အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, February 14, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏အနောက်ဘက်မြင်ကွင်းတွင်ဈာနမုဒြာရုပ်ပွားတော်များဖူးမြင်ရမည်။


အနောက်မျက်နှာမှဖူးမျှော်ရပုံ
အနောက်ဘက်မျက်နှာမှ ရိုသေစွာ ရှိခိုးပြီး သေသေချာချာ ရုပ်ပွားတော်များကို ဖူးမျှော်ကြည့်မယ်ဆိုလျှင် အရှေ့ရပ် ရုပ်ပွားတော် တောင်အရပ် ရုပ်ပွားတော်တွေနှင့် လက်တော် အနေအထား မတူဘဲ တမူကွဲပြားစွာဖြင့် ကြည်ညိုရပြန်၏ ဆင်းတုတော်များ အားလုံးသည် တင်ပလ္လင်ခွေထိုင်တော်မူလျှက် ခြေတော်များပေါ်တွင် ဘယ်ဖက်လက်ပေါ်မှာ ညာဖက် လက်တော်ကိုပက်လက်လှန်ပြီး အခြင်းခြင်းထပ်လျှက်တင်ထားပုံများဖြစ်၏ မျက်လုံးတော်အစုံလည်း မှိတ်ထားတော်မူ၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာ ထဲတွင်‘ဈာန မုဒြ’ဟုခေါ်ဆိုပါ၏၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဈာန်ဝင်စားနေပုံ ဖြစ်၏၊၊
ထိုဈာနမုဒြာကိုပင် တနည်းအားဖြင့် သမာဟိတမုဒြာဟုဆိုကြပြန်၏ သမာဟိတမုဒြာရဲ့ အဓိပ္ပါယ်မှာလည်း ဈန်ဝင်စား
နေခြင်းပင်ဖြစ်၏ မိမိရဲ့စိတ်ကို ဈန်အာရုံတွင်းမှာ ကောင်းစွာနှစ်မြုတ်ပြီးတော့ ထားတဲ့ပုံတော်ဖြစ်၏ တရားထိုင်မည့် ယော ဂီတွေအတွက် အလွန်ကြည်ညိုသင့်သောပုံတော်ဖြစ်၏ ဤဈာနမုဒြာရုပ်ပွားတော်ရှေ့တွင် မိမိခန္ဓာကိုယ်ကို တင်ပလ္လင်ခွေ
ထိုင်တော်မူ၍ မျက်စိနှစ်လုံးကိုမိတ်ပြီး မိမိစိတ်ကို တည်ငြိမ်အောင် သမထဖြင့်တည်ဆောက်လျှက် ၀ိပဿနာတရားကို ဆင်ခြင်ပွားများလျှင် ယောနိသော မနသိကာရ နှစ်လုံးသွင်းကောင်းမည်ထင်ပါ၏။
တချို့သောယောဂီများသည် ဘုရားဆင်းတုတော်များကိုကြည့်၍ ဘာဝနာပွားရာ ယောဂီကိုယ်တိုင် ဘုရားဖြစ်နေသည် ကို တွေ့ကြုံကြရ၏ သမထအာရုံအတွင်း၌ ဘုရားဆင်းတုနှင့် မိမိသည် နှစ်ခုမကွဲပြားတော့ဘဲ တခုတည်းဖြစ်နေသဖြင့် ငါကိုယ်တိုင်ဘုရားဖြစ်နေပါပေါ့လားဟု ၀မ်းသာအားရဖြစ်နေတတ်၏ ဆရာကောင်းမတွေ့ပါက ထိုယောဂီမျိုးမှာစိတ်ဓါတ်
မူမမှန်ဖြစ်သွားတတ်၏ ထိုသို့ဖြစ်ခြင်းမှာ ဘုရားအာရုံပြုရာ၌ ဂုဏ်တော်သို့မရောက်ဘဲ ပုံတော်တွင်သာ ရပ်နေသော ကြောင့်ဖြစ်၏ တရားအားထုတ်သော ယောဂီများ ဆင်ခြင်ရန်ဖြစ်ပါ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၁၂-၂-၂၀၁၁





မလေးရှားဆန်းဝေးနေသတို့သား+မောင်ခင်လှိုင်+သတို့သမီးမခင်ကြူတို့၏
မင်္ဂလာဦးဆွမ်းအလှူ ဒီလင်ဒီမယားသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေ။
Type your summary here.Type the rest of your post here.

Sunday, February 13, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏တောင်ဘက်မှဖူးမြင်လျှင်ဈာနမုဒြာရုပ်ပွားတော်များတွေ့မြင်ရမည်


တောင်မျက်နှာမှဖူးမျှော်ရပုံ
တောင်ဘက်မျက်နှာမှ လက်အုတ်ချီပြီး စေတီတော်ကြီးကို သတိထားဖူးမြင်ပြီး ကြည့်ရှုမယ်ဆိုလျှင် ဆင်းတုတော် အားလုံးကို အရှေ့မျက်နှာအတိုင်းဖူးမြင်ရမည်ဖြစ်၏ သို့သော် မတူပြီး ထူးတာကတော့ ဆင်းတုတော်များအားလုံးသည်
တင်ပလ္လင်ခွေထိုင်လျှက် ဘယ်ဖက် လက်ဖ၀ါးတော်သည် တင်ပလ္လင်ခွေပြီး တင်ထားသည့် ညာဖက်ခြေဖ၀ါးတော်ပေါ်၌ လက်တော်ဖြန့်ကာ ပက်လက်အနေအထား တင်ထားတော်မူ၏ ညာဖက် လက်ဖ၀ါးတော်သည် ညာဖက်ဒူးခေါင်းပေါ်၌ ပက်လက်လှန်ဖြန့်လျက် တင်ထားပုံများဖြစ်၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာထဲ တွင် ‘ဒါန မုဒြာ’ဟုခေါ်ဆိုပါ၏၊ ပစ္စည်းဥစ္စာကို တွယ်တာတတ်မက်မှုဖြင့် သိမ်းဆုပ်မထားဘဲ ပယတ ပါဏိ =ဖြန့်ထား သောလက်ရှိလျက် ရက်ရက်ရောရော အလှုဒါန ပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်၏၊၊
ထို ဒါနမုဒြာကို ဝေါဟာရတမျိုးအားဖြင့် လာဘမုဒြာလို့လည်းခေါ်ဆိုကြ၏ လာဘမုဒြာဆိုသည်မှာ လဘ်လာဘတွေ
ပေးနေတယ်လို့ ဆိုခြင်းဖြစ်၏ ထိုလာဘမုဒြာ ရုပ်ပွားတော်ရှေ့တွင် သီလယူ ဂုဏ်တော်ပွားပြီး ဆုတောင်းလို့ရှိရင် စီးပွား လဘ်လာဘ ပြည့်စုံတယ်လို့ ဆိုကြ၏ ဗုဒ္ဓဘာသာဝင်များသည် ဒါနမုဒြာ ရက်ရက်ရောရော အလှူဒါန ပြုနေသည့်ပုံတော် ကိုသော်လည်းကောင်း လာဘမုဒြာ လဘ်လာဘနှင့်ပြည့်စုံသည့် ပုံတော်ကိုလည်းကောင်း ထုဆစ်ကိုးကွယ်ကြ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၈-၂-၂၀၁၁







မလေးရှားဆန်းဝေးနေသတို့သားကိုပြည့်ဖြိုးအောင်+သတို့သမီးမအေးငြိမ်းသူတို့၏
မင်္ဂလာဦးဆွမ်းကျွေးအလှူဒီလင်ဒီမယားသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေ။
Type your summary here.Type the rest of your post here.

Friday, February 11, 2011

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၇-၂-၂၀၁၁၊မသိရင်-မသာဖြစ်လိမ့်မည်။






