အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, December 9, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၈၃)





    ဘောဝါဆုံကိုယ်တိုင်ကတော့ သူနုတ်ထွက်ရခြင်းအတွက် မိသားစုကိစ္စကို အကြောင်းပြပါတယ် သို့သော် သူ နုတ်ထွက် မှုရဲ့ထူးခြားချက်ကတော့ လာအိုပြည်သူလူထုအတွင်းမှာ နုတ်ထွက်မှုနဲ့ပတ်သက်ပြီး လှိုင်းကြက်ခွပ် ကလေးတွေထတဲ့အထိ တောင်တုံ့ပြန်မှုမရှိခဲ့တဲ့အချက်နဲ့ လာအိုရဲ့ စီးပွားရေးကိုပဲ ဘယ်လိုမှမထိခိုက်ခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါ၏။
  ဒီအချက်က တခြားသတင်းဖြစ်ပေါ်မလာတဲ့အကြောင်း တစ်ခုဆီပို့ဆောင်ခဲ့ပါတယ် အဲဒါကတော့ အထက်ကို ထိုးတက်နေ တဲ့ လာအို စီးပွားရေးဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တိုးတက်နေပြီ ဒါဟာ အာဆီယံဒေသ တွင်းမှာ အမြန်ဆုံးနဲ့ တည်တံ့ခိုင်မြဲမှုအရှိဆုံး တိုးတက်မှုအခြေအနေ ဖြစ်ပါ၏။
     တစ်စတစ်စ အရေအတွက် များပြားလာတဲ့ ပြည်သူတွေဟာ မ၀ရေစာရရှိတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက စွန့်ခွာ လျက် ရှိကြတာနဲ့အမျှ ကြေးနီ၊ ရွှေတူးဖော်မှုလုပ်ငန်းတွေ၊ ရေအား လျှပ်စစ်လုပ်ငန်းအပါအ၀င် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွေဟာ ၀င်ငွေကောင်းတဲ့ လုပ်ငန်းအရင်းအမြစ်တွေ ဖြစ်လာတာတွေ့ရ၏။
     အံ့ဩဖွယ်ကောင်းစွာပဲ လာအိုနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ မြန်မာတို့ကို ကျော်လွန်သွားစေတဲ့ စွမ်းဆောင်မှု တစ်ရပ်က တော့ စတော့ ရှယ်ယာဈေးကွက်တစ်ခုကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ၎င်းအဖြစ်အပျက် မတိုင် မီ တစ်လတာက ၁,၀၇၀ မဂ္ဂါဝပ် နန်သောင်း(၂)ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြီး စတင်လည်ပတ်ခဲ့ပါတယ် ဒီ စက် ရုံကြီးက လာအိုနိုင်ငံအဖို့လာမယ့် ၂၅ နှစ်တာကာလအတွင်းမှာအိမ်နီးချင်း ထိုင်းနိုင်ငံသို့ လျှပ်စစ် ဓာတ်အား ရောင်း ချမှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ နှစ်ဘီလျံဝင်ငွေ ရရှိစေမှာ ဖြစ်ပါ၏။
    အဆိုပါအဖြစ်အပျက်တွေအားလုံးကို ထွန်းသစ်စဈေးကွက်များလေ့လာ ရေးအုပ်စုကုမ္ပဏီရဲ့အကြီးအကဲ မာ့ခ်မိုဘီးယပ်စ် တို့လိုအကျိုး ပြုမှုကို ဂရုပြုကြည့်ရှုတဲ့ ပြင်ပပုဂ္ဂိုလ်တွေက နောက်ကျပြီး တွေ့မြင်ခဲ့ကြပါတယ် ယခုလအစောပိုင်းမှာ သူက လာအိုနိုင်ငံရဲ့ ရေအားလျှပ်စစ်နဲ့ တွင်းထွက် သတ္တုတွေကို ၀ယ်ယူလိုမှုက စီးပွားရေး ဖြစ်ထွန်းမှုကို အားပေး အားမြှောက်ပြု တဲ့အတွက် ၎င်းရဲ့ စတော့ဈေးကွက် ဟာလည်း နယ်စွန်နယ်ဖျားရှိ အရေးပါအရာရောက်တဲ့ ဈေးကွက်တစ်ခုဖြစ် လာမယ့်
အလားအလာရှိနေပါတယ် လို့ပြောကြားခဲ့ပါ၏။
      မဂ္ဂါဝပ် ၂,၅၄၀ အထိ ဓာတ်အား ထုတ်ပေးနိုင်စွမ်းတဲ့ လာအိုမှာယခု အခါ ရေအားလျှပ်စစ်ဓာတ်အား စက်ရုံပေါင်း ၁၄ ရုံရှိပြီးဖြစ်တဲ့ အပြင် လာမယ့်၁၀ နှစ်တာကာလအတွင်းမှာ ရေအားလျှပ်စစ်စက်ရုံပေါင်း ၂၀ ထပ်မံဆောက်လုပ်ဖို့ စီမံချက် ရှိနေပါတယ်။ ဒါကြောင့်လာအိုနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ဘက်ထရီကြီးတစ်ခု ဖြစ်လာမှာ သေချာပါ၏။
     သတ္တုတွင်းတူးဖော်ရေး မျက်နှာစာ မှာလည်းMMG နဲ့ Pan Australian တို့လို ကုမ္ပဏီကြီးတွေဟာ ခီပွန်နဲ့ ဖူခမ်းမှာရှိတဲ့ ထုထည်ကြီးမားတဲ့ရွှေနဲ့ ကြေးနီသတ္တုတွင်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားကြတဲ့အပြင် တောင်ပိုင်းဘိုလိုဗင် တောင် ကုန်းဒေသမှာလည်းကြီးမားတဲ့ အလူမီနီယံ သတ္တုကြမ်းသိုက်ကြီးရှိပြီး ယခုတိုင် သတ္တု ထုတ်လုပ်ရခြင်း မရှိသေးပါ လာအို နိုင်ငံသည် သယံဇာတတွေ ပေါကြွယ်ဝပြီး အာရှမှာ စီပွားရေးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတခုဖြစ်ပါ၏။
    မြန်မာနိုင်ငံအပေါ် ရိုးရိုးသားသား ဆက်ဆံသော အိမ်နီးခြင်း နိုင်ငံကောင်းတခုဆိုလျှင် မမှားပါဘူး ကျန်အိမ်နီးခြင်းနိုင်ငံ တွေကတော့ မြန်မာပြည်ကို သူတို့လိုချင်သည့် ပုံစံအမျိုးမျိုးဖြင့် ပုံစံသွင်းချင်သည့် နိုင်ငံတွေသာများပါ၏ ရိုးသားလှသည့် မိတ်ဆွေကောင်း လာအိုနိုင်ငံကို မြန်မာအစိုးရနှင့်ပြည်သူတွေ ရင်းရင်းနှီးနှီးဆက်ဆံသင့်ပါ၏ မိမိတို့နိုင်ငံအပေါ် အရောင်ဆိုး မဲ့သူတွေကို ရှောင်ကျဉ်ပြီး အဖြူရောင်သက်သက်  မိတ်ဆွေကောင်းတွေနှင့် ပေါင်းသင်းရခြင်းသည် တိုင်းသူပြည်သားတွေ အတွက် စိတ်၏ငြိမ်းချမ်းမှုတွေ ရရှိမှာဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: