အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 3, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀-(၂၉)





   အရက်သမားနှင့် ပက်သက်လို့ နောက်ဇာတ်လမ်းတပုဒ် တင်ပြခြင်ပါသေး၏ ဘုန်းဘုန်းနေသော ပူချုန်း ၁၂-မိုင် ၀န်းကျင် က ဘုန်းကြီးကို မလိမ့်တပါတ်လုပ်သွားသော ဇာတ်လမ်းလေးတပုဒ်ဖြစ်ပါ၏။
                               ဘုန်းကြီးကို တပါတ်ရိုက်သွားခြင်း
     လွန်ခဲ့သော ၂၀၀၆-ခုနှစ် ဖေဖေါ်ဝါရီလဆန်း၏ တနေ့သော နံက်(၈)နာရီအချိန်လောက်တွင် ပူချုန်း ဓမ္မရောင်ခြည် ကျောင်းမှ လူခေါ်ဘဲတီးသံလေး မြည်ဟီးလာ၏ မလေးရှားနိုင်ငံသည် လုံခြုံမှုအားနည်းသော နိုင်ငံဖြစ်၏ ကျောင်းတခါးကို ဖွင့်မထားရဲ အမြဲသော့ခတ်ထားရ၏ ဖွင့်ထားလို့ကတော့ ရှိသမျှပြောင်မည်သာမှတ် ခိုးလို့ ယူလို့ဆို တော်သေး၏ ဓါးပြတိုက် မှုတွေက ပိုများတော့ လုံခြုံရေးအရ သော့ခတ်ထားရခြင်းဖြစ်၏ ယ္ခုလည်း ဘဲတီးသံမြည်လာလို့ တံခါးဖွင့်ကြည့်ရ၏ တံခါး ဖွင့်ကြည့်မှ အံ့သြဖွယ်ရာ လူတစုကို တွေ့မြင်ရလေ၏။
      တခြားတော့မဟုတ်ပါ ဤပုဂ္ဂိုလ်များသည် ပူချုန်း ၁၂-မိုင်ဝန်းကျင်တွင် နာမည်ကြီးလှသော အရက်သမား မောင်မူးတို့ အဖွဲ့ဖြစ်၏ ဘုန်းကြီးကျောင်းကို ဘယ်သောအခါမှမလာ အကြောင်မျိုးစုံပြပြီး ငြင်းဆန်နေသောမောင်မူးအဖွဲ့ဖြစ်၏ ဘုန်းကြီး လည်း သူတို့ကို တွေ့မြင်ရတော့ အံ့ သြသွားခြင်းဖြစ်၏ ယ္ခုတော့ လက်ထဲမှာလည်း လှူဖွယ်ပစ္စည်းများဖြစ်သော အအေး
ဘူး သစ်သီး မုံ့ဘူး စသည်ဖြင့် လှူဖွယ်ပစ္စည်းများစွာကို လက်ထဲမှာစွဲလျှက် အထူးရိုသေသော အမူအရာတွေဖြင့် ဆရာ
တော်ဘုရား တပည့်တော်တို့ ဆရာတော်ဘုရားအား လာရောက်ဖူးမျှော်ကန်တော့ခြင်းဖြစ်ပါသည်ဘုရားဟု ဦးခေါင်းငုံ့ ခါး
ကုန်းကာ ရိုရိုသေသေ အထူးလျှောက်ထားနေတာ တွေ့မြင်ရ၏။
      သာမန်လာသူတွေထက် ပိုပြီး ထူးထူးခြားခြား အရိုအသေ ပြုနေတာကိုလည်း သတိထားမိ၏ ဘုန်းဘုန်း စိတ်ထဲမှာ တော့ ပူချုန်း ၁၂-မိုင်တွင် နာမည်ကြီးနေသော မောင်မူးတို့အဖွဲ့ ကျွတ်တန်းဝင်လာပြီဟု ပြုံးမိရင်း ကျောင်းတံခါးကို ဖွင့်ပေး လိုက်၏ စတိုခန်းထဲတွင် လှူဖွယ်ပစ္စည်းတွေကို ကျောင်းမှလင်ပန်းဖြင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြီး ဘုန်းဘုန်းထံသို့ ရိုရိုသေ သေ ရောက်ရှိလာ၏ ဘုန်းဘုန်းကလဲ ဘာအတွက် ရည်စူးလှူကြတာလည်းလို့မေးတော့ ဘာအတွက်ရယ်လို့ မဟုတ်ပါဘူး ဘုရား တပည့်တော်တို့ ဆရာတော်ကို ကြည်ညိုလို့ လှူရန်လာခြင်းဖြစ်ပါတယ်ဘုရားဟု လျှောက်ထားကြ၏။
     ဘုန်းကြီးလည်း အံ့သြစွာနဲ့ သူတို့ကို ကြည့်မိပြီး သြော်-- ငါလည်း အရက်သမားကြည်ညိုတဲ့ ဘုန်းဘုန်းဖြစ်နေပါပကော ဟု စိတ်ထဲမှာ ပြုံးမိ၏ ဒီအရက်သမားတွေကို တရားဟော ကြုံကြိုက်ဖို့မလွယ် ဘုန်းကြီးဆို နည်းမျိုးစုံ လှည့်ပတ်ရှောင်နေ သောအဖွဲ့ဖြစ်၏ ယ္ခုလို ကြုံတုံးဆုံတုံး တရားအနည်းငယ်ဟောအုံးမှလို့ ကြံမိပြီး ကဲဒကာတို့ အလှူအတန်းလုပ်ရင် သြကာ သနဲ့ ရှိခိုး ငါးပါးသီလယူ တရားနာရေစက်ချရတယ် သြကာသ ရတယ်မို့လား ဆိုကြဟု ခိုင်းလိုက်မှ အားလုံး တယောက် မျက်နှာ တယောက်ကြည့်ကာ ပြုံးစိစိ လုပ်နေကြ၏ တပည့်တော်တို့ နဲနဲဘဲရတယ်ဘုရား အားလုံးရမှာမဟုတ်ဘူးဟု လျှောက်လာကြ၏ ရသလောက်ဆိုကွာဟု ဘုန်းဘုန်းထပ်ပြောလိုက်၏။
     မောင်မူးတို့အဖွဲ့ အိုးနင်းခွက်နင်း သြကာသကို တယောက်တပေါက်ဆိုကြ၏ အဆုံးသတ်လို့မရတော့ပါ ဘုန်းဘုန်းကဘဲ အဆုံးသတ်ပေးလိုက်ရ၏ မောင်မူးတို့အဖွဲ့ သြကာသဆိုလိုက်၇တာ ချွေးပြန်နေတာတွေ့ရ၏ တခါမှ ဘုန်းကြီးကျောင်းကို မလာ ဆွမ်းကပ်တရားနာပွဲတွေမှာလည်း အမြဲတန်းရှောင်ပြေးနေတဲ့ မောင်မူးတို့အဖွဲ့ ဘုန်းကြီးနဲ့  ကိုယ်တိုင်ဆုံတွေ့ရတော့ ဒုက္ခတွေ အကြီးအကြယ်ရောက်နေတာတွေ့ရ၏ ဘုန်းဘုန်းလည်း သူတို့အခက်အခဲကိုသိတာနဲ့ ဘုန်းကြီးကျောင်း ခဏခဏ လာလျှင် နောက်ဆို သြကာသ ရသွားမှာပါကွာဟု ရီရီမောမောပြောလိုက်တော့ သူတို့တတွေ စိတ်သက်သာရာ ရသွားပါ၏ သြော်---သြကာသ မရလို့ တိုင်ပေးရတဲ့ မြန်မာတွေ မလေးရှားတွင်များလှပါ၏။
 


Type your summary here. Type the rest of your post here.

Wednesday, October 2, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၈)



    သေရည်သေရက် ဟုအမည်ပေးထား၏ သေရည်သည် သေတတ်သည့်အရေဟု အဓိပ္ပါယ်ဖွင့်ဆို၍ သေရက်ကို တော့ သေတတ်သည့်အရက်ဟု ဖွင့်ဆိုရမှာဖြစ်၏ ဤသေရည်သေရက်ကို လူငယ်တွေ အတော်ခင်တွယ်တာတွေရ၏ ရုပ်ရှင်တွေ ဗွီဒီယိုတွေကလည်း အရက်သောက်ခန်းတွေကို ကျကျနနရိုက်ပြနေတော့ အရက်သောက်နိုင်မှ ဂုဏ်ရှိတယ်လို့ လူငယ်တွေ စိတ်ထဲမှာ ထင်နေပုံရ၏ အရက်သောက်ပြီး ဘ၀ပျက်သွားတဲ့ သူတွေကိုတော့ သင်ခန်းစာ ယူရမှန်းမသိ စိတ်ညစ်လျှင် အရက်သောက်ရမည်ဟုသာ မှတ်ထားပုံရ၏ ကုဋေ (၈၀)သူဋ္ဌေးသားလည်း အရက် သောက်ပြီး သူတောင်းစားဘ၀ ရောက် သွားတာတွေကို သင်္ခန်းစာယူသင့်ပါ၏။
           ဤသေရည်၏ဆိုးကျိုးတွေကိုလည်း လူတွေသိထားသင့်၏
၁။သေရည်သောက်သူသည် စီပွားဥစ္စာပျက်တတ်၏ အရက်တခွက်သောက်လျှင် တခွက်ဖိုးပိုက်ဆံထွက်သွား၏ နဲနဲသောက် လျှင် ပိုက်ဆံနဲနဲကုန်၏ များများသောက်လျှင် ပိုက်ဆံများများကုန်၏ သိပ်မူးနေလျှင် မိမိပစ္စည်းကို မထိမ်းသိမ်း နိုင်တော့ပါ လူလိမ်လူညာတွေနဲ့တွေ့ကာ စီပွားဥစ္စာပျက်တော့၏။
၂။သေရည်သောက်သူသည်ရန်များတတ်၏ သေတတ်သည့်အရည်ဝင်ပြီဆိုင်လျှင် ရန်ဖြစ်ဖို့ဝန်မလေးတာတွေ့ရသော ကြောင့် အလွန်ရန်များပါ၏။
၃။သေရည်သောက်သူသည် ရောဂါများတတ်၏ သေရည်သေရက်ကို ကြာရှည်စွာ သုံးစွဲသူသည် အသဲရောဂါ အရက်နာကြ
ကာ ရောဂါမျိုးစုံနှင့်တွေကြုံရမည်ဖြစ်၏။
၎။သေရည်သောက်သူသည်နာမည်ပျက်တတ်၏ -အရက်သမားကို ဘယ်သူမှအထင်မကြီးပါ ကဲ့ရဲ့ရှုတ်ချသံသာကြား ရပါ၏ မိမိကိုတိုင် အရက်သမားဟု အခေါ်ခံရသလို မိမိ၏ ဇနီးသားသမီးကိုလည်း အရက်သမားမယား အရက်သမားသား  အရက် သမား သမီးဟု နာမည်ကင်ပွန်းတတ်ခံရ၏ မိသားစုပါနာမည်ပျက်လေ၏။
၅။သေရည်သောက်လျှင် အရှက်အကြောက်မဲ့တတ်၏ သေရည်မူးလျှင် မိမိအင်္ဂါကြီးငယ်ကို ဖွင့်လှစ်ပြရမှာ ၀န်မလေးတော့ ပါ အရှက်မဲ့သူသာဖြစ်၏။
၆။ သေရည်သောက်လျှင် အသိဥာဏ်မဲ့၏ သေရည်ကို အမြဲမှီဝဲနေပါလျှင် မိမိတတ်ထားသည့် အတတ်ပညာတွေ အမှတ် သညာ ကင်းမဲ့ပြီး သတိလွတ် မေ့လျှော့လာတာကိုလည်း ထင်ရှားစွာတွေ့မြင်ရ၏။
      ယ္ခုလည်း မလေးရှားကို အကြံကြီးကြီးနဲ့ လာခဲ့ကြသော ကံကြီးသားသုံးယောက် လှေလှော်ရင်း တက်ကျိုးကိန်း ဆိုက်ရ ခြင်းသည် သေအောင်သောက်သွားသော ဤသေရည်ကြောင့်ဆိုတာထင်ရှားပါ၏ သေသူကတော့သေပြီ ကျန်သည့် မလေး ရှား ရောက်မြန်မာတွေ သင်္ခန်းစာယူသင့်လှ၏ မိမိတယောက်သေအောင်သောက်သွားတာနဲ့ မြန်မာပြည်ကမိမိ မိသားစုတွေ ဒုက္ခရောက်မှာကို မြင်ရောင်ပြီး သေအောင်မသောက်ဖို့ ရွှေမြန်မာတွေ သင်္ခန်းစာယူနိုင်အောင် အသိပေး တင်ပြလိုက်ပါ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၃-၁၀-၂၀၁၃





မလေးရှားရောက် ရွှေမြန်မာများ လှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

Tuesday, October 1, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၇)



       သေအောင်သောက်သွားသည့် မလေးရှားရောက်မသာများ
      ၂၄-၃-၂၀၁၃-တနင်္ဂနွေ
   မလေးရှား ဓမ္မရောင်ခြည်ကျောင်းသို့ ရမည်းသင်းသား ဒကာသန်းစိန်နှင့် ဒကာကျော်စိန် ဆွမ်းစားလာပင့်၏ အကြောင်း ကတော့ ရမည်းသင်းမြို့နယ် ကန်ကြီးရွာသားများဖြစ်ကြသော ကိုဇော်ဝင်း (၃၃)နှစ် မောင်နေလင်းအောင် (၂၉) နှစ် မောင်လှိုင်မင်း (၂၈) နှစ်တို့ ၃-လောင်းပြိုင်အသုဘ ရက်လည်ဆွမ်းကပ်ဖြစ်၏ သုံးလောင်းမက မလေးရှား၏ နေရာတိုင်း တွင် အရက်တုတွေသောက်ပြီးသေခြင်းဖြစ်၏ မလေးရှားရောက်မြန်မာတွေ အရက်ကြောင့် သေမှု သေခင်းတွေ အတော် များများကြားနေရ၏
    မလေးရှားတွင် သေအောင်သောက်သွားသော ကန်ကြီးသားသုံးရောက်ဖြစ်၏ နေတဲ့နေရာကြည့်တော့လဲ သုံးထက်သား တွေကာပြီး တဲသာသာ ခပ်ချာချာနေရာဖြစ်၏  တောအုပ်လေးတခုတွင် ဖြစ်သလို နေရခြင်းဖြစ်၏ မြန်မာပြည်က မိဘတွေ သိလျှင်စိတ်ကောင်းမည်မထင်ပါ တချို့မြန်မာပြည်မှပုဂ္ဂိုလ်တွေ နိုင်ငံခြားမှာ သားရှိသည် ခင်ပွန်းရှိသည်ဟု ထင်တိုင်းသုံးနေ သူတွေ ဒီသတင်းတွေဖတ်ပြီး အမှန်တိုင်းမြင်စေကာနိုင်ငံရပ်ခြားတွင် ကျွန်လို လုပ်နေရသည်ဆိုတာ သိစေခြင်ပါ၏။
     အနေဆင်းရဲ  အစားချွေတာပြီး  သေရည်သေရက်ကိုတော့  မြန်မာတွေ  လုံးဝချွေတာတာ  မတွေ့ရပါ   မြန်မာဆိုင်တွေ
မေးကြည့်တိုင်း အရက်ရောင်းအကောင်းဆုံးဟု အမြဲတန်းကြားနေရ၏ ရောင်းတဲ့အရက်တွေကလည်း အတုတွေသာ ဖြစ်၏ ဘာအာမခံချက်မှမရှိ  ဖြစ်သလို ဖေါ်စပ်ရောင်းနေသည်ဟု ကြားသိရ၏   စီးပွားရေးသမားတွေကလည်း   ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး   သူတို့ချမ်းသာဖို့သာကြည်ပြီး   အာမခံချက်မရှိတဲ့  အရက်တုတွေကို ဖောဖောသောသောစပ်ကာ ရောင်းချနေ၏ သောက်သူတွေကလည်း ဘာမှမမေး မူးရင်ပြီးရောဆိုပြီး သောက်နေကြ၏။
      မလေးရှားရောက်မြန်မာတွေလည်း သေအောင်သောက်သည့်မသာတွေအတော်များလှ၏ မြန်မာပြည်တွင် ငတ် ငတ် ပြတ်ပြတ် သောက်ခဲ့ရတာတွေကို မလေးရှားရောက်မှ အတိုးချပြီး သောက်နေကြသည်ဟုထင်ပါ၏ မြန်မာဆိုင် ဖွင့်သူတွေ လည်း  အရက်မရောင်းရလျှင်  ဆိုင်အဆင်မပြေဟု ပြောသံကြား၏  ဆိုင်ကိုတော့အပြစ်ပြောစရာမလို သောက်တဲ့လူရှိလို့ ရောင်းနေခြင်းဖြစ်၏ သောက်တဲ့လူမရှိလျှင် ထိုဆိုင်လည်းရောင်းမည်မဟုတ်ပါ ဘုန်းကြီးတို့လည်း သေတတ်သည်အရေကို မသောက်ဖို့ဟောသော်လည်း ပစပ်အမြုတ်ထွက်ရုံသာရှိ၏ ဘာမှထူးမလာဘဲ အရက်သမားတွေ ပိုများလာတာကိုသာ တွေ့ မြင်ရ၏။
    ယ္ခုလည်းကြည့်လေ သုံးလောင်းပြိုင်အသုဘ ကြားလို့မှမတင့်တယ် အရက်သောက်သေရတယ်လို့ သူတို့နောက်မှာ ရှိတဲ့ မိဘတွေ ဇနီးသားသမီးတွေ  ဘ၀ပျက်ပြီပေါ့  မလေးရှားမှာ  တယောက်အသက်ထွက်သွားလျှင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိ သားစု ဘ၀ပျက်ပြီပေါ့ မလေးရှားရောက် ယမကာလုလင်များ ငါတို့တတွေ အရက်ကြောင့်သေတာနဲ့ ငါတို့နောက်မှာကျန်ခဲ့ တဲ့ မြန်မာပြည်ကမိသားစု ဒုက္ခရောက်ပြီဆိုတာ ကြိုတင်သဘောပေါက်ကာ သေတတ်တဲ့ အရေတွေကို သေဘေးမှ ဝေး အောင် ရှောင်ကြဉ်ကြပါ။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည် အင်္ဂါသတင်းစဉ် ၁-၁၀-၂၀၁၃






မလေးရှား-ပူချုန်း-အိုင်အိုအိုင်-ရောက် မောင်ဇော်ထိုက်၏မွေးနေ့ဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၆)



     မိတ္ထိလာအရေးအခင်း
       ရခိုင်အရေးခင်းကြောင့် မလေးရှားတွင် ရိုက်ခတ်မှုများ အနည်းငယ် ငြိမ်စပြုလာပြီး (၁၀) လတွင်းသို့ ရောက်ရှိလာချိန်တွင်
မတ်လ-၂၀၁၃-ခုနှစ်တွင် မိတ္ထိလာ အရေးအခင်းက စတင်ဖြစ်ပေါ်လာပြန်၏ ရွှေဆိုင်ပြဿနာလောက်ဆို သိပ်ကြီးကြယ်မည် မဟုတ်ပါ ခရီးသွား ရဟန်းတပါးကို သတ်ဖြတ်မှုကြောင့် တုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါ၏ မိမိဘာသာကို အစော် ကားခံရသော ဆတ်ဆတ်ထိမခံသော ဗုဒ္ဒဘာသာဝင်တွေနှင့် ဘာသာခြားတွေ မီးရှို့မှုတွေ ဖြစ်ပေါ်လာပါ၏ မီးကို ဘယ်သူတွေ စတင် ရှို့လည်းမသိပါ ဒုက္ခရောက်သူတွေကတော့ များလှပါ၏။
   ဒုက္ခသည် စခမ်းမှာတော့ ဒုက္ခရောက်နေသူတွေသည် ဗုဒ္ဓဘာသာဝင်နှင့် မူစလင်ဘာသာဝင် နှစ်မျိုးလုံး တွေ့ရှိရခြင်းကြောင့်
ဒီမီးရှို့မှုဟာ ဘာသာဝင်နှစ်မျိုးလုံးနဲ့ ပတ်သက်နေမှာဖြစ်၏ သို့သော်လည်း ကမ္ဘာ့မီဒီယာတွေကတော့  ဗုဒ္ဓဘာသာဝင်တွေက သာ မီးရှို့သည်ဟု ရေးသားဖေါ်ပြကြ၏ မလေးရှား တီဗွီ တွေမှာလည်း ဗလီတွေနှင့်မူစလင်အိမ်တွေကို မြန်မာဗုဒ္ဓဘာသာတွေ က မီးရှို့သည်ဟု သတင်းတွေလွှင့်ကြ၏ သတင်းစာတွေ မှာလည်း ရေးသားဖေါ်ပြကြ၏။
       တည်ငြိမ်စပြုလာသောမလေးရှားလည်း ပြန်လည်လှုပ်ရှားစပြုလာပြန်၏ ဒီတခါဖြစ်တဲ့နေရာက မိတ္ထိလာဆိုတော့ ဗမာလူ မျိုးတွေကို အဓိကမဲပြီး ချောင်းရိုက်တာမျိုးတွေ ကြားရပြန်၏ အဓိကအကြမ်းဖက်တိုက်ခိုက်နေသူတွေကတော့ မလေးရှား ရောက် ဘင်္ဂလီ အုပ်စုတွေဖြစ်၏ မိတ္ထိလာအရေးခင်းက ရခိုင်အရေးခင်းလောက် မဆိုးဘူးဟု ပြောဆိုရမှာဖြစ်သော်လည်း မိတ္ထိ လာ အရေးအခင်းမှစ၍ မြန်မာတွေ အရက်တုတွေသောက်လို့ ရာချီပြီးသေဆုံးမှုတွေ ဖြစ်ပေါ်လာတာကတော့ သံသယဖြစ်စရာ အလွန်ကောင်းလှ၏ မြန်မာတွေသောက်သုံးတဲ့ အရက်ဖေါ်စပ်တဲ့ စီးပွာရေး အတ္တသမားတွေသည် မြန်မာတွေ ပါဝင်သလို ဘာ သာခြားတွေလည်း ပါဝင်သည်ဟု သိရပါ၏။
    မလေးရှားတွင် သုံးလောင်းပြိုင်အသုဘ လေးလောင်းပြိုင်အသုဘ စသည်ဖြင့် အရက်သောက်ပြီးသေသည့် သတင်းတွေ ကို နေရာတိုင်းမြို့တိုင်းမှာကြားနေရပါ၏ စိတ်မကောင်းရုံမှတပါးဘာမှမတတ်နိုင်ပါ သေအောင်သောက်သည့် မသာသတင်း တွေသာ ဆက်တိုက်ကြားနေရ၏ အရက်ကြိုက်သည့် ရွှေမြန်မာတွေလည်း အရက်ကို တော်တော်လန့်သွားပုံရပါ၏ မြန်မာ ချက်အရက်ရောင်းသည့် ဆိုင်တွေကိုလည်း မလေးရဲမှ အော်ပရာစီဝင်မည်ဟု သတင်းတွေ ထွက်လာတော့ မြန်မာဆိုင်တွေ အရက်တွေ ဖွက်ကြသိမ်းကြနဲ့ ဆိုင်မှာမတင်ရဲသလောက်ဖြစ်သွား၏ ဘုန်းဘုန်းတို့လည်း အသုဘလာပင့်တာကို အသုဘ တရားမဟောရဘဲ အရက်တရားတွေဟောကြားနေရပါ၏ ဘုန်းကြီးကို လာပင့်သည့် သုံးလောင်းပြိုင် အသုဘအကြောင်းကို အင်တာနက်စာမျက်နှာတွင် ရေးသားတင်ခဲ့ပါ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၉-၉-၂၀၁၃





မလေးရှားရောက် မွေးနေ့ရှင် ကိုအောင်အောင်ကြည်၏ မွေးနေ့ဆွမ်းအလှူ။
Type your summary here. Type the rest of your post here.