ထား လက်ပုံသဏ္ဍာန် ခြေတော်အနေအထား ခြေပုံသဏ္ဍာန်တို့ကို မုဒြာဟုခေါ်ဆိုခြင်းဖြစ်၏။
ထိုမုဒြာတို့ဖြင့် ကြည်ညိုဖွယ် တန်ဆာဆင်ထားတဲ့ ရုပ်ပွားတော်များမှာ လျှောင်းတော်မူရုပ်ပွားတော် ထိုင်တော်မူရုပ်
ပွားတော် ရပ်တော်မူရုပ်ပွားတော် ဒေသစာရီကြွချီတော်မူသည့်ပုံတော် ရုပ်ပွားတော်လေးမျိုးကို ဖူးမြင်ရမည်ဖြစ်၏ ထို လေးမျိုးသောရုပ်ပွားတော်များကို မုဒြာပုံစံအနေအထားတွေ အမျိုးမျိုးထားပြီးထုဆစ်ပူဇော်တာကို စိတ်ကူးဉာဏ်ကောင်း ရင် ကောင်းသလောက် ကြည်ညိုဖွယ်ရာ ပုံစံအမျိုးများစွာကို ဖူးမြင်ရမည်ဖြစ်၏။
ဘူမိဖဿ မုဒြာသည် ဘုန်းတော်ခြောက်ပါးသခင် ရှင်တော်မြတ်ဘုရား တောထွက်တော်မူပြီး အပရာဇိတ ပလ္လင်ပေါ် မှာ ထိုင်တော်မူနေသည့်အချိန် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ညနေဆည်းဆာအချိန်မှာ မာနတ်သားသည် မိစ္ဆာရန်သူ မြောက်များစွာခြံရံလျှက် ရှင်တော်မြတ်ဘုရား ထိုင်တော်မူသည့် အပရာဇိတပလ္လင်တော်ကို တိုက်ခိုက်လုယူ မယ်ဆိုပြီး ရောက်လာခဲ့၏။
မာနတ်သည် မိမိ၏ အခြွေအရံ မိစ္ဆာအပေါင်းတို့နှင့် ရှင်တော်မြတ်ဘုရားကို လက်နှက်မျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောအခါ ရှင်တော်မြတ်ဘုရား၏အနီးမှာ ဘယ်သူမှမရှိပါဘူး နတ်တွေလည်းမရှိ ဗြဟ္မာတွေလည်းမရှိပါ ဗြဟ္မာ ကြီးများကတော့ ဗြဟ္မာပြည်တက်သွားပြီး ဗြဟ္မာပြည်မှလှမ်းကြည့်နေ၏ မြတ်စွာဘုရားရှင်ဘယ်လိုများ ခုံခံတုံ့ပြန်မလည်း ဆိုတာ အကဲခတ်လေ့လာနေကြ၏။
မိစ္ဆာမာနတ်၏ ပစ်လွှတ်လိုက်သည့် လက်နှက်ကြီးငယ်အမျိုးမျိုးတို့သည် ရှင်တော်မြတ်စွာဘုရား၏ ခန္ဓာကိုယ်ပေါ်ကို ဘယ်လက်နှက်မှ မထိပါဘူး ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းမှာ ပန်းပွင့်များ ကြဲချသလို အစီအရီ ခစားပူဇော်လာ၏ ထိုသို့ လက်နှက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် မိစ္ဆာမာနတ်နှင့် ခြွေရံပရိတ်သတ်စစ်သည်အပေါင်းကို မြက်တပင်မျှ လောက်သော်မှ အရေးစိုက်တော် မမူသည့် ဘုရားအလောင်းတော်က အမောင်နတ်သား ငါသည် လေးသင်္ချေနှင့် ကမ္ဘာ တသိန်းတို့ပတ်လုံး ဒါနအစရှိသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည့်အတွက်ကြောင့် အပရာဇိတ ပလ္လင် တော်ကို ရရှိတော်မူခြင်းဖြစ်၏။
အမောင်နတ်သား ဒီအကြောင်းအရာကို ငါသည်ဤမဟာပထ၀ီမြေကြီးမှတပါး သက်သေညွန်ပြစရာမရှိပါဘူး ငါသည် ဒါန စသော ကောင်းမှုတို့ကို လှူဒါန်းသည့် အခါတိုင်း ရေစက်သွန်းချ အမျှပေးဝေပြီးသကာလ ဤမဟာပထ၀ီမြေကြီးကို သက်သေအရာထားခဲ့ပါ၏ ဤမဟာပထ၀ီမြေကြီးသည် ငါ့ရဲ့ဒါနစသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးသည့် နေရာ မှာ သက်သေအရ တည်ပါစေသတည်းဟု ညာလက်တော်ဖြင့် မဟာပထ၀ီမြေကြီးကို ညွန်ပြလိုက်သည့်အခါ။
မဟာပထ၀ီမြေကြီးသည် အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါအောင် လည်ပြီးသကာလ မာနတ်နှင့် စစ်သည်အပေါင်း ဆောက်တည်ရာမရဘဲ ဖရိုဖရဲ ပြိုကွဲကာ ထွက်ပြေးတော်မူရပြီး မိစ္ဆာမာနတ်နှင့် အပေါင်းပါစစ်သည်များကို ရှင်တော်မြတ် ဘုရား မေတ္တာဓါတ်ဖြင့် အောင်မြင်တော်မူခဲ့၏ ထိုအောင်မြင်ခြင်း အထိမ်းအမှတ်ကို ရည်းစူ၍ ဗုဒ္ဓဘာသာဝင်များ မုဒြာ တခုအနေဖြင့် ထုဆစ်ကိုးကွယ်ပူဇော်သည့် ပုံတော်ကို ဘူမိဖဿမုဒြာလို့ ခေါ်ပါ၏။
တောင်မျက်နှာမှဖူးမျှော်ရပုံ
တောင်ဘက်မျက်နှာမှ လက်အုတ်ချီပြီး စေတီတော်ကြီးကို သတိထားဖူးမြင်ပြီး ကြည့်ရှုမယ်ဆိုလျှင် ဆင်းတုတော် အားလုံးကို အရှေ့မျက်နှာအတိုင်းဖူးမြင်ရမည်ဖြစ်၏ သို့သော် မတူပြီး ထူးတာကတော့ ဆင်းတုတော်များအားလုံးသည်
တင်ပလ္လင်ခွေထိုင်လျှက် ဘယ်ဖက် လက်ဖ၀ါးတော်သည် တင်ပလ္လင်ခွေပြီး တင်ထားသည့် ညာဖက်ခြေဖ၀ါးတော်ပေါ်၌ လက်တော်ဖြန့်ကာ ပက်လက်အနေအထား တင်ထားတော်မူ၏ ညာဖက် လက်ဖ၀ါးတော်သည် ညာဖက်ဒူးခေါင်းပေါ်၌ ပက်လက်လှန်ဖြန့်လျက် တင်ထားပုံများဖြစ်၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာထဲ တွင် ‘ဒါန မုဒြာ’ဟုခေါ်ဆိုပါ၏၊ ပစ္စည်းဥစ္စာကို တွယ်တာတတ်မက်မှုဖြင့် သိမ်းဆုပ်မထားဘဲ ပယတ ပါဏိ - ဖြန့်ထား သောလက်ရှိလျက် ရက်ရက်ရောရော အလှုဒါန ပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်၏၊၊
ထို ဒါနမုဒြာကို ဝေါဟာရတမျိုးအားဖြင့် လာဘမုဒြာလို့လည်းခေါ်ဆိုကြ၏ လာဘမုဒြာဆိုသည်မှာ လဘ်လာဘတွေ
Type your summary here.Type the rest of your post here.
No comments:
Post a Comment