အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 19, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၉)


ပြည်မှ ပိဋကများကို ရရှိခဲ့သည်ဆို၍ မဇ္ဈိမိကသုည၀ါဒ ကျမ်းများကိုရေးသာခဲ့၏ ထိုအချိန်မှစ၍ မဟာယာန၀ါဒသည် စိတ်ဝင်စား လူကြိုက်များလာ၏။
မဟာယာန အယူအဆသည် ဗောဓိသတ္တ ဘုရားလောင်း လမ်းစဉ်ဖြစ်၏ ဟီနယာနလမ်းစဉ်သည် သာဝကလမ်းစဉ် ဖြစ်၏ ထိုအချိန်မှစ၍ မဟာယာန နှင့် ဟီနယာန ၀ါဒချင်း ငြင်းခုံဆွေးနွေးကြသော ဂိုဏ်းများမှာ မဟာသံဃိကဂိုဏ်း၊ အန္ဓကဂိုဏ်း၊ စေတိယဂိုဏ်း၊ သဗ္ဗတ္တိဝါဒဂိုဏ်း၊ သုတ္တန္တိကဂိုဏ်း၊ ယောဂါစာရဂိုဏ်း၊ မဇ္ဈိမဂိုဏ်း စသောဂိုဏ်းများ ဖြစ်၏
မဟာယာန၀ါဒသစ် အယူအဆသစ်ကို လက်မခံသော သဗ္ဗတ္တိဝါဒဂိုဏ်းသားများ သုတ္တန္တိကဂိုဏ်းနှင့် ဝေဘဿိက သုည၀ါဒဂိုဏ်းသားအချို့ကို ဟီနယာနဟုအမည်ပေး၏ ဗောဓိသတ္တ ဘုရားလောင်းလမ်းစဉ်ဖြစ်သည့် မဟာယာန၀ါဒသစ် အယူအဆသစ်ကိုလက်ခံသော ၀ိညာဏ၀ါဒ (ယောဂါစာရ) ဂိုဏ်းသည် မဟာယာနဂိုဏ်းဖြစ်လာ၏ မဟာယာနနှင့် ဟီန ယာန အငြင်းပွားပြီး ဂိုဏ်းကွဲချိန်တွင် မူရင်းပင်မ ထေရ၀ါဒသည် အိန္ဒိယတွင်မရှိတော့ပါ သီဟိုဠ်နှင့် သုဝဏ္ဏဘူမိတွင်သာ
ကျန်ရှိတော့၏။
တချို့က ထေရ၀ါဒကို ဟီနယာနဟု ထင်နေတတ်၏ မှားသောအထင်နှင့် မှားသောအမြင်သာဖြစ်၏ မူရင်းပင်မ ထေရ ၀ါဒမှ ခွဲထွက်သွားသော သဗ္ဗတ္တိဝါဒ စသော ဂိုဏ်းများ၏ အကွဲအပြဲများမှ မဟာယာန နှင့် ဟီနယာန ပေါ်ထွက်လာခြင်း ဖြစ်ပါ၏ ထေရ၀ါဒနှင့် လုံးဝပတ်သက်မှုမရှိပါ ဤအကြောင်းကို သေသေချာချာ ဃဃနန မသိသော ထေရ၀ါဒ ကိုးကွယ် သူအချို့သည် ထေရ၀ါဒကို ဟီနယာန ဟု လွဲမှားစွာ ခေါ်နေခြင်းဖြစ်၏ ကိုစီးသည့်မြင်းကို အထီးမှန်း အမမှန်း မသိသည့် မြင်းစီးသည့် လူတွေလို ဖြစ်နေ၏ ထေရ၀ါဒကို ကိုးကွယ်သည့် ပုဂ္ဂိုလ်တွေသည် ကိုယ်ကိုးကွယ်သည့် ဘာသာအပေါ် လေ့လာမှု အားနည်းသည့်အတွက် ထေရ၀ါဒ ဟီနယာန မကွဲဘူးဖြစ်နေတာကို ၀မ်းနည်းဖွယ် တွေ့မြင်ရပါ၏။
သာသနာသက္ကရာဇ် ၉၀၀- ခန့် ရာစုအားဖြင့် ၉-ရာစုတွင် မူရင်းပင်မ ထေရ၀ါဒ ထွန်းကားသည့် စတုတ္ထသင်္ဂါယနာ တင်ခဲ့သည့် လင်္ကာဒီပ (သီဟိုဠ်)တွင် မဟာသေနမင်းသည် မဟာယာနဂိုဏ်းဝင် အဘယဂီရိကျောင်း သံဃာတော်များ ကို ကြည်ညို၍ ထေရ၀ါဒ ဂိုဏ်းဝင် မဟာဝိဟာရကျောင်း ရဟန်းတော်များကို အကြည်ညိုပျက်သဖြင့် မူရင်းပင်မ ထေရ ၀ါဒသာသနာသည် လင်္ကာဒီပတွင် အားနည်းခဲ့ရပြန်၏။
သာသနာသက္ကရာဇ် ၁၀၀၀-ခန့် ရာစုအားဖြင့် ၁၀-ရာစုတွင် အိန္ဒိယပြည်တွင် မဟာယာနဂိုဏ်း အားအလွန်ကောင်း လာ၏ မဟာယာန ၀ိညာဏဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဒ ညီနောင်နှစ်ပါး ပေါ် ထွန်းခဲ့၏ အိန္ဒိယပြည်တွင် ဂုတ္တမင်းများ အုပ်စိုးနေချိန်ဖြစ်၏ ဂုတ္တမင်းများသည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြ၏ မဟာ ယာန ဗုဒ္ဓဘာသာဝင်တွေနှင့် ဟိန္ဒူဘာသာဝင်တွေသည် ညီညွတ်နေတာတွေ့ရ၏ ဂုတ္တမင်းများသည် နာလန္ဒမြို့တွင် အလွန်ကြီးကြယ်သော နာလန္ဒ တက္ကသိုလ်ကြီးကို တည်ထောင်ပေးခဲ့၏။
နာလန္ဒတက္ကသိုလ်သည် တကယ်တော့ မဟာယာနနှင့် ဟိန္ဒူဝါဒတွေကို ဖြန့်ဖြူးရာဋ္ဌာနကြီးတခုဖြစ်ခဲ့၏ ထေရ၀ါဒနှင့်
ပတ်သက်မှုမရှိခဲ့ပါ ပက်သက်ဖို့ရာ အကြောင်းတချက်ကတော့ အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်နေခြင်းဖြစ်၏ နာလန္ဒတက္ကသိုလ်တည်ထောင်သည့် ဂုတ္တမင်းများနှင့် မဟာယာနမထေရ်များ၏ အမျှော်အ မြင်ကြီးမှုဟု ဆိုရမှာဖြစ်၏ မိမိတက္ကသိုလ် နာမည်ကျော်ကြားဖို့အတွက် ဗုဒ္ဓသာသနာတွင် ပညာအရာမှာ ဧတဒဂ်ဘွဲ့ရရိ ထားသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ မွေးရပ်ဇာတိမြေကို ရွေးချယ်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ် ၏ အတုခိုးစရာ မှတ်သားစရာ နည်းယူစရာဖြစ်ပါ၏။
မဟာယာနသာသနာသည် နာလန္ဒတက္ကသိုလ်မှတဆင့် အနယ်နယ် အရပ်ရပ်သို့ ပြန့်ပွားထွန်းကားလာတာတွေ့ရ၏ အိန္ဒိယမှ မဟာယာန ရဟန်းတော်များသည် တရုပ်ပြည်ကို သာသနာပြုခရီး ကြွချီခဲ့သလို တရုပ်ရဟန်းတော် ဖာရိယန် လည်း အိန္ဒိယပြည်တွင် ၇-နှစ်ကြာ ပညာသင်ယူခဲ့၍ တရုပ်ပြည်သို့ ပိဋကတော်များ သယ်ဆောင်ခဲ့ကာ တရုပ်ပြည်တွင် မဟာယာနသာသနာ ထွန်းကားစေခဲ့၏ အင်ဒိုနီးရှား မလေးရှားနှင့် ကမ္ဘောဒီးယားတို့တွင်လည်း မဟာယာနသာသနာ ထွန်းကား ပြန့်ပွားလာ၏။

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆၂၀၁၁






ကွယ်လွန်သူဖခင်ကြီးဦးဆန်နီအားရည်စူး၍မလေးရှားရောက်သားသမီးမြေးများမှ
ကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Friday, June 17, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၈)


ပုတ္တက ၅-ဂိုဏ်းနှင့် မဟာသံဃိက သဗ္ဗတ္တိဝါဒ ၆-ဂိုဏ်းခွဲထွက်သွား၏ ဒုတိယသင်္ဂါယနာ တင်ပြီးချိန်မှစ၍ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများ စတင်ပေါ်ပေါက်လာလေ၏။
မဟာယာနဂိုဏ်းဖြစ်လာမည့် မဟာသံဃိက သဗ္ဗတ္တိဝါဒဂိုဏ်းကလည်း ကောသမ္ဘီပြည်တွင် ပထမစင်ပြိုင် သင်္ဂါယနာ တင်ခဲ့၏ ထိုဂိုဏ်းမှလည်း မဟာသံဃိက ၆-ဂိုဏ်း အန္ဓက ၉-ဂိုဏ်းခွဲထွက်သွားပြန်၏ သာသနာ ၂-ရာစုတွင် မဟာသံဃိ ကဂိုဏ်း ဦးဆောင်လမ်းပြမှုကြောင့် သံဃာ့ဂိုဏ်းပေါင်း ၃၀-အထိ ကွဲသွားကြ၏။
တတိယသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သာသနာသက္ကရာဇ် ၂၃၅-နှစ်ရောက်ချိန် ဗာဟိရက တိတ္တိယတို့သည် ဗုဒ္ဓသာ သနာတော်တွင်းသို့ ရဟန်းပြုဝင်ရောက်ပြီး မိမိတို့ တိတ္တိအယူကိုသာ ရဟန်းဘ၀ဖြင့် ကျင့်သုံးနေသောကြောင့် သာသနာ ညစ်နွမ်းလာရပြန်၏ အရှင်မောဂ္ဂလိပုတ္တရဟန္တာမထေရ်ကြီးဦးဆောင်၍ ပါဋလိပုတ်ပြည်ဘုရင်အသောကမှ ဒကာပြုလုပ်
ကာ တတိယသင်္ဂါယနာ တင်ခဲ့ပါ၏။
ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာတင်ခဲ့သော မထေရ်မြတ် အစဉ်အဆက် သြ၀ါဒအတိုင်း ဘုရားဒေသနာတော်ကို နှုပ်ပယ်ဖြည့်စွက် ပြင်ဆင်ခြင်းမပြုရန်နှင့် ရောနှောဝင်ရောက်လာသောဝါဒသစ်တွေကို စိစစ်ပယ်နှုတ်ကာ ပိဋကတော်ကို သန့်စင်လျှက် တတိယသင်္ဂါယနာတင်ခဲ့၏ မထေရ်စဉ်ဆက်၏ ၀ါဒကိုလိုက်နာကျင့်ကြံသောကြောင့် ထေရ၀ါဒဟုခေါ်ဆို
ကြ၏ တတိယသင်္ဂါယနာတင်ပြီးလျှင် သုဝဏ္ဏဘူမိအပါအ၀င် ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုစေလွှတ်တော်မူ၏။
မဟာယာနဂိုဏ်း ဖြစ်ပေါ်လာမည့် မဟာသံဃိက သဗ္ဗတ္တိဝါဒဂိုဏ်း စသော ဂိုဏ်းကွဲများသည် မိမိတို့သဘောတူရာ စုပေါင်းကြ၍ ရာဇဂြိုဟ်မြို့အနီး နာလန္ဒမြို့တွင်စင်ပြိုင် သင်္ဂါယနာတင်ခဲ့၏ တတိယသင်္ဂါယနာတင်ပြီး နောက်ပိုင်းတွင် ထေရ၀ါဒ သာသနာသည် အားနည်းလာပြီး မဟာယာနဖြစ်လာမည့် မဟာသံဃိကဂိုဏ်းများ အားကောင်းလာတာတွေ့
ရ၏ ထေရ၀ါဒလည်း အိန္ဒိယမှ တဖြေးဖြေးကွယ်ပြောက်ကာ ကိုးတိုင်းကိုးဋ္ဌာန သီဟိုဠ် မြန်မာသို့ ရောက်ရှိသွား၏။
အသောကမင်း နတ်ရွာစံပြီးနောက် ထေရ၀ါဒလည်း အိန္ဒိယတွင် မရပ်တည်နိုင်တော့ပါ နောက်တက်သောမင်းတွေ သည် ဂျိန်းဝါဒနှင့် ဗြဟ္မဏအယူဝါဒမင်းတွေသာဆက်လက်အုပ်ချုပ်တာတွေ့ရ၏ ဗြဟ္မဏဘုရင်တွေ၏ နှိပ်ဆက်မှုကြောင့်
ဟီနယာနဖြစ်လာမည့် သဗ္ဗတ္တိဝါဒဂိုဏ်းမှာ အိန္ဒိယအနောက်ပိုင်းသို့ပြေးခဲ့ရ၏ မူရင်းပင်မထေရ၀ါဒဂိုဏ်းမှာလည်း အိန္ဒိယ တောင်ပိုင်း ဆံချီသို့ရွှေ့ခဲ့ရ၏ မူရင်းပင်မ ထေရ၀ါဒ သာသနာသည် အိန္ဒိယတောင်ပိုင်း သီရိလင်္ကာ (သီဟိုဠ်-လင်္ကာဒီပ) နှင့် သုဝဏ္ဏဘူမိစသော ကိုးတိုင်းကိုးဋ္ဌာနသို့ ရောက်ရှိလာတာ တွေ့မြင်နိုင်ပါ၏။
စတုတ္ထသင်္ဂါယနာ
သာသနာသက္ကရာဇ် ၄၅၀-သို့ရောက်ရှိလာသောအခါ လင်္ကာဒီပ-ကျွန်းကြီးသခင် ဘုရင်ဝဋ္ဋဂါမဏိမင်းကြီးလက်ထက်
ပိဋကသုံးပုံဆောင် ရဟန္တာအရှင်မြတ်တို့သည် နောင်အနာဂါတ်ကာလ၌ သတ္တ၀ါတို့သည် သတိပညာ ဆုတ်ယုတ်ကုန် သည်ဖြစ်၍ ပိဋကသုံးပုံကို နှုတ်တက်အာဂုံ မဆောင်ရွက် မကျက်မှတ်နိုင်မည့် အရေးကို မြင်တော်မူ၍ သာသနာတော် မပျောက်မပျက် တည်တံ့စေခြင်ငှာ ကြံစည်တွေးဆလျှက် ငါးရာသော ရဟန္တာအရှင်မြတ်တို့သည် ပေထက်မှာရေးလျှက် ပေထက်အက္ခရာခေါ် စတုတ္ထသင်္ဂါယနာကို မဟာသံဃရာဇာမထေရ်မြတ်ကြီးမှုးလျှက် လင်္ကာဒီပ-မလယဇနပုဒ် အလော
က လှိုဏ်ဂူ၌ တင်တော်မူ၏။
စတုတ္ထသင်္ဂါယနာတင်ပြီးချိန်မှစ၍ မူရင်းပင်မထေရ၀ါသည် အိန္ဒိယတွင်ကွယ်ပြောက်ကာ ကိုးတိုင်းကိုးဋ္ဌာနတွင်သာ ဆက်လက်ရှင်သန်ရန် ကြိုးစားရုန်းကန်နေရ၏ သာသနာသက္ကရာဇ် ၆၀၀-ခန့်တွင် သကမင်းဆက်တို့ ပြန်လည်အာဏာ ရလာကာ ဟီနယာနဖြစ်လာမည့် သဗ္ဗတ္တိဝါဒဂိုဏ်းမှ တတိယစင်ပြိုင်သင်္ဂါယနာကို ကသ္မီရ ဂန္ဓာရ တွင်တင်ခဲ့၏။ ထိုဟီန ယာနတို့စင်ပြိုင်သင်္ဂါယနာတင်ပြီးသည်မှစ၍ ဟီနယာန နှင့် မဟာယာနသည် သိသိသာသာ ကွဲပြားလာတာတွေ့ရှိရ၏။
မဟာယာန အတွေးအခေါ် အယူအဆများသည် သာသနာသက္ကရာဇ် နှစ် ၆၀၀-ကျော်မှစ၍ တစတစ ထွန်းကားလာ တာတွေ့မြင်ရ၏ သာသနာသက္ကရာဇ် ၇၀၀-ကျော် ၈၀၀- ခန့်တွင် အိန္ဒိယနိုင်ငံတွင် နာဂအဇ္ဇုန ရဟန်းတော်သည် နဂါး
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆-၂၀၁၁






မလေးရှားပူကစ်ပူချုန်းနေ ကိုထွန်းအောင်ကျော်+Ronik၊ကိုကျော်ကျော်ထိုက်+မစန်းစန်းနွယ်၊
ကိုမင်းမင်းဆွေ၊ကိုစိုးမင်းတို့ဦးဆောင်သောရွှေမြန်မာများ၏သဒ္ဓါဆွမ်းအလှူ။
Type your summary here.Type the rest of your post here.

Thursday, June 16, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၇)


ကျောက်ထီးတော်ကြီးဖြင့် ကြည်ညိုဖွယ်ဖြစ်၏ ကြယ်အပေါင်းခြံရံလျှက် ထိန်ထိန်လင်းနေသည် လမင်းကြီးလို စေတီငယ် တွေခြံရံလျှက် အလယ်ဗဟိုဠ်စေတီကြီးကို အံ့ချီးဖွယ် ဖူးမြင်ရမည်ဖြစ်ပါ၏။
ဗောရောဗုဓော၏ ပစ္စယံအာလုံးတွင် ဘုရားဖူးဧည့်သည်များ ဘုရားဝတ်ပြုရန်အတွက် နေရာသီးသန့်မရှိပါ ထိုအချက်
သည် အခြားစေတီဘုရားများနှင့် မတူသောအချက်ဖြစ်၏ စေတီတော်ကြီး၏ ပစ္စယံ ပတ်လမ်းအားလုံးသည် စေတီပေါ် သို့တက်ရောက်ရန် အရှေ့ဘက်တက်လမ်း တောင်ဘက်တက်လမ်း အနောက်ဘက်တက်လမ်း မြောက်ဘက်တက်လမ်း လမ်း ၄-သွယ်နှင့် ဆက်သွယ်ထား၏ ကြိုက်ရာလမ်းမှ တက်ပြီး စေတီပေါ်သို့ တက်ရောက် ဖူးမြင်နိုင်၏ စေတီတော်နံရံ များပေါ်ရှိ ဗုဒ္ဓ၀င် ပန်ချီသရုပ်ဖေါ် ကျောက်ထွင်း ရုပ်လုံးရုပ်ကြွများကိုလည်း အံ့သြဖွယ် ဖူးမြင်ရမည်ဖြစ်၏။
နှစ်ပေါင်း(၁၀၀၀)ကျော်က ကျောက်ထွင်း ပန်းချီကားချက်များမှာ ယနေ့တိုင် ပီပီသသရှိနေဆဲ ဖြစ်၏ ဘုရားအလောင်း တော် နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောထွက်ပုံ၊ ဆန္ဒအမတ်ကို မြင်းနှင့်အတူ နေပြည်တော်သို့ပြန်လွှတ်ပုံ၊ ဘုရားအလောင်း တော်အား ဗြဟ္မာမင်းက သင်္ကန်းဆက်ကပ်နေပုံများကို နောက်ဘက်မျက်နှာတွင် တွေ့ရ၏၊၊ ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရား ဟောနေပုံကို အရှေ့ဘက်မျက်နှာတွင်တွေ့နိုင်၏၊ ဇာတ်ကားပန်းချီကားချပ်ပေါင်း(၂၁၄၁) ရှိသည်ဟုဆိုပါ၏ ထိုကျောက် ထွင်း ပန်းချီကားချပ်များကို တချပ်ခြင်းဆက်လျက် စီတန်းထားမည်ဆိုလျင် (၃)မိုင်ခန့်မျှရှိမည်ဟု ဆိုပါ၏၊၊
ဗောရောဗုဓော စေတီတော်ကြီးကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ၏ ယူဆ တွေးခေါ် မျှော်မြင် ကြည်ညိုမိခြင်း ဖြစ်၏ တကယ်တော့ ဗောရောဗုဓောသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ပိုပြီးနီးစပ်၏ မဟာယာန ဗုဒ္ဓဘာသာ၏ တင်ပြချက်တွေ က ပိုပြီး ခိုင်လုံ တိကျတာ တွေ့ရ၏ ဗောရောဗုဓောသည် မဟာယာနနှင့် ပိုပတ်သက်၏ ဘာဘဲဖြစ်ပါစေ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော စေတီတဆူဆိုတာတော့ ထေရ၀ါဒကော မဟာယာနရော ကြည်ညိုကိုယ်းကွယ် လက္ခံရမှာဖြစ်၏။
မဟာယာန ဗုဒ္ဓဘာသာ၏ ဗောရောဗုဓော စေတီတော်ကြီးအပေါ် တင်ပြချက်တွေကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ အမြင်ကြယ်ကြယ်နှင့် လေ့လာမှတ်သားရမည်ဖြစ်၏ ငါတို့နှင့်မဆိုင်ဘူးဟု အမြင်ကျဉ်းသည့်အစွဲဖြင့် မလေ့လာ မဖတ်ရှု ဘူးဆိုလျှင် တခေတ်နောက်ကြသွားနိုင်၏ ထေရ၀ါဒနှင့် မဟာယာန စတင်ကွဲပြားလာပုံကို စာရှုသူတို့ လေ့လာကြည့်ကြ ပါစို့။
ပထမသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သုဘဒ္ဒမည်သော ရဟန်းကြီးမှ ငါ့ရှင်တို့ ငါတို့ကို သိက္ခာပုဒ်တွေဖြင့် ချုပ်ချယ် ထားသော ရဟန်းဂေါတမ မရှိပြီ ယ္ခုငါတို့ ရဟန်းဂေါတမ၏ ချုပ်ချယ်မှုမှ လွတ်ကြပြီဟု ပြောစကားကို ထောက်၍ အရှင် မဟာကဿပ ဦးဆောင်၍ အဇာတသတ်မင်း ဒကာပြုလုပ်ကာ ဘုရားဒေသနာတော်ကို နှုတ်ပယ်ဖြည့်စွက် ပြင်ဆင်ခြင်း မပြုရန် မူသတ်မှတ်လျှက် ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိ လှိုဏ်ဂူတွင် ပထမသင်္ဂါယနာ တင်ခဲ့၏
မဟာယာန စာပေမှာလည်း ပထမသင်္ဂါယနာကို ရာဇဂြိုလ်မှာဘဲ သင်္ဂါယနာတင်ခဲ့သည် ဆိုသောကြောင့် ပထမ သင်္ဂါယနာ တင်ချိန်သည် ဂိုဏ်းတွေမကွဲသေးဘဲ ဗုဒ္ဓဘာသာဟူသော ခေါင်းစီးတခု အောက်မှာသာ တစုတစည်းတည်းရှိ သည်ဆိုတာ ထင်ရှား၏ သို့သော် ဒေ၀ဒတ်၏ဂိုဏ်းသားများသည် မထေရ်ကြီးတွေ အားကောင်းလွန်းတာနှင့် အားမတန် လို့ မာန်လျှော့ထားပုံရ၏ ဒုတိယသင်္ဂါယနာသည် ၀ဇ္ဇီတိုင်းသား ဒေ၀ဒတ်တပည့်တွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။
ဒုတိယသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်တရာလောက်ကြာချိန် သာသနာနှစ် တရာစုတွင် ၀ဇ္ဇီတိုင်းသား ရဟန်းတော် တွေ ၀ိနည်းတရားတော်တွေ ပြင်ဆင်ဖြည်စွက်လိုကြ၍ မဟာသံဃိကဂိုဏ်းအဖြစ်ခွဲထွက်ကြ၏ ထိုအခါ အရှင်မဟာ ယဿ ဦးဆောင်သော ရဟန္တာမထေရ်ကြီး ဦးဆောင်၍ ဘုရင်ကာလာသောကမင်း ဒကာပြုလုပ်ကာ ဝေသာလီပြည် ၀ါလုကာရုံ ကျောင်းတော်ကြီး၌ ဒုတိယသင်္ဂါယနာတင်ခဲ့၏။
ပထမသင်္ဂါယနာတင်ခဲ့သော မထေရ်ကြီးတွေ၏ အစဉ်အလာတိုင်း ဘုရားဒေသနာတော်ကို နှုတ်ပယ်ဖြည့်စွက် ပြင် ဆင်ခြင်း မပြုရန် ဒုတိယသင်္ဂါယနာတင်ခဲ့၏ ဤ၀ါဒကို မကြိုက်နှစ်သက်၍ ၀ိနည်းသိက္ခာပုဒ်ကို ပြင်ဆင်လိုသော ၀ဇ္ဇီ
Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆-၂၀၁၁






ကွယ်လွန်သူကိုစိုးအောင်အားရည်စူး၍မလေးရှားရောက်ညီမဖြစ်သူမမဉ္ဖူနှင့်သူငယ်ချင်းများမှ
ကုသိုလ်ပြုလုပ်၍အမျှဝေခဲ့ပါ၏သာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ။
Type your summary here.Type the rest of your post here.

Wednesday, June 15, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၆)


ဖြစ်၏ မြန်မာကတော့ မှန်ကင်းတလှည့် ထင်းတလှည့်ဟုဆိုထား၏ မြန်မာက သစ်သားဖြင့် ထုထွင်းထားတော့ ပျက်စီး လျှင် ထင်းတော့သုံးလို့ရသည်ဟု ဆိုထားခြင်းဖြစ်၏ ဒီမှာက ကျောက်တုံးဖြင့် ထုဆစ်ထားတာဆိုတော့ ကျောက်ပန်းတ
လှည့် ကျောက်ပုံတလှည့်သာ ဖြစ်နိုင်၏။
ကျောက်ထွင်းပန်ချီကားတွေကတော့ ဘုရားနံရံမှာကော ၀ရန်တာနံရံမှာ တဆက်တစပ်တည်း ဖူးမ၀ ရှုမ၀ ကြည့်မ၀ အောင် တွေ့မြင်ရမည်ဖြစ်၏ နှစ်ပေါင်း (၇၀) ကျော် တည်ဆောက်ရတယ်ဆိုတာ ဖြစ်နိုင်၏ ကျောက်တုံးတွေသာ တခုစီ ထပ်ထပ်ပြီး ပညာမပါ သာမန်တည်ဆောက်ထားမယ်ဆိုလျှင် ဒီလောက်နှစ်ပေါင်းမကြာနိုင်သလို စိတ်ဝင်စားဖွယ်လည်း ကောင်းမည်မဟုတ်ပါ ယ္ခု တော့ ကျောက်တုံး(၁၀) တုံးလောက်ကို ရုပ်တု ကျောင်းဆောင် သစ်ပင် လူပုံတွေကိုဆက်စပ် အောင်ထုဆစ်ပြီး ပြန်လည်တပ်ဆင်ရတာဆိုတော့ နှစ်ပါင်းများစွာ ကြာနိုင်ပါ၏။
ဗောရောဗုဓော တတိယ ပစ္စယံလေ့လာအပြီး တပတ်ပြည့်သောအခါ စတုတ္ထပစ္စယံသို့ တက်ခဲ့ပါ၏ စတုတ္ထ ပစ္စယံ၏
ဘုရားနံရံမှာ ကျောက်ထွင်းပန်ချီကား လူရုပ်ပုံတွေကို နှစ်ဆင့်စီထားတာ တွေ့မြင်ရ၏ ၀ရန်တာနံရံမှာတော့ တဆင့်သာ တွေ့ရ၏ ၀ရန်တာလက်ရန်းပေါ်မှာ စေတီ ကျောင်းဆောင် ရုပ်ပွားတော်တွေ ရှေးကအတိုင်း ဖူးမြင်ရမည်ဖြစ်၏။
စေတီတော်၏ စတုတ္ထ ပစ္စယံမှလည်း စေတီတော်၏ ခြေတော်ရင်း အောက်ခြေကိုမမြင်ရပေ ၁၁,၆၀၀ ကုဗမီတာရှိ သော ကျောက်တုံးများက ဖုံးအုပ်ထားသည်ဟုဆို၏ ၄င်း အပြင် Karmawibangga (ကာမ၀ိဘာဂ) မှ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓ၀င် ဇာတ်လမ်းများကို ဖေါ်ပြသော ၁၆၀-အရေအတွက်ရှိသော ကျောက်ထွင်း ရုပ်လုံးရုပ်ကြွများကလည်း ဖုံးလွှမ်းထားသည် ဟုဆို၏ တောင်ဘက်ပိုင်းတွင် ခြေတော်ရင်းတပိုင်းတစကို ထင်ထင်ရှားရှား ဖေါ်ပြထား၏ ထိုကဲ့သို့ စေတီတော်၏ ခြေ တော်ရင်းကို မမြင်ရအောင် ဖုံးကွယ်ထားခြင်း၏ ရည်ရွယ်ချက်ကိုမူ ယနေ့တိုင် ပဟေဠိ ဖြစ်လျှက်ရှိပါ၏။
ဗောရောဗုဓော တည်ဆောက်ပုံသည် ထောင့်တိုင်းတွင် ထောင့်ကျဉ်းတခုစီဖြင့် စတုဂံ ပုံသဏ္ဌာန် တည်ဆောက် ထားခြင်းဖြစ်၏ ပဉ္စမ ပစ္စယံ ၀ရန်တာအထိ စတုဂံ ပုံစံဖြစ်၏ ပဉ္စမ ပစ္စယံစ၍ စေတီတော်၏ အပေါ်ပိုင်းကို စက်ဝိုင်း ပုံသဏ္ဌာန် ကျောက်ထီးဖြင့် တံဆာဆင်ထားသော ခေါင်းလောင်းပုံ စေတီငယ်များဖြင့် ပတ်ပတ်လည် ၀ိုင်းရံထားသော ပစ္စယံ အဆင့်သုံးဆင့်ရှိ၏ ။
စေတီတော်၏ ဆဋ္ဌမအဆင့် အ၀ိုင်းပုံသဏ္ဌာန်၏ ပထမအဆင့်တွင် ခေါင်းလောင်းပုံ အရံစေတီငယ်များ အစဉ် အတိုင်း (၃၂) ဆူရှိ၏။ စေတီတော်၏ သတ္တမအဆင့် အ၀ိုင်းပုံသဏ္ဌာန်၏ ဒုတိယဆင့်တွင် ခေါင်းလောင်းပုံ အရံစေတီ ငယ်များ အစဉ် အတိုင်း(၂၄)ဆူရှိ၏ စေတီတော်၏ အဋ္ဌမအဆင့် အ၀ိုင်းပုံသဏ္ဌာန်၏ တတိယအဆင့်တွင် ခေါင်းလောင်း
ပုံ အရံစေတီငယ်၊(၁၆)ဆူ၊ရှိ၍ စုစုပေါင်းခေါင်းလောင်းပုံ အရံစေတီငယ်(၇၂)ဆူရှိပါ၏၊၊
ထိုအရံစေတီလေးများမှာ အုပ်ဆောင်းပုံစံကဲ့သို့ နံရံတွင် အပေါက်ငယ်လေးများပါရှိ၏၊ ထိုဘုရား၏ ထူးခြားချက်များ
တွင် ဤအရံစေတီငယ်များကို ကျောက်တုံးတွေကို လေးထောင့်ကွက်ပေါ်အောင်ထုဆစ်ပြီး အဆင့်ဆင့် ထပ်တင်ထား၏ စတုဂံအကွက်ကို ဒေါင်လိုက်ထောင်ထားသော ပုံစံဖြင့် ဘုရားငယ် လှိုဏ်အတွင်း တိုက်ရိုက်မြင်ရအောင် ထုဆစ်ထား တာလည်း ပညာသားပါလှ၏။
စေတီတော်ရှိရာ သုံးဆင့်တွင် အောက်နှစ်ဆင့်သည် ပုံစံတူ လေးထောင့်ကွက်ကို ဒေါင်လိုက်ထောင်ထားသော စိန် ပုံစံဖြစ်သော်လည်း အပေါ်ဆုံးအဆင့် စေတီငယ်များမှာ လေးဒေါင့်ကွက်ကို လေးဒေါင့်ကွက်အတိုင်း ထားတာတွေ့ရ၏ အောက်စေတီတွေနဲ့ မတူ ထူးအောင်လုပ်ထားသလား ဘာအဓိပ္ပါယ်နဲ့ လုပ်ထားသလဲ သေချာစွာမသိပါ ထူးအောင်လုပ် ထားတာတော့ သေချာ၏ စေတီငယ်လှိုဏ်ထဲတွင် တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု တဆူစီရှိပါ၏၊၊ အောက်လေးဆင့်မှ ဆင်းတုတော်(၄၃၂)ဆူနှင့် ဤအဆင့်မှ ဆင်းတုတော် (၇၂) ဆူနှင့် ပေါင်းလျင် ဆင်းတုတော်ပေါင်း (၅၀၄) ဆူဖြစ်၏၊ ဆင်းတုတော်အားလုံး လူတကိုယ်စာမျှ ကြီးပါ၏၊၊
စေတီတော်ကြီး၏ အထက်ဆုံးအဆင့်တွင် အလယ်ဗဟိုဠ်တည့်တည့်၌ ခေါင်းလောင်းပုံစေတီကြီးတဆူရှိ၏၊ ထိုစေတီ
တော်ကြီးတွင် အရံစေတီများကဲ့သို့ အတွင်းလှိုဏ်ခေါင်းမပါသည်ကို တွေ့ရ၏ ကျောက်သားတွေဖြင့် ညီညာစွာစီထားပြီး

Type your summary here.Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၂-၆-၂၀၁၁







မလေးရှားပူချုန်းတမန်မက်နေသားငယ်မောင်ထက်အောင်လင်း၏(၇)လပြည့်မွေးနေ့အလှူ
မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.

Tuesday, June 14, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၅)


တစား ကြည့်မိတာတော့ အမှန်ပင်ဖြစ်ပါ၏။
ပစ္စယံလမ်းသည် ၆-ပေခန့် ကြယ်မည်ထင် ၏ ၀ရန်တာသည် ၇-ပေခန့်မြင့်မည်ထင်၏ ထုထယ်ကြီးမား၏ ထိုဝရံတာ
ပေါ်တွင် ကျောင်းဆောင်နှင့်ရုပ်ပွားတော်များကို ရှုမငြီးအောင် ဖူးမျှော်ရမည်ဖြစ်၏ အတွင်းအပြင် နံရံများ၌ သိဒ္ဓတ္ထ မင်း သား ဘုရားမဖြစ်မီ ကာလများ၌ ပုံသဏ္ဍာန်မျိုးစုံဖြင့် ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရသည့် ပုံစံမျိုးစုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏ တိရစ္ဆာန် ဘ၀များစွာ ဖြတ်သန်းခဲ့ရပုံ ဘ၀ဇာတ်စုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏။
ဗောရောဗုဓောဘုရား၏ ၀ရန်တာ လက်ရန်းပေါ်တွင် ဇာတက မှ လူသိများသော ဇာတ်တော်များကို ကျောက်ထွင်း
ရုပ်လုံးရုပ်ကြွများဖြင့် သရုပ်ဖေါ်ထား၏ ပင်လယ်လိပ်ကြီးက ရေမြုပ်နေသော သင်္ဘောကို ကယ်တင်ပုံ မိခင်မျောက်မကြီး
မှ သူ၏ရင်သွေးကို ကယ်တင်ပုံ တောဆင်ကြီးမှ လမ်းပြောက်နေသော စစ်သားအားပြုစုပုံ ကျောက်ထွင်းပန်ချီကားများ ကိုလည်း တွေ့မြင်ရမည်ဖြစ်၏
နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်နှင့်စေတီများကို ပျက်စီးနေသောပုံနှင့် မပျက်မစီး ပကတိအတိုင်း တည်ရှိနေသော ပုံများကို လည်း တွေ့မြင်ရမည်ဖြစ်၏ Dhyani Buddha (ဒါယနိ(သို့) ဈာနီ ဗုဒ္ဓ) ပါဝင်သော နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်ပုံ ထိုဗုဒ္ဓနှင့် ပုံစံတူ ၂၇၆-ဆူသော ဗုဒ္ဓပုံတော် ကျောက်ထွင်း ပန်ချီကားတို့ကို အောက်ခြေတွင် အတန်း သုံးတန်းဖြင့် ပြုလုပ်ထား ပုံကိုလည်း ဖူးမြင်ရမည်ဖြစ်၏။
ဗောရောဗုဓော၏ ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုလျှင် ဒုတိယ ပစ္စယံရေထွက်ပေါက်ကို ထောင့်ချိုးတိုင်းတွင် တွေ့ မြင်ရမည်ဖြစ်၏ ရှေးမှာတင်ပြခဲ့သလို မကရ်းရုပ်နှင့်မဟုတ်တော့ပါ ဘီလူးမျက်နှာပုံကိုခေါင်းပေါ်တွင် ကနုပ်ပန်း အချွန်အ တက်တွေ လက်ရာမြောက်စွာ ထုဆစ် တင်ထားသည့်ပုံနှင့် ပါးစပ်ပေါက် ဟလျှက် ရေထွက်ပေါက် လုပ်ထားခြင်းဖြစ်၏
သူတို့အခေါ်က Jaladwara (ဇလဒွါရ) ရေတခါးပေါက်ဟုဆို၏ ထောင့်ချိုးတိုင်းတွင် အချိုးအကွေ့ ပြေပြစ်၍ ကြည့်ရှုဖွယ်
ကောင်းအောင် အဆင်းတန်ဆာအခုအဖြစ် တပ်ဆင်ထားတာကို မှတ်သားဖွယ်အဖြစ် တွေ့မြင်ရမည်ဖြစ်၏။
ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုပြီးနောက် ဒုတိယ ပစ္စယံသို့တက်ခဲ့၏ ဒုတိယ ပစ္စယံသည် ပထမပစ္စယံလို ကျောက် ထွင်းပန်ချီကား နှစ်ဆင့်ထပ်ထားခြင်းမရှိပါ တဆင့်တည်း တခုတည်းဖြင့် ခပ်ကြီးကြီး ထုဆစ်ထားတာတွေ့ရ၏ ၀ရန်တာ လက်ရန်းပေါ်မှာတော့ ရုပ်ပွားတော်တွေ စေတီကျောင်းဆောင်တွေသည် ပထမ ပစ္စယံအတိုင်းပင် ရှုမငြီးအောင် ဖူးမြင်ရ မည်ဖြစ်၏ (၅၅၀)ဇာတ် တော် ရုပ်ပုံများ၊ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ၊ ဘုရားဖြစ်ပြီးပုံများကို ရုပ်လုံးကား အဖြစ်ဖြင့် ထွင်းထုထား သည်ကို တွေ့မြင်နိုင်ပါ၏၊၊
ဗောရောဗုဓောသည် ထူခြားအံ့သြမှုများ လျှို့ဝှက်ချက်များဖြင့် လွှမ်းခြုံထားဆဲဖြစ်၏ တိုင်းပြည်၏ အလယ်ဗဟိုတွင် တည်ထားခဲ့သော ဗောရောဗုဓောကို တိုင်းပြည်အုပ်ချုပ်သူတွေ တိုင်းသူပြည်သားတွေ မရှာဖွေခဲ့သလို ၇-ရာစု ၈-ရာစု၌ တည်ထားခဲ့သော ဗောရောဗုဓော၏ အံ့သြဖွယ်အကြောင်းများကိုလည်းကောင်း စည်းစိမ်ဥစ္စာကိုစွန့်ခြင်း ခြေလက်မျက်စိ စသော အင်္ဂါကြီးငယ်ကိုစွန့်ခြင်း သားသမီးကိုစွန်းခြင်း ဇနီးမယားကိုစွန့်ခြင်း အသက်ကိုစွန့်ခြင်း ဤစွန့်ခြင်းငါးပါးနှင့် ပြည့် စုံသော မြတ်ဗုဒ္ဓ၏ အကြောင်းအရာများကိုလည်း စိတ်မ၀င်စားခဲ့ကြပါ တန်ဘိုးထားရမှန်းလည်း မသိကြပါ။
ယခုအခါမှာတော့ ဗောရောဗုဓောကို ယူနက်စကိုက ထိမ်းသိမ်းပြုပြင်ပြီး ကမ္ဘာသိအောင် မီဒီယာကတဆင့် ဖြန့်ဖြူးထား သောကြာင့် တကမ္ဘာလုံး ဗောရောဗုဓောကို စိတ်ဝင်စားလာလေပြီ မသိခြင်ယောင်ဆောင်သူတွေလည်း မသိချင်လို့ မရ တော့ပါ သတိထားလာရပါပြီ စိတ်မ၀င်စားသူတွေလည်း စိတ်မ၀င်စားလို့ မရတော့ပါ စိတ်ဝင်စားလာရပါပြီ အမှောင်ဖုံး
လွမ်းနေသော ဗောရောဗုဓောသည် ယ္ခု အခါ ပြန်လည် ထွန်းလင်း တောက်ပ ထွက်ပေါ်လာပြီဖြစ်ပါ၏။
ဗောရောဗုဓော ဒုတိယ ပစ္စယံ လေ့လာအပြီး တပတ်ပြည့်သောအခါ တတိယ ပစ္စယံသို့ တက်လာခဲ့ပြန်၏ တတိယ ပစ္စယံလည်း ဒုတိယ ပစ္စယံလိုပင် ကျောက်ထွင်းပန်ချီကား နှစ်ဆင့်မရှိ တဆင့်တည်း ကျောက်တုံးများ တခုနှင့်တခုစပ်၍
ပုံစံဖေါ်ထုဆစ်ထားခြင်းဖြစ်၏ ၀ရန်တာလက်ရန်း ပေါ်မှာလည်း စေတီတွေ ကျောင်းဆောင် ရုပ်ပွားတော်တွေကို ပကတိ အတိုင်းတွေ့ရတာရှိသလို လောက၏ မမြဲသည့်သဘာဝကြောင့် ပျက်စီးတာတွေကိုလည်း ကြေကွဲဖွယ် တွေ့မြင်ရမည်
Type your summary here.Type the rest of your post here.