရေးနှင့် နိုင်ငံရေးသည် အ၀လောကိတေသရ ဘုရားလောင်းသည် လူဝင်စားဖြစ်လာ၍ ရဟန်းမင်းအဖြစ်အုပ်ချုပ်ရသော စနစ်ဖြစ်၏ သာသနာပိုင် ရဟန်းမင်းကြီးဆုံးလျှင် အသစ်တဖန် ပြန်လည်ဝင်စား၍ ဆက်လက်အုပ်ချုပ်ရသောစနစ်ဖြစ်၏။
ကူဗလိုင်ခန်ဘုရင်ကြီးသည် ရှေးဘိုးလောင်းတော် ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု နိုင်ငံသိမ်းမှုများကို လိုလားတောင်းတခဲ့၏ ထို့ကြောင့် တိဗက်နိုင်ငံ တာကီစတန်နိုင်ငံ မြန်မာနိုင်ငံ ကိုချင်ချိုင်းနားနိုင်ငံ ဂျာဗားကျွန်းများသို့ စစ်ချီတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့သည်သာများ၏ ဂျပန်ကျွန်းကိုမူ ရေတပ်ယဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သေကြာသတင်းစဉ် ၁၇-၆-၂၀၁၁









မလေးရှာက်မောင်စိုးမင်းလတ်၏ရဟန်းခံပွဲ။
Type your summary here.Type the rest of your post here.

Wednesday, June 22, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၂)


အရေးကြီးသာသနာကို နှိပ်ကွပ်၍ ထေရ၀ါဒသာသနာကို ချီးမြှောက်လေ၏ သထုံပြည်မှ ကျမ်းဂန်တတ် ဆရာတော် သံ ဃာတော်များကို ပုဂံပြည်သို့ပင့်ဆောင်ကာ ပုဂံပြည် ထေရ၀ါဒ သာသနာ ပြန်လည်ထွန်းကားလာစေ၏။
ဒကာတော်မင်းမြတ် ကျေးဇူးတင်ပါ၏ ကျုပ်ထေရ၀ါဒ ဘုန်းကြီးဖြစ်ရတာ သင့်ကျေးဇူး ကျုပ်တို့နိုင်ငံ၏ သမီးပျိုလေး တွေ အရည်ကြီးတွေ၏ ပန်းဦးပူဇော်မှုမှ လွတ်ရတာလည်း သင့်ကျေးဇူး တွေမိတိုင်း ကျေးဇူတင်ပါ၏ သို့သော် ယ္ခုအခါ သင်တည်ထောင်ခဲ့သည့် သာသနာကို သင်ပြန်လည်မြင်စေချင်ပါ၏ အနော်ရထာ------

ထကြည့်လှည့်ပါ---နော်ရထာ၊
သင်တို့လက်ထက်-ဖျိုဖျက်ခဲ့သည့်၊
အရည်းဝါဒ-အဓမ္မသည်၊
ခုသောအခါ-လှုပ်ရှားလာပြီ။

ထကြည့်လှည့်ပါ-----နော်ရထာ၊
သင်တို့ဆရာ-ထေရ်မဟာ၏၊
ထေရ၀ါဒ-မြတ်ဓမ္မသည်၊
သံကိုဖျက်တတ်-သံချေးကပ်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊
သင်တို့တည်ထား-ဓမ္မများကို၊
အဓမ္မသမား-လူမိုက်များက၊
ဖျက်စီးကျိုးစား-ထင်ရှားလာပြီ။

ထကြည့်လှည်ပါ--နော်ရထာ၊
သင်တို့လက်ထက်-သာသနာသက်သည်၊
ကန်ဘောင်မြင့်မြင့်-ကန်ရေ၀င့်လို့၊
ကြာပန်းစွင့်စွင့်-ပွင့်လန်းတင့်၏။

ထကြည့်လှည့်ပါ---နော်ရထာ၊
ခုသောအခါ-သင့်သာသနာသည်၊
ကန်ဘောင်ကွဲအက်-ကန်ရေထွက်၏၊
ကြာပင်နွမ်းလျှက်-ကြာပန်းပျက်ပြီ။

ထကြည့်လှည့်ပါ---နော်ရထာ၊
နောင်သောအခါ-သင့်သာသနာသည်၊
သင့်မြေကျော်လှမ်း-လွတ်ရာလမ်းမှ၊
ငြိုးနွမ်းလှစွာ-ထွက်ခွါပါမည်။

ထကြည့်လှည်ပါ---နော်ရထာ၊
သင်တို့သာသနာ-ထွက်ခွါလာသော်၊
သင်တို့မြေဆုံး-အဓမ္မဖုံး၏၊
နေလုံးကွယ်ပျောက်-ညမှောင်ရောက်၏၊
လရောင်ကွယ်ပျောက်-သန်းခေါင်ရောက်၏၊
ညဉ့်နက်သန်းခေါင်-မိုးမှောင်တူစွာ၊
အမှောင်ဖုံးလွမ်း-သင့်မြေနွမ်းကို၊
မှန်းဆကြည့်ပါ---အို-----နော်ရထာ။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ်-၁၆-၆-၂၀၁၁





မလေးရှားပူချုန်း ၁၄-မိုင်နေမောင်မင်းမျိုးဇော်၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Tuesday, June 21, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၁)


ရှံကရဆရာကြီးသည် ဟိန္ဒူ ဘုရင်တို့၏ အကူအညီဖြင့် တန္တရ မန္တရဂိုဏ်းဝင် ရဟန်းတော်များကို နှိပ်ကွပ်လေရာ တန္တရ မန္တရ သာသနာသည် အိန္ဒိယတွင် မရှုမလှ နိဂုံးချုပ်ရလေတော့၏။
ဟိန္ဒူဘာသာနှင့် တန္တရ မန္တရတို့ တိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ အာရဗီစစ်ဗိုလ် မိုဟာမက်ဘိန်ကာစင်သည် အိန္ဒုမြစ်ဝှမ်းတစ်ဝိုက်ကို သိမ်းပိုက်လေတော့၏ နွားကွဲလို့ ကျားစွဲခံရခြင်းဖြစ်၏ (မြန်မာပြည် လက်ရှိသာသန၀န်ထမ်းတွေ လည်း ဗေဒင် ယတြာ ဓါတ်ရိုက် ဓါတ်ဆင်တွေ ဂိုဏ်းဆရာ ဘိုးတော် မယ်တော်တွေ ခေတ်စားလာကာ လုပ်ကိုင်ဆောင် ရွက်နေသူတွေလည်းများလှ၏ အိန္ဒိယလိုဘဲ မြန်မာသာသနာ ကွယ်ပျောက်ဖို့ အချိန်နီးကပ် လာလေပြီ အိန္ဒိယမှဗုဒ္ဓသာ သနာသည် ဗေဒင် ယတြာကြောင့် ကွယ်ပျောက်ခဲ့သည်ဆိုတာ မြန်မာပြည်သားတွေ သိစေချင်ပါ၏)
အိန္ဒိယတွင် ၂၂-နှစ်ကြာ ပညာသင်ယူပြီး ပြန်လာသည့် တရုပ်ရဟန်းတော် အိဈင်(ယိကျင်) ကျေးဇူးကြောင့် တရုတ် ပြည်တွင် မင်းညီ မင်းသား မူးမတ် သူဋ္ဌေးသူကြွယ် ကုန်သယ် လူတန်းစားမျိုးစုံမှ ရဟန်းဝတ်သူ သီလရှင်ဝတ်သူ အလွန်
များပျားလာ၏ ဂျပန်ပြည်တွင် သာသနာ့ အဆောက်အဦးတွေကို တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်တွေကိုယ်တိုင် တည် ဆောက်လာကာ မဟာယာနသာသနာ ထွန်းကားလာတာ တွေ့မြင်ရ၏။
သာသနာသက္ကရာဇ် ၁၄၀၀-ခန့် ရာစုအားဖြင့် ၁၄-ရာစုတွင် တရုတ်ပြည်တွင် တာအိုဘာသာကိုးကွယ်သော ၀ူဆောင်း ဘုရင် တက်လာ၍ ဗုဒ္ဓဘာသာဝင်များဘေးဆိုးကြီးနဲ့ ကြုံတွေ့ရလေတော့၏ ဗုဒ္ဓဘာသာရဟန်းတော် ၄၆၀၀-ခန့် အသတ် ခံရ၍ ဗုဒ္ဓဘာသာ ကျောင်းပေါင်း ၄၀၀၀၀-ကျော်အဖျက်စီးခံရ၏ ရဟန်းသီလရှင် ၂၆၀.၀၀၀-လူဝတ်လဲကြရ၏ ကြေးစည် ခေါင်းလောင်းများကို ဒင်္ဂါးပိုက်ဆံ သွန်းခဲ့ကြ၏ ဤသို့ပြုလုပ်ပြီး ၂-နှစ်အကြာတွင် ၀ူဆောင်းဘုရင်ကြီး မကျန်းမာ၍ နှုတ် ဆွံ့ အ စကားမ ပြောနိုင်ဖြစ်သွား၏ ဘုရင်ကြီး ထိတ်လန့်တုံလှုပ်သွားကာ ပြစ်မှားတာတွေ ခွင့်လွှတ်တောင်းပန်၍ ရဟန်း ပြုခွင့် သီလရှင် ပြုခွင့်များ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့ရ၏။
တိဗက်ပြည်တွင် ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုသော ရာလ်ပချန်ဘုရင် နတ်ရွှာစံပြီးနောက် ဘုရင် လံဓရ်မ တက်
လာသောအခါ တိဗက်ဗုဒ္ဓဘာသာသည် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရတော့၏ ဘုရင် လံဓရ်မ သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို ဖျက်စီး၍ ပိဋကကျမ်းစာများကိုမီးရှို့၏ ဗုဒ္ဓရုပ်တုတော်များကို မြေမြုတ်ပြစ်၏ ရဟန်းခံ ရှင်ပြု ဥပုသ်စောင့်
မှုများကို ပိတ်ပင် တားမြစ်၏ ရဟန်းတော်များကို ပြည်နှင်ဒဏ်ပေး၍ ထွက်မပြေးသော ရဟန်းတော်များကို လူဝတ်လဲစေ ကာ မုဆိုး တံငါ အလုပ်များကိုလုပ်စေ၏ တိဗက် မဟာယာနသာသနာလဲ နေ၀င်ဆည်းဆာဖြစ်ခဲ့ရ၏။
သာသနာသက္ကရာဇ် ၁၅၀၀- ခန့် ရာစုအားဖြင့် ၁၅-ရာစုတွင် မြန်မာပြည်ဖြစ်လာမည့် ပုဂံပြည်တွင် ညောင်ဦး စော ရဟန်း (တောင်သူကြီး) မင်းဖြစ်၍ ရှင်မထီး အရည်ကြီးဂိုဏ်းကို ချီးမြောက်ထောက်ပန့်လေ၏ အိန္ဒိယပြည် မထုရာမြို့ ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း တည်ထောင်ခဲ့သော ၀လဘိတက္ကသိုလ် မဂဓတိုင်းတွင် မဟာယာနဂိုဏ်းတည်ထောင် ခဲ့ သော နာလန္ဒတက္ကသိုလ် ဘင်္ဂေါ နယ်ရှိ သြဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ၀ိဇ္ဇာဂိုဏ်းဝင် အရည်ကြီးရဟန်း များ လွှမ်းမိုးအုပ်ချုပ်လာ၏ ပုဂံပြည်မှ အရည်ကြီးသာသနာသည် အိန္ဒိယမှ ရောက်ရှိလာသည်ဟု ထင်ပါ၏။
သာသနာသက္ကရာဇ် ၁၆၀၀-ခန့် ရာစုအားဖြင့် ၁၆-ရာစုတွင် ၀ိက္ကမသီလာ တက္ကသိုလ်မှ ကျောင်းအုပ်ဆရာကြီး ဒီပင်္ကရ သိရီဥာဏသည် တိဗက်ပြည်သို့ သာသနာပြုကြွတော်မူ၏ ခိုတန်ပြည်ကို ယူဆစ်ကဒရ်ခန် ဦးဆောင်သော တူရကီစစ်တပ်မှ ၀င်ရောက် သိမ်းပိုက်ရာ ဗုဒ္ဓသာသနာ ကွယ်ပြောက်၍ တာကစ္စတန်နိုင်ငံအဖြစ်သို့ ရောက်ရှိသွား၏။
သုဝဏ္ဏဘူမိဟု ခေါ်ဆိုသည့် သထုံပြည်တွင် ဘုရင်မနူဟာသည် ဇော်ဂျီဖိုဝင်သား စားရလျှင် လူစွမ်းကောင်း ဖြစ်နိုင် သည်ဟု မက်လုံးပြ၍ ၀ိဇ္ဇာဂိုဏ်းဝင်တွေက စည်းရုံးထားသောကြောင့် ၀ိဇ္ဇာဂိုဏ်းဝင် ရဟန်းတပါးကို နန်းဦးဆရာတော်
အဖြစ်ကိုးကွယ်၏ သထုံပြည်တွင် ထေရ၀ါဒသာသနာ ညိုးမှိန်နေချိန်ဖြစ်၏။
ထိုအချိန်တွင် အရှင်ဓမ္မဒဿီ (သို့) ရှင်အရဟံ မထေရ်မြတ်သည် သာသနာညိုးမှိန်လာသော သထုံပြည်မှ ထေရ၀ါဒ
သာသနာထွန်းကားလာမည့် ဆုတောင်းဘက် အနော်ရထာဘုရင်ရှိရာ ပုဂံပြည်သို့ကြွလာခဲ့၏ အရည်းကြီးဝါဒကို စိတ် ပျက်နေသော ၀ါဒသစ်ကိုအလိုရှိနေသော အနော်ရထာဘုရင်သည် ရှင်အရဟံ မထေရ်မြတ်ကို ဆည်းကပ်ကိုးကွယ်ကာ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁၃-၆-၂၀၁၁






မလေးရှား-ရှရီစင်တိုစာနေ ကံကောင်၍ချဲပေါက်သူ၏သဒ္ဓါဆွမ်းအလှူ။
Type your summary here.Type the rest of your post here.

Monday, June 20, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၀)


မူရင်းပင်မ ထေရ၀ါဒ သာသနာမှ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ ပေါ်ထွန်းလာ၏ သို့သော် ထေရ၀ါဒ သာသနာသည် မဟာယာနသာသနာ၏ ရှင်ပြိုင်မှုကို ကြိုးစားပြီးကာကွယ်နေရချိန်ဖြစ်၏ မူရင်းပင်မ ထေရ၀ါဒ သာသနာ မပြောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်နေသော မထေရ်မြတ်ကြီးတွေ၏ ကျေးဇူးဂုဏ်တွေကို ယ္ခုခေတ် ထေရ၀ါဒ မထေရ်များ ထေရ၀ါဒ ဘာသာဝင်များ အထူးကျေးဇူးတင်ရမှာဖြစ်၏။
မြန်မာပြည် မြောက်ပိုင်းသို့ မဟာယာန ဗုဒ္ဓဘာသာ ရောက်ရှိခဲ့၏ ပုဂံအနီး မင်သူနံအရပ် ဘုရားသုံးဆူနှင့် နန္ဒမည
စေတီများအတွင်းရှိ ဆေးရေးရုပ်များကို ထောက်ဆ၍ သာသနာနှစ် ၁၀၀၀-ကျော် ၁၁၀၀-အတွင်း ရောက်ရှိခဲ့ခြင်းဖြစ်၏ မဟာယာနရဟန်းတို့မှာ ရှင်မထီးခေါ် အရည်ကြီးရဟန်းတို့ ဖြစ်ပုံရ၏ အရည်ကြီးရဟန်းတို့၏ အကျင့်မှာ ညစာစားခြင်း သေရည် သေရက်သောက်ခြင်း မေထုန်အကျင့်ကို ကျင့်ခြင်းဖြစ်၏ အဆိုးဆုံးကတော့ ပန်းဦးလွှတ်ပူဇော်ခြင်းဖြစ်၏။
ရှင်မထီးဆိုသည့် ဝေါဟာရသည် သမ္မတိယမှ သမတိ၊ သမတိမှ သမထီး၊ သမထီးမှ ရှင်မထီး၊ ရှင်မထီးမှ အရည်
ကြီးဟု ပြောင်းလဲလာသည်ဟုဆိုကြ၏ ဤသမ္မတိယဂိုဏ်းသည် ၀ဇ္ဇီပုတ္တက ဂိုဏ်းကွဲတခုဖြစ်၏ သုဝဏ္ဏဘူမိ အင်ဒိုနီးရှား ဂျဗားကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့ ဤသမ္မတိယဂိုဏ်း ထွန်းကားခဲ့ကြောင်း အထောက်အထားများတွေ့ရ၏ သုဝဏ္ဏ ဘူမိ သထုံပြည်မှာလည်း သမ္မတိယဂိုဏ်း တန္တရ-မန္တရဂိုဏ်းများ လွမ်းမိုးမှုကြောင့် ထေရ၀ါဒ သာသနာ အသက်ငွေ့ငွေ့မျှ သာ ကျန်တော့၏
အရည်ကြီးကို နောက်တမျိုးကြံတာတွေ့သေး၏ ပုဂံပြည်တွင် လူအကြည်ညိုများသော အရည၀ါသီဂိုဏ်း ရှိခဲ့ဘူး၏
လူအကြည်ညိုများသော အရည၀ါသီ ဂိုဏ်းအတွင်းသို့ တန္တရ မန္တရဂိုဏ်းဝင်တွေ ၀င်ရောက်ကာ မိမိတို့အကျင့်ဆိုးတွေကို ကျင့်ပါတော့၏ တချိန်က လူကြိုက်များခဲ့သော အရည၀ါသီဂိုဏ်းသည် နာမည်ပျက်ကာ အရည၀ါသီမှ အရည်ကြီးဘ၀ သို့ ရောက်ရှိလာသည်ဟုဆို၏။
(ခုခေတ်ရဟန်းတော်အချို့လည်း ဤအကျင့်မျိုးတွေ ကျင့်သုံးလာ တာကို တွေ့မြင်ရ၏ အရည်းကြီးသာသနာများ
ပြန်လည်ခေါင်းထောင်လာပြီလားမသိ)
သာသနာသက္ကရာဇ် ၁၁၀၀-ခန့် ရာစုအားဖြင့် ၁၁-ရာစုတွင် တရုတ်ရဟန်းတော် ဖာရိယန်၏ ကျေးဇူးကြောင့် တရုတ် ပြည်သည် မဟာယာန သာသနာ အကြီးအကြယ် ထွန်းကားလာ၏ မဟာယာနသာသနာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၀၀၀-ရှိသည်ဟုဆို၏ မဟာယာန ဗုဒ္ဓဘာသာ ရွှေခေတ်ဟု ခေါ်ဆိုရလောက်အောင် အထွန်းကားဆုံး တရုတ်နိုင်ငံ ဖြစ်လာ၏ အရှင်ဗောဓိဓမ္မ တရုပ်ပြည်သို့ကြွ၍ ဈင်ဂိုဏ်းကို တည်ထောင်၏ ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိ ပြန့်ပွားလာ၏။
သာသနာသက္ကရာဇ် ၁၂၀၀-ခန့် ရစုအားဖြင့် ၁၂-ရာစုတွင် အိန္ဒိယပြည်မှ မဟာယာနသည် ဟိန္ဒူဘာသာရေးတွေ ရောမွှေလျှက် တန္တရ ယာန ၀ိဇ္ဇာယာနအဖြစ်သို့ ပြောင်းလဲခဲ့၍ ၀ိဇ္ဇာဘုန်းကြီးများ ခေတ်စားခဲ့၏ တရုပ်ပြည်မှ မဟာယာန သာသနာသည် ဂျပန် ပြည်တွင်ထွန်းကားလာ၏ ဆူမိကို ဘုရင်မကြီး၏လက်ထက် ရှိုတိုကုတိုင်းရှိ မင်းသားကြီး၏ ကြိုး ပမ်းမှုကြောင့် မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြ၏ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေးဥပဒေကို လည်း ဆွဲခဲ့ကြ၏။
မဟာယာနဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့လည်း ရောက်ရှိလာ၏ တိဗက်ဘုရင် ကိုးကွယ်ခဲ့၍ နိုင်ငံတော်ဘာသာ ဖြစ်ခဲ့၏ တိဗက်ပြည်တွင် အရှင်သန္တရက္ခိတနှင့် အရှင်ပဒုမသမ္ဘတို့က စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာ သာ စတင်ပေါ်ပေါက်ခဲ့၏ တိဗက်လားမား ဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည် ဘူတန်ပြည် မွန်ဂိုလီးယား ဆိုဗီယက်ပြည် ထောင်စု နိုင်ငံများသို့ပါ ဆက်လက်ပြန့်ပွားသွား၏။
သာသနာသက္ကရဇ် ၁၃၀၀- ခန့် ရာစုအားဖြင့် ၁၃-ရာစုတွင် အိန္ဒိယပြည်ရှိ မဟာယာန ရဟန်းတော်များသည် ၀ိဇ္ဇာ
ဂိုဏ်းသို့ ၀င်ကြ၏ နတ်ရုပ်ဘီလူးရုပ်များ ကတော့ပွဲထိုး၍ ဆေးဝါးမန္တရား စီရင်ကြ၏ သုဿာန်တွင်နေကြ၍ လူဦးခေါင်း ခွန်များတွင် ထမင်းထည့် စားသောက်ကြ၏ လူတို့ကို ချောက်လှန့် ညာဖြန်းစားကြ၏ ဟိန္ဒူဗြဟ္မဏဘာသာမှ ပညာရှိ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆-၂၀၁၁







ကိုခင်မောင်မြင့်၏မွေးနေ့အလှူနှင့်ကွယ်လွန်သူမောင်ကြည်မင်းခန့်အားရည်စူးသောအလှူ
မွေးနေ့ရှင်လည်းကောင်းကျိုးချမ်းသာနြှင့်ပည့်စုံ၍မောင်ကြည်မင်းခန့်လည်းကောင်းရာသုဂတိသို့
ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.