Wednesday, September 10, 2014
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၅-၉-၂၀၁၄
မလေးရှားရောက် ဒုလ္လဘရဟန်လူထွက်တဦး၏ သစ်သီးဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.
Tuesday, September 9, 2014
ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၂-၈-၂၀၁၄
ကွယ်လွန်သူဖခင်ကြီးဦးဝင်းကြည်အားရည်စူး၍မလေးရှားရောက်သမီးမခိုင်ခိုင်အေး
မိသားစုနှင့်မိတ်ဆွေများမှ ကုသိုလ်ပြုလုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.
Sunday, September 7, 2014
ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁-၉-၂၀၁၄
မလေးရှားရောက်ပုသိမ်သားလေးချစ်ညီညီမိသားစုမှ သစ်သီးဆွမ်းဆက်ကပ်စဉ်။
Type your summary here. Type the rest of your post here.
Friday, September 5, 2014
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၃၁-၈-၂၀၁၄
ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်ထားအားရည်းစူး၍ မလေးရှားရောက် သားမျာနှင့်
မိတ်ဆွေများမှ နေ့ဆွမ်းနှင့်သင်္ကန်းပရိက္ခရာလှူ ဖွယ်ဝတ္ထများလှူ ဒါန်း၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.
Thursday, September 4, 2014
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၃၁-၈-၂၀၁၄
မလေးရှား-စာတန်း-နေလဆိုင်သစ်ဖွင့်ပွဲနှင့် ဘုရားအနေကဇာတင်ပွဲ။
Type your summary here. Type the rest of your post here.
Wednesday, September 3, 2014
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၃၀-၈-၂၀၁၄
မလေးရှားတွင်ကွယ်လွန်သွားသော ကိုကိုအောင်အားရည်စူး၍သူငယ်ချင်းများမှ
ဆွမ်းသင်္ကန်းပရိက္ခရာ ကပ်လှူကာ ကုသိုလ်ပြုလုပ်၍ အမျှဝေစဉ်။
Type your summary here. Type the rest of your post here.
Tuesday, September 2, 2014
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၉-၈-၂၀၁၄
ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျှက်ရှိသော သဒ္ဓမ္မာရာမ
မလေးရှား-ဓမ္မရောင်ခြည်ကျောင်း တည်ဆောက်ရေးအတွက် ကိုအောင်ဝင်းမိသားစုမှ
ဒုတိယအကြိမ်ရင်းဂစ်(၁၀၀၀)လှူဒါန်းစဉ် တည်ဆောက်ဆဲ မလေးရှားဓမ္မရောင်ခြည်ကျောင်း။
Type your summary here. Type the rest of your post here.
Monday, September 1, 2014
ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၈-၈-၂၀၁၄
မြန်မာကြွေလင့် ပန်းသုံးပွင့်
၂၇-၈-၂၀၁၄။ ည-၉-၃၀-ခန့်တွင့် ကျောင်းဘဲလာတီးတာနှင့် သွာဖွင့်ကြည့်မိ၏။ ဒီအချိန်သည် မြန်မာတွေ လာခဲသောအချိန် ဖြစ်၏။ ဘာကိစ္စပေါ်လာသည်မသိ မီးဖွင့်မှ မြန်မာတွေဖြစ်နေ၏။ ဘာကိစ္စရှိလည်းဟု မေးလိုက်တော့ နက်ဖြန်အသုဘ သရဏဂုံ တင်လာပင့်တာပါဟု လျှောက်ထား၏။ ဘီအာအို ရုံးမှဖြစ်၏။ ကောင်းပြီလေ နက်ဖြန်လာပင့်ပေါ့ဟု ပြောလိုက်၏။
၂၈-၈-၂၀၁၄-နေ့လည် ၁-နာရီခန့်တွင် ဒကာချစ်သိန်း လာပင့်၏။ ဘုန်းကြီးလည်းသင်္ကန်းရုံပြီး လိုက်လာခဲ့၏။ အသုဘ သရဏဂုံတင်ကတော့ အမြဲလာပင့်တိုင်း ကြွနေကြဆိုတော့ သိပ်ပြီးထူးခြာမှု မရှိသလိုဘဲ နေလိုက်၏။ သို့သော် ကားပေါ်ရောက်မှ ကြားရတဲ့ သတင်းတွေက ဆန်းနေ၏။
ဘုန်းကြီးမှ ဘာဖြစ်လို့သေတာလဲဟုမေးကြည့်တော့ အုံးနှောက်ကင်ဆာဟုပြော၏။ ကွယ်လွန်သူသည် အမျိုးသမီးဖြစ် နေ၏ ကိုယ်ဝန်ငါးလနှင့် အမွာပူးကလေးငယ် နှစ်ယောက်ပါ ဆုံးရှုံးခြင်းဖြစ်၏။ ပိုင်ရှင်မဲ့ အသုဘဖြစ်နေ၏။ ဤအမျိုးသမီးကို လေဆိပ်တွင် မူးလဲနေတာတွေ့ရလို့ သက်ဆိုင်ရာမှ အထောက်အထား ရှာဖွေသောအခါ။ သူ့ခန္ဓာကိုမှာ သက်သေခံကပ်ပြား တွေ့ရ၏။ မသန်းခင်နု အသက်(၃၄)နှစ် ယူအင် ကပ်ပြားတွေ့လို့ မြန်မာဆိုတာသိတာနှင့် ရာဝမ်းမှ စေတနာရှင်များက ဆေးကုသပေးရန်ခေါ်လာခြင်းဖြစ်၏။
လေဆိပ်ထဲမှာ မူလဲပြီးချိန်မှစ၍ စကားပြောဆိုနိုင်ခြင်းမရှိပါ။ ရိုးရာဆေးနဲ့ကုသော်လည်း မပြောက်တာနှင့်ဆေးရုံကိုပြသမှအုံးနှောက်ကင်ဆာမှန်းသိရ၏။ ဆေးရုံမှာကုပေးသော်လည်း ပြန်လည်းစကားပြော
ဆိုလာခြင်း မရှိတဲ့အပြင် အသက်ပါ ဆုံးရှုံး သွားခြင်းဖြစ်၏။ ကိုယ်ဝန်ငါးလကလေးတွေကို ခွဲကြည့်သော်လည်း အသက်ရှင်ခြင်းမရှိပါ။
ဒါ့ကြောင့်မို့မြန်မာ ကြွေလင့် ပန်းသုံးပွင့်ဟု ဆိုထားခြင်းဖြစ်၏။ ဒီမခင်သန်းနုကို လေဆိပ်ကို သွားပို့တဲ့သူ ဘယ်သူလည်း သူ့ခင်ပွန်းလား သူ့ခင်ပွန်းဆိုလျှင် ဘာဖြစ်လို့လူမမာအမွှာကိုယ်ဝန်ဆောင်မိခင်ကို လေဆိပ်မှာ သွာပြစ်ခဲ့သနည်း သူ့မှာ ပန့်ပိုးနိုင် တဲ့ ငွေအင်အားမရှိလို့လား.။ သို့မဟုတ် လူစိတ်ကင်းမဲ့ပြီ ဖြစ်ခြင်ရာဖြစ် ဆိုပြီး မြန်မာပြည် ပြန်ပို့မယ် လေဆိပ်ခေါ်သွားပြီး ပြစ်ထား ခဲ့တာလား။ကိုယ်ဝန်ငါးလဆိုတော့ ခင်ပွန်းတော့ ရှိမှာသေချာ၏
မခင်သန်းနု၏ လက်ဆွဲအိပ်တွင် ယူအင်ကပ်ပြားတခုတွေ့ရ၏ဟုဆို၏ဒီယူအင်ကပ်ပြားနဲ့တော့ မြန်မာပြည် ပြန်လို့ရမှာမဟုတ်ပါ တခြားဘာအစီအစဉ်တွေရှိသည်မသိ။ ဒီလိုကိုယ်ဝန်ဆောင်မိခင်ကို လက်လွှတ်စပါယ် လုပ်လိုက်ခြင်းကတော့ မြန်မာလို့ပြောရမှာ အလွန်ရှက်စရာကောင်းပါ၏။
ပြစ်သူတွေက ပြစ်ရက်ပေမဲ့ မနေနိုင်သူ နှစ်လုံးလှတဲ့ မြန်မာတစုကတော့ မသန်းခင်နုကို ဆေးကုသပေခဲ့၏။ အသက်မရှင် သော်လည်း နောက်ဆုံး ဈာပနမြေကျသည့်အထိ ဘီအာအို ဥက္ကဋ္ဌဦးဆောင်ကာ ရုံးအဖွဲ့သားများးနှင့် ရာဝမ်းမှ စေတနာရှင် အဖွဲ့ သားများက ချရပ်သုဿ န်အထိ လိုက်ပါပို့ဆောင်ကြ၏။
ဘုန်းကြီးလည်းသရဏဂုံတင်အခမ်းအနားကို စီစဉ်ဆောင်ရွက်ပေး၏။ သရဏဂုံတင် အခန်းအနားကအပြန် ကာပေါ်တွင် ကားသမားမှ စကားအဆန်းတခု ပြောတာကြားရပြန်၏။ အရပ်ကောင်းလို့ အလောင်လှခဲ့ရသည့် မသန်းခင်နု အသုဘကို တရုတ် တယောက်နှင့် ကုလားတယောက် သုဘရာဇာတွေဖြစ်၏။ ရင်ခွဲထားပြီး ထုတ်ထားသော အသုဘကို သေသေချာချာ စစ်ဆေး ကာ ကလေးငယ် နှစ်ယောက် ချက်ကြိုးဖြတ်ထားလျှင် သုံးယောက်ခပေးရမည်ဟု ဆိုလာ၏။
တော်သေးတာပေါ့ ချက်ကြိုးမဖြတ်ထားလို့ ဆရာဝန်ချက်ကြိုးဖြတ်လိုက်လျှင် သုံးယောက်စာပေးရမှာဖြစ်၏။ သုဘရာတွေ ဒီလိုဘဲ သောကရောက်နေသူတွေကို နှိပ်ဆက်နေကြနဲ့တူပါ၏။ ဘုန်းကြီးလည်း ခုမှ ကြားဘူးတယ် ဗဟုသုတရတာပေါ့လေ။ ပိုင်ရှင်မဲ့ အသုဘတခု၏ မြန်မာ ကြွေလင့်ပန်းသုံးပွင့် ဇာတ်လမ်းပါ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၇-၈-၂၀၁၄
မလေးရှားတွင်မွေးဖွားသောချမ်းမြေ့ကျော်ကျော်၏(၃)နှစ်ပြည့်မွေးနေ့အလှူ။
Type your summary here. Type the rest of your post here.
Subscribe to:
Posts (Atom)

