အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, January 5, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၇)





     မဋ္ဌကုဏ္ဍလီနတ်သားသည် ဖခင်အဒိန္နပုဗ္ဗက၏ စိတ်အကြံစီကို ရိပ်မိသဖြင့် ဖခင် သင့်အိမ်မှာ ကုဋေပေါင်း များစွာ ချမ်းသာကြွယ်ဝသော ဥစ္စာဓနတွေကို စွန့်ကြဲ ပေးကမ်းလှူဒါန်းပါ၊ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ လည်းဆောက်တည်ပါ ဘာဝနာတရားကိုလည်း တတ်နိုင်သမျှပွားများပါဟု တိုက်တွန်းပြောဆိုလေ၏။
     ဖခင်အဒိန္နပုဗ္ဗကသည် သားဖြစ်သူမဋ္ဌကုဏ္ဍလီ၏ တိုက်တွန်းပြောဆိုချက်ကို လိုက်နာကျင့်သုံးမည်ဖြစ် ကြောင်း ကတိပေးလိုက်၏။ မဋ္ဌကုဏ္ဍလီနတ်သားလည်း မလှူချင်သည့် မိဘနှစ်ပါးကို လှူချင်လာအောင် သေ သည်၏ အခြားမဲ့ဘ၀မှ လာရောက်၍ ဒါနအမွေကို ပေးလိုက်ရသဖြင့် အမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်သူ သားထူး သားမြတ် ဖြစ်ပါ၏။ ဖခင်ကို ကြေနပ်လောက်အောင် ပြောဆိုပြီးမှ တာဝတိံသာနတ်ပြည်သို့ ပြန်ခဲ့၏။
     အဒိန္နကပုဗ္ဗကသည် သင်္ချိုင်းမှ အိမ်သို့ပြန်လာကာ ဇနီးဖြစ်သူအား သားနှင့်တွေ့ခဲ့ပုံ အကြောင်းစုံကိုပြောပြ လိုက်တော့ မိခင်ဖြစ်သူလည်း သားအတွက် ၀မ်းသာမဆုံး ပီတိတွေ အလီလီဖုံးလျှက် ရှိပါ၏။ အထူးခြာဆုံးက တော့ ဘ၀မှာ လှူစကား တခါမှ မပြောဘူးသော မိမိခင်ပွန်းမှ လှူဒါန်းမည့် စကားပြောလာတော့ ငါ၏သားချစ် သည် ငါတို့မိဘနှစ်ပါးအား ဒါနအမွေတွေ ပေးလိုက်လေပြီ။ မေ့ချစ်သား အမေ့နို့ဖိုးတွေ ကြေအောင်ဆပ်နေပါ ပေါ့လားဟု ၀မ်းမြောက်ဝမ်းသာဖြစ်သွားပါ၏။
     အရပ်တို့ရေ ကြည့်ကြပါအုံး ဘ၀ခြားသွားပြီ ဖြစ်တဲ့ သားလှရတနာက အလွန်ကပ်စေးနဲ့ပြီး ဘ၀မှာတခါမှ
မလှူဘူးတဲ့ လူမပီသသူ လူနှင့်မတူသူ မိဘနှစ်ပါးကို ယခုတော့ လူပီသအောင် လူနဲ့တူအောင်ဆိုပြီး ကိုယ်ထင် ပြကာ မြတ်စွာဘုရား သာသနာကို လှူဖို့ တိုက်တွန်းခဲ့ပြီ။ အမေ့ချစ်သားကြောင့် အမေတို့မိသားစု လူရာဝင် တော့မည်ဟု ပြောဆိုကာ ၀မ်းသာ မျက်ရည်တွေ တလိမ့်လိမ့် စီးကြလာပါတော့၏။
     မေ့သားမျက်ရှု သာရွှေဥကို မင်းဖခင် ပစ္စည်းတွေ တွယ်တာပြီး ဆေးမကုပေးလိုက်ပေမဲ့ မိဘကျေးဇူးကို အထူးသိမြင်ပြီး သားအတွက် နေ့စဉ်ငိုကြွေးနေသော မိဘနှစ်ပါးကို တမလွန်ဘ၀မှ ရောက်လာပြီး အကျိုး အကြောင်း စီလျှော်စွာ တရားပြ၍ မိခင်ဖခင်တို့ကို မကောင်းသောဂတိ မကောင်းသောလားရာမှ ကောင်း သောဂတိ ကောင်းသောလားရာကို ရောက်အောင် ကျေးဇူးဆပ်သွားတဲ့ ကူညီသွားခြင်းသည် တာဝန်ကျေသော သားထူးသားမြတ်ဖြစ်၏။
     အဒိန္နပုဗ္ဗကသည် ယခုတော့ သားဖြစ်သူ ဒါနအမွေပေးသောကြောင့် အမြင်မှန်ရလေပြီ မြတ်စွာဘုရားသာ သနာကို ကြည်ညိုတတ်လာပြီ မိမိပစ္စည်းဥစ္စာတွေကို မလှူဒါန်းရက် တွယ်ဖက်နေခြင်းဖြင့် ရရှိခံစားရသော လောဘနှင့်ယှဉ်သော နှစ်သက် ချမ်းသာမှုထက် လှူဒါန်းခြင်းဖြင့် ရရှိခံစားအပ်သော အလောဘနှင့်ယှဉ်သော နှစ်သက်ချမ်းသာမှုက ပို၍သာလွန်ကြောင်း သားဖြစ်သူ မဋ္ဌကုဏ္ဍလီက သက်သေပြခဲ့လေပြီ။
      အဒိန္နပုဗ္ဗကသည် ဇနီးဖြစ်သူနှင့် တိုင်ပင်ပြီးနောက် ဇေတ၀န်ကျောင်းတော်သို့ ထွက်လာခဲ့၏ ထွက်သာလာ ရသည် ဇေတ၀န်ကျောင်းဆိုတာ သူ့ဘ၀မှာတခါမှမရောက်ဘူတော့ ကျောင်းတိုက်ထဲဝင်ရမှာ မ၀န့်မရဲဖြစ်နေ ရှာ၏။ မြတ်စွာဘုရားကို ကြည်ညိုသည့်စိတ်ဖြစ်ပေါ်လာပြီး ရဲဝန့်စွာဝင်ရောက်၍ မြတ်စွာဘုရားရှင်အား ရိုသေ စွာရှိခိုး၏။
    မြတ်စွာဘုရားရှင်အား ပဋိသန္တာရစကား ပြောကြားပြီး။ မြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာအပေါင်း သူ၏ အိမ်သို့ ဆွမ်းဖုံးပေးကြွရန်လျှောက်ထား၏။ မြတ်စွာဘုရားကလည်း လက်ခံတော်မူ၏။ တကယ်တော့ အဒိန္နပုဗ္ဗ က သည် ပါရမီရှိသူ ဖြစ်၏။ သစ္စာလေးပါးကို ထဲထဲဝင်ဝင် သိနိုင်သူလည်းဖြစ်၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၃၀-၁၂-၂၀၁၄



မလေးရှား-ပူချုန်း-ဂျိုင်းရင်းရောက်ရွှေမြန်မာများလှူဖွယ်ပစ္စည်များလှူ ဒါန်း၍တရားနာစဉ်။
Type your summary here. Type the rest of your post here.

Sunday, January 4, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၆)





    ချစ်သား သင်သည် ဖခင်၏ သေလွန်သွားသော သားချစ် မဋ္ဌကုဏ္ဍလီနှင့် ယ္ခုတွေ့နေနေရသော သားသည် ချွတ်စွတ် တူနေပါ၏။ သင်ဘယ်သူလည်း နတ်လော သကြားလော သို့မဟုတ် လူသားစစ်ကောဟုတ်ရဲ့လားဟု မေးမြန်းလေ၏။
     အို----ဖခင်၊ ကျွန်ုပ်သည် ဖခင် ငိုကြွေးတမ်းတနေသော ဖခင်၏သား မဋ္ဌကုဏ္ဍလီသာဖြစ်ပါ၏။ သေအံ့ဆဲ အချိန်တွင်   မြတ်စွာဘုရားအား ကြည်ညိုခဲ့သော အာသန္နကံကုသိုလ်ကြောင့် ယခုသားသည် တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ် နေပါ၏ဟုဆို၏။
      ထိုအခါ အဒိန္နပုဗ္ဗကသည် သံသယစိတ်တွေဖြင့် ငြင်းဆန်ပါတော့၏။ ငါ၏သက်တန်းတလျှောက်လုံး ငါ၏ အိမ်၌ မြတ်စွာဘုရားအား တကြိမ်တခါမျှ ဒါနလဲမပြုခဲ့၊သီလလည်းမဆောက်တည်ခဲ့၊ဘာဝနာကိုလည်း မပွားများ ခဲ့ဘူးပါ။ ငါတို့ မိသားစုသည်၊ ဒါန၊သီလ၊ဘာဝနာနဲ့ ဝေးခဲ့သူများဖြစ်ပါလျှက် သင်ပြုခဲ့သော ကုသိုလ်ကောင်းမှု ကား ဘယ်လိုကုသိုလ်ကောင်းမှုပါနည်း၊ ငါ့အနေဖြင့် ဘယ်လိုမှ စဉ်းစာ၍ မရနိုင်ပါဟု ပြောကြားလေ၏။
     ဖခင် သားတို့မိသားစုသည် ဖခင်ပြောသည့်အတိုင်း ဒါနမပြုခဲ့သည်မှာလည်း မှန်ပါ၏။ သီလမဆောက်တည် ခဲ့သည်မှာ လည်းမှန်ပါ၏။ ဘာဝနာမပွားခဲ့သည်မှာလည်းမှန်ပါ၏။သို့ရာတွင် သားသေအံ့ဆဲအချိန်တွင် ဖခင် သည် မိမိပစ္စည်းတွေ လူမြင်မှာ စိုးတာနှင့် သားအား အိပ်ခန်းတွင်းမှ အိမ်ပြင်သို့ ထုတ်၍ထားပါ၏။
   ထိုအချိန်တွင် သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်၊ နောက်ပါရဟန်းသံဃာတော်များခြံရံလျှက်
သာဝတ္ထိ မြို့တွင်းသို့ အိမ်စဉ်အတိုင်း ဆွမ်းခံကြွတော်မူလာရာ သားတို့အိမ်ရှေ့သို့ရောက်ခဲ့ပါ၏။ ထိုသို့ ရောက် ခဲ့သော်လည်း သားတို့အိမ်မှ ဘာဆွမ်းမျှ လောင်းလှူခဲ့ခြင်းမရှိပါဖခင်။ မြတ်စွာဘုရား ဝေယျာဝစ္စကိုလည်း ပြုရကောင်မှန်းမသိ၊ မြတ်စွာဘုရား၏ တရားဒေသနာတော်ကိုလည်း နာကြားရမှန်း မသိသောမိသားစုဖြစ်၏။
     သို့သော်လည်း ရှင်တော်မြတ်ဘုရားသည် မဟာကရုဏာတော်သည် အံ့သြဖွယ်ကောင်းလှပါ၏။ မိစ္ဆာဒိဋ္ဌိ အိမ်ဖြစ်သော သားတို့အိမ်ရှေ့အရောက်တွင် အိမ်ဘက်ကိုမျက်နှာမူနေသောသားအား မြတ်စွာဘုရားအား ကြည်ညိုစေရန် ရည်သန်၍ ပြိုးပြိုပြက်ပြက် တခဲနက်သောရောင်ခြည်တော်ခြောက်သွယ်ကို လွှတ်တော်မူပါ၏။
   သေခါနီးဆဲသားသည် ပြိုးပြိုးပြက် တခဲနက်သော ရောင်ခြည်တော်လာရာ လမ်းမဘက်ကို မိမိကိုယ်ကို အား တင်းပြီး လှည့်၍ကြည့်လိုက်သည့်အခါ ရောင်ခြည်တော် ခြောက်သွယ်နှင့်အပြိုင် တင့်တယ်သော အသရေတော် ဖြင့် ကြည်ညိုဖွယ်ရာ မြတ်စွာဘုရားရှင်အား ဖူးမြင်လိုက်ရ၏။ ဖူးမြင်သည်ဆိုသော်လည်း သားမှာ အားအင်ကုန် ခမ်းနေသဖြင့် လက်အုပ်ချီပြီး မဖူးနိုင်ခဲ့ပါ။ စိတ်ထဲက ကြည်ညိုရုံသာ ကြည်ညိုခဲ့ရပါ၏။
   ထိုကြည်ညိုသောစိတ်သည်ပင် သားအတွက် ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်ဖြစ်ပါ၏။ မြတ်စွာဘုရားကို ကြည် ညိုစိတ်တွေ အဖန်ဖန်ဖြစ်ရင်း။ ထိုကြည်ညိုစိတ်တွေနဲ့ပင် ကွယ်လွန်ခဲ့ရာ ယခုကဲ့သို့ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရခြင်း ဖြစ်ပါ၏။ ထိုကြည်ညိုစိတ်သည်ပင် သားဘ၀ရဲ့ ကုသိုလ်ကောင်းမှုဖြစ်ပါ၏ဟု သားဖြစ်သူမှ ဖခင်အားရှင်းပြလေ၏။
     မဋ္ဌကုဏ္ဍလီနတ်သားသည် ဖခင်အဒိန္နပုဗ္ဗကအား ဘ၀မှာ တခါမှ မလှူဘူးသူဖြစ်သဖြင့် လူမပီသသူ အဖြစ် ဖြင့်လည်း မမြင်ခြင်၊ ဖခင်နှင့်မိခင်ကို ဒါနနှင့်မွေ့လျှော်ပြီး သီလကိုလည်း လုံခြုံအောင်စောင့်ထိမ်းကာ ဘာဝနာ ကိုလည်း ပွားစေချင် သူဖြစ်ပါ၏။ မလှူချင်သော မိဘတို့အား လှူချင်လာအောင် တိုက်တွန်းနှိုးဆော်လိုက်ခြင်း ဖြစ်၏။
   အဒိန္နပုဗ္ဗကသည် အံ့လည်းအံ့သြ၏။ တကိုယ်လုံးလည်း ပီတိဖုံး၏။ မြတ်စွာဘုရားကို ဖူးမြင်ရုံ ၊မြတ်စွာဘုရား ကို ကြည်ညိုရုံ ၊ မြတ်စွာဘုရား၏ဂုဏ်တော်ကို အောင်းမေ့ရုံမျှနှင့် ဤကဲ့သို့သောအကျိုးတရားကို ရသည်ဆို လျှင်။ မြတ်စွာဘုရားနှင့် သာသနာတော်ကို ဒါနလည်းပြုမယ် သီလည်းဆောက်တည်မယ် ဘာဝနာလည်းပွား မယ်ဆိုပါက အတိုင်းထက်အလွန် အကျိုးကျေးဇူးများနိုင်၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၃၀-၁၂-၂၀၁၄






ယနေ့ဘုန်းကြီးကျောင်းပေါ်မှ တစ္စကိုကုန်တိုက်ကိုမြင်ရသည့်မြင်ကွင်းသည်
အလွန်ထူးခြားနေ၏ တစ္စကိုကုန်တိုက်နှစ်သစ်ကူးဒစ္စကောင့်ချပေးနေလို့
လူတွေကားတွေများနေသည်ဟုထင်ရ၏၊သို့သော်မိမိထင်သလိုမဟုတ်ပေ
ဒကာလေးတွေလာမှမေးကြည့်တော့ မလေးရှားရေဘေးအတွက် အလှူ ခံနေခြင်းဖြစ်၏
တစ္စကိုကုန်တိုက်နှင့်လူမှုရေးအဖွဲ့တို့ပူးပေါင်းစီစဉ်ပုံရ၏၊ စီစဉ်သူတွေ ချီးကျူးစရာ
ကောင်းလှ၏ လှူဖွယ်ပစ္စည်းတွေသည် ကုန်တိုက်တွင်အစုံရှိသောကြောင့် အလှူ ရှင်တွေသည်
ကုန်တိုက်မှပစ္စည်းများအလွယ်တကူဝယ်ကာလှူဒါန်းနေခြင်းဖြစ်၏ ကုန်တိုက်မှပစ္စည်းတွေ
တချို့ပစ္စည်းတွေပြတ်သွားသည်အထိလှူ ဒါန်းကြ၏။ အထည်၊ေ၇ဘူး၊ အချိုဘူး၊ ဆန်၊ဆီ၊ မုန့်ဘူး၊
သကြား စသည်ဖြင့်အိမ်အသုံးအဆောင်ပစ္စည်းလှူ ဒါန်းတာတွေ့မြင်ရ၏၊ ဒုက္ခရောက်နေသူ
တွေကို ကူညီဖေးမခြင်းသည် လူတွေအသားအရောင်ဘယ်လိုဘဲကွဲကွဲ၊ ဘာသာရေးတွေ
ဘယ်လောက်ဘဲကွဲကွဲ၊ ပေးချင်ကျွေးချင်တဲ့ ကရုဏာစိတ်ဓါတ်ကတော့ တူညီတာတွေ့ရပါ၏၊
ဘုန်းကြီးလည်း ကျောင်းမှာရှိတဲ့ မုန့်ဘူးတွေ အအေးပုလင်းတွေ ဆီပုလင်းတွေကို ရေဘေး
ဒုက္ခခံစားနေသူတွေအတွက် ကရုဏာစိတ်ဓါတ်ဖြင့်လှူ ဒါန်းဖြစ်သွားပါ၏။
Type your summary here. Type the rest of your post here.

Friday, January 2, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၅)





      အဒိန္နပုဗ္ဗကသည် မိမိစည်းစိမ်တွေ ကုန်ခန်းသွားမှာစိုးရိမ်ပြီး သားကိုဆေးမကုသခဲ့သဖြင့် တဦးတည်းသော ချစ်သားလေး ဆုံးရှုံးခဲ့ရပြီ။ ယ္ခုသားနဲ့ချွတ်စွတ်တူတဲ့ ဤကလေးငယ်ကို သားအရင်းသွင်ချစ်ခင်ပြီး မိမိပစ္စည်း ဥစ္စာတွေ ငဲ့ကွက်ခြင်း မရှိဘဲ ထိုကဲ့သို့ ပြောကြားလိုက်၏။
      ငါ့သား ပြောစမ်းပါအုံးကွယ် ငါ့သားရဲ့ ရွှေရထားအတွက် ရွှေဘီးကိုလိုချင်လည်း ရွှေဘီးကိုလုပ်ပေးမည်။ ပတ္တမြားဘီး ကိုလိုချင်လည်း ပတ္တမြားဘီးကိုလုပ်ပေးမည်။ ငွေဘီးကိုလိုချင်လည်း ငွေဘီးကိုလုပ်ပေးမည်။ ကြေး ဘီးကိုလိုချင်လည်း ကြေးဘီးကိုလုပ်ပေးမည်။ သားလိုချင်သော ဘီးကိုသာပြောပါ ဒီအတွက်တော့ သောက ရောက်ပြီး မငိုကြွေးပါနဲ့ ဖခင်သား ငိုတာကြည့်ပြီး ရင်ထဲမှာ မကောင်းလွန်းလို့ပါဟုပြောဆိုလေ၏။
     နတ်သားဘ၀မှ လူသားယောင်ဆောင်ထားသော မဋ္ဌကုဏ္ဍလီ သတို့သားသည် မသေခင်ကတော့ ဆေးကု သမှုမပြုဘဲ သားသေမှ သူဿာန်သို့ နေ့စဉ်လာငိုနေသော ဖခင်အဒိန္နပုဗ္ဗကကို သတိသံဝေဂရပြီး မှားနေသော အယူကို အမှန်မြင်လာ စေရန် ရည်ရွယ်ချက်ဖြင့် သင်ခန်းစာပေးလိုသဖြင့် သို့ကလိုပြောကြားလိုက်၏။
     အို---ဖခင် သား၏ရွှေ၇ထားအတွက်  ရွှေဘီးကိုလည်း မလိုချင်ပါ။ ပတ္တမြားဘီးကိုလည်း မလိုချင်ပါ။ ငွေဘီး ကိုလည်း မလိုချင်ပါ။ ကြေးဘီးကိုလည်းမလိုချင်ပါ။ သားရွှေရထားအတွက် ဟိုး--မိုးပေါ်က နေ၀န်းကြီးနဲ့ လ၀န်း ကြီးကိုသာ ဘီးတစုံ အဖြစ် အသုံးပြုရန် လိုချင်ပါ၏ ထိုလ၀န်းနှင့် နေ၀န်းကို မရလို့ သားငိုကြွေနေခြင်းဖြစ်သည်
ဟု ပြောဆိုလေ၏။
      မိုက်လှချီလား ငါ့သားနှင့်တူသော ချစ်သားရယ်။ မတောင့်တထိုက်သည်ကို တောင်းတပါဘိ၏။ သားငယ် သင်သည် ငိုကြွေးရင်းသေလျှင်သာ သေသွားပါလိမ့်မည်။ ငါ့သား မင်းတောင့်တတဲ့ နေ၀န်းနှင့် လ၀န်းကိုတော့ ရနိုင်စရာ အကြောင်း မရှိပါ သို့ကလို ကရုဏာဒေါသနဲ့ ပြောကြားလေ၏။
      ကောင်းပါပြီဖခင် သားက နေ၀န်းနှင့်လ၀န်းကို လိုချင်တောင်းတ၍ ငိုပါ၏။ ဖခင်ကတော့ သေလွန်ပြီဖြစ်တဲ့ သားချစ်ကို တန်းတ၍ငိုပါ၏။ သားလိုချင်တောင်းတတဲ့ နေ၀န်းနဲ့လ၀န်းဆိုတာ ကောင်းကင်တွင် ထင်ရှားရှိပါ၏။ မျက်စိနဲ့လည်း တိုက်ရိုက်မြင်တွေ့နေရပါ၏။
    ဖခင်ကတော့ သေလွန်ပြီဖြစ်တဲ့ သားကို တမ်းတပြီးငိုကြွေးပါ၏။ ဖခင်တမ်းတပြီးငိုကြွေးတဲ့သားသည် ထင် ထင် ရှားရှားမရှိပါ မျက်စိနဲ့လည်း တိုက်ရိုက်မမြင်ရပါ။ ဤသင်င်္ချိုင်း၌ သားတို့ နှစ်ယောက်လုံး လိုချင်သည်ကို မရ၍ ငိုနေခြင်းကတော့ တူညီနေပါ၏။ သားလည်းမိုက်ပါ၏။ ဖခင်လည်းမိုက်ပါ၏။ သို့သော် သားတို့နှစ် ယောက်တွင် ဘယ်သူက ပိုမိုက်သည်ဟု ဖခင် ထင်ပါသနည်း။
    ထိုကဲ့သို့ အချက်ကျကျဖြင့် သားဖြစ်သူ လူသားအသွင်ဆောင် မဋ္ဌကုဏ္ဍလီ နတ်သားမှ ဖခင်ရင်းဖြစ်သူ အဒိန္နပုဗ္ဗကကို မေးကြားလိုက်သည့်အခါ။  ဖခင် အဒိန္နပုဗ္ဗက ချက်ခြင်းအသိဝင်သွား၏။ ချစ်သား သင်ပြော ဆိုသည့်စကားသည် အလွန်မှန်လှပါ၏။ ချစ်သားက နေ၀န်းနှင့်လ၀န်းကို တောင့်တ၍ငိုကြွေး၏။
    ဖခင်က သေလွန်ပြီးဖြစ်တဲ့ သားချစ်ကို တောင်းတ၍ငိုကြွေး၏။ ထိုငိုကြွေးသူ နှစ်ဦးတို့တွင် ဖခင်က သား ထက်ပိုပြီး မိုက်ပါ၏ဟု ဖခင်ဖြစ်သူ အဒိန္နပုဗ္ဗက သားဖြစ်သူ မဋ္ဌကုဏ္ဍလီ နတ်သားအားပြောကြားလေ၏။ ငါ့သား နှင့် ချွတ်စွတ်တူသောချစ်သား သင်၏ ဥပါယ်တမျှင်သောစကားဖြင့် ဖခင်၏ ပူလောင်နေသော သောကမီးကို ရေဖြင့် ငြိမ်းစေသော မီးကဲ့သို့ အေးချမ်းလှပါ၏။
  ချစ်သား ဖခင်၏ နှစ်လုံးသား၌ စူးဝင်သောငြှောင့်ကို ချစ်သား၏ စကားဖြင့် ပယ်နှုတ်အပ်သကဲ့သို့ သက်သာရာ ရပါ၏။ ငါ့သားကသိပ်တော်တာဘဲ ဖခင်အသိတရားရပါပြီ သားကိုချစ်တဲ့ စိုးရိမ်ပူဆွေးမှုတွေလည်း ပျောက်သွား ပါပြီ သောကတွေလည်း ငြိမ်းအေးပါပြီ။ နောက်ထပ်ဖခင်မှာ ငိုကြွေးစရာ အကြောင်းမရှိတော့ပါဟု ဆိုလေ၏။


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၃၀-၁၂-၂၀၁၄




မလေးရှားရောက် ပိုပို၏မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.

Thursday, January 1, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၄)





  ကိုယ်တိုင်အရောက်ကြွတော်မူလျှင် မဋ္ဌကုဏ္ဍလီသတို့သားအတွက် အကျိုးဖြစ် ထွန်းမယ်ဆိုတာကို သိတော် မူလို့ နံနက် မိုးလင်းတာနဲ့ နောက်ပါရဟန်းတွေနဲ့အတူ ဆွမ်းခံကြွတော်မူ၏။ အဒိန္နပုဗ္ဗက အိမ်ရှေ့ကိုရောက် တော်မူတဲ့အခါ မဋ္ဌကုဏ္ဍလီ သတို့သားဟာ အိမ်ဘက်ကိုမျက်နှာမူပြီး စောင်းလျက်ရှိနေတာမို့ မြတ်စွာဘုရား က ရောင်ခြည်တော်ခြောက်သွယ် ပို့လွှတ်တော်မူလိုက်၏။
    အိမ်နံရံကို ရောင်ခြည်တော်လာဟပ်တဲ့အခါ ထူးဆန်းလို့ဆိုပြီး မဋ္ဌကုဏ္ဍလီ လှည့်ကြည့်လိုက်တဲ့အခါ ကျက် သရေတော်နဲ့ အလွန်ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားကို ဖူးမြင်လိုက်ရ၏။ စိတ်ထဲမှာ ကြည်လင်ပြီး မျက်နှာမှာ လည်း ဝင်းပသွား၏။ မဋ္ဌကုဏ္ဍလီသည် သူ၏ဘ၀တလျှောက်လုံး ဒါနလည်းမပြုခဲ့။ သီလကိုလည်းမစောင့်ခဲ့။ ဘာဝနာကိုလည်း မပွားဘူးခဲ့ပါ။
   ထို့ကြောင့် သူ့တွင်ကုသိုလ်ကံဟူ၍ ဟုတ်ဟုတ်ညားညား ဘာမျှမရှိ  သို့သော်လည်း မြတ်စွာဘုရားကို လက် အုပ်ချီပြီး အရိုအသေပေးဘို့အတွက် လက်ကိုမြောက်နိုင်တဲ့ အင်အားတောင်မရှိ။ မြတ်စွာဘုရားကို ကြည့်ပြီး တော့သာ ကြည်ညိုနေတော့၏။ဤသည်ပင် သူ့အတွက် အဘိုးအနဂ္ဃထိုက်သော ဘာဝနာကုသိုလ် ဖြစ်၏။
   မြတ်စွာဘုရားကလည်း ဒီလောက်ဆို လုံလောက်ပြီလို့သုံးသပ်တော်မူပြီး ဆက်ကြွသွားတော်မူ၏။ မြတ်စွာ ဘုရားထွက် ကြွသွားတဲ့အချိန်မှာပဲ မဋ္ဌကုဏ္ဍလီလည်း အသက်ကုန်ဆုံးသွားတော့၏။ အဲဒီနောက် ချက်ချင်းပဲ ယူဇာနာ (၃၀) အကျယ်ရှိတဲ့ နတ်ဗိမာန်မှာ နတ်သားသွားဖြစ်၏။ မြတ်စွာဘုရားကို ကြည်ညိုရုံလေးနဲ့ မဋ္ဌကုဏ္ဍ လီ နတ်သားဘ၀ကိုရရှိခြင်းဖြစ်၏။
    မိမိ၏တဦးတည်းသောသား မဋ္ဌကုဏ္ဍလီ ကွယ်လွန်သောအခါ အဒိန္နပုဗ္ဗကသည် ယူကျုံးမရဖြစ်ရ၏ မိမိ၏ မိုက်ပြစ်ဒဏ်ကို မိမိခံရုံမှတပါး ဘာမျှမတတ်နိုင်တော့။ မိမိမျိုးဆက်လည်းပြတ်လေပြီ။ ဆေးပေးမီးယူပြုပေးမည့် သူတောင်မရှိ ဘ၀မှာ အထီးကျန် အထီးဆန် ဘ၀ဖြင့် ဖြတ်သန်းရပါတော့မည်။
     မိမိ၏ရင်သွေးရတနာ သားသီးချာ၏ ချစ်စရာမျက်နှာကို မမြင်ရတော့ဘဲ မိမိတို့ မိအို ဖအို နှစ်ဦးတည်းသာ တယောက်ကိုတယောက် အဖေါ်ပြုလျှက် ဘ၀ခရီးကို လျှောက်ရပေတော့မည်။မိမိ၏မိုက်ပြစ်ဒဏ်ကြောင့် မိမိ ပတ်ဝန်းကျင်၏ ကြင်နာမှုကို ရဖို့ရန် မမျှောလင့်နိုင်တော့သည့်အပြင် ပြစ်တင်ရှုတ်ချမှုသာ ဆက်ကာဆက်ကာ ခံရပါတော့မည်။
      အဒိန္နပုဗ္ဗကသည် တွေးရင်းတွေးရင် မျက်ရည်ကျ၏ သားအလောင်းကို သင်္ဂြိုဟ်ပြီး သိပ်ချစ်လွန်းတော့
သားကိုမြှုပ်နှံ ထားတဲ့သုဿာန်မှာ နေ့စဉ်နေ့တိုင်းသွားသွားငိုနေရှာ၏။ တကယ်တော့ အဒိန္နပုဗ္ဗကသည် သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို မျက်မှောက်ဘ၀မှာပင် သူခံယူနေခြင်းဖြစ်၏။
      မဋ္ဌကုဏ္ဍလီနတ်သားဟာ ဖခင်ကြီး နေ့စဉ်နေ့တိုင်း လာလာငိုနေတာကိုတွေ့တော့ အသိတရားရစေချင်တာ နဲ့ လူ့ဘဝတုန်းက ပုံစံအတိုင်းဖန်ဆင်းပြီး သုဿာန်တနေရာမှာ ဝမ်းနည်းပက်လက်ငိုကြွေးနေ၏။ အဒိန္နပုဗ္ဗက သည် ယ္ခင်နေ့တွေ မိမိ တယောက်ထဲငိုနေတာ ဒီနေ့သူနဲ့ထပ်တူ ငိုကြွးနေသံတခုကြားရတော့ ထိုငိုကြွေးနေ သူကို လှမ်းကြညိ့်မိ၏။
  အဒိန္နပုဗ္ဗက အလွန်အံ့သြသွား၏ ငိုကြွေး နေသောလုလင်သည် သူ့သား မဋ္ဌကုဏ္ဍလီနဲ့ ချွတ်စွပ်တူနေသည်ကို တအံ့တသြတွေ့ရ၏။ ထိုအခါ သား၏ချစ်ခြင်းဖြင့်။ ထိုလုလင်ထံသို့ သွားရောက်ကာ ထိုကဲ့သို့ စကားဆိုလေ၏။    
အမောင်လုလင် သင်ဘာလို့ ဒီလောက်ဝမ်းနည်း ပက်လက်ငိုနေရသနည်း၊ ဖခင် ငါ့သားကို ဘာကူညီပေးရမလဲ၊ မဋ္ဌကုဏ္ဍလီသည် ဤမေးခွန်းကို မျှော်လင့်ထား၏။ ယ္ခု ဖခင်ဖြစ်သူ အဒိန္နပုဗ္ဗကသည် ဤမေးခွန်းကိုမေးလေပြီ။
       အိုဖခင်--သားမှာ ရွှေရထားတစီးရှိပါ၏။ သို့ရာတွင် ရွှေရထားနှင့်လိုက်ဖက်သော ဘီးများမရှိပါ။ ထိုဘီးများ ကိုရှာရင်း ဤနေရာသို့ ရောက်လာခြင်းဖြစ်ပါ၏ နေရာအနှံ့ရှာပြီးဖြစ်သော်လည်း ယ္ခုတိုင်မရသေးသဖြင့် ငိုကျွေး နေခြင်းဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၉-၁၂-၂၀၁၄




ကွယ်လွန်သူမိဘဘိုးဖွားများကိုရည်စူး၍မလေးရှားရောက် မမာလာမြင့်မိသားစုမှ
နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းကာအမျှဝေစဉ်။
Type your summary here. Type the rest of your post here.