အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 27, 2014

ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၂-၁၀-၂၀၁၄





ကွယ်လွန်သူ ကိုမိုက်ကယ်(ခ)ကိုကျော်ကျော်နိုင်၏တလပြည့်ဆွမ်းသင်္ကန်းအလှူ ။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၂၁-၁၀-၂၀၁၄




ကွယ်လွန်သူရင်သွေးငယ်များအားရည်စူး၍ မိခင်ဖြစ်သူမှသင်္ကန်းကပ်လှူ ​ကာအမျှဝေစဉ်။
Type your summary here. Type the rest of your post here.

Sunday, October 26, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၁)



 သားဖြစ်သူကတော့ သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော မယ်တော်ကြီး ယုံကြည်သော ဘုရားသခင်ဆိုတာ လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေ၏။ ဒါပေမဲ့ ဘာသားခြားဖြစ်နေတဲ့ အမေ ဖြစ်သူ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ ဘာမှမပြောပဲ နေခဲ့၏။
   ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ကန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းလေး ဖြစ်လာအောင် ပထမဆုံး အားထုတ်ရ၏။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရား ကြီးတွေ၏ ကျေးဇူးနဲ့ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့၏။
    ဗုဒ္ဓဘာသာအကြောင်း ဘာတခုမှ နားမလည်သော ပတ်ဝန်းကျင်တွင် သတင်းသုံးဖို့နေရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါ၏။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် တောင်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်နေကြ၏။                                                            
     သံဃာတော်များ ဆွမ်းခံသည့်သပိတ်ကို ပေါက်ကွဲစေတတ်သော ဗုံးဟုထင်နေကြ၏၊ တချို့ကဘောလုံးဟု ထင်ကြ၏။ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော အခက်အခဲတွေ ကြုံတွေ့ရပါ၏။    ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါ၏။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့၏။                            
   နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲ သားများကတောင် ဆွမ်းလှူဖို့သဒ္ဓါတရားတွေ ဖြစ်လာ ကြပါ၏။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့  ထိုင်း မိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကိုရခဲ့ပါ၏။
   ဘာသာခြားမယ်တော်ကြီးကိုခေါ်ကာ ဆရာတော်နှင့် အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့၏။ ထိုင်းလူ မျိုးတွေ စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့၏။ ထိုင်းလူမျိုးတွေသည် မိမိတို့ကိုးကွယ်သည့် ထေရ ဝါဒပုံစံ စနစ်တကျ သင်္ကန်းရုံထားတဲ့ ဆရာတော်ကိုဖူးမြှော်ရလို့ ယူဂန်ဒါနိုင်ငံမှာ ဘာသာရေး ငတ်မွတ်နေတဲ့ ထိုင်းလူမျိုးတွေ ယူဂန်ဒါလူမျိုးဗုဒ္ဓရဟန်းတော်တပါးကို တွေ့မြင်လိုက်ရတော့ အလွန့်အလွန်ကို ၀မ်းမြောက်ကြ ၏။   
   ဆရာတော်ကိုလည်း ဆွမ်းလောင်းလှူကြ၏  ရိုရိုသေသေလဲ ရှိခိုးကန်တော့ကြ၏။ ဤမြင်ကွင်းတွေကို ဘာ သားခြား မယ်တော်ကြီးတွေ့လိုက်ရတော့တော့ မယ်တော်ကြီးခမျာ အလွန်တရာ အံ့သြခဲ့ရ၏။ ငါ့သားကို အရို အသေပေးပြီး လေးလေးစားစား ဆက်ဆံနေတာ တွေ့ရလို့ မယ်တော်ကြီး စိတ်ထဲတွင် ငါ့သားဝတ်ဆင်ထားတဲ့ ဒီနီညိုရောင် ၀တ်စုံကြီးရဲ့ ရာဇ၀င်ကို သိချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာ၏။
      သားကို တခြားနိုင်ငံသားတွေ ဒီလောက်လေးစားနေတယ်ဆိုလျှင် သားယုံကြည်လက်ခံလာတဲ့ ဗုဒ္ဓဘာသာ ဆိုသည်မှ သာမညတော့ မဖြစ်နိုင်ဟု မယ်တော်ကြီးတွေးတောနေမိ၏။  
     စက်ရုံတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ သိရီလင်္ကာလူမျိုး အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ကလည်း သူတို့ စက်ရုံကို ကြွတော်မူလာသော ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပြန်၏။   
    အဲဒီအချိန်မှာ ဘာသားခြားဖြစ်တဲ့ မယ်တော်ကြီးရဲ့ မျက်နှာသည် သားဖြစ်သူအပေါ် ဂုဏ်ယူတဲ့စိတ်တွေ  လေးစား ကြည်ညိုတဲ့စိတ်တွေ ဖြစ်ပေါ်လာပြန်၏။
 ငါ့သားကို နိုင်ငံခြားသားတွေ လေးလေးစားစား ဆက်ဆံနေတာကို တအံ့တသြတွေ့လိုက်ရတော့ မယ်တော်ကြီး အံ့သြလို့မကုန်နိုင်အောင်ဖြစ်နေ၏။
    မယ်တော်ကြီးရဲ့ စိတ်ခံစားမှုကို အမှတ်တမဲ့ ကြည့်လိုက်တဲ့ သားဖြစ်သူအရှင်သည် မယ်တော်ကြီးရဲ့ သဒ္ဓါ တရားကို မြင်လို့ ဗုဒ္ဓလက်ထက်တော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့မယ်တော်ကြီး ချွတ်ခန်းကို သတိ ရခဲ့၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၂၁-၁၀-၂၀၁၄



မလေးရှားရောက်ရွှေမြန်မာများဓမ္မရောင်ခြည်ကထိန်ရည်မှန်းသင်္ကန်းလှူ ဒါန်းစဉ်။
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂၀-၁၀-၂၀၁၄



မလေးရှားရောက်ရွှေမြန်မာများဓမ္မရောင်ခြည်ကထိန်ရည်မှန်း၍သင်္ကန်းလှူ ဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Thursday, October 23, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၀)



  ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ် Steven က၊ အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူး သဖြင့်၊ သူ့အတွက်သတ်မှာကို လုံးဝမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ၊ သူဟာတစ်ဦးတည်းတရား အားထုတ်နေ၏။ တရားဆွေးနွေးဖေါ် တိုင်ပင်စရာမိတ်ဆွေနဲ့၊ ဘာဝနာနည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ၊ သူ ကြာ ရှည်စွာ မနေနိုင်တော့ပါ။ ပိုမိုပြီးပြည့်စုံတဲ့၊ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေ ယူဂန်ဒါကို၊ နောက်တစ်ကြိမ် စွန့်ခွာခဲ့ရပြန်၏။
   တောင်အမေရိကနှင့် မြောက်အမေရိကမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့၏။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရ၏။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်၏။ TMC စင်တာကပဲ ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြု သွားသော သိဒ္ဓတ္ထဂေါတမ ဘုရားရှင်ရဲ့သားတော်အဖြစ်ကို ရယူခဲ့၏။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်၏။
   ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာ၏။ မြန်မာဆရာ တော် ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါနိုင်ငံမှာ သာသနာပြုဖို့ကို အားပေးတော်မူ၏။
   အမေရိကန်လူမျိုး အချို့ကတော့၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ၊ ရဟန်းတပါးအဖြစ် နေဖို့ စားဖို့ပင် မလွယ်ကူနိုင်ကြောင်း၊ အခက်အခဲရှိနိုင်ကြောင်းကို၊ ၀ိုင်းဝန်းပြောဆို  အကြံပေးကြ၏။
   နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ မြန်မာဆရာတော်ကြီး ဦးပဏ္ဍိတ အကြံပြုသည့်အတိုင်း အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်၏။ အမိ မြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံ တွေကို အလည်အပတ်သွားရောက်ခဲ့ကာ ထေရ၀ါဒသာသနာကို ကောင်းစွာလေ့လာခဲ့၏ ။
   သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်၏။ သူကလည်း အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံး ဖြတ်ကာ။ ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အမိမြေ ကင်ညာနိုင်ငံ အရောက် အခက်အခဲ ပေါင်းစုံနဲ့  ကြုံတွေ့ခဲ့ရ၏။
    ထေရ၀ါဒ ဗုဒ္ဓရဟန်းတော်ကို တခါမှ မမြင်ဘူးတဲ့  ကညာနိုင်ငံသူ နိုင်ငံသားတွေက ကညာနိုင်ငံသား ရဟန်း တော် အရှင်ဗုဒ္ဓရက္ခိတကို အထူးအဆန်း ဖြစ်နေကြ၏။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရ၏။
    အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်နေ၏။ ငါ့းသားနဲ့ တူတဲ့ပုဂ္ဂိုလ်ပါလား ငါ့သားလား  မသိ သားနှင့်တူသူကိုကြည့်ပြီး ဘယ်လိုဖြစ်လာတာလဲ နီညိုရောင် အ၀တ်ကြီးကို လွှမ်းခြုံထားပြီး ဆံကေသာ မရှိ ခေါင်ပြောင်ကြီးနဲ့  သေသေချာချာကြည့်ပြီး  ငါ့သား Steven  လားလို့  ဇဝေဇ၀ါနဲ့ မေးမြန်းခဲ့ရ၏။
  အမေ သား Steven ပါ  အမေ့သားပါဟု နှုတ်ကဖွင့်ဟပြောဆိုမှ မယ်တော်ကြီးသည် သားဖြစ်သူကို ကြည့်ကာ အာရ၀မ်းသာစွာနဲ့ ငါ့သားကို အိမ်အရောက် ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောနေရှာ၏။ သား ဖြစ်သူနှင့် ကွဲကွာနေတာကြာပြီဖြစ်သော မိခင်ကြီးသည် သားဖြစ်သူ အဆန်းတကြယ် ၀တ်စားပြန်လာတာကို ငေးမောကြည့်ရှုပြီး စိတ်ထဲမှာ ဇဝေဇ၀ါတော့ ဖြစ်နေပါ၏။
   စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သော်လည်းဘဲ မတွေ့ရတာကြာပြီဖြစ်သော သားဖြစ်သူကို ပြန်တွေ့လိုက်ရတာ မိခင် ကြီး ၀မ်းနဲဝမ်းသာဖြစ်နေ၏။ သားရယ် အမေကိုပြစ်ထားပြီး ဘယ်တွေလျှောက်သွားလို့ ဘာတွေလုပ်နေတာ လဲဟု သားဖြစ်သူကို ပြောခြင်သော်လည်း နောက်တခါ ပြန်ထွက်သွားမှာဆိုးလို့ မပြောဖြစ်ခဲ့ပါ။ သားကိုသာ ငေးမောကြည့်ရှုပြီး အလွှမ်းဖြေနေရှာ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၉-၁၀-၂၀၁၄







ကွယ်လွန်သူ ဦးဝင်းနိုင်နှင့်ကိုမိုက်ကယ်တို့အားရည်စူး၍ ကျန်ရစ်သူမိသားစုများမှ
နေ့ဆွမ်းနှင့် သင်္ကန်းပရိက္ခရာ လှူ ဖွယ်ဝတ္ထု များ ဆက်ကပ်လှူ ဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Wednesday, October 22, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၉)



  ခရစ်ယန်အများစုရှိသောနိုင်ငံမှ၊ ထိုခရစ်ယန်ဘာသာဝင်မိသားစုထဲတွင်၊ Steven ကို ၁၉၆၆-ခုနှစ်က ဖွားမြင် ခဲ့ပါ၏။ Steven ဟာ၊ လူငယ်ဘ၀က ဘာသာတရားဆိုလို့၊ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်မိခဲ့သူ ဖြစ်၏။ (၁၀) ကျော်(၂၀) ၀န်းကျင် အရွယ်ရောက်မှ၊ အိန္ဒိယနိုင်ငံမှာ၊ ဂေါတမဗုဒ္ဓဆိုတဲ့၊ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဘူးကြောင်းကို၊ နာမည် လောက်သာ ကြားခဲ့ဘူး၏။
   အရွယ်ရောက်လာတဲ့အခါမှာ၊ Steven ဟာ၊အိန္ဒိယနိုင်ငံကို၊ နိုင်ငံခြားပညာသင်သွားခဲ့၏။ အိန္ဒိယမှာ၊ ထိုင်းလူ မျိုး ထေရ၀ါဒ ဗုဒ္ဓရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခွင့်ရခဲ့ပြီး၊ ဗုဒ္ဓဝါဒကို အနည်းငယ်လေ့လာခွင့်ရခဲ့ပါ၏။ ထိုင်းဘုန်း တော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း၊ Steven ဟာ၊ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီးစိတ်ဝင်စားခဲ့၏။
     Steven ဟာ၊ ဗုဒ္ဓဘာသာကို ဆက်ပြီးလေ့လာရန်အတွက်၊ တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို၊ အရောက်သွားကာ၊ ၀ဇိရာယာန ဗုဒ္ဓဘာသာကို လေ့လာခဲ့ပြန်၏။ Steven စိတ်ထဲတွင်၊ထေရ၀ါဒ ဗုဒ္ဓဘာသာကို သာ စိတ်ဝင်စားတာနှင့်၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့၏။
    မိမိယုံကြည်သော၊ ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားရာ၊ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့၏။ လေ့လာရုံနဲ့ မပြီးသေး ဘ၀မှာ စားဝတ်နေရေးကလည်း၊ အရေးကြီးတာမို့၊ စားဝတ်နေရေး ဖြေရှင်းဖို့အတွက်၊ နိုင်ငံခြားသား ခရီးသွား တွေများတဲ့ ဒေသတစ်ခုမှာ၊ ဒိုင်ဗင်ပစ်၊ ရေကူးနည်းပြလုပ်ခဲ့ကာ၊ စားဝတ်နေရေးကို ဖြေရှင်းခဲ့၏။
   Steven ဘဝဟာ၊ အတိုင်းအတာတစ်ခု ပြည့်ပြည့်စုံစုံ နေခဲ့ရပါ၏။ Steven ဟာ၊ လောကီဥစ္စာပြည့်စုံမှုတွေမှာ၊ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့၊ ငြီးငွေ့တဲ့ ၊သံဝေဂဥာဏ်တွေ ဖြစ်ပေါ်နေ၏။ မိမိလုပ်နေတဲ့ အလုပ်ကိုလည်း စိတ်ဝင်စားမှု နည်းလာ၏။ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး၊ မိခင်နိုင်ငံကို ပြန်သွားခဲ့၏။       
   မိသားစုနဲ့ ဆွေမျိုးတွေက၊ Steven ကို၊ ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြ၏။ သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့၊ ဒိုင်ဗင်ပစ်၊ ရေကူး ရာမှာသုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့၊ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရ၏။    
  အခြားလူတွေအတွက်တော့၊ရေကူးစရာပင်လယ်မရှိ၊ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင်မရှိတဲ့ နိုင်ငံကို၊ ဒါတွေ သယ်လာတယ်ဆိုတော့ ထူးဆန်းနေကြ၏။ထိုင်းနိုင်ငံက ပြည့်စုံတဲ့ဘဝကို စွန့်ပစ်ခဲ့တော၊တချို့က မင်းစိတ်မှမှန် သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ပြောင်ကြ၏။
  Steven ကတော့၊ တရားစာအုပ်တွေဖတ်လိုက် လက်တွေ့တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ် လေ့လာလေ့ ကျင့်နေခဲ့၏။ သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ သူနဲ့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားလိုက်ရ၏  Steven တယောက် သံဝေဂ ဖြစ်ကာ အော်---လူ့ဘ၀ဆိုတာ မွေးဖွားပြီး သေဖို့စောင့်နေရသလို ဖြစ်နေတယ်ဆိုတာ ပိုပြီး သဘောပေါက်လာ၏။
  ဆရာတော်လောင်းလျာတွက်လည်း၊သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါ၏။တကယ်လို့များ ထိုင်းနိုင်ငံတွင် ဆက်လက်  နေမည်ဆိုပါက၊ ဆူနာမီ၏ သားကောင်ဘ၀ကို သူရောက်ရှိမှာဖြစ်၏။ ခုတော့ အမိနိုင်ငံကို ပြန်လာတဲ့အတွက် သူ ကံကောင်ခဲ့ပါ၏။  Steven က၊ ငါဟာ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်၊ နတ်ကောင်း နတ် မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးထင်မိလာ၏။
   အချို့သော ဆွေမျိုးတွေက ဆိုရင်၊ စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့၊ ခရစ်ယန်ဘိုင်ဘယ်တစ်မျိုးတည်း ကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြပြန်၏။ သူ့ကို အချို့ကလည်း ဆိတ် ကလေး၊ ကြက်ကလေးတွေ စားဖို့လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြ၏။
 

Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၉-၁၀-၂၀၁၄









မလေးရှား-ဆူးဘန်းတူး-မာဆေးရောက်ရွှေမြန်မာများ၏ ဓမ္မရောင်ခြည်ကထိန်ရည်မှန်း၍
ပထမအကြိမ်မြောက်ကထိန်သင်္ကန်းလှူ ဒါန်းပွဲဆွမ်းကပ်ပွဲတရားနာယူပွဲနှင့်လှူ ဖွယ်များကပ်ကြစဉ်။

Type your summary here. Type the rest of your post here.