အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Sunday, October 25, 2015
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၁၆-၁၀-၂၀၁၅
မလေးရှားတွင်မွေးဖွားသောသမီးငယ်လေး၏(၃)နှစ်ပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.
Friday, October 23, 2015
အသုဘနှင့်-ရှုသူ-ပို့သူ(၂၀)
    အသုဘချပြီး သုဿာန်မှ သစ်ရွက်ညွန့်လေး ပန်းခက်လေးဖြင့် ၀ိညာဉ်ကောင်ပြန်ခေါ်သည့် သဘော လည်း တွေ့မြင်ရ၏။ ဤအယူဝါဒတွေကို ကိုယ်တိုင်လုပ်ဆောင်နေခြင်းသည်၊ အတ္တဆိုသည့် အသက် ၀ိညာဉ်ကောင်လေး ရှိသည်ဟု၊ လက်ခံရာရောက်နေ၏။
        မြန်မာဗုဒ္ဓဘာသာသည်၊ ထေရ၀ါဒဗုဒ္ဓဘာသာဟု ကြွေးကျော်နေသော မြန်မာတို့သည်၊ ထေရ၀ါဒဗုဒ္ဓ ဘာသာ၏ လက်ခံထားသော အနတ္ထဒါဒကို တကယ်ဘဲမသိလို့လား၊ သိလျှက်နှင့် မသိချင်ယောင်ဆောင် ပြီး၊ ၀ိညာဉ်ကောင်လေးကို လက်ခံသည့် အတ္တ၀ါဒကို လက်ခံကျင့်သုံးနေတာလားဟု မေးစရာဖြစ်လာ၏။
       တကယ်တော့ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေသာဖြစ်၏၊ အဖေ ဗုဒ္ဓဘာသာ အမေဗုဒ္ဓဘာသာကြောင့်၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာသူက အများစုဖြစ်၏။ မိမိတို့ကိုယ်းကွယ် သော ထေရ၀ါဒဗုဒ္ဓဘာသာ၏ အကြောင်း၊အကျိုးဆက်စပ်မှု အနတ္တ၀ါဒကို သေသေချာချာမသိပါ၊ ရှေးက ပြောခဲ့သည့် ၀ိညာဉ်ကောင်လေး ရှိသည့်အတ္တ၀ါဒကိုသာ၊ မိမိတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟု ထင်နေသူက အများစုဖြစ်နေ၏။ ကိုယ်းကွယ်တော့ အနတ္တ၀ါဒ လက်တွေ့လုပ်နေတာက အတ္တ၀ါဒဖြစ်နေ၏။
       အသုဘကိစ္စတခုပေါ်လာလျှင် ထေရ၀ါဒအနတ္တ၀ါဒအကြောင်းကို သေသေချာချာ နားမလည်တဲ့ ပုဂ္ဂိုလ်တွေက မိမိတွေ့ကြုံဘူးတဲ့ ရှေးအသုဘတွေ၏ အတွေ့အကြုံကို မှတ်ထားပြီး၊ သူတို့လက်ထက်တွင် ထင်ရာလုပ်ပါတော့၏၊ နောင်လာနောင်သားတွေကလည်း ရှေးလူတွေလုပ်တာကို မှတ်ထားပြီး သူတို့ လက်ထက်ကြ ဆက်လုပ်ပြန်၏။
      ရှေးက ယောင်ချာချာ ဘာသာရေးသမားတွေက နားလည်သလိုလိုနဲ့ ထင်ရာလုပ်ပြ၏၊ ဘာမှမသိတဲ့ နှောင်းလူငယ်တွေလည်း လိုက်မှတ်ကာ သူတို့လက်ထက် ထင်ရာလုပ်ပြန်၏။ ဒီလိုနဲ့ဘဲ အမှားသံသရာ ကြီး ရှေကြာလာကာ အမှန်ဟု ထင်နေကြခြင်းဖြစ်၏။
    ထေရ၀ါဒ အနတ္တ၀ါဒသည်၊ အသက်ဝိညာဉ်ကောင်၊ လိပ်ပြာကောင်ဆိုသည့် အတ္တကောင်လေးရှိသည် ဆိုတာကို လက်မခံပါ၊ သတ္တ၀ါတဦးဦးသည် ယခုဘ၀မိမိပြုလုပ်ခဲ့သော ကုသိုလ် အကုသိုလ် အကြောင်း သည်၊ နောင်ဘ၀တွင် အကျိုးဆက်အဖြစ်၊ ဖြစ်ပေါ်လာခြင်းကိုသာ၊ ယုံကြည်သော အနတ္တ၀ါဒဖြစ်၏။
    ကိုယ်းကွယ်တာက အတ္တ၀ိညာဉ်ကောင် လက်မခံသည့် အနတ္တ၀ါဒ၊ လုပ်နေတာက ၀ိညာဉ်ကောင် လေးကို လက်ခံသည့်အတ္တ၀ါဒဖြစ်နေ၏။ မိရိုးဖလာရိုးရာဓလေ့ဟု ပြောဆိုကာ အုန်းသီးခွဲ၊ ရေအိုးခွဲ၊ ထမင်းထုတ်ထဲ့၊ ပိုက်ဆံထည့်သည့်ကိစ္စတွေသည်၊ မြတ်စွားဘုရားတရားတော်နှင့် သုံးသပ်ဆင်ခြင် ကြည့်လျှင်လည်း၊ ဘာမှ ကျေးဇူးများတာ မတွေ့ရပါ။
     ခေတ်အမြင်နှင့် ကြည့်မယ်ဆိုလျှင်လည်း၊ ဒစ်စကာဘာရီထဲလာသည့် လူရိုင်းတွေ လုပ်တာနှင့် အတော်တူနေပါ၏။ တခြားနိုင်ငံသားတွေအမြင်မှာလည်း မြန်မာဗုဒ္ဓဘာသာဆိုသည်မှာ အဆင့်နိမ့်နိမ့် လုပ်ချင်တာလုပ်နေသော ဘာသာဟု၊ အထင်သေးနိုင်၏။ မိမိတို့လုပ်နေသောကိစ္စသည် မိမိတို့လူမျိုး သိက္ခာကျသလို၊ မိမိတို့ ကိုယ်းကွယ်သည့်ဘာသာပါ၊ သိက္ခာချသလို ဖြစ်နေတယ်ဆိုတာကို မိမိတို့ကိုယ် တိုင် သဘောပေါက်ပြီး၊ ပြုပြင်ရန် တိုက်တွန်းပါ၏။
နံ့သာပန်းစသည်ဖြင်ပူဇော်ခြင်း
    ရှေးအခါက မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေ၏၊ ရုပ်အလောင်းကို၊ ပန်းနံ့သာတို့ဖြင့်၊ နောက်ဆုံးပူဇော်တာတွေ ရှိခဲ့ဘူး၏၊ ယခုခေတ်လည်း ဘုန်းကြီးပြန်တွေတွင်လည်း ပန်းနံ့သာတို့ဖြင့်ပူဇော်ကြ၏။ ဘုန်းကြီးပြန်တွေ တွင် နံ့သာထင်းတွေ အပြိုင်လှူဒါန်းပူဇော်တာတွေ့ရ၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁၂-၁၀-၂၀၁၅
မလေးရှား-ပူချုန်းရောက် အလက်ဇန္ဒြား၏(၁)ပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၁-၁၀-၂၀၁၅
မလေးရှားရောက်ဇနီးမောင်နှံ၏၀ါဆိုသင်္ကန်းအလှူ ။ 
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၁-၁၀-၂၀၁၅
မလေးရှား-ရှားအလမ်းရောက် မောင်တည်ကြည်ခန့်၏တလပြည့်မွေးနေ့အလှူ ။
Type your summary here. Type the rest of your post here.
