အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, October 8, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၃)



            အရက်သမားပင့်သော မူဆလင်-ဆွမ်းတနပ်
       မလေးရှား ပူချုန်း ဓမ္မရောင်ခြည်ကျောင်း ဘဲတီးသံလေးဆက်တိုက်ကြားလာပြန်၏ တံခါးဖွင့်ကြည့်လိုက်တော့ လာနေ ကြ မောင်မူးတယောက်ဖြစ်နေ၏ သူသည်အရက်သောက်သော်လည်း ဘုန်းကြီးကို မကျည်းသီးစိမ်းငပိချက် အမြဲချက်ပို့နေ သောဒကာဖြစ်၏ သူ့အရက်နံ့ ဘုန်းကြီးထံရောက်လာမှာစိုးလို့ ကွမ်းတွေ အမြဲဝါးနေတာတွေ့ရ၏  ကွမ်းနံ့နှင့်အရက်နံ့ ပေါင်း ပြီးထွက်လာသောအနံ့သည် အခံရခက်လှသော အနံ့ဆိုးတမျိုးဖြစ်နေပြန်၏။
      ကဲ--ဒကာတော် ဘာကိစ္စနဲ့လာသလည်းလို့ မေးလိုက်တော့ မြန်မာမူဆလင်တယောက်က ဆွမ်းစားပင့်ခိုင်းလို့ပါဘုရား ဟုလျှောက်၏ ဒကာတော် ဟုတ်မှလည်းလုပ်ပါဒကာရယ် မူဆလင်က ဘုန်းကြီးဆွမ်းကပ်တာ တခါမှ မကြားဘူးပါဘူး ဒကာ နားကြားလွဲလာသလား ဒါမှမဟုတ် မူးပြီးတော့ ကြားချင်တာတွေ ကြားလာသလားဟု ပြန်မေးနေရ၏ တကယ်ပင့်ခိုင်း တာပါ ဘုန်းဘုန်း ဆွမ်းလည်းကပ်မယ် သူတို့ တမိသားစုလုံးလည်း ဗုဒ္ဓဘာသာဝင်မယ်ဟု လျှောက်ခိုင်းတယ်ဘုရား။
       ဘုန်းကြီးလည်း နာရှိလို့သာကြားရသည် မောင်မူးစကားကို သိပ်မယုံချင် ဒါပေမဲ့ သူတကယ်ပြောနေတော့ ဆွမ်းစား လက်ခံလိုက်ရ၏ သူတို့ပင့်သောရက်သည် တနင်္ဂနွေနေ့ဖြစ်သောကြာင့် ကြိုတင်ပင့်ထားသူ အာရုံဆွမ်း နေ့ဆွမ်းတွေရှိနေ၏ မွန်းလတ်ဆွမ်းဖြစ်တဲ့ ၈-နာရီအချိန်ပေးလိုက်၏ မင်းတို့လာပင့်ဟုလည်းမှာလိုက်၏ မသေချာမှာဆိုးလို့ ကိုယ်တိုင်လာပင့် ခိုင်းလိုက်ခြင်းဖြစ်၏ ဘုန်းကြီးလည်း ဆွမ်းစားသာ လက်ခံလိုက်ရသည် စိတ်ထဲမှာတော့ ဇဝေဇ၀ါသာဖြစ်နေ၏။
      မူဆလင်ဒကာဆွမ်းကပ်မည့် သတင်းကို ရှာအလမ်း ကပ်ပုံချာဝနေ ဘုန်းကြီးနှင့် ရင်းနှီးသော ဒကာဒကာမတွေ အာလုံး သိသွားကြပြီး ဘုန်းကြီးထံ ဖုံးဆက်လာကြ၏ ဆရာတော် မူဆလင်ဒကာဆွမ်းကပ်မယ်ဆိုတာ ဟုတ်လား ဟုတ်တယ် လာ ပင့်သွားတယ်ဟု ပြောလိုက်တော့ ဆရာတော် ပင့်တာက အရက်သမားမောင်မူး ဆွမ်းကပ်မှာက မူဆလင်ဒကာ ဟုတ်ပါ့ မ
လားဆရာတော် အေးကွ ငါလည်း မယုံသင်္ကာနဲ့ဘဲ လက်ခံလိုက်ရတာဘဲ ဆွမ်းကပ်ပွဲ မဖြစ်လျှင် ဆရာတော် ဆွမ်းလွတ်နေ အုံးမယ် မွန်းလတ်ဆွမ်းပေးထားတာ ကိစ္စမရှိပါဘူးကွာ သူတို့ပွဲပျက်လည်း ငါနောက်တပွဲ ကြွစရာရှိပါသေးတယ်ဟု ပြန်ပြော လိုက်ရ၏ ဒကာတွေကလည်း စိတ်ပူနေကြ၏။
       ဆွမ်းကပ်မည့်နေ့တော့ရောက်လာပါပြီ အတူလိုက်မည့် သံဃာတွေကိုလည်း မွန်းလတ်ဆွမ်းပွဲကတော့ သိပ်မသေချာ ကြောင်း လာပင့်လျှင် အဆင်သင့်ဖြစ်ရန်ပြောထား၏  နံက်၈-နာရီတွင် လာပင့်တာနှင့် ဘုန်းကြီးတို့ သုံးပါးကြွလာခဲ့၏ မူဆ လင်ဒကာ၏ အိမ်နီးနားခြင်း မြန်မာဒကာတွေလည်း စိတ်ဝင်စားတာနှင့်ရောက်နေကြ၏ တကယ်ဗုဒ္ဓဘာသာထဲ ၀င်မှာလား ဒါမှမဟုတ် ဗုဒ္ဓဘာသာရဟန်းတော်တွေ ဒုက္ခပေးမှာလားဆိုသည့် သံသယစိတ်တွေနဲ့ ဘုန်းကြီးတို့ကို အန္တရာယ်မဖြစ်အောင် ၀ိုင်းရံ ကာကွယ်ပေးထားခြင်းလည်းဖြစ်၏ ဘုန်းကြီးလည်း ဆွမ်းဒကာတွေကို မေတ္တာပို့ပြီး အိမ်ထဲသို့ ကြွလာခဲ့၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောငိခြည်တနင်္ဂနွေသတင်းစဉ် ၆-၁၀-၂၀၁၃






မလေးရှား-နီးလိုင်းရောက် ရွှေမြန်မာများ၏ သဒ္ဓါဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၂)



     (၅)လူ့ထက်သာသော လူဆိုသည်မှာ လောကီအားဖြင့် လူ့ထက်သာသောပုဂ္ဂိုလ် လောကုတ္တရာအားဖြင့် လူ့ထက်သာ သောပုဂ္ဂိုလ် နှစ်မျိုးဆိုရမှာဖြစ်၏ လောကီအားဖြင့်လူ့ထက်သာသော ပုဂ္ဂိုလ်တွေသည် ကိုယ့်ကျိုးကိုမကြည့် အများကျိုးကို ကြည့်တတ်သော ပရဟိတ သမားတွေဖြစ်၏ ကမ္ဘာမှာဆိုရင် မာသာထရီဇာ တို့ မာတင်လူသာကင်း စသော ပုဂ္ဂိုလ်တို့ပင် ဖြစ်၏ မြန်မာပြည်မှာဆိုလျှင် သီတဂူဆရာတော်တို့ ကိုကျော်သူ မဖြူဖြူသင်း ဒေါက်တာစင်သီယာမောင်တို့လို ဘ၀ကြောင့် အတ္တပြောက်နေသော လူသားတွေဖြစ်၏ နိုင်ငံရေးသမားတွေဘက်က ကြည့်မယ်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့လို ပုဂ္ဂိုလ်ထူးတွေဖြစ်ပါ၏။
       လောကုတ္တရာအားဖြင့် လူထက်သာသောပုဂ္ဂိုလ်ဆိုသည် သမထတရားကို အခြေခံပြီး ၀ိပဿနာတရားကို ပွာများအား ထုတ်ကာ သောတာပန် သကဒါဂမ် အနာဂမ် ရဟန္တာ ပုဂ္ဂိုလ်ထူးများကို ဆိုခြင်းဖြစ်ပါ၏ လူ့ထက်သာသောပုဂ္ဂိုလ် ဖြစ်ဖို့ရန် အတော်ခက်ခဲပါ၏ ဖြစ်အောင်ကျင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့လေ လူထက်သာသောသူ မဖြစ်ရင်နေပါစေ လူနဲ့တူ အောင် နေနိုင်ရင်ဘဲ လူ့ဘ၀မှာ နေပျော်ပါ၏  မိမိကွယ်လွန်သည့်အခါ အပါယ်ငရဲမကျေရောက်ဘဲ သုဂတိဘ၀ကို ရရှိမှာ သေချာပါ၏ ဒကာတွေ လူငါးမျိုးတွင် ဘယ်လူမျိုးနဲ့ တူသလဲမေးတော့ ဘယ်သူမှမဖြေပါ။
      လူ့ဘ၀ကိုရရှိထားတဲ့ လူသားတွေ အိပ် စား ပျော်ပါး သုံးခုသာနားလည်တဲ့ တိရစ္ဆာန်နဲ့ တူတဲ့ လူသားဖြစ်ရင်လည်း မကောင်းဘူး စားကာနီးမှ ချေးပါအုံး ငှားပါအုံးလို့ လက်ဝါးဖြန်းကာ တောင်ရမ်းတတ်တဲ့ ပြိတ္တာနှင့်တူတဲ့ လူသားဖြစ်ရင်
လည်းမကောင်းဘူး ဒုစရိုက်မှု တခုခုကျူးလွန်လို့ ထောင်နန်းစံနေရတဲ့ ငရဲသားနဲ့တူတဲ့ လူသားဖြစ်ရင်လဲ့ မကောင်းဘူး လူ့ ထက်သာသော လူသားမဖြစ်ရင်နေပစေ လူနှင့်တူသောလူသားဖြစ်အောင် စွန့်လွှတ်အနစ်နာခံချင်တဲ့ စိတ်ဓါတ်နဲ့ ရိုသားပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့် လူနှင့်တူသော လူသားဖြစ်အောင် ကျိုးစားကြပါလို့ တိုက်တွန်းရင်းတရားနိဂုံးအဆုံးသတ် လိုက်၏ ရေစက်ချအမျှဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုကြ၏။
      လှူဖွယ်ပစ္စည်းတွေကို တယောက်ခြင်းကပ်လှူကာ ပါလာသောကင်မရာဖြင့် မှတ်တမ်းတင် ဓါတ်ပုံတွေ သေသေချာချာ ရိုက်တာတွေ့ရ၏ တဦးခြင်းဘုန်းကြီးကို လက်အုပ်ချီနေတဲ့ပုံတွေလည်းရိုက်၏ စုပေါင်းဂရုပုံတွေလည်းရိုက်၏ မောင်မူးတို့ အဖွဲ့ ဒီတခါတော့ ဘုန်းကြီးကို အတော်ကြည်ညိုနေပါလားလို့ စိတ်ထဲမှာ ကြိတ်ပြုံးလေးပြုံးမိ၏ ဓါတ်ပုံတွေ စိတ်တိုင်းကြ ရိုက်ကာ ရိုရိုသေသေ ရှိခိုးကတော့ပြီး မောင်မူးတို့အဖွဲ့ ပြန်သွားလေ၏။
       ညနေချမ်းအချိန်တွင် မောင်မူးတို့အဖွဲ့နှင့် အလွန်းရင်းနှီးသော ဒကာတယောက် ရောက်လာတာနှင့် ဘုန်းကြီးမှ ဒကာ့ မိတ်ဆွေ မောင်မူးတို့အဖွဲ့ ကျွတ်တန်းဝင်ပြီနဲ့တူတယ် ဘုန်းကြီးထံ နံနက်က လှူဖွယ်ပစ္စည်းတွေ အများကြီးနှင့် ရိုရိုသေသေ လာကတော့ပြီး တရားနာကာ ဓါတ်ပုံတွေများစွာရိုက်သွားတယ်ပြောလိုက်တော့ အရှင်ဘုရား ဒီကောင်တွေ အရှင်ဘုရားကို ရိုက်စား လာလုပ်သွားတာဘုရား ဘယ်လိုရိုက်စားလုပ်သွားတာလည်း ပြောပါအုံး ဒကာရဲ့ဟု မေးတော့မှ အကြောင်းစုံပေါ် ပါတော့၏။
        အရှင်ဘုရား ဒီကောင်တွေအုပ်စု ရသမျှလခါတွေနှင့် အမြဲတန်းသောက်စား မူးရစ်နေကြတာ မြန်မာပြည်မှ မိဘတွေ
ကိုလည်း အလုပ်မကောင်းလို့ ပိုက်ဆံမပို့နိုင်ကြောင်း လိမ်ညာပြီး ဖုံးဆက်ကြတယ် သူတို့လိမ်ညာတာကို မြန်မာပြည်မှာရှိ တဲ့ မိဘတွေ သိရှိသွားလို့ ဆုံးမစာတွေ တဖွဲဖွဲရောက်ရှိလာတာနှင့် မိဘတွေ စိတ်ချမ်းသာအောင်ဆိုပြီး သားတို့ ဘုရား တ ရား သံဃာ မမေ့ပါဘူးဆိုတာ သိရအောင် အရှင်ဘုရားထံ လှူဖွယ်တွေ ဆက်ကပ်ပြီး ဓါတ်ပုံတွေ တွဲရိုက်ကာ မြန်မာပြည် ပြန်ပို့မလို့ဘုရား သြ---ဒီလိုကိုး ဘုန်းကြီးတော့ မောင်မူးတို့အဖွဲ့ ကျွတ်တမ်းဝင်သွားပြီထင်နေတာ ယ္ခုတော့ အထင်နဲ့ အမြင် တခြားစီဖြစ်နေ၏ ဘုန်းကြီးကို ဓါတ်ပုံတွဲရိုက်၍ တပါတ်ရိုက်သွားသော မောင်မူးတို့အဖွဲ့ဖြစ်လေ၏ ယ္ခုတော့ ဘုန်းကြီးနှင့် ဓါတ်ပုံတွဲရိုက်သူ မှန်သမျှကို မောင်မူးတို့အဖွဲ့ကို သတိရပြီး ပြုံးနေမိပါ၏ ။
        
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၆-၁၀-၂၀၁၃




မလေးရှားတွင် ကောက်ရသော ရွှေလက်စွပ်နှင့် ရွှေဆွဲသီးအား လှူဒါန်းသောဇနီးမောင်နှံ။
Type your summary here. Type the rest of your post here.

Sunday, October 6, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၁)



 (၄) လူ့နှင့်တူသော လူဆိုသည်မှာ စွန့်လွှတ်အနစ်နာခံတတ်တဲ့ ပေးဆပ်ချင်သူလည်းဖြစ်ရ၏ ရိုးသားဖြောင့်မတ်ခြင်းဆို သည့် ကိုယ်ကျင့်သိက္ခာနှင့်လည်းပြည့်စုံရ၏ ဤပုဂ္ဂိုလ်မျိုးကို လူနှင့်တူသူဟုဆိုရ၏ လောကတွင် စွန့်လွှတ်အနစ်နာခံခြင်း ပေးဆပ် ခြင်းသည် ၀ါသနာပါသူ လူတိုင်း လုပ်နိုင်ပါ၏ ကရုဏာ ဆိုသည့် ဤစိတ်ဓါတ်လေးသည် လူနှင့်တူအောင် လုပ်နေ သော လူ့ ကျင့်ဝတ်ပါလားဆိုတာ လူတိုင်းသဘောပေါက်သင့်ပါ၏ နေ့စဉ်နေ့တိုင်းလည်း လုပ်သင့်ပါ၏။
       ဒါန ဆိုတဲ့ ဤပေးကမ်းမှုသည် အလွန်လွယ်ကူလှပါ၏ ဘုန်းကြီးလှူတာလည်း ဒါနပါဘဲ လူအခြင်ခြင်း ကျွေးမွေးတာ လည်းဒါနပါဘဲ အနိမ့်ဆုံး တိရစ္ဆာန်လေးတွေ ကျွေးမွေးတာလည်းဒါနပါဘဲ မိမိတို့ နေ့စဉ်နေ့တိုင်း လုပ်လို့ရပါ၏ ဤကျွေးမွေး ချင်သည့်စိတ်ကလေး မိမိသဏ္ဍာန်မှာ ရှိနေတာကိုပင် ငါလူနဲ့တူနေပါလားဆိုတာ သဘောပေါက်ရမှာဖြစ်၏ တချို့ကြတော့ လည်း သူတပါးကျွေးဖို့ စိတ်မ၀င်စားတဲ့အပြင် ကိုယ့်ကိုယ်ကိုတောင် မသဒ္ဓါတဲ့လူတွေလည်း လောကတွင်ရှိနေပါ၏ ဤ ပုဂ္ဂိုလ်မျိုးသည် လူနှင့်မတူဘဲ ရှေးသုံးမျိုးတွင် တမျိုးမျိုးနဲ့တူမည်သာဖြစ်၏။
       ရိုးသားဖြောင်မတ်တဲ့ ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံခြင်းသည်လည်း လူနှင့်တူသူသာဖြစ်၏ ရိုးသားဖြောင့်မတ်သူသည် ငါးပါးသီလလုံခြုံပါ၏ ရိုးသားသူသည် သူ့သက်လည်းမသတ်ပါ သူ့ဥစ္စာလည်းမခိုးပါ သူများသားမယားလည်း မဖြစ်မှားပါ လိမ်ညာမပြောပါ သေရည်သေရက်မသောက်ပါ မရိုးသားသူကတော့ ဤငါးပါးလုံးကို ကျူးလွန်တတ်ပါ၏ ရိုးသားခြင်းသည် စကားသုံးလုံးထဲနဲ့ လူသားအတွက် အလွန်တန်ဖိုးရှိသောစကားဖြစ်ပါ၏ မိမိရိုးသားလျှင် မိမိဂုဏ်ရှိသလို မိမိ မိသားစုလည်း ဂုဏ်ရှိ၏ မိမိ လူမျိုးလည်း ဂုဏ်ရှိ၏ မိမိ နိုင်ငံလည်း ဂုဏ်ရှိ၏။
        မရိုးသားသူသည် ပွဲလည်မတင့် ရိုးသားသူသာ ပွဲလည်တင့်၏ မရိုးသားသူသည် လူတောသူတော မတိုးဝံ့ပါ မိမိရဲ့ငယ် ကြိုးငယ်နာတွေ သောက်ကျင့်ဆိုးတွေကို လူတောထဲရောက်သောအခါ သိမှာစိုးသည့်အတွက် ပုံးရှိုးကွယ်ရှိုး လူမသိ သူမသိ ခေါင်းမဖေါ်ရဲဘဲ နေတတ်၏ ရိုးသားသူမှာတော့ ကိုယ်ကျင့်သိက္ခာကောင်းတဲ့အတွက် လူတောထဲရောက်လည်း ဘာမှစိုးရိမ် စရာမရှိ ပြောရဲဆိုရဲတဲ့ သတ္တိတွေလည်း အပြည့်အ၀ရှိပါ၏ ပေါ်ပေါ်တင်တင်လည်း နေနိုင်၏ ရိုးသားခြင်းရဲ့ စွမ်းရည်သတ္တိပါ
ဘဲ ဤလူနှင့်တူသောအကျင့်ကို လူပီသသူတွေထံမှာသာ တွေ့မြင်ရလေ၏ ရိုသားခြင်းနှင့် ပေးစွန့်ခြင်းသည် လူနှင့်တူပါ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၆-၁၀-၂၀၁၃




မလေးရှားရောက်ရွှေမြန်မာများသဒ္ဓါဆွမ်းလာရောက်လှူဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

Friday, October 4, 2013

ကြုံရ×ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ-(၃၀)



   ဘုန်းဘုန်းမှ အန္တရာယ်ကင်းပရိတ်ရွတ်၍ သာဓုခေါ်စေပြီး လူငါးမျိုးတရားကို ဆက်လက်ဟောကြားခဲ့ပါ၏ ဒကာတို့ လော ကတွင် လူငါးမျိုးရှိ၏ (၁)တိရစ္ဆာန်နှင့် တူသောလူ(၂)ပြိတ္တာနှင့် တူသောလူ(၃) ငရဲသားနှင့်တူသောလူ(၄) လူနှင့်တူသောလူ (၅) လူ့ ထက်သာသောလူ ဆိုပြီး လူငါးမျိုးရှိ၏ ဒကာတို့ ဘယ်လိုလူမျိုးနဲ့ တူသလဲဆိုတာကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်ရ မယ် ဒါမှ ငါဘယ်လိုလူမျိုးလည်းဆိုတာ သေသေချာချာ သိနိုင်မှာဖြစ်၏။
 (၁) တိရစ္ဆာန်နဲ့ တူသောလူဆိုသည်မှာ သဘာဝ တိရစ္ဆာန်တွေသည် အိပ်မယ် စားမယ် ပျော်ပါးမယ် ဒီသုံးခုဘဲ နားလည်လို့ သူ့ကို တိရစ္ဆာန်လို့ခေါ်တယ် ထို့အတူပါဘဲ လူ့ဘ၀ လူ့လောကကို ရောက်ရှိလာကြသော လူအချို့လည်း စားမယ် သောက် မယ် ပျော်ပါးမယ် အိပ်မယ် ဆိုပြီး ဤအချက်တွေကိုသာ လိုက်နာကျင့်သုံးနေသူတွေ လောကတွင်ရှိပါ၏ အဲဒီလို ပုဂ္ဂိုလ်မျိုး တွေသည် တိရစ္ဆာန်အကျင့်နှင့် ထပ်တူထပ်မျှတူနေသောကြောင့် လူဖြစ်သော်လည်း လူ့တိရစ္ဆာန်ဟု ခေါ်ဆိုရမှာဖြစ်၏ ဒကာတို့ကော ထိုအမျိုးအစားထဲမှာ ပါသလားလို့ မေးတော့ မောင်မူးတို့အဖွဲ့ တယောက်မှမလှုပ်ပါ။
    (၂)ပြိတ္တာ ဆိုသည်မှာ လူ့ဘ၀၏ အကုသိုလ်ကံ အနည်းငယ်ကြောင့် ဝေမာနိတ ပြိတ္တာဘုံကို ရောက်ရှိသွားသော ပြိတ္တာ
ကိုဆိုလိုခြင်းဖြစ်၏ ယ္ခုခေတ် ခေါ်ဝေါ်ပြောဆိုနေသော တစ္ဆေ သရဲတို့ပင်ဖြစ်၏ ပြိတ္တာဘ၀သည် အနေဆင်းရဲ အစားဆင်းရဲ အ၀တ်ဆင်းရဲလှ၏ လူတွေစွန့်ပစ်မှ စားရ သောက်ရသော  အမြဲ စာလောင်နေသော သတ္တ၀ါ ဖြစ်၏ လူဘ၀ကို ရရှိလာတဲ့ လူအချို့ မှာလည်း အလုပ်မလုပ်ချင်သူတွေ ပျင်းတဲ့လူ ဖျင်းတဲ့လူတွေ စားကာနီးမှ ဟိုလူချေးငှားပါဦး ဒီလူချေးငှာပါဦးလို့
လက်ဝါးဖြန့် လိုက်လံ ချေးငှားသူတွေသည်  လူဖြစ်သော်လည်း ပြိတ္တာနှင့်တူသောကြောင့် လူ့ပြိတ္တာဟုခေါ်ဆိုရမှာဖြစ်ပါ၏။
  (၃) ငရဲသားဆိုသည်မှာ လူ့ဘ၀တွင် အကုသိုလ်ကံကြီးတွေကို ကျုးလွန်ခဲ့သောလူသားတွေသည် ဘယ်လိုမှ အမျှဝေလို့ မရနိုင်သော ငရဲဘုံသို့ ရောက်ရှိသွားသူကို ဆိုလိုခြင်းဖြစ်၏ ငရဲဘုံသည်အမျိုးမျိုးရှိ၏ ငရဲထိမ်းကြီးတွေ နှိပ်ဆက်သမျှကို 
အလူးအလဲခံစားရ၏ ဒုက္ခကို အကြီးအကြယ် ကြုံတွေ့ရသော ဘုံဖြစ်ပါ၏ လူ့ဘ၀ကို ရရှိလာသည့် လူသားအချို့လည်း လူ့ စည်းကမ်းကို ချိုးဖေါက်ပြီး ဥပဒေ တခုခုကို ကျူးလွန်မယ်ဆိုလျှင် ထိုနိုင်ငံ၏ ဥပဒေအတိုင်း ထောင်သွင်းအကျဉ်းချခံရမှာ ဖြစ်ပါ၏ ထိုပုဂ္ဂိုလ်ကို ထောင်ထိမ်း ထောင်မှုးတွေကလည်း နှိပ်ဆက်မည်ဖြစ်သောကြောင့် ထောင်ကြနေသူတွေသည် လော ကငရဲကို ခံစားရသောကြောင့် ငရဲသားနှင့်တူသောလူဟု ခေါ်ဆိုပါ၏။
 

Type your summary here. Type the rest of your post here.