Tuesday, November 25, 2014
ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၁၈-၁၁-၂၀၁၄
မလေးရှား-ပူချုန်း-၁၂-မိုင် သရဲဝင်းစီးစက်ရုံမှ ၂၃-ရက်တနင်္ဂနွေနေ့တွင် ဆွမ်းကပ်
အမျှဝေသော်လည်း အမျှမရဟုထပ်ဝင်စီးပြီးပြောသောကြောင့် ဒုတိယအကြိမ်
သင်္ကန်းပရိက္ခရာကပ်လှူ ၍အမျှဝေကြစဉ်။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ကထိန်ပွဲတော် ၂-၁၁-၂၀၁၄
ဓမ္မရောင်ခြည်ကထိန်ပွဲတော်တွင် သင်္ကန်းကပ်လှူ ၍ ည-၇-နာရီတရားနာယူစဉ်။
Type your summary here. Type the rest of your post here.
Monday, November 24, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၄၀)
ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက် ထိပ်လန့်စရာပါ
တစ်ခါတုန်းက
ဣသိဒါသီဆိုတဲ့ ထေရီမတစ်ပါးဟာ ဗောဓိထေရီဆိုတဲ့ ထေရီမတစ်ပါးနဲ့အတူ ဂင်္ဂါမြစ်ကမ်း နားက
သဲသောင်ပေါ်မှာ စကားပြောရင်း ထိုင်နေကြပါတယ်။ နှစ်ပါးလုံး အရဟတ္တဖိုလ်ရပြီး
ရဟန္တာမတွေပါ။ စကားပြောနေကြရင်း ဗောဓီထေရီက ဣသိဒါသီကို သတိထားကြည့်လိုက်တော့
အသက်ကလည်းငယ် ရုပ်ရည် ကလည်း အထူးလှပနေတာကို တွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာ
ဒီအရွယ်ဒီရုပ်ရည်နဲ့ ရဟန်းပြုတာ
အကြောင်း တော့ရှိရမယ်လို့တွေးမိလိုက်၏။
ဒါကြောင့်မေးကြည့်တဲ့အခါ...ဣသိဒါသီဟာ သီလနဲ့ပြည့်စုံတဲ့
သူဌေးကြီးတစ်ယောက်ရဲ့ တစ်ဦးတည်း သောသမီးပါ။ အရွယ်ရောက်လာတော့ ပထမတန်းစား သူဌေးသားတစ်ယောက်နဲ့ပေးစားလိုက်၏။
ယောက္ခမ အိမ်ရောက်တဲ့အခါ မိဘလို သဘောထားပြီး ရိုရိုကျိုးကျိုး ဆက်ဆံခဲ့၏။လင်သားကိုလည်း
လိုအပ်တာထက် ပိုဂရုစိုက်ခဲ့၏။
သို့သော်တစ်ပတ်လောက်ကြာတော့ လင်လုပ်သူက
မပေါင်းချင်တော့ဘူး။ မိဘများက ဘာဖြစ်လို့လည်း သားကို ဂရုမစိုက်လို့လား
စသည်ဖြင့်မေးတဲ့အခါ... ဂရုစိုက်ပါတယ်။ မယားဝတ္တရားလည်းကျေပါတယ်။ ဘာ ကြောင့်ရယ်မသိ
သားစိတ်ထဲမှာ မုန်းတဲ့စိတ်တွေဖြစ်နေပါတယ်လို့ဆိုသဖြင့် ဣသိဒါသီကို မိဘတွေဆီ
ပြန်ပို့ လိုက်ရပြန်၏။
အိမ်ပြန်ရောက်တော့ မိဘတွေက ဒုတိယတန်စား သဌေးတစ်ယောက်ရဲ့သားနဲ့ပေးစားပြန်၏။ဒါပေမဲ့ တစ် လလောက်မှာ ဒုတိယလင်က ကွာပစ်သွားပြန်၏။ အိမ်ပြန်ရောက်ပြီးမကြာခင်ပဲ အိမ်ရှေ့ကို ရုပ်ရည်သင့်တင့်တဲ့ သူတောင်းစားတစ်ယောက် လာတောင်းပါတယ်။ သူတောင်းစားကိုမြင်တော့ ဖခင်သူဌေးကြီးက ပစ္စည်းရှိတဲ့ သူဌေးသားတွေက သားပစ္စည်းမာန်နဲ့ ငါ့သမီးကို ကွာပစ်တာ၊ သူတောင်းစားကတော့ ပစ္စည်းကော ရုပ်ကောရှိ တဲ့ ငါ့သမီးကို တစ်သက်လုံးပေါင်းမှာပဲဆိုပြီး သူတောင်းစားနဲ့ပေးစားလိုက်ပြန်၏။
ဒါပေမဲ့ ၁၅ရက်လောက်ကြာလာတော့ သူတောင်းစားက ဆက်မပေါင်းလိုတော့ကြောင်းပြောလာပြန်၏။ ယောက္ခမ လုပ်သူတွေက တားပေမဲ့ ကျွန်တော်ဟာ ကျွန်တော်ပဲတောင်းစားတော့မယ် ဆိုပြီး ထွက်သွား၏။ ဣသိဒါသီ ဟာ ကိုယ့် အဖြစ်ကိုရှက်လွန်းလို့ ဒါ အတိတ်က မကောင်းမှုကံကြောင့်ပဲ ဆိုပြီး ရဟန်းပြုလိုက်ခြင်း ဖြစ်၏။
အိမ်ပြန်ရောက်တော့ မိဘတွေက ဒုတိယတန်စား သဌေးတစ်ယောက်ရဲ့သားနဲ့ပေးစားပြန်၏။ဒါပေမဲ့ တစ် လလောက်မှာ ဒုတိယလင်က ကွာပစ်သွားပြန်၏။ အိမ်ပြန်ရောက်ပြီးမကြာခင်ပဲ အိမ်ရှေ့ကို ရုပ်ရည်သင့်တင့်တဲ့ သူတောင်းစားတစ်ယောက် လာတောင်းပါတယ်။ သူတောင်းစားကိုမြင်တော့ ဖခင်သူဌေးကြီးက ပစ္စည်းရှိတဲ့ သူဌေးသားတွေက သားပစ္စည်းမာန်နဲ့ ငါ့သမီးကို ကွာပစ်တာ၊ သူတောင်းစားကတော့ ပစ္စည်းကော ရုပ်ကောရှိ တဲ့ ငါ့သမီးကို တစ်သက်လုံးပေါင်းမှာပဲဆိုပြီး သူတောင်းစားနဲ့ပေးစားလိုက်ပြန်၏။
ဒါပေမဲ့ ၁၅ရက်လောက်ကြာလာတော့ သူတောင်းစားက ဆက်မပေါင်းလိုတော့ကြောင်းပြောလာပြန်၏။ ယောက္ခမ လုပ်သူတွေက တားပေမဲ့ ကျွန်တော်ဟာ ကျွန်တော်ပဲတောင်းစားတော့မယ် ဆိုပြီး ထွက်သွား၏။ ဣသိဒါသီ ဟာ ကိုယ့် အဖြစ်ကိုရှက်လွန်းလို့ ဒါ အတိတ်က မကောင်းမှုကံကြောင့်ပဲ ဆိုပြီး ရဟန်းပြုလိုက်ခြင်း ဖြစ်၏။
တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ
၇ရက်မြောက်မှာ အရဟတ္တဖိုလ်ရသွားပါ၏။ သူတောင်း စားကတောင် မချစ်နိုင်ဘဲ
စွန့်ပယ်ရလောက်အောင် ဆိုးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံကို ပြန်ဆင်ခြင်ကြည့်လိုက် တော့
အတိတ်ဘ၀ တစ်ခုက ရွှေပန်းထိမ်သည် သားဘ၀မှာ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့တာရယ်. ဘဝ
တစ်ခုမှာတော့ သူဌေးသားရဲ့ မယားငယ်ဘ၀မှာ မယားကြီးနဲ့ လင်သားအကြား ကုန်းချောစကားပြောခဲ့ခြင်းရဲ့
အကျိုးဆက်တွေကြောင့်ဖြစ်၏။
ဣသိဒါသီဟာ...ထိုအကုသိုလ်တစ်ခု၏ အကျိုး ဆက်ကြောင့်
ထိုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်ဆိုတာ ဆင်ခြင် မိသွားပါ၏။ ကာမေသု ကျူးလွန်ခဲ့သမျှ
ပြန်လည်ပေးဆပ်ရမယ်ဆိုတာ ထင်ရှားလှပါ၏။ ထိုကြောက်စရာ ကောင်းသော ကာမေသုကို
လူသားတိုင်း ရှောင်ကြဉ် သင့်လှပါ၏ ရှောင်ကြဉ်နိုင်ကြပါစေ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၁၈-၁၁-၂၀၁၄
မလေးရှား-ပူချုန်း-ဂျိုင်းရင်းရောက် မစိုးစိုး၏မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ကထိန်ပွဲတော် ၂-၁၁-၂၀၁၄
ဓမ္မရောင်ခြည်ကထိန်ပွဲတော်တွင် သင်္ကန်းနှင့်အလှူ ငွေများကပ်လှူ စဉ်။
Type your summary here. Type the rest of your post here.
Sunday, November 23, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၃၉)
ထိုကံရဲ့ဆိုးကျိုးတွေထဲကအများအမုန်းခံရခြင်းဆိုတဲ့ဆိုးကျိုးကိုရလိုက်ခြင်းဖြစ်၏။အဲဒီဘဝကနေစုတိပြန်တော့
မြတ်စွာ ဘုရားရှင်လက် ထက်တော်မှာ ဥဇ္ဇေနီ ပြည်မှာချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး၏တစ်ဦးတည်းသောသမီး
ဖြစ်ရပြန်၏။ အရွယ် ရောက်လာတော့ သာကေတ သူဌေးသားနှင့် လက်ထပ်ထိမ်းမြားရ၏။
ခင်ပွန်းသည်နှင့် ပတ်သတ်သမျှသောမိဘ၊ မောင်နှမ၊
ဆွေမျိုးများပါ မကျန်ရအောင် ပေးတန်သည်ကိုပေး၊ ကျွေးတန်သည်ကိုကျွေးပါသော်လည်း မျက်နှာကောင်းမရခြင်းဆိုတဲ့
ဆိုးကျိုးအပြင်၊ လင်ပစ်ပါခံရပြန်၏။ ထို နည်းဖြင့်ပင် အိမ်ထောင်သုံးဆက်တိုင်တိုင်
လင်ပစ်မ ဘဝနှင့်ဒုက္ခလှလှကြီးရောက်ခဲ့ရခြင်းဆိုတဲ့ ဆိုးကျိုးတွေ ထဲက တစ်ခုဖြစ်တဲ့ ချစ်ရသူနဲ့ကွေကွင်းရခြင်းဆိုတဲ့
ဆိုးကျိုးကို ရရှိခံစားရပြန်၏။
လူချမ်းသာ
ပန်းထိမ်လုလင်ဘဝက ငွေကိုရေလိုသုံးကာ ပျိုသော အိုသော လင်ရှိသောလင်မရှိသော ချော
မောလှပတဲ့ မိန်းကလေးမှန်သမျှနဲ့ ကျူးလွန်ခဲ့တဲ့ကာမေသုမိစ္ဆာစာရကံရဲ့
ဆိုးကျိုးကတော့ ယခုပြောပြထားတဲ့ ဆိုးကျိုးတွေဖြစ်၏။
ဒီကံက အလွန်ပင်လွန်ကျူးဖို့လွယ်ပါ၏။
အဓိကပြောချင်တာက ပိုက်ဆံအင်မတန်ချမ်းသာတဲ့ယောင်္ကျားများ၊ ပိုက်ဆံအင်မတန် ချမ်းသာတဲ့မိန်းမများ
ထိုထိုသို့သောပုဂ္ဂိုလ်များ ကျူးလွန်ဖို့လွယ်သလို၊ ငွေနောက်လိုက် နေ သောယောင်္ကျားများ
မိန်းမများနဲ့ အချောင်စိတ်များတဲ့ ပုဂ္ဂိုလ်များ အထူးသတိပြုဆင်ခြင်သင့်ပါ၏။
ထိုမှကြွင်းသော သူများလည်း
လုံးဝမလွန်ကျူးမိစေဖို့ အထူးတိုက်တွန်းလိုတာပါ။ ယခု ပန်းထိမ်သည် လုလင် လေး ဘဝဆက်တိုင်း
ယုတ်ညံ့ပြီး ဒုက္ခရောက်ခဲ့တာ ကြည့်ခြင်းအားဖြင့်
ထိုကံက အလွန်ပင် ကြောက်စရာ ကောင်းလှတယ်ဆိုတာ အလွန်သေချာပါ၏။
နောက်ဆုံးဘဝမှာထိုလုလင်တစ်ဖြစ်လဲ
သူဋ္ဌေးသမီးလေးက အဆွေခင်ပွန်းကောင်းဖြစ်တဲ့ ဇိနဒတ္တာထေရီမ
နှင့် တွေ့ဆုံပြီး ဘိက္ခုနီမအဖြစ်ခံယူကာ တရားကျင့်လိုက်တာ
ရဟန္တာမဖြစ်သွားတော့မှကာမေသုမိစ္ဆာစာရ ကံရဲ့ ဆိုးကျိုးများ အဆုံးသတ်သွားပါ၏။
ကြောက်စရာအလွန်ကောင်းသော ထိုကာမေသုမိစ္ဆာရကံကို ရှောင်ကြဉ်နိုင်မှ သာလျှင်
ထိုဘေးဆိုးတွေမှ လွတ်မြောက်ပြီး ချမ်းချမ်းသာသာနေရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၆-၁၁-၂၀၁၄
မလေးရှား-ပူချုန်း-၁၂-မိုင်စက်ရုံဝင်းအတွင်း သရဲဝင်စီး၍ ဆွမ်းကပ်အမျှဝေပွဲပြုလုပ်စဉ်။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ကထိန်ပွဲတော် ၂-၁၁-၂၀၁၄
ဓမ္မရောင်ခြည်ကထိန်ပွဲတော် သင်္ကန်းနှင့်အလှူ ငွေများဆက်ကပ်လှူ ဒါန်းစဉ်။
Type your summary here. Type the rest of your post here.
Friday, November 21, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၃၈)
ကာမေသုမိစ္ဆာစာရကံကြောင့်
အမျိုးသားများခံစားရပုံ
ရှေးအခါက ဧရကစ္ဆ ဆိုတဲ့မြို့လေးတစ်မြို့မှာ
ရွှေပန်းထိမ်လုပ်ငန်းလုပ်ပြီး ချမ်းသာ ကြွယ်ဝနေသူ လုလင် တစ်ယောက်ရှိ၏။ ပန်းထိမ်လုလင်လေးက
ပစ္စည်းလည်းကြွယ်ဝ၏၊ အရွယ်ကလည်းကောင်းနေတော့ အပျော် အပါး လိုက်စားလွန်းသူ
တယောက်ဖြစ်နေ၏။
ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊
ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ၊ ရုပ်ရည် ချောမောသော မည့်သည့် မိန်းမမဆို
ထိုလုလင်လေးနှင့် လွတ်ကင်းသောမိန်းမဆိုတာ မရှိသလောက်ပါပဲ။ ထိုထိုသော
မိန်းကလေးများနှင့် ဖောက်လွဲ ဖောက်ပြန် မှားယွင်းတဲ့အကျင့်ကို ကျင့်နေသူဖြစ်၏။
ထိုကဲ့သို့ ကာမဂုဏ်အပျော်အပါးနဲ့
အပျော်ကြီးပျော်ပါးကာ ကောင်းမှုကုသိုလ်ကိုတော့ ဘာကုသိုလ်မှမလုပ် စေတနာမရှိ သဒ္ဓါတရားလည်းမရှိ
တဘ၀စံသမားသက်သက်သာဖြစ်၏။ ထိုဘ၀မှသေလွန်သောအခါ မိမိကျူး လွန်ခဲ့သည့်ကာမေသု မိစ္ဆာစာရအကုသိုလ်ကံကြောင့်
ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တဲ့ငရဲကိုကျရောက်ခြင်းဆိုတဲ့ ဆိုးကျိုးကို ခံစားရပါတော့၏။
ငရဲကနေလွတ်လာ ပြန်တော့လည်း
တစ်ခါတိရိစ္ဆာန်ဘဝ မျောက်ဘဝ ဖြစ်ရပြန်၏။ မျောက်ကလေး(၇) နှစ်သား အရွယ်ရောက်လာတော့
သင်းအုပ်မျောက်ကြီးရဲ့ဂွေးကိုက်ဖြတ်ခြင်းဖြင့် သင်းကွတ်ခြင်းကိုခံရပြန်၏။ မျောက် ဘဝကနေ
သေတော့ တစ်ခါဆိတ်ဘဝရောက်ရပြန်၏။ ထိုဆိတ်ဘ၀မှာလည်း သူတပါးမယားကို ပြစ်မှား မိတဲ့
အကုသိုလ်ကံကြောင့် ဝှေးစေ့ထုတ်ကာ သင်းသတ်ခံရပြန်၏။
ထိုဆိတ်ဘဝကိုလွတ်ပြန်တော့
နွားဘဝကိုရောက်ရပြန်၏ ထိုနွားဘ၀မှာလည်း တစ်နှစ်သားအရွယ်တွင်သင်း ကွတ်ခြင်းကိုခံရပြန်၏။
ပြီးတော့မျက်စေ့လည်းကန်းရပြန်၏။ မျက်စေ့ကန်းပြီး မကျန်းမမာဖြစ်သော်လည်း ထွန် ဆွဲရ လှည်းရုန်းရတဲ့
အလုပ်ကြမ်းများကို မနားမနေလုပ်ရပြန်၏။
ထိုကာမေသုကံကိုလွန်ကျူးမိတဲ့သူများ
ခံစားရတဲ့ဆိုးကျိုးတွေထဲက အပါယ်လေးဘုံသို့ကျရောက်တဲ့ ဆိုးကျိုး တွေဖြစ်၏။ ကာမေသုမိစ္ဆာစာရကံရဲ့
ဆိုးကျိုးတွေဆက်တိုက်ဆိုသလို နလန်မထူနိုင်အောင် ခံနေရခြင်းဖြစ်၏။ ထိုဆိုးကျိုးတွေ မကုန်သေးပါဘူး။
အဲဒီနွားဘဝကနေစုတိပြန်တော့ ကျွန်မတစ်ဦးရဲ့သား ဖြစ်ရပြန်၏။
သားဆိုသော်လည်း ကာမေသုမိစ္ဆာစာရ
ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ယောင်္ကျားမဟုတ် မိန်းမမဟုတ်၊ နပုံးပဏ္ဍုက်သာ ဖြစ်ရပြန်၏။
ယောင်္ကျားစစ်စစ်၊ တည်ကြည်ခန့်ညားတဲ့ယောင်္ကျားမျိုးမဟုတ်ပါဘူး။ ဒါနဲ့ နေလာ လိုက်တာ
အသက်အားဖြင့်သုံးဆယ်လောက်ရောက်တော့ သေဆုံးသွားပြီး အင်မတန်မှဆင်းရဲမွဲတေတဲ့ လှည်း ကူလီကြီးရဲ့သမီးဖြစ်ရပြန်၏။
ထိုလှည်းကူလီကြီးရဲ့သူဋ္ဌေးလှည်းကုန်သည်ကြီးက
ထိုလှည်းကူလီထံမှ သမီးကို အကြွေးနဲ့သိမ်းပိုက်လိုက် ပြန်၏။ ထိုမိန်းကလေး အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့
လှည်းကုန်သည်ကြီးရဲ့သားက ချစ်လှ ပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်၏။ ခင်ပွန်းသည်နှင့်
မယားကြီးစိတ်ကြည်သာကြပါစေဆိုပြီး ဝတ္တရားကျေပွန် အောင် နှိမ့်ချရိုကျိုးသောစိတ်ထားဖြင့်
ဘယ်လိုပင် ပြုစုလုပ်ကျွေးငြားသော်လည်း ချစ်ခင်မှုကိုနည်းနည်းလေးမှ ပင်မရပါ။
အမုန်းသာအဖက်တင်ခဲ့ရပါ၏။
Type your summary here. Type the rest of your post here.
Subscribe to:
Posts (Atom)