မလေးရှားလဲ
ဒုက္ခရောက်လို့သေတာတောင် ကပ်ပုန်းနာရေးကူညီမှု အသင်းသားတွေ ဒုက္ခအလွန်ရောက်ခဲ့ပါ၏
မိမိ တို့ နိုင်ငံသားတွေ၏ အရပ်ကောင်းမှ အလောင်းလှမည့်တာဝန်ကို
ကပ်ပုန်းနာရေးကူညီမှုအသင်းသားများတာဝန်ယူထားခြင်း ဖြစ်၏ မလေးရှားရောက်နေသော
ရွှေမြန်မာအများစုသည် ဆွေမျိုးရင်းချာများမရှိကြပါ မလေးရောက်မှ ခင်မင်သောမိတ်ဆွေ
များနှင့်သာ ပေါင်းသင်းနေထိုင်ကြခြင်းဖြစ်၏ တစုံတခုသောဘေးအန္တရာယ်ကြောင့် ကွယ်လွန်ပြီဆိုလျှင်
မိတ်ဆွေတွေမှ ၀ိုင်း ၀န်းကူညီကာ အလောင်းမြေကြအောင် ကြိုးစားကြရ၏ ယ္ခုတော့
ဒီတာဝန်တွေကို နာရေးကူညီမှုအသင်းတွေက တာဝန်ယူ ထားတော့ ထိုတာဝန်အတွက်
မလေးရောက်မြန်မာတွေ စိတ်အေးရတာပေါ့လေ။
ထိုမေလ ၃၁-ရက် ည ၁-နာရီ
၁၅-မိနစ်ခန့်တွင် မြန်မာနိုင်ငံသား ကိုကိုမောင်သည် ဆာလရန်းဈေးကြီးမှ
အိမ်သို့ပြန်လာ စဉ် အကြမ်ဖက်လူတစု၏ ၀ိုင်ဝန်းတိုက်ခိုက်မှုကြောင့် လက်နှက်ဖက်နှင့်
ဦးခေါင်းတို့တွင် ဒဏ်ရာများစွာရရှိပြီး ဆေးရုံသို့ ရောက်ရှိခဲ့၏
ဒဏ်ရာများစွာရရှိထားသော ကိုကိုမောင်ကို ဘာအကြောင်းကြောင့်လည်းမသိ ဆေးရုံမှ
ဆရာဝန်များက
ဆေးရုံပေါ်မှ အတင်းဆင်းခိုင်းပါ၏။
ကိုကိုမောင်သည်
ဒဏ်ရာများမသက်သာသဖြင့် ဆက်လက်၍ ဆေးကုသခံယူခွင့်ပြုပါရန် တောင်းပန်သော်လည်း ဆေး
ကုသခွင့်ကို ဆက်လက်မရရှိခဲ့ပါ ဆေးရုံတက် ကုန်ကြငွေများကို တောင်းဆိုကာ
အတင်းဆင်းခိုင်ပါတော့၏ ဒုက္ခရောက် နေသူတယောက်ကို ဒုက္ခရောက်အောင် ထပ်ဆင့်လုပ်ဆောင်ခြင်းသည်
လူသားတွေ မလုပ်သင့်သောအရာဟုထင်ပါ၏ သူ ငယ်ချင်းလည်းဘယ်ရောက်နေမှန်းမသိ
နေစရာလည်းမရှိတဲ့ ကိုကိုမောင်တယောက် ဒုက္ခတွေပင်လယ်ဝေနေပါ၏ ပေးဆပ်
သူစေတနာရှင်များရောက်လာမှ ဆေးရုံမှဆင်းကာ ကပ်ပုန်းဘုန်းကြီးကျောင်းတွင်
နေထိုင်ခဲ့ရပါ၏။
ဇွန်လ ၁-ရက်
မေလ ကုန်လို့ ဇွန်လ
၁-ရက်သို့ ရောက်ရှိခဲ့ပြန်ပြီ မလေးရှားရောက် ရွှေမြန်မာတွေ ၂၀၁၃-မေလအကုန်နှင့်
ဇွန်လဆန်း သည် ခက်ခဲစွာဖြတ်ကျော်ခဲ့၇သော ရက်ဆိုးများဖြစ်ပါ၏ သတင်းတွေ
ကောလဟာလတွေကလည်း မျိုးစုံမို့ ကိုယ်အိမ်ထဲမှာ သာ သတင်းနားထောင်ရင်
တိုးတိုးတိတ်တိတ် နေခဲ့ရသောရက်များဖြစ်၏ ဘုန်းကြီးလည်း ယနေ့ မလေးရှားတရုတ်အဖွဲ့မှ
