အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, March 21, 2011

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၈-၃-၂၀၁၁





ကွယ်လွန်သူဖခင်ကြီးဦးလှကြည်(ကညွတ်ကွင်း)အားရည်စူး၍
မလေးရှားရောက်သမီးနှင့်မြေးမှကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏
ဖခင်ကြီးသာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၈-၃-၂၀၁၁





မလေးရှားရောက်မအိအိသော်၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စု့ပါစေ။
Type your summary here.Type the rest of your post here.

Sunday, March 20, 2011

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၃-၃-၂၀၁၁






မလေးရှားရောက် ကိုအောင်ဗိုလ်မြင့်၏ မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၃-၃-၂၀၁၁





မလေးရှားရောက် ကိုမောင်မောင်စိုး၏ ၃၁-နှစ်ပြည့်မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Thursday, March 17, 2011

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၃-၃-၂၀၁၁








မလေးရှားရောက်ပအိုဝ်းလူမျိုးများသည် ပအိုဝ်အမျိုးသားနေ့ကို လေးကြိမ်မြောက်
ကျဉ်းပခဲ့ပါ၏ ထိုပွဲကိုအကြောင်းပြု၍သံဃာတော်အရှင်မြတ်တို့အားပင့်ဖိတ်ပြီးနေ့ဆွမ်း
ကပ်လှူ၍ပရိတ်တရားနာယူခြင်းလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်ခဲ့ပါ၏
ထိုပွဲတင်အနုမောဒနာတရားကို ပျူ မှ ပအူ၊ ပအူ မှ ပအိုဝ်း ဖြစ်လာကြောင်း ပအိုဝ်း
သည် တချိန်တုံးက ပျူလူမျိုးမှဆင်းသက်လာသောလူမျိုးဖြစ်သည့်အတွက် သာမန်လူမျိုး
မဟုတ်ကြောင်း မိမိတို့၏ လူမျိုးဂုဏ် စောင့်ထိမ်းဖို့အတွက် ရိုးသားရမည်ဖြစ်ကြောင်း
နာရီဝက်ခန့် တရားများကိုဟောကြားခဲ့ပြီး ဆုတောင်းအမျှဝေခဲ့ပါ၏ ပအိုဝ်းလူမျိုးများ
ကြီးပွားတိုးတက်၍ ဘေးအန္တရာယ်ကင်းရှင်းပါစေ။
Type your summary here.Type the rest of your post here.

Wednesday, March 16, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၁၃)


လူဟူသည် စီးပွားရေးကလဲအောင်မြင် ခြွေရံပရိတ်သတ်ကလဲပြည့်စုံ ချီးမွမ်းထောပနာသံတွေကလဲ ပွက်လောညံ လာပြီဆိုလျှင် လူ့ဘ၀မှာ ချမ်းသာသုခနှင့်ပြည့်စုံခြင်းသဘောဖြစ်၏ လူသည် စီးပွားရေးကလဲ မအောင်မြင် ခြွေရံပရိတ် သတ်ကလည်းမရှိ ကဲ့ရဲ့ရှုပ်ချသံတွေ ဗလပွဖြင့် လူ့ဘ၀ ရပ်တည်ရပြီဆိုလျှင် ဆင်းရဲနွမ်းပါးခြင်း သဘောကိုဆောင် ပါ၏ ချမ်းသာခြင်းသည် သုခ သဘောကိုဆောင်၍ ဆင်း ရဲခြင်းသည် ဒုက္ခ သဘောကိုဆောင်ပါ၏။
သုခ ဒုက္ခ သည် လောကဓံတရားရှစ်ပါးတွင် စတုတ္ထအတွဲဖြစ်၏ သုခဆိုသည့် ချမ်းသာမှု အမျိုးမျိုးပေါ်မှာ ၀မ်းသာ တုံလှုပ်၍ သာယာမိသွားလျှင် ဥပေက္ခာသဘောမဆောင်တော့၊ ဒုက္ခ ဆိုသည့် ဆင်းရဲမှု အမျိုးမျိုးပေါ်မှာ ညိုးငယ် ပူပြင်း စိုးရိမ်တုံလှုပ်ခြင်းဖြစ်လျှင် ဥပေက္ခာသဘောမဆောင်တော့ ဥပေက္ခာသည် ချမ်းသာမှု အမျိုးမျိုးပေါ်မှာလည်း ၀မ်းသာတုံလှုပ်မှုမဖြစ်၊ ဆင်းရဲမှု အဖုံဖုံကိုလည်း ညိုးငယ်ပူပြင်း စိုးရိမ်ခြင်းမဖြစ်မှ လျှစ်လျူရှုခြင်းသဘော ဥပေက္ခာ ဖြစ်၏။
လောကဓံတရား ရှစ်ပါးတို့ဟူသည် မြင့်မြတ်သူများအနေဖြင့် လောကအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် သူ့နည်း နှင့်သူ ဟန့်တားနှောက်ယှက်တတ်၏ ထိုနှောက်ယှက် ဟန့်တားမှုအပေါ် ပြန်လည် တုံ့ပြန်လိုက်လျှင် လောကဓံကို ခံနိုင်သူဖြစ်လာမည်မဟုတ်ပေ လောကဓံကို တုံလှုပ်မှုမရှိ ရပ်တည်နိုင်မှ လောကကို အောင်မြင်မှာဖြစ်၏ လောကကို အောင်မြင်မှ လောကကြီးငြိမ်းချမ်းမှာဖြစ်၏။
ဥပေက္ခာသည် ကျယ်ဝန်းလှ၏ ကိုယ့်အကျိုးကို လျှစ်လျှူရှုပြီး လောကအကျိုးကို ဆောင်ရွက်ခြင်း သည်လည်း ဥပေက္ခာသဘောဖြစ်၏၊ ဤဥပေက္ခာသည် လောကကြီး ငြိမ်းချမ်းဖို့အတွက် အထောက် အကူဖြစ်၏ လောကကြီး ငြိမ်းချမ်းချင်လျှင် မိမိအကျိုးကိုစွန့်လွှတ်ပြီး လောကအကျိုး သတ္တ၀ါတွေရဲ့ အကျိုးကို စွမ်းစွမ်းတမန် ဆောင်ရွက်ရန် ဖြစ်၏။
ယောင်္ကျား မိန်းမဟု ခေါ်ဝေါ်အပ်သော ပညတ်တရားကို လျှစ်လျူရှုပြီး ပရမတ်ဖြစ်တဲ့ ရုပ်နာမ်မြင်အောင်ကြည့် ခြင်းသည်လည်း ဥပေက္ခာသဘောဖြစ်၏ ဤဥပေက္ခာသည် မိမိငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင်ကျင့်ရန်ဖြစ်၏ ဆက် လက်ကျင့်ကြံ အားထုတ်မယ်ဆိုလျှင်တော့ ရုပ်နာပ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မြင်အောင်ရှုရမှာဖြစ်၏ ဖြစ်ခြင်းပျက် ခြင်းဆုံးလျှင် ဒိဌိ ၀ိစိကိစ္ဆာပြုတ်ပြီး သောတာပန်အဆင့်တက် လှန်းနိုင်မှာဖြစ်၏ ထို့နောက် မဂ်တရားဖိုလ်တရားကို မျက်မှောက်ပြုလျှက် မိမိဘ၀ငြိမ်းချမ်းမှာဖြစ်၏။
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့်အတူ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးအောင် ကျင့်နိုင်မယ်ဆို လျှင် လောကကြီး ဆထက်ထမ်းပိုး ဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာသော လောကကြီးဖြစ်လာမှာ ဧကန်မုချဖြစ်ပါတော့၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၃-၃-၂၀၁၁





မလေးရှားပူချုန်းဒီအိပ်အေနေရွှေမြန်မာများ၏မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Tuesday, March 15, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၁၂)


