အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, April 6, 2015

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂-၄-၂၀၁၅




မလေးရှား-ပူချုန်းအင်တန်းနေမောင်မျိုးကျော်သူ၏မွေးနေ့ဆွမ်းကပ်အလှူ ။
Type your summary here. Type the rest of your post here.

Sunday, April 5, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၉)





    အရှင်ဘုရား သာရိပုတ္တရာ (၄၄)၀ါပတ်လုံး ဆရာအရှင်၏ အနောက်မှာ အရိပ်ပမာ လိုက်ခဲ့သော်လည်း ဆရာ အရှင် အရှင်မြတ်ပေါ်မှာ မကြေနပ်စရာ ကာယကံ ၀စီကံ မရှိပါဘုရားဟု ညီညာစွာလျှောက်ထားကြ၏။ တပည့် တော်တို့ကသာ ဆရာအရှင် ကျေးဇူးရှင် ပြစ်မှားမိလျှင် ခွင့်လွှတ်မူပါဘုရားဟု ဆရာနှင့်တပည့်တို့ အပြန်အလှန် သီခံခွင့်လွှတ်ကြ၏။
    အရှင်သာရိပုတ္တရာမထေရ်ကြီးသည် ဈန်သမာပတ်တွေကို အစဉ်အတိုင်းဝင်စားကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထိုပရိနိဗ္ဗာန စုတိကျပြီးချိန်တွင် မဟာပထ၀ီမြေကြီးသည် တော်လဲသံဖြင့် ပဲ့တင်မြည်စေလျှက် ကမ္ဘာကြီးကိုလှုပ် ခါစေပြီ၊ ကမ္ဘာမြေကြီးဟာ သက်မဲ့ဖြစ်သော်လည်း ကျေးဇူးရှိ ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကို ဂုဏ်ပြုပူဇော်လေပြီ၊  လောကဓာတ်တခုလုံးလည်း အာရုံတက်လို့ အလင်းဆောင်တဲ့အချိန်ရောက်ခဲ့ပြီ။
    မယ်တော်ပုဏ္ဏေးမကြီးသည် သားကြီး အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်ပြုပြီဆိုတာ သိလိုက်ရတော့ ချစ်သား ဥပတိဿ မယ်တော်ကြီးတို့သည် ရှေးအခါက သားကြီးရဲ့ဂုဏ်ကျေးကို ဘာတခုမျှ မသိခဲ့ကြပါ။ ယခု သားကြီး ကျေးဇူးကို သိတဲ့အချိန်ကြမှ သားကြီးက မယ်တော်တို့ကို ခွဲခွာသွားပြီ သားကြီးဂုဏ်ကျေးဇူးကို ရှေးထဲက သိခဲ့ မယ်ဆိုလျှင် အမေ့သားကြီးကို ရွှေကျောင်းတော်ကြီးဆောက်လုပ် လှူဒါန်းနိုင်ပါ၏။
    ခုတော့ဖြင့် အမေ့မှာရှိတဲ့ ဓနတွေဖြင့် လူတွေ နတ်တွေ ဗြဟ္မာတွေ ရိုသေလေးစား ဘုန်းကံကြီးမားတဲ့ ငါ့သား ကြီးကို ကျောင်းလဲမလှူရ သင်္ကန်းလဲ မလှူလိုက်၇ပါလားဟု ၀မ်းနဲကြေကွဲတဲ့ စိတ်တွေနဲ့ မျက်ရည်တွေ ဖြိုင်ဖြိုင် စီးကာ သောက စကားတွေ ပြောနေရှာ၏။သို့သော်လည်း သားရဲ့ နောက်ဆုံးအချိန်မှာ အမေ့ကို တရားထူးတွေ ရအောင် ဟောဖေါ်ညွန်ပြသည့်အတွက် ငါ့သားအမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်တဲ့ သားမြတ်ပါဟု လုပ်အုပ်ချီကာ သားမြတ်အရှင်သာရိပုတ္တရာ၏ ရုပ်ကလပ်တော်ကို ဖူးမျှော်လေ၏။
   မယ်တော်ကြီးသည် ငါ့သား၏ ဈာပနကို နောက်ဆုံးအနေနဲ့ ထူးထူးခြားခြား ပူဇော်မယ်ဟု ဆုံးဖြတ်ချက်ချကာ ရတနာ တိုက်ခန်းမှ ရွှေတွေထုတ်ခိုင်းကာ ရွှေစင်စစ်စစ်ဖြင့် ရွှေပြာဿာဒ် ငါးရာ၊ ရွှေအထွတ်တတ်တဲ့ ရွှေခန်းမ ဆောင်၊ ရွှေအတိနဲ့ ရွှေမဏ္ဍာပ်ငါးရာတို့ကို ရွှေပန်တိမ်သည်တွေခေါ်ပြီး နေ့ဆိုင်း ညဆိုင်ဖြင့်လုပ်ခိုင်ကာ သား တော်ကြီးဈာပနကို ခန်းနားထယ်ဝါစွာ ပူဇော်ခဲ့ပါ၏။
     စာရှုသူအဆွေ သင်တို့လည်း အရှင်သာပုတ္တရာ မထေရ်ကြီးလို မိဘတွေကို သောတာပန်ဖြစ်အောင် တရား
မဟောနိုင်သော်လည်း နတ်ယောင်ယောင် ဗေဒင်ယောင်ယောင် ဓါတ်ယောင်ယောင် နှစ်လုံး သုံးလုံးယောင် နေတဲ့ မိဘတွေကို တရားရိပ်သာ လောက်ပို့နိုင်မယ်ဆိုလျှင် အမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်တဲ့ သားထူးသား မြတ်များဖြစ်မှာဖြစ်၏။ စာရှုသူတို့ သင်တို့လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုတော့ လုပ်နိုင်အောင်ကျိုးစားကြပါ ဟုတိုက်တွန်းရင်း နို့ကြွေးဆပ်သူ အာဂလူစာအုပ်ကို နိဂုံးကပတ် အဆုံးသတ်လိုက်ပါ၏။။    

 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၃၁-၃-၂၀၁၅




ကွယ်လွန်သူကိုမျိုးဇော်ထွန်း(ခ)ကိုဝင်းထိုက်အားရည်စူး၍
ကျန်ရစ်သူမိသားစုမှ ကုသိုလ်ပြုလုပ်ကာအမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Friday, April 3, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၈)





     မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားသည် အရဟံဂုဏ် သမ္မာသမ္ဗုဒ္ဓဂုဏ်၊ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်၊ သုဂတဂုဏ်၊ လောက၀ိဒူ ဂုဏ်၊ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်၊ သတ္တာ ဒေ၀မနုဿာန ဂုဏ်၊ ဗုဒ္ဓ ဂုဏ်၊ ဘဂ၀ါဂုဏ်၊ တို့နှင့် ပြည့်စုံ တော်မူ၏။
     မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားသည် အစမှာ သီလ၏ကောင်းခြင်း၊ အလယ်မှာ သမာဓိ၏ ကောင်းခြင်း၊ အဆုံးမှာ ပညာ၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်းသုံးပုံ ကျေးဇူးဂုဏ်နှင့်လည်း ပြည့်စုံပါ၏။
     အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် မယ်တော်ကြီး စိတ်နှစ်လုံးနူးညံ့အောင် မယ်တော်ကြီးနဲ့ လိုက် လျှောညီထွေ ရှိမဲ့ ဒါနကထာလို့ခေါ်တဲ့  ဒါနတရားတွေကို ပထမဆုံးဟောပြလိုက်၏။
     မယ်တော်ကြီး စိတ်နှစ်လုံးနူးညံ့ သိမ့်မွေ့လာမှ သီလကထာလို့ခေါ်တဲ့ ကိုယ်ကျင့်သိက္ခာ သီလအကြောင်း တွေကို ဟောပြတယ် မယ်တော်ကြီး အင်မတန်ချစ်လှသောသားကြီး ဟောပြတဲ့ သီလတရားတွေနာကြားရင်း သီလတွေကို အလိုလို စောင့်ထိမ်းလာနိုင်၏။
    ဒါနနှင့်သီလစောင့်ထိမ်းနိုင်လျှင် သဂ္ဂကထာလို့ခေါ်တဲ့ နတ်ပြည် စည်းစိမ်တွေကို ခံစားနိုင်ကြောင်း ဟော ပြပြီး၊ ဒီလူ စည်းစိမ် နတ်စည်းစိမ်ဆိုတာ တကယ့်ချမ်းသာအစစ်မဟုတ်ဘူး မယ်တော်ကြီး ထိုလူစည်းစိမ်ချမ်း သာ နတ်စည်းစိမ်ချမ်းသာထက် အစပေါင်းများစွာချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာဆိုတာရှိသေးတယ်။
     ထိုနိဗ္ဗာန်ချမ်းသာရောက်ချင်ရင်ဖြင့် လူစည်းစိမ် နတ်စည်းစိမ်ဟုခေါ်သော လောကီအာရုံကာမဂုဏ်တို့ အပြစ်တွေကို မြင်အောင်ကြည့်ရတဲ့ မဂ္ဂကထာဟုဆိုသော ကာမာနံအာဒီန၀ကထာကို ဟောပြတော်မူ၏။
      ထိုကာမဂုဏ်တို့ရဲ့ အပြစ်တွေ မြင်တော့မှ နိက္ခမ အာနိသံသ၊ ထိုကာမဂုဏ်မှ ထွက်မြောက်အောင် ကျင့် ဆောင်ကျိုး ကုတ်အားထုတ်တဲ့ သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ ထိုသမာဓိဘာဝနာပွားများပုံ ပညာဘာဝနာ ပွားများပုံကိုလည်းကောင်း ထိုသမာဓိဘာဝနာကြောင့် ရရှိတဲ့အကျိုး၊ ပညာဘာဝနာကြောင့် ရရှိတဲ့အကျိုးတွေ ဖြစ်သော အနုပုဗ္ဗိကကထာကို ဟောတော်မူ၏။
   ထိုတရားတွေကို အစဉ်အတိုင်းဟောကြားလို့ ဒေသနာလည်းဆုံးရော မယ်တော်ကြီး ရူပသာရီ ပုဏ္ဏေးမကြီး သည် ရင်ထဲမှာ သိမ့်ကနဲ ညိမ့်ကနဲ အလွန်အေးချမ်းတဲ့အရသာကိုခံစားလိုက်ရ၏။
   မယ်တော်ကြီးလည်း သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် သို့ရောက်ရှိသွာလေပြီ။ သားကြီးသြရသဖြစ်သော အရှင်သာရိပုတ္တရာသည် မိမိပရိနိဗ္ဗာန်ပြုခါနီးဆဲမှာ အယူမှားနေသောမယ်တော်ကြီးကို အယူမှန် လမ်းမှန်ပေါ် သို့တင်ပေးကာ မယ်တော်ကြီးကို အမေ့နို့ဖိုးကြေအောင်ဆပ်ခဲ့ပါပြီ။
 သောတာပန်ဖြစ်သွားသောမယ်တော်ကြီးသည် ချစ်သားဥပတိဿသင်ဘယ်လိုလုပ်လိုက်တာလည်း ဒီလောက် ကောင်းတဲ့တရားကို ဟိုရှေးယခင်ကလာမဟောဘဲ ခုမှလာဟောရသလား သားကြီးကို ကရုဏာဒေါသဖြင့်
အပြစ်ပြောကာ မယ်တော်ကြီး ဓမ္မ ရသ ပိတိ သုခ ဖြင့် အကြေနပ်ကြီး ကြေနပ်နေတော့၏။
    အရှင်သာရိပုတ္တရာမထေရ်သည် မယ်တော်ကြီးကို တရားဟောပြီးပြီ မယ်တော်ကြီး ကိစ္စရှိလျှင် သွားနိုင်ပါပြီ ဟု သွားခွင့်ပေးလိုက်၏။သို့သော်မယ်တော်ကြီးသည် သားကြီးနေရာမှမခွာဘဲ သားကြီးကိုလက်အုပ်ချီလျှက်သာ သင့်တော်သည့် အရပ်မှာ နေလိုက်၏။
  အရှင်သာရိပုတ္တရာသည် ညီတော်စုန္ဒအားဘယ်အချိန်ရှိပြီလည်းဟုမေးမြန်းလေ၏။နောင်တော်ကြီး မိုးသောက် ယံ အာရုံကျင်း လင်းခါနီးပါပြီဟုလျှောက်ထား၏။သံဃာတော်များစုဝေးခေါ်ယူပြီး ငါ့ရှင်တို့ (၄၄)၀ါပတ်လုံး အတူ တူနေခဲ့ကြရတဲ့ငါ့ရှင်တို့အပေါ် ကာယကံမှု ၀စီကံမှု မနှစ်သက်တာများရှိရင် ခွင့်လွှတ်ကြပါဟု တောင်းပန်စကား ဆို၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၉-၃-၂၀၁၅



မလေးရှား-ပူချုန်း-ဂျိုင်းရင်းရောက်ရွှေမြန်မာများ၏ကုသိုလ်။
Type your summary here. Type the rest of your post here.

Thursday, April 2, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၇)





      ညဉ်လယ်ယံမှာ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပစွာနဲ့ တဦးတည်းရောက်လာတဲ့သူက ဘယ်သူလည်း သားကြီး။------------ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ တဦးတည်းရောက်လာတဲ့သူကတော့ နတ်တို့သနင်း သကြားမင်း ဖြစ်တယ် မယ်တော်ကြီး။-------- သူကကော ဘာလာလုပ်တာလဲ။------------ သကြာမင်းလည်း သားကြီးကို သူနာပြုစုဖို့ ခွင့်လာတောင်းတာပါမယ်တော်ကြီး။
     သားကြီးထံမှာ သူနာပြုစုမဲ့ ရဟန်းတော်တွေရှိတာနဲ့ မလိုတော့ပါဘူးဆိုပြီး ပြန်လွှတ်လိုက်ခြင်းဖြစ်တယ်။ အော်--ငါ့ သားကြီးက သကြားမင်းထက်လည်း ဘုန်းတံခိုးပိုကြီးတာပေါ့နော်။------------  သကြားမင်းဆိုတာ သားတို့ဆရာ မြတ်စွာဘုရား၏ ကပ္ပိယ သဖွယ် အလုပ်အကျွေးပြုရတဲ့ ပုဂ္ဂိုလ်တွေပါဟုပြောကြားလိုက်တော့။ မယ်တော်ကြီးသည် သားကြီးတို့ဆရာ မြတ်စွာဘုရားကို အလေးအနက် ကြည်ညိုလာမိ၏။
    ညဉ့်၏ နောက်ဆုံးမိုးသောက်ယံမှာရောက်လာတဲ့ နာလကရွာ တရွာလုံး ထိန်ထိန်လင်းလျှက် အလွန်ထွန်း လင်းတောက်ပစွာနဲ့ ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကကော ဘယ်သူတွေလည်းဟု မေးလေရာ။------------------မယ်တော်ကြီး နောက်ဆုံးလာတဲ့  နာလကရွာ တရွာလုံး ထိန်ထိန်လင်းလျှက် အလွန်ထွန်းလင်းတောက်ပစွာနဲ့ ရောက်လာတဲ့ ပုဂ္ဂိုလ်တွေဟာ ၊ မယ်တော်ကြီးတို့ ကိုယ်းကွယ်နေတဲ့ ဗြဟ္မာကြီးတွေ ဖြစ်ပါတယ်။
    မယ်တော်ကြီးတို့ ကိုယ်းကွယ်တဲ့ ဗြဟ္မာကြီးတွေကလည်း သားကြီးကို သူနာပြုစုဖို့ ခွင့်လာတောင်းတာဘဲ လား။-------------- ဟုတ်ပါ တယ်မယ်တော်ကြီး သူနာပြုစုဖို့ ရဟန်းတော်တွေရှိတယ်ဆိုပြီ ပြန်လွှတ်လိုက်ခြင်း ဖြစ်တယ် ဗြဟ္မာကြီးတွေဆိုတာ မြတ်စွာ ဘုရားသာသနာ၏ တရားနာပရိတ်သတ်မျှသာဖြစ်တယ် မြတ်စွာဘုရား ဖွားမြင်စဉ်က ရွှေဇာကွန်ယက်နဲ့ လာရောက်ခံပေးပြီး ပူဇော်ခဲ့တယ်မယ်တော်ကြီး ရူပသာရီပုဏ္ဏေးမကြီးသည်  အလွန့် အလွန်ကို အံ့သြသွား၏။
   ငါတို့ကိုယ်းကွယ်တဲ့ ဗြဟ္မာကြီးတွေက ငါ့သားကြီးကို တရိုတသေ ရှိခိုးပြီး သူနာပြုစုခွင့် လာတောင်းရရှာတယ် ငါ့သားကြီး ငါ့တို့ကိုယ်းကွယ်တဲ့ ဗြဟ္မာကြီးတွေထက်တောင် ဘုန်းကံကြီးမားသေးတယ်ဆိုလျှင် ငါ့သားတို့ဆရာ
မြတ်စွာဘုရား၏ အကြောင်းတော်ကို မယ်တော်ကြီး သိချင်လာပြီ ပြောပြစမ်းပါအုံးဟု တောင်းဆိုလေ၏။
    အရှင်သာရိပုတ္တရာသည် မယ်တော်ကြီးရူပသာရီ၏ စိတ်သဏ္ဍာန်၌ ပီတိသောမနဿတွေ မရပ်မနား တဖွား ဖွားဖြစ်နေသည်ကို သိတော်မူ၍ မယ်တော်ကြီးအား တရားဒေသနာ စတင်ဟောကြားလေ၏။
  မယ်တော်ကြီး သားတို့ဆရာမြတ်စွာဘုရား လုမ္ဗိနီအင်ကျင်းတောဝယ် ဖွားမြင်တော်မူရာ အခါ၌လည်း လောက ဓာတ် စကြာဝဠာ တိုက်တသောင်းတို့ တုံလှုပ်ခဲ့ပါ၏။
     မယ်တော်ကြီး သားတို့ဆရာမြတ်စွာဘုရား တောထွက်တော်မူစဉ် အခါကလည်း  လောကဓာတ် စကြာဝဠာ တိုက် တသောင်းတို့ တုံလှုပ်ခဲ့ပါ၏။
   မယ်တော်ကြီး သားတို့ဆရာမြတ်စွာဘုရား အရဟတ္တမဂ်ဥာဏ် သဗ္ဗုညုတဥာဏ် ဆိုက်ရောက်၍ ဘုရားအဖြစ် သို့ ရောက်တော်မူသောအခါ၌လည်း လောကဓာတ် စကြာဝဠာ တိုက်တသောင်းတို့ တုံလှုပ်ခဲ့ပါ၏။
    မယ်တော်ကြီး သားတို့ဆရာမြတ်စွာဘုရား  ဓမ္မစကြာ ဒေသနာမြတ်ထူး တရားဦးကို ရင့်ကျူးဟောဖေါ် မိန့် မြွက်တော်မူသော အခါ၌လည်း လောကဓာတ် စကြာဝဠာ တိုက်တသောင်းတို့ တုံလှုပ်ခဲ့ပါ၏။
     မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားနဲ့ သီလဂုဏ်အားဖြင့်လည်း ယှဉ်ပြိုင်နိုင်သူ တယောက်မှ မရှိပါ ဘူး။ သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဥာဏဒဿနဂုဏ် အားဖြင့်လည်း နှိုင်ယှဉ်အပ်သူ ဘယ်သူမှမရှိ ပါဘူး။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၃-၂၀၁၅



မလေးရှားတွင်မွေးဖွားသောသမီးငယ်လေး၏ရက်(၁၀၀)ပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.

Wednesday, April 1, 2015

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၃-၂၀၁၅





မလေးရှား-ကပ်ပုံးနာရေးကူညီမှုအသင်း၏(၄)နှစ်ပြည့်အမျှဝေပွဲ-ဦးကျော်သူတက်ရောက်ခဲ့စဉ်။
အတ္တကမ်းမှ၊အနတ္တကမ်းသို့-တက်လှမ်းဖို့ရာ၊ပရဟိတဆိုတာ-ပေါင်းကူးတံတားပါ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၃-၂၀၁၅





မင်းဥာဏ်လင်း+အေးမာငြိမ်း။သူရိန်+စန္ဒာတို့၏ သဒ္ဓါဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.