အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, December 2, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄၂)



     ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွား၏။ ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီ မြေမှုန့်နှင့် ကုမုဒြာကြာ ပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့၏။
    မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏အထူး တမန်တော် ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထား ကြောင်း တံခါးမှူးက ပြန်လည်ပြောဆို၏။
     ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှုးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်း တို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်လိုက်၏။
 မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့် ကွဲကွာရတော့မည် အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့် ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေ၏။ ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူ ရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေ၏။
   ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ "ဒု၊သ၊န၊သော"ဟူသော အသံကြီးလေးခုကို ထူးဆန်းစွာ ပေါ် ထွက်လာတာကို ကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါ၏။ အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြ၏။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့ အသံတို့၏ အနက်အဓိပ္ပါယ်ကို ဖော်နိုင်စွမ်းမရှိဘူးဖြစ်နေ၏။
    ဒါပေမယ့်အထင်သေးမည်ဆိုသောကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပေးလိုက်၏။ ဘယ်လိုပြန်လိုက် သလဲဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း ၊အသက် အန္တ ရာယ်ပင် ထိခိုက်နိုင်ကြောင်း ဖြစ်ပါတယ်လို့ လျှောက်ထားလိုက်၏။ အဲဒီတော့မင်းကြီးလည်း အလွန်ကြောက် လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကို အမြန်စီစဉ်ခိုင်းလိုက်၏။
     ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍(သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကို ပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ် ရာစီ ရရှိအောင် ဖမ်းဆီးစေ၏။ သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော် ငိုကြွေးကြ၊ တစ်ချို့လည်းတောထဲသို့ ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေတော့၏။
    ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည် သင့်ကြောင်း မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ကြောင်း လျှောက် ထား၏။ ကောသလ မင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဇေတ ဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကို မြတ်စွာဘုရားအားလျှောက်ထား၏။
    ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါ၏။
  ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့် အသံများဖြစ်ကြောင်း၊ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊ မိမိတို့ ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်း
မစတဲ့ မိန်းမများ ကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ်ပြီး မှားယွင်းစွာဖောက်ပြန်ခဲ့ကြခြင်းကြောင့်ဖြစ်၏။၊
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၆-၁၁-၂၀၁၄




မလေးရှားရောက် ကိုမောင်မောင်+မချိုချို တို့၏ မင်္ဂလာဦးဆွမ်းကြွေးအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၄-၁၁-၂၀၁၄



မလေးရှား-ဆန်းဝေးရောက်ရွှေမြန်မာများ၏သစ်သီးဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

Monday, December 1, 2014

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၃-၁၁-၂၀၁၄



မလေးရှား-ပူချုန်း-၁၂-မိုင်တွင် သရဲသောင်းကျန်နေ၍ ပရိတ်ကြိုးလာချီသောရွှေမြန်မာများ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၃-၁၁-၂၀၁၄



ကွယ်လွန်သူ ရခိုင်သားလေးမောင်တင်အောင်၏သရဏဂုံတင်ကုသိုလ်ပြုလုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကထိန်ပွဲတော် ၂-၁၁-၂၀၁၄










ဓမ္မရောင်ခြည်ကထိန်ပွဲတော်တွင် သင်္ကန်းနှင့်အလှူ ငွေများကပ်လှူ ကြစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၃-၁၁-၂၀၁၄




မလေးရှား-ပူချုန်း ၁၂-မိုင်ရောက် မမြတ်ကျော့ဝင်း၏မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၂၂-၁၁-၂၀၁၄






ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်(၅၈)ရပ်ကွက်
သဒ္ဓမ္မာရာမ-မလေးရှား-ဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက်
မလေးရှား-ရှားအလမ်း-အလမီဂါရောက်ရွှေမြန်မာများမှ ရင်ဂစ်(၈၀၁)လှူ ဒါန်းစဉ်။


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကထိန်ပွဲတော် ၂-၁၁-၂၀၁၄










ဓမ္မရောင်ခြည်ကထိန်ပွဲတော်တွင် သင်္ကန်းနှင့်အလှူ ငွေများဆက်ကပ်စဉ်။
Type your summary here. Type the rest of your post here.