ဆွမ်းပင့်ကပ်သောကြောင့် ကွာလာလမ်ပူမြို့ထဲသို့ လှည့်လည်ကြည့်ရှုခွင့်ရခဲ့၏
မြို့ထဲမြန်မာဆိုင်တွေ ရှိတဲ့နေရာမှာလည်း စည်စည်ကားကားမတွေ့ရပါ
ခြောက်ကပ်ကပ် ဖြစ်နေတာတွေ့ရ၏။
ဇွန်လဆန်း ၁-ရက်
ညနေပိုင်းတွင် သတင်းဆိုးကိုသာ ဆက်လက်ကြားရပြန်၏ မြန်မာနိုင်ငံသား လေးဦး အကြမ်းဖက်
လူရမ်းကားများမှ ၀ိုင်းဝန်းတိုက်ခိုက်မှုကြောင့် ၁-ဦးသေဆုံးကာ ၃-ဦး ဒဏ်ရာရရှိခဲ့၏
ဒဏ်ရာရသူများအနက် ညနေပိုင်းတွင် တဦးထပ်မံသေဆုံးခဲ့ပြန်၏ ဇွန်လ ၈-ရက်နေ့တွင်
ဒဏ်ရာရရှိခဲ့သူများထဲမှ ဇွန်လ ၈-ရက်တွင် ဆာလာရန်းဆေးရုံကြီးတွင် စောဘာဘလူးဂေး
ထပ်မံသေဆုံးခဲ့၏။
စောဘာဘလူးဂေးသည်
ဧရာဝတီတိုင်း ငပုတောမြို့နယ် အဖ ဦးစောလှစိန်+အမိ ဒေါ်နော်ဆဲဖေါ တို့၏ သားရတနာ
ဖြစ်၏ မလေးရှားရောက်သည်မှာ ၄-ရက်သာရှိပါသေး၏ မလေးရှားကို
ပိုက်ဆံပေးပြီး လာရောက်အသေခံသလို ဖြစ်နေ၏ ကျန်ရစ်သူ မိဘဆွေမျိုးတွေသည် ငွေကုန်
သားဆုံး စိတ်သောကရောက်ပြီး ရင်ထဲမှာ မချိအောင်ခံစားရမှာဖြစ်၏ မလေးရှား
ရောက်မြန်မာတိုင်ရင်းသားတွေသည် မိမိကိုယ်ကို မိမိလုံခြုံမှု မရှိသလို ခံစားနေရပါ၏။
မလေးရှားသို့ရောက်ရှိတာ ၃-ရက်သာရှိသေးသော အဖ
ဦးစိန်ချွန်း+အမိနော်ဖေါဆေး တို့၏ သားရတနာ စောအယ်ရှီး ငပုတောသားလေးလည်း
စွန်ဂိုင်းပလို့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ကုသလျှက်ရှိပါ၏ ဆာလာရန်းဈေးကြီး
တွင် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် အတိတ်မေ့ဝေဒနာခံစားနေရပါ၏ ၁၅-၆-၂၀၁၃ ရက်တွင်
စွန်ဂိုင်ပလို့ဆေးရုံ ဆရာ ၀န်များ၏ ပြောကြားချက်အရ ရောဂါ
အခြေအနေဆိုးရွားလာကြောင်းသိရှိရပါ၏။
၃-၈-၂၀၁၃-ရက်နေ့တွင်
စွန်ဂိုင်းပလို့ ဆေးရုံတွင် အတိတ်မေ့ဝေဒနာခံစားနေရသော အဖ ဦးစိန်ချွန်း၏သား
စောအယ်ရှီး
သည် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း စိတ်မကောင်းစရာ သတင်းဆိုးတခုကို
ကြားခဲ့ရပြန်၏ ကရင်တိုင်းရင်းသားလေး စောအယ်ရှီး မြန်မာပြည်ဘာသာရေး ပဋိပက္ခ၏
ရိုက်ခတ်မှုကြောင့် မလေးရှားတွင် ဘာသာရေးအစွန်းရောက် အကြိမ်းဖက် သမားတစု၏ ဓါးစာခံဖြစ်သွားရပြန်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment