မေလ ၂၉-ရက်
မြန်မာပြည်တွင် ဖြစ်ခဲ့သော
လာရှိုးအရေးအခင်းသည် မလေးရှားသို့ ရိုက်ခတ်လာပါ၏ ၂၈-ရက်မေလတွင် စဖြစ်ခဲ့သော
လာရှိုးအရေးခင်းသည် ၂၉-ရက်မေလတွင် မလေးရှားတီဗွီတွေမှ ထပ်ခါတလဲလဲပြသနေ၏
ထိုနေ့မှာပင် လူအယောက် ၃၀- ၀ိုင်းရိုက်၍ မော်လမြိုင်သား ကိုအောင်ဝင်း မေးရိုးကျိုး
မျက်စိဖူးရောင်ပြီး တကိုယ်လုံး ဒဏ်ရာတွေဖြင့် အတိတ်မေ့ရောဂါ ဝေဒနာတွေ
ခံစားကာဆေးရုံသို့ရောက်ရှိခဲ့ပါ၏ မော်လမြိုင်မြို့ မောင်မကန် အောင်တော်မူ ၂-လမ်း
ဦးနေ၀င်း ဒေါ်ခင်မြ တို့
၏ သားဖြစ်ပါ၏ မလေးရှားတွင်
လာရှိုးပြဿနာရဲ့ ပထမဆုံး လက်တုံ့ပြန်ခံရသူပါ။
ထိုမေလ
၂၉-ရက်နေ့မှာပင် မြန်မာများကို ကယ်တင်ခဲ့သော အမည်မဖေါ်လိုသူ မူဆလင်သုံးဦး
ဓါးအထိုးခံရပြီး ဆာ လရန်းဆေးရုံ အိုင်စီယူ 4b တွင်အတွင်းလူနာအဖြစ်
အရေးပေါ်ဆေးကုသခံယူနေရပါ၏ လုံခြုံရေးကြောင့် အမည်မပြောလို
ဓါတ်ပုံရိုက်မခံလိုသူများဖြစ်၏ လူမိုက်တွေ ကြီးစိုးသည့်နေရာတွင် နေရသည်မို့
လူသိခံခြင်ပုံမရ အသွားမတော် အပြောလွန် ရင် အသက်နဲ့ကိုယ် အိုးစားကွဲနိုင်သော
နေရာဖြစ်၏။
ထို မေလ
၂၉-ရက်နေ့တွင်ပင် ကိုမင်းဦးသည် ထမင်းထုပ်ရန် ဆာလာရန်းဆေးကြီးသို့
ဟင်းသီးဟင်းရွက်များ ၀ယ်ယူ ရန်ထွက်ခွါခဲ့ပါ၏ ဆာလာရန်းဈေးသို့ရောက်ရှိပြီး
ဈေးဝယ်နေစဉ် အကြမ်းဖက်မည့် လူတစုမှ မင်းဘာလူမျိုးလည်းဟု မြန်မာ လို မေးလာသဖြင့်
မြန်မာလူမျိုးပါဟုဖြေဆိုလိုက်၏ မြန်မာဟုဖြေဆိုခါမှ အကြမ်းသမား လူရမ်းကားသည်
ခါးကြာထဲရှိ ဓါးကို
ထုတ်ခါ ကိုမင်းဦးကို လှမ်းထိုးပါတော့၏။
ကိုမင်းဦးသည်
ဓါးကိုမြင်သောအခါ လက်ဖြင့်ကာ၍ ထွက်ပြေးခဲ့ရ၏ အနားတွင်ရှိသော အကြမ်းသမားများမှ
အတင်းဝိုင်း ဖမ်း၍ လက်သီးနှင့်ထိုးပြီး ၀ိုင်းဝန်းချုပ်ကာ လည်ပင်းကို ဓါးဖြင့်လှီးရန်
စီစဉ်နေစဉ် အတင်းကန်ကြောက်၍ ရုံးထွက်ပြီး ဒဏ် ရာများစွာဖြင့်ထွက်ပြေး
လွတ်မြောက်ခဲ့ပါ၏ ကိုမင်းဦးသည် လားရှိုးကိစ္စကို ဤလိုတုံ့ပြန်လာလိမ့်မည်လို့
