Tuesday, November 10, 2015
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၇-၁၁-၂၀၁၅
ကွယ်လွန်သူဦးအောင်စိန်+ဒေါ်ထွေသီ။နှင့်ဦးဆွေသာတို့အားရည်စူး၍
မလေးရှားရောက်သမီးဖြစ်သူမှကုသိုလ်ပြုလုပ်၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၇-၁၁-၂၀၁၅
မလေးရှားတွင်မြန်မာဘုန်းကြီးအများဆုံးတွေ့မြင်ရသောချန်ပကကထိန်ပွဲ။
Type your summary here. Type the rest of your post here.
Monday, November 9, 2015
ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂-၁၁-၂၀၁၅
ကွယ်လွန်သူကိုမျိုးဝင်း(တက္ကစီ)အားရည်စူး၍ ဇနီးနှင့်မိတ်ဆွေများမှအာရုံဆွမ်းကပ်လှူ၍အမျှဝေစဉ်။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၂-၁၁-၂၀၁၅
မလေးရှားရောက်-ကိုလှသောင်း+မ၀ိုင်းတို့၏အာရုံဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.
Thursday, November 5, 2015
အသုဘနှင့်ရှုသူ-ပို့သူ(၂၅)
သုဿာန်ဓူတင်ဆောင်ရဟန်းတော်တွေလည်း
သုဿာန်ရောက်လာသည့် အသုဘအကောင်ပုတ်ကို
အသုဘ
ကမ္မဋ္ဌာန်းစီဖြန်းတာကိုလည်း အသုဘရှုသည်ဟုဆိုကြ၏။ အလောင်းကောင် အရိုးစုဖြစ်ပေါ် လာလျှင်လည်း၊
အရိုးစု ကမ္မဋ္ဌာန်းကို စီးဖြန်းတာကိုလည်း၊ အသုဘရှုသည်ဟု ဆိုကြ၏၊ ရဟန်းတော်တွေ အသုဘရှု
ဆင်ခြင်ပုံဖြစ်၏။
ရှေးခေတ်မြန်မာကြီးတွေ၏အဆိုမှာ မသာတခေါက်
ကျောင်းဆယ်ခေါက်ဟု ဆိုရိုးစကားပြုထားတာ တွေ့ရ၏။ အသုဘရှုဆိုသည့်စကားလုံးသည်၊
ရှေးမြန်မာကြီးတွေ သုံးနှုံးခဲ့သောစကားဖြစ်၏။ သူတို့ခေတ် အခါက အသုဘရှုခြင်းသည်၊
ရှေးကအသုဘချတာကို နောက်ကနေ သေခြင်းတရားဆင်ခြင်ရန်ဖြစ်၏။
ဤပုဂ္ဂိုလ် ရုပ်နာမ်ဆိုသည့် ခန္ဓာကြီးကို
ရရှိထားလို့ မမြဲသောအနိစ္စသဘော သေခြင်းနှင့်ရင်ဆိုင်ရသလို၊ ငါတို့မှာလည်း
ရုပ်နာမ်ဆိုသည့် ဤခန္ဓာကိုယ်ကြီး ရှိနေသည့်အတွက် သူ့လိုဘဲ မမြဲခြင်းအနိစ္စသဘော
သေရခြင်းတရားနှင့် မုချကြုံတွေ့ရမှာဘဲလို့
သေခြင်းတရားကိုဆင်ခြင်တတ်သော မရဏာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်းပြီး လိုက်ပါပို့ဆောင်
သူတွေကို အသုဘရှုသူဟုဆိုခြင်းဖြစ်၏။
အဲဒီလို မရဏာနုဿတိ ကမ္မဋ္ဌာန်း ဆင်ခြင်ပြီး
အသုဘရှုသူသာ မသာတခေါက်လိုက်ပို့ခြင်းသည်၊ ကျောင်းဆယ်ခေါက်ရောက်တာနှင့်
တူတယ်ဟုဆိုခြင်းဖြစ်၏။
ယခုခေတ် အသုဘပို့သူတွေကိုတော့ မသာဆယ်ခေါက်
ကျောင်းတခေါက်ဟု ပြောင်းပြန်ဆိုရမလို ဖြစ်နေ၏။ ဆိုသည့်စကားကိုက၊
အသုဘပို့ဟုဆိုသောကြောင့်၊ အသုဘရှုသူ မဟုတ်ဆိုတာပေါ်လွင်နေ၏။ သူသေသလို ငါလည်းသေမှာဘဲဟု
ဆင်ခြင်တတ်သူ ပါကောင်းပါနိုင်ပါ၏။
သို့သော် မဆင်ခြင်သူကတော့ အများစုဖြစ်နေတာ
တွေ့မြင်နိုင်ပါ၏။ သေခြင်းတရားကို မေ့ဟန် ဆောင်ပြီး၊ မကြားခြင်သူတွေနှင့်၊
သေရမှာကိုကြောက်နေသူတွေက အများစုဖြစ်နေတာတွေ့ရပါ၏။ သေခြင်းတရားကို ဆင်ခြင်ဖို့ဝေးစွ၊
တချို့အသုဘပို့သူတွေသည်၊ ပျော်ပျော်ပါးပါးနှင့် ပျော်ပွဲစားထွက် လာသလားဟု ထင်ရ၏။
တချို့ကြတော့လည်း၊ သားသမီးအကြောင်း၊
လင်အကြောင်း၊ မယားအကြောင်း၊ မိသားစုဆွေမျိုး အကြောင်း၊ စပ်မိစပ်ရာ အကြောင်းမျိုးစုံပြောဆိုကာ
လိုက်ပါပို့ဆောင်တာကိုလည်း တွေ့မြင်ရ၏။ တချို့ကြတော့လည်း၊ အသုဘပို့မှ၊
အလှပြိုင်သူကပြိုင်၊ ဓနပြိုင်သူကပြိုင်၊ တသက်လုံးမသေတော့မည့်
ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်ရ၏။
တချို့ကလဲ ဟောင်ဖွာဟောင်ဖွာနဲ့
မရှိသည့်ဂုဏ်ကို ရှိအောင် လူအထင်ကြီးအောင်၊ မသာကိုခုတုံး လုပ်ပြီး၊ ကြံဖန်ကြွားဝါနေသော
လူများစွာကိုလည်း တွေ့မြင်နိုင်ပါ၏။ တချို့ကြတော့လဲ အလုပ်ထဲမှာ ပင်းပန်းသမျှ၊
အသုဘပို့ ကားပေါ်ကြမှ တခေါခေါနဲ့အိပ်ပြီး၊ လိုက်ပါပို့ဆောင်တာတွေ့ရ၏၊ မသာကို မသာက
လိုက်ပို့တာနှင့်တူတော့၏။ ဤလိုပုံစံမျိုးတွေဖြင့်၊ အသုဘပို့ဆောင်သူတွေသည်၊ မသာဆယ် ခေါက်လိုက်ပို့မှ၊
ကျောင်းတခေါက်ရောက်တာနှင့် ညီမျှတော့၏။
အသုဘပို့သူမဟုတ်ဘဲ၊ အသုဘရှုသူဖြစ်အောင်၊
သေခြင်းတရားကို ဆင်ခြင်တတ်ဖို့အတွက် သတိ ပေးနှိုးဆော် ရခြင်းဖြစ်၏။ လောကတွင်
မသိလို့ လုပ်မိခြင်းသည်၊ ခွင့်လွတ်နိုင်စရာ အကြောင်းရှိပါ၏။ သိလျှက်နှင့်၊ အသိတရား
မရဘဲ မဆင်ခြင်ခြင်းသည်၊ မိုက်မဲခြင်းသာဖြစ်ပါ၏။
ပညာရှိဟူသည်၊ မိမိမှားနေတာကို၊
မှာမှန်းသိပြီး၊ ၀န်ခံသည့်နေ့၊ ပြင်ဆင်သည့်နေ့သည်၊ ပညာရှိဟု ခေါ်ဆိုရပါ၏။
မိမိမှားမှန်းသိပါလျှက်နှင့်၊ ဆက်လက်မှားနေမယ်ဆိုလျှင်တော့၊ ပညာရှိဟု
ခေါ်ဆိုနိုင်မည် မဟုတ်ပါ၊ မိုက်ကန်းကန်း ကြီးမိုက်တွေသာ ဖြစ်နိုင်၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁-၁၁-၂၀၁၅
မလေးရှား-ရှားအလမ်း-ဟိုက်ကွန်းရောက်ရွှေမြန်မာများ၏
ဓမ္မရောင်ခြည်ကျောင်းဘုံကထိန်ရည်မှန်းသင်္ကန်းအလှူ ။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၃၁-၁၀-၂၀၁၅
မလေးရှား-ပူချုန်၁၂-မိုင်-တိုင်းမားဆိုင်မှ-မမာလွင်၏မွေးနေ့ဆွမ်းအလှူ ။
Type your summary here. Type the rest of your post here.
Wednesday, November 4, 2015
အသုဘနှင့်ရှုသူ-ပို့သူ(၂၄)
အကုသိုလ်ကံဟူသည်၊ သတ္တ၀ါတွေရဲ့ အသက်ကို
သတ်ဖြတ်သူ၊ သူတပါးပစ္စည်း ခိုးယူသူ၊ သူ့သား မယားကို ပြစ်မှားသူ၊ လိမ်ညာပြောဆိုသူ၊
မူးယစ်ဆေးနှင့် သေရည်သေရက်ကို မှီဝဲသုံးဆောင်သူ၊ ကိုယ် အားဖြင့် မစင်ကြယ်သူ၊
နှုတ်အားဖြင့် မစင်ကြယ်သူ၊ စိတ်အားဖြင့် မစင်ကြယ်သူတို့သည် အကုသိုလ်ကံ တွေ
ပြုလုပ်နေသူတွေဖြစ်၏။
ထိုအကုသိုလ်ကံတွေလည်း သေသူနောက်သို့
အရိပ်ပမာ လိုက်လာမှာဖြစ်၏။ ထိုအကုသိုလ်ကံ ကြောင့် သေသူသည် အကုသိုလ်ကံကြီးလျှင်
ကြီးသည့်အလျှောက် ငရဲသို့လည်းရောက်ရှိနိုင်ပါ၏။ အမျှဝေလို့ မရနိုင်ပါ။ အကုသိုလ်ကံ
ကြီးသည့်အလျှောက်၊ တိရစ္ဆာန်ဘ၀သို့လည်းရောက်သွားနိုင်၏၊ အမျှဝေလို့မရပါ။
အကုသိုလ်ကံကြီးသည့်အလျှောက်၊ အသူရကယ်ဘ၀သို့လည်း ရောက်နိုင်ပါ၏၊
အမျှဝေလို့မရနိုင်ပါ။
အကုသိုလ်ကံအသေးစား၊ သား သမီး ဇနီး ခင်ပွန်း
မိတ်ဆွေနှင့် ပစ္စည်းဥစ္စာတို့ကို တွယ်တာပြီး ဘ၀နိဂုံးချုပ်ခဲ့သော် ဤအကုသိုလ်ကံ
အသေးစားသည်၊ ပြိတ္တာဘ၀ကို ရောက်ရှိနိုင်၏။ ခုခေတ်တော့ တစ္ဆေသရဲ လို့ခေါ်တာပေါ့၊
အဲဒီလို ဘ၀မျိုးကို ရောက်ခဲ့လျှင် လူ့ပြည်က ပေးဝေတဲ့အမျှကို သာဓုခေါ် ဆိုနိုင်လျှင်
ကောင်းသည့်ဘ၀ကို ရရှိနိုင်ပါ၏။
အကုသိုလ်ကံများသူတွေလည်း သေရမှာကြောက်တတ်၏၊
ပစ္စည်းဥစ္စာစွဲလန်းသူတွေလည်း သေရမှာ ကြောက်တတ်၏။ ဇနီး၊ ခင်ပွန်း၊နှင့် သား၊ သမီး၊
ဆွေမျိုးများကို စွဲလန်းသူတွေလည်း၊ သေရမှာ ကြောက် တတ်၏။ ဤအကြောင်းအရာ တခုခုကို
စွဲလန်းပြီး ဘ၀နိဂုံးချုပ်သွားလျှင်လည်း၊ ဤပုဂ္ဂိုလ်သည်၊ နှလုံး သွင်းမှားသောကြောင့်၊
မကောင်းသောဘ၀ကို ရောက်ရှိသွားနိုင်ပါ၏။
အကုသိုလ်ကံသည် ယခုဘ၀မှာပင်၊
မကောင်းကျိုးခံစားရသလို၊ နောင်ဘ၀အတွက်လည်း၊ မကောင်း ကျိုးတွေ ခံစားရမယ်ဆိုတာ၊
စာဖတ်သူသိထားသင့်၏။
သေသူ၏ လူ့ဘ၀ နောက်ဆုံးခရီးစဉ်သည်၊ မရဏာနုဿတိ
ကမ္မဋ္ဌာန်းစီးဖြန်း၍ ဓမ္မသံဝေဂဖြင့်သာ ဗုဒ္ဓတရားတော်နှင့်အညီ ငြိမ်းငြိမ်းချမ်းချမ်း
ဆောင်ရွက်သင့်ပါ၏။
မငြိမ်းချမ်းသည့် ဆူပူကစားသည့် အကျင့်ဆိုးတွေ၊
သောက်စားမူးယစ်ပြီး လိုက်ပါပို့ဆောင်သည့် အကျင့် ဆိုးတွေသည်၊ ယဉ်ကျေးသော
လူ့အဖွဲ့အစည်းတွေ၌ ဘယ်လိုအဖွဲ့ စည်းမျိုးမှ နှစ်သက်သဘောကြမည် မဟုတ်ပါ။ ၀မ်းနည်း
သောကရောက်နေသော သေသူမိသားစုကို ပိုပြီးသောကရောက်စေတတ်သော ကြောင့် ဆင်ခြင်သင့်ပါ၏။
အသုဘပို့သူနှင်ရှုသူ
အသုဘပို့သူနှင့် အသုဘရှုသူ အခေါ်အဝေါ်သည်၊
ယခုခေတ်၌ အသုဘရှုသူဆိုသည့်စကားကို လူတွေ နှုတ်ဖျားမှာ သုံးနှုံးတာ သိပ်မတွေ့ရပါ၊
အသုဘပို့သည်ဆိုသည့် စကားလုံးကိုသာ တွင်တွင်ကြယ်ကြယ် သုံး နေတာတွေ့ရ၏။ ခေတ်နှင့်အညီ
လိုက်လျှောညီထွေ သုံးနှုံးလာသော စကားဖြစ်လာဟန်ရှိ၏။
ရှေးခေတ်က အသုဘရှုသည်ဟု သံဝေဂ အသံဖြင့်
သုံးနှုံးတာတွေ့ရ၏။ ယခုခေတ်ကတော့ အသုဘ လိုက်ပို့သည် ဆိုတာ ဆွေမျိုးမို့ လိုက်ပို့တာ၊
မိတ်ဆွေမို့ မပို့ မကောင်းလို့ လိုက်ပို့တာ၊ အလုပ်ရုံခြင်းတူတာ မို့ တာဝန်အရ
လိုက်ပို့တာ မြို့ခြင်းစပ်၊ နယ်ခြင်းစပ်၊ ရွာခြင်းစပ်၊ ရပ်ဆွေရပ်မျိုးမို့
မပို့မဖြစ်လို့ လိုက်ပို့သည့် လေသံဖြင့် ပြောဆိုသုံးနှုံးတာ တွေ့ရ၏။ ရှေးခေတ်နှင့်
ယခုခေတ် အမူအရာကော အသုံးအနှုံးပါ ကွာခြား တာ တွေ့မြင်နိုင်ပါ၏။
ဤလိုအကြောင်းတွေကြောင့်သာ အသုဘကို
လိုက်ပါပို့ဆောင်ခြင်းဖြစ်သောကြောင့် ယခုခေတ် အသုဘပို့သည် ဆိုသည့်စကား
တွင်ကြယ်လာခြင်းဖြစ်၏။
Type your summary here. Type the rest of your post here.
Subscribe to:
Posts (Atom)