Thursday, July 17, 2008
Wednesday, July 16, 2008
ဘိုကလေးမြို့နယ်(လူ-၃၅၀ကျော်သေ)ပျင်ပိုကြီးကျေးရွာခရီးစဉ် ဒုတိယပိုင်း၊၄-၆-၀၈၊ Pyin po kyee,Villages,(350,Penple,Die,)Bogale,Township,Irrawaddy,Division,
ဘိုကလေး၊မော်ကျွန်းခရီးစဉ်
၃-၆-၂၀၀၈၊နေ့ ကဒါကျေးရွာမှ ဖျာပုံမြို့သို့ညနေ ၅-နာရီခန့်ပြန်ရောက်သည် ဖျာပုံမှညနေ
၅-နာရီ၊၃၀မိနစ်ခန့်၊ ဘိုကလေးလှူဒါန်းရေးခရီးစဉ်စတင်ထွက်ခွါလာ၏၊ ညနေဆည်းဆာနေ၀င်ချိန်
တွင် မြင်ရသည့်မြင်ကွင်းတွေကတော့ လှပသည်ဟုမဆိုနိုင်ပါ သဘာဝရှုခင်းအလှအပကိုခံစား
တတ်သူတွေတော့နေ၀င်ဆည်းဆာဟာ အလွန်လှပမှာဖြစ်၏၊ ယ္ခုတော့ နာဂစ်၏ နှိပ်ဆက်မှု ဒါဏ်
ရာဒါဏ်ချက်တွေက ပြင်းထန်လှသောကြောင့် အားလုံးအရုပ်ဆိုးအကြည်းတန်ကာ အိုးအိမ်ပျက်စီး
နေတာတွေ အုန်းပင် ကွမ်းသီးပင်တွေ တပိုင်းကျိုးနေတာတွေ သစ်ပင်သစ်ကိုင်းတွေကျိုးကြပြီး ချောက်သွေ့နေတာတွေ လမ်းဘေးဝဲယာတွင် မျှော်လင့်စွာဖြင့် မရေမရာဘ၀ကိုရောက်နေသော ပြည်သူတွေ ဤမြင်ကွင်းတွေသည် ဤလိုညနေဆည်းဆာမျိုးမှာ လှပသည်ဟု ဆိုလို့ရမည်မဟုတ်ပါ မလှမပလမ်းဘေးဝဲယာမြင်ကွင်းတွေကိုကြည့်ရှုရင်း အမှောင်ဖုံးလွမ်းလာ၏ ကားမီးရောင်အောက် တွင် လမ်းဘေးဝဲယာလူတွေများစွာတွေ့နေရ၏ လှူမည့်ကားထင်ပြီး မျှော်လင့်စောင့်စားနေခြင်းဖြစ်၏
စိတ်မကောင်ဖြစ်ရုံမှတပါး ဘာမမတတ်နိုင်ပါ မိမိတို့ကလည်း အစီစဉ်အတိုင်းလှူဖို့ရွာတွေရွေးချယ်ပြီး ဖြစ်သည့်အတွက် ဘိုကလေးသို့သာတိုက်ရိုက်မောင်းလာခဲ့လေ၏။
ဘိုကလေးမြို့သို့ ည ၉-နာရီခန့်ရောက်လေ၏ သူငယ်ချင်းကျောင်း လယ်တီမူရိပ်သာတွင် တညအိပ်တည်းခို ရလေ၏ မီးမလာ၍ ဖရောင်းတိုင်မီးဖြင့်သာ နက်ဖြန်လှူဒါန်းရေးအစီစဉ်တွေ ဆွေးနွေးရ၏ သင်္ဘောပိုင်ရှင်တွေလာ၍ သင်္ဘောကိစ္စပြောဆိုပြီး ၀ယ်ရန်ပြောထားသောဆန် နံက် ၆နာရီအပြီးတင်ထားရန်ပြောဆိုပြီး အနားယူရန်ပြင်ရတော့၏၊ ဒကာတွေအဖွဲ့တော့ လယ်တီကျောင်း သွား၍ ထမင်းစားပြီးးအိပ်ကြ၏
နံက်အာရုံဆွမ်းကြာဆံကျော်ဖုံးပေးပြီး မြသီးသင်္ဘောဆိပ်သို့ဆင်းခဲ့၏ ဘိုကလေးဆိပ်ကမ်းတွင် ကုန်တင်ကားပေါ်မှ မော်ကျွန်းအတွက်နှင့်ဘိုကလေးအတွက်ခွဲဝေကာ သင်္ဘောနှစ်ဆင်းပေါ်ခွဲဝေချ၏
တနေ့တည်းနှစ်မြို့နယ်ဝေရန်စီစဉ်ထား၏။ မဝေလို့လည်းမဖြစ် တရက်ကြာလျှင်ကားခတွေက ဈေးပို တက်မည်ဖြစ်သောကြောင့် အပင်ပန်းခံကာ တရည်းတည်းဖြင့်နှစ်မြို့နယ်ဝေရန်စီစဉ်ထားခြင်းဖြစ်၏ မြို့နှစ်မြို့၏အခြေအနေကလည်း နှစ်မြို့နယ်နီးစပ်သောကြောင့် စီစဉ်နိုင်ခြင်းဖြစ်၏
ရေလမ်းပေါ်က-ကရုဏာရှင်များအဖွဲ့ နံက်(၈)နာရီတွင် ဘိုကလေးမြသီးဆိပ်ကမ်းမှ ဆန်းသစ် လှိုင်သင်္ဘောဖြင့် ထွက်ခွာလာနိုင်၏ ဆန်းသစ်လှိုင်သင်္ဘောပေါ်မှ နာဂစ်ဒါဏ်ခံထားရသောဘိုကလေး
မြို့၏ မလှမပမြင်ကွင်းကစိတ်မကောင်းစရာဖြစ်၏ ဘိုကလေးမြစ်ရိုးတလျှောက် ဆံစက်တွေ အိမ်တွေ အာလုံးအမိုးလန်နေ၏ တချို့ တ၀က်သာပျက်ပြန်မိုးထား၏ အုံးပင်ကွမ်းသီးပင်တွေလည်း ကြည့်ရှုလို့ မကောင်းအောင်ပျက်စီးနေတာတွေ့ရ၏ ရေလုပ်ငန်းသင်္ဘောတွေလည်း မရှိသလောက်ကိုဖြစ်နေ၏ ဖျာပုံ၊ဘိုကလေးသည် ရေလုပ်ငန်းဖြင့်ကြီးပွားချမ်းသာသော မြို့တွေဖြစ်၏ ဤမြို့တွေ၏ ရေလုပ်ငန်း စီးပွားရေးလည်းအလွန်ထိခိုက်သလို ရေလုပ်သားတွေလည်း သေဆုံးမှုအများဆုံးမြို့တွေဖြစ်၏
ဘိုကလေးမြစ်တလျှောက် မလှမပမြင်ကွင်းတွေကို ဆန်းသစ်လှိုင်သင်္ဘောပေါ်မှကြည့်ရှုနေမိ၏ မိမိတို့စီးလာသောဤဆန်းသစ်လှိုင်သင်္ဘောသည်ပင် နာဂစ်၏နှိပ်ဆက်မှုဒါဏ်ကို အလူးအလိမ့်ခံခဲ့ရပုံ ကို ဆန်းသစ်လှိုင်သင်္ဘောပိုင်ရှင်မှ ပြောပြသော ဇာတ်လမ်းတွေက ပိုပြီးဆန်းကြယ်နေ၏ ကိုတိုင်တွေ့ကြုံခဲ့ရသောဇာတ်လမ်းတွေဆိုတော့ ယုံရခက်ခက် မယုံရခက်ခက်ဖြစ်နေ၏ ယ္ခုမိမိတို့ ရောက်ရှိနေသော ဤမိန်းမလှကျွန်းတ၀ိုက်သည် ဘိုကလေးမြို့နယ်၏ထူးခြားလှသော သမိုင်းကြောင်း ရာဇ၀င်တွေနှင့် ဆန်းကြယ်သောအကြောင်းတွေများလှ၏(တတိယပိုင်းဆက်ရန်)
Tuesday, July 15, 2008
Monday, July 14, 2008
Sunday, July 13, 2008
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၁၃-၇-၂၀၀၈
မလေးရှားနိုင်ငံရောက်မြန်မာလူမှုေ၇းအသင်း၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ဆူးဘန်းဂျာယာတရုပ်ကျောင်းတွင်
၁၃-၇-၂၀၀၈။နေ့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ၏။ သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပြီး
ကြွရောက်လာသော ပရိတ်သတ်အား ဒံပေါက်ဖြင့်ကျွေးမွေးဧည့်ခံကာ ကြွရောက်လာသောသံဃာတော်အရှင်
မြတ်တို့ကိုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၏။ချမ်းမြေ့မြိုင်ဆရာတော်ထံမှ ၀ါဆိုအနုမောဒနာတရားနာယူကာ
ရေစက်ချအမျှပေးဝေ၏။
Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၁၃-၇-၂၀၀၈
ကိုကျော်မိုး+မချို သိဒ္ဓိအောင်စင်တိုစာမိသားစုဦးဆောင်၍ ဓမ္မေ၇ာင်ခြည်ဆရာတော်ကိုပင်းဖိတ်ပြီးနေ့ဆွမ်းနှင့်
ဝါဆိုသင်္ကန်းကပ်လှူပွဲကို စင်တိုစာရွှေမြန်မာများ စည်ကားသိုက်မြိုက်စွာကျင်းပ၏။ ဓမ္မေ၇ာင်ခြည်ဆရာတော်
ထံမှ ၀ါဆိုသင်္ကန်းကပ်လှူခြင်းအနုမောဒနာတရားနာယူ၍ နာဂစ်ကြောင့်ကွယ်လွန်သွားသောမြန်မားမျာကို
ရည်စူးကာအမျှဝေခဲ့ပါ၏။ကောင်းရာသုဂတိသို့ရောက်ကြပါစေ။
Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၁၃-၇-၂၀၀၈
နံက်(၉)နာရီဝါဆိုသင်္ကန်းကပ်လှူပွဲကို ဆူးဘန်းမတ်မှ ကိုအောင်မျိုးဦးဆောင်သောရွှေမြန်မာများသည်
ဓမ္မရောင်ခြည်ဆရာတော်ကိုပင့်ပြီး ဆွမ်းနှင့်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၍ ၀ါဆိုသင်္ကန်းအနုမောဒနာ
တရားကို စုပေါင်းနာယူကြ၏။သင်္ကန်းလှူရသောကုသိုလ်ကြောင့်အဆင်းလှပကြောင်းတရားဟောခဲ့၏
ရွှေမြန်မာများ ရိုးရာဓလေ့တခုကိုဆက်လက်ထိမ်းသိမ်းနိုင်ပါစေ။
Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်။၁၃-၇-၂၀၀၈
ဓမ္မရောင်ခြည်အာရုံဆွမ်းအလှူကို ကွယ်လွန်သူဖခင်ကြီးဦးစောဝင်းနှင့်မိခင်ကြီးဒေါ်ယဉ်သိန်းအားရည်စူး၍
မလေးရှားရောက်သားဖြစ်သူမောင်အောင်မျိုးမင်း(မုဒုံ)မှဆက်ကပ်လှူဒါန်းသည် မိဘကျေးဇူးတရားထူး
ဟောကြားကာရေစက်ချအမျှဝေးပေးလိုက်၏။ မိဘများကောင်းရာသုဂတိလားပါစေ။
Type the rest of your post here.
Wednesday, July 9, 2008
Subscribe to:
Posts (Atom)