အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, July 4, 2011

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၄-၆-၂၀၁၁






ကွယ်လွန်သူဖခင်ကြီးဦးမောင်ဝင်း+မိခင်ကြီးဒေါ်အေးအေးသင်း၊ညီမလေးအိအိစံတို့အားရည်စူး၍
မလေးရှားရောက်သားသမီးများမှကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏ကောင်းရာသုဂတိရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၂-၆-၂၀၁၁





ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်အေးသီအားရည်စူး၍မလေးရှာရောက်စိန်နန်းတော်မိသားစုမှ
ကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသျု့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Sunday, July 3, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၀)


မဟာယာနတို့သည် သဘောတရားရေးအမြင် ခိုင်မာခြင်းမရှိပါ လောကနှင့် လိုက်လျှောညီထွေလုပ်တတ်၏ ၀ိနည်း သိက္ခာပုဒ်များကို ပြင်ချင်သလိုပြင်တတ်၏ သူတို့မကြိုက်တာတွေ နှုတ်ပယ်၏ သူတို့ကြိုက်တာတွေ ထည့်တတ်၏ အမျိုး
သမီးများနှင့် စာမတတ်သူများကို မဂ်ဖိုလ်ရရေးကို ဦးစားပေး ဆောင်ရွက်ကြ၏။
ထက်မျက်သော စာပေပညာရှင် ရဟန်းတော်များ မဂ်ဖိုလ်ရရန် မလွယ်ဟုဆိုကြ၏ ခေတ်ပေါ်စာပေများကို အလေး ထားကြ၏ ဗုဒ္ဓကို တကယ်လူသားစစ်စစ်မှ ကောင်းကင်ဘုံသို့ ပို့လိုက်ကြ၏ ဗုဒ္ဓအစစ်သည် လူ့ပြည်၌ ပဋိသန္တေမနေ ဖန် ဆင်းရှင်ရုပ်ပွားဖြစ်သည့် နိမ္မတရုပ်သာလျှင် လူ့ပြည်၌ ပဋိသန္တေနေဟန် တောထွက်ဟန် တရားဟောကြားဟန် ဆွမ်းစား နေဟန် စသည်တို့ကို ပြုမူ၏ လူတို့၏ မျက်စိ၌ တကယ့်လူသားဟု ထင်မှတ်စေ၏။
သာကီနွယ်ဖွား ဂေါတမဘုရားသည် နိဗ္ဗာန်ဘုံ၌ စံနေတော်မူသော ဗုဒ္ဓအစစ်၏ ကိုယ်ပွားသာဖြစ်၏ဟု ယူဆကြ၏ ဘုရားလောင်း ဗောဓိသတ္တများကို တီထွင်ကြ၏ ဗောဓိသတ္တ၀ါဒကို မဟာယာနသာ ယုံကြည်သည်မဟုတ် ဟီနယာနဖြစ် သော သဗ္ဗတ္တိဝါဒဂိုဏ်းကလည်း ယုံကြည်၏ လေးစားလိုက်နာ၏။
မဟာယာန၏ ယာနဟူသောစကားမှာ ၁-သာဝကယာန၊ ၂-ပစ္စေကယာန၊ ၃-ဗုဒ္ဓယာနတို့ဖြစ်၏ ယာနဟူသော ပါဠိ စကားမှာ လှေ လှည်း ရထား စသော စီးသွားစရာ ယဉ်တို့ကိုဆို၏ သွားခြင်းဟူသော အဓိပ္ပါယ်လည်းရနိုင်၏ ဗုဒ္ဓဘာသာ တွင် သံသရာကို သမုဒ္ဒရာရေပြင် သဏ္ဍာန်ထား၍ မဂ္ဂင်တရားကို လှေဖေါင်သဏ္ဍာန်ဖြင့် ကူးသွားနိုင်ပုံကို ဥပမာ ပြလေ့ရှိ ၏ ဤသို့အားဖြင့် နိဗ္ဗာန်သို့ ကူးသွားသောယဉ် (၀ါ)အကျင့်တရားဟု အဓိပ္ပါယ်ရ၏။
ဆိုခဲ့ပြီးသော ယာနသုံးမျိုးတွင် ၁-သာဝကယာနသည် ရိုးရိုးသာဝက လူ ရဟန်း အဖြစ်ဖြင့် ကျင့်၍ ရဟန္တာဘ၀ကို ရောက်ရခြင်းကိုဆို၏ ၂-ပစ္စေကဗုဒ္ဓယာနသည် ရဟန္တာထက် အဆင့်မြင့်သော ပစ္စေကဗောဓိဥာဏ်ကို ရရှိခြင်းကိုဆိုလို၏
၃-ဗုဒ္ဓယာနသည် ပစ္စေကဗောဓိထက်မြင့်သော အမြင့်ဆုံး ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခြင်း ရရှိခြင်းကိုဆို၏။
ထိုသုံးမျိုးတို့တွင် ပထမနှစ်ပါးမှာ မိမိတစ်ကိုယ်တည်းသာ နိဗ္ဗာန်သို့ ကူးနိုင် ရောက်နိုင်၍ တကိုယ်ကောင်းအကျင့်သာ ဖြစ်၏ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော အကျင့်မျိုးမဟုတ် ဗုဒ္ဓယာန ဘုရားအကျင့်သည်သာလျှင် သတ္တ၀ါးအများကို ကယ်တင်နိုင်၏ ဤဗုဒ္ဓယာနသည် အမြတ်ဆုံးဖြစ်သည်ဟု တွေးခေါ်လာကြရာက ဗုဒ္ဓယာနကို လက်ခံကျင့်သုံးသော ဂိုဏ်းကိုသာ မဟာယာနဂိုဏ်းဝင်ဟု လက်ခံကြ၏။
ဗောဓိသတ္တ ဘုရားလောင်းသည် သတ္တ၀ါတို့အပေါ်၌ သနားကြင်နာလှသဖြင့် မွေးဖွားခြင်း ဇာတိဒုက္ခ သေဆုံးခြင်း မရဏဒုက္ခမှ မကြောက်နိုင်ရှာဘဲ သံသရာစက်ဝိုင်းသို့ဝင်ရောက်၍ ဆင်းရဲဒုက္ခခံရ၏ မိမိတဦးတည်း နိဗ္ဗာန်သို့ ရောက်စေ နိုင်မည့် ရဟန္တာကျင့်စဉ် (သာဝကယာန) ဘုရားငယ်ကျင့်စဉ် (ပစ္စေကဗုဒ္ဓယာန) တို့ကို လုံးဝပယ်၍ ဘုရားလောင်းလမ်း စဉ် (မဟာယာန) တခုတည်းကို လက်ခံကျင့်သုံးကြသည်ဟုဆို၏။
ရှင်အဿဃောသ က စခဲ့သော မဟာယာန၀ါဒကို ရှင်နာဂအဇ္ဇုနက ဆက်လက်ဆောင်ရွက်ကာ သာသနာနှစ် ၉၀၀-
ခန့်တွင် ဂုဏ်တော်များဖြင့် ထင်ရှားတော်မူသော ဘုရားတဆူအဖြစ် ကိုးကွယ်နိုင်ရန် အချုပ်အချာ ဘုရားတဆူဖြစ်သော
အမိတာဘာ မည်သော ဘုရားကို တီထွင်ခဲ့လေသည် အမိတာဘာ မှာ အတိုင်းအရှည် အဆုံးမရှိသော အရောင်ရှိသော ဘုရားဟု အဓိပ္ပါယ်ရ၏။
အမိတာဘာ ဘုရားမှာ တရုတ်ပြည်တွင် အထင်ရှားဆုံးသော ဘုရားတဆူဖြစ်၏ နိဗ္ဗာန်ဘုံဖြစ်သော သုခ၀တီပြည်ကြီး
တွင် တည်ရှိနေတော်မူသည်ဟု ယူဆကြ၏ ထိုသုခ၀တီ နိဗ္ဗာန်ဘုံရှိ အမိတာဘာ ဘုရားကြီးမှာ လောကနှင့် တိုက်ရိုက်
ဆက်ဆံခြင်းငှာ မဖြစ်နိုင်သဖြင့် အမိတာဘာ ဘုရားကြီးနှင့် လောကကို ဆက်သွယ်ရန် ဘုရားလောင်များထားရှိကြ၏။
မဟာယာနတို့ ကိုးကွယ်သော ဗောဓိသတ္တခေါ် ဘုရားလောင်းများအနက် ထင်ရှားသော ဗောဓိသတ္တကို ဤသို့တွေ့ရ ၏။ အ၀လောကိတေသရဗောဓိသတ္တ။ ။ ယင်းဗောဓိသတ်မှာ အထင်ရှားဆုံးဖြစ်သည်။ ကြင်နာသနားတတ်သော ဗောဓိ သတ်ဖြစ်၍ အ၀ီစိငရဲသို့ ကျရောက်နေသူများကိုပင် ကယ်တင်သူဖြစ်၏။
မဉ္ဇူသီရိဗောဓိသတ္တ- လူသားတို့အား အမှန်တရားကို နားလည်စေရန် လှုံ့ဆော်ပေးသူဖြစ်၏ လက်တစ်ဖက်တွင် ဓား
Type your summary here.Type the rest of your post here.



မောင်အယ်ဒီ၏သဒ္ဓါဆွမ်းအလှူ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၅-၆-၂၀၁၁





မောင်ဖြိုးသူ+မနွဲ့နွဲ့စန်းတို့၏မင်္ဂလာဦးဆွမ်းအလှူ။
Type your summary here.Type the rest of your post here.

Friday, July 1, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၉)


ဒီတိရစ္ဆာန်မျိုး လူ့ပြည်တွင် တကယ်မရှိဘူး သုဝဏ္ဏဘူမိဘုရင်၏ သားတော်တွေ မွေးဖွားတိုင်း ဘီလူးတွေ ရေထဲ မှ တက်လာပြီး လာစားသောကြောင့် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် မနုဿီဟရုပ်ဖန်ဆင်းပြီး လိုက်ခြောက်လှန့် မှ ရေထဲ ပြန်ပြေးသည်ဟုဆို၏ ယ္ခု လက်ရှိ ဘီလူးကျွန်းသည် မွန်သမိုင်းဆရာတွေက ရေဘီလူးတွေ ရှေးက နေခဲ့သည် ဟု ဆိုထားသောကြောင့် ထွက်ပြေးသွားသော ဘီလူးတွေ၏ နေရာများလားလို့ စဉ်စားစရာ တချက်ဖြစ်ပါ၏ ထွက်မပြေး ဘဲ ကျန်တဲ့ ဘီလူးတွေကိုလည်း ဗြဟ္မဇာလသုတ်တော် ဟောပြီး အကျွတ်တရားရစေ၏ အဲဒီနေ့က မွေးတဲ့ ကလေးကို လဲ သောနုတ္တရ မင်းသားလို့ နာမည်မှည့်တော်မူ၏။
မွန်တို့သည် သုဝဏ္ဏဘူမိ (သထုံ) မြို့ကို မြို့တော် အဖြစ် ပြုလုပ်စိုးစံ နေထိုင်ကြသော မွန်နိုင်ငံ တစ်ခုကိုလည်း ကောင်း မြန်မာနိုင်ငံ နယ်စပ်နှင့် နယ်ခြားစပ်လျှက်ရှိသော ယိုးဒယား (ထိုင်း) ပြည်၏ မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်း တလွှား တို့ကို ကြီးစိုးလွှမ်းမိုးနေသည့် မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီးဖြစ်၏ ယခုအခါ ထိုင်းနိုင်ငံအဖြစ် နယ်နိ မိတ် သတ်မှတ်ထားသည့် မြေပေါ်တွင် အဆိုပါ မွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီ ဟုခေါ်၏ မြို့တော်မှာ လော့ပူရီဖြစ်၏ လော့ပူရီမြို့ကား ယခုတိုင်ရှိနေသေး၏ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ၏ မြို့တော်မှာ လမ်ဖုန်းဖြစ်၏ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။
သုဝဏ္ဏဘူမိကို အမျိုးမျိုး အဖုံဖုံ သုံးသပ်သော ဗဟုသုတရစရာ သမိုင်းဆရာတယောက်၏အမြင်ပါ အသောကမင်း က ဗဟိုအိန္ဒိယအပြင်ကိုးတိုင်းကိုးဌာနကမထေရ်ကြီးတွေက ဦးဆောင်ပြီး သာသနာပြု လွှတ်တယ်ဆိုရာမှာလည်း ဘယ် နေရာကို၊ ဘယ်ကိုယ်တော်ကြွရတယ်လို့ စာရင်း ရှိပါတယ် ကျောက်စာတော်ပေါ်က ကျောက်မျက်နှာပြင်မှာ ကျောက်စာ တစ်ဆယ့်သုံးခု ရေးထိုးခဲ့၏။
ဒီ စာရင်းမှာ သောဏနဲ့ ဥတ္တရခေါင်းဆောင်တဲ့ သုဝဏ္ဏဘူမိ ခရီးအကြောင်း မပါပါ။ ပြီးတော့ ပါဠိအဋ္ဌကထာ ဋီကာ တွေက သုဝဏ္ဏဘူမိကို ဆုမတြကျွန်းပေါ်မှာရှိတယ်လို့ ညွှန်းထားပါတယ် အင်မတန်ကျော်ကြားတဲ့ ပါဠိနာမည် အဘိဓာန် ကိုပြုစုတဲ့ မလ္လသေကျက သုဝဏ္ဏဘူမိဘယ်မှာဆိုတာ အတိအကျပြောမသွားဘူး။ သူက မွန်တွေ ယိုးဒယားသားတွေက သုဝဏ္ဏဘူမိဟာ ငါတို့ဆီမှာရှိတယ် (မွန်က သထုံ၊ ယိုးဒယားက နဆောင်ပထ) လို့ ဇွတ်ပြောနေတဲ့ အယူအဆတွေကို မဆန့်ကျင်လိုတဲ့ သဘောထားရှိဟန် တူပါ၏။
သူတို့အယူအဆ မှားတယ်ဆိုတာတော့ သိရမှာပါ ဒါပေမဲ့ မွန်ဆရာတော် တပါးဖြစ်တဲ့ တောင်ပေါက်ဆရာတော်က အိန္ဒိယမှာ နှစ်ပေါင်းများစွာ လှည့်လည်စုံစမ်းရှာဖွေပြီး၊ သုဝဏ္ဏဘူမိဟာ ဆုမတြာမှာ ဖြစ်နိုင်တယ်လို့ ဆရာတော်ပြုစုတဲ့ ဗုဒ္ဓ သာသနာ ပထ၀ီဝင်ကျန်းမှာ မြေပုံတွေနဲ့ ရှင်းလင်းဖော်ပြထားတာ တွေ့ရပြန်၏။
သမိုင်းဆရာတို့ အမျိုးမျိုး တွေးခေါ်ကြံဆခြင်းသည် မှတ်သားထိုက်သလို ယ္ခု မျက်မှောက် ထေရ၀ါဒ သာသနာသည် နိုင်ငံငယ်ငါးခုဖြစ်သည့် မြန်မာ သိရိလင်္ကာ ထိုင်း ကမ္ဘောဒီးယား လာအို ဆိုသည့် ငါးနိုင်ငံမှာသာ ထွန်းကားလျှက်ရှိပါ၏ ဤငါးနိုင်ငံသည် စီးပွားရေးအားဖြင့် ဖွံ့ဖြိုးစ နိုင်ငံတွေသာဖြစ်၏ မဟာယာန သာသနာ ထွန်းကားနေသော နိုင်ငံများသည်
စီးပွားရေးအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်နေတာ တွေ့မြင်ရ၏။
မဟာယာန
မဟာယာနဟူသည် မဟာ- ကြီးကြယ်သော+ယာန- ယဉ်၊ သတ္တ၀ါတို့ကို နိဗ္ဗာန်ရွှေပြည်အရောက် သယ်ယူပို့ဆောင် ပေးမည့် ကြီးကြယ်သောယဉ်ဟု ဆိုပါ၏ မဟာယာန၀ါဒမှာ တဦးတယောက်တည်း လွတ်မြောက်မှုသည် လွတ်မြောက်မှု
အစစ်မဟုတ်ပါ တလောကလုံး တယောက်မကျန် လွတ်မြောက်ပါမှ လွတ်မြောက်မှု အစစ်ဖြစ်သည်ဟုဆို၏။
မဟာယာနဂိုဏ်းသည် မဟာသံဃိကဂိုဏ်း အန္ဓကဂိုဏ်းများမှ ပေါ်ပေါက်လာခြင်းဖြစ်၏ မဟာယာန၏ အယူအဆ သည် ရဟန္တာသည် ရာဂလည်းမကုန်သေး မောဟလည်းမကုန်သေး ရာဂ မောဟ မကုန်သေးသဖြင့် တရားအားလုံးကို သိသူ သဗ္ဗညု မဖြစ်နိုင် ကိလေသာ မောဟတရား ကုန်စင်ပါမှ အကြွင်းအကျန်မရှိ အကုန်အစဉ် သိမြင်နိုင်၏ ဗုဒ္ဓဘုရား သာလျှင် ကုန်စင်အောင် သိမြင်သောကြောင့် သဗ္ဗညုဖြစ်၏ သဗ္ဗညုဖြစ်မှ ကိလေသာကုန်စင်သည်ဟုဆို၏။

Type your summary here.Type the rest of your post here.


မောင်ဖြိုးဝေလင်း၏ချဲပေါက်၍ကုသိုလ်အလှူ


မိုးနိုင်ဝင်းမွေးနေ့မင်္ဂလာအလှူ



မောင်သန်းခိုင်စိုး+မ၀ိုင်းဝိုင်းတို့၏မင်္ဂလာဦးဆွမ်းကျွေးပွဲကုသိုလ်။


ကွယ်လွန်သူဖခင်ကြီးဦးထွန်းရင်အားရည်စူး၍မလေးရှားရောက်သားဖြစ်သူ၏ကုသိုလ်အမျှဝေပွဲ။
ဤလေးပွဲတနေ့တည်းတချိန်တည်းဆုံလာသဖြင့်စုပေါင်းတရားဟောပေးလိုက်ပါသည်။
Type your summary here.Type the rest of your post here.

အင်ဒိုနီးရှားခရီးစဉ် (၃၈)


အရှေ့တောင်အာရှ၏ ထေရဒါဒ သမိုင်းအစကို ဖေါ်ထုတ်ချင်နေပါ၏ ထိုင်းတို့များ သုဝဏ္ဏဘူမိဖြစ်ချင်တာနှင့် လေဆိပ် အသစ်ကို သုဝဏ္ဏိဘူမိလို့ နာမည်ပေးပြီး နာမည်ကို သက်သေအဖြစ် ထားချင်ပုံရ၏ မြန်မာပြည်လည်း ဆောက်နေသည့် လေဆိပ်အသစ်ကို သောနုတ္တရ် လေဆိပ်ဟု နာမည်တတ်လိုက်လျှင် ထိုင်းနှင့်အပြိုင်ဖြစ်နိုင်၏။
သုဝဏ္ဏဘူမိသည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံး မဖြစ်နိုင်သလို ဖြစ်လည်းဖြစ်နိုင်ပါ၏ မဖြစ်နိုင်သည့် အကြောင်းအရာ ကတော့ သုဝဏ္ဏဘူမိခေတ်သည် သာသနာနှစ် ၂၃၅-ခု-နှစ်ကဟု ဆိုသောကြောင့် ယ္ခု ခေတ်တိုင်းတာထားသော မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ မြေပုံသည် ကမ္ဘာပေါ်တွင် ရှိသေးမည်မဟုတ်ပေ မြန်မာရာဇ၀င် ပြန်လှန်ကြည့်မည်ဆိုလျှင် သရေ ခေတ္တရာ(ပျူ) ပထမခေတ် ဒွတ္တဘောင်မင်းကြီး၏မြေး ဒွတ္တရန်မင်း၏သား ရန်ပေါင်မင်းလက်ထက် သာသနာနှစ် ၂၁၆-ခု နှစ်မှ ၂၆၀-ခုသည် သုဝဏ္ဏဘူမိနှင့် ခေတ်ပြိုင်ဖြစ်၏။
မြန်မာအစ တကောင်းကဟု သမိုင်းဆရာတို့ဆိုထား၏ ပထမတကောင်းခေတ် ဒုတိယတကောင်းခေတ် ပထမသရေ
ခေတ္တရာ(ပျူ) ဒုတိယသရေခေတ္တရာ (ပျူ) ခေတ်ပြီးမှ ပုဂံခေတ်ရောက်လာ၏ ပုဂံခေတ်ရောက်သည့်တိုင် ပျူ ဓည၀တီ ရှမ်း ရာမည သုဝဏ္ဏဘူမိတို့တွင် သူ့ဒေသနှင့်သူ အုပ်ချုပ်နေပုံရပါ၏ ပုဂံ အနော်ရထာလက်ထက်ကြမှ ပထမ မြန်မာနိုင်ငံ ကိုတည်ထောင်နိုင်သည်ဟု ဆိုထားသောကြောင့် ရှေးခေတ်အတိုင်းအတာနှင့်ဆိုလျှင် မြန်မာသည်သုဝဏ္ဏဘူမိ မဖြစ်နိုင် ဟု ဆိုရမလိုဖြစ်နေ၏ ယ္ခုခေတ်အတိုင်းအတာနှင့်ဆိုလျှင် မြန်မာလည်းတစိတ်တဒေသ ပါဝင်ပတ်သက်နေသောကြောင့် သုဝဏ္ဏဘူမိ ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်ပါ၏။
ထိုင်းနိုင်ငံသည်လည်း ဒွါရ၀တီ အာယုဒ္ဓယ စသည်ဖြင့် သူ့ဒေသနှင့်သူ အုပ်ချုပ်နေပုံရပါ၏ ရှေးခေတ်အတိုင်းအတာ နှင့်ဆိုလျှင် သုဝဏ္ဏဘူမိသည် ထိုင်းမဖြစ်န်ုင်ဟု ဆိုရမှာဖြစ်၏ ခုခေတ်အတိုင်းအတာအရဆိုလျှင် ထိုင်းလည်း တစိတ် တ ဒေသ ပါဝင်ပတ်သက်နေသောကြောင့် သုဝဏ္ဏဘူမိဟု ဆိုကောင်းဆိုနိုင်ပါ၏ မော်လမြိုင် တောင်ပေါက်ဆရာတော်ကြီး ၏ အယူအဆသည် သဘာဝကြသည်ဟု ဆိုရမှာဖြစ်၏ ဆူမတြာကျွန်းနှင့်တကွ ဂျာဗား၊ဘာလီ၊ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါ၏။
သုဝဏ္ဏဘူမိ ပါဠိသည် ရွှေမြေဟုအဓိပ္ပါယ်ရ၏ ရွှေဟုတင်စားခြင်းသည် ရွှေထွက်သည့်နေရာဒေသ ဖြစ်နိုင်သလို အနီ ရောင် အ၀ါရောင်ရှိသော မြေဟုဆိုနိုင်ပါ၏ မော်လမြိုင် တောင်ပေါက် ဆရာတော်ကြီး သုဝဏ္ဏဘူမိဟု ယူဆသောနေရာ တွေသည် အနီရောင် အ၀ါရောင်ရှိသော မြေတွေဖြစ်သောကြောင့် သဘာဝကြသည်ဟု ဆိုခြင်းဖြစ်ပါ၏ ရွှေထွက်သော မြေဟု ဆိုလျှင်လည်း လက်ရှိ စစ်တောင်းမြစ်ဝှမ်းတလျှောက်သည် ရွှေအလွန်ထွက်လျှက် တူးဖေါ်လျှက်ရှိပါ၏။
မွန်ရာဇ၀င်တွင် တချိန်ကသုဝဏ္ဏဘူမိသည် မွန်တို့၏ မြို့ပြနိုင်ငံတခုဖြစ်သည်ဟုဆို၏ သာသနာနှစ် ၂-ရာစု ၃-ရာစုခန့် က ထွန်းကားခဲ့ကြောင်းနှင့် မွန်ပြည်နယ်၊ ကေလာသတောင်ခြေတွင်ရှိပြီး အရေးပါသော ကုန်သွယ်ရေးစခန်း တခုဖြစ် သည် ဟုဆို၏ သုဝဏ္ဏဘူမိသည် အနောက်ဘက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံအထိ သြဇာကျယ်ပြန့် ၏။
မြန်မာနိုင်ငံတောင်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော မွန်တို့၏မြို့ပြနိုင်ငံဖြစ်ကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏ ဘူမိ၊သထုံပြည်မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွါးခါစ ကလေးတိုင်းကို လာစားလို့ တတိယသင်္ဂါယနာ တင်အပြီးရောက်လာတဲ့ အရှင်သောဏထေရ် နဲ့ အရှင်ဥတ္တရထေရ်တို့က မနုသီဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြသည်ဟုဆို၏။
ရှေးစာဆိုတပါးမှ ရုပ်ပလီ မနုဿီ ဖင်နှစ်ခွရယ်နဲ့ ယုံရမှာလား-----? ဟုမေးခဲ့ဘူး၏ ရုပ်ကလဲ လူလိုလို နတ်လိုလို ပလီပလာရုပ်နဲ့ နောက်ကလည်း ဖင်နှစ်ခွနဲ့ ဒီလိုတိရစ္ဆာန်မျိုး လူ့ပြည်တွင် တကယ်ရှိခဲ့ဘူးလားဟု မေးထားခြင်းဖြစ်၏ အဲဒီအမေးကို စာဆိုမှ ပြန်ဖြေဆိုရာ--- ဟို--ရှေးယခင် သထုံဘီလူးဝင်စဉ်က ထေရ်အရှင် ဖန်လာပြတယ် ယုံကြစေသား --ဟု ဖြေဆိုထားခြင်းဖြစ်၏ မြန်မာပြည်ဘုရားစေတီများတွင် မနုဿီဟရုပ်တွေ တည်ထားခြင်းသည် ဘီဘူးရန်ကာကွယ် ရန် တည်ထားသော်လည်း သုဝဏ္ဏဘူမိဟု မပြောသော်လည်း ပြောသလို ထောက်ခံပြသနေခြင်း ဖြစ်နေပါ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်စနေသတင်းစဉ် ၂၅-၆-၂၀၁၁





မလေးရှားပူချုန်ဒီအိပ်အယ်နေရွှေမြန်မာများကျောင်းအသုံးဆောင်ပန်ကာအလှူ
Type your summary here.Type the rest of your post here.