မသိရင်မသာဖြစ်လိမ့်မယ်
အရိန္ဒမဇာတ်တော်တွင် သောနက ပစ္စေကဗုဒ္ဓ အရှင်မြတ်မှ နှစ်ပေါင်းငါးဆယ်ကျော် ကွဲကွာနေသော ငယ်သူငယ် ချင်း ရှင်ဘုရင်အရိန္ဒမင်းကို မင်းကြီး သင်သည် ကိုယ့်ဘ၀၏ လွတ်မြောက်ရာလမ်း ဓမ္မကိုလည်းအားမထုတ် လောကီ အာရုံ ကာမဂုဏ်တောမှာသာ သင် ပျော်မွေ့နေမယ်ဆိုလျှင် သင်သည် အ၀ိဇ္ဇာဆိုသည့် မောဟ အမိုက်မှောင်ထဲမှာ ၀ိဇ္ဇာဆိုသည် ဥာဏ်အလင်းရောင်ကို သင် ဘာမှ မသိဘဲ သုံးဆယ့်တစ်ဘုံမှာ ထပ်ကာ ထပ်ကာ မသာဖြစ်ရအုံးမည်ဟု ဆိုခဲ့၏ မလေးရှားရောက်မြန်မာတွေကတော့ လူမှန်းမသိအောင်သောက်ပြီး မသာဖြစ်နေကြ၏။
မလေးရှား တရုပ်နှစ်သစ်ကူးတွင်မလေးရှားရောက် ရွှေမြန်မာများ သောက်စားမူးရစ်သူတွေများလှ၏ လူမှန်းမသိ အောင်သောက်ပြီး မသာဖြစ်သွားသော သူတွေရှိနေ၏ ထိုထဲတွင် ကိုမျိုး(ခ)ကိုဇော်မျိုးထွန်းလဲတယောက်အပါအ၀င်
ဖြစ်၏ သောက်စားမူးရစ်ပြီး စကားများကြ၏ မူးနေတုံး ပြောကြ ဆဲကြ ရစ်ကြ၏ သတ်ရလောက်အောင် ရန်ငြိုးမရှိကြ
စိတ်ဆိုးလျှင် လက်သီးနှင့်ထိုး ဒုတ်လောက်ဖြင့် ရိုက်ကြလျှင် တော်သေး၏ ဒီရန်ငြိုးက ဒီလောက်ဖြင့် ဖြေရှင်းရုံဖြင့် လုံလောက်မည်ဟုထင်၏ သို့သော် ယ္ခုတော့ ဒါးဖြင့်ဖြေရှင်းကြ၏ မူးနေသည့် လူတယောက်ကို ဒါးဖြင့်ဖြေရှင်းခြင်း သည် မြန်မာအခြင်းခြင်း မလုပ်သင့်ဟုထင်၏ ခုတော့ မြန်မာတွေ အတော်မိုက်မဲကြ၏။
မူးနေတော့ ဘာမှမသိဘဲ လူတယောက် မသာဖြစ်သွားရပါပြီ ထိုးသူတွေလည်း ရာဇ၀တ်ဘေးမှ ပြေးနေရ၏ ယ္ခုဘ၀ ရဲမိလျှင်လည်း ထောင်နန်း စံရအုံးမည်ဖြစ်၏ နောင်ဘ၀သံသရာမှာလည်း ဤအကုသိုလ်အကျိုးသည် မုချ အပါယ်လား ရအုံးမှာသေချာ၏ သေသူကော ထိုးသူပါ နှစ်ဦးနှစ်ဘက် နစ်နာကြ၏ သေသူသည် မြန်မာပြည်တွင်ဖခင် ကိုမှီခိုပြီး ကျောင်းတက်နေရသော သမီးသုံးယောက်ရှိ၏ ဒုတိယနှစ် နှစ်ယောက်နှင့် ယ္ခုနှစ်မှ ၁၀-တန်းတက်မည့် သမီး တယောကိရှိနေ၏။
မလေးရှားမှာ ဖခင်တယောက် အသက်ရှုရပ်သွားတာနှင့် မြန်မာပြည်မှ ဇနီးနှင့် သမီးများ အသက်ရှုကြပ်ကုန်၏ မလေးရှားရောက်မြန်မာတွေ မိမိတို့ အသက်ရှုရပ်သွားလျှင် မြန်မာပြည်မှာ ကျန်ခဲ့သော မိသားစုတွေ အသက်ရှုကြပ် သွားလိမ့်မည်ဆိုတာ ကြိုတင်သဘောပေါက်ထားသင့်၏ ယ္ခုလိုဖြစ်သွားတော့ မိတ်ဆွေအားလုံး စိတ်မကောင်းကြပါ သက်ပြောက်ဆွမ်းလာသွတ်သော ကွယ်လွန်သူ ကိုဇော်မျိုးထွန်း(ခ)ကိုမျိုး၏ သူငယ်ချင်းတစုကို တရားအနည်းငယ် ဟောရ၏။
မင်းတို့က ကွယ်လွန်သူ၏ သူငယ်ချင်းတွေဆိုတော့ ယ္ခုလိုကွန်လွန်ချိန်မှာ ကုသိုလ်ပြုလုပ်ပြီး အမျှဝေပေးခြင်းသည်
သူငယ်ချင်းကောင်း ပီသသည်ဟု ဆိုရမှာဖြစ်တယ် ဒါ့ထက် သူငယ်ချင်းကောင်းပီသချင်လျှင် သူငယ်ချင်းကောင်း မိတ် ဆွေကောင်းဆိုတာ ဒုက္ခရောက်နေသည့်အချိန်မှာ ကုညီရိုင်းပင်းသူသာ မိတ်ကောင်း ဆွေကောင်းဟု ဆိုခြင်းဖြစ်တယ် ယ္ခု ကိုမျိုးအသက်ရှုရပ်သွားတော့ ဇနီးနှင့်သမီးတွေ အသက်ရှုကြပ်နေပြီ ဒုက္ခပင်လယ်ဝေနေပြီ အားကိုးရာမဲ့နေပြီ ။
သူတို့မိသားစု ဒုက္ခရောက်နေချိန်မှာ သူ့သမီးတွေ ပညာရေးတိုးလို့တန်းလန်း ဖြစ်နေချိန်မှာ မင်းတို့သူငယ်ချင်းတွေ
ကလေးတွေပညာရေး ပန့်ပိုးပေးနိုင်မှ မိတ်ကောင်း ဆွေကောင်း ပီသမှာ ဖြစ်တာက ဖြစ်ခဲ့ပြီးပြီ ၀မ်းနဲမနေနဲ့ သောက ရောက်မနေနဲ့ ပန့်ပိုးကူညီမှုနဲ့ သက်သေပြပြီး သောကဖြေပါဟု ပြောဟောရ၏ ကွယ်လွန်သူကိုမျိုးသည် ဓမ္မရောင်ခြည် ကထိန် ၀ါဆိုပွဲများတွင် မုံ့ဟင်္ခါးချက်ပေးသောဒကာဖြစ်၏ ကျောင်းအတွက်လည်း ကျေးဇူးများသောဒကာဖြစ်၏။
ဘုန်းကြီးမှ ဦးဆောင်ပြီး ရင်းဂစ် ၃၀၀ လှူလိုက်၏ မင်းတို့သူငယ်ချင်းတွေလည်း ၀ိုင်းထည့်ပြီး ဈာပနကိစ္စမှ ပိုသည့် ငွေကို သမီးတွေ ပညာရေး ထောက်ပန့်ပါဟု ပြောလိုက်ရ၏ သြော်--မလေးရှားလည်း မူးပြီးသေတဲ့မသာတွေ အိပ်ပျော် ပြီးသေတဲ့ မသာတွေများလှ၏ ဘယ်လောက်များသလည်းဆိုလျှင် ချရတ်သုဿာန်က သုဘရာဇာတောင် ဘုန်းကြီးကို မှတ်မိနေ၏ မြန်မာအသုဘတွေ သရဏဂုံတင် ကြွပါများလို့ သုဘရာဇာ မှတ်မိနေခြင်းဖြစ်ပါ၏ ကွယ်လွန်သု ဒကာမျိုး တယောက် ကောင်းရာသုဂတိရောက်ပါစေ။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၆-၂-၂၀၁၁







မလေးရှားပူချုန်း၁၂-မိုင်နေသတို့သားမောင်ဇော်ဝင်း+သတို့သမီးမခင်နန္ဒာတို့၏
မင်္ဂလာဦးဆွမ်းကျွေးပွဲအလှူဒီလင်ဒီမယားသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါစေလို့
ဆုတောင်မေတ္တာပို့သလိုက်ပါ၏။
Type your summary here.Type the rest of your post here.

Thursday, February 10, 2011

အင်ဒိုနီးရှားခရီစဉ် ဘူမိဖဿမုဒြာရုပ်ပွားတော်များကို ဗောဓောဗုဓောဘုရား၏ အရှေ့ဘက်မြင်ကွင်းမှ ဖူးမြင်ရပုံ


မာနတ်သည် မိမိ၏ အခြေအရံ မိစ္ဆာအပေါင်းတို့နှင့် ရှင်တော်မြတ်ဘုရားကို လက်နှက်မျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောအခါ ရှင်တော်မြတ်ဘုရား၏အနီးမှာ ဘယ်သူမှမရှိပါဘူး နတ်တွေလည်းမရှိ ဗြဟ္မာတွေလည်းမရှိပါ ဗြဟ္မာ ကြီးများကတော့ ဗြဟ္မာပြည်တက်သွားပြီး ဗြဟ္မာပြည်မှလှမ်းကြည့်နေ၏ မြတ်စွာဘုရားရှင်ဘယ်လိုများ ခုံခံတုံ့ပြန်မလည်း ဆိုတာ အကဲခတ်လေ့လာနေကြ၏။
မိစ္ဆာမာနတ်၏ ပစ်လွှတ်လိုက်သည့် လက်နှက်ကြီးငယ်အမျိုးမျိုးတို့သည် ရှင်တော်မြတ်စွာဘုရား၏ ခန္ဓာကိုယ်ပေါ်ကို ဘယ်လက်နှက်မှ မထိပါဘူး ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းမှာ ပန်းပွင့်များ ကြဲချသလို အစီအရီ ခစားပူဇော်လာ၏ ထိုသို့ လက်နှက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် မိစ္ဆာမာနတ်နှင့် ခြွေရံပရိတ်သတ်စစ်သည်အပေါင်းကို မြက်တပင်မျှ လောက်သော်မှ အရေးစိုက်တော် မမူသည့် ဘုရားအလောင်းတော်က အမောင်နတ်သား ငါသည် လေးသင်္ချေနှင့် ကမ္ဘာ တသိန်းတို့ပတ်လုံး ဒါနအစရှိသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည့်အတွက်ကြောင့် အပရာဇိတ ပလ္လင် တော်ကို ရရှိတော်မူခြင်းဖြစ်၏။
အမောင်နတ်သား ဒီအကြောင်းအရာကို ငါသည်ဤမဟာပထ၀ီမြေကြီးမှတပါး သက်သေညွန်ပြစရာမရှိပါဘူး ငါသည် ဒါန စသော ကောင်းမှုတို့ကို လှူဒါန်းသည့် အခါတိုင်း ရေစက်သွန်းချ အမျှပေးဝေပြီးသကာလ ဤမဟာပထ၀ီမြေကြီးကို သက်သေအရာထားခဲ့ပါ၏ ဤမဟာပထ၀ီမြေကြီးသည် ငါ့ရဲ့ဒါနစသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးသည့် နေရာ မှာ သက်သေအရ တည်ပါစေသတည်းဟု ညာလက်တော်ဖြင့် မဟာပထ၀ီမြေကြီးကို ညွန်ပြလိုက်သည့်အခါ။
မဟာပထ၀ီမြေကြီးသည် အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါအောင် လည်ပြီးသကာလ မာနတ်နှင့် စစ်သည်အပေါင်း ဆောက်တည်ရာမရဘဲ ဖရိုဖရဲ ပြိုကွဲကာ ထွက်ပြေးတော်မူရပြီး မိစ္ဆာမာနတ်နှင့် အပေါင်ပါစစ်သည်များကို ရှင်တော်မြတ် ဘုရား မေတ္တာဓါတ်ဖြင့် အောင်မြင်တော်မူခဲ့၏ ထိုအောင်မြင်ခြင်း အထိမ်းအမှတ်ကို ရည်းစူ၍ ဗုဒ္ဓဘာသာဝင်များ မုဒြာ တခုအနေဖြင့် ခုဆစ်ကိုးကွယ်ပူဇော်သည့် ပုံတော်ကို ဘူမိဖဿမုဒြာလို့ ခေါ်ပါ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်စနေသတင်းစဉ် ၅-၂-၂၀၁၁








မလေးရှားပူချုန်း၁၂-မိုင်နေသမီးငယ်မြင်မြတ်ထက်၏(၃)လပြည့်မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Wednesday, February 9, 2011

အင်ဒိုနီးရှာခရီစဉ် ဗောဓောဗုဓောဘုရား၏ အရှေ့မျက်နှာအရပ်တွင် ဘူမိဖဿမုဒြာရုပ်ပွားတော်များဖူးမြင်ရမည်


အရှေ့မျက်နှာမှဖူးမျှော်ရပုံ
အရှေ့ဘက်မျက်နှာမှ စေတီတော်ကြီးကို သေသေချာချာ သတိထားကြည့်ရှု ဖူးမယ်ဆိုလျှင် အဆင့်ငါးဆင့်ရှိ ၀ရံတာ အထက်တွင် တင်ပြင်ခွေ ဆင်းတုတော်များကို ကျောင်းဆောင်တွေထဲတွင် ကြည်ညိုဖွယ် တွေ့မြင်ရမည်ဖြစ်၏ သေသေ ချာချာ ဂရုစိုက်သတိထာပြီး ကြည့်ရှုမှသာလျှင် ဆင်းတုတော်အားလုံးသည် တင်ပလ္လင်ခွေ ထိုင်နေသည့် ပုံတော်ဖြစ်၏ ဘယ်ဘက် လက်ဖ၀ါးကို လှန်ပြီး တင်ပလ္လင်ခွေပေါ် တင်ထားတော်မူ၏ ညာဘက်လက်ဝါးကို ညာဘက်ဒူးတော်ပေါ်၌ မှောက်လျက် တင်ထားသည့်ပုံများ ဖြစ်၏၊ လက်ချောင်းတော်အနေအထားမှာ အောက်သို့စိုက်နေပါ၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာ ထဲတွင် ‘ဘူမိဖဿ မုဒြာ’ဟု ခေါ်ဆိုပါ၏၊ မဟာပထ၀ီ မြေကြီးကိုသက်သေတည်၍ မာနတ်သားတည်းဟူသော ရန် သူကြီးကိုအောင်သည့် အဓိဋ္ဌာန်ဖြင့် ထုဆစ်ကိုးကွယ်ထားသောပုံတော်ဖြစ်၏။
မုဒြ ဆိုတာ ပါဠိစကားဖြစ်၏ မုဒြ ရဲ့ အဓိပ္ပါယ်ကတော့ လက်ချောင်းများဟုဆို၏ ရှင်တော်မြတ်ဘုရား၏ လက်တော် အနေအတား လက်ဟန်ပန်ပုံစံ ခြေတော်အနေအထား ခြေဟန်ပန်ပုံစံတို့ကို မုဒြ လို့ခေါ်ပါတယ် ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီ လေးမျိုးတွင် ဥဒ္ဒိဿစေတီခေါ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၏ လက်တော်အနေ အ ထား လက်ပုံသဏ္ဍာန် ခြေတော်အနေအထား ခြေပုံသဏ္ဍာန်တို့ကို မုဒြာဟုခေါ်ဆိုခြင်းဖြစ်၏။
ထိုမုဒြာတို့ဖြင့် ကြည်ညိုဖွယ် တန်ဆာဆင်ထားတဲ့ ရုပ်ပွားတော်များမှာ လျှောင်းတော်မူရုပ်ပွားတော် ထိုင်တော်မူရုပ် ပွားတော် ရပ်တော်မူရုပ်ပွားတော် ဒေသစာရီကြွချီတော်မူသည့်ပုံတော် ရုပ်ပွားတော်လေးမျိုးကို ဖူးမြင်ရမည်ဖြစ်၏ ထို လေးမျိုးသောရုပ်ပွားတော်များကို မုဒြာပုံစံအနေအထားတွေ အမျိုးမျိုးထားပြီးထုဆစ်ပူဇော်တာကို စိတ်ကူးဥာဏ်ကောင်း ရင် ကောင်းသလောက် ကြည်ညိုဖွယ်ရာ ပုံစံအမျိုးများစွာကို ဖူးမြင်ရမည်ဖြစ်၏။
ဘူမိဖဿ မုဒြာသည် ဘုန်းတော်ခြောက်ပါးသခင် ရှင်တော်မြတ်ဘုရား တောထွက်တော်မူပြီး အပရာဇိတ ပလ္လင်ပေါ် မှာ ထိုင်တော်မူနေသည့်အချိန် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ညနေဆည်းဆာအချိန်မှာ မာနတ်သားသည် မိစ္ဆာရန်သူ မြောက်များစွာခြံရံလျှက် ရှင်တော်မြတ်ဘုရား ထိုင်တော်မူသည် အပရာဇိတပလ္လင်တော်ကို တိုက်ခိုက်လုယူ မယ်ဆိုပြီး ရောက်လာခဲ့၏

Type your summary here.Type the rest of your post here.