အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, February 10, 2015

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂-၂-၂၀၁၅





မလေးရှား-ရှားအလမ်း-စက်ရှင်(၂၇)ရောက်ရွှေမြန်မာများ၏သဒ္ဓါဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

Monday, February 9, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၃)





     ထိုနေ့မှာပင် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ပထမသာဝကသန္နိပါတခေါ် ဘုရားရှင်၏ တပည့်သာဝ က ရဟန်းတော်ပေါင်း တစ်ထောင့်နှစ်ရာငါးကျိပ်တို့ စုဝေးမိကြ၏၊ ပထမသာဝကသန္နိပါတ-ပထမ ဆုံးအကြိမ် သံဃာ့ အစည်းအဝေးပွဲကြီးဟု ခေါ်တွင်၏။ ထိုသံဃာ့အစည်းအဝေးကြီးကား ဤဘုရား သာသနာ တော်၌ တစ်ကြိမ်သာလျှင် ဖြစ်၏၊ ထိုအစည်းအဝေးကြီး၏ ထူးခြားချက်ကား -
(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊
(၂) သံဃာတော် ၁၂၅၀-တို့သည် မည်သူမျှ မပင့်ဖိတ်ရဘဲ အလိုအလျောက် ကြွရောက်လာခြင်း၊
(၃) သံဃာတော် ၁၂၅၀ လုံး ဆဠဘိည ရဟန္တာချည်း ဖြစ်ကြခြင်း၊
(၄) အားလုံးသော သံဃာတို့ ဧဟိဘိက္ခုချည်း ဖြစ်တော်မူခြင်းတို့ ဖြစ်၏။
    အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ သံဃာ့အစည်းအဝေးပွဲကြီးတွင် အဂ္ဂသာဝကရာထူး အပ်နှင်း တော်မူပြီး ရဟန်းတို့အား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမ၍ သြ၀ါဒပါတိမောက်ကို ပြတော် မူ၏။
    မြတ်စွာဘုရားရှင်က ထိုအစည်းအဝေးကြီးတွင် ဥပတိဿအား အရှင်သာရိပုတ္တရာဟူသော အမည်ဖြင့်လည်း ကောင်း၊ ကောလိတအား အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အမည်ဖြင့်လည်းကောင်း၊အဂ္ဂသာဝကအရာ အပ်နှင်း ချီးမြှင့်တော်မူ၏။ နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌  ဉာဏ်ပညာကြီးမားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်း တို့တွင် သာရိပုတ္တရာသည် အတော်ဆုံး အသာလွန်ဆုံး အမြတ်ဆုံးဖြစ်ပေ၏ ဟု ပညာ အရာ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူ၏။
   မထေရ်မြတ်သည် ၄၄-၀ါ ကာလပတ်လုံး သတ္တ၀ါအကျိုးငှာ ကျင့်တော်မူခဲ့၏။ မထေရ်မြတ်၏ တရားတော် တို့ကို ပိဋကတ်စာပေတွင် များပြားစွာ မှတ်တမ်းတင်ခဲ့ပါ၏။ ပဋိသမ္ဘိဒါမဂ်၊ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသပါဠိတော် တို့မှာ မထေရ် မြတ်ဟောကြားတော်မူသော တရားတော်များဖြစ်သည်၊ အဘိဓမ္မာဒေသနာတော် လူ့လောက၌ ထင်ရှားစွာ တည်ရှိခဲ့သည် မှာလည်း မထေရ်မြတ်၏ စွမ်းဆောင်မူကြောင့်ပင်ဖြစ်၏။
    အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်၊ လူ့ပြည် ၌မူ ရှင်သာရိပုတ္တရာတစ်ပါးတည်းကိုသာ နည်းလည်ရုံ အကျဉ်းအားဖြင့် ဟောကြားခဲ့သည်။ ယခုရှိနေသော အဘိဓမ္မာတရား တော်များသည် ရှင်သာရိပုတ္တရာက ၎င်း၏တပည့်များအား သင်ကြားပို့ချပေးခဲ့သော အဘိဓမ္မာ တရားတော်များဖြစ်၏။ ဘုရားရှင်အား သာသနာအဓွန့်ရှည်ရေးအတွက် ၀ိနည်းသိက္ခာပုဒ်များ ပညတ်ရန်နှင့် ဘုရားဖြစ်တော်စဉ် ဟောကြား တော်မူရန်လည်း မထေရ်မြတ်ကပင် တောင်းပန်လျှောက်ထားခဲ့၏။
   ဂါရ၀ နိဝါတအရာတွင်လည်း မထေရ်မြတ်သည် စံတင်အတုယူလောက်သော ပုဂ္ဂိုလ်ကြီးဖြစ်၏။ တခါသော် အရေးတကြီး ကိစ္စရှိသဖြင့် သင်္ကန်းကို မညီမညာဝတ်ရုံမိသော အရှင်သာရိပုတ္တရာအား သာမဏေ တစ်ပါးက ညီညာစွာ ၀တ်ရုံသင့်ကြောင်း ပြောပြသဖြင့် သင်္ကန်းကို ညီညာစွာ ပြန်လည် ၀တ်ရုံပြီး ကိုရင်လေးရှေ့ ရပ်ပြကာ သာမဏေငယ်၏ ဆုံးမမူကို ဦးထိပ်ပန်ဆင်၍ ပြုံးရွှင်ကျေနပ်စွာ လိုက်နာခဲ့ဘူး၏။
     အရှင်သာရိပုတ္တရာသည် တချိန်က ဟိမ၀န္တာလိုဏ်ဂူတခု၌ တံမြက်မလှည်းဘဲ သမာပတ်ဝင်စားနေမိသည့် အတွက် မြတ်စွာဘုရားဆုံးမဖူးသည်ကို တသက်လုံး စွဲမြဲစွာ နာယူခဲ့၏။ ထိုအခါမှ စ၍ သံဃာတော်များ ဆွမ်းခံ ကြချိန်တွင် ကျောင်းတိုက်တခုလုံးသို့ လှည့်လည်၍ တံမြက်လှည်းခြင်း၊ ရေခပ်ဖြည့်ခြင်းစသော သေနာသန ၀တ်တို့ကို ပြုတော်မူလေ့ ရှိ၏။    
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁-၂-၂၀၁၅



ကွယ်လွန်သူဖခင်ကြီးဦးတင်အေးအားရည်စူး၍မလေးရှားရောက်
သားဖြစ်သူမှ ကုသိုလ်ပြု လုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Sunday, February 8, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၂)





   ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
     တေသဉ္စ ယောနိရောဓော ၊ ဧဝံ ဝါဒီ မဟာသမဏော။
     ငါတို့ဆရာ မြတ်စွာဘုရားရှင်သည် ဤသို့ဟောကြားတော်မူလေ့ရှိပါ၏ ဟု အကျဉ်းမျှသာ ဟောပြလေ၏။ ဥပတိဿကား-လူ့ဘဝ၏ သေခြင်းတရားနှင့် ဆင်းရဲဒုက္ခများကို ငြီးငွေ့ပြီး ထိုဆင်းရဲ တရားများမှ လွတ်မြောက် ရေး တရားလမ်းစဉ်ကို အပူတပြင်း လိုက်၍ ရှာဖွေနေသူဖြစ်ပြီး ဘဝများစွာက ပါရမီဓာတ်ခံ ရင့်သန်နေပြီ ဖြစ် သော ဥပတိဿသည် အရှင်အဿဇိမထေရ်ဟောကြားသော တရားအကျဉ်းကိုကြားနာရရုံမျှဖြင့်ပင် တရား ဥာဏ်အလင်းများ ရရှိပြီး သောတာပန်အရိယာအဆင့်သို့ ရောက်ခဲ့လေ၏။
  ထို့နောက် ဥပတိဿက ယခု မြတ်စွာဘုရားရှင် အဘယ်မှာရှိနေပါသနည်း ဟု မေးလျှောက်လေသော် အရှင် အဿဇိက ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်းကိုဖြေကြားလေ၏။ထိုအခါ ဥပတိဿက အရှင် ကြွနှင့်တော်မူပါ တပည့်တော်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယာက်ကို ခေါ်ရန် ရှိနေပါသည်ဟုလျှောက်ထား တောင်းပန်ပြီး နေထိုင်ရာ ပရိဗိုဇ် ကျောင်းသို့ ပြန်လာခဲ့၏။
     အရှင်အဿဇိ၏တရားကိုနာကြားရပြီး တရားထူးကိုသိမြင် ရရှိခဲ့ပြီး ဖြစ်၍ တစ်မူထူးခြားလျှက် တည်ငြိမ် သော ဣနြေ္ဒ၊ ကြည်လင်သော မျက်နာဖြင့် ကျောင်းသို့ ပြန်လာသော ဥပတိဿကို မြင်သော ကောလိတက ငါ့ရှင် ဒီနေ့ တစ်စုံတစ်ခုသော တရားထူးကို ရရှိခဲ့ပါသလော ဟု မေးလေလျှင် ဥပတိဿသည် အရှင်အဿဇိ ရဟန်းနှင့် တွေ့ရပြီး တရားတော်ကိုနာခဲ့ရပုံ အကြောင်းစုံကို ပြောပြပြီး မိမိနားယူခဲ့ရသော တရားအကျဉ်းကို တစ်ဆင့်ပြန်လည်၍ ဟောပြောပြလေရာ ကောလိတလည်း တရားတော်ကို တစ်ဆင့်နာကြားရရုံဖြင့်ပင် သော တာပန် အရိယာအဖြစ်သို့ ရောက်ရှိသွားလေ၏။
   ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ဦးလုံး တရားထူးကိုသိမြင်ကြပြီး၍ မြတ်စွာဘုရားရှင်ထံသို့ လိုက်သွား ရန် ပြင်ဆင်ကြပြီး မိမိတို့နေသောကျောင်းမှလက်ရှိဆရာ သိဉ္စည်း ပရိဗိုဇ်ဆရာကြိးထံ သွားရောက်၍ ဆရာ လောက၌ တရားအစစ် အမှန်ကို ဟောပြောပြသနိုင်သည့် ပုဂ္ဂိုလ်ကိုကျွန်ုပ်တို့ တွေရှိခဲ့ပါပြီ ထိုပုဂ္ဂိုလ်ထံသို့  သွားပါမည်၊ ဆရာလည်းလိုက်ခဲ့ပါ ဟု တိုက်တွန်းစကားပြောလေ၏။
      သင်တို့ တွေ့ ခဲ့တဲ့ပုဂ္ဂိုလ်ကအဘယ်သူပါနည်း  ဂေါတမဗုဒ္ဓ ဖြစ်ပါသည်ဆရာ ဟု ဖြေကြားလိုက်သောအခါ၊ တပည့်တို့  ငါသည်-ဝါဒရေးရာနှင့်ပတ်သက်၍ တစ်ဂိုဏ်းတစ်ဖွဲ့ ထောင်ပြီးဆရာလုပ်နေတဲ့သူဖြစ်၏ ဂေါတမဗုဒ္ဓ ထံ သွား၍တပည့် အဖြစ် မခံယူလိုပါ၊သင်တို့သာ သွားကြပါတော့ ဟု ပြောကြားလေ၏။
    သိဉ္စည်းဆရာကြီးကပြောသောအခါ ဥပတိဿနှင့်ကောလိတတို့သည် ဆရာ လောက၌ ဘုရားအစစ်အမှန် ပေါ်ထွန်းလာပြီဖြစ်၍ ဆရာအထံသို့ မည်သူမျှလာကြတော့မည် မဟုတ်ဟုပြောဆို၍ မြတ်စွာဘုရားထံ သွားကြ တော့မည် ဆရာလည်း တစ်ပါတည်းအတူလိုက်ခဲ့ရန် ထပ်မံတိုက်တွန်း ခေါ်ဆောင်လေ၏။
   တပည့်တို့ လောကမှာ ပညာရှိတဲ့သူနှင့် ပညာမဲ့တဲ့သူဘယ်သူကပိုများပါသလဲဟုမေးလေ၏ ၊ပညာမဲ့တဲ့သူက ပို၍များပါသည်ဆရာဟုပြောသည်ရှိသော် တပည့်တို့ဤသို့ ဖြစ်လျှင်-ပညာရှိတဲ့သူများသည် ရဟန်းဂေါတမ ထံ သွားကြ ပေလိမ့်မည်၊ပညာမဲ့တဲ့သူများကား ငါ့ထံသို့ လာကြပေလိမ့်မည်၊သင်တို့သာသွားကြပါလေ ၊ငါသင်တို့ 
နှင့်မလိုက်နိုင် ဟု သိဉ္စည်းဆရာကြီးက ငြင်းဆန်လေ၏။
     ထိုအခါ ဥပတိဿ နှင့် ကောလိတတို့သည် မိမိတို့၏ တပည့်များကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ရှိရာ ဝေဠုဝန် ကျောင်းတော်သို့ ထွက်လာခဲ့ကြ၏ တပည့်အများသည် ဥပတိဿနှင့်ကောလိတ တို့နောက်သို့သာ လိုက်ပါသွားကြ၍ ကျောင်းတိုက်အတွင်း တိတ်ဆိတ်ခြောက်သွေ့၍ ကျန်ရစ်ခဲ့ပြီ သိဉ္စည်းဆရာကြိးသည် လွန် စွာမှ စိတ်ထိခိုက်လျှက် အိပ်ယာထက်တွင် စိတ်မချမ်းသာစွာ လဲအိပ်နေတော့၏။
   
ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင် မြတ်စွာဘုရား အထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြ၏။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ ဦးစွာ ရဟန္တာဖြစ်ကြ၏။ ခေါင်းဆောင် ဥပတိဿနှင့် ကောလိတနှစ်ဦးမှာမူ တရားထူး မရကြပါ။
    မြတ်စွာဘုရားရှင်ကို သိဉ္စည်းဆရာကြီးနှင့် မိမိတို့၏ အကြောင်းများကို ပြန်လည်လျှောက်ထားသောအခါ။ မြတ်စွာဘုရားရှင်က ရဟန်းတို့ လောက၌ အနှစ်မဲ့သောတရားကို အနှစ်ရှိသောတရားဟူ၍ အထင်မှားနေသူများ သည် အနှစ်ရှိသော တရားကို ဘယ်အခါမျှ ရနိုင်မည်မဟုတ်၊ အနှစ်ရှိသောတရားနှင့် အနှစ်မဲ့သော တရားနှစ်ပါး ကို ခွဲခြား၍ သိသူများသာလျှင် အနှစ်ရှိ သောတရားကို ရရှိနိုင်ပါ၏ ဟု သြဝါဒ တရားစကားကိုမိန့်ကြားတော်မူ လေ၏။
     မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင် သာရိပုတ္တရာမထေရ်၏တူ ဒီဃနခ ပရိဗိုဇ်အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကို ဟောရာ၌ ယပ် လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွား၏။ ဒီဃနခ ပရိဗိုဇ်မှာမူ သောတာ ပန်မျှသာဖြစ်၏။    
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁-၂-၂၀၁၅





မလေးရှား-ရာဝမ်းမြို့တွင်မွေးဖွားသော ချမ်းမြေ့ကျော်(ခ)ဖိုးခွားလေး၏
ရက်(၁၀၀)ပြည့်မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

Thursday, February 5, 2015

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁-၂-၂၀၁၅



မလေးရှားရောက်ကိုဝင်းမြင့်၏အာရုံဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်သောာကာသတင်းစဉ် ၃၀-၁-၂၀၁၅



မလေးရှားရောက် မမာလာမြင့်၏မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၉-၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာ၏သင်္ကန်းပရိက္ခရာအလှူ ။
Type your summary here. Type the rest of your post here.

Wednesday, February 4, 2015

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၉-၁-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာများနေ့ဆွမ်းကပ်လှူ ၍လှူ ဖွယ်များဆက်ကပ်လှူ ဒါန်းစဉ်။
Type your summary here. Type the rest of your post here.