အလယ်ကောင်မှာ ရပ်တည်ခြင်းဟူသည် ကောင်းကောင်းဆိုးဆိုး အာရုံများကို ဘာမှဂရုမစိုက်ဘဲ မိမိလုပ်ငန်း အောင်မြင်ရေးတည်းဟူသော အာရုံတခုတည်းကိုသာ အလေးအနက်ထားရှိမှ လျှစ်လျူရှုခြင်းသဘော ဥပေက္ခာဖြစ်၏။
လူဟူသည် စီးပွားဥစ္စာပြည့်စုံလာလျှင် ခြွေရံပရိတ်သတ်ဖြင့် ပျော်ပျော်ရွှင်ရွှင် နေချင်လာပြန်၏ သားသမီးခြွေရံ ပရိတ်ကိုတောင်းတသလို မိမိအနားမှာရံခနေသည့် ခြွေရံမျိုးကိုပါ အများအပြားရှိစေချင်သည့်သဘောဖြစ်၏မိတ်ဆွေ သင်္ဂဟ ဆိုသည့် ခြွေရံပရိတ်သတ်တွေလဲ အများအပြားရှိစေချင်၏ လူ့လောကတွင် လူမှုဆက်ဆံရေးအားဖြင့် ပြေပြစ် သူ အပေါင်းအသင်းကောင်းသူ မိတ်ဆွေပေါများသူဟု အထင်ခံချင်၏ ခြွေရံပရိတ်သတ် ပေါများခြင်းသည် ယသ သ ဘောကိုဆောင်၍ ခြွေရံပရိတ်သတ် နည်းပါးခြင်းသည် အယသ သဘောကိုဆောင်ပါ၏။
ယသော အယသောသည် လောကဓံရှစ်ပါးတွင် ဒုတိယအတွဲဖြစ်၏ ယသ ဆိုသည့်ခြွေရံပရိတ် သတ်များခြင်း အပေါ်မှာ သာယာမိတယ်ဆိုလျှင် တုံလှုပ်သွားခြင်းဖြစ်၏ ဥပေက္ခာသဘောကို မဆောင်တော့ ခြွေရံပရိတ်သတ်တွေ မိမိနားမှ စွန့်ခွါသွားလျှင်လဲ ခြွေရံနဲပါးခြင်းကြောင့် ဖြစ်ပေါ်လာခြင်းကို တုံလှုပ်မိတယ်ဆိုလျှင် ဥပေက္ခာသဘော မဆောင်တော့ ဥက္ခောသည် ခြွေရံများခြင်းပေါ်မှာလဲ မသာ ယာ ခြွေရံနဲခြင်းပေါ်မှာလဲ မတုံလှုပ် အလယ်ခေါင်တည့် တည့်မှာ ရပ်တည်နိုင်မှသာလျှင် လျှစ်လျူ ရှုခြင်းသဘော ဥပေက္ခာဖြစ်၏။
လူဟူသည် ခြွေရံပရိတ်သတ် ပြည့်စုံ၍လည်း ကြေနပ်နှစ်သိမ့်နေသေးသည်မဟုတ် ပတ်ဝန်းကျင်လူသားများထံမှ ချီးမွမ်းထောပနာ စကားများကိုလည်း ကြားချင်သေး၏ ပတ်ဝန်းကျင်ကတော့ မိမိ လုပ်ကိုင်ဆောင်ရွက်မှုပေါ် မှုတည် ပြီး ကာလာမျိုးစုံဖြင့် ရောင်ပြန်ဟပ်လာမည်ဖြစ်၏ မိမိ၏လုပ်ဆောင်ချက်က ကိုယ်ကျိုးစွန့်ပြီး လူသားအကျိုးဆောင် ရွက်နေလျှင် အံ့မခန်း ချီးမွမ်းသံတွေ ထွက်ပေါ်လာမှာဖြစ်၏ မိမိအကျိုးသာ လုပ်ဆောင်ပြီး လူသားအကျိုး မဆောင် ရွက်ဘူးဆိုလျှင် ကဲ့ရဲ့ရှုပ်ချသံတွေ ပွက်လောညံလာမှာဖြစ်၏ ချီးမွမ်းခြင်းသည် ပသံသ သဘော ကိုဆောင်၍ ကဲ့ရဲ့ ရှုပ်ချခြင်းသည် နိန္ဒံသဘော ဆောင်ပါ၏
ပသံသ နိန္ဒံသည် လောကဓံရှစ်ပါးတို့တွင် တတိယအတွဲဖြစ်၏ ပသံသဆိုသည့် ပတ်ဝန်းကျင် လောကမှ အံ့မ ခန်း ချီးမွမ်းသံတွေ ထွက်ပေါ်လာလို့ ၀မ်းမြောက်၍ တုံလှုပ်ခြင်းသည်လည်း ဥပေက္ခာ သဘောကိုမဆောင်တော့ နိန္ဒံ ဆိုသည့် ပတ်ဝန်းကျင် လောကမှ ကဲ့ရဲ့ရှုပ်ချသံတွေ ပွက်လောညံခဲ့လို့ ၀မ်းနဲတုံလှုပ်ခြင်းသည် ဥပေက္ခာသဘောကို မဆောင်တော့ ဥပေက္ခာသည် ချီးမွမ်းထောပနာပြုခြင်းကိုလည်းမသာယာ ကဲ့ရဲ့ရှုပ်ချခြင်းကိုလည်း မတုံလှုပ်မှ လျှစ်လျူ ရှုခြင်းသဘော ဥပေက္ခာဖြစ်၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၃-၃-၂၀၁၁







ကွယ်လွန်သူဖခင်ကြီးဦးတင်ငြိမ်းအားရည်စူ၍မလေးရှားရောက်သားဖြစ်သူနှင့်သူငယ်ချင်များမှ
အာရုံဆွမ်းကပ်လှူ၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်ပြီးကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.