အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Sunday, December 8, 2013
ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၈၂)
   တိုင်းရင်းသားကိစ္စကြောင့် ပြည်တွင်းစစ် မဖြစ်မချင်း အိမ်နီးချင်း ဆက်ဆံရေးဟာ လက်ရှိအတိုင်းသာ ဖြစ်ဖို့များပါတယ် သူတို့ကို လူကောင်း လူဆိုးနဲ့ အလားအလာကောင်းသူတွေဖြစ်တဲ့ ရဲသုံးဖော်လို့ ခေါ်ရပါလိမ့်မယ် သူတို့ဆိုတာကတော့ ပြီး ခဲ့တဲ့နှစ် တစ်လျှောက်လုံးမှာ အံ့အားအသင့်ကြီးသင့်စေခဲ့တဲ့ အရှေ့တောင်အာရှက အောက်ပါနိုင်ငံတွေကို ဆိုလိုပါ၏။
    အထူးအံ့အားသင့်လောက်အောင် အကောင်းတကာ့ အကောင်းဆုံးကတော့ အင်ဒိုနီးရှားဖြစ်ပြီး သူ့ရဲ့နိုင်ငံရေးတည်ငြိမ် မှုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရှင်သန်တက်ကြွတဲ့ နိုင်ငံစီးပွားရေး တိုးတက်မှုအား ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးကို လေ့လာ အဆင့်သတ် မှတ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Moody ကများမကြာမီက ပြန်လည် အဆင့်သတ်မှတ်လိုက်တာတွေ့ရတယ် ဘယ် သူမှ မထင်မှတ်ဘဲ ပန်းဝင်လာတဲ့ ပြိုင်မြင်းတစ်ကောင်ဖြစ်တဲ့ လာအိုနိုင်ငံကို ကောင်းချီးဩဘာပေးတာတွေ့ရ၏။
     လာအိုရဲ့အလားအလာကောင်းတဲ့ စီးပွားရေးတိုးတက်မှုကို အများအားဖြင့် ကြေညာမောင်းခတ်ခဲ့ခြင်း မရှိခဲ့တာကတော့ မီဒီယာမှာအမွှမ်းတင် ဖော်ပြမှုတွေ မရှိတာနဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်ပြီး တခြားတစ်စိတ်တစ်ပိုင်းအားဖြင့်လည်း ထောက်ပံ့ ပို့ဆောင်ရေး အခက်အခဲများကြောင့် ဖြစ်ပါတယ်၎င်းဟာ အကြမ်းဖျင်းအားဖြင့် ယူနိုက်တက်ကင်းဒမ်းနဲ့ အရွယ် ပမာဏ တူညီသော်လည်း လူဦးရေအနေဖြင့် ၅ ဒသမ ၆သန်းသာရှိတာ ကြောင့် ဒေသတွင်းမှာ လာအိုနိုင်ငံဟာ လူဦးရေ အနည်းပါးဆုံးနိုင်ငံဖြစ်ပြီး ၎င်းရဲ့ကျေးလက်ဒေသပိုင်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေကတော့ ယနေ့တိုင် များစွာအဆင့်နိမ့်နေသေးကြောင်း တွေ့မြင်နိုင်မှာ ဖြစ်ပါ၏။
    နိုင်ငံခြားသတင်းထောက်များကလည်း လာအိုသို့ လာရောက် လည်ပတ်ခြင်း မရှိသလောက်နည်းပါးပြီး မြို့တော် ဗီယင် ကျန်းမှာပင် နိုင်ငံခြား သတင်းဗျူရိုများမရှိတာကြောင့် အရေးပါတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေဟာ အများအားဖြင့် လျစ်လျူရှု ခြင်းခံရပြီး နိုင်ငံအတွင်း သတင်းစာငယ်တွေရဲ့ စာမျက်နှာထဲမှာပင် ယနေ့ပါဝင်ဖော်ပြပြီး နောက်တစ်နေ့တွင် စုံးစုံးမြုပ် သွား တာ တွေ့မြင်နိုင်ပါ၏။
    အမှန်ကတော့ ပြီးခဲ့တဲ့နှစ်လ သုံးလအတွင်းက အဓိကကျတဲ့အဖြစ် အပျက်တချို့ ဖြစ်ပျက်ခဲ့ပြီး ၎င်းတို့ အနက်က တုန် လှုပ်ချောက်ချားဖွယ် အကောင်းဆုံးကတော့ အသက် ၅၆နှစ်အရွယ်ရှိတဲ့ ၀န်ကြီးချုပ် ဘော်ဝါဆုံဘိုဖာဗန်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဆိုင်းမဆင့်ဗုံ မဆင့် နုတ်ထွက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါ၏။
    သူ့နေရာမှာ အသက် ၆၆ အရွယ်ရှိဗီယင်ကျန်းမြို့တော်ပြင်ပ ခြောက်ကီလိုမီတာမှာ အခြေစိုက်တဲ့ ယခင်အမျိုးသားလွှတ် တော် ဥက္ကဋ္ဌ ဟောင်းနဲ့ အာဏာရ လာအိုပြည်သူ့တော်လှန်ရေးပါတီရဲ့ အကြီးအကဲဟောင်း သွန်ဆစ်သာမာဗွန်အားအစား ထိုး ခန့်အပ်ခဲ့ပါတယ်။
    တချို့ကလည်း သူ့အစိုးရ အသုံးစရိတ်တွေ အဆမတန် သုံးစွဲခွင့်ပြုခဲ့လို့ ပြောကြားကြပါတယ် တချို့ကတော့  သူဟာ အစိုးရပိုင်းခြစားမှုအပေါ် တက်တက်ကြွကြွမတိုက်ဖျက်ခဲ့လို့လို့ ပြောကြားပါတယ် တချို့ ကတော့လည်းသူ့မှာ ပါတီကျော ထောက်နောက်ခံအင်အား အလွန်နည်းပါးပြီး လာမယ့်မတ်လမှာကျင်းပမယ့် ပါတီကွန်ဂရက်မှာ ဘေးဖယ်ခြင်းခံရဖွယ် ရှိ တယ် လို့ပြောဆိုနေကြပါ၏။
Type your summary here. Type the rest of your post here.
No comments: