အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, June 25, 2008

မေ-၃၁-ရက် ကွမ်းခြံကုန်းမြို့နယ် အင်းကွတ်ကျေးရွာခရီးစဉ်

24-06-2008


မေ-၃၁-ရက် ကွမ်းခြံကုန်းခရီးစဉ်တွင် မရမ်းရွာမှ ကျိုက်ပတ်ရွာသို့သွားရစဉ် နေပူသဖြင့်
အတော်ပန်းသွား၏ ရှေးသွားခြင်စိတ်မရှိတော့ ကျိုက်ပတ်လှူဒါန်းပြီးနောက် မြို့ခံဘုန်းကြီး
ဦးမုနိန်ကိုခေါ်လျှက် ကျန်သောရွာနှစ်ရွာကို အရှင်ဘုရားဘဲလိုက်လှူလိုက်ပါဟုပြောလိုက်၏
ဆရာတော် ကိုယ်တိုင်ကြွဘို့ဝိုင်းလျှောက်ထားကြပြန်၏ ပြန်လျှင်ပိုပင်ပန်းပါမည်ဆရာတော်
နောက်ဆုံးရွာရောက်မှ စက်လှေဖြင့်ကွမ်းခြံကုန်းပြန်ရန်စီစဉ်ထားပါသည်ဟုလျှောက်ကြ၏
ဆရာတော်မပင်ပန်းရန်တပည့်တော်ထမ်းဆိုလျှင်ထမ်းပါမည်ဟု ကျေးရွာသားတွေ ၀ိုင်းဝန်း
တောင်းပန်ကြတာနှင့် ကိုယ်တိုင်ကြွရန်လက်ခံလိုက်ရပြန်၏
ဆရာတော်ကိုဆိုင်ကယ်ဖြင့်ပင့်ပါမည်ဟု ပြောဆိုကာဆိုင်ကယ်တစီးသွားခေါ်လာ၏
ရွာမှဆိုင်ကယ်ဖြင့်အထွက်တော့လူမြင်ကွင်းကောင်းလှ၏ လမ်းတွင် ရေမြောင်းကူးတွေနှင့်မို့
နှစ်ခါလောက်ဆင်းလျှောက်ရ၏ ရွာအဆုံးတွင် ဆိုင်ကယ်သွားလို့မရတော့ပါဟုပြောဆို
လေ၏ အတော်နောက်သောရွာသားတွေဖြစ်၏။








ရွာအထွက်လေးဟန်ပြသာ ဆိုင်ကယ်စီးခဲ့ရ၏ ရွာပြင်ရောက်တာနှင့် လမ်းလျှောက်ဖို့
ပြင်ရတော့၏ စမ်းချောင်းသဖွယ်ရေစီးနေသော ရေမြောင်းလမ်းဖြစ်၏ ကလေးဘ၀ကို
သတိရမိ၏ ရေမြောင်းတွေ့လျှင် ဆင်းလျှောက်ပြီးဆော့ချင်တာကတော့ ကလေးတိုင်း
ဝါသနာပါသောအကျင့်တခုဖြစ်၏ အသက်၅၀ကျော်မှလျှောက်ရသည့်ဘ၀သည် ကလေး
လိုတော့ပျော်ရွှင်မှုမရှိပါ မလဲအောင်ဒကာတယောက်အတွဲဖြင့်ထိမ်းလျှောက်နေရ၏
နောက်မှလမ်းလျှောက်လာသော ကျန်အဖွဲ့သားတွေသည် ဆရာတော်တော့ ဆိုင်ကယ်
ဖြင့်အစဉ်ပြေလောက်၏ဟု ထင်ကောင်းထင်နိုင်၏ ဆရာတော်ရေမြောင်းဗွက်ထဲတွင်
လျှောက်ခဲ့ရတာကို သိချင်မှသိပါလိမ့်မည်။
မြောင်းကြို မြောင်းကြား လမ်းကြို လမ်းကြား နာဂစ်နှိပ်ဆက်ထားလို့ လဲနေသော
ဝါးပင်တွေကို ငုံ့ရှောင်ရတာနှင့် ဘေးမှလွတ်အောင်ကွေ့ပတ်သွားရတာနှင့် အတော်ခက်
ခဲသောခရီးစဉ်ဖြစ်လေသည် လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောထိုရွာမျိုးကို ဘယ်အလှူ
ရှင်မှရောက်ဖို့မလွယ်ပါ ဘ၀အတွေ့အကြုံတွေတော့များစွာရရှိခဲ့ပါ၏။
ကျိုက်ပတ်ရွာမှ ၃-နာရီ ကျော်ထွက်လာရာ အင်းကွတ်ရွာသို့ ၄-နာရီကျော်မှ အင်းကွတ်
ဘုန်းကြီးကျောင်းသို့ရောက်ရှိ၏ ဒကာကျော်သန်းနှင့်ဒကာဖိုးချွန်းတို့အဖွဲ့ အိမ်ထောင်စု၁၂၃ဦး
အတွက် လှူဖွယ်တွေ ခွဲဝေကာ ဆာလာအိပ်ထဲထည့်ကြ၏ ဦးရေ၀တတော့ ရွာတွေရောက်
တိုင်းအိမ်ထောင်စုစရင်းတောင်းလျှက် တဦးခြင်းနေရာချကာ စနစ်တကြဝေနိုင်ရန် စီစဉ်တော့၏
ဦးရေ၀တစီစဉ်သည့်အတွက် လှူဒါန်းရေးအစဉ်ပြေလှ၏ ပထပိုင်းရွာတွေ ဇဝေဇ၀ါဖြစ်သော်လည်း
အလုပ်ကသင်သွားတာနှင့်ပိုပြီးအစဉ်ပြေလာ၏။
ဒကာကျော်သန်းမှ မိဘမဲ့ကလေးနှစ်ဦးကျောင်းပေါ်သို့ခေါ်လာ၏။ ကလေးအဒေါ်ကို အကျိုး
အကြောင်မေးကြည့်တော့ နာဂစ်လေနှင့်အတူပါလာသောလှိုင်းလုံးတွေသည် ၄နှစ်သမီးလေးနှင့်
အတူ မိဘနှစ်ပါးပါ လွင့်ထွက်သွား၏ မိဘနှစ်ပါးကတော့ ဘယ်လွင့်ထွက်သွာလို့ ဘယ်မှာသေ
သွားသည်ဟု အစ အန သတင်းမရတော့ပါ။ ၄နှစ်သမီးလေးကတော့ ကံကောင်းထောက်မစွာ
မကျီးပင်ဂိုင်းပေါ်တွင် တင်ကျန်ခဲ့၏ ကျီးကန်းတွေအော်မှ ကယ်ဆယ်ရေးသမားတွေ မကျီးပင်
ပေါ်တက်ယူခဲ့ရ၏ အလွန်ကံကောင်းသော၎နှစ်သမီးလေးဖြစ်၏ ၁၂နှစ်သားအကိုဖြစ်သူမှာလည်း
တခြားရွာတွင် အလုပ်သွားလုပ်နေလို့ အသက်ဘေးမှလွတ်ခဲ့၏ မောင်နှစ်မှနှစ်ရောက် အသက်
ဘေးမှလွတ်သော်လည်း မိဘနှစ်ပါးတော့မရှိတော့ပါ ၄နှစ်သမီးငယ်သည် မရီ မပြုံးဖြင့် နာဂစ်
နှိပ်ဆက်သည့် စိတ်ဒါဏ်ရာခံစားနေရပုံရသည် ဘုန်းကြီးတို့အဖွဲ့လည်း မိဘမဲ့ကလေးငယ်နှစ်ဦး
အား ဘုန်းကြီးမှငါးသောင်း ဒကာကျော်သန်းမှငါးသောင်း ကျန်ဒကာတွေဘယ်လောက်လှူခဲ့သည်
မသိ ကျေးရွာဘုန်းကြီးရှေ့တွင် ကလေးငယ်နှစ်ဦးအားစောင့်ရှောက်ထားသော အဒေါ်ဖြစ်သူအား
ကလေးငယ်နှစ်ဦးအား ကိုယ့်သာသမီးကဲ့သို့ စောင့်ရှောက်ရန်ပြောကြာပြီး ရွာလူထုအား လှူဒါန်း
ရန်လာပင့်သဖြင့် ကျောင်းအောက်သို့ ကြွလာခဲ့ရ၏။
အင်းကွတ်ရွာ ဘုန်းကြီးကျောင်အတွက် ငွေတသိန်း ဆန် နှစ်အိပ် သင်္ကန်း စောင် စသည်တို့
လှူဒါန်းပြီး ကျေးရွာအိမ်ထောင်စု ၁၂၃ အိမ်ထောင်စုအား ဆန် စောင် ကျားဝတ်တစုံ မ၀တ်တစုံ
ကလေးကျားမတစုံ နှင့် သောက်ဆေး လိမ်းဆေး ဓါတ်စားထုတ် စသည်တို့ကို အိမ်ထောင်စုတိုင်း
အသီသီးရရှိအောင် စနစ်တကျလှူဒါန်းနိုင်ခဲ့ပါ၏ ကြည်ရှုသူအားလုံးသာဓုခေါ်ဆိုနိုင်ပါစေ။

ဖျာပုံမြစ်ပေါ်ကနာဂစ်ဒါဏ်ရာများ

23-06-2008








မေ-၃၁-ရက်ကွမ်းခြံကုန်းမြို့နယ်ကျိုက်ပတ်ကျေးရွာခရီးစဉ်

22-06-2008


မေ-၃၁-ရက်နေ့တွင် မရမ်းကျေးရွာလှူဒါန်းပြီးနောက် ကျိုက်ပတ်ကျေးရွာသို့ ထော်လာဂျီစီး၍၄င်းထိုမှတဆင့်
လှေစီး၍၄င်းထို့နောက်ချေခြင်းခရီးလျှောက်၍၄င်း ရွံ့လမ်းရေလမ်းဖြင့်ခက်ခက်ခဲခဲသွားခဲ့ရ၏ အိမ်ထောင်စု၁၄၆ခုနှင့်
ဘီးလင်းကျေးရွာ၁၇အိမ်ထောင်စုအားဤရွာတွင်စုပေါင်းလှူဒါန်း၏ ဆန် စောင် ပုဆိုးကျားဝတ်တစုံ မ၀တ်တစုံ
ကလေးကျားမတစုံ ကျေးရွာရှိကလေးများအားလုံးကိုခေါ်ယူကာ အ၀တ်တစုံစီလှူဒါန်း၏ ဘုန်တော်ကြီးကျောင်း
အမိုပြင်ရန် ငွေတသိန်းနှင့် ဆန် နှစ်အိပ် သံဃာတော်များအတွက် စောင်သင်္ကန်းများကိုလည်းလှူဒါန်းခဲ့၏
နာဂစ်ကြောင့်ကွယ်လွန်သွားသူတွေကိုရည်စူးအမျှဝေကာ သာဓုသံအလီလီဖြင့်အမျှပေးဝေကြ၏
ကြည့်ရှုသူအားလုံးသာဓုခေါ်ဆိုနိုင်ပါစေ။













Tuesday, June 24, 2008

နှိုင်းယှဉ်ကြည့်စရာပုံရိပ်လွှာ

21-06-2008






ဂျွန်၁-ရက်ကျောင်းဖွင့်ချိန်တွင် ဒေးဒရဲမြို့သို့အသွား ကွမ်းခြံကုန်းမြို့အ၀င် လမ်းဘေးတနေရာတွင် အရေးပေါ်
တည်ဆောက်၍ လူမြင်ကွင်းတွင် ပြသထားသော ရွက်ဖြင်တဲမူလတန်းကျောင်းလေးဖြစ်၏ သက်ဆိုင်ရာလူကြီးများလဲ
အောက်လက်က ဟန်ပြလုပ်ပြတာကို အဟုပ်ကြီးထင်နေပုံရ၏ အောက်ဆုံးဓါတ်ပုံဖြစ်၏
ဒုတိယဓါတ်ပုံသည် မေ-၃၁-ရက်ကွမ်းခြံကုန်းမြို့နယ်မှ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသော ရွာသစ်ကုန်း
ကျေးရွာ၏ နာဂစ်မုန်တိုင်းကြောင့်ပြိုကြပျက်စီးသွားသောမူလတန်းကျောင်းလေးဖြစ်၏။

ပထမဓါတ်ပုံကတော့
ကျေးရွာသူကျေးရွားသားတွေ မိမိတို့ဒေသထွက်ကုန်ဝါးဖြင့်တည်ဆောက်နေသော မူလတန်းကျောင်းဆောင်သစ်
လေးဖြစ်၏ ၀ါးတိုင် ၀ါးအခင်း ၀ါးမျှားတန်းတို့ကိုသာတွေ့ရှိခဲ့ရ၏ နက်ဖြန်ဂျွန်တရက်ကျောင်းဖွင်တော့မည်
ဖြစ်၏ မေ၃၁-ရက်ညနေအထိ ဤပုံအတိုင်းသာတွေ့မြင်ခဲ့ရ၏ ဤကျောင်းလေးကို ဘယ်လိုမိုးပြီး ဘယ်လိုစာသင်
ကြမည်ကိုတွေးပြီး စိတ်မကောင်းမှုများစွာဖြစ်မိ၏။
ဘုန်းကြီးရေဘေးလေဘေးကယ်ဆယ်ရေးအလှူပစ္စည်းတွေ၁၀မြို့နယ်အတွင်းလိုက်ပေးသောကျေးရွာများတွင်
ဤလိုကျောင်းလေးမျိုးတွေကိုသာအများဆုံးတွေ့ရှိခဲ့ရ၏ တချို့ကျောင်းတွေတော့ သွတ်ပြားများရရှိသည်ဟု
ကြားခဲ့ရ၏ မြို့လူမြင်ကွင်းတွေတွင်ဟန်ပြလုပ်ပြမည့်အစား တာဝန်သိသိ စေတနာရှိရှိဖြင့် ဟန်ပြမဟုတ် တကယ်
လုပ်ပြသင့်၏ သက်ဆိုင်ရာပုဂ္ဂိုလ်တွေလည်း အောက်လက်က လိမ်ညာပြနေတာကို အပေါ်ကနေအဟုပ်ကြီး
ထင်နေလျှင်တိုင်းပြည်နာမှာဖြစ်၏။
ပစပ်ပုံပြင်လေးတခုပြောပြခြင်ပါ၏
ပုံပြင်နာမည်ကတော့ ဆန်းကြယ်သောပုတ်ကြီးဖြစ်၏
တခါက တိုင်းပြည်တခုတွင် ဘုရင်ကြီးတပါးအုပ်ချုပ်နေ၏ စပါးထည့်သောပုတ်ကို လိုက်လံရောင်းကာ
အသက်မွေးမြူနေသော ကိုတရုပ်ကြီးဆိုသောလူတယောက်ရှိ၏ မွေးဖွားစဉ်က အသားဖြူလို့တရုပ်ကြီးဟု
နာမည်ပေးထားဟန်တူပါသည်း။ တနေ့တော့ ပုတ်ကုန်သည်တရုပ်ကြီးသည် မိမိရောင်းမည့်ပုတ်အတွင်းသို့
ဝင်လျှက် ခေါင်းဖြင့်ရွက်လိုက်သောအခါ တထွာလောက်သာလွတ်နေ၏ ရှေးကိုတော့မမြင်ရပါ အောက်က
လမ်းကိုသာတွေ့မြင်ရ၏ ဤလိုဘဲရောင်းနေကြဆိုတော့ တရုပ်ကြီးပုတ်ရောင်းထွက်ခဲ့၏။
ပုတ်သည်တရုပ်ကြီးပုတ်ရောင်းထွက်လာစဉ် လမ်းတွေဆိုးတော့ လမ်းမှားကာ ဘုရင်နန်းတော်ဝင်သည့်
လမ်းကိုမှတည့်တည့်သွားမိလျှက်ဖြစ်သွား၏ နန်းတော်အစောင့်တွေသည် မသင်္ကာဖွယ်ပုတ်ကြီးထမ်းလာသူအား
စစ်ဆေးရန်ဖမ်းတော့၏။
ဥာဏ်နီ ဥာဏ်နက် ကြွယ်ဝလှသောပုတ်သည်တရုပ်ကြီးသည် အဖမ်းခံရမည့်အစား မထူးတော့သည့်အတွက်
မထူးဇာတ်ခင်းရန်ကြံရတော့၏ ဖမ်းစီးစစ်ဆေးနေသောအစောင့်တွေကို ထူးဆန်းအံ့သြဖွယ်ကောင်းသောပုတ်ကြီးမို့
ရှင်ဘုရင်ကိုလာရောက်ဆက်သခြင်းဖြစ်တယ်ဟုပြောလေ၏။
ဘယ်လိုထူးဆန်တာလည်းဟုအစောင့်တွေမေးတော့ သီလရှိသူတွေပုတ်ထဲဝင်ကြည့်လျှင် အထက်နတ်ပြည်
မြင်ရကြောင်းပြောပြ၏ တကယ်ဝင်ကြည်လို့မတွေ့လျှင် သင်ခေါင်းအဖြတ်ခံရမည်ဟုပြောဆိုကာ ရှင်ဘုရင်ထံသံတော်ဦး
တင်လေ၏။ ဘုရင်ကြီးလည်းဆန်းကြယ်သောပုတ်ကြီးကို အလွန်စိတ်ဝင်စားပြီး ရွာစားတွေ မြို့စားတွေ ၀န်းကြီးတွေ
ဆင့်ခေါ်ပြီး ကြည့်ရှုရန်စီစဉ်တော့၏။
ရှင်ဘုရင်ကြီးသည် ပုတ်ကုန်သည်တရုပ်ကြီးအား သင်ပြောတာမှန်လျှင်ဆုတော်ငွေချီးမြင့်မည် မမှန်လျှင်
သင့်ဦးခေါင်းဖြတ်မည်ဟုအမိန့်ရှိလေ၏။ ပုတ်ကုန်သည်တရုပ်ကြီးလဲ အမိန့်တော်အတိုင်းပါအရှင်မင်းကြီး ကျွန်
တော်မျိုးလျှောက်တင်သည့်အတိုင်းသီလရှိသူဝင်ကြည့်က ဧကန်မုချတွေ့မြင်ရပါမည်ဟု ရဲရဲတင်းတင်းလျှောက်
ထားလေ၏။
သီလရှိသူဝင်ကြည့်မှတွေ့ရမည်ဆိုသောကြောင့် ဘုရင်ကြီးသည် သူကိုယ်တိုင်အရင်မကြည့်ဘဲ အောက်ဆုါံ်
ရွာစားကိုဝင်ကြည့်ရန်အမိန့်ပေးလေ၏။ ရွာစားသည်ဘုရင်ကြီးအမိန့်တိုင်းပုတ်ထဲဝင်ကြည့်သောအခါ ဘာမှဆန်း
ကြယ်မှုမရှိသောကြောင့် ဘာမှမတွေ့ရပါ ပုတ်သည်ပြောစကားအရဆိုလျှင် သီလရှိမှတွေ့ရမည်ဟုဆိုသည် ယ္ခုဘာမှ
မတွေ့သောကြောင့်မိမိသီလမရှိသည်ကို ဘုရင်ကြီးနှင့်ပြည်သူများသိလို့မဖြစ်ပါ မိမိညာမှဖြစ်မည်ဟုဆုံးဖြတ်ချက်ချကာ
ပုတ်ကြီးအောက်မှထွက်လာပြီး အရှင်မင်းကြီးပုတ်သည်ပြောသောစကားမှန်ပါ၏ နတ်ပြည်ကိုမြင်ရကြောင်းသံတော်ဦး
တင်လေ၏။
ဘုရင်ကြီးသည် ဒုတိယအကြိမ် မြို့စားဝင်ကြည့်ရန်အမိန့်ပေးလေ၏။ မြို့စားလည်းဘုရင်ကြီးအမိန့်တိုင်းပုတ်ကြီး
အောက်သို့ဝင်ကြည့်လေ၏ ဘာဆိုဘာမှမတွေ့ရပါ ငါ့အောက်မှရွာစားတောင်တွေ့ရသေးတယ် ငါမတွေ့ဘူးဆိုလျှင်
ငါသီလမရှိရာရောက်၏ ငါသီလမရှိတာကို ဘုရင်နှင့်ပြည်သူပြည်သားတွေသိလို့မဖြစ် ငါညာမှဖြစ်မည်ဟုကြံပြီးလျှင်
ပုတ်အပြင်သို့ထွက်လာကာ အရှင်မင်းကြီးပုတ်သည်ပြောသောစကားမှန်လှပါ၏ နတ်ပြည်ကိုမြင်ရကြောင်းနတ်မင်း
ကြီးသိကြားမင်းကိုတောင်တွေ့ရှိရကြောင်းလျှောက်ထားလေ၏။
ဝန်ကြီးကိုဝင်ကြည့်ရန်ဘုရင်ကြီးအမိန့်ပေးပြန်၏ ၀န်ကြီးလည်း စိတ်ဝင်စားစွာဖြင့် ပုတ်ကြီးအောက်သို့
ဝင်ကြည့်လိုက်သောအခါ မှောင်မဲမဲသာသာမြင်ရ၏ ဘာနတ်ပြည်မှမမြင်ပါ ရွာစား မြို့စားတွေ မြင်ရပါလျှက် ၀န်ကြီး
မမြင်ဘူးဆိုလျှင် ၀န်ကြီးသီလမရှိဘူးဟု ဘုရင်နှင့်ပြည်သူတွေသိလျှင် ငါ့မရှိတဲ့သိက္ခာလေးကျသွားမှာစိုးရိမ်ရသည်
သိက္ခာတော့အကျမခံနိုင် ငါလိမ်မှဖြစ်မည်ဟုအကြံရကာပုတ်အပြင်သို့ထွက်လာပြီး အရှင်မင်းကြီးပုတ်သည်ပြော
သောစကားမှန်လှ၏ နတ်ပြည်တွင်နတ်သားနတ်သမီးတွေများစွာတွေ့ရှိရကြောင်းပြောလေ၏။
ဘုရင်ကြီးလည်းမိမိကိုယ်မိမိစိတ်မချသောကြောင့် ရွာစား မြို့စား ၀န်ကြီးတွေကို အရင်ဝင်ကြည့်ခိုင်းခြင်း
ဖြစ်၏ ဒီပုတ်ထဲက ဒီပဲတွေဖြစ်သောကြောင့် သူတို့မြင်လျှင်ငါလည်းမြင်ရမှာဘဲဟု စိတ်အထင်ဖြင့် ပုတ်ကြီးအောက်
သို့ဝင်ကြည့်လေ၏ မိမိအလှည့်ကြမှ ဘာမှမတွေ့ဖြစ်နေ၏ မိမိလက်အောက်ခံတွေမြင်ရပါလျှက် မိမိမမြင်ရခြင်းသည်
မိမိမှာသီလမရှိတာသေချာ၏ ငါသီလမရှိတာကို ငါ့အောက်က ရွာစား မြို့စား ၀န်ကြီးတွေနှင့်ပြည်သူတွေသိလို့မဖြစ်
ငါခပ်တည်တည်နှင့်လိမ်မှဖြစ်တော့မည်ဟု ပုတ်အပြင်ထွက်လာကာ မောင်မင်းတို့ပြောသောစကားတွေမှန်လှပေ၏
နတ်ပြည်နန္ဒ၀ံဥယျာဉ်တွင်နတ်သားနတ်သမီးတွေပျော်ပါးနေတာတွေ့မြင်ရ၏ဟု အားကြမခံညာလေတော့၏။
ပုတ်သည်ကိုခေါ်ပြီး မောင်မင်းပုတ်သည်ဆန်ကြယ်လှ၏ဟုချီကျူးကာ ဆုတော်လာတ်တော်များပေးရန်မိန့်တော်
မူလေ၏ ပုတ်သည်တရုတ်ကြီးသည် ဆုတော်လာတ်တော်ထောက်ပန့်ငွေတွေဖြင့် ဘုရင် ၀န်ကြီး မြို့စား ရွာစားတို့ကို
လှောင်ပြုံးလေးဖြင့်ကြည့်ရှုကာ အားလုံးကိုသယ်သွားလေ၏။
ဘုရင်ကြီးနှင့်ဝန်ကြီး မြို့စား ရွာစားတို့ မချိပြုံးလေး ပြုံလျှက်ကျန်ရစ်ခဲ့လေတော့၏။
ပုံပြင်လေးကတော့ဒါပါဘဲ ဆင်ခြင်တွေးတောရန်ဖြစ်ပါသည်။

ဤမူလတန်းကျောင်းလေးကို လှူဒါန်းလိုပါကဆက်သွယ်ပါ တာဝန်ယူတည်ဆောက်ပေးပါမည်

မေ-၃၁-ရက်ကွမ်းခြံကုန်းမြို့နယ်မရမ်းကျေးရွာခရီးစဉ်









Type your summary here.

Type the rest of your post here.

၂၄-၆၂၀၀၈
မေ-၃၁-ရက်နံနက်၆နာရီ၃၀မိနစ်အချိန်ရန်ကုန်မှကားငါးစီး ဘုန်းကြီး၁၀ပါးနှင့်လူ၂၀ယောက်ကွမ်းခြံကုန်းထွက်လာခဲ့၏
ကွမ်းခြံကုန်းဇေယျာသီရိန်ဦးမုနိန္ဒကျောင်းသို့နံက်၉နာရီခန့်ရောက်၏ ဆန်ထားသောမညိုညိုမာတို့အိမ်သွားပြီးပစ္စည်းတင်ကြ၏
အချိန်နောက်ကြတာနှင့်ကွမ်းခြံကုန်းအိမ်တွင်ဆွမ်းဖုံးပေးရ၏ ဆွမ်းစားပြီးမှတခြားကားတွေထားခဲ့ပြီးအကြမ်းခံသော ဒိုင်နာ
ကားဖြင့် မရမ်းကျေးရွာသို့ထွက်ခွာလာခဲ့၏ ကွမ်းခြံကုန်းမြို့နယ်သည် နာဂစ်မုန်တိုင်းကြောင့် လူတသောင်းခန့်သေသည်ဟု
မြို့ခံလူတွေကပြောကြ၏ မရမ်းကျေးရွာကားလမ်းသည် အလွန်ကျင်းပြီးတတားတွေမကောင်းသောကြောင့် ကားကိုလမ်းတွင်
ထာခဲ့ရ၏ လမ်းဘေးသစ်ပင်ဂိုင်းတွေတွင် ရေတက်စဉ်က ငြိကျန်ခဲ့သော ကောက်ရိုးမြင်တွေသည် တက်လာသောရေကို
တိုင်းတာပေးသောရေမှတ်သဖွယ်ကြံရစ်နေတာကိုတွေ့မြင်ရ၏ တချို့နေရာတွေလူနှစ်ရပ်ခန့်ရှိနိုင်၏ ကုန်းမြင့်သောနေရာတွေ
လူတရပ်ခန့်ရှိနိုင်၏ ဘုန်းကြီးတို့ဖြတ်သွားသောရွာလေးတရွာတွင်လူ၇၀ကျော်ရှိသည်တွင် ၆၀ခန့်သေသွားသည်ဟု မြို့ခံဘုန်းကြီး
မှပြောပြ၏ ကျန်လူတွေလည်းမရှိတော့ဘဲရွာပျက်သလိုဖြစ်သွား၏ စိတ်မကောင်းရုံမှတပါးဘာမှမတတ်နိုင်ပါ။
နေပူပူတွင်ချေခြင်ခရီးစတင်ရပါပြီ စကားတပြောပြောဖြင့် အညောင်းပြေရှောက်ရတာ တမျိုးကောင်းလှ၏ သို့သော်နေပူသဖြင့်
ချွေးထွက်ပြီးပင်ပန်းသယောင်ရှိ၏ မရမ်းဘုန်းကြီးကျောင်သို့ရောက်သောအခါ ကျေးရွာမှလူတွေ ကြိုတင်အကြောင်းကြားထား
သောကြောင့်ရောက်နေတာကိုတွေ့ရှိရ၏ ဘုန်းကြီးကျောင်းလည်းနာဂစ်နှိပ်ဆက်ထားသောကြောင့် ကျောင်းအမိုးလုံးဝမရှိပါ
တာလပတ်အဖြူမိုးထားသောကြောင့်ပူလိုက်သည့်ဖြစ်ခြင်း အပူထဲကလာပြီးအရိပ်မှာနားရမည်ဟုထင်ခဲ့သြော်လည်း နေရောင်
မလုံသော တာလပတ်အမိုးအောက်တွင်သာ တုံးလုံးလှည်းအနားယူခဲ့ရ၏။
ရန်ကုန်မှပါလာသော ဒကာကျော်သန်းအဖွဲ့ ဒကာဖိုးချွန်းတို့အဖွဲ့ပစ္စည်းတွေစီစဉ်နေစဉ်ခေတ္တနားနေခြင်းဖြစ်၏ အိမ်ထောင်စု
၁၃၉-အိမ်ထောင်ကို ကျောင်းသို့ခေါ်ဆောင်၍ လူစုံသောအခါ နာဂစ်ကြောင့်သေဆုံးသွားသော မြန်မာများကိုရည်စူး၍ ရေစက်ချ
အမျှဝေပေး၏ သာဓုသံမြိုင်မြိုင်ခေါ်ဆိုပြီး တဦးခြင်းနာမည်ခေါ်၍ ဆံ စောင် ကျားဝတ်တစုံ မ၀တ်တစုံ ကလေးကျားမတစုံ ပေး
လှူ၏ ရွာထဲမှကလေးတွေအားလုံးခေါ်ဆိုကာ အင်္ကျီ ဘောင်းဘီတို့ကိုဝေပေးနိုင်ခဲ့၏ ဘုန်းတော်ကြီးကျောင်းအတွက်အလှူငွေ
တသိန်း ဆန် နှစ်အိပ် စောင် သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့၏ ကျေးရွာပရိတ်သတ်အတွက် သောက်ဆေး လိမ်းဆေး စားဆေး
တို့ကိုလည်းအဖွဲ့မှလှူဒါန်း၏ ကြည့်ရှုသူပရိတ်သတ်လုံး ၀မ်းမြောက်ဝမ်းသာဓုခေါ်ဆိုနိုင်ပါစေ။