Monday, October 12, 2015
အသုဘနှင့်-ရှုသူ-ပို့သူ(၁၉)
   မြန်မာလူမျိုး အများစုသည် လူသေလျှင် သေသူ၏ပါးစပ်ထဲသို့ ကုတို့ခ ငွေတမတ်ထည့်သည့် အစွဲသည်၊ အတော်လေး စူးစူးနစ်နစ် ၀င်ရောက်နေရာယူထားသော အစွဲတခုဖြစ်၏။ ထိုငွေတမတ်ကို ဘာ့ကြောင့် ထည့်ရသနည်း ဆိုတာကိုတော့ သေသေချာချာမသိကြပါ၊ ရှေးလူတွေထည့်တာတွေလို့ နောက်လူတွေ လိုက်ထဲ့နေကြတာက အများစုဖြစ်မည်ထင်၏။
     မြစ်မရှိသော ရွာတွေ၌ သုဿာန်တွင် အမြဲနေထိုင်ကြသော သုဘရာဇာတွေရှိ၏။ မြို့ထဲ၊ ရွာထဲ၊မှ အသုဘကိစ္စ ပေါ်လာလျှင် ရှေးခေတ်ငွေကျေးက တန်ဖိုးရှိသည့်အတွက်၊ ထိုသူသေအလောင်းကို မြုတ်နှံဖို့ တွင်းတူးခ မြုတ်နှံခအဖြစ် သေသူ၏ပါးစပ်ထဲတွင် ငွေတမတ်ထည့်ပေးလိုက်ရ၏။
     သုဿာန်မှာရှိသော သုဘရာဇာတွေသည် သုဿာန်သို့ အသုဘရောက်လာလျှင် သူတို့လုပ်အားခ၊ ခု ခေတ်ဆိုလျှင် ၀န်ဆောင်ခပေါ့၊ သေသူ၏ ပါစပ်ထဲမှ ငွေတမတ်ကို ထုတ်ယူ၏။ ထိုငွေတမတ်ပါမှသာလျှင် သုဘရာဇာတွေသည် မြေတွင်းတူးပြီး သူသေအလောင်းကို မြေတွင်မြုတ်နှံပေး၏။
      ရှေးခေတ်အလောင်းတလောင်း မြေကျဖို့အတွက် ငွေတမတ်ရှိလျှင် ကိစ္စပြီးသည်ဟု ဆိုရမှာဖြစ်၏။ ခုခေတ်သုဘရာဇာတွေ ကုတို့ခ ငွေတမတ်နှင့်တူသော ၀န်ဆောင်ခတွေ အများကြီးပေးနေရ၏။
    မလေးရှားမှာ မြန်မာတယောက်သေဆုံးပါက အိုဗာစတေးဆိုလျှင် ကတို့ခ-သို့မဟုတ် ၀န်ဆောင်ခသည် ၁၅၀၀-ရင်းဂစ် ၀န်းကျင်လောက်ဆိုလျှင် အလောင်းမြေကျနိုင်၏။ ဈေးချိုသည်ဟု ပြောနိုင်၏၊ ရဲနဲ့ပေါင်းပြီး အစဉ်ပြေအောင် ပို့ဆောင်လိုက်ခြင်းဖြစ်၏၊ ဒီနေ့သေ နောက်တရက် သင်္ဂြိုလ်လို့ရ၏။ အိုဗာစတေးဆိုလျှင် ကတို့ခ ဈေးလဲချို၏၊ အသုဘကို မြန်မြန်ချလို့လည်းရ၏။
    ပါမစ်ရှိတဲ့မြန်မာတယောက် သေဆုံးပြီဆိုလျှင်၊ ကတို့ခ-သို့မဟုတ် အသုဘအေးဂျင့်ခသည်၊ ၃၀၀၀-ရင်းဂစ်ဝန်းကျင်လောက် ကုန်ကြမှုရှိ၏။ ကိုယ်သင်္ဂြိုလ်ချင်တဲ့ရက်လည်း သင်္ဂြိုလ်လို့မရပါ၊ သံရုံးခွင့်ပြုချက်၊ ဆေးရုံခွင့်ပြုချက် မလေးရှား သက်ဆိုင်ရာ၏ ခွင့်ပြုချက်တွေ ပါရှိမှ သင်္ဂြိုလ်ရသည့်အတွက် တခါတလေ အသုဘရက်လည် ဆွမ်းကြွေးပြီးတဲ့အထိ၊ အသုဘ မသင်္ဂြိုလ်ရသေးပါ။
    မလေးရှားမှာ အိုဗာစတေးသေလျှင် သင်္ဂြိုလ်ရတာလွယ်ကူသလောက်၊ ပါမစ်ရှိတဲ့လူသေလျှင် သင်္ဂြိုလ် ရတာ အတော်ခက်ပါ၏။ ကတို့ခ-သို့မဟုတ် အေးဂျင့်ခလည်း အိုဗာစတေးဆိုလျှင် ဈေးချို၍၊ ပါမစ်ရှိတဲ့လူ ဆိုလျှင် ဈေကြီးပါ၏။
       ရှေးခေတ်သုဘရာဇာတွေ တမတ်ရလျှင် ကျေကျေနပ်နပ် သင်္ဂြိုလ်ပေး၏။ ခုခေတ်သုဘရာဇာတွေကို တမတ်ပေးလို့ကတော့ အဆဲခံရမည်သာဖြစ်၏။ ခုခေတ် ကတို့ခသည် ရှေးခေတ်ထက် အစပေါင်းများစွာ ဈေးကြီး၏၊ ခုခေတ်သုဘရာဇာတွေလည်း သူဋ္ဌေးတွေဖြစ်နေ၏။
   မြန်မာပြည် ရန်ကုန်မှာလည်း ရေဝေးသုဿာန်တို့ ထိန်ပင်သုဿာန်တို့မှာလည်း အသုဘထားခ၊သင်္ဂြိုလ် ခတွေလည်း ထောင်သောင်းချီ ပေးရ၏။ ထိုသို့ပေးရခြင်းသည် ရှေးခေတ်အသုဘပါးစပ်ထဲ ပိုက်ဆံတမတ် ထည့်ပေးတာနှင့်အတူတူပင်ဖြစ်၏။
    မြန်မာပြည် ကျေးရွာများတွင် ယာယီသုဘရာဇာတွေရှိ၏၊ အသုဘရှိလျှင် သူတို့ကို ဖိတ်ခေါ်ပြီး၊ မြေတူး မြေမြုတ်ဖို့ အကူအညီတောင်းရ၏။ သူတို့အတွက်လိုအပ်သည့် ကွမ်းဆေးလက်ဖက်အပြင် သူရာကိုလည်း တောင်းသမျှပေးရ၏၊ လိုအပ်သည်ငွေကျေးလည်းပေးရ၏၊ ထိုယာယီသုဘရာဇာတွေကို ကုန်ကြငွေတွေ ပေးရခြင်းသည်လည်း ကတို့ခပင်ဖြစ်ပါ၏။
   မြန်မာလူမျိုးတွေ ကတို့ခတွေ အများကြီးပေးနေရတာကို သေသေချာသဘောမပေါက်ဘဲ၊သူသေကောင် ပါးစပ်ထဲ ပိုက်ဆံတမတ်ထဲ့နေခြင်းဖြစ်၏။ ခုခေတ် ကတို့ခသည်၊ ရှေးခေတ်ကတို့ခထက် အစပေါင်း များစွာ ပေးနေရသည်ဆိုတာ သဘောပေါက်နားလည်ပြီး ကတို့ခပိုက်ဆံ သူသေကောင်ပါးစပ်ထဲ ထဲ့သင့် မထဲ့သင့် ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရမည်ဖြစ်၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်ဝနေသတင်းစဉ် ၁၀-၁၀-၂၀၁၅
ကွယ်လွန်သူသားငယ်ဝသုန်မိုးအားရည်စူး၍မလေးရှားရောက်ဖခင်မှ
သင်္ကန်းပရိက္ခရာကပ်လှူ ၍အမျှဝေစဉ်
Type your summary here. Type the rest of your post here.
Sunday, October 11, 2015
အသုဘနှင့်-ရှုသူ-ပို့သူ(၁၈)
   အရှင်သာရိပုတ္တရာ မထေရ်ကြီးဘက်ကိုကြည့်ပြန်တော့လည်း၊ မထေရ်မြတ်ကြီးကို ရာဇဂြိုလ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရနှင့် ရာဇဂြိုလ်သူဋ္ဌေးကြီးတွေကိုယ်တိုင် ဆည်းကပ်ကိုယ်းကွယ်သော ဘုန်းကံကြီးမားသော မထေရ်ကြီးဖြစ်၏ မထေရ်မြတ်ကြီး၏ ငါးဘ၀မြောက်ကမယ်တော် စားစရာ ၀တ်စရာ နေစရာ မဲ့နေသည် ဆိုလျှင် ပေးကမ်းချင်သည့် ပုဂ္ဂိုလ်တွေ တန်းစီပေါ်လာမှာဖြစ်၏။ မထေရ်မြတ်ကြီးတောင် ဘာမှပြောစရာ မလိုပါ။
   သို့သော် ဘ၀ခြားနေသည့်အတွက် ပေးချင်တိုင်းလဲ ပေးလို့မရ၊ ကျွေးခြင်တိုင်းလဲ ကျွေးလို့မရ၊ဆိုတာကို သဘောပေါက် သိမြင်သည့်အတွက် ၊ မထေရ်မြတ်ကြီးလည်း မယ်တော်အတွက် ကုသိုလ်ပြုလုပ်၍ အမျှ ဝေပေးမယ်လို့ ဂတိစကားပေးလိုက်ခြင်းဖြစ်၏။
     အရှင်သာရိပုတ္တရာ မယ်တော်ကြီးအတွက်၊ ကုသိုလ်လုပ် အမျှဝေပေးဖို့ ဗိမ္ဗိသာရမင်းကြီး စီစဉ်ပေးပုံက လည်း မှတ်သားသင့်၏။ သင့်တော်သည့်အမတ်တယောက်ကို ခေါ်ပြီး ကျောင်းလေးကျောင်း ဆောက်ခိုင်း ၍၊ ကျောင်းတွေ ပြီးသောအခါ၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊တွေ စီစဉ်ပြီး အရှင်သာရိပုတ္တရာမထေရ်ကြီးအား ဦးစွာလှူဒါန်း၏။
     အရှင်သာရိပုတ္တရာမထေရ်မှတဆင့် မြတ်စွာဘုရားနှင့် သံဃာတော်အရှင်မြတ်တွေကို ရေစက်ချလှူ ဒါန်းခြင်းဖြစ်၏။ သေသူကိုရည်စူးလှူဒါန်းခြင်းသည်၊ ကျောင်း၊သင်္ကန်း၊ဆွမ်း၊ဆေး၊ ပစ္စည်းလေးပါး ပါဝင် တာတွေ့ရ၏။ မသေခင်က မိမိတို့ ပေးနိုင် ကျွေးနိုင်၏။ သေခဲ့သော် သေသူထံ ရောက်အောင်လို့ ကျွေး နည်းကား ကုသိုလ်ပြုလုပ်၍အမျှဝေမှသာလျှင် သေသူထံရောက်နိုင်၏။
     အစာအာဟာရတွေ ကျွေမွေးလှူဒါန်းလျှင် အစာအာဟာရတွေ ကောင်းမွန်စွာ စားသုံးရ၏။ အ၀တ် သင်္ကန်းတွေ လှူဒါန်းလျှင်၊ အ၀တ်အထည်တွေ ပြည့်စုံစွာသုံးဆောင်ရ၏၊ နေရာကျောင်းအဆောက်အဦး ကို မိမိတို့ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းလျှင် နေစရာတွေနှင့်ပြည့်စုံနိုင်၏။
     စတုမဓု အစရှိသော ဆေးပစ္စည်းတွေ လှူဒါန်းမယ်ဆိုလျှင်၊ ရောက်ရာဘ၀မှာ ကျန်းမာရေးတွေနှင့် ပြည့်စုံနိုင်၏။ န၀ကမ္မ၀တ္ထုငွေ လှူဒါန်းမယ်ဆိုလျှင်၊ ကျောင်း၊ သင်္ကန်း၊ဆွမ်း၊ ဆေး၊ ပစ္စည်းလေးပါးအတွက် ရည်မှန်းပြီး လှူဒါန်းပါသည်ဘုရားဟု လျှောက်ထားရမည်ဖြစ်၏။
 ကတို့ခ ငွေတမတ်
     ကတို့ခ ဆိုသည့်စကားလုံးပါသောကြောင့် မြစ်တခု၏ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးရမည့် သဘော ပါဝင်နေတာတွေ့ရ၏။ ရှေးခေတ်က မြစ်ကြီးတစင်း၏ ကမ်းပေါ်တွင် ရွာတရွာရှိ၏။ ထိုရွာ၏ တဖက်ကမ်း တွင် တောရိုင်းတိရစ္ဆာန်တွေဖြင့် တောကောင်တွေကျက်စားသော တောတွေ တောင်တွေရှိ၏။
    ထိုရွာမှလူသေလျှင် ရွာဘက်ကမ်းမှ တောကြီးမြိုင်ယံရှိသော ဟိုဘက်ကမ်းသို့ သူသေအလောင်းကို မြေ မြုတ်နှံခြင်းလည်းမရှိ၊ သားရဲတိရစ္ဆာန်တွေ စားဖို့အတွက် သွားထားလိုက်သည့် ဓလေ့တခု ထိုရွာတွင်ရှိ၏။ သေသူကို တိရစ္ဆာန်တွေအတွက် အလှူပေးသည့် သဘောဖြစ်၏။
  ထိုစနစ်သည် တိဗက်ဒေသတွင် ယခုထိ ရှိနေ၏ တိဗက်လူမျိုးတွေ လူသေလျှင် ဘယ်တော့မှ မြေကြီး တွင် မမြုတ်ဘဲ လင်းတတွေ စွန်တွေ စသည်ဖြင့် တိရစ္ဆာန်တွေ အစာအဖြစ် ခုတ်ထစ်ပြီး ကြွေးမွေးတာတွေ ကို သတင်း မီဒီယာတွေတွင်  တွေ့ရှိရပါ၏။  
     ထိုအသုဘကို တဖက်ကမ်းပို့ဆောင်ပေးဖို့ လှေသမားအား ကတို့ခအဖြစ် ငွေတမတ်ပေးရခြင်းဖြစ်၏။ ခုခေတ်အပြောနှင့်ဆိုလျှင် ၀န်ဆောင်ခပေးခြင်းသာဖြစ်၏။ ကတို့ခသည် ထိုရွာမှ စခဲ့သည်ဟု ဆိုရမှာဖြစ်၏ မြစ်မရှိသော ရွာတွေတွင် အသုဘချသောအခါ သုဘရာဇာတွေသည် ရှေးနည်းအတိုင်း ကုတို့ခ နာမည်ဖြင့် သာ  ငွေတမတ်တောင်းတာ တွေ့ရပြန်၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၉-၁၀-၂၀၁၅
မလေးရှားတွင်မင်္ဂလာဆောင်ခဲ့သောဇနီးမောင်နှံသီတင်းကျွတ်အကြို ကတော့ကြစဉ်။
Type your summary here. Type the rest of your post here.