Thursday, December 25, 2014
ဓမ္မရောင်ခြည်ဗုဒ္ဓဟူးသတင်းစဉ် ၂၄-၁၂-၂၀၁၄
မလေးရှားတွင်ဆေးထိုးမှား၍ပိုလီယိုရောဂါခံစားနေရသောသမီးငယ်လေးအတွက်
ကျန်းမာစေရန်ပရိတ်တရားနာယူ၍ကုသိုလ်ကောင်းမှုပြုကြစဉ်။
Type your summary here. Type the rest of your post here.
Tuesday, December 23, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၅၉)
ကထိန်ပွဲကြီးရက်ကိုလည်း မသွားရောက်ရန်
သူတို့အဖွဲ့ တိုက်တွန်းနှိုးဆော်သော်လည်း သူတို့လူအနည်း ငယ်သာ သူတို့
စည်းရုံးလို့ရပုံရ၏။ ဓမ္မရောင်ခြည်ကထိန်ကတော့ တိုးမပေါက်အောင် စည်ကားမြဲ စည်ကားစဲပါ
သူတို့နဲ့ ပတ်သက်တဲ့ လူတွေလည်း တစေ့တစောင်းလာအကဲခပ်တာတွေ့ရ၏။
တချို့လူတွေ ကျောင်းပေါ်တက်မရလို့
ဧည့်ခံကျွေမွေးတဲ့ ဆိုင်ကနေ လှည့်ပြန်သွားရတာတောင်ရှိပါ၏။ ကထိန်ပွဲကြီး တပွဲကို
ပျက်စီးအောင် ကြံစီတဲ့ပုဂ္ဂိုလ်တွေ သူတို့လုပ်မိတဲ့ အကုသိုလ်ကံဟာ သူတို့ဘဲခံရမှာ သေ
ချာပါ၏။ ဘုန်းကြီးကတော့ စေတနာမပျက်ပါ သူတို့တတွေကို ယ္ခင်အတိုင်းဘဲ သဘောထားကြီးကြီး
ဆက်ဆံ ပေးပါ၏။
သင်ခန်းးစာတော့ ခပ်ကြီးကြီးရလိုက်ပါ၏ နောင်ဘုန်းကြီးကျောင်းတွေတွင်
ချက်ရေးပြုတ်ရေးသမားတွေကို အလှည့်နဲ့ ပေးချက်ခိုင်းတာ အကောင်းဆုံးဖြစ်၏။
စွဲစွဲမြဲမြဲ ချက်ခိုင်းလျှင် တနေ့မဟုတ် တနေ့တော့ ပြဿနာက တနည်းနည်း တဖုံဖုံ
ရှိလာမှာဖြစ်၏။ အလှည့်နဲ့ချက်ခိုင်းခြင်းက ထိုပြဿနာကို ငြိမ်းစေလိမ့်မည်ဟုထင်ပါ၏။
(၂) နှစ်လောက် လူသစ်တွေကို
ချက်ခိုင်းပြီးနောက် ကထိန်ပွဲ ၀ါဆိုပွဲတွေကို နှစ်စဉ်နှစ်တိုင်းအလှူရှင်ဒကာ ပေါ်လာ၏။
ကိုသူရ ဦးဆောင်သော မီးဆိုင်းဆိုင် ပူချုန်း အင်တန်းမှ သူငယ်ချင်းများဖြစ်သည်။ သူတို့အဖွဲ့က
တော့ အိမ်မှာချက်ပြီးမှ ကျောင်းကိုသယ်လာခြင်းဖြစ်၏။ သူတို့အဖွဲ့သည်
အလွန်သဒ္ဓါတရားကောင်းသော အဖွဲ့ ဖြစ်၏။ မုံ့ဟင်္ခါးတွေ အများကြီးပိုချက်ကာ ကထိန်ပွဲ
ဝါဆိုပွဲ လာတဲ့သူတွေကို ပါဆယ်ပါစွဲလို့ရသည် ကြေငြာကာ ထုတ်ပေးနေသောအဖွဲ့ဖြစ်၏။
သူတို့ရဲ့ သဒ္ဓါတရားကတော့ အံ့သြလို့မကုန်နိုင်အောင်ဖြစ်၏။
ဒီလိုပုံစံမျိုးဆိုလျှင် အကုန်အကျတွေ ဘယ် လောက်ရှိသလည်းမေးချင်လာ၏။ ဒကာသူရဦးဆောင်သောအဖွဲ့ ကျောင်းကို
မုံ့ဟင်္ခါးအိုးတွေလာပို့မှ ဒကာတို့ ချက်တာပြုတ်တာတွေ အများကြီးဆိုတော့ အကုန်အကျတွေ
အရမ်းများမှာဘဲနော် ဘယ်လောက်ကုန်ကျသ
လည်းလို့မေးကြည့်၏။
ဆရာတော် ကထိန်ကျွေးရတဲ့ မုံ့ဟင်္ခါးဘိုးက
သိပ်မကုန်ပါဘူးဘုရား လုပ်အားလာပေးတဲ့ လူတွေ ၀ယ်တိုက်၇ တာ ပိုကုန်တယ်ဘုရားဟု
လျှောက်ထားမှ ဘုန်းကြီးလည် အတော်အံ့သြသွား၏။ ငွေကျေးကိစ္စတွေက သူတို့ အလှူနဲ့
သူတို့ဆိုတော့ ဘုန်းကြီးလည်း ပြောဆိုပိုင်ခွင့်မရှိဘူးဖြစ်နေ၏။
မြန်မာဗုဒ္ဒဘာသာဝင်တွေ အလှူလုပ်လျှင်
ဒီသေရည်ကိစ္စတွေ အမြဲပါပုံရ၏။ သေရည်လေးမတိုက်လျှင် လုပ် အားပေးမဲ့သူတွေ
စိတ်မ၀င်စားကြဟု အလှူရှင်တွေကပြောကြ၏။ မပေးလှူကောင်း ပေးလှူလျှင် အပါယ်ကြစေ တတ်သည့်
အထဲတွင် သေရည်လည်း ပါဝင်နေသောကြောင့် ကုသိုလ်ရမလားလို့ လှူပါတယ် သေရည်လုပ်အား ပေးတွေကြောင့်
အလှူရှင်ပါ အခန့်မသင့်လျှင် ငရဲရောက်မဲ့ကိန်း ဆိုက်နေပါ၏။
တချို့အလှူတွေလည်း အငြိမ့် ဇာတ် ဆိုင်း
စသည်ဖြင့် ထည့်သွင်းကာ လှူကြ၏။ မလှူသင့်သည့် အပါယ်ကျ စေတတ်သည့် အလှူ (၁၀)မျိုးတွင်
အငြိမ့် ဇာတ် ဆိုင်း စသည်တွေပါဝင်သောကြောင့် ပွဲ ဆိုင်း ၀ါသနာပါသော အလှူရှင်တွေ
သတိထားစရာ အချက်ဖြစ်၏။ လှူတတ်လျှင်မြတ်၏။ မလှူတတ်လျှင် ငရဲရောက်စေတတ်၏။
အလှူဆိုပေမဲ့ အမြတ်ရသည့်အလှူဖြစ်မလာဘဲ
အရှုံးပြသောအလှူဖြစ်နေလျှင်။ အလှူရှင်တွေ ငွေကုန် လူ ပင်ပန်း ငရဲ နဲ့လည်း
နီးစပ်နေမယ်ဆိုလျှင် မိမိအလှူကို မိမိသုံးသပ်စဉ်ချင်ဖို့လိုပါ၏။ ဘ၀အတွက် ရှုံးမဲ့အလှူမျိုး
ကို မလှူမိစေဘဲ ဘ၀အတွက် အမြတ်ထွက်မဲ့ အလှူမျိုးကိုသာ ရွေးချယ်လှူသင့်ပါ၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၁-၁၂-၂၀၁၄
မလေးရှားရောက်ရွှေမြန်မာများအာရုံဆွမ်းကပ်လှူ ၍အမျှဝေကြစဉ်။
Type your summary here. Type the rest of your post here.
Monday, December 22, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၅၈)
ဒီတခါတော့ နောက်ဆုံးအနေနဲ့ ဒကာရဲ့
အရက်ဖြတ်ကြောင်း ဂတိစကားကို အလှူခံပေးလိုက်မယ် နောက်တ ခါ ဘယ်လိုနည်းနဲ့ဘဲသောက်သောက်
ဘုန်းကြီးထံမလာပါနဲ့တော့ဟု နောက်ဆုံးစကားပြောဆိုပြီး အရက်ဖြတ် ကြောင်း ဂတိစကားကို
လိုက်ဆိုပေးကာ ပြန်လွှတ်လိုက်၏ ။
မလေးရှားရောက် ရွှေမြန်မာအရက်သမားတွေလည်း
ဘုန်းကြီးတွေကို တနည်းတဖုံတော့ ဒုက္ခပေးတတ်ပါ၏။ ထိုအရက် သမားလည်း စုံစမ်းကြည့်တော့
သောက်မြဲတိုင်း သောက်နေသည်ဟုသာကြားရပါ၏။ ဘုန်းကြီး နောက်ဆုံးအကြိမ်ဟု သတိပေးစကားပြောလိုက်လို့သာ
ကျောင်းဘက်ကို လှည့်မလာခြင်းဖြစ်ဟန်တူ၏။
မလေးရှား ဓမ္မရောင်ခြည်ကျောင်း ကထိန်ပွဲ
ဝါဆိုပွဲတွေကို နှစ်စဉ်နှစ်တိုင်း မလေးရှားရောက် ရွှေမြန်မာတွေ စုပေါင်းပြီး
စည်စည်ကားကား ကျင်းပကြ၏။ ထိုကထိန်ပွဲ ၀ါဆိုပွဲတွင် ပရိတ်သတ် လေးရာကျော်
ငါးရာနီးပါးခန့် လာရောက်ကြတာများ၏။ ထိုပရိတ်သတ်အတွက် မုံ့ဟင်္ခါးကို အချက်ကောင်းသော
ဒကာအဖွဲ့မှ တာဝန်ယူကာ ချက်ပြုတ်ကျွေးမွေးဧည့်ခံ၏။
ထိုမုံ့ဟင်္ခါးချက်အဖွဲ့သည် အချက်ကောင်း၏
လူတိုင်းလဲကြိုက်ကြ၏ သို့သော် ထိုအဖွဲ့တွင် ချို့ယွင်းချက်တွေ လည်းရှိနေ၏။
မုံ့ဟင်္ခါးအချက်ကောင်းသလောက် သေရည်ကိုလည်းကြိုက်ပုံရသောအဖွဲ့ဖြစ်၏။ မုံ့ဟင်္ခါးချက်ရင်း
သေရည်ကိုလည်း မှီဝဲပုံရ၏။ တချို့က ကုသိုလ်လုပ်တဲ့ပွဲကို သေရည်ပါဝင်ပတ်သက်နေတာကို
သဘောမကြပါ။
ဘုန်းကြီးအားလျှောက်ထားကြ၏ ဘုန်းကြီးလည်း
တကြိမ် နှစ်ကြိမ်တော့ မသိချင်ယောင် ဆောင်နေလိုက်၏။ လျှောက် သည့်အကြိမ်အရေအတွက်များလာတော့
ဘုန်းကြီးလည်း စဉ်းစားချင့်ချိန်ရပါတော့၏။ ဒီဒကာတွေ ချက်နေတာလည်း နှစ်ကြာလာပြီ
ပြောရမှာလည်း အားနာစရာဖြစ်၏။ ပရိတ်သတ်ကလည်း နှစ်စဉ်ပြောလာ
တော့ ဘုန်းကြီးလည်း ချက်ရေးပြုတ်ရေးအဖွဲ့ကို
ချိန်းဖို့စီစဉ်ရပါတော့၏။
တခုသောနှစ်တွင် ဘုန်းကြီးသူတို့အဖွဲ့ကို
မချက်ခိုင်းဘဲ အသောက်အစားကင်းသော လူသစ်အဖွဲ့ကိုချက်ခိုင်း ၏။ နှစ်စဉ်
ချက်နေကြလူကို မချက်ခိုင်းတော့ သူတို့အဖွဲ့ ဘုန်းကြီးကိုမကြေနပ်ကြပါ
သူတို့ဘက်ကကြည့်လျှင် လည်း မှန်သင့်သလောက်မှန်ပါ၏။ ဘုန်းကြီးဘက်ကကြည့်လျှင်လည်း
မမှားပါ။
သို့သော်သူတို့အဖွဲ့သည် သူတို့မချက်ရတာနဲ့
ချက်တဲ့လူသစ်အဖွဲ့ကို အကူအညီမပေးရန် သူတို့အဖွဲ့ဝင်တွေ ကို စည်းရုံးထား၏။
ကထိန်ပွဲကိုလည်း မသွားကြရန် တိုက်တွန်းနှိုးဆော်သံတွေကြားနေရ၏။ တချို့ဒကာတွေ ကလည်း
သူတို့ပြောတာတွေကို ဘုန်းကြီးအားလာရောက်လျှောက်ထားကြ၏။
သဘောမကြလို့ ချက်ရေးပြုတ်ရေး
အကူအညီမပေးတာတော့ သူတို့အခွင့်အရေးနဲ့ သူတို့ပြောဆိုပိုင်ခွင့်ရှိပါ ၏။ ဘုံကထိန်ပွဲကြီး
ပျက်စီးရာပျက်စီးကြောင်း ကြံစီတာတော့ သူတို့အတွက် အကုသိုလ်များလှ၏။ ဘုံကထိန် ဆိုတာ
တနှစ်မှာ တကျောင်း၊ တကျောင်းမှာ တကြိမ်သာလှူဒါန်းရတဲ့ ထူးမြတ်တဲ့ကထိန်ပါ၊
ထိုကထိန်ပွဲ ပျက်စီး ရာပျက်စီးကြောင်း ကြံစီတယ်ဆိုတော့ သူတို့အကုသိုလ်ကံသည် သေးမည်မဟုတ်ပါ၊
အဓိကတရားခံကတော့ သေရည်ကြောင့်ဖြစ်ရတဲ့
ပြဿနာပါ၊ ဒီဒကာတွေ သေရည်မသောက်လျှင် ဒီကိစ္စ ဖြစ်လာနိုင် စရာအကြောင်းမရှိပါ။
သူတို့တတွေလည်း သူတို့မလုပ်လျှင် ကထိန်ပွဲပျက်လိမ့်မည်ဟု ထင်နေ သလားမသိပါ ကထိန် အစနေ့ညအထိ
သူတို့တတွေ ကထိန်ပွဲမဖြစ်အောင် စည်းရုံးနေပုံရ၏။
ချက်တဲ့ပြုတ်တဲ့ လူသစ်ဒကာကိုလည်း
အကျိုးအကြောင်းပြောပြထားရ၏။ ကျန်တဲ့ဒကာတွေကိုလည်း ဘုန်း ကြီးဖုံးဆက်ပြီး ခေါ်ပေးရ၏။
သူတို့ရဲ့နှိုးဆော်ချက်ကြောင့် အကူအညီပေးတဲ့လူတွေ အတော်နဲသွား၏ လူသစ်
တွေနဲ့သာ ချက်ပြုတ်ရ၏
ချက်ရေးပြုတ်ရေးတော့ အနည်းငယ်အခက်အခဲရှိသွား၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၉-၁၂-၂၀၁၄
ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်(၅၈)ရပ်ကွက်
သဒ္ဓမ္မာရာမ-မလေးရှား-ဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက်
ကိုရဲထက်+မယဉ်ယဉ်ထွေးတို့မှ မွေးနေ့အတွက် ရည်မှန်းကာ ဆွမ်းခဲဖွယ်နှင့်
အလှူ ငွေ ရင်းဂစ်(၂၀၀)လှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.
Sunday, December 21, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၅၇)
ယ္ခုလည်း လျှောက်ထားစရာရှိတဲ့ ပုဂ္ဂိုလ်တယောက်
ရောက်လာပြန်၏။ ဘုရားဝတ်ပြု ဘုန်းကြီးကိုရှိခိုးပြီးတဲ့ အခါ ဘုန်းကြီးမှ ဒကာတော်
ဘာလျှောက်ထားစရာရှိသလည်းဟု မေးလိုက်၏။
ဒကာ--------ဆရာတော်ကို
တပည့်တော် အရက်လှူချင်လို့ပါဘုရား။
ဆရာတော်--မလုပ်ပါနဲ့ဒကာ
တောင်းပန်ပါတယ်။
ဒကာ--------လက်ခံတော်မူပါဆရာတော်။
ဆရာတော်--မဖြစ်နိုင်လို့ပါဒကာ။
ဒကာ-------တပည့်တော်
တကယ်လှူမှာပါဘုရား။
ဆရာတော်--ဘယ်လိုမှ
မဖြစ်နိုင်လို့ပါဒကာ။
ဒကာ-------ဆရာတော်
တပည့်တော်ကို သနားငဲ့ညှာပြီးအလှူခံတော်မူပါဘုရား။
ဆရာတော်-- ဒကာတော် ဒကာ့ကိုတော့
သနားပါတယ် ဘုန်းကြီးနဲ့ အရက်မအပ်စပ်ပါဘူး။
ဒကာ--------ဆရာတော်
တပည့်တော်လှူမှာက အရက်ပုလင်းလှူမှာပြောတာမဟုတ်ဘူးဘုရား။
ဆရာတော်--ဒကာဘဲ အရက်လှူမယ်
လျှောက်နေတာလေ။
ဒကာ-------တပည့်တော် အရက်ဖြတ်မယ်ဆိုတဲ့
ဂတိစကားလှူမယ်လို့လျှောက်တာပါဘုရား။
ဆရာတော်--ဒကာက ရှင်းရှင်းလင်းလင်းမှ
မလျှောက်တာ ဘုန်းကြီးက အရက်ပုလင်း လှူမယ်ထင်လို့
ငြင်းနေတာ။
ဒီလိုနဲ့ဘဲ သေရည်ဒကာ အရက်ဖြတ်ကြောင်း
ဂတိစကားအလှူကို လက်ခံလိုက်ပြီး ဘုရားရှေ့တွင် သစ္စာဆို ကာ သာဓုသုံးကြိမ်
ခေါ်ဆိုပေးလိုက်၏။ သို့သော် တလလောက် အကြာတွင် ဒီဒကာ ပြန်ရောက်လာပြန်၏။ ဒီတခါ
ဘာလှူအုံး မလို့လည်းဒကာ အရက်ဘဲပြန်လှူမလို့ဘုရား။ အရင်တခါ
လှူပြီးပြီလေ၊မှန်ပါဘုရား တပည့် တော် မေ့ပြီးတော့ ပြန်သောက် လိုက်မိလို့ဘုရား။
ဒါနဲ့ဘဲ ဒုတိယအကြိမ် အရက်ဖြတ်ကြောင်းဂတိစကားကို
အလှူခံလိုက်ရပြန်၏။ သြော် -လှူပြီးတာကို မေ့ပြီး ပြန်သောက် မိလို့တဲ့ အရက်မို့လို့
မေ့ချင်ယောင်ဆောင်ပြီး ပြန်သောက်ပုံရပါတယ်။ ဒီနေရာမှာ အဆိပ်သာဆို ဒီအရက်သမား
မေ့ပြီး ပြန်သောက်စရာအကြာင်းမရှိ။ အဆိပ်ကိုမေ့သောက်လျှင်တော့ ထာဝရမေ့သွားမှာဖြစ်၏။
အရက်သမား အရက်သာမူးတာ ဒီလို မိမိသေမဲ့ကိစ္စမျိုးကတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါ။
နောက် သုံးလလောက်ကြာတော့ ဒီအရက်သမား
ကျောင်းပြန်ရောက်လာပြန်၏။ ဒကာတော် ဘယ်လိုလည်း အရက် မေ့သောက်ပြန်ပြီလား ဒီတခါ
မေ့သောက်တာမဟုတ်ဘူးဘုရား သူငယ်ချင်းတွေ နှိပ်ဆက်လို့ပါဘုရား ဘယ်လိုနှိပ်ဆက်တာလည်း သူတို့ဝိုင်းချုပ်ပြီး
အတင်းတိုက်တာနဲ့ သောက်မိသွားလို့ပါဘုရား။
ဒီတခါလည်း အရက်ဖြတ်ကြောင်း လှူအုံးမလို့လား
ဒီတခါ နောက်ဆုံးလှူမှာပါဘုရား။ ဒကာတော့ မူးသလား မသိဘူး ဘုန်းကြီးတော့ ဒကာ ခဏခဏ
အရက်လာလှူနေတာနဲ့ မူးချင်သလိုတောင်ဖြစ်လာပြီ။
ဘုရားရှေ့မှာ သစ္စာဆိုထားတာကို သစ္စာအဖျက်ခံပြီး ပြန်သောက်ဖြစ်တယ်ဆိုတာ
ဒကာဘုရားကိုလိမ်ရာ ဘုန်းကြီးကိုလိမ် ရာဖြစ်နေ၏။
သစ္စာဂတိကို မစောင့်ထိမ်းနိုင်လျှင် အရင်ထဲက
ဒီအရက်ဖြတ်ကြောင်းကို လှူဖို့မကောင်းဘူး ခုတော့ ဒကာက ဘုရားကိုတော့မေ့တယ်
အရက်ကိုတော့မမေ့ဘူးဖြစ်နေတယ် သစ္စာစကားကို လိုက်ဆိုပေးတဲ့ဘုန်းကြီးကိုတော့
မလေးစားဘူး သူငယ်ချင်းအရက်သမားတွေရဲ့ စကားကိုတော့ လေးစားလိုက်နာသလိုဖြစ်နေတယ်။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၉-၁၂-၂၀၁၄
ရန်ကုန်တိုင်း-ဒဂုန်ဆိပ်ကမ်းမြို့နယ်(၅၈)ရပ်ကွက်
သဒ္ဓမ္မာရာမ-မလေးရှား-ဓမ္မရောင်ခြည်ကျောင်းတည်ဆောက်ရေးအတွက်
ကိုတင်မင်းထွဋ်-ကိုထင်ဇော်ဦဆောင်သောရွှေမြန်မာများမှလစဉ်လှူ ဒါန်းငွေ ရင်းဂစ်(၃၅၀)လှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.
Friday, December 19, 2014
နို့ကြေးဆပ်သူ-အာဂလူ(၅၆)
သေရည်ရောင်းဝယ်ခြင်း၏ အပြစ်ကို
ပြောပြပြီးတဲ့နောက် သေရည်သောက်သူတွေ၏ လက်တွေ့ခံစားရမည့် အကျိုးဆက် တွေကိုလည်း
ရှင်တော်ဗုဒ္ဓက ဟောဖေါ်ညွန်ကြားခဲ့ပါ၏။
ဤသီလကို ကျုးလွန်သောသူများသည်
ဖြစ်လေရာဘ၀တို့၌......
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ် ကျပ်မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှု မလုပ်ဘဲ သေပါက နောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက် ခြင်းစသော ဆိုးကျိုးများကို ခံစားရပါ၏။
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ် ကျပ်မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှု မလုပ်ဘဲ သေပါက နောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက် ခြင်းစသော ဆိုးကျိုးများကို ခံစားရပါ၏။
စောင့်ထိမ်းလိုက်နာသောသူသည် သုဂတိဘုံသို့
ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်း ကျိုးချမ်းသာများကို
ခံစားရပါ၏။
သေရည်နဲ့ ငြိမ့်နေသော မြန်မာတွေကို
သေရည်ရှောင်ကြဉ်ဖို့ တရားဟောရင်တော့ ကျွဲပါးစောင်းတီးသလို ဖြစ်နေမှာ သေချာ၏။
ဘုန်းကြီး မြန်မာပြည်ပြန်တဲ့အချိန်တုံး ဘုန်းကြီးဇာတိရွာကို နှစ်စဉ်ရောက်ခဲ့၏
ဘုန်းကြီး လှူထားတဲ့ ရွှေရတု ရေကန်ကို နံက်စောစော ကန်ဘောင်ပေါ် လမ်းလျှောက်ခဲ့၏။
ထူးထူးခြားခြား ဘာတွေ တွေ့ခဲ့သလဲဆိုတော့ အရက်ပုလင်း ခွန်တွေ ကံဘောင်ဘေးတွင်
များစွာတွေ့ခဲ့ရ၏။
သြော်---ဒို့ရွာလည်း ရောင်းသူ ၀ယ်သူ
သောက်သူတွေနဲ့ အရက်ယဉ်ကျေးမှု ထွန်းကားနေပြီဆိုတာ ဤ အရက်ပုလင်း တွေက သက်သေခံနေပါ၏။ သေရည်သေရက်နှင့်
လောင်းကစားသည် ရွာသူရွာသားတွေ၏ စာရိတ္တကို ဖျက်ဆီးနေခြင်း ဖြစ်၏။ ထိုသေရည်ထွန်းကားလာသောရွာသည်
အစစ အရာရာ နိမ့်ပါးလာမည်မှာ ဧကန်မလွဲပါ။
ရွာမှ အနာဂါတ်လူငယ်တွေ
စာရိတ္တပျက်ပြားလာလျှင် ဤရွာ၏နောင်ရေးသည် ရင်လေးစရာပါ။ သေရည် သေရက် လောင်းကစား
ထွန်းကားလာလျှင် ဤရွာသည် လူလိမ် လူညာ သူခိုး ဓါးပြတွေ ပေါများလာမှာဖြစ်၏။
ဒို့ရွာမှ လူငယ်တွေ ထိုသေရည်နှင့် လောင်းကစားကို မခင်တွယ် မပတ်သက်ဖို့
တိုက်တွန်းပါ၏။
မလေးရှားတွင်လည်း မြန်မာတွေ သေရည်ကို ခင်တွယ်လှ၏။
မြန်မာဆိုင်တွေ သေရည်မရောင်းရလျှင် ဆိုင် ပြုတ်လိမ့်မည်ဟု ပြောနေကြ၏။
သေရည်နှင့်ပတ်သက်ပြီး မလေးရှားတွင် ရေးစရာ ဇာတ်လမ်းတွေက များစွာ ရှိ၏။ တနေ့တော့
ဘုန်းကြီးကျောင်းကို သေရည်အမြဲမှီဝဲနေသော ဒကာတယောက် ဘဲလာတီး၏ ဘုန်းကြီးတံခါး ဖွင့်ကြည့်တော့
သေရည်ဇိုး ဒကာကိုတွေ့ရ၏။ ဘုန်းကြီးကို လက်အုတ်ချီပြီး
လျှောက်ထားစရာရှိလို့ပါဘုရားဟု ပြောတာကြောင့် တံခါးဖွင့်ပေးလိုက်၏။
မလေးရှားတွင် လျှောက်ထားစရာရှိလို့ပါဆိုသည့်
စကားရပ်သည့် အတော်သတိထားရသောစကားရပ် ဖြစ် ၏။ သူတို့ လျှောက်ထားတာက တခါတလေ
လာလိမ်တာလည်းဖြစ်နိုင်၏။ ပိုက်ဆံလာချီးတာလည်း ဖြစ်နိုင်၏။ နိုင်ငံရေးအကြောင်းတွေ
မစားရ ၀မခမ်း နားညီးအောင် လာလျှောက်ထားတာလည်းဖြစ်နိုင်၏။ သာသနာပြု ယောင်ယောင်
ဘိုးတော်ယောင်ယောင် နတ်ယောင်ယောင်တွေလည်း အဓိပ္ပါယ်မရှိလာပြောနေတာလည်း ကြုံဘူး၏။
Type your summary here. Type the rest of your post here.
Subscribe to:
Posts (Atom)

