ဘုန်းကြီးနေသည့်
ကွာလာလမ်ပူ ပူချုန်း ၁၂-မိုင်သည် မြန်မာရပ်ကွက်ဟု ပြောရမလိုဖြစ်၏
မြန်မာတိုင်းရင်းတွေအလွန် များသောနေရာဖြစ်၏ မြန်မာစားသောက်ဆိုင်တွေ
ဂ-ဆိုင်လောက်ရှိ၏ တရုတ်ဆိုင်ကြီးတွေမှာ ဆိုင်ငယ်လေးတွေဖွင့်ရောင်း တဲ့
မြန်မာဆိုင်လေးတွေလည်း မရေတွက်နိုင်အောင်များလှ၏ မြန်မာအစားအစာနှင့် ရခိုင်အစားအစာလည်း
အစုံရသော နေ ရာဖြစ်၏ လူမျိုးစုံတော့ အသောက်အစားသမားတွေလည်းပေါ၏ မလေးရဲတွေ
မျက်စိကျသောနေရာဖြစ်၏ အော်ပရာစီဝင် ပြီ ဆိုလျှင် ပူချုန်း ၁၂-မိုင်သည်
ထိပ်ဆုံးနေရာကပါဝင်ကာ အမြဲဝင်နေကြနေရာဖြစ်၏။
ပူချုန်း ၁၂-မိုင်သည်
တစ္စကိုကုန်တိုက် အိုင်အိုအိုင် ဂျက်စကိုကုန်တိုက် ဂျိုင်းရင်းကုန်တိုက်
ယ္ခုအသစ်ဆောက်သော စီတီးဝေါတို့ဖြင့် မြို့ပြဆန်လာသောနေရာတခုဖြစ်၏
ဟိုင်းဝေးလမ်းမကြီးသည် တဖက် ၆-လမ်းလောက်ရှိတာကိုပင် ကား အလွန်ကြပ်ပြီး
ရုံးသွားရုံးပြန် ကားတွေအမြဲတန်းစီကာ ဖြေးဖြေးသွားနေရသော နေရာဖြစ်၏။
မလေးရှားတနိုင်ငံလုံးသို့
သွားရောက်နိုင်သော ကားဂိတ်လည်းရှိသဖြင့် လူစည်ကားသောနေရာတခုဖြစ်၏ ယ္ခုလည်း ရထားလမ်းဖေါက်ပြီး
ရထားဘူတာရုံပါဆောက်နေသဖြင့် နောင်လည်း အလွန်စည်ကားလာမည့် နေရာတခုဖြစ်လာမှာ သေ ချာပါ၏
နေရာစည်ကားလာသလို အိမ်ခန်းခတွေပါ ဈေးကြီးလာ၏ မြန်မာတွေလည်း
အခန်းခတွေဈေးတက်လာတော့ ဈေး ချိုသောနေရာသို့ ပြောင်းတဲ့လူကပြောင်း
အစဉ်ပြေတဲ့သူတွေက တခါထပ်ရောက်လာ အပြောင်းအလဲများသောနေရာ တခု ဖြစ်၏ မြန်မာများသည်
ရောက်ရာအရပ်မှာတော့ ကိုယ့်ဘာသာ သာသနာကို မမေ့နိုင်သောလူမျိုးဖြစ်၏။
ဓမ္မရောင်ခြည်ကျောင်းသည်
ပူချုန်းတစ္စကိုနောက်မှာရှိသောကြောင့် သွားရလွယ်ကူသောနေရာဖြစ်၏ နေရာကတော့
အထူးညွန်စရာမလို တစ္စကို ကုန်တိုက်ရောက်၍ အနောက်ထွက်လာလျှင် ကျောင်းသို့ရောက်ပါ၏
ကျောင်းဆိုသော်လည်း မြန်မာပြည်က ကျောင်းတွေလိုမဟုတ်ပါ အခန်းတခုငှားပြီး ကျောင်းအဖြစ်တည်ထောင်ခြင်းဖြစ်၏
ကျောင်းသက်တမ်းက တော့ ယ္ခု စာရေးနေချိန်တွင် (၁၀) နှစ်ရှိခဲ့ပါပြီ။
ဤဓမ္မရောင်ခြည်ကျောင်းသည်
ဘုန်းကြီးဘ၀အတွက် မှတ်တမ်းတင်ရမည့် နေရာတခုဖြစ်၏ ဘုန်းကြီးရေးခဲ့သော စာ အုပ်
၁၅-အုပ်သည် ဤကျောင်းတိုက်တွင် ရေးခဲ့သောကြောင့်ဖြစ်၏ မလေးရှားတွင်ရောက်နေသော
ရွှေမြန်မာတွေသည် စနေ တနင်္ဂနွေလောက်ဘဲ ကျောင်းသို့ လာနိုင်ကြ၏ ကျန်ရက်တွေသည် ဘုန်းကြီးအတွက်
အားရက်တွေဖြစ်၏ အဲဒီ အား သည့် အချိန်တွေကို ကောင်းကောင်း အသုံးချကာ
ဘုန်းကြီးစာရေးခဲ့ခြင်းဖြစ်၏။
ဓမ္မရောင်ခြည်ကျောင်း
အာရုံဆွမ်း နေ့ဆွမ်းကိုတော့ ကျောင်းနားဝန်းကျင်တွင်နေကြသော မြန်မာများမှ တာဝန်ယူကာ
လှူဒါန်းနေကြ၏ ဆွမ်းအတွက် ပူစရာမလိုသော နေရာဖြစ်၏ ယ္ခုလို အရေးကြီးတဲ့
ပြဿနာများကြုံတွေ့လာချိန်တွင် ပူချုန်း ၁၂-မိုင်ရောက် ဗမာ-ရခိုင် စသော
တိုင်းရင်သားတွေမှ ဘုန်းကြီးထံရောက်လာပြီး ဆရာတော် ဘာမှမစိုးရိမ်ပါနဲ့ ဒီနယ်မြေမှာ
ဘယ်လိုလူမျိုးတွေ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းပြုစုထားပါတယ် ကြောက်စရာမရှိပါ
တကယ်လို့ ပြဿနာရှာမဲ့လူ ကျောင်းလာလျှင် တပည့်တော်တို့ကို ဖုံးဆက်လိုက်ပါ
အားလုံးချီတက်လာပါမည်ဟု လျှောက်ထားကြ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment