အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, November 4, 2015

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၉-၁၀-၂၀၁၅



မလေးရှားရောက်ရွှေကရင်များသီတင်းကျွတ်လပြည့်ဆရာတော်အားကတော့ကြစဉ်။
Type your summary here. Type the rest of your post here.

Tuesday, November 3, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၂၃)





      သေသူနောက်ကို အရိပ်ပမာ လိုက်လာမှာကတော့ မသေခင် မိမိပြုလုပ်ခဲ့သည့် ကုသိုလ်ကံနှင့် အကု သိုလ်ကံ နှစ်ပါးသာလျှင်ဖြစ်၏။သူတော်ကောင်းစိတ်ဓါတ်ဖြင့် ဒါန၊ သီလ၊ ဘာဝနာ၊ကို ကြိုးစား အားထုတ် ခြင်းသည်၊ ကုသိုလ်ကံဟုဆိုပါသည်။
    ဒါန၊ဟူသည် လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲ၊ ခြင်းဖြစ်၏။ မြင့်မြတ်သည့် သူတော်ကောင်းတွေကို ကျွေးမွေး ခြင်းသည် လှူဒါန်းခြင်းဟုခေါ်၏။ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတို့ကို ကျွေးမွေးခြင်းသည်၊ပေးကမ်ခြင်း ဟုဆိုပါ၏။ ဖုန်းတောင်း ယာစကာတွေကို၊ ကျွေးမွေခြင်းကို စွန့်ကြဲခြင်းဟု ခေါ်ပါ၏။ တိရစ္ဆာန်လေးတွေကို ကျွေးမွေခြင်းသည်လည်း ဒါနဟု ခေါ်ပါ၏။ ဤလိုဒါနမျိုးတွေကို ကုသိုလ်ကံဟု ဆိုရပါ၏။
     သီလဟူသည်၊ ငါးပါးသီလအခြေခံသော၊ ကိုကျင့်သိက္ခာ သီလတွေဖြစ်ပါ၏။ သူတပါးအသက် မသတ် ခြင်း၊သူတပါးပစ္စည်းကို မခိုးယူခြင်း၊ သူ့သားမယားကို မပြစ်မှားခြင်း၊ လိမ်ညာမပြောဆိုခြင်း၊ မူးယစ်ဆေးနှင့် သေရည်သေရက်ကို မသုံးဆောင်ခြင်းဖြစ်၏။
    ဤငါးပါးသီလကို အကျဉ်းချုံးပြောရလျှင်တော့၊ ရိုးသားဖြောင့်မတ်ခြင်းပင်ဖြစ်၏။ လောကတွင် မရိုးသား သည့် ပုဂ္ဂိုလ်ကို ဘယ်လိုလူမျိုးမှ မပေါင်းသင်းချင်ပါ၊ ရိုးသားဖြောင့်မတ်သူကိုသာ ပေါင်းသင်းချင်ကြ၏၊ ရိုးသားဖြောင့်မတ်ခြင်းသည်၊ လူသားအတွက် အင်မတန်ဂုဏ်ရှိပါ၏။ ထိုဂုဏ်ကိုပင် သီလကုသိုလ်ကံဟု ဆိုပါ၏။
  ဘာဝနာဟူသည်၊ ဆင်ခြင်တတ်ဖို့အရေးကြီးပါ၏။ သူအိုကြီးတွေ့လျှင်လည်း အကူအညီပေးချင်သည့်စိတ် ကျွေးမွေးချင်သည့်စိတ်လောက်တွင် အဆုံးသတ်မသွားဘဲ ငါလည်းသူ့လိုဘဲ အိုရအုံးမည်ဟု မြင်အောင်
ကြည့်နိုင်မှသာလျှင်၊ အိုခြင်းတရားကို ဆင်ချင်တတ်သည့်ဘာဝနာကုသိုလ်ကံဖြစ်၏။
    ရင်းနှီးသည့်မိတ်ဆွေတွေ ရောဂါတခုခုခံစားရလို့ ဆေးရုံဆေးခန်းတွေ ရောက်နေလျှင် လူမှုရေးအရ လူမမာမေးတော့ သွားရမှာဖြစ်၏။ ထိုကဲ့သို့ ဆေးရုံဆေးခန်း လူမမာမေးရောက်လျှင်လဲ ဆေးဝါးဓါတ်စာ လက်ဆောင်ပေးခြင်း လူမမာအတွက် ဆုတောင်းမေတ္တာပို့သခြင်းလောက်သာ အဆုံးသတ်မသွားဘဲ ငါလဲ သူ့လိုဘဲ မုချနာရအုံးမှာဘဲဟု ဆင်ခြင်တတ်ခြင်းသည် နာခြင်းတရားကို ဆင်ခြင်တတ်သောဘာဝနာ ကုသိုလ်ကံဖြစ်၏။
    ဆွေမျိုးတွေသော်၎င်း၊ မိတ်ဆွေတွေသော်၎င်း၊ ကွယ်လွန်ခဲ့လျှင် အသုဘကို မလွဲမသွေ လိုက်ပါပို့ ဆောင်ရမှာဖြစ်၏။ ဆွေမျိုးမို့ လိုက်ပို့တာ၊ မိတ်ဆွေမို့ လိုက်ပို့တာဟု အဆုံးသတ်မသွားဘဲ၊ သူသေသလို ငါလဲ တနေ့ မုချ သေရမှာဘဲဟု ဆင်ခြင်ပြီး ပို့ဆောင်မှသာလျှင် အသုဘရှုသည့် မရဏာနုဿတိ ဘာဝနာကုသိုလ်ကံဖြစ်၏။
       ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ သမ္ဗုဒ္ဓေ၊ နမောတဿ၊ စသည်ဖြင့် အိပ်ယာဝင် အိပ်ယာထွက် အလုပ်ဝင် အလုပ်ထွက် ရွတ်ဆိုခြင်သည်လည်း ဗုဒ္ဓါနုဿတိ၊ ဘာဝနာကုသိုလ်ကံဖြစ်၏။ ရုပ်နာမ်တရားတို့ ဖြစ်ခြင်း ပျက်ခြင်းကို ရှုဆင်ခြင်တတ်သော ၀ိပဿနာဘ၀နာ လုပ်နိုင်လျှင် ပိုကောင်းပါ၏။ ဤဘာဝနာတွေကို ကုသိုလ်ကံဟုဆိုပါ၏။
    ဤကုသိုလ်ကံတွေဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ၊ တရားတွေသည်၊ သေသူနောက်သို့ အရိပ်ပမာ လိုက်လာပြီး၊ ရောက်သည့်ဘ၀တွေမှာ ကောင်းကျိုးတွေပေးမည်ဖြစ်သောကြောင့်၊ ဒါနကုသိုလ်ကံ ကြောင့်လည်းသေရဲသူဖြစ်လာ၏။ သီလကုသိုလ်ကံကြောင့်လည်း သေ၀န့်သူဖြစ်လာ၏။ ဘာဝနာ ကုသိုလ်ကံကြောင့်လည်း သေရမှာ မကြောက်တော့ပါ၊ ဤတရားတွေသည် သေခြင်းကို ရင်ဆိုင်ရဲသော သူတော်ကောင်းတွေ၏ သဏ္ဍာန်တွင် တွေ့ရှိနိုင်ပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅



Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅



မလေးရှားရောက်ရွှေမြန်မာများသီတင်းကျွတ်လပြည့်ဆရာတော်အားပူဇော်ကတော့ကြစဉ်။
Type your summary here. Type the rest of your post here.

Monday, November 2, 2015

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅






သီတင်းကျွတ်လပြည့်ဆရာတော်အားပူဇော်ကတော့ကြစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅




မလေးရှား-ဘန်ဂစ်-ဖားအောက်တောရရိပ်သာ၌ သီတင်းကျွတ်လပြည့်ပ၀ါရဏာပြုပွဲ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅



မလေးရှား-ဓမ္မရောင်ခြည်ကျောင်းကထိန်အတွက်အရံသင်္ကန်းလှူဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅




မလေးရှား-ဆူးဘန်းရောက်မမာလာမြင့်သမီး၏မွေးနေ့ဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၈-၁၀-၂၀၁၅


ကိုမျိုးညွန့်+မစန္ဒီမိသားစုမှ ဥပုသ်သီလဆောက်တည်၍
ရန်ကုန်မလေးရှားဓမ္မရောင်ခြည်ကျောင်းအတွက် ပန်ကာလှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.