မထင်သောကြောင့် ဈေးဝယ်ထွက်ခဲ့ခြင်းဖြစ်၏ လည်ပင်းဖြတ်ခံရမည့် သေဘေးမှ
သီသီလေးလွတ်လာသော ကံကောင်းသော ကိုမင်းဦးဖြစ်၏။
မေလ ၃၀-ရက်
မေလ ၃၀-ရက်နေ့တွင် ဘုန်းကြီးကျောင်းတွင်
ရှင်ပြုခဲ့သော ရွှေပြုံးဆိုင်မှ အာရုံဆွမ်းပင့်တာနှင့် ကိုရင်ပညာ ကိုရင်ဝဏ္ဏ
တို့နှင့် အတူဆွမ်းစားကြွကာ ဆွမ်းအနုမောဒနာတရားဟောကြားခဲ့၏ မလေးရှားအခြေအနေကလည်း
တနေ့တခြားဆိုးလာ တာတွေ့ရတော့ သတင်းတွေအမြဲစုံစမ်းလေ့လာနေရ၏ လမ်းသွားသည့်အခါတောင်
မဲမဲမြင်လျှင် သတိထားကြည့်နေရသည့် အချိန်အခါမျိုးဖြစ်နေ၏။
ယနေ့လည်း ကိုမင်းဇော်သည် ဆာလရန်းဈေးအတွင်း ဈေးဝယ်နေစဉ်
အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးပြန်ပြီဟူသော
သတင်းဆိုးတခုကိုကြားရပြန်၏ ကိုမင်းဇော်သည် ပဲခူးတိုင်း က၀မြို့နယ်ကဖြစ်၏
ထိုအလောင်းကို ကပ်ပုန်း နာရေးကူညီမှုအသင်းသည် ကွာလာလမ်ပူဆေးရုံ အအေးတိုက်မှ
ချရပ်သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ခဲ့၏။
ထို၃၀-ရက်နေ့မှာပင်
မောင်ထွန်းမော်သိန်းသည် နံက် ၂-နာရီတွင် ဆာလရန်းဈေးမှ အလုပ်လုပ်ပြီး အပြန်တွင်
ဆိုင်ကယ် စီးသော အကြမ်းဖက်သမားများမှ တိုက်ခိုက်ခဲ့မှုကြောင့် ၀မ်းဗိုက်တွင်
ဒဏ်ရာရရှိခဲ့၏ ဆာလရန်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူခဲ့ပြီး ဇွန် ၁၁-ရက်
ညနေပိုင်းတွင် ဆေးရုံမှဆင်းခဲ့၏။
မေလ-၃၁-ရက်
မေလ ၃၁-ရက်နေ့တွင်
သတင်းတွေက ပိုဆိုးလာ၏ ဆာလရန်းကုန်စိမ်းဈေးကြီးတွင် အကြမ်းဖက်သမားတွေ၏ တိုက်
ခိုက်မှုကြောင့် ကိုဝင်းခိုင် အသက်(၃၄)နှစ်သည် သေဆုံးခဲ့ပါ၏ မလေးရှား ရဲများမှ
အမည်မသိဟုရေးထားသောကြောင့် သင်္ဂြိုလ်ရန် အစီအစဉ်တွေ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရ၏
သံရုံးမှထုတ်ပေးသော စာပါလျှက်နဲ့ မေလ ၂၃-ရက် တွင် စီစဉ်
ထားသော အစီစဉ်ပျက်ကာ မေလ ၂၆-ရက်မှ ကပ်ပုန်းနာရေးကူညီမှုအသင်း၏
ကျိုးစားဆောင်ရွက်မှုကြောင့် သဂြိုလ်ခွင့်ရ
ခဲ့ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment