အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 4, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၈၀)





     လာအိုနိုင်ငံ
     အိမ်နီးနားခြင်း နိုင်ငံတခုဖြစ်သော လာအိုနိုင်ငံသည် မြန်မာပြည်နှင့် အရိုးသားဆုံး ဆက်ဆံသောနိုင်ငံဖြစ်၏ ဗုဒ္ဓဘာသာ နိုင်ငံတခုဖြစ်သောကြောင့်လည်း မြန်မာပြည်နှင့် ဘာသာရေး ယဉ်ကျေးမှုတွေ တူညီနေတာတွေ့ရ၏ ဘုန်းကြီး ရွှေတြိဂံနယ် မြေ ရောက်ရှိခဲ့စဉ်က မဲခေါင်မြစ်ထဲ ဘုတ်စီးပြီး လာအိုနိုင်ငံဘက်ချမ်း ကမ်းပေါ်သို့ တက်လယ်ဖြစ်ခဲ့၏ ဈေးဆိုင်တန်းတွေကို တက်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်၏။
     ပထမတော့ ဘုန်းကြီးတို့ကို ထိုင်းဘုန်းကြီးတွေထင်ပြီး ဟက်ဟက်ပက်ပက် စကားမပြောဆိုကြပါ နောက်မှ မြန်မာဘုန်း
ကြီးတွေမှန်းသိပြီး လှိုက်လှိုက်လှဲလှဲ စကားပြောကာ ဈေးဆိုင်ပေါ်မှဆင်းပြီး ကတော့ကြ၏ ထိုင်းနှင့် လာအိုသည် ကျောင်း တော်က ရန်စတွေ ဘယ်လိုရှိခဲ့သလည်းမသိ ထိုင်းတွေကို မကြေနပ်တဲ့ လက္ခဏာတွေ ပြနေတာကိုတော့ သေချာစွာ မြင် တွေ့ရပါ၏ လာအိုနိုင်ငံသားတွေသည် မြန်မာကိုခင်မင်ချင်သည်ဆိုတာကတော့ လက်တွေ့မြင်ခဲ့ရပါ၏
    လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ပေါ်မှာတည်ရှိပြီး တိုင်းရင်းသား လူမျိုးစု များစွာဖြင့် ဖွဲ့ စည်းထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါ၏ တိုင်းရင်းသား တစ်စုခြင်းစီမှာ ကိုယ်ပိုင်ရိုးရာ အစဉ်အလာနှင့် လှပသော ယဉ်ကျေှး မှုများ ကိုယ်စီရှိကြသည့်အတွက်ကြောင့် ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ်  ပြောဆိုနိုင် ပါ၏ နိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ စတုရန်းကီလိုမီ တာပေါင်း ၂၃၆၈၀၀ ရှိပြီး လူဦးရေအားဖြင့် ၆သန်း ၀န်းကျင်သာရှိ သည့်အတွက်ကြောင့်လူဦးရေနှင့် ယှဉ်မည်ဆိုပါက ကျယ်ဝန်းလှသည်ဟု ဆိုရမှာဖြစ်၏။
    မြောက်ဘက်မှာတရုတ် နိုင်ငံ  တောင်ဘက်အရပ်မှာ ကမ္ဘောဒီးယား အရှေ့ဘက်မှာ ဗီယက်နန် အနောက်ဘက်နှင့် အနောက် တောင်ဘက်အရပ်တို့မှာ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ အသီးသီး ထိစပ်နေပါ၏ အထူးသဖြင့် ဗီယက်နန်နိုင်ငံ နှင့် နယ်နမိတ်ချင်း ထိစပ်မှုအများဆုံးဖြစ်ပြီး ဗီယက်နမ်ရိုးရာ အစဉ်အလာအချို့လည်း လွှမ်းမိုးလျှက်ရှိပါ၏။
