အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, October 3, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄)



                       မိဘမေတ္တာနှင့် မဟာသမုဒ္ဒရာကိုနှိုင်းယှဉ်ခြင်း  
                            +++++++++++++++++      
                               မိဘမေတ္တာ -သမုဒ္ဒရာနှင့်၊
                               ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
                               သမုဒ္ဒရာ-ရေဇလာသည်၊
                               ပမာရေပေါက်-တပေါက်လောက်သာ၊
                               ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။

                              မိဘနှစ်ဖြာ-ချစ်မေတ္တာနှင၊့်
                              ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
                              ငြိုးငယ်နောင်တ-မှန်စွာရမည်၊
                              မိဘမေတ္တာ-မနှိုင်းသာတည်း။

     မိဘမေတ္တာနှင့် မဟာသမုဒ္ဒရာကို နှုင်းယှဉ်ကြည့်မယ်ဆိုလျှင် မဟာသမုဒ္ဒရာသည် ရေတပေါက်လောက်သာ ကျန်တော့သည်ဟု ဆိုထားခြင်းဖြစ်၏။ မိဘမေတ္တာသည် မဟာသမုဒ္ဒရာထက် အဆပေါင်းများစွာ    ပိုမိုကြီးမား ကြောင်းကိုသိသာထင်ရှားစေ၏။
                  မဟာသမုဒ္ဒရာဆိုသည်မှာ အံ့ဘွယ်ရှစ်ဖြာရှိသည်ဟုဆို၏
(၁)ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျှောနက်ရှိုင်းသွားခြင်း။
(၂)ရေသည် ကမ်းကိုမကျော်လွန်ဘဲ တည်နေခြင်း။
(၃)အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲတွင်မထားဘဲ ကမ်း ကုန်းအရပ်သို့တင်ပို့ခြင်း။
(၄)မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဝင်လာသော ရေဟူသမျှတို့၏ မူလအမည် ပျောက်စေပြီး    
   မဟာသမုဒ္ဒရာရေဟူသော အမည်တခုကိုသာ ရစေခြင်း။
(၅)မြစ်ကြီး မြစ်ငယ် အင်းအိုင် ချောင်းမြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ အခါမလပ် မည်မျှပင် မြစ်ရေ  
မိုးရေ တို့စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ ပြည့်လျှံယုတ်လျှော့မှုမရှိခြင်း။
(၆)ရေချို ရေဖန် ရေငန် ရေခါးဟူ၍ ရသာထွေပြားသည့် ရေများမည်မျှပင်စီးဝင်လာစေ ဆားငန်ရေဟူသော
     တခုတည်းသော အရသာကိုသာ ထားရှိခြင်း။
(၇)လောကီရတနာ ၇-ပါး-၁၀-ပါးတို့၏တည်ရာဖြစ်ခြင်း။
(၈)ယူဇနာများစွာကိုယ်ရှိသော ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများစသည်တို့၏
    ကျက်စားရာဖြစ်ခြင်း။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၉-၂၀၁၄




မလေးရှားရောက် ပုသိမ်သားလေးချစ်ညီညီမိသားစု၏ သစ်သီဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

Thursday, October 2, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၃)



    ဒုတိယအာလိန်တွင် လက်ပန်တောကြီး အတိဖြစ်၍ ဂဠုန်မင်းတို့   ပျော်စံရာနယ် မြေဖြစ်၏။  တတိယအာ လိန်သည် ဂုမ္ဘဏ်တို့ ပျော်စံရာနယ်မြေဖြစ်၏။ စတုတ္ထအာလိန်သည် ဘီလူးရက္ခိုသ်တို့ ပျော်စံရာနယ်မြေဖြစ်၏။ ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန်ဓိုရ်တောင်၏  ထိပ်နှင့်ညီမျှ၍   ဓတရဋ္ဌ ၀ိရူဠက ၀ိရူပက္ခ ကုဝေရ နတ်မင်းကြီးလေးပါးတို့ပျော်စံရာ စတုမဟာရာဇ် နတ်ပြည်ဖြစ်၏။
     မြင်းမိုရ်တောင်သည် နတ်  နဂါး ဂဠုန် ဘီလူး ဂုမ္ဘဏ်တို့ပျော်စံရာနယ်မြေဖြစ်သလိုမိဘတည်း ဟူသော မြင်း မိုရ်တောင်ကြီးပေါ်မှာလည်း သားတွေသမီးတွေ မြေးတွေ မြစ်တွေ၏ ပျော်စံရာနယ်မြေဖြစ်၏။ မိဘတည်းဟူ သော မြင်းမိုရ်တောင်ကြီးပေါ်မှ နို့ချိုချိုကိုလည်း  တ၀ကြီးသောက်သုံးခဲ့ကြ၏။
     မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီးက ကျွေးသမျှကိုလည်း တ၀ကြီးစားသုံးခဲ့ကြ၏။ မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ ပန့်ပိုးမှုဖြင့် ပညာကိုလည်း တတ်အောင်သင်ယူ နိုင်ခဲ့ကြ၏။  မိဘတည်းဟူသော မြင်းမိုရ် တောင်ကြီး၏ အကူအညီဖြင့် စီးပွားရေးကိုလည်းကြီးပွားအောင်  ဆောင် ရွက်နိုင်ခဲ့၏။ သြော်--မိဘ--မိဘ--သား သမီးအပေါ် အတိုင်းထက်အလွန်ပင် မေတ္တာထားနိုင်ပါပေ၏။
  မြင်းမိုရ်တောင်၏ အရှေ့ဘက်အရပ်သည် ငွေရောင်အတိဖြစ်၏။ မြင်းမိုရ်တောင်၏ တောင်အရပ်သည် ပတ္တမြားညိုရောင် အတိဖြစ်၏။   မြင်းမိုရ်တောင်၏ အနောက်ဘက်အရပ်သည် ဖလ်ရောင်အတိဖြစ် ၏။ မြင်းမိုရ်တောင်၏ မြောက် ဘက်အရပ်သည် ရွှေရောင်အတိဖြစ်၏။ မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာသည် ပတ္တမြား ရွှေ ငွေ ဖလ် အရောင်လေးပါးနှင့် ခြယ်မှုံးကာ အရှေ့ အနောက် တောင် မြောက် ကျွန်းများကို ရောင်စဉ်လှပအောင် ဖန်တည်းနိုင်သလို။
    မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ အရှေ့အရပ်မှလည်း သားသမီးတွေအပေါ်မှာ  ချစ်ခင်ခြင်းမေတ္တာ ပန်းတွေ ထာဝရပွင့်လန်းနေတာပါ သားသမီးတောင်မကပါဘူး သာသမီးက မွေဖွားလာမဲ့ မြေးမြစ်တိုင်အောင်   အမြဲပွင့် လန်းနေမှာက မိဘတို့ရဲ့မေတ္တာပန်းပါ။
    မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ တောင်အရပ်မှလည်း သားသမီးတွေအပေါ်မှာ  ကျွေးမွေးချင်သည့် ကရုဏာ စမ်းချောင်းလေးကလည်း တသွင်သွင်စီးစင်းနေ တာပါ။ သားသမီးတောင်မကပါဘူး သားသမီးက  မွေး ဖွားလာမဲ့မြေးမြစ်တိုင်အောင် အမြဲစီးစင်းနေမှာက မိဘတို့ရဲ့ ကရုဏာစမ်းချောင်းလေးပါ။
   မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ တောင်အရပ်မှလည်း သားသမီးတွေအပေါ်မှာ ၀မ်းသာပေးနိုင် သည့် မုဒိတာ လမင်းကြီးကလည်း တထိန်ထိန်ထွန်းလင်းတောက်ပနေတာပါ။ သားသမီးတောင်မကပါဘူး သား သမီးက မွေးဖွားလာမည့် မြေးမြစ်တိုင်အောင် တထိန်ထိန်ထွန်းလင်းပေးနေမှာက မိဘတို့ရဲ့ မုဒိတာလမင်းကြီးပါ။
            မိဘတည်းဟူသော မြင့်မိုရ်တောင်ကြီး အနောက်အရပ်မှလည်း သားသမီးတွေအပေါ်မှာ အရာရာကို ခွင့်လွတ် ပေးနိုင်သည့် ဥပေက္ခာထီးကြီးကလဲ ဘေးရန်အန္တရယ်မှ ကာကွယ်နိုင်အောင် ထာဝစဉ်မိုးပေးနေတာပါ။ သားသမီးတောင် မကပါဘူး သားသမီးကမွေးဖွားလာမည့်မြေးမြစ်တိုင်အောင် ထာဝစဉ်မိုးပေးနေမှာက မိဘတို့ရဲ့ ဥပေက္ခာထီးကြီးပါ။
          မြင်းမိုရ်တောင်သည် အရှေ့ အနောက် တောင် မြောက်   အရပ်လေးမျက်နှာကို ရောင်စဉ်လေး ပါးဖြင့် ထွန်းလင်း တောက်ပအောင်  ဆောင်ရွက်ပေးနိုင်သလို။  မိဘနှစ်ပါးကလည်း  သားသမီးတို့ အပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်ရောင်တွေဖြင့် အမြဲထထာဝရ ထွန်းလင်းပနေမှာပါ။
                             
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၉-၂၀၁၄



ကွယ်လွန်သူဒကာမိုက်ကယ်(ခ) ကျော်ကျော်နိုင်အတွက် ၂-ရက်မြောက်ဆွမ်းကပ်အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Wednesday, October 1, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂)



               သြော်--------မိဘ-မိဘ ---အလွန်ကျေးဇူးကြီးမားလှပေ၏။ အနန္ဒကျေးဇူး မြင်းမိုရ်ဦးမို့ နှိုင်းတုမရ ကျေးဇူးကြီးလှ မိနှင့်ဖဟု နှိုင်းယှဉ်ကာ ဆိုထားကြတာကိုး----------
                
                မိဘမေတ္တာနှင့်မြင်းမိုရ်တောင်ကိုနှိုင်းယှဉ်ခြင်း
                         +++++++++++++++
                   မိဘမေတ္တာ--မြင်းမိုရ်သာနှင့်၊
                   ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
                   မြင်းမိုရ်သေလာ-တောင်တော်သာသည်၊
                   ပမာဆိုထောက်-ဇီးစိလောက်သာ၊
                   ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။

                   မိဘနှစ်ဖြာ-ချစ်မေတ္တာကို၊
                   ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
                   ငြိုးငယ်နောင်တ-မှန်စွာရမည်၊
                   မိဘမေတ္တာ-မနှိုင်းသာတည်း။

    မိဘမေတ္တာကို မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြင်းမိုရ်တောင်ကြီးသည် ဇီးစိလောက်သာရှိသည်ဟု
ဥပမာနှိုင်းဆိုထားခြင်းဖြစ်၏။ ဟုတ်လဲ ဟုတ်လောက်ပါပေ၏။ မိဘတို့၏ သားသမီးအပေါ် ထားရှိသောမေတ္တာ သည် မြင်းမိုရ်တောင်ထက်ပင် အရာရာပိုနေ၏။ မိဘမေတ္တာသည် မြင်းမိုရ်တောင်ထက်ပင်ပိုမိုတောင့်တင်း ခိုင် မာ၏။ မြင်းမိုရ်တောင်ကြီးပင် ပျက်သုံးကောင်း ပျက်သုံးသွားနိုင်၏။ မိဘတို့၏ သားသမီးအပေါ်ထားသော မေတ္တာသည် ဘယ်တော့မှ   ပျက်သုံးသွားမည် မဟုတ်ပေ။
                မြင်းမိုရ်တောင်ဆိုသည်မှာ ရေပေါ်တွင် ယူဇနာ ရှစ်သောင်းလေးထောင်ပေါ်ရှိနေ၏။   အလယ်ပူ အထက်ရှုး သွား၍ တောင်ခါးပန်းစွန်း ငါးဆင့်ရှိသည်ဟုဆို၏။ ၄င်း ငါးဆင့်ကိုပင်အာလိန်ငါးဆင့်ဟု ဆိုခြင်းဖြစ် ၏။ တဆင့် တဆင့်သည် ယူဇနာငါးထောင်အကြယ်ရှိ၏။ အောက်ဆုံးအဆင့် ပထမအာလိန်သည်  ရေတ၀က်   ကုန်းတ၀က်တွင် ရှိသည့်အတွက် နဂါးမင်းတို့ပျော်စံရာ နယ်မြေဖြစ်၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၉-၂၀၁၄


ရန်ကုန်တိုင်းဒဂုန်ဆိပ်ကမ်မြို့နယ်တွင် တည်ဆောက်လျှက်ရှိသော သဒ္ဓမ္မာရာမ-မလေးရှားဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက် ကွယ်လွန်သူဖခင်ကြီး
ဦးဝင်းနိုင်အားအားရည်စူး၍ မလေးရှားရောက် သား မောင်ဘိုဘို+မသင်းသင်း
ညီအောင်မိုးဝင်းတို့မှ ရင်ဂစ်(၃၀၀)လှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၆-၉-၂၀၁၄




ကွယ်လွန်သူဖခင်ကြီးဦးဝင်းနိုင်အားရည်စူး၍ မောင်ဘိုဘို+မသင်သင်း၊
ညီ အောင်မိုးဝင်း-တို့မှ နေ့ဆွမ်းကပ်လှူ ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

နို့ကြွေးဆပ်သူ-အာဂလူ(၁)



နို့ကြွေးဆပ်သူ--အာဂလူ

      သားသမီးတိုင်း  မိဘကျေးဇူး  ဆပ်ခြင်သူတွေသာ များလှ၏။ မိဘကျေးဇူး ကန်းသူတွေလဲ ရာဇ၀င် စာတင် ခဲ့သူတွေ ရှိသလို လက်ရှိဘ၀မှာလဲ အထိုက်အလျှောက် တွေ့မြင်နိုင်၏။ သို့သော်  ကျေးဇူးဆပ်ခြင် သူတွေသာ အများစုတွေ့မြင်နေရသောကြောင့် လောကတွင် လူနှင့်တူသူ များသေးသည်ဟု ဆိုရမှာဖြစ်၏။
           သြော်---မိဘ-မိဘ-မိဘ- တွေးကြည့်လေ ကျေးဇူးများလေဖြစ်၏။ လူ့လောက ရောက်လာဘို့အတွက်မိဘနှစ်ပါးသည် မရှိမဖြစ် လိုအပ်လှ၏။ အမိဝမ်းက မွေးဖွားကာစ လူ့လောကကို ရောက်ရှိလာသောအချိန်သည်ဆာလောင်မွတ်သိပ်မှု များစွာဖြင့် အူဝဲဟု အသံကုန် ဟစ်ကျွေးကာ ဗိုက်ဆာပြီဖြစ်ကြောင်းကိုသက်ဆိုင်သူများသို့အသိပေးလိုက်ခြင်းဖြစ်၏။      
     လောကအလယ် နီတာရဲရဲဖြင့် အော်ဟစ်ကာ ရောက်ရှိလာသော သားသမီးငယ်၏အသံကိုကြားလိုက်ရ
သောမိခင်၏ နှစ်လုံးသွေးနီနီရဲရဲသည်၊ သားသမီးပေါ်ထားသည့် မေတ္တာတွေကြောင့်၊  မိခင်၏သားမြတ်မှ အဖြူရောင်နို့ရေအဖြစ်ပြောင်းလဲကာ၊တသွင်သွင်စီးကြလာတော့၏။လူ့ဘ၀ကိုရောက်ရောက်ခြင်း အမေ့သွေးမှ အမေ့ မေတ္တာကြောင့် ပြောင်းလဲလာသော အဖြူရောင်နို့ချိုကို အားရပါးရစို့ကာ အငိုတိတ်၍ လူ့ဘ၀ကို စခဲ့ရပါ၏။
          လူ့ဘ၀အတွက် ပထမဆုံး အဟာရသည် မေမေ့နို့ရေသာဖြစ်၏။   လူ့ဘ၀အစ အသက်ရှင်ရေးအတွက် ကျေးဇူးအများဆုံးအရာကို ပြပါဆိုလျှင် မေမေ့နို့ရေကိုသာပြရမှာဖြစ်၏။ မေမေ့နို့ရေနှင့်အတူ မေမေ့ မေတ္တာတွေ
မေမေ့နွေးထွေးမှုတွေကြောင့် မေမေ့ရင်ခွင်ကို တကမ္ဘာထင်ခဲ့၏။  မေမေ့ရင်ခွင်သာ သူ့ဘ၀အတွက် အလုံခြုံဆုံး  နေရာဟုထင်မှတ်မိ၏။ ဘ၀အစမှာ မေမေ့ရင်ခွင်သည် သားသမီးအတွက် အေးချမ်းလှပါဘိ။
           မေမေ့နို့ချိုကြောင့် တနေ့တခြားကြီးထွားလာသော အမိရင်ခွင်ကို တကမ္ဘာထင်ခဲ့သော သားသမီး ငယ် တို့သည်။တကမ္ဘာထင်ခဲ့သော အမိရင်ခွင်မှကျယ်ဝန်းလှသောလောကကြီးကိုစိတ်ဝင်စားမှုပြုလာ၏။ အပြင်လော          
ကကြီးကို စူးစမ်းချင်စိတ် ကြည့်ရှုခြင်စိတ် တဖွားဖွားပေါ်လာကာအပြင်ကို ခေါ်ထုတ်ပေးမည့်သူကိုသာ မျှော် လင့်နေမိ၏။ အပြင်ကိုသွားမည်ဆိုလျှင် ဘယ်သူခေါ်ခေါ်လိုက်လေတော့၏။
       သြော်----ကလေးဘ၀၏ အစသည် ဤလိုသာစခဲ့ရပါ၏။ ကလေးဘ၀သည် စာလဲငိုပြရ၏။ နာလဲငိုပြရ၏။ သားငိုသံကြားလျှင် အမေသည် ကြားရာအရပ်မှ အပြေးလာလျှက် အမေ့နို့ချိုကို တိုက်ကျွေးရ၏။ အမေ့နို့ရေ သည် သားသမီးငယ် တို့၏ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးလာသလို မလိုအပ်သည် အညစ်အကြေးလည်း အလိုလို ယိုစီးထွက်ကျလေ၏။ ကလေးဘ၀သည် ၃-၄-နှစ်တိုင် မစင်အလိမ်းလိမ်းကပ်နေတဲ့ဘ၀ပါ။
            မစင်အလိမ်းလိမ်းကပ်နေသော သားငယ်သမီးငယ်တွေကို မရွံမရှာ သန့်ရှင်းစင်ကြယ်အောင် ဆောင် ရွက်ပေးသူဟာ မိဘသာဖြစ်၏။ သုံးနှစ်လေးနှစ်တိုင်အောင် မရွံမရှာဆောင်ရွက်ပေးခဲ့သည်ဆိုတာ သားသမီး တိုင်း သိစေချင်ပါ၏။
           နို့ချိုတိုက်ကျွေးရတာလဲ မိဘပါဘဲ။
           ရေချိုးပေးရတာလဲမိဘပါဘဲ။
           ခြင် ယင် ဘေးရန်က ကာကွယ်ပေးရတာလဲ မိဘပါဘဲ။
           တေးသီကာ ဆိုသိပ်ရတာလဲ မိဘပါဘဲ။
           မစင်အလိမ်းလိမ်းကပ်နေတဲ့ အနှီးဝတ်ကို လျှော်ပေးရတာလဲ မိဘပါဘဲ။
           ကျောင်းပို့ရတာလဲ မိဘပါဘဲ။
           မုံ့ဖိုးပေးရတာလဲ မိဘ ပါဘဲ။
           ထမင်းကျွှေးရတာလဲ မိဘပါဘဲ။
           အ၀တ်သစ်ဝယ်ပေးရတာလဲမိဘပါဘဲ။
           သားသမီးလိုချင်တာဝယ်ပေးရတာလဲ မိဘပါဘဲ။
           သားသမီးပညာတတ်ကြီးဖြစ်စေချင်တာလဲ မိဘပါဘဲ။
           သားသမီးကို ဆင်စီးလို့ မြင်းရံတာ မြင်ခြင်တာလဲမိဘပါဘဲ။
          အရွယ်ရောက်လို့ အိမ်ထောင်ရေး စီစဉ်ပေးရတာလဲ မိဘပါဘဲ။
          စီးပွာရေးအစဉ်ပြေအောင် ငွေအရင်းအနှီးထုတ်ပေးရတာလဲ မိဘပါဘဲ။
          ဆိုးတဲ့သားမီးတွေပါလို့ ထောင်ထဲရောက်ရင် လိုက်ထုတ်ပေးရတာလဲ မိဘပါဘဲ။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၅-၉-၂၀၁၄





ကွယ်လွန်သူ ကိုမိုက်ကယ်(ခ)ကိုကျော်ကျော်နိုင်၏သက်ပြောက်ဆွမ်းကုသိုလ်
အာရုံဆွမ်းကပ်လှူ ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.