အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, September 25, 2013

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၅-၉-၂၀၁၃






မလေးရှား-ပူချုန်းဂျာယာ-ကိုနိုင်ဦးဆောင်သောရွှေမြန်မာများ၏သဒ္ဓါဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

Tuesday, September 24, 2013

ကြုံရ-ဆုံရ-မလေးရှားဘုန်းဘုန်းဘ၀(၂၁)



       ရွှေဝါရောင် မတိုင်ခင်ကလည်း ဘုန်းကြီးထံသို့ မြန်မာဆိုင်တဆိုင်မှ ဖုံးဆက်လာ၏ ဘုန်းဘုန်းကိုပင့်ချင်လို့ ဒကာလေး နှစ်ယောက် ရောက်နေတယ် ကျောင်းကိုလွှတ်လိုက်မယ်ဘုရားဟု လျှောက်ထားကာ ဖုံးချသွား၏ ဘုန်းကြီးစိတ်ထဲမှာတော့ ဘုန်းကြီးပင့်မယ်ဆိုတာ ဆွမ်းစားပင့်မယ်ဟုသာထင်မိ၏ မလေးရှားတွင် ဆွမ်းစားပင့်တာသာကြုံဘူး၏ တခြားကိစ္စတွေ မကြုံ ဘူးတော့ ဆွမ်းစားပင့်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်၏။
       ညနေချမ်းအချိန်မှာ ဒကာလေးတွေ ကျောင်းရောက်လာတော့ ဘုန်းကြီးကို ၀တ်ချပြီး တပည့်တော်တို့ ဆရာတော်ကိုပင့်
ခြင်လို့ပါဘုရားဟု လျှောက်ထား၏ ဘုန်းကြီးလည်း ဆွမ်းစားပင့်မည်အထင်နှင့် ဘယ်ရက်ပင့်မှာလည်းဟု ဆွမ်းပင့်စာရင်း စာ
အုပ်ကိုလှန်ကာ အရင်ပင့်ထားသော ရက်တွေကို  ကြည့်နေမိ၏ အခုပင့်ချင်တာဘုရားလို့ လျှောက်မှ ဘုန်းကြီးလည်း သူတို့ကို သေသေချာချာ ကြည့်မိတော့၏။
       ဘုန်းကြီးတွေ ညနေစာ မစားရဘူးဆိုတာ ဒကာတို့မသိဘူးလားဟု မေးတော့ တပည့်တော်တို့က ဆွမ်းကပ်ပင့်မှာ မဟုတ်
ဘူးဘုရား အစည်းအဝေး ပင့်ခြင်လို့ပါဘုရားဟု လျှောက်တော့မှ ဘုန်းကြီးလည်း မိမိမှားနေကြောင်း သတိထားမိတော့၏ ဒကာ တို့က ဘာအစည်းအဝေးရှိလို့လည်းဟု မေးတော့မှ ပြည်ပရောက်အစိုးရအဖွဲ့မှ ၀န်ကြီးတချို့ မလေးရှားရောက်နေပါတယ်ဘုရား ဒီနေ့ညနေ အစည်းအဝေးရှိလို့ ဆရာတော်ကို လာပင့်တာဘုရားဟု လျှောက်ထားလေ၏။
      မင်းတို့အစည်းအဝေးက နိုင်ငံရေးအစည်းအဝေးဘဲ ဘုန်းကြီးတွေနဲ့ ဘာပတ်သက်လို့လည်း မေးတော့ ပါစေချင်လို့ပါဘုရား ဟုလျှောက်ပြန်၏ ဘုန်းကြီးအစည်းအဝေးတက်လျှင် ဘုန်းကြီးကို ၀န်ကြီးတနေရာ ပေးမလားလို့မေးလိုက်၏ ဘုန်းကြီးလည်း သူတို့မပေးနိုင်တဲ့ ရာထူးကြီးကြီးကို အရွဲ့တိုက်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်၏ သူတို့တတွေ တယောက်မျက်နှာ တယောက် ကြည့်ကာ ရီနေကြ၏။
      ဘာဖြစ်လို့ရီနေတာလည်း မပေးနိုင်ဘူးလားဟု ထပ်မေးတော့ ဖြစ်မှာမဟုတ်ဘူးဘုရားဟု လျှောက်ထားကြ၏  မြန်မာ ဘုန်းကြီးတပါး အဝေးရောက်အစိုးရအဖွဲ့မှာ ၀န်ကြီးရာထူး ရရှိသွားလျှင်တော့ မြန်မာပြည်တွင်မက ကမ္ဘာမှာတောင် မှတ်တမ်း တင်သွားနိုင်တယ် ဒကာတို့က သဘောမကြလို့လားဟုမေးလိုက်တော့ သဘောမကြလို့မဟုတ်ပါဘုရား မဖြစ်မှာစိုးလို့ ပြောတာ ပါဘုရား အေး ဒကာတို့ မပေးနိုင်မှန်းသိလို့ တမင်သက်သက်တောင်းတာပါ။
       ဒီကိစ္စထားပါတော့ကွာ တကယ်လို့ ဘုန်းကြီးက ဒီအစည်းအဝေးကို တက်ဖြစ်မယ်ဆိုလျှင် အစည်းအဝေးပြီးတဲ့အခါ ဒကာ တို့အစည်းအဝေးကို မလေးရှားဓမ္မရောင်ခြည်ဆရာတော် တက်ရောက်ကြောင်း သတင်းတွေ အင်တာနက်မှာ ပြန့်သွားမှာတော့ သေချာတယ် ဒကာတို့ဝန်ကြီးအဖွဲ့နဲ့ နိုင်ငံရေးသမားတွေ အဖို့တော့ အောင်မြင်မှာ သေချာတယ် ဘုန်းကြီးတို့က မြန်မာ ပတ်စပို့ ကိုင်ထားတာဆိုတော့ မြန်မာပြည်ပြန်ခဲ့သော် သံရုံးထောက်ခံချက်မပါလျှင် လေဆိပ်မှာပင် ပတ်စပို့ အသိမ်းခံရမှာဖြစ်၏။
    အဲဒီလို ဖြစ်လာမဲ့ ပြဿနာတွေကို ဒကာတို့အဖွဲ့က တာဝန်ယူပြီး ဖြေရှင်းပေးနိုင်မလား မေးလိုက်တော့ အဲဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးဘုရားဟု လျှေက်ထားကြ၏ ဒီလိုဆို ဒကာတို့က ဘုန်းကြီးတို့ အေးအေးဆေးဆေး သာသနာပြု နေတာကို မမြင်ခြင်လို့လားမေးတော့ တပည့်တော်တို့ ဒီလိုသဘောနဲ့ လာပင့်တာမဟုတ်ပါဘူးဘုရား ဆရာတော်များ နိုင်ငံရေး စိတ်ဝင်စားမလားလို့ လာပင့်တာပါဘုရားဟု လျှောက်ကြ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၉-၂၀၁၃




မလေးရှားရောက် မြန်မာများ သဒ္ဓါဆွမ်းလှူဒါန်းကြစဉ်။
Type your summary here. Type the rest of your post here.

Monday, September 23, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၀)





      နောက်အဖွဲ့အစည်းတခုကလည်း မလေးရှားဘုန်းကြီးတွေ ဆန္ဒပြပွဲကို ပင့်လို့မရမှန်း သိလာတော့ နောက်တနည်းသုံးပြီး ဖုံး ဆက်လာပြန်၏ ရဟန်းငါးပါးခန့် ရဟန်းခံခြင်လို့ဘုရားဟု လျှေက်ထားလာပြန်၏ ဘုန်းကြီးလည်း ရိုးရိုးသားသား ရဟန်းခံမည် အထင်နှင့်လက္ခံလိုက်၏ ရဟန်းခံမဲ့နေ့ကြတော့ လျှေက်ထားတာက ၅-ပါး-၆-ပါးရောက်လာတော့ ၁၅-ပါးခန့်ဖြစ်နေ၏ ဘုန်းကြီး လည်း အံ့သြသွား၏ ငါ့ကိုလျှောက်ထားတာ ဒီလောက်မများပါဘူး ခုဘာဖြစ်လို့များလာတာလည်းဟု သံသယ၀င်မိ၏။
     ဒုလ္လဘ ၀တ်မည့်ဒကာတွေကို ဘာအတွက်ဝတ်ကြတာလည်းဟု မေးကြည့်သည့်အခါ ဒီမိုကရေစီအတွက် ၀တ်တာပါဟု ပြောလာ၏ ဘာဒီမိုကရေစီအတွက်လည်းဟု ထပ်မေးကြည့်တော့ ဒုလ္လဘ ရဟန်းခံပြီး သံရုံးကို ဆန္ဒသွားပြမလို့ဟု လျှောက် ထားတော့မှ သူတို့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား သိရတော့၏ ခေါင်းဆောင်ပုဂ္ဂိုလ်လာတော့ ဘုန်းကြီးအခန်းထဲခေါ်ပြီးဆွေး
နွေးရတော့၏။
   ဒုလ္လဘ၀တ်ပြီး သံရုံးဆန္ဒသွားပြမလို့ဆိုတာ ဟုတ်ပါသလားလို့မေးတော့ ဟုတ်ပါတယ်ဟုဖြေ၏ တပည့်မကောင်း ဆရာခေါင်း ဆိုတာ ကြားဘူးမှာပေါ့ တပည့်ရဟန်းတွေလုပ်သမျှသည် ဥပဇ္ဈာယ်ဆရာ၏ တာဝန်သာဖြစ်၏ သူတို့ဆန္ဒပြခြင်းသည် ဘုန်းကြီး ဆန္ဒပြတာနဲ့ အတူတူဘဲ ပြဿနာဖြစ်လာလျှင် ဘုန်းကြီးရှင်းရမှာဒကာကြီး သံရုံးဆန္ဒပြမယ်ဆိုလျှင်တော့ တခြားကျောင်းသွား ပြီး ရဟန်းခံပါလို့ ပြောဆိုကာ ပြန်လွှတ်လိုက်ရ၏။
    သူတို့တတွေလည်း တခြားကျောင်းတွင် ရဟန်းခံကာ နောက်တရက်တွင် သံရုံး၌ ဆန္ဒပြပါတော့၏ သတ္တိကတော့ ချီးကျူး
စရာပါ ဒါပေမဲ့ မြန်မာပြည်စစ်အစိုးရက ရွှေဝါရောင်ရဟန်းတော်များကို ဘုန်းကြီးအစစ်မဟုတ်ဘူး ဘုန်းကြီးအတုတွေပါဟု ပြော ဆို စွတ်ဆွဲနေချိန်ဖြစ်နေသောကြောင့် မလေးရှားမြန်မာသံရုံးကလည်း မလေးအစိုးရကို ယ္ခု ဆန္ဒလာပြသော ဘုန်းကြီးတွေ
သည်  ဘုန်းကြီးအစစ် မဟုတ်ပါ ဘုန်းကြီးအတုတွေပါဟု တိုင်ပါတော့၏ မလေးရှားမှာ ဒုလ္လဘ၀တ်ပြီး ဆန္ဒပြတာ စစ်အစိုးရ၏
ပြောစကားကို ထောက်ခံပေးသလို ဖြစ်သွားပါ၏။
    ဘုန်းကြီးအစစ်ဖြစ်ကြောင်း ဥပဇ္ဈယ်ဆရာ၏ ထောက်ခံချက်တွေ ပြရပါတော့၏ ရဟန်းခံပေးလိုက်တဲ့ ဘုန်းကြီးလည်း ဆန္ဒပြ  ပြန်လာတဲ့ ဒုလ္လဘတွေကို ကျောင်းတွင် လက်မခံရဲတော့ပါ ဒုလ္လဘတွေသည် မိမိတို့ ရင်းနှီးရာကျောင်းတွေထံ သွားရောက်ကြ ၏ ဘုန်းကြီးကျောင်းလည်း ၆-ပါးရောက်လာ၏ သံရုံးကလည်း ဒီဒုလ္လဘတွေ ဘယ်ကျောင်းမှာ သတင်းသုံးလဲဆိုတာ စုံစမ်းနေ ကြောင်း သတင်းတွေထွက်နေ၏။
    ကျောင်းရောက်လာသော ဒုလ္လဘတွေကို ဦးဇင်းတို့ ဘာဖြစ်လို့ ဒီလိုဆန္ဒပြရတာလဲ မေးကြည့်တော့ ဒီလိုဆန္ဒပြမှ UN ကပ် လျှောက်လို့ရမှာပြောလို့ ဆန္ဒပြရခြင်းဖြစ်တယ်ဟုပြော၏ စာဖတ်ပရိတ်ရေ သေသေချာချာသာ စဉ်းစားပေတော့ နိုင်ငံရေးလုပ် နေတာလား သူတို့အရေး လုပ်နေတာလားဆိုတာ သိသာထင်ရှားလှ၏ ဘုန်းကြီးလည်း သူတို့ကို လက်မခံရဲတာနဲ့ ကိုယ့်အိမ်မှာ သာ ကိုယ်သတင်းသုံးဖို့ ပြောဆိုပြီး ပြန်လွှတ်လိုက်ရ၏ စိတ်တော့မကောင်းပါ ဘုန်းကြီးနှင့် ရင်းနှီးသော ဒကာတွေဖြစ်သော ကြောင့်ဖြစ်၏။
     ထိုမလေးရှား ဒုလ္လဘရဟန်းတွေ ဆန္ဒပြမှုသတင်းသည် ဟိုးလေးတကျော်ကျော်ဖြစ်သွား၏  သတင်းဋ္ဌာနတွေကလည်း ဟိုသတင်းဋ္ဌာန ကမေး ဒီသတင်းဋ္ဌာနကမေးနဲ့ ရဟန်းခံပေးလိုက်တဲ့ ဥပဇ္ဈာယ်ဘုန်းကြီးလည်း အခက်အခဲတွေနဲ့ များစွာကြုံတွေ့ ရပါတော့၏ မိမိတို့ ဖြစ်လာမဲ့ အကျိုးဆက်ကို သေသေချာချာမသိဘဲ ကိုယ်ဖြစ်ချင်သလို လုပ်လိုက်သည့်အတွက် ရလာတဲ့ အကျိုးကျေးဇူးကတော့ ဘုန်းကြီးတွေ အတုတွေပါဟု အမဲစက်ထင်သွားခြင်းဖြစ်ပါ၏။
     သူတို့အလို မလိုက်သည့်အတွက် ဘုန်းကြီးကို အပြစ်မြင်ကာ တပါတ်တခါ လာပို့နေတဲ့ ဆွမ်းဝတ်ကိုလည်း ဖြတ်လိုက်ပါ တော့၏  ဒါလိုလုပ်လိုက်တာလဲ သဘာဝကြပါ၏ သူတို့လိုဘ မပြည့်တော့ ဒီနည်းနဲ့ဘဲ တုံ့ပြန်ရတာပေါ့လေ ဘုန်းကြီးလည်း လောကသဘာဝကို နားလည်ပါ၏ သူတို့ဆွမ်းမပို့လို့လည်း ဘာမှထိခိုက်နစ်နာမှုမရှိပါ မလေးရှားမှာ ဘုန်းကြီးရှားသည့်အတွက် ဆွမ်းပို့ချင်သူတွေ များသောကြောင့်ဖြစ်ပါ၏ ပထမ တဖွဲ့ကတော့ တစ္စကို ဘုန်းကြီး ဆွမ်းမကပ်ဖို့ လိုက်ပိတ်ပင်၏။
     ဒုတိယအဖွဲ့ကတော့ ကိုယ်တိုင် ဆွမ်းဝတ်ဖျက်လိုက်၏ ရွှေဝါရောင် တော်လှန်ရေးရဲ့ နိုင်ငံခြားရောက်  ဘုန်းကြီးတွေအပေါ် ရိုက်ခတ်မှုတချို့ပါ အတွေ့အကြုံတွေ များလာတော့လည်း ကိုယ်ပိုင်အရည်အခြင်းတွေ ပိုပြီးပြည့်ဝလာတာပေါ့လေ ဒီလိုအရည် အခြင်းမျိုးဆိုတာ လုပ်ယူလို့မရဘူး ဖြစ်ပေါ်လာတဲ့ ပြဿနာအပေါ် ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးမှ ရရှိလာတဲ့ အရည်အခြင်းမျိုး သာဖြစ်၏ ကြာတော့လည်း အရည်ထူကာ တွေ့ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်ရဲလာတဲ့ သတ္တိတွေ ပိုရှိလာပြီဟု ထင်မိပါ၏။
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၁၉-၈-၂၀၁၃




မလေးရှားရောက်မြန်မာများ ၀ါခေါင်လပြည့် သီလယူကြစဉ်။
Type your summary here. Type the rest of your post here.

Sunday, September 22, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၉)





     ဘုန်းကြီး နိုင်ငံရေး စိတ်မ၀င်စားလို့ မဟုတ်ပါ စိတ်ဝင်စားပါ၏ စိတ်ဝင်စားလို့လည်း ရွှေဝါရောင်တော်လှန်ရေးကို စိတ်ကော
ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံနေခြင်းဖြစ်၏ ရွှေဝါရောင် သံဃာတော်များအတွက် အလှူငွေတွေကိုလည်း ကိုယ်တိုင် ဟောပြောကာ လုပ်ဆောင်နေပါ၏ ဘုန်းကြီးစိတ်ထဲတွင် စစ်အစိုးရကိုလည်း လုံးဝမကြိုက်ပါ တိုင်းသူပြည်သားတွေ ဆင်းရဲမွဲ တေပြီး အလုပ်အကိုင်တွေ အစဉ်မပြေသည့်အတွက် နှစ်သက်မှုမရှိပါ။
    နိုင်ငံခြားရောက် အတိုက်အခံ အချို့ကလည်း နိုင်ငံရေးထက် သူတို့အရေးကို ပိုပြီးလုပ်နေတာကို မျက်ဝါးထင်ထင် တွေ့ နေရလို့ သူတို့အဖွဲ့တွေကို နှစ်သက်မှုမရှိပါ ပြည်တွင်းမှာထောင်နခန်းလျှောက်ပြီး ဆန္ဒပြရဲတဲ့သူတွေ စစ်တပ်ကပစ်လျှင် အသေ ခံရဲတဲ့သူတွေ နိုင်ငံအတွက် အနစ်နာခံရဲတဲ့ ပုဂ္ဂိုလ်တွေကိုသာ သဘောကြ နှစ်သက်ပါ၏ မလေးရှားက ဆန္ဒပြဖို့ ပြင်းပြနေတဲ့ သူတွေကို မင်းတို့တကယ် သတ္တိရှိလျှင် တကယ်နိုင်ငံရေး စိတ်ဓါတ်ရှိလျှင် ပြည်တွင်းမှာ ပြန်ပြီး ဆန္ဒပြပါလားလို့ ပြောတဲ့အခါ သူတို့တတွေ နှုတ်ဆိတ်နေကြ၏။
    တကယ်တော့ သူတို့တတွေ နိုင်ငံရေးလုပ်စားသူအချို့သည် နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်အရေးကိုသာ အဓိကထားသော သူတွေက အများစု ဖြစ်၏ အဝေးရောက် မြန်မာလူမျိုးတွေ၏ အမြင်တွင် သူတို့တတွေ နိုင်ငံရေးကို အနစ်နာခံပြီး တကယ်လုပ် နေသူတွေဟု မြင်ယောင်လာအောင် လုပ်ပြနေခြင်းသာဖြစ်၏ နိုင်ငံရေး စိတ်ဝင်စားသူ အနည်းငယ်သာ ပါဝင်တာတွေ့ရ၏ ဘုန်းကြီးမှ တကယ် ဆန္ဒရှိလျှင် ပြည်တွင်းမှာ ဆန္ဒပြန်ပြပါလားလို့ ပြောခြင်းကို တယောက်မှ မလှုပ်ခြင်းဖြစ်၏။
     နိုင်ငံခြား ဆန္ဒပြနေသူ အများစု ၆၀-ရာခိုင်နှုံးခန့်သည် သူတို့ကို မဖမ်းဘူး သေနတ်နဲ့ မပစ်ဘူး ဆိုတာ သိနေလို့ ဆန္ဒပြနေ ခြင်းဖြစ်၏ ဆန္ဒပြလို့ အဖမ်းခံရလျှင်လည်း သူတို့အတွက် မဟာအခွင့်အရေးကြီးတခု ရရှိမှာဖြစ်၏ ထိုအခွင့်အရေးကတော့ ထောင်ထဲမှနေ၍ UN လျှေက်ရင် မြန်မြန်ရသောကြောင့်ဖြစ်ပါ၏ ထောင်မကျတဲ့သူတွေလည်း ထိုဆန္ဒပြ ဓါတ်ပုံနဲ့ UN လျှောက် နိုင်သော အခွင့်အရေး ရှိသောကြောင့် ဆန္ဒပြနေကြတာ များပါ၏။
   မြန်မာပြည်က ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သူတို့တတွေ ကောင်းကောင်း အသုံးချတတ်တာကိုလည်း
ချီးမွမ်းရပါ၏ သူတို့နိုင်ငံရေး လုပ်စားတတ်တာလည်း သူတို့အရည်အခြင်းနဲ့ သူတို့မို့ ချီးကျူးရပါ၏ ဘုန်းကြီးတို့ကတော့ သူတို့ ၏ အကျင့်စရိုက်တွေကို မကြိုက်ပါ သို့သော်လည်း ကိုယ့်နိုင်ငံသားတွေ တတိယနိုင်ငံတခုကို သွားရမှာမို့ မုဒိတာတော့ ပွားပေး ပါ၏ ဘုန်းကြီးကို မကြည်ညိုလို့လည်း ဘုန်းကြီးစိတ်ထဲ ဘာမှမဖြစ်ပါ လူတွေ၏ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုဆိုတာ လူတိုင်း လူတိုင်း၏ မွေးရာပါ အခွင့်အရေးတရပ်ဟု သဘောပေါက်ထားသောကြောင့် ဖြစ်ပါ၏။  
 


Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၁၉-၈-၂၀၁၃





ဝါခေါင်လပြည့် မလေးရှားရောက် ရွှေမြန်မာများ အာရုံဆွမ်းကပ်လှု၍ သီလယူကြစဉ်။
Type your summary here. Type the rest of your post here.

Saturday, September 21, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၈)




    သူတို့တတွေသည် လွယ်လွယ်နှင့်တော့ လက်မလျှော့ကြောင်း သတိထားစရာတွေဖြစ်လာ၏ ဘုန်းကြီးထံသို့ ဘုန်းကြီးနှင့် ရင်နှီးသောဒကာတွေကို ရွေးချယ်ပြီး တနာရီတခါလောက် ဖုံးဆက်ပြီး စည်းရုံးရေးဆင်းနေပြန်၏ ဘုန်းကြီးလည်း အစဉ်ပြေသ လိုသာ ပြန်ပြောလိုက်ရ၏ ဘုန်းကြီးသတိထားမိသလောက်တော့ တခါတလေ နာရီ ၀က်ခြား တခါတလေ တနာရီခြား ဖုံးဆက် နေ၏ ဒီလိုနဲ့ဘဲ ညပိုင်းရောက်လာ၏ ဘုန်းကြီးအိပ်ချိန်ကျော်သည့်တိုင်အောင် ဖုံးဆက်လာတော့ မင်းတို့ ဒီလောက်တောင် လူမှုရေး နားမလည်ဘူးလားဆိုပြီး ဆူပူကြိမ်းမောင်းလိုက်ပြီး ဖုံးပါပိတ်ထားလိုက်တော့၏။
   ဘုန်းကြီးနေသော နေရာသည် တစ္စကို ကုန်တိုက်၏ အနောက်ဘက်မှာနေသောကြောင့် ဘုန်းကြီးကို ပူချုန်းတစ္စကိုဘုန်းကြီး ဟု ခေါ်ဝေါ်သတ်မှတ်ထားကြ၏ နံက်မိုလင်းလို့ အာရုံဆွမ်းဖုံးပေးပြီးချိန်တွင် ဘုန်းကြီးထံသို့ သတင်းထူးတခုရောက်လာ၏ ည က ဆူပူကြိမ်းမောင်းလိုက်သော နိုင်ငံရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် ဘုန်းကြီးကို သံရုံးဆန္ဒပြဖို့ ခေါ်လို့မရတာနဲ့ တစ္စကို ဘုန်းကြီးကို ဆွမ်းကပ်စရာမလိုဘူးဟု သတင်းတွေဖြန့်ကြ၏။
     သြော်---နိုင်ငံရေးသမားတွေ သူတို့အလိုမလိုက်တာနဲ့ ဘုန်းကြီးဆွမ်းမကပ်ဖို့ လိုက်လံပိတ်ပင်နေကြ၏ နိုင်ငံရေးသမားတွေ စိတ်ဓါတ်ကတော့ ကလေးအဆင့်လောက် ရှိတာသာတွေ့ရ၏ ကလေးတွေလည်း အခြင်းခြင်းမတဲ့ဘူးဆိုလျှင် ပေးထားသည့် အိုးဖုတ် ဂျိုရုပ် ပြန်တောင်းတတ်၏ ယ္ခုလဲ ဒီသဘောအတိုင်းပါဘဲ ဆရာကြီးဒဂုဏ်တာယာက နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူ ကနေ မိတ်ဆွေဖြစ်အောင်လုပ်တာဟု မိန့်ဆိုထားပါ၏ ခုတော့ သူတို့တတွေ မိတ်ဆွေကနေ ရန်သူဖြစ်အောင် လုပ်နေတာ တွေ့ မြင်ရရင် ကွယ်လွန်သူ ဆရာကြီး ဒဂုဏ်တာယာ စကားနဲ့ဆိုလျှင်တော့ အာနာစရာကြီး ဖြစ်မှာသေချာ၏။
      ဘုန်းကြီးလည်း ပုထုဇင်သာဖြစ်သောကြောင့် ဒေါသအလျှောက် အနည်းငယ်တော့ တုံလှုပ်မိပါ၏ မြတ်စွာဘုရားက လော ကဓံ တရား ဂ-ပါးတွင် ချီးမွမ်းခြင်းကိုလည်း မသာယာ ကဲ့ရဲ့ခြင်းကိုလည်း မတုံလှုပ်ဘဲ အလယ်ကောင်တဲ့တဲ့ နေနိုင်မှ လောကဓံ နဲ့ ကြုံတွေ့လာလျှင် ကြံ့ကြံ့ခံနိုင်မှာဟု ဟောထားခဲ့ပါ၏ ချီမွမ်းခြင်းကို မသာယာအောင် ထိမ်းထားနိုင်ပေမဲ့ ကဲ့ရဲ့ခြင်းကိုတော့ မတုံလှုပ်မိအောင် ထိမ်းထားဖို့ မလွယ်ဘူဆိုတာ လက်တွေ့ သိမြင်ရပါ၏။ 
      ရဟန်းတပါးကို ဆွမ်းပိတ်ပင်တဲ့ အကုသိုလ်ကံသည် သူတို့နောင်ဘ၀ ခံစားရမှာဖြစ်၏ မလေးရှားမှာ သူတို့လူတွေဘဲ ရှိနေ သည်ဟု ထင်နေပုံရ၏ တကယ်တော့ သူတို့တတွေသည် နိုင်ငံရေးထက် သူတို့ UN ကပ်ရရှိရေး တတိယနိုင်ငံတခုကို ထွက်ခွါ ရေးအတွက် လုပ်ဆောင်နေသူတွေဆိုတာ မလေးရှားရောက်လူအများစုက သိရှိထားကြ၏ ဘုန်းကြီးကို ကြည်ညိုလေးစားသူ ဒကာ ဒကာမတွေလည်း ဒီသတင်းကြားပြီး အခြင်းခြင်း ပြောကြဆိုကြတာတွေ ဖြစ်လာကုန်၏။
   ဒို့ ဘုန်းကြီး ဒို့ တသက်လုံးကပ်နိုင်တယ် မင်းတို့ မကပ်လို့ ဘာမှ မဖြစ်ဘူးဟု သူတို့ကြားအောင် ပြောဆိုသံတွေကြားရလေ၏ သူတို့တတွေ ဘုန်းကြီးကို ဆွမ်းကပ်ဖို့ ပိတ်ပင်သော်လည်း ကျန်လူအများစုက သူတို့ကို အရွဲ့တိုက်ပြီး ဆွမ်းလာကပ်ကြသည့် အတွက် ဘုန်းကြီးမှာ ဆွမ်းစားတွေ လက်မလည်အောင် ပေါများလာတာတွေ့ရ၏ ထိုနိုင်ငံရေးသမားတွေကိုဘဲ ကျေးဇူးတင်ရ မလိုဖြစ်နေ၏ သူတို့ကြေငြှာပေးလို့ ကရုဏာဆွမ်း ကပ်လှူချင်သူတွေ ပေါများလာခြင်းဖြစ်၏။
 

Type your summary here. Type the rest of your post here.