    နိုင်ငံ၏ အဓိကစီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး အခြားတောထွက်ပစ္စည်းများနှင့် သယံဇာတ ပစ္စည်းများလည်း ထွက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏ ကုန်းပိတ်နိုင်ငံဖြစ်သည့် အားလျှော်စွာ ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေးအတွက် မဲခေါင် မြစ်သည် နိုင်ငံ၏ အသက်သွေးကြောဟု တင်စားရမည်ဖြစ်ပါ၏ အဓိက ကိုးကွယ်သည့် ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပြီး ကျန် ရှိ နေသေးသည့် သမိုင်းဝင် စေတီ ပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော် များကို ကြည့်ရှုဖူးမြှော်ခြင်းအားဖြင့် တစ်ချိန်က ဗုဒ္ဓသာသ နာ ထွန်းကားခဲ့ကြောင်း ထင်ရှားခဲ့သော နိုင်ငံတနိုင်ငံဖြစ်၏။
   ထက်လွှမ်  ဘုရားသည်လာအိုလူမျိုးတို့၏ အဓိက ကိုးကွယ်ရာစေတီဖြစ်ပြီး သူတို့၏သဒ္ဓါတရားနှင့် ကိုးကွယ်ယုံကြည်မှု တို့ကို တွေ့မြင်နိုင်ပါ၏ ကမ္ဘာလှည့် ခရီးသည်တို့သည် လာအို၏ စွဲဆောင်မှုဖြစ်သည့် ထက်လွမ် ဘုရားနှင့် တော်လှန်ရေး သမား သူရဲကောင်းတို့အား ဂုဏ်ပြုရာဖြစ်သည့်  ပါတူစိုင်း  ပန်းခြံတို့ကိုကား မသွားမဖြစ် သွားရမည့် နေရာများ ဖြစ်ပါ၏
မြန်မာပြည်၏ ရှမ်းတိုင်းရင်းသားလူမျိုးတို့ကဲ့သို့ပင် အများစုမှာ ကောက်ညှင်းကိုသာ စားသုံးကြ၏ ထို့ အပြင် လာအိုလူမျိုး တို့၏ ယဉ်ကျေးမှုအချို့နှင့် ၀တ်စားဆင်ယဉ်မှုများသည်လည်း မြန်မာလူမျိုးတို့ နှင့်တူနေသည်မှာ အံ့သြစရာတစ်ခုဖြစ်ပါ၏။   
    မြန်မာစစ်အစိုးရကို ရာဇဝတ်ကြောင်းနဲ့ အရေးယူဖို့ အနောက်တိုင်း ဒီမိုကရေစီအုပ်စုတွေ ကုလသမဂ္ဂမှာ ကြိုးပမ်းနေချိန် မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ အဖွဲ့ဟာ အိန္ဒိယ တရုတ်နဲ့ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အစိုးရဧည့်သည်တော်အဖြစ် သွားရောက်ခဲ့တာတွေ့ရ၏ ထိုင်းနိုင်ငံကိုတော့ သွားစရာမလိုဘူးလို့ ယူဆပုံ ရပါ၏ ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွားပြီး ဂါရဝပြုတာဟာ ဒီအချက်ကို သက်သေပြရာ ရောက်နေပါ၏။
    နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကလည်း သူတို့ စီစဉ်ထားတဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ သေချာတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုလိုက်၏ အိမ်နီးချင်းတွေရဲ့ ကူညီထောက် ပံ့မှုကြောင့် ပြောအားရှိနေတာ ဖြစ်ပုံရ၏ တပါတီ အာဏာရှင်အစိုးရတွေဖြစ်တဲ့ တရုတ် နဲ့ လာအို တို့က မြန်မာစစ်အစိုးရ ရဲ့  နိုဝင်ဘာ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြပြီး အိန္ဒိယနဲ့ ထိုင်းကတော့ ကောင်းမွန်တဲ့ အလားအလာအဖြစ် ကြိုဆို တာ တွေ့ရ၏။
 


Type your summary here. Type the rest of your post here.

No comments: