အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 10, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၂)


ပေးနေတယ်လို့ ဆိုခြင်းဖြစ်၏ ထိုလာဘမုဒြာ ရုပ်ပွားတော်ရှေ့တွင် သီလယူ ဂုဏ်တော်ပွားပြီး ဆုတောင်းလို့ရှိရင် စီးပွား လဘ်လာဘ ပြည့်စုံတယ်လို့ ဆိုကြ၏ ဗုဒ္ဓဘာသာဝင်များသည် ဒါနမုဒြာ ရက်ရက်ရောရော အလှူဒါန ပြုနေသည့်ပုံတော်
ကိုသော်လည်းကောင်း လာဘမုဒြာ လဘ်လာဘနှင့်ပြည့်စုံသည့် ပုံတော်ကိုလည်းကောင်း ထုဆစ်ကိုးကွယ်ကြ၏။
အနောက်မျက်နှာမှဖူးမျှော်ရပုံ
အနောက်ဘက်မျက်နှာမှ ရိုသေစွာ ရှိခိုးပြီး သေသေချာချာ ရုပ်ပွားတော်များကို ဖူးမျှော်ကြည့်မယ်ဆိုလျှင် အရှေ့ရပ် ရုပ်ပွားတော် တောင်အရပ် ရုပ်ပွားတော်တွေနှင့် လက်တော် အနေအထား မတူဘဲ တမူကွဲပြားစွာဖြင့် ကြည်ညိုရပြန်၏ ဆင်းတုတော်များ အားလုံးသည် တင်ပလ္လင်ခွေထိုင်တော်မူလျှက် ခြေတော်များပေါ်တွင် ဘယ်ဖက်လက်ပေါ်မှာ ညာဖက် လက်တော်ကိုပက်လက်လှန်ပြီး အခြင်းခြင်းထပ်လျှက်တင်ထားပုံများဖြစ်၏ မျက်လုံးတော်အစုံလည်း မှိတ်ထားတော်မူ၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာ ထဲတွင်‘ဈာန မုဒြ’ဟုခေါ်ဆိုပါ၏၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဈာန်ဝင်စားနေပုံ ဖြစ်၏၊၊
ထိုဈာနမုဒြာကိုပင် တနည်းအားဖြင့် သမာဟိတမုဒြာဟုဆိုကြပြန်၏ သမာဟိတမုဒြာရဲ့ အဓိပ္ပါယ်မှာလည်း ဈန်ဝင်စား
နေခြင်းပင်ဖြစ်၏ မိမိရဲ့စိတ်ကို ဈန်အာရုံတွင်းမှာ ကောင်းစွာနှစ်မြုတ်ပြီးတော့ ထားတဲ့ပုံတော်ဖြစ်၏ တရားထိုင်မည့် ယော ဂီတွေအတွက် အလွန်ကြည်ညိုသင့်သောပုံတော်ဖြစ်၏ ဤဈာနမုဒြာရုပ်ပွားတော်ရှေ့တွင် မိမိခန္ဓာကိုယ်ကို တင်ပလ္လင်ခွေ
ထိုင်တော်မူ၍ မျက်စိနှစ်လုံးကိုမိတ်ပြီး မိမိစိတ်ကို တည်ငြိမ်အောင် သမထဖြင့်တည်ဆောက်လျှက် ၀ိပဿနာတရားကို ဆင်ခြင်ပွားများလျှင် ယောနိသော မနသိကာရ နှစ်လုံးသွင်းကောင်းမည်ထင်ပါ၏။
တချို့သောယောဂီများသည် ဘုရားဆင်းတုတော်များကိုကြည့်၍ ဘာဝနာပွားရာ ယောဂီကိုယ်တိုင် ဘုရားဖြစ်နေသည် ကို တွေ့ကြုံကြရ၏ သမထအာရုံအတွင်း၌ ဘုရားဆင်းတုနှင့် မိမိသည် နှစ်ခုမကွဲပြားတော့ဘဲ တခုတည်းဖြစ်နေသဖြင့် ငါကိုယ်တိုင်ဘုရားဖြစ်နေပါပေါ့လားဟု ၀မ်းသာအားရဖြစ်နေတတ်၏ ဆရာကောင်းမတွေ့ပါက ထိုယောဂီမျိုးမှာစိတ်ဓါတ်
မူမမှန်ဖြစ်သွားတတ်၏ ထိုသို့ဖြစ်ခြင်းမှာ ဘုရားအာရုံပြုရာ၌ ဂုဏ်တော်သို့မရောက်ဘဲ ပုံတော်တွင်သာ ရပ်နေသော ကြောင့်ဖြစ်၏ တရားအားထုတ်သော ယောဂီများ ဆင်ခြင်ရန်ဖြစ်ပါ၏။
မြောက်ဘက်မျက်နှာမှဖူးမျှော်ရပုံ
မြောက်ဘက် မျက်နှာမှ ယုံကြည်မြတ်နိုး လက်ဆယ်ဖြာ ဦးထိပ်တင်ပြီး ဖူးမျှော်ကြည့်လျှင် အရှေ့မျက်နှာ တောင် မျက်နှာ အနောက်မျက်နှာရှိ ရုပ်ပွားတော်များ၏ လက်တော် အနေအထား မတူညီဘဲ တမျိုးထူးကာ ကြည်ညိုရပြန်၏ ရုပ်ပွားတော်များအာလုံးသည် တင်ပလ္လင်ခွေထိုင်တော်မူလျှက် ဘယ်ဘက်လက်တော်သည် ခြေဖ၀ါးတော်ပေါ်တွင် ပက် လက်လှန်ပြီးတင်ထားတော်မူ၏ ညာဘက်လက်ဖ၀ါးတော်သည် ရှေ့ဘက်လှည့်လျှက် ကာထား ဟန့်တားနေဟန်ဖြစ်၏ ထိုသို့သော မြတ်စွာဘုရားရှင်၏ အမူအရာကို မြတ်ဗုဒ္ဓ၏ မုဒြာ ထဲတွင် ‘အဘယ မုဒြ’ဟု ခေါ်ဆိုပါ၏ ဝေနေယျ သတ္တ၀ါ အပေါင်းအား အားပေးလျက် တရားဟောတော်မူဟန်ဖြစ်၏၊၊
အဘယမုဒြာပုံတော်သည် တင်ပလ္လင်ခွေ ထိုင်တော်မူပုံရှိသလို မတ်ရပ်ကိုယ်တော်ပုံလည်းရှိ၏ လက်တော်အနေ အ ထားအားဖြင့် ညာဘက်လက်တော်မှ လက်ဖ၀ါးကိုဖခုံးတော်နှင့်ညီအောင် တံထောင်ဆစ်မှကွေးထားရ၏ လက်ဖ၀ါးတော် ကို ရှေ့လက်ဖ၀ါးကို ကာထားဟန့်ထားဟန်ဖြစ်၏ ဘယ်ဖက်လက်တော်ကို မှောက်ထားပြီးအောက်ဘက်ဆီသို့ ဆန့်တန်း
ထားရ၏ ထိုပုံတော်ကို မတ်ရပ်တော် အဘယမုဒြာ (သို့) ၀ရဒမုဒြာဟုဆို၏ တချို့က မတ်ရပ်တော်ကို ၀ရဒမုဒြာဟုဆို သည် ထိုင် ကိုယ်တော်ကို အဘယမုဒြာဟုဆိုကြ၏။
အဘယမုဒြာဆိုသည်မှာ ဘေးကင်းပါစေ ရန်ကင်းပါစေ ချမ်းသာပါစေလို့ ဆုတောင်း ဆုပေးနေပုံဖြစ်၏ ထိုအဘယ မုဒြာပုံတော်ကို တနည်းအားဖြင့် ၀ရဒ မုဒြာဟုလည်းဆိုကြ၏ ၀ရဒ မုဒြာဆိုတာ ဆုပေးနေတဲ့ပုံဟု အဓိပ္ပါယ်ရ၏ မိမိအား ကိုးကွယ်ကြသော လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ဘေးကင်းပါစေ ရန်ကင်းပါစေ ချမ်းသာပါစေလို့ ဆုပေးနေသည့် ပုံတော် ဖြစ်၏ ထိုပုံတော်ကို အဘယမုဒြာ (သို့) ၀ရဒ မုဒြာဟုဆို၏။
စေတီတော်ကြီးကို လေးမျက်နှာလေ့လာပြီးလျှင် ပလ္လင်တော် (သို့) ဖိနပ်တော်၏ အရှေ့တောင်ရပ် ခြေတော်ရင်းတွင်

Type your summary here.Type the rest of your post here